***ကျောက်ဆင်ချောင်းထဲကငိုညည်းသံ***
ဒါကတော့တစ်ကယ့်ဖြစ်ရပ်မှန်ကြီးဗျ။ကျနော်တို့ရွာရဲ့အရှေ့တည့်တည့်မှာတောင်ကျချောင်းတစ်ခုရှိတယ်။အဲ့ချောင်းကမြစ်သာမြစ်
ထဲကိုစီးဝင်တာ။မိုးတွင်းများဆိုရင်မိုးရွာပြီးနာရီဝက်ကြာတာနဲ့
စပြီ။ရေစီးသိပ်ကြမ်းတာ။ကြမ်းဆိုတောင်အထပ်ထပ်ကဆင်းလာ
တဲ့ရေတွေလေဗျာ။ဆိုရိုးကတော့ဆင်တောင်လိမ့်ပြီးပါတယ်ဆိုပဲ။
ဆင်လိမ့်တာတော့ကျနော်လည်းမမြင်ဖူးသေးဘူး အဲ့ နွားလိမ့်
ပါတာတော့မြင်ဖူးပြီးပြီဗျ။တကယ်ကြမ်းတဲ့ရေပဲ။ရွာအရှေ့ကစီးနေတဲ့မြစ်သာမြစ်ထဲဝင်ပေါင်းသွားတဲ့ချောင်းကြီးပေါ့ဗျာ။နွေဆိုရင်တော့ရေမရှိပါဘူး။ ကျနော်ပြောပြချင်တဲ့ဇာတ်လမ်းကအဲ့တောင်
ကျချောင်းကြီးကစတာဗျ။နာမည်လေးလည်းမှတ်ထားကြဦး။
ကျောက်ဆင်ချောင်းတဲ့။
တစ်ညတော့ဗျာ။ဟော ညဆိုတာနဲ့သိတယ်မလား။မမြင်အပ်တဲ့
သတ္တဝါတွေကျက်စားတဲ့အချိန် လှုပ်ရှားကြတဲ့အချိန်ဆိုတော့
ဇာတ်လမ်းရဲ့အစဆိုတာရိပ်မိကြမှာပါ။စပြီဗျာ
အဲ့ကျောက်ဆင်ချောင်းဆီကငိုသံကြားရတယ်။ရွာရှေ့ကမ်းပါးထိပ်
ကအိမ်တွေပဲကြားရတာပါ။ကျနော်တို့ကရွာအလယ်မှာဆိုတော့ဘယ်ကြားရမတုန်း။ငိုသံလည်းကြားရော ဘိုးအေဘွားအေ
ကြီးတွေဘုရားးတကုန်ကြတာပေါ့။
" ဘုရားဘုရား ဘာတွေများဖြစ်ဦးမှာလည်း"ဘာညာပေါ့ဗျာ။
အဲ့ နောက်နေ့မနက်တော့ရွာထဲသတင်းပြန့်သွားတယ်။သူသူ
ကိုယ်ကိုယ်ထင်ရာပြော ပြီးတာနဲ့ ဖွဟဲ့ လွဲပါစေပယ်ပါစေ ဆိုပြီး
မန်းမှုတ်လိုက်ကြသေးတယ်။ဒါကတော့ရွာဓလေ့ကိုဗျ။ဆိုလိုရင်းကတော့မဖြစ်ပါစေနဲ့လို့ဆုတောင်းကြတာပါ။
ဖြစ်ချိန်တန်လါလျှင်မည်မျှဆုတေါင်းပါစေတားဆီးပါစေဖြစ်မြဲသဘာဝမဟုတ်ပါလား။
ဒါပေမယ့်ဖြစ်မယ်လို့ဘသူမှဒိဋ္ဌမပြောနိုင်သလိုမဖြစ်ဘူးလို့လည်း
ဘသူမှမပြောနိုင်လေတော့အမှုမဲ့အမှတ်မဲ့ပဲဒီအကြောင်းကို
ခေါင်းထဲကထုတ် တောင်ယာလုပ်ငန်းအတွက်စိုင်းပြင်းကြရတော့
သည်။နေ့ခင်းအချိန်ထိဘာမှမထူးခြားသေး။တောင်ပေါ်ဝါးခုတ်တက်သူတွေပင်ပြန်လာကြပေပြီ။ညနေ တောက်ပသောနေရောင်တို့ညှိုးမှိန်စပြုလေပြီ။ လောကီမင်္ဂလာအရဆိုလျှင်ကံကျချိန်။
အရှေ့တောင်ရိုးဆီမှကျောက်မိုင်းခွဲသံတစ်ခုဝုန်းခနဲထွက်လာတယ်။သို့သော် ဝုန်းဆိုသောအသံတစ်ခုနှင့်မပြီး နောက်မှလိမ့်ကျသံအရှည်ကြီးဆွဲထွက်ပါလာသေးရဲ့။
အဲ့အသံကြားတော့ရွာထိပ်ကလူတစ်ယောက်ကမြစ်တံတားကနေ
ဖြတ်ပြီးအဲ့ဆီကိုပြေးတယ်ဗျ။သူကတကယ်တော့သစ်ပင်လဲသံထင်ပြီးပြေးတာတဲဗျို့။သူ့ပုခုံးပေါ်မှာလည်းသစ်ခုတ်တဲ့ခွန်ကြီးထမ်းပြီးတော့ပေါ့ဗျာ။ခဏကြာတော့သူရွာဆီပြန်ပြေးလာပြီး
ပြောတယ်။ ကားမှောက်တာတဲ့။ ရွာထဲကလူကြီးတော်တော်များ
များကူညီဖို့ပြေးလိုက်သွားကြရတယ်။ညနေမှောင်ခါနီးတော့မှ
်လူလတ်ပိုင်းစပ်စုအဖွဲ့တွေသွားကြည့်ကြတယ်။အဲ့ထဲမှာကျနော်လဲ
ပါတာပေါ့။ဟိုရောက်တော့လူအုပ်ကြီးမှမနည်းမနောပဲ။ဟိုဘက်ရွာကတွေရောလာကြည့်ကြတာကိုး။လူအုပ်အလယ်မှာမှရဲတွေက
ကြိုးတန်းတွေဝိုင်းထားတဲ့အလောင်းနှစ်လောင်း။တစ်လောင်းက
ထုတ်ရတုန်းဗျ။မှောက်တဲ့ကားကြီးကအကြီးကြီးပဲဗျ။တောင်ခုလတ်လမ်းကနေလိမ့်ကျတာဆိုတော့ဘယ်ရှင်လိမ့်မတုန်းဗျာ။
ကားဘေးမှာလည်းကားပေါ်ကိုခိုးတင်လာတဲ့သစ်လုံးခြမ်းသုံးခု
ချထားတယ်။ဘယ်ဗျာ သေတဲ့လူတွေပက်ပက်စက်စက်ကိုစုတ်ပြတ်နေတာပဲ။ ကားဆရာကအဲ့ထဲမှာအဆုံးဆုံးပဲ။ကားမှန်ကကွဲ
ထွက်လာပြီးဓားတစ်ချောင်းလိုနားထင်ကိုဟိုဘက်ဒီဘက်ပေါက်
နေတယ်။ အဲ့မှာထူးခြားတာကကားနောက်မှာစီးလိုက်လာတဲ့
ဗိုက်ကြီးသည်ကမသေဘူးဗျ။သူကလွင့်ကျနေခဲ့တာကိုး။သူ့ကိုဆေးရုံပို့ပေးဖို့ရဲတွေပဲတာဝန်ယူပြီးစီစဉ်နေကြလေရဲ့။
ကျနော်တို့လည်းထပ်မကြည့်ရဲလို့ပြန်လာခဲ့ကြရတယ်။ရွာအရှေ့ပိုင်းကညကငိုသံနဲ့အခုဆက်စပ်ပြီးပြောမဆုံးပေါင်ကြီးကို
ဖြစ်နေကြရော။သူတို့တင်လားဆိုမဟုတ်ဘူး။တရွာလုံးနီးနီးပေါ့ဗျာ။ကျနော်ဆိုအဲ့ညကကြောက်လိုက်တာမှလွန်ရော။

မနက်ရောက်တော့သတင်းတစ်ခုထပ်ကြားရပြန်တယ်။
စခန်းမှုးကမှုခင်းနေရာမှာမိုးချုပ်သွားလို့ဟိုဘက်ရွာကသူ့အမျိုးအိမ်
မှာသွားအိပ်ရတယ်။ည(၁၂)လောက်ရောက်မှစခန်းကအရေးကြီး
ကိစ္စပေါ်လို့ပြန်ဖို့လုပ်ရတာပေါ့။သူ့အမျိုးတွေကတားပေမယ့်မရဘူး
ဆိုင်ကယ်စီးပြီးတစ်ယောက်တည်းပြန်သွားတယ်။
မကြာပါဘူး စခန်းမှုးအကြောက်လွန်ပြီးပြန်ပြေးလာလိုက်တာ
အူယားဖားယားဆိုပဲ။ဆားရည်တွေတိုက်လိုက်မှသတိကောင်း
ကောင်းလည်လာပြီးပြောတာပေါ့။သူပြန်တဲ့လမ်းကကားမှောက်
ထားနေရာကဖြတ်သွားရတာကိုး။အဲ့နေရာလည်းရောက်ရော
သူ့တို့ကိုကယ်ပါဆိုပြီးအတင်းလိုက်ဆွဲလို့မနည်းပြေးခဲ့ရတယ်ဆိုပဲ။
အဲ့နေရာမှာကျနော်သာဆိုသေချာတယ်။လေးလောင်းဖြစ်သွားဖို့လေ။ခင်ဗျားတို့ဆိုရင်ရောဘလိုထင်လည်း။

#လွမ်းမြေ့ရှင်
သည်းခံပြီးဖတ်ပေးရမှာပေါ့ဗျာ။
No comments:
Post a Comment