Saturday, June 10, 2017

အွန်လိုင်းမှာ ငွေစတင်ရှာဖို့ လုံးဝ အခြေခံ မရှိသေးသူတွေ အခက်အခဲရှိသူတွေအတွက် အခြေခံ Knowledge

အွန်လိုင်းမှာ ငွေစတင်ရှာဖို့ လုံးဝ အခြေခံ မရှိသေးသူတွေ အခက်အခဲရှိသူတွေအတွက် အခြေခံ Knowledge


-=-=-=--=-=-=--=-=-=--=-=-=--=-=-=--=-=-=--=-=-=--=-=-=--=-=-=--=-=-=--=-=-=-

အွန်လိုင်းမှာ ငွေရှာတော့ မယ်ဆိုရင် ပထမဆုံးအနေနဲ့ အွန်လိုင်းပေါ်မှာ သုံးနေတဲ့ currency တွေကို အရင်လေ့လာရမယ် အဲတာမှ ကိုယ် ငွေဘယ်လိုသွင်းရမယ် မြန်မာငွေ ဘယ်လို ပြန်လဲရမယ်ဆိုတာ တော့ အခြေခံအနေနဲ့ သိထားရပါမယ်
အွန်လိုင်းမှာ လူသုံးအများဆုံး နဲ့ အလွယ်ဆုံးဖြစ်တဲ့ BitCoin နဲ့ Paypal ကတော့ အခြေခံအနေနဲ့ စလေ့လာရပါမယ်

What is Bitcoin
----------------



BitCoin ဆိုတာက Digital Currency တစ်ခုဖြစ်ပြီး သူ့ကို ကျွန်တော်တို့က ပိုက်ဆံအိတ် Wallet တစ်ခုနဲ့ သိမ်းပြီး တစ်ယောက် Wallet မှ တစ်ယောက် ပြန်လွှဲရင်း အရောင်းအ၀ယ်လုပ်ကြပါတယ်
Bitcoin ရဲ့ Unit ကတော့ Btc ပါ သူဟာ USDollor ထက်တောင် တန်ဖိုးကြီးပြီး ခုစာရေးတဲ့ အချိန်ပေါက်ဈေးအရ 1 Bitcoin = 450 USD (မြန်မာငွေ 5 သိန်း ကျော်) အထိပေါက်ပါတယ် ခန့်မှန်းခြေ 1 usd = 0.002264 btc = 1200 Kyats လို့ မှတ်လို့ရပါတယ်
Bitcoin ကိုဘာလို့ သုံးရလဲဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သုံးတဲ့ currency တွေဟာ အများကြီး ဖြစ်ပြီး မတူညီနိုင်တာကြောင့် ကုန်ပစ္စည်းတွေ အရောင်းအ၀ယ် လုပ်ဖို့ တူညီတဲ့ ငွေကြေး စံ အဖြစ် သုံးကြတာပါ ။
ကမ္ဘာသုံး ငွေကြေး အဖြစ် တရားဝင်သတ်မှတ်ထားကြောင်းမသိရပေမယ့် ယနေ့အချိန်မှာ ပေးပို့လက်ခံ ရလွယ်ကူတာမို့ တဖြေးဖြေး လူသုံးများလာပါတယ် ။ Bitcoin နဲ့ USD ရဲ့ ပေါက်ဈေးဟာ အမြဲတမ်းပြောင်းလဲနေတဲ့ အတွက် ကျွန်တော်တို့က
ဈေးအတက်အကျ တင်ပေးတဲ့ site တွေကို သုံးပြီး တန်ဖိုးသတ်မှတ် ရောင်းဝယ်ကြပါတယ် ။ www.preev.com ကတော့ ကြည့်ရတာလွယ်ပြီး အချိန်နဲ့ တပြေးညီ ပေါက်ဈေးသိရပါတယ် ။
အဲလောက် တန်ဖိုးရှိတဲ့ Bitcoin ကို သိမ်းဖို့ အတွက် Wallet (ပိုက်ဆံအိတ်) အနေနဲ့ က Coinbase နဲ့ Blockchain ကတော့ နာမည်ကျော် Wallet တွေဖြစ်ပါတယ် ။ Coinbase မှာလည်းအကောင့်ဖွင့်ရလွယ်ပြီး Gmail အကောင့်တစ်နဲ့ Comfirm ပြီးတာနဲ့
တန်းသုံးလို့ရပါတယ်။

Paypal
---------



Paypal ကတော့ Usd Wallet အဖြစ်နဲ့ သုံးပြီး Paypal ကိုလက်ခံ တဲ့ အရောင်းအ၀ယ် site တွေ များတဲ့ အတွက် လူသုံးများပါတယ် Bitcoin လိုပဲ Usd Digital Currecy ကို ငွေသွင်းငွေထုတ်လုပ်ပြီး မြန်မာငွေနဲ့ ပြန်ရောင်းပြန်ဝယ်လို့ရပါတယ်
Paypal ကတော့ အသုံးပြုဖို့ account ဟာ Visa ကဒ် တစ်ခုခုနဲ့ Verify ဖြစ်ဖို့လိုပါတယ် မဟုတ်ရင်တော့လော့ခ် ကျနိုင်ပြီး မိမိငွေတွေ ဆုံးရှုံးမှာပါ။ မြန်မာနိုင်ငံကို တရားဝင် အသိအမှတ်ပြု မှု မရှိသေးတဲ့အတွက် မြန်မာဖုန်းတွေ လိပ်စာတွေ နဲ့ Verify လုပ်လို့ မရသေးပါဘူး။ ဒါပေမယ့် ခုချိန်မှာ တော့ Myanmar IP တွေနဲ့ သုံးလို့ ရအောင် Virutal Visa Card တွေ ပေါ်လာပြီး ကဒ်တွေနဲ့ Verify လုပ်ပြီး သုံးလို့ရနေပါပြီ ။ Bitcoin လောက် တော့ အသုံးပြုရမလွယ်ကူပေမယ့် Paypal ကိုပဲ လက်ခံတဲ့
Site တွေ Company တွေ ရှိတာကြောင့် မသုံးမဖြစ် တော့ သုံးရမှာပါ ။
1. Invest ရင်းနှီးမြုတ်နှံခြင်း
အွန်လိုင်းပေါ်မှာ ထောင်သောင်း မကသော Invest ဆိုက်တွေ ရှိပါတယ်
အွန်လိုင်းမှာ တစ်ရက်ကို အရင်းရဲ့ ဘယ်နှ % စီ ပြန်ပေးမယ် ဆိုပြီး ရှိပါတယ်
အမှန်တကယ် ကောင်းမွန်ပြီး ငွေပေးမှန်တဲ့ သက်တမ်းရှည် Site တွေရှိသလို
လိမ်ညာတဲ့ site တွေ ဟာလည်း အဆပေါင်းများစွာ များပြားမှုရှိပါတယ် ။
လိမ်ညာတဲ့ investment site တွေရဲ့ 80% ကတော့ ပထမပိုင်းမှာ ပေးမယ်
လူတွေက တကယ်ရမှန်းသိရင် ထပ်ရင်းကြမယ် ပြီးတော့မှ သူလိုချင်တဲ့ ငွေအမောင့်လောက်
site ထဲမှာ ငွေတွေထည့်ပြီဆိုရင် ငွေထုတ်မပေးတော့ဘူး site ကိုပစ်ထားပြီး Scam လုပ်ပစ်ကြတတ်ပါတယ်
ဒီနည်းနဲ့ ငွေရှာဖို့ စဉ်းစားမယ်ဆိုရင်တော့ အချိန်ကုန်သက်သာမယ် ပိုက်ဆံထည့်ပြီး ပစ်ထားရုံပါပဲ ။
ဒီလိုနည်းနဲ့ ငွေရှာမယ်ဆိုရင် အကြံပေးချင်တာက အပေါင်းအသင်းများများ ထားပြီး သူတို့တွေရဲ့မှတ်ချက်တွေကိုစုစည်းပါ
ကိုယ်တိုင်လည်း ၄င်း Invest Site က သူတို့အတွက် အကျိုးအမြတ်က ဘယ်လောက်ရှိပြီး ဘယ်လို ပြန်ခွဲဝေပေးတာလဲ ဆိုတဲ့ အချက်ကို သေချာသိအောင် လုပ်ရပါမယ်
ဒါမှ မှန်ကန်တဲ့ Investment Site မှာ ငွေရင်းပြီး ပုံမှန်ဝင်ငွေနဲ့ ရပ်တည်နိုင်ပါမယ် ။
ကျွန်တော်တွေရဲ့ အားနည်းချက် တစ်ခုဖြစ်တဲ့ မိမိ အတွက် အရင်စဉ်းစားတာဟာလည်း အလိမ်အညာ Site တွေနဲ့တွေ့ဖို့ တံတားတစ်ခု ဖြစ်နိုင်ပါတယ်
ဒါကြောင့် Invest လုပ်တော့မယ်ဆို သူ့ရဲ့ လုပ်ငန်းလည်ပတ်ပုံ သက်တမ်း Feedback တွေကို လေ့လာပြီး မှ ငွေထည့် ငွေရှာဖို့ အကြံပေးပါရစေ
ဒီလို Invest လုပ်မယ်ဆိုရင် လမ်းကြောင်းတစ်ခု အနေနဲ့ Crypto Mining ဆိုတာရှိပါတယ် အွန်လိုင်းပေါ်မှာ သုံးလို့ရတဲ့ Digital Currency တွေကိုတူးဖေါ်စုဆောင်းတာပါ
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးဖြစ်တဲ့ Bitcoin ကိုလည်း Mining လုပ်ပြီး တူးလို့ရပါတယ် ။ Bitcoin ကို သာမာန် PC တွေ မှာ Software ထည့်ပြီး တူလို့လည်းရပါတယ်။
ပြန်ရမယ့် အရေအတွက်ကတော့ အင်မတန်နည်းမှာပါ ။ ဒါကြောင့် CLoud Mining ဆိုတဲ့ လုပ်ငန်းတွေပေါ်လာပါတယ် သူတို့ကတော့ Performance ကောင်းတဲ့ Mining Machine Computer တွေ ဆင်ပြီး
အကြီးအကျယ် Bitcoin တူးပါတယ် ကျွန်တော်တို့ ငွေရှာမယ့်သူတွေကို သူတို့ စက်တွေရဲ့ Speed တွေ ကိုသတ်မှတ်ပြီး ခွဲရောင်းပေးပါတယ်။ ဒီကနေမှ မိမိဝယ်ထားတဲ့ speed အလိုက် ရလာတဲ့ Bitcoin အကျိုးအမြတ်ကို ပြန်ခွဲဝေပေးတာပါ။
ဒါကြောင့် ဒီလို Cloud Mining အမှန်အကန်လုပ်တဲ့ ဆိုက်တွေကိုရှာဖွေပြီး လည်း ငွေကြေး ရင်းနှီးပြီး ငွေရှာနိုင်တယ် ။
ဥပမာအနေနဲ့ Hash Ocean တစ်ခု ကြော်ငြာပေးပါမယ် 
ဒီနေ့ Bitcoin ရှာဖွေခြင်း Mining ကို စတင်လေ့လာသူတွေ နဲ့ Online ကနေ လွယ်ကူစွာငွေရှာချင်သူတွေအတွက် Genius Mining ကို မိတ်ဆက်ပေးချင်ပါတယ်ဗျ ။ Genius Mining ဆိုတာက နိုင်ငံပေါင်းစုံမှာ Data Center တွေ
တည်ဆောက်ပြီး Bitcoin တူးနေတဲ့ Mining လုပ်ငန်းတစ်ခုပါ။ Risk များတဲ့ Online Investment မှာမှ အတန်အသင့် စိတ်ချရတဲ့ ဆိုဒ်ပဲဖြစ်ပါတယ်
အွန်လိုင်းမှ စတင်ငွေရှာ မယ့်သူတွေ အချိန်မပေးနိုင်တဲ့ သူတွေ နဲ့ ၀င်ငွေ ပုံမှန်လေး ရနေချင်တဲ့သူတွေ အတွက် သင့်တော်ပါတယ် ဗျ။
သူတို့ Work Flow ကတော့ Mining စက်တွေ ၀ယ်မယ် data center တွေဆောက်မယ် Bitcoin တွေ တူးမယ်ပေါ့ဗျာ။
အဲ့ကမှ ရတဲ့ အကျိုးအမြတ် Bitcoin တွေကို ကျွန်တော်တို့လို့ Speed ရှဲတွေ ၀ယ်ပြီး Cloud Mining တူးတဲ့ သူတွေကို ပြန်ခွဲဝေပေးတာပါ ။
Auto Withdraw Function ပါတော့ တစ်ခါ setting ချပြီး ကိုယ့် wallet ထဲ ပုံမှန် ငွေရနေတော့ ခဏခဏ ၀င်ကြည့်စရာမလိုပဲ
တစ်ခါ setting ချပြီး ပစ်ထားလို့ ရတာပါပဲ ။
Register လုပ်ရန် - www.genesis-mining.com
-------------------------------------------------------------------------------------------------------------------------------------------
2. အရင်းအနှီးမစိုက်ပဲ ငွေရှာခြင်း without Investment
ဒီနည်းနဲ့ငွေရှာမယ့်သူကတော့ အင်တာနက် free ရှိသူနဲ့ ပုံမှန် အချိန်ပေးနိုင်သူ မုန့်ဖိုး လောက်ပဲလိုချင်တဲ့ သူတွေအတွက်ပို သင့်တော်ပါတယ်
Bitcoin ကို တစ်နာရီ ၂ နာရီ တစ်ခါ ပေးတဲ့ Site တွေမှာ ကိုယ့် ရဲ့ Wallet Address ကို လိုက်ချပြီး မူးစုမတ်စု စုရတာပါ
ကြော်ငြာလေးတွေ ကလစ်ရင်း ပိုက်ဆံရှာတာ လို့ရပါတယ် ။ အကောင့်တွေလိုက်ဖွင့် free ရတဲ့ နေရာတွေမှာ လိုက် clain ရမယ် ငွေအရနည်းမယ် ငွေမစိုက်ရဘူး
အချိန်တော့ကုန်တယ် ။ internet ဖိုးကုန်တော့ကုန်မယ်ပေါ့ခင်ဗျ။ ဥပမာအနေနဲ့ PTC site တစ်ခု ပြပေးပါ့မယ်
PTC site တွေမှာ click လုပ်ရင်း ငွေရှာဖို့ ငွေထုတ်ရာမှာ
paypal payza အကောင့်တွေ မရှိသူများအတွက်
click နှိတ်ပြီး ရှာထားတဲ့ ငွေကို Bitcoin နဲ့ ထုတ်လို့ရတဲ့
PTC Click site လေးပါ
- တစ်နေ့ကို 0.00003000 BTC လောက်ရပါမယ်
- အနည်းဆုံး 0.00100000 BTC ရရင် ငွေထုတ်လို့ရပါပြီ
- ကိုယ်အားမယ့် အချိန် ကို တစ်ခါ တည်းသတ်မှတ်လို့ ရပြီး
သတ်မှတ်ထားတဲ့ အချိန်မှာပဲ ကြော်ငြာ အသစ်လာပါတယ်
- ip တစ်ခုကို အကောင့်တစ်ခုပဲ ဖွင့်လို့ရပါတယ်
အကောင့်ဖွင့်ချင်ရင် အောက်မှာ ပုံနဲ့ ပြပေးထားပါတယ် ခင်ဗျ
အကောင့်စဖွင့်ပြီးရင် အချိန်ရွေးခိုင်းရင် ကိုယ် အားမယ့်အချိန် ကိုတစ်ခါတည်းရွေးပါ
Register လုပ်ဖို့ link လေးပါ
http://goo.gl/gdLhD8
PTC နဲ့ အခြား Free ရှာချင်တွေလွယ်လွယ်ကူကူ အစဉ်ပြေအောင် လုပ်ပေးထားတဲ့ အကို တစ်ယောက်ရဲ့ လင့်လေးပြပေးပါ့မယ် သူ့ရဲ့ Page နဲ့ ဆိုက်မှာလည်း
ဒီအကြောင်းတွေ သေချာရှင်းပြပေးထားတဲ့အတွက် ၀င်လေ့လာလို့ရအောင်ပါ
Credit to Author
3. Trade နှင့် Gambling လုပ်ခြင်း
Trading နဲ့ ငွေရှာတယ် ဆိုတာကတော့ ကျွန်တော်တို့ Online Currency တစ်ခု (ဥပမာ-Bitcoin) တစ်ခုကို ဈေးကျတဲ့ အချိန်မှာ ၀ယ်ထားမယ် ဈေးတက်တဲ့ အချိန်မှာ ပြန်ရောင်းမယ်
ဒီလိုနည်းနဲ့ ငွေရှာမယ်ဆိုရင်တော့ အရင်းများများရှိရပါမယ် အမြတ်ကတော့ ဈေးကျသွားတတ်သွားတဲ့ အပေါ်ကို မူတည် ပြီး အမြတ်ရမှာပါ ဒီအကြောင်းကို နမူနာ အနေနဲ့
အကို တစ်ယောက်ရဲ့ site က လင့်လေးပြပေးပါ့မယ် ဒီလို Trade လုပ်ဖို့ နဲ့ ပတ်သတ်တဲ့အခြားအကြောင်းအရာတွေ အများကြီးကိုလည်း page မှာ ၀င် ရောက်လေ့လာ ဖို့ တိုက်တွန်းပါတယ်
Credit to Author
Trading နောက်တစ်မျိုး အနေနဲ့ လောင်းကစား နည်းနည်းဆန်ပြီး တတ်သွားရင်အွန်လိုင်းမှာ Pro တစ်ယောက်အနေနဲ့ ရပ်တည်နိုင်မယ့် Forex Trading ဆိုတာလည်းရှိပါတယ်
အကြမ်းဖြင်း usd / eu ၂ခုကို ဆို usd ဈေးတက်မလား ကျမလား လောင်းတာပါ ။ အရင်းနည်းလည်းဖြစ်ပါတယ် ရှုံးဖို့က 50% ပေါ့ အဲ့ဒါက သေချာလေ့လာပြီးကျွမ်းသွားရင်တော့ 80% 90% လောက်အထိ နိုင်ဖို့ရှိပါတယ်
စာရေးသူ မကျွမ်းကျင်တဲ့နယ်ပယ် ဖြစ်လို့ Knowledge အနေနဲ့ ပဲ ပေးပြီးလေ့လာလို့ ရမယ့် နေရာညွှန်ပေးပါရစေ
Credit to Author
Gambling
--------------
Gambling ကျတော့ လောင်းကစားပဲ နိုင် ရှုံး ပဲ ရှိတယ် ဆော့တာကျွမ်းသွားရင်တော့ နိုင်နိုင်ချေ 70% လောက်ရှိမယ် အရင်းနည်းလည်းရပါတယ် ရှုံးနိုင်တယ် မြတ်နိုင်တယ်ပေါ့
ဥပမာအနေနဲ့ 999dice site ကိုပြောပါရစေ
999 Dice - user ပေါင်းများစွာ နေ့စဉ် ကစားနေတဲ့ နာမည်ကျော် သက်တမ်းရှည် လောင်းကစား ဆိုက်ပါ
Fair Bet စနစ်နဲ့ Server Seed Client Seed တွေရဲ့ တွက်ချက်ပုံ script တွေ လည်းချပြပေးထားပါတယ် လောင်းကစား တွေရဲ့ ထုံးစံအတိုင်း Server နိုင်အောင်တော့
နည်းလမ်းတစ်ခုခု ရှိမှာဖြစ်တဲ့ အတွက် သေချာလေ့ကျင်လို့ ဥာဏ်ရှိသလို လှည့်ပတ် ကစားရင်း နေ့စဉ် အမြတ်ယူနိုင်ပါတယ် ။
အွန်လိုင်းမှာငွေရှာဖို့ စတင်လေ့လာရာမှာ အခက်အခဲရှိသူ တွေအတွက် knowledge တစ်ခု အနေနဲ့ ပါ

999diceမှာကစားနည်း

999diceမှာကစားနည်း

မင်္ဂလာပါဗျာ...ကျ​နော်​ခု​ပြောပြမှာက​တော့999diceမှာbitcoin2$ဖိုးရင်းပြီတစ်​​နေ့5$နီးပါးနိုင်​​အောင်​ကစားနည်းပါ အာမ​တော့မခံဘူး​နော်​ ​လောဘမသတ်​နိုင်​​တော့ကုန်​မှာပါပဲဖြစ်​နိုင်​ရင်​2$ရင်းအမြတ်​2$ရ​ရင်တစ်​​နေ့တာနားလိုက်​တာအ​ကောင်းဆုံးပါပဲကျ​နော်​ဒီ​နေ့2$ရင်းတယ်​အမြတ်​6$ရခဲ့တယ်​ဗျာ...ကျ​နော်​ဆက်​မ​ဆော့ဘူးနားလိုက်​တယ်​ဗျာ ​လောဘကြီးလို့ကုန်​ခဲ့တာများပြီ​လေ...​​လောင်းကစားလုပ်​ရင်​​လောဘမကြီးပါနဲ့ တတ်​နိုင်​သ​လောက်​စိတ်​ထိန်း​ဆော့ပါ...ခုမှစ​ဆော့မည့်​သူများ ​အောက်​ကlinkက​နေအ​ကောင့်​လုပ်​လိုက်​ပါ အ​ကောင့်​လုပ်​ပုံကို​တော့မရှင်းပြ​တော့ဘူးဗျာလွယ်​ပါတယ်​ဗျာ....

ဒီကိုနှိပ်​ပါ


ဒါက​တော့ကျ​နော်​ဒီ​နေ့​ဆော့ထားတာ​လေး​တွေပါ...​ဆော့နည်းကလည်းမခက်​ပါဘူးဗျာပထမဦးဆုံး80%နဲ့နှစ်​ကြိမ်​ပြီးရင်​90%နှစ်​ကြိမ်​ပြီးရင်​95%နှစ်​ကြိမ်​အဲလိုလှည့်​ပတ်​ပြီးထိုး​နေတာပါ80%မှာကျ​နော်​ဘယ်​​တော့မှအများကြီးမထိုးပါဘူးရှုံး​ချေပိုများလို့မှာအရင်းဆုံး0.00005ကစထိုးပါတယ်​80%မှာရှုံးရင်​90%​​ပြောင်းပါတယ်​0.00005နဲ့ပဲတစ်​ကြိမ်​ပြန်​ထိုးပါတယ်​ပြီးမှ0.001တင်​ပြီး90%ပြန်​ထိုးပါတယ်​တစ်​ကြိမ်​ပြီးရင်​0.00005ပြန်​​ပြောင်း95%ပြန်​ထိုးအဲလိုလှည့်​ပတ်​သွား​နေတာပါ0.005​လောက်​ရရင်​နားလိုက်​ပါ ​တစ်​​နေ့၃ကြိမ်​ထပ်​ပိုမ​ဆော့ပါနဲ့​လောဘကိုတတ်​နိုင်​သ​လောက်​ထိန်း​ဆော့ပါ

ကျ​နော်​​ဆော့ထားတာ​​လေးပါပထမဆုံး80%နဲ ရှံးတယ်​90%နဲ့ထိုးတယ်​နိုင်​တယ်​90%နဲ့ပဲ0.00005က​နေ0.002တင်​ထိုးလိုက်​ပါတယ်​နိုင်​ပါတယ်​ပြီးရင်​0.00005ပြန်​​လျော့ထိုး95%​ပြောင်းအဲလိုသာမှန်​မှန်​​လေးထိုးသွားအပါ​2$က​နေ5$က​တော့​အေ​ဆေးယူလို့ရပါတယ်​​လောဘသာကြီးပါနဲ့ဗျာ....ကံ​ကောင်​ကြပါ​စေဗျာ...အားလုံးကို​ကျေးဇူးတင်​ပါတယ်​....

Friday, June 9, 2017

✔Android app Book ပြုလုပ်‌နည်း စာအုပ်‌နှင့်‌‌ဆော့ဝဲ✔

✔Android app Book ပြုလုပ်‌နည်း စာအုပ်‌နှင့်‌‌ဆော့ဝဲ✔

Posted by : ကိုဇော် သွင်Saturday, January 17, 2015
-‌တောင်းဆိုထားတဲ့စာအုပ်‌‌လေးထွက်‌‌ပေါ်လာပါပြီ။
‌စောင်‌‌နေရတာကြာသွားရင်‌ခွင့်‌လွတ်‌‌ပေးကြပါ။ Android app Book ပြုလုပ်‌နည်းစာအုပ်‌‌လေးပါ ။ ‌ဆော့ဝဲကို ကွန်‌ပျူတာမှာ အရင်‌သွင်းလိုက်‌ပါ ။ပြီးမှ စာအုပ်‌ဖတ်‌ပြီး တစ်‌ဆင့်‌ချင်းစီလိုက်‌လုပ်‌ကြည့်‌ပါ။ အ‌ရေးအသားညံ့ရင်‌‌တော့ခွင့်‌လွတ်‌ကြပါ-

‌ဆော့ဝဲ‌ဒေါင်းရန်‌

DOWNLOAD

https://www.copy.com/s/JRsz4q0mrRLk9FO

            (OR)

http://www.solidfiles.com/d/38b04df211/Android_Book_App_Maker_by_itsuboo.blogspot.com.rar


အထက်ဆော့ဝဲကစက်နှင့်မကိုက်လို့သွင်းမရပါက ဒါကိုဒေါင်း။
http://appmk.com/android-book-app-maker/appmk-abam.exe

ပြုလုပ်​နည်းစာအုပ်​အား​ဒေါင်းရန်

https://www.copy.com/s/4xqdf3eaa4h6ApA

                      (OR)
https://www.copy.com/s/aHzKDgHZbpITGyf

http://www.solidfiles.com/d/3524ffb8f3/Android_App_Book_Making_By_ItSuBoo1.pdf

စာအုပ်‌ + ‌ဆော့ဝဲ တစ်‌‌ပေါင်းတည်း‌ဒေါင်းရန်‌

DOWNLOAD

https://www.copy.com/s/aHzKDgHZbpITGyf

                  (OR)

http://www.solidfiles.com/d/d0e4cae98a/Android_App_Book_%e1%80%bb%e1%80%95%e1%80%b3%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%94%e1%80%8a%e1%80%b9%e1%80%b8_%e1%80%85%e1%80%ac%e1%80%a1%e1%80%af%e1%80%95%e1%80%b9+%e1%80%b1%e1%80%86%e1%80%ac%e1%80%b7%e1%81%80%e1%80%b2%e1%80%9c%e1%80%b9_by_IT_Suboo.rar



Credit >> Nay Phyo Kyaw(ItSuBoo)

Wednesday, June 7, 2017

Perfect Money အသုံးပြုပုံနှင့် လုံခြုံရေး တိုးမြှင့်နည်း

Perfect Money အသုံးပြုပုံနှင့် လုံခြုံရေး တိုးမြှင့်နည်း

https://perfectmoney.is/?ref=1744648


U အကောင့်ထဲမှာ 1.61 USD ရှိပါတယ်.. အဲ့ဒီငွေကို တခြား PM အကောင့်ထဲ ငွေလွှဲပါမယ်..။ ကိုယ့်ဘက်က ငွေလွှဲပေးမှာဖြစ်လို့ ငွေလွှဲသူက fee 1.99% ပေးဆောင်ရပါတယ်..။ ဒါကြောင့် အကောင့်ထဲရှိသမျှ အကုန်လွှဲလို့မဖြစ်ပါဘူး..။ $1.5 လောက်သာလွှဲပါ့မယ်။ ဒါပေမယ့် ငွေမလွှဲခင် လုံခြုံရေးတိုးမြှင့်ပုံကို အရင်ပြပါမယ်..။ သင့်အကောင့်က အသစ်သာဖြစ်သေးလို့ verify လည်းမဖြစ်သေးသလို လုံခြုံရေးလည်း အားနည်းပါသေးတယ်..။


Setting for Security
အပေါ်ကပုံကို ပြန်ကြည့်ပါ..။ အစိမ်းရောင်ဘောင်ခတ်ပြထားတဲ့နေရာမှာ လုံခြုံရေး ၃ မျိုးရှိပါတယ်..။ ပထမတစ်ခုကတော့ Register လုပ်ကတည်းက သတ်မှတ်ပေးထားတာပါ..။ 

ကဲ.. လုံခြုံရေးတစ်ခုလောက်ထပ်တိုးရအောင် အပေါ်ဆုံး အပြာရောင် menu ဘားတန်းပေါ်က Setting ကိုနှိပ်လိုက်ပါ..။ Setting page ထဲရောက်သွားပါ့မယ်.. အောက်ပုံမှာပြထားတဲ့အတိုင်း အစိမ်းရောင် ဘောင်ခတ်ထားတာကိုနှိပ်ပါ..


အောက်ပုံကိုကြည့်ပါ..


SMS Login: ဒါကို Enable လုပ်မယ်ဆိုရင်.. သင့်ဆီ SMS ပို့လို့ရမယ့် ဖုန်းနံပါတ်ပေးရပါမယ်..။ ၀န်ဆောင်ခ $0.1 ပေးရပါမယ်။ ၀န်ဆောင်ခကို အကောင့်ထဲက ဖြတ်သွားမှာပါ..။ Perfect Money အကောင့်ထဲ Login ၀င်တိုင်း သင့်ဖုန်းဆီ SMS ပေးပို့ပြီး အတည်ပြုချက်တောင်းခံပါလိမ့်မယ်.. ဒါဆို အကောင့်ခိုးတဲ့သူက ပထမအဆင့် Identity check ကို ကျော်ဖြတ်နိုင်ခဲ့လည်း ဒီအဆင့်ကို  ဘယ်လိုမှ ကျော်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် သူ့မှာ အားနည်းချက်တော့ရှိတယ်..။ အကယ်၍များ သင့် SIM card ပျောက်ဆုံး/ပျက်စီးသွားလို့ အသစ်လဲရမယ်ဆို.. ဖုန်းနံပါတ်လည်းပြောင်းသွားပြီမို့ login ၀င်မရ ဖြစ်ပါလိမ့်မယ်..။ ဒီလိုဖြစ်ရင် support တင်လို့ရ ပေမယ့် အနည်းငယ်အလုပ်ရှုပ်ပါတယ်..။ ဒီလို မဖြစ်အောင်တော့ သင်ကိုယ်တိုင် ဂရုစိုက်ရပါမယ်..။ ဒီ SMS Login လုပ်သင့်လား၊ မလုပ်သင့်လား သင့်ဟာသင် ဆုံးဖြတ်ပါ..။ 

Code Card: သူကတော့ ငွေထုတ်/ငွေလွှဲတဲ့အခါမှာ အသုံးပြုရပါတယ်..။ Paper Code လို့လည်းခေါ်ပါတယ်။ သူ့ကို Enable လုပ်လိုက်ရင် ဂဏန်း ၇ လုံးတွဲ code 1 to 30 ပါတဲ့ Image တစ်ခု ပေးလာပါလိမ့်မယ်.. သင့် email ထဲ လည်း ပို့ပေးပါလိမ့်မယ်.. အောက်ပုံကိုကြည့်ပါ..


အနက်ရောင်အောက်ခံနဲ့ စာလုံးအဖြူ ကုဒ်တွေ ၃၀ ထိ ပါပါတယ်.. အဲ့ဒီ Code Card ကို သင့်စက်ထဲ download ချသိမ်းဖို့ ၂၄ နာရီပေးထားပါတယ်..။ ၂၄ နာရီပြည့်ရင် ဖျက်ပစ်မှာပါ။ အစိမ်းရောင်ဘောင်ခတ် ပြထားတဲ့ စာသားပေါ်နှိပ်ပြီး download ချလိုက်ပါ။ mail ထဲလည်းသွားကြည့်ပါ။ download ချပြီးပြီဆိုရင် Code Card mail ကို အပြီးဖျက်ပစ်ပါ။ သင်ငွေထုတ်/ငွေလွှဲတိုင်း သူတောင်းတဲ့ ကုဒ်ကိုပေးရပါမယ်..။ မှန်မှသာ ထုတ်ပေးမှာဖြစ်ပါတယ်..။ ဒီကဒ်ကို ကွန်ပျူတာ၊ ဖုန်းထဲမှာ digital image အနေနဲ့ သိမ်းထားမယ်ဆို သင့်နည်းသင့်ဟန်နဲ့ လုံခြုံအောင် သိမ်းထားပါ။ သင့်စက်ထဲမှာ ထားရတာလည်း မလုံခြုံဘူးထင်ရင် အဲ့ Code Card ကို စာရွက်ပေါ် print ထုတ်ပြီး စက်ထဲကလည်း အပြီးဖျက်လိုက်ပါ။ 

API (Automated Program Interface) : ဒါကတော့ security တော့မဟုတ်ပါဘူး.. သင့်မှာ PM လက်ခံတဲ့ Website တစ်ခုရှိရင် ငွေသွင်း/ငွေထုတ်ကို အလိုအလျောက်လုပ်ဆောင်ပေးမယ့် program တစ်ခုဖြစ်ပါတယ်.. လိုင်စင်ဆော့ဝဲ၊ လိုင်စင် OS ကိုသုံးမှ ပိုမိုစိတ်ချရပါလိမ့်မယ်.. အများစုက Third Party တွေပဲ သုံးနေကြတော့ လုံခြုံစိတ်ချဖို့ မလွယ်ပါဘူး။ 
လုံခြုံရေးတိုးမြှင့်တာနဲ့ပတ်သက်ပြီး ရှင်းပြပြီးပါပြီ..။

 သင့်အကောင့်ကို ပိုပြီး လုံခြုံစေချင်ရင်..
- ဖုန်း အတွက်ထုတ်ထားတဲ့ PM apk တွေ မသုံးပါနဲ့။ PV apk လည်းမသုံးပါနဲ့။
- browser ကနေ ပုံမှန်ပဲဖွင့်ပါ။
- မသိတဲ့သူဆီက ကိုယ့် mail နဲ့ ဖုန်းထဲ ပို့လာတဲ့ link တွေ attachment file တွေကို အရမ်းကာရော မဖွင့်ပါနဲ့။
- သူခိုး မျက်စိကျလောက်အောင်လည်း ပေါ်ထင်မနေပါနဲ့။ (မကြွားဝါပါနဲ့)
- hack တဲ့သူဟာ အကူအညီတစ်ခုခု မပါဘဲ ဒီတိုင်း hack လို့မရပါဘူး.. ငါးစာအရင်ချပြီးမှ.. ငါးစာကို ဟပ်မိတဲ့ သူကိုသာ hack လို့လွယ်ပါတယ်..။  တကယ့် hacker တွေဟာ ဂုဏ်သိက္ခာရှိပါတယ်..။ hacker တွေဆိုတာ မကောင်းတဲ့လူတွေမဟုတ်ပါဘူး..။ ရည်ရွယ်ချက်တစ်ခုခုနဲ့ ထိုးဖောက်ဝင်ရောက်သူ၊ ကာကွယ်တားဆီးသူသာဖြစ်ပါတယ်..။ ဒီလို မဖြစ်စလောက် မတောက်တခေါက်နဲ့ cracking tool တွေသုံးပြီး လိုက်ဟက်နေတဲ့သူတွေကို Cracker (အဖျက်သမား)လို့သာခေါ်ပါတယ်.. ဒါပေမယ့် hacker လို့ပဲ အများသိကြတဲ့အတွက် တကယ့် hacker တွေ သိက္ခာကျရတာပါ..

Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ sex video တွေဟာ တကယ့် video မဟုတ်ပါဘူး.. ငါးပွက်ရာ ငါးစာချတဲ့သဘောပဲဖြစ်ပါတယ်..။ sex, fashion, beauty စတဲ့ ကြော်ငြာတွေနဲ့ ငါးစာချတတ်ပါတယ်.. ဒါကြောင့် တွေ့ကရာ လျှောက်မနှိပ်ပါနဲ့..

ဒီအချက်တွေလည်းလိုက်နာမယ်.. အပေါ်က လုံခြုံရေး ၂ ခု လောက်လုပ်ထားမယ်ဆိုရင် verify မဖြစ်လည်းဘဲ အတော်အတန် လုံခြုံမှုရှိပါတယ်..။

Setting for Notifications
သင့် Perfect Money နဲ့ပတ်သက်ပြီး account login ၀င်တာ၊ လွှဲငွေရောက်ရှိလာတာ၊ ငွေထုတ်/ငွေလွှဲတာ စတဲ့ အချက်အလက်မှန်သမျှ သင့် ဖုန်း၊ email သို့ ပေးပို့စေချင်ရင် Notifications ထဲဝင်ပြီး သတ်မှတ်ပေးရ ပါမယ်.. အောက်ပုံကိုကြည့်ပါ..


အစိမ်းရောင် ဘောင်ခတ်ထားတာကိုနှိပ်လိုက်ပြီး.. ပေါ်လာတဲ့ Notifications Page မှာကြည့်ပြီး မိမိစိတ်ကြိုက်ပြင်ဆင်ပါ..။ email ထဲပို့စေချင်ရင် email အောက်မှာရှိသမျှ အကုန် check (အမှန်ခြစ်)ပြီး၊ Phone ထဲ SMS ပို့စေချင်ရင် အရင်ဆုံး SMS ကို Enable လုပ်ပေးရပါမယ်..။ SMS login လုပ်ပြီးသားဆိုရင်တော့ Enable ဖြစ်နေပါပြီ..။ SMS အောက်မှာ အကုန် check လိုက်ပါ.. ပြီးရင် Save နှိပ်ပေးလိုက်ရုံပါပဲ။

Money Exchange or Transfer
ကဲ.. ငွေလွှဲပြောင်းနည်းကြည့်ရအောင်..။ My Account ထဲပြန်သွားပါ။ U အကောင့်ထဲက ငွေ $1.5 လွှဲမှာ ဖြစ်လို့ U အကောင့်ဘေးက စာရွက်ပုံကို ထောက်လိုက်ပါ.. ပုံကိုကြည့်ပါ။


Send money ကိုနှိပ်လိုက်ပါ။ အောက်ပုံကိုရောက်သွားပါ့မယ်..


Amount* : လွှဲမယ့် ငွေပမာဏ ရေးပါ။ $ ထည့်ရန်မလို။ $1.5 လွှဲမှာမို့ 1.5 ထည့်ထားပါတယ်။
To Account* : လက်ခံမယ့်သူရဲ့ U အကောင့်ကို ထည့်ပါ။ ဂဏန်းမလွဲ၊ မမှားပါစေနဲ့။
Description: လက်ခံမယ့်သူဆီကို သင် အမှာပါးချင်တာ၊ ပြောချင်တာအတိုချုံးရေးပါ။  ဘာမှ မရေးလည်း ရပါတယ်။
ကျန်တာတွေ ဒီတိုင်းထားလိုက်ပါ။ အဓိကဖြည့်ရမှာက Amount နဲ့ To Account ပါပဲ။ ဖြည့်ထားတာ မှန်တယ်ဆိုရင် Payment preview ကိုနှိပ်လိုက်ပါ။ အောက်ပုံကိုတွေ့ပါမယ်..
ငွေမလွှဲခင် အကြိုစစ်ဆေးဖို့ ပြပေးတာပါ.. အချက်အလက်တွေကို ကြည့်ပါ..။ Payment fees: 0.02985 (1.99%) အကောင့်ထဲက ဖြတ်သွားမှာပါ။ verify မဖြစ်သေးတဲ့ အကောင့်မှန်သမျှ Payment fees 1.99% ဆောင်ရပါမယ်။
ပို့တဲ့ငွေပမာဏ ပြန်ပြင်ချင်ရင် Edit ကိုနှိပ်ပြီး ပြန်ပြင်နိုင်ပါတယ်။ တကယ်ပို့မှာသေချာပြီဆိုရင် Send money ကိုနှိပ်ပါ။ ဒီအခါ ကျွန်တော်တို့ အထက်မှာ Code Card ကို Enable လုပ်ထားတဲ့ အတွက် အောက်ပုံအတိုင်း code နံပါတ် 15 ကိုတောင်းလာပါတယ်။
Code Card က နံပါတ် 15 code ကိုထည့်ပေးပြီး Continue ကိုနှိပ်လိုက်ပါ..။ အောက်ပုံအတိုင်း Complete ဖြစ်သွားပါပြီ..


သင်ငွေထုတ်/ငွေလွှဲတိုင်း ဒီ Code Card ထဲက Code တစ်ခုချင်းစီ တောင်းပါမယ်.. Code 30 ကုန်သွားရင် သင့် email ထဲ နောက်ထပ် Code Card ထပ်ပို့ပါလိမ့်မယ်..။
ကဲ.. ဒီလောက်ဆို Perfect Money ကို လုံခြုံစွာ အဆင်ပြေပြေ သုံးတတ်လောက်ပြီလို့ မျှော်လင့်ပါတယ်..


အခုမှ စလုပ်မှာ အကောင့်မဖွင့်ရသေးဘူးဆိုပါက အောက်ကပုံလေးကို နှိပ်လိုက်ပါ Perfect MoneyWebsite သို့ တန်းရောက်သွားပါလိမ့်မည်။



https://perfectmoney.is/?ref=1744648
ငွေအမှန်တကယ်ပေးနေတဲ့ PaidVerts မှာမ၀င်ရသေးရင်၊ PaidVerts အကြောင်း မသိသေးရင် ဒီလင့်မှာ လေ့လာပါ။
 e-money bazic blog မှကူးယူဖော်ပြသည်  <<<  Thank's

Paypal အွန်လိုင်းဘဏ်အကောင့် အသုံးပြုနည်း

Paypal အွန်လိုင်းဘဏ်အကောင့် အသုံးပြုနည်း

ကဲ…Paypal လာပါပြီ အင်တာနက်မှာငွေရှာနေသူများ အသိချင်ဆုံး ကိစ္စ PayPal အကြောင်းလေး
အဓိက ကျတဲ့တစ်စိတ်တစ်ဒေသကို တင်ဆက်ပေးလိုက်ပါတယ်... အခုငွေရှာတဲ့ ဆိုဒ်တွေကနေဘဲ
ရလာတဲ့ ပိုက်ဆံတွေကို Cash out ( or ) Withdraw လုပ်လိုက်မယ်ဆိုရင် PayPalထဲကို
ရောက်သွားပါ့မယ်..ဟုတ်ပြီ ဘယ်လိုပုံနဲ့ရောက်မှာလဲဆိုရင် အောက်ကပုံကိုကြည့်လိုက်ပါ.
.ငွေရှာတဲ့ဆိုဒ်တွေကနေ PayPal ထဲကိုရောက်လာတဲ့ ပုံလေးပါ။
   ကဲ......ငွေတော့ရောက်လာပြီ အဲဒီငွေကို မြန်မာငွေ ဖြစ်အောင် ဘယ်လိုပြန်ပြောင်းမလဲဆိုတဲ့ အဆင့်ကို
ရှင်းပါတော့မယ်... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ MyanPay ဆိုတာရှိပါတယ်www.myanpay.com.mm
 ဖြစ်ပါတယ်.. အခု PayPal ကနေ မြန်မာငွေပြောင်းဖို့ MyanPay ကိုလွှဲရမှာဖြစ်ပါတယ်... ဒီအတိုင်းတော့ 
တိုက်ရိုက်လွှဲလို့မရပါဘူး.. ကြားခံငွေလွှဲပေးတဲ့ ၀န်ဆောင်မှုကနေတစ်ဆင့် MyanPay ကို
လွှဲရတာဖြစ်ပါတယ်.. ဥပမာ ကျွန်တော်ကို ကြားခံဝန်ဆောင်မှု လို့သတ်မှတ်လိုက်ပါ..ကျနော်က 
မိတ်ဆွေတို့ လွှဲလိုက်တဲ့ USD Dollar အတိုင်းကာလပေါက်ဈေးကိုတွက်ချက်ယူပြီး MyanPay
ထဲကိုထည့်ပေးမှာဖြစ်ပါတယ်...အဲဒီ MyanPay ကနေတစ်ဆင့် မိတ်ဆွေတို့နဲ့ နီးစပ်တဲ့ ဘဏ်ကနေ
တစ်ဆင့်ထုတ်ယူနိုင်ကြမှာပါ.. ဘဏ်မှာ Account ( ဘဏ်စာအုပ်) တော့ဖွင့်ထားဖို့လိုပါ့မယ်..
ဘဏ်စာအုပ်ကလဲ မများပါဘူး တစ်အုပ်မှ တစ်ထောင်လောက်ပဲရှိတာပါ..ဒါဆိုရင် သက်ဆိုင်ရာ 
ဘဏ်ရဲ့ ဘဏ်စာအုပ်နဲ့ဘဏ် Account ကိုရပါပြီ.. ကဲ..နားလည်အောင်ရှင်းပြလိုက်ပါ့မယ်..
ငွေထုတ်ပုံ အဆင့်ဆင့်ကတော့
 PayPal >> ကြားခံဝန်ဆောင်မှု >> MyanPay >> Myanmar Bankအဲလိုအဆင့်ဆင့် ငွေထုတ်ယူ
သွားရတာပါ...... ကဲ.. MyanPay ကိုအသာထားဦး လောလောဆယ် PayPal နဲ့ ကြားခံဝန်ဆောင်သူရဲ့ 
ဆက်သွယ်မှုကိုရှင်းပါ့မယ်.. ဘယ်လိုဆက်သွယ်မှုလဲဆိုရင် ငွေထုတ်လိုတဲ့ PayPal Account ပိုင်ရှင်ကနေ
ကြားခံဝန်ဆောင်မှုပေးမယ့် PayPalAccount ပိုင်ရှင်ဆီသို့ အရင် ငွေလွှဲရပါ့မယ်... ဒီလိုလွှဲနိုင်ဖို့အတွက် 
Send Money( or ) Send Funds ကိုနှိပ်လိုက်ပါ.... အောက်ပုံမှာကြည့်ပါ။

           To ( Email ) ဆိုတဲ့နေရာမယ် ကြားခံဝန်ဆောင်မှု ပေးသူရဲ့ လိပ်စာကိုထည့်ရပါမယ်...
Amount နေရာမှာတော့ မိမိငွေလွှဲပြောင်းလိုတဲ့ ငွေပမာဏကိုထည့်ရပါ့မယ်.. အခုတစ်ဒေါ်လာ
လွှဲမှာဖြစ်တဲ့အတွက် 1 လို့ဘဲ ထည့်ထားလိုက်ပါတယ်.. 10$ လွှဲချင်ရင်တော့ 10 လို့ထည့်ပါ... ပြီးတာနဲ့
ညာဘက်အခြမ်းမှာတော့ USD-U.S.Dollars ကိုရွေးပေးရမှာဖြစ်ပြီး.... အောက်မှာတော့ I'm sending
money to family or friends ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်... ပြီးတာနဲ့ Continue ပေါ့...
        Payment To အောက်က လိပ်စာကတော့ ကြားခံဝန်ဆောင်မှုပေးသူရဲ့ လိပ်စာဖြစ်ပါတယ်.
.ဘေးနားကဟာတွေကတော့.. ဒီအတိုင်း Information တွေဘဲဖြစ်ပါတယ်.. အိုကေSend Payment 
သာနှိပ်လိုက်တော့..
          ကဲ... Kyaw Kyaw Naing ဆိုတဲ့ လူက ကြားခံဝန်ဆောင်မှုပေးသူဖြစ်တဲ့ Nwe Nwe ဆိုတဲ့
သူဆီကိုငွေပေးပို့ခြင်းပြီးဆုံးပါပြီ... ဒီလိုဆိုရင် ကြားခံဝန်ဆောင်သူက မြန်မာငွေအဖြစ်ပြောင်းလဲပြီး
 ပေးပို့သူရဲ့ MyanPay Account ထဲကိုထည့်ပေးလိုက်တာနဲ့ Kyaw Kyaw Naing ဟာ သူ့ရဲ့
MyanPay Account ကနေတစ်ဆင့် သက်ဆိုင်ရာ မြန်မာဘဏ်သို့  ငွေလွှဲကာ မြန်မာငွေအဖြစ်
ထုတ်ယူလို့ရပြီဖြစ်ပါတယ်ဗျာ..ဖူးးး.မောထှာ..အဆင်ပြေကြပါစေခင်ဗျားးးး :D
        ဒီတော့ ဘာတွေလိုအပ်သလဲဆိုရင် ငွေထုတ်ယူလိုသူသည်
(1) PayPal ( Verified ) Account ရှိရပါ့မယ်။
(2) MyanPay Account ရှိရပါ့မယ်။ ( MyanPay Account လျှောက်တာလွယ်လွယ်လေးပါ 
ပိုက်ဆံတစ်ထောင်ကျပ် ဒါမှမဟုတ် မှတ်ပုံတင် ကာလာScan ဖတ်ထားတာတစ်ခုလိုအပ်ပါမယ် )
MyanPay Account သုံးနည်းကို ဒီမှာကြည့်ပါ။
(3) နီးစပ်ရာ Bank တစ်ခုခုကနေ ဘဏ်စာအုပ်နဲ့ဘဏ်Account ရှိရပါမယ်.. တစ်ထောင်ကျပ်လောက်သာ ကုန်ကျပါတယ်..ဒါတွေသာပြည့်စုံပြီဆိုရင်တော့ အင်တာနက်ပေါ်ကရသမျှငွေတွေကို ကြိုက်သလို ထုတ်ယူလို့ရပြီဖြစ်ပါတယ်

 Myanmar It Helper Site မှကူးယူဖော်ပြသည် <<< Thank's

Paypal အွန်လိုင်းဘဏ်အကောင့် ဖွင့်ရအောင်

Paypal အွန်လိုင်းဘဏ်အကောင့် ဖွင့်ရအောင်


မြန်မာကနေ Paypal အကောင့်ဖွင့်မယ်ဆိုရင် အရင်ဆုံး Proxy ကျော်ပြီးမှ သုံးဖို့လိုပါတယ်။ အဲဒီအတွက် Your-freedom ဆော့ဝဲအသုံးပြုဖို့အတွက် အကောင့်ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

အရင်ဆုံး https://www.paypal.com/ ကို အရင်ဆုံး ဖွင့်လိုက်ပါ။

ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း Sign Up ကို နှိပ်လိုက်ပါ။


ပြီးရင် Your country or region နဲ့ Your language မှာ အတွက် အဆင်ပြေတာကို ရွေးပေးပါ။ ကျွန်တော်ကတော့ United States နဲ့ English ကို ရွေးလိုက်ပါတယ်။

ပြီးရင် ကိုယ်အတွက်အဆင်ပြေမယ့် Paypal အကောင့်အမျိုးအစားကို ရွေးပေးပါ။ ကျွန်တော်ကတော့ Paypal for personal use ကိုပဲ ရွေးလိုက်ပါတယ်။ (ကိုယ့်အကောင့်ကို နောက်မှ Upgrade အလွယ်တကူ လုပ်လို့ ရပါတယ်။) ပြီးရင် Get Started ကို နှိပ်ပေးပါ။



ပြီးရင် ကျွန်တော်တို့ အကောင့်အတွက်လိုမယ့် အချက်အလက်တွေကို ထည့်ပေးရပါမယ်။


Email address: Paypal အကောင့်အတွက်သုံးမယ့် အီးမေးလိပ်စာကို ထည့်ပေးပါ။ ကျွန်တော်တို့ အွန်လိုင်းမှာ ငွေပေး၊ ငွေချေ၊ ငွေလွှဲတာတွေကို ဒီအီးမေးလိပ်စာနဲ့ပဲ အလုပ်လုပ်သွားမှာပါ။

Choose a password: Paypal အကောင့်အတွက် password ကို ထည့်ပေးပါ။

Re-enter password: အပေါ်မှာ ထည့်ခဲ့တဲ့ password ကို ပြန်ထည့်ပေးပါ။

ပြီးရင် ကျွန်တော်တို့အတွက် လိုအပ်မယ့် Address နဲ့ Postal code ကို ရှာဖို့အတွက် Fake name generator ကို ဖွင့်ပြီး အရင်ရှာထားလိုက်ပါ။ အောက်မှာ ပုံနဲ့ နမူနာ ပြထားပေးပါတယ်။


Legal first name: ကိုယ့်နာမည်ကို နောက်ဆုံးစာလုံးကို ချန်ပြီး ထည့်ပေးပါ။

Legal last name: ကိုယ့်နာမည်ရဲ့ နောက်ဆုံးစာလုံးကို ထည့်ပေးပါ။

Address line 2: ဒီမှာတော့ ဘာမှမထည့်ဘဲ ကွက်လပ်အတိုင်းချန်ထားလို့ ရပါတယ်။

ကျန်တဲ့ဖြည့်ရမယ့် အကွက်တွေကိုတော့ Fake name generator မှရလာတဲ့ အချက်အလက်တွေကို ထည့်ပေးပါ။ အောက်မှာ နမူနာအနေနဲ့ ထည့်ပြထားပါတယ်။


ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Yes I have… မှာ Check box မှာ ကလစ်ပြီးတော့ Check လုပ်ပေးပါ။ ပြီးရင် Agree and Create Account ကို နှိပ်ပေးပါ။


အဲဒါပြီးရင် နောက်ထပ် တက်လာတဲ့ Page မှာ အောက်က အကွက်မှာပြထားတဲ့ Code စာလုံးတွေကို ပြန်ရိုက်ထည့်ပေးပါ။ ပြီးရင် Continue ကို နှိပ်ပေးပါ။


ပြီးရင် နောက်ထပ် တက်လာတဲ့ Page မှာ Go to My Account ကို နှိပ်ပေးပါ။ Bank account နဲ့ Credit card အချက်အလက်တွေကို နောက်မှထည့်ပေးပါမယ်။ 


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်စာမျက်နှာ တက်လာပါလိမ့်မယ်။ အောက်မှာ နမူနာ ပြထားပါတယ်။


ပြီးရင် ကျွန်တော်တို့ရဲ့ အီးမေးလိပ်စာကို Confirm လုပ်ဖို့လိုပါတယ်။ အဲဒီအတွက် Confirm email address ကို နှိပ်ပေးပါ။


အီးမေးလိပ်စာကို Confirm လုပ်တဲ့အခါမှာ နှစ်မျိုးနည်းနည်းကွဲနေပါတယ်။ အောက်မှာ နှစ်မျိုးလုံးကို ဖော်ပြပေးထားပါတယ်။ ကိုယ့်ဆီမှာ ပေါ်လာတဲ့နည်းအတိုင်း ဆက်လုပ်သွားနိုင်ပါတယ်။

နည်းလမ်း(၁)

Confirm email address ကို နှိပ်လိုက်တဲ့ အောက်မှာ ပြထားသလို Page တက်လာပါလိမ့်မယ်။ ကျွန်တော်တို့ဆီကို Confirm အီးမေးမရောက်သေးဘူးဆိုရင် Confirm ကို ထပ်နှိပ်ပြီး အီးမေးထပ်ပို့ ခိုင်းလို့ ရပါတယ်။ 


ပြီးရင် ကျွန်တော်တို့ဆီကို Confirmation အီးမေးရောက်မရောက်ဆိုတာကို မေးထဲကို ၀င်ကြည့်လိုက်ပါတယ်။ မရောက်သေးရင် Confirm ကို ထပ်နှိပ်ပြီး ပို့ခိုင်းပါ။ (တခါတလေမှာ Inbox ထဲကို မရောက်ဘဲ Spam box ထဲကို ရောက်တတ်ပါတယ်။) အီးမေးကို တွေ့ပြီဆိုရင် Confirm my email address ကို နှိပ်ပေးပါ။


ပြီးရင် ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို ၀င်ဖို့အတွက် ပက်ဝက်ကို တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပြီး ပေးပြီး Login လုပ်ပြီး ၀င်လိုက်ပါ။


နည်းလမ်း(၂)

Confirm email address ကို နှိပ်လိုက်တဲ့ အောက်မှာ ပြထားသလို Page တက်လာပါလိမ့်မယ်။ အဲဒါဆိုရင် Click the Activate button အောက်မှာ ရှိတဲ့ လင့်ကို နှိပ်ပေးပါ။ ပြီးရင် ကျွန်တော်တို့ဆီကို Confirmation number ပါတဲ့ အီးမေးပို့လိုက်တယ်ဆိုပြီး Confirmation number ကို ထည့်ခိုင်းပါလိမ့်မယ်။ 


အဲလို Confirmation number တောင်းခဲ့ပြီဆိုရင် ကျွန်တော်တို့ရဲ့ အီးမေးထဲကိုဝင်လိုက်ပြီး Paypal ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်ပါ။ ပြီးရင်အောက်မှာ အနီရောင်လေးထောင့်ကွက်နဲ့ ပြထားတဲ့ နေရာက Confirmation number ကို ကူးယူလိုက်ပါ။


Confirmation number ကို ကူးယူပြီးရင် အောက်မှာပြထားတဲ့အတိုင်းထည့်ပြီးရင် Confirm ကိုနှိပ်ပေးပါ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အီးမေးကို Paypal အကောင့်အတွက် Confirm လုပ်လို့ ပြီးသွားပါပြီ။ ပြီးရင် Paypal အကောင့်ရဲ့ Password ကိုမေ့သွားခဲ့ရင် ပြန်ပြီးတော့ ရနိုင်ဖို့အတွက် Security မေးခွန်းနှစ်ခုကို ရွေးပေးပြီး ကိုယ်မှတ်မိမယ့် အဖြေနှစ်ခုကို ရိုက်ထည့်ပေးပါ။ အဖြေတွေကို မှတ်မိနေဖို့လိုပါတယ်။ ဒါမှသာ Password ကိုမေ့သွားခဲ့ရင် ပြန်ရနိုင်မှာပါ။ ပြီးရင် အောက်မှာ နိုင်ငံတစ်ခုကို အဆင်ပြေတာကို ရွေးပေးပြီး Submit ကို နှိပ်ပေးပါ။


အဲဒါပြီးရင် ကျွန်တော်တို့ Paypal အကောင့်ကို Verify ဖြစ်ဖို့အတွက် Credit card ကို ချိတ်ခိုင်းပါလိမ့်မယ်။ Credit card ရှိတဲ့သူတွေက တခါတည်းထည့်သွင်းပေးလို့ ရပါတယ်။ မရှိသေးဘူးဆိုရင် အောက်က Go to My account ကို နှိပ်လိုက်ပါ။ (Credit card နဲ့ချိတ်ပြီးတော့ Paypal အကောင့်ကို Verify လုပ်တာကို သီးသန့် ထပ်ရေးထားပါမယ်။)


Go to My Account ကို နှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အဲဒါဆိုရင် Paypal အကောင့်လုပ်တာ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။ (Verify တော့ မလုပ်ရသေးဘူးပေါ့။) အဲဒီမှာဆိုရင် အကောင့်မှာရှိတဲ့ ငွေပမာဏ နဲ့ Status မှာ Verify လုပ်ဖို့ ပြောထားတာကို တွေ့ရပါတယ်။


Verify လုပ်ပြီးတာနဲ့ မလုပ်သေးတာ ဘာကွာလဲဆိုတာကို Account Limits က View Limits ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
အောက်က ပုံကတော့ Verify မလုပ်ရသေးတဲ့ Paypal အကောင့်ပါ။ သူ့မှာ $650 အထိပဲ ငွေပေးပို့လို့ ရပြီးတော့ ငွေထုတ်တဲ့အခါမှာ တစ်လလုံးအတွက်ကို $650 အထိပဲ ထုတ်ယူလို့ ရပါတယ်။ 


အောက်ကပုံကတော့ Paypal အကောင့်ကို Verify လုပ်ထားပြီးသားပုံပါ။ သူ့မှာတော့ ငွေပေးပို့တာနဲ့ ငွေထုတ်တာအတွက် အကန့်အသတ်မရှိတော့ပါဘူး။


Verify လုပ်ပြီးတယ်ဆိုတာက ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Payment card ဒါမှမဟုတ် ဘဏ်အကောင့် တစ်ခုခုနဲ့ ချိတ်ထားပြီးတာကို ပြောတာပါ။ 

(ဘဏ်အကောင့် ဒါမှမဟုတ် Payment card ရှိတဲ့သူတွေအတွက် Verify ဘယ်လိုလုပ်တယ်ဆိုတာကို နောက်မှာ ထပ်ရေးပါမယ်။)

ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Verify မလုပ်ရသေးပေမယ့် ( ငွေပမာဏအပေါ်မှာ ကန့်သတ်ချက် ရှိတာကလွဲရင် )

၁။ PTC ဆိုဒ်တွေထဲက ငွေကို ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို လွှဲလို့ရပါတယ်။

၂။ Paypal အကောင့်ထဲမှာ ရောက်နေတဲ့ငွေကို အခြားသူတစ်ယောက်ရဲ့ Paypal အကောင့်ထဲကို လှမ်းလွှဲလို့ ရပါတယ်။

၃။ အခြားသူတစ်ယောက်ကနေ ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို လှမ်းပြီးလွှဲမယ်ဆိုရင် လက်ခံလို့ ရပါတယ်။

ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Verify လုပ်မထားတဲ့အတွက်

၁။ Paypal အကောင့်မှာ ဘဏ်အကောင့်နဲ့ ချိတ်မထားသေးတဲ့အတွက် ဘဏ်ဆီကို ငွေပို့ပြီး ငွေသားအဖြစ် ထုတ်ယူလို့ မရသေးပါဘူး။ 

ဖြေရှင်းရန်။ ။ အခြားချိတ်ထားပြီးသားသူဆီကို လှမ်းလွှဲပြီးတော့ အကူအညီတောင်းလို့ ရပါတယ်။

၂။ ကိုယ့် Paypal အကောင့်ထဲမှာ ငွေရှိတယ်ဆိုရင်တော့ အခြားကနေ ကိုယ်ကြိုက်တာကို အွန်လိုင်းကနေ ၀ယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Verify လုပ်မထား (ဘဏ်အကောင့် ဒါမှမဟုတ် Payment card နဲ့လည်း ချိတ်မထား)တဲ့အတွက် Paypal အကောင့်ထဲမှာ ငွေမရှိဘူးဆိုရင်တော့ အွန်လိုင်းကနေ ၀ယ်လို့ မရနိုင်ပါဘူး။ 

ဖြေရှင်းရန်။ ။ အခြားသူရဲ့ Paypal အကောင့်ထဲကနေ ကိုယ့်အကောင့်ထဲကို ငွေလွှဲခိုင်းပြီးတော့ ၀ယ်ယူလို့ ရပါတယ်။

၃။ ငွေပို့၊ ငွေထုတ်တဲ့ ငွေပမာဏအပေါ်မှာ ကန့်သတ်ချက်ရှိပါတယ်။

**** Update: တချို့ PTC ဆိုဒ်တွေကတော့ Verify လုပ်မထားရင် ငွေကို ဆိုဒ်ထဲကိုတောင် ထည့်ခွင့်မပေးပါဘူ။ ငွေထုတ်လို့ရင်လဲ Verify ဖြစ်မှ ရမယ်ဆိုတဲ့အကြောင်း Message တက်တက်လာပါတယ်။*****

makemoneywithptc2013.blog  မှကူးယူဖော်ပြသည်<<< Thank's