Monday, June 5, 2017

ရွှေပေါက်ကံမှာ မှောင်တဲ့ည

သရဲစာအုပ် ၏ ဓာတ်ပုံ
ရွှေပေါက်ကံမှာ မှောင်တဲ့ည(ဇာတ်လမ်းတို)စ/ဆုံး
ရွှေပေါက္ကံဆယ့်ခြောက်ဈေးတွင်း
ထဆင်ထူးနဲ့မအိကော်တို့လင်မယားက အသက်ဆယ့်ငါးနှစ်ကွာသည်။
ထဆင်ထူးကလူပျိုဘဝထဲက မိန်းမပွေရှုပ်၏။
မအိကော်နဲ့ရမှာ ခြေငြိမ်သွား၍
မအိကော်ဟာ ထဆင်ထူးအတွက်တော့
ချည်တိုင်ပါပဲ။ခွေးမြီးကောက်ကိုဖြောင့်ပေးတဲ့
ကျည်တောက်ဆိုလဲမမှားပေ။ထဆင်ထူးကလည်း
မအိကော်ကို
ဒွေးချိုးလေးတိုးစံနစ်နဲ့ ချစ်တာလေ
ထဆင်ထူ3း9မအိကော်က 24မိမိအသက်ကို
တစ်ဝက်ချိုးယူထားသည်ဖြစ်၍မအိကော်
ဆိုးသမျှလည်စင်းကာအနွံတာခံ၏။ငယ်သူမို့
အပြစ်မတင် အချစ်မြင်၍အလျော့ပေးဆက်ဆံတယ
ဒီလိုနဲ့ နေလာလိုက်တာ မအိကော်တွင်
ကိုယ်ဝန်ရလာခဲ့၏။
တခုသော်တညတွင် မအိကော်က
ချဉ်ချင်တတ်၍ထဆင်ထူးအား ပူဆာ၏။
မအိကော်တောင်းဆိုသည့်က
တစ္ဆေတစ်ကောင်၏အသားစားလိုခြင်းဖြစ်သည်။
ထဆင်ထူး အထိပ်အလန့်နဲ့ မအိကော်ကို ကြည့်လိုက်တယ်

ဘာလဲ ရှင့်က ညိုညင်းတာလား

မင်းဟာက မလွယ်ဘူးဟ နောက်တခုပြောပါဟ

မရဘူး တစ္ဆေအသားပဲစားမယ် ယူပေး ချစ်ရင်ယူပေးရမယ်

မအိကော်က ဗူးဆို ဗရုံမသီး
တဇွတ်ဆိုး တစောင်းကန်းသမားမို့
တစ္ဆေအသားမစားရလို။ကိုယ်ဝန်အရင့်အမာနဲ့ ထင်ရာလျှောက်လုပ်ရင်
ကိုယ့်ကျိုးနဲရမယ်ကိန်းပဲ။ထဆင်ထူး အကျပ်ရိုက်လာ၏
တစ္ဆေသရဲကိုတသက်နဲ့တကိုယ်မတွေ့ဘူး
မကြုံဖူးတော့ဘယ်မှာရှာရမှန်းလဲမသိ။
ကြားသားကြားဖူးတယ်
အိကော်မလည်းချဉ်ခြင်းတတ်စရာရှားတော့
ကြံကြံဖန်ဖန်မှစားချင်တယ်
ထိုအချိန်ရပ်ကွက်ထဲက သရဲတစ္ဆေမကြောက်တဲ့
ကိုအေးချမ်းကို ထဆင်ထူးသတိရသွား၏။
ကိုအေးချမ်းက လူရွတ်သမားလေ
တော်ရုံလောက်နဲ့ တတ်မလာနဲ့
သတ္တိရှိပုံက စကေးကြမ်းတယ်
နယ်မြေခံ သရဲတစ္ဆေတွေကအစ
ကိုအေးချမ်းကို ဖူးဖူးမှုတ်ထားတာလို
သတင်းသဲ့သဲ့ကြားတယ်
သူကလည်း လူကောင်းက ဖလံဆိုပင့်မယ်
အာဏာစက်က နေရာစုံခရီးပေါက်အောင်ဖြန့်ကျဲ့၏။
ဟိတ်ဆို လူမပြောနဲ့ ပုရွတ်ဆိတ်တောင်
သူရှေ့က ဖြတ်မရဲဘူး
သူလို လူထူးလူဆန်းဆီမှာ အကူအညီတောင်းပြီ
တစ္ဆေအသားကို ရယူဖို့ထဆင်ထူး
စိတ်အားထက်သန်နေတယ်
ဒါကြောင့်မိန်းမဖြစ်သူကို နားချ၍
ကိုအေးချမ်းဆီ ထွက်လာခဲ့သည်။

ကိုအေးချမ်းခြံဝိုင်းက ဘီယာတွေဝိုင်းရံထားသည်။
မချမ်းသာသော်လည်း သောက်နိုင်စားနိုင်ဖို့မခဲရင်းပေ။
ဘီယာသောက်ရာတွင် စံမတူအောင် သောက်နိုင်၍
တစ်ရပ်ကွက်လုံးက အလှည့်ကျ ဘီယာတဗူးနှုန်း
နေ့စဉ် ကိုအေးချမ်းချီးကျူးဂုဏ်ပြုရတဲ့ထိ
ကျော်ဇော၏။အရင်တုံးက ခုံခုံမင်မင်
စွဲစွဲလန်းလန်းထိတော့ ကိုအေးချမ်းမသောက်သဖူး
ရပ်ကွက်၏ပန့်ပိုးကူညီမှုကြောင့် ကိုအေးချမ်း
ညဆို ဘီယာတွေနဲ့ဇိမ့်ခံနေတယ်
နာမည်ကျော် လူဇော်မို့
သူထံလည်း ဗေဒင်မေးတဲ့သူ
ခြေချင်းလိမ်နေ၏။ညဖက်ပဲ လူကျဲတာမို့
ထဆင်ထူး ညတွင်းကြီးထွက်လာတာပေါ့။

ကိုအေးချမ်း ဗျို့ကိုအေးချမ်း

ဘယ်သူလဲ

စကားလုံးကခပ်ထွေထွေနှယ့်ကိုအေးချမ်းထူး၏

ကျွန်တော်ထဆင်ထူးပါ

နာမည်ကျော်ဗေဒင်ဆရာအိမ်ဆိုတော့ ထဆင်ထူးနဲနဲရှိန်၏။
မဝင်မရဲမို့အိမ်ရှေ့ပြွန်ပေါက်မှ တွန့်ဆုတ်တွန့်ဆုတ်
ဖြစ်နေသည်။

ထူးထူးလာလေကွ

အိမ်ထဲဝင်လိုက်တော့ ကိုအေးချမ်း
ကော်ဇောပေါ်မိန့်မိန့်ကြီးထိုင်နေသည်။

ဘာကိစ္စ

ဒီလိုအကိုရေ ကျုပ်မိန်းမတစ္ဆေအသားစားချင်လို
ချဉ်ချင်တတ်တယ်ဗျာ

ဗုဒ္ဓေါ

ဟုတ်တယ်အကို အဲဒါအကိုဆီ ကူညီလာတောင်းတာပဲ

ငါလဲတော်ကြာအိပ်တော့မှာ မင်းပဲ တစ္ဆေသွားဖမ်းတော့
ငါလမ်းညွှန်လိုက်မယ်

ကျုပ်က တစ္ဆေကို ဖြူသလား မဲသလားမသိ
သွားလဲဘာမှဖြစ်လာမှမဟုတ် တစ္ဆေက ဘာလို့လဲ

တစ္ဆေက ဖန်ဆင်းမှုကျွမ်းတဲ့
လူကိုလည်စားတတ်တယ် မင်းသတိဝီရီယထားသွားပါ ရေဝေးတရုတ်ကောင်းတုံသုဿန်ကျရင်ခေါစာပစ်ပြီ
တစ္ဆေဖမ်းပါ သရဲနဲ့တစ္ဆေကမတူဘူး
သေပြီးကစကို သရဲလိုခေါ်တယ်
သရဲရင့်လာရင်တစ္ဆေဖြစ်လာတဲ့
တစ္ဆေကြီးရင်သဘက်ပဲ

ကိုအေးချမ်း ရေဝေးမှမြန်မာသုသာန်လဲရှိတာပဲ ဘာဖြစ်လိုအဲမှာခေါစာမပစ်ခိုင်းတာလဲ

တို့မြန်မာတွေက သေသွားရင်သုဿန်မသွားကြတာဘူး
တရုတ်တွေက တနှစ်တခါတော့ သေသွားတဲ့သူတို့ဘိုးဘွားဆွေမျိုးညာတိအုတ်ဂူပေါ်
မုန့်ပဲသရေစာနဲ့သုဿန်လာကန်တော့ကြသေးတယ် ဒါကြောင့်တရုတ်ကောင်းတုံသုဿန်မှာ အစားအစာပေါလိုတရုတ်သရဲတွေဘယ်မှာမသွား
အဲဒီမှာတရုတ်သရဲတစ္ဆေပိုများတယ်
မြန်မာသရဲတစ္ဆေတွေက ကျွေးမယ်မွေးမယ်လူမရှိတော့
အိမ်ကြိုအိမ်ကြား ကျောင်းကြိုကျောင်းကြား
လမ်းကြိုလမ်းကြား သစ်ပင်ကြိုသစ်ပင်ကြားမှာ စားရမယ်သောက်ရမယ်ဘဝမျိုးမို့ကိုယ်ဒူးကိုယ်ချွန်ပြီ ရှာဖွေစားသောက်နေရတာ
ခြေသလုံးအိမ်တိုင်တွေများတယ် ဒါကြောင့်
မြန်မာသုဿန် မင်းခေါစာပစ်လဲ ခွေးစားရုံပဲ
အဖတ်တင်မယ် သရဲတစ္ဆေတွေ့မှမဟုတ်
ဒါကြောင့်မသွားခိုင်းတာ

ကိုအေးချမ်းကရေရေလည်လည်
ရှင်းပြတော့မှနာဝေတိမ်တောက်သမား
ထဆင်ထူးသဘောပေါက်နားလည်းသွားသည်။

ဒါဆို ခေါစာပစ်ဖို့အတွက်စီမံပေးဦးကိုအေးချမ်း

ကိုအေးချမ်းက သွက်သွက်လက်လက်ခေါစာလုပ်ဆောင်လိုက်ပီ ထဆင်ထူးကိုခေါစာဗန်းပေး၍ တစ္ဆေနဲ့တွေ့ရင်မကြောက်ရန်
သတိပေးပြောကြားလိုက်တယ်
ထဆင်ထူး ကိုအေးချမ်းကို ဥာဏ်ပူဇော်ခပေးပြီ
ခေါစာဗန်းကိုယူ၍ဆယ့်ခြောက်ဈေးမှ
တဆင့်ဆယ်ခွန်ရပ်ကွက် ,
ဆယ့်ခွန်ရပ်ကွက်မှလျှောက်လာရင်း
ရွှေပေါက္ကံစက်မှုဇုံပြွန်ပေါက
ရောက်လာတော့ ဗန်းကိုင်ပြီ ခြေတုံချတုံဖြစ်နေ၏။
ညကလည်း လကွယ်ည ရွှေပေါက္ကံမီးကလည်း
ပျက်အစဉ်ပြင်မဆုံးမို့
အမြင်အားလုံးဟာ မှောက်မှောက်မဲမဲပဲ
အသင့်ပါလာတဲ့ဖုန်းမီးလေးကိုအားပြုရင်
စမ်းတဝါးဝါးလျှောက်လာတုံး
တရုတ်ကောင်းတုံသုဿန်အရောက်
ရှဲ ရှဲ ဆိုသောအသံကို ကြားလိုက်ရ၍ ဖုန်းမီးနဲ့
တောင်ထိုးမြှောက်ထိုး ပင်မယ့်
ဘယ်မှမတွေ့ပေ။တရုတ်ကောင်းတုံသုဿန်
အရှေ့မှာခေါစာဗန်းချပြီ
ထဆင်ထူး လာပါစာပါ ဟုနှုတ်အံခေါ်၏။ထိုအချိန်
မြေကြွက်တစ်ကောင် ခေါစာဗန်းနားရောက်လာပီ
ဗန်းထဲက အသားစတွေကို တစစဖဲ့ခြွေကိုက်စားနေတဲ့
မြေကြွက်ကြီးကလည်းကြီးတာမှ
ကြောင်တောင်ထွက်ပြေးရမယ့်အခြေအနေပဲ
မျက်လုံးတွေကကြောက်စရာကောင်း၏။
ငတ်ပျက်နေလားတော့မသိ အစာကိုအငမ်းမရ
သွတ်နေလိုက်လား ဝေသာလီပြည်ဘီလူးစီးတဲ့အတိုင်းပဲ။
ထဆင်ထူးလဲဖုန်းမီးထိုး၍မှင်သေသေနဲ့ကြည့်နေတုံး
မြေကြွက်ကြီးစားလိုဝ၍အနီးနားရှိ
တွင်းတတွင်းသို့ဝင်သွား၏။ထိုတွင်းနားသို့
ထဆင်ထူးတခူးတကာကြည့်သည်။
တွင်းပေါက်သည် ဝိုင်းစက်ညီညာကာ
ချောမွတ်နေသောကြောင့် ထဆင်ထူး
အံဘြသွား၏။ဘယ်ကြွက်မှဒီလောက်သပ်သပ်
ခတ်ခတ်မလုပ်။ပြီးစလွယ်ပဲ တွင်းတူးကြတာများ၏။
အခုဟာက ပြောင်ချောမွတ်သောကြောင့်
ဇဝေဇဝါဖြစ်မိ၏။ထိုအချိန် ကိုအေးချမ်းပြောတာကို
ထဆင်ထူးအမှတ်ရလေသည်။တစ္ဆေက ဖန်ဆင်းကျွမ်းတယ်
ဆိုတာကိုပေါ့။ဒါဆို ဒီကြွက်ဟာ တစ္ဆေဖန်ဆင်းထားတာပေါ့
ပွတာပဲ ဟုစိတ်ထဲ ကြုံးဝါးကာ မြေကြွက်ဝင်သွားတဲ့တွင်းသို့လက်နဲ့ယက်ပြီ တူးလေးသည်။
ဇောနဲ့တူးသောကြောင့် မြန်ဆန်၏။ခဏလေးတင်
လက်တစ်တောင့်လောက်ရောက်တော့
ချွေးသီးတွေစိုလာသည်။တူးပါများတော့
တွင်းပေါက်ထဲမှ
အစွယ်ပြူးပြူးတစ္ဆေတစ်ကောင်ထွက်
လာလေမလားဒါမှမဟုတ်အာလာဒင်မီးခွက်ထဲကလို
ဘီလူးဝဝကြီးတကောင်များထွက်ပေါ်လာလေမလား
မမြင်ရတော့ သံသရာဝင်၍ အံကိုကြိတ်ပြီ
ထဆင်ထူးတူးနေပင်မယ့် နောက်ဆုံးမြေကြွက်ကြီးသာ
တွေ့ရသည်။ ဒီတစ္ဆေက ငမွဲပါဝါရတာလားမသိဘူး
ကြွက်ပဲအကောင်ပြောင်းလိုရထင်တယ်
မထူးပါဘူး အဓိက..တစ္ဆေအသားဖြစ်ဖို့အရေးကြီးတာပဲဟု
စိတ်တွေးထင်ရင်း မြေကြွက်ကြီးကိုလက်နှစ်ဖက်နဲ့
ညှစ်သတ်လိုက်သည်။

ဒီမှာခင်ဗျာ ဘာလုပ်နေတာလဲ

ခေါ်သံကြောင့်နောက်လှည့်ပီဖျက်ခနဲ့ထဆင်ထူး
ဖုန်းမီးနဲ့ထိုးကြည့်လိုက်သည်။မြင်ရတဲ့ပုဂ္ဂိုလ်မှာ
မျက်နှာမှအစင်းကြောင်းကြီးရှိသည်။
ထိုအစင်းကြောင်းကြားမှသွေးတွေကလဲ
ရေတံခါးဖွင့်ချသလို ဒလဟော စီးနေသည်။သားရည်မှာလည်း
မီးသင်္ဂြိုဟ်စက်ထဲက ထွက်လာသည့်အတိုင်း
ညိုညစ်မည်းတူးစွာရှိသည်။အူတွေလဲ
အပြွတ်လိုက် ဗိုက်ဖောက်ထွက်နေပြီ။
လက်သည်းတွေကလဲ အဆမတန်ရှည်လျားသည့်ကို
ထဆင်ထူးတွေ့ရသည်။တွေ့ရသည့်မြင်ကွင်းထဲ
ကိုအေးချမ်းမှာလိုက်တယ်စကားကို
အမှတ်မထင်ထဆင်ထူးသတိရသွားသည
တစ္ဆေတွေ့ရင်မကြောက်ရဘူးဆိုတာကို့
သတိပြုမိ၍

ကျုပ်ကို မေးရအောင် ခင်ဗျားကဘယ်သူလဲ

ငါက ဒီသုဿန်မှနေတဲ့ တစ္ဆေတစ်ကောင်ပဲ

မယုံပါဘူး တစ္ဆေက
အကောင်ပြောင်းတဲ့ကျုပ်ကြားဖူးတဲ့
ခင်ဗျာလာမရွှီးနှယ့်

မင်းမယုံရင် ငါပြမယ်

ထိုတစ္ဆေကတင်္ဂဏတွင်း ပုဇွန်လုံးသဏ္ဌာန်ပြောင်းလဲသွားသည်။
ထဆင်ထူးလည်း အလစ်အငိုက်ပဲ
ထိုတစ္ဆေပုဇွန်လုံးကို ဖနောင့်နဲ့တူချေဖို့လုပ်သည်
သတိကောင်းသောတစ္ဆေက ထပ်မှန်၍
မြေကြွက်ကြီးသဏ္ဌာန်ဟန်ပြုပြန်သည်။
ဒီတစ်ချီတော့ထဆင်ထူးမြေကြွက်တစ္ဆေကို
အလွတ်မပေးပဲ
ခြေဖနောင့်နဲ့အသာကုန်သမလိုက်သည်။
ထိုနောက် ထဆင်ထူးမြေကြွက်နှစ်ကောင်ကိုကိုင်ပြီ
မအိကော်အတွက် အိမ်ပြန်မျက်နှာပန်းလှခဲ့သည်။
ပြီပါပြီ့
 — အမိုက် ကလေး တို့နှင့်အတူ

No comments:

Post a Comment