Monday, June 5, 2017

AYA Bank Mobile Banking စနစ်ဖြင့် ငွေလွှဲပုံအဆင့်ဆင့်

AYA Bank mBanking System

How to transfer money to MyanPay account.

အဆင့်(၁)။ ။ လူကြီးမင်း ၏ AYA Bank Mobile Application ကိုဖွင့်ပါ။
aya_mb1
အဆင့်(၂)။ ။ လူကြီးမင်း၏ Account ထဲသို့ Username, Password ဖြင့် Login ဝင်ပါ။
aya_mb2
အဆင့်(၃)။ ။ ထို့နောက် AYA Bank ၏ Main Screen ကို တွေ့မြင်ရပါလိမ့်မည်။ လူကြီးမင်း၏ Bank Account အချက်အလက်များကို တွေ့မြင်နိုင်ရန်အတွက် “Account Information” အတွင်းသို့ Login ၀င်ရောက်ပါ။
aya_mb3
အဆင့်(၄)။ ။ လူကြီးမင်း၏ Bank Account အချက်အလက်များကို အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
aya_mb4
အဆင့်(၅)။ ။ MyanPay အတွင်းသို့ ငွေလွှဲပို့ရန်အတွက် “Transfer” အား နှိပ်ပေးပါ။ အောက်ပါတိုင်း တွေ့မြင်ရပါလိမ့်မည်။
aya_mb5
အဆင့်(၆)။ ။ လူကြီးမင်း၏ AYA Bank Account ကို ရွေးချယ်ရန်အတွက် From Account: (*) တွင် ရွေးချယ်ပေးပါ။
အဆင့်(၇)။ ။ MyanPay အတွင်းသို့ ငွေလွှဲပို့ရန်အတွက် MyanPay Bank Account – 0031103010004032 ကို To Account: (*) တွင် ရွေးချယ်၍ အောက်ပါအတိုင်း ရိုက်သွင်းပေးပါ။
aya_mb7
အဆင့်(၈)။ ။ ထို့ နောက် လူကြီးမင်း လွှဲချင်သည့် ငွေပမာဏကို Amount: (*) နေရာတွင်ရိုက်ထည့်ပြီး Message နေရာတွင် လူကြီးမင်း၏ Unique Reference ID ကိုထည့်သွင်းပေးပါ။
*Note:: ဤအဆင့်သည် အလွန်အရေးကြီးသည့်အတွက် လူကြီးမင်းအနေဖြင့် Unique Reference ID ကို ထည့်သွင်းပေးရန် မမေ့ပါနှင့်။
*Note: အကယ်၍ လူကြီးမင်းအနေဖြင့် Unique Reference ID ထည့်သွင်းပုံကို မသိရှိပါက ဤနေရာတွင် Click နှိပ်ပါ။
aya_mb8
အဆင့်(၉)။ ။ ထို့နောက် နောက်တဆင့်သွားရန်အတွက် “NEXT” Button အား နှိပ်ပေးပါ။ ယခုအဆင့်တွင် အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ ဖြည့်သွင်းသော အချက်အလက်များ မှန်ကန်မှု ရှိစေရန် ပြန်လည်စစ်ဆေးပေးပါ။
aya_mb9
အဆင့်(၁၀) ။ ထို့နောက် Confirm ပြုလုပ်ရန်အတွက် “NEXT” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
aya_mb10
အဆင့် (၁၁)။ OTP Device ရှိပါက OTPToken ဖြင့် Confirm ပြုလုပ်ပေးပါ။ Mobile SMS ဖြင့် Confirm ပြုလုပ်လိုပါက SMSOTP ကို ရွေးချယ်ပေးပါ။
ထို့နောက် အောက်ပါတိုင်း Confirmation Code အား ထည့်သွင်းပေးပါ။
aya_mb11
အဆင့်(၁၂)။ ။ ယခုအခါတွင် MyanPay Account ထဲသို့ AYA Bank မှတဆင့့် လူကြီးမင်း၏ ငွေလွှဲခြင်း အောင်မြင်သွားပြီဖြစ်ပါသည်။
aya_mb12
– ကျွန်ုပ်တို့  Operation Team မှ လူကြီးမင်း၏ လုပ်ဆောင်ချက်နှင့် ငွေပမာဏ ကို အတည်ပြုပေးပြီးပါက လူကြီးမင်း၏ MyanPay အကောင့်ထဲသို့ ငွေထည့်သွင်းပေးပြီးကြောင်း Email နှင့် SMS ကိုရရှိမည်ဖြစ်ပါသည်။
*Note:: လူကြီးမင်းအနေဖြင့် AYA iBanking မှ ငွေလွှဲသည့်အဆင့်ကို လုပ်ဆောင်ပြီးပါက ကြာချိန် (၂နာရီ မှ ၂၄နာရီအတွင်း) ကျွန်ုပ်တို့၏ Operation Team မှ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

How to check your Unique Reference ID

– လူကြီးမင်း MyanPay Account ၏ သီးခြားဖြစ်သော ကိုယ်ပိုင် Unique Reference ID သည် AYA Bank Mobile Banking စနစ်မှ ငွေထည့်သွင်းရာတွင် လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရန်အတွက် အရေးကြီးသော Unique Transaction Reference နံပါတ် ဖြစ်ပါသည်။
– ထို့အတွက်ကြောင့် AYA Bank Mobile Banking စနစ်မှတဆင့် ငွေဖြည့်သွင်းရာတွင် Unique Reference ID အား မမေ့မလျော့ ထည့်သွင်းပေးရန် လိုအပ်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
အဆင့်(၁)။ ။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login
အဆင့်(၂)။ ။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step2
အဆင့်(၃)။ ။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From Mobile Banking’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
step3
အဆင့်(၄)။ ။ ပထမဦးစွာ လူကြီးမင်း၏ Bank Account အား ရွေးချယ်ပေးပါ။ ထို့နောက် လူကြီးမင်းဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်းပေးပါ။
*Note: လူကြီးမင်း၏ Bank Account မထည့်သွင်းရသေးပါက “Add your Bank Account Information” Link မှတဆင့် ဖြည့်သွင်းနိုင်ပါသည်။
step2
အဆင့်(၅)။ ။ နောက်တဆင့်သွားရန်အတွက် “Continues” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step3
အဆင့်(၆)။ ။ ထို့နောက် “Add Fund” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း “MP” ဖြင့် စသော လူကြီးမင်း၏ Unique Reference ID အား တွေ့မြင်ရပါလိမ့်မည်။
အဆင့်(၇)။ ။ ထို Unique Reference ID အား AYA Bank Mobile Banking စနစ်မှတဆင့် ငွေဖြည့်သွင်းမှုတိုင်းတွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။
step4

No comments:

Post a Comment