Add Funds from MPU Card
MPU Card မှတဆင့် ငွေဖြည့်သွင်းခြင်း။
- လူကြီးမင်း၏ MPU Card မှ တဆင့် MyanPay Account အတွင်းသို့ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။
- ထိုသို့ အသုံးပြုနိုင်ရန်အတွက် လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား ဖွင့်လှစ်ထားရန် လိုပါသည်။
- လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား မဖွင့်ရသေးပါက လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဖွင့်လှစ်နိုင်ပါသည်။
- လူကြီးမင်း၏ MPU Card သည် E-commerce စနစ် ဖွင့်လှစ်ပြီး ဖြစ်ပါက MyanPay တွင် အသုံးပြုနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၃။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From MPU Card’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
၅။ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
၆။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ အောက်ပါအတိုင်း ရောက်ရှိသွားပါလိမ့်မည်။
၇။ MPU Payment Page တွင် လူကြီးမင်း၏ MPU Card နံပါတ်၊ Expire Date တို့အား ထည့်သွင်း၍ ‘Get OTP’ အား နှိပ်ပေးပါ။
၈။ ထို့နောက် လူကြီးမင်း၏ MPU E-commerce အတွက် စာရင်းပေးသွင်းထားသော Email သို့ One Time Password (OTP) ရောက်ရှိလာပါလိမ့်မည်။
၁ဝ။ MPU Payment စနစ်မှ ငွေဖြည့်သွင်းမှု အောင်မြင်ပြီးစီးပါက Status တွင် ‘Approved’ ဟု ဖော်ပြပါလိမ့်မည်။ ထို့နောက် ‘CONTINUE’ Button အား နှိပ်ပေးပါ။
၁၁။ MyanPay Website သို့ ပြန်လည်ရောက်ရှိသွားပြီး အောက်ပါအတိုင်း လူကြီးမင်း ထည့်သွင်းလိုက်သော ငွေပမာဏသည် လူကြီးမင်း၏ MyanPay Balance ထဲသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်ပါသည်။
MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား လျှောက်ထားခြင်း
- လူကြီးမင်းတို့၏ MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား ကြိုတင်လျှောက်ထားရန်လိုအပ်ပါ
သည်။ - ထိုသို့ လျှောက်ထားရန်အတွက် လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါသည်။
- လူကြီးမင်းအနေဖြင့် ဘဏ်သို့ ကိုယ်တိုင်သွားရောက်၍ မဆောင်ရွက်လိုပါက Online ပေါ်မှ တစ်ဆင့် MPU E-commerce စနစ်အသုံးပြုခွင့်အား အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account မှ ‘Add Funds From MPU Card’ ကိုရွေးချယ်ပေးပါ။
၃။ ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
၎။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ ရောက်ရှိသွားပါလိမ့်မည်။
၆။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား ဖွင့်လှစ်ပြီး ဖြစ်ပါက Card Number ဘေးတွင် အစိမ်းရောင် အမှန်ခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
၇။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား မဖွင့်ရသေးပါက Card Number ဘေးတွင် အနီရောင် အမှားခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
၈။ ထိုအဆင့်တွင် အနီရောင် အမှားခြစ်ဘေးရှိ Question Mark (?) အား နှိပ်ပေးပါ။ ‘Register Now’ ဟူ၍ ပေါ်လာပါလိမ့်မည်။
၉။ ထို့နောက် မိမိ၏ အမည်၊ Email လိပ်စာ၊ မှတ်ပုံတင် စသည့်အချက်အလက်များအား ဖြည့်သွင်း၍ MPU E-commerce အား လျှောက်ထားပေးပါ။
၁၀။ Online မှ လျှောက်ထားပြီး ၃ ရက်အကြာတွင် မိမိ၏ MPU Card အား www.myanpay.com.com တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Email ဖြင့် MPU မှ အကြောင်းကြားပေးပါလိမ့်မည်။
No comments:
Post a Comment