Monday, June 5, 2017

သေရွာပြန်

သရဲစာအုပ် ၏ ဓာတ်ပုံ#lin_သေရွာပြန်_part_1

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

''ဇူ ဇူးရေ ၄နာရီထိုးခါနီးပြီ ပစ္စည်းတွေအကုန်ထည့်ပြီးပြီလား''

''ထည့်ပြီးပြီ အန်တီ မနေ့ညကတည်းကထည့်ထားတာ ''

''အေးအေး အစုံပါရင်ပြီးတာပါပဲ သမီးတယောက်ထဲပြန်လွှတ်လိုက်ရမှာစိတ်မချဘူး နင့်အမေတော့ငါ့ အပြစ်ပြောတော့မှာပဲ ခေါ်တုန်းကလာခေါ်ပြီးပြန်လွှတ်တော့ ကလေးတယောက်ထဲဆိုပီး''

''မပြောပါဘူးအန်တီရယ် အမေ့ကိုမအားလို့ဆိုတာသေချာပြောပြလိုက်ပါ့မယ် ပြီးတော့သမီးကလေးလဲမဟုတ်တော့ဘူး ၁၈ နှစ်ရှိပြီ ''

''ဟုတ်ပါပြီ အပျိုကြီးရယ် ငါ့တူမသူများဆွဲမှာစိုးလို့ ဘေးထိုင်ခုံမှာ အမျိုးသမီးပါတာသေချာဖြတ်ပေးထားပါတယ် ''

''ဟုတ်ကဲ့အန်တီ ဟော ဟိုကားမလား မထွက်သေးပါဘူး ''

''အေး ဂရုစိုက်နော်သမီး ''

နွေရာသီကျောင်းပိတ်ရက်မှာ ကျွန်မအဒေါ်ရှိရာ ရန်ကုန်သို့အလည်ထွက်လာတာပါ အပြန်တော့အန်တီက အလုပ်များပြီးပြန်မပို့နိုင်လို့ ကားပေါ်ရောက်တဲ့အထိတဖွဖွပြောတုန်း ၄ နာရီထိုးပြီ အဝေးပြေးကားကြီးကွင်းမှ ကျွန်မစီးလာတဲ့ကား တလှိမ့်လှိမ့်နဲ့ စထွက်ပါပြီ

ကျွန်မက ကားအရမ်းမူးတတ်ပါတယ် ကားမူးပေါက်ဆေးသောက်ထားတဲ့အရှိန်ကြောင့်အိပ်ပျော်သွားပါတယ် တရေးမှကိုမနိုးတာပါ စိတ်ထဲမှာတော့ နည်းနည်းအေးလာတာကိုသတိထားမိပါတယ်

''ကျွှီ ::::::::::::::::::::::''

ကားဘရိတ်အုပ်သံကြားတော့ မျက်စိကိုဖြေးဖြေးခြင်းဖွင့်ကြည့်လိုက်ပါတယ် ကျွန်မအရမ်းကိုလန့်သွားပါတယ် ဘာလို့လဲဆိုတော့ ကားကတစောင်းကြီးဖြစ်နေလို့ပါ ကျွန်မစီးလာတာ ၃ /၄ ခုံတန်းမှာဆိုတော့ရှေ့ဆုံးကပါ ကျွန်မလည်းမျက်စိဖွင့်ဖွင့်ချင်း ကားကဘေးစောင်းကြီးဖြစ်နေတော့အရမ်းလန့်သွားပါတယ် ကားမှန်ဘက်မှာ မှီပြီးအိပ်နေတာဆိုတော့ ကျွန်မဘေးကအဒေါ်ကြီးကကျွန်မကို ပိနေပါတယ် ကားကတော်တော်ကြီးကိုစောင်းနေတာပါ

ကျွန်မလည်းလန့်ပြီးအဒေါ်ကြီးလက်ကို အတင်းညှစ်ထားမိတယ် အဲ့ဒီအဒေါ်ကြီးလည်းနိုးလာပြီး ကျွန်မလိုပဲလန်ပြီးဟိုကြည့်သည်ကြည့်ကြည့်နေတယ် ကားက ဟိုင်းဝေးလမ်းမကြီးပေါ်ရောက်နေပြီ ကားတစီးလုံးလည်းအိပ်မောကျလို့ ကားသမားက အိပ်ငိုက်ပြီး လမ်းလယ်က ကျွန်းမျောကြီးကို တိုက်မိမလိုဖြစ်တာနဲ့တူပါတယ် ကားပေါ်မှာအိပ်ရာနိုးနေတာကျွန်မတို့နှစ်ယောက်ထဲ

တကျွှီ ကျွှီ နဲ့ တဖက်ခြမ်းကြီးယိမ်းအပြီးမှာတော့ ကားလမ်းပေါ်ပြန်တည့်သွားပါတယ် အဲ့ဒီတော့မှ ကျွန်မဘေးကအဒေါ်ကြီးလဲ

''ဟဲ့ကားဆရာသတိ ဝရိယလေးနဲ့ မောင်းအကုန်လုံးမသာပေါ်ကုန်တော့မှာပဲ တကတည်းတော်''

အဒေါ်ကြီးရဲ့အသံကတော်တော်ကျယ်ပေမယ့် ဘယ်သူမှမနိုးပါဘူး ကားဆရာလဲ တောင်းတောင်းပန်ပန်နဲ့ပဲ

''တောင်းပန်ပါတယ်အဒေါ်ရယ် ကျွန်တော်သတိတချက်လွတ်သွားလို့ပါ ''

''အေးမလွတ်စေနဲ့ မင်းသတိတချက်လွတ်တာနဲ့ သေမယ့်လူ အသက်တွေမနည်းဘူး ကောင်လေး''

''ဟုတ် ဟုတ် ကျွန်တော်သတိထားမောင်းပါ့မယ်''

''သမီးအဆင်ပြေလား''

''နှလုံးရောဂါရတော့မယ်အဒေါ်ရယ် သေပြီတောင်ထင်တာ''

''ငါလည်းဘာထူးတုန်း သွေးတောင်ဆောင့်တက်တယ်''

''အေးအေး ဘာမှမဖြစ်လောက်တော့ပါဘူး သူလည်းလန့်ပြီးမျက်လုံးကျယ်နေလောက်ပါပြီ ''

ကျွန်မကတော့ ရင်တွေတဒုန်းဒုန်းခုန်နေပေမယ့် ဆေးကအရမ်းပြင်းတော့မျက်လုံးကပြန်စင်းလာပါပြီ ဘယ်လိုမှ တင်းမထားနိုင်ဘဲ ပြန်အိပ်ပျော်သွားပါတယ်

''အားးးးးးးးးးးးးအမလေး လုပ်ကြပါအုံးးးးးးးး''

အချိန်ဘယ်လောက်ကြာသွားလဲတော့မသိဘူး ဘေးကအဒေါ်ကြီးအော်သံကြားမှနိုးလာတော့တယ် ကျွန်မမျက်စိရှေ့မှာ အလင်းရောင်တန်းကြီးတခုတွေ့ပြီး နာနာကျင်ကျင်ဝေဒနာတခု ခံစားလိုက်ပြီး မှောင်ခနဲဖြစ်သွားတယ်

''ဝီ ဝီ ဝီ ဝီ ''

ဆူညံဆူညံ သံတွေကြောင့်ကျွန်မသတိပြန်ရလာခဲ့တယ် ကျွန်မ ကမြေပြင်ပေါ်မှာ ပက်လက်လန်လဲကျနေတယ် ခေါင်းလည်းစောင်းလို့မရ ဘူး တလောကလုံးလဲမှောင်မည်းလို့ ဟိုဟိုဒီဒီ တတ်နိုင်သလောက် လှည့်ကြည့်လိုက်တယ် ကျွန်မဘေးမှာထိုင်တဲ့အဒေါ်ကြီးကတော့ တော်တော်ဝေးဝေးမှာ သွေးအလိမ်းလိမ်းနဲ့မှောက်လျက်ကြီးပေါ့

ဘေးဘီဝဲယာမှာလဲ လူနာတင်ယာဉ်တွေရော လူတွေရောအများကြီးပဲ

ကျွန်မလည်းမထနိုင်ဘူးထင်ပြီးကုန်းရုံး ထလိုက်တယ် တကိုယ်လုံးနာကျင်နေပေမယ့် ထထိုင်လိုက်တော့အရမ်းကိုပေါ့ပါးလိုက်တာ ကျွန်မလက်ထဲကိုကြည့်တော့ အိတ် ကျွန်မအိတ်မရှိတော့ဘူး မှတ်ပုံတင်တွေအရေးကြီးပစ္စည်းတွေ ထည့်ထားတာ ထိုင်နေရင်းနဲ့ နည်းနည်းမျက်စိကစားလိုက်တော့ ကျွန်မရဲ့ခြေရင်းဘက်တော်တော်ဝေးဝေးမှာ အိတ်ကိုတွေ့နေရပါတယ်

ကျွန်မလည်းထသွားပြီး အိတ်ကိုပြေးကောက်လိုက်တယ်

ဟင်

အိတ်ကိုဘယ်လိုပဲကောက်ကောက် လက်နဲ့လုံးဝ မထိပါဘူး ခေါင်းများမူးနေတာလား ဘယ်လိုဖြစ်တာလဲတော့မသိ ကျွန်မလည်းမရနိုင်တော့တာကြောင့်မြေကြီးပေါ်ထိုင်ချလိုက်ပါတယ် မြေကြီးပေါ်ကျနေတဲ့အိတ်ကို ကြိုးစားပြီးကောက်ကြည့်လိုက်ပါတယ် ရှေ့နားတင်ရှိနေတာကိုလုံးဝကောက်လို့မရပါဘူး

''ဒီမှာတယောက်အသက်ရှိသေးတယ်ဟေ့ ''

အသံကြားရာဘက်ကိုလှည့်ကြည့်လိုက်တော့ အရမ်းကို လန့်သွားပါတယ် ကြက်ခြေနီဝန်ထမ်းတချို့ထမ်းစင်ပေါ်တင်နေတဲ့လူဟာ ကျွန်မဖြစ်နေလို့ပါပဲ ကျွန်မအရမ်းကိုအံ့သြသွားပါတယ် သေသွားတာတော့မဟုတ်ဘူးဆိုတာသိနေပါတယ် ခုနကလူကအသက်ရှိသေးတယ်လို့ပြောသွားတာပဲလေ သူတို့ကျွန်မကို ထမ်းစဉ်နဲ့သယ်ပြီးအနီးအနားက လူနာတင်ယာဉ်ဆီကိုသွားနေပါတယ

ကျွန်မလဲကမန်းကတမ်းထပြီး သူတို့သွားရာနောက်ကိုအပြေးလိုက်သွားပါတယ် ကျွန်မလည်းသူတို့တံခါးမပိတ်ခင် ကားထဲကိုအမြန်ဝင်လိုက်ပါတယ် ကားထဲမှာတော့ ဆရာဝန်လားဘာလား လူတယောက်က နားကြပ်နဲ့စမ်းသပ်နေပါတယ် ခုတင်ပေါ်မှာလှဲနေတဲ့ကျွန်မကိုယ်ကျွန်မပြန်မြင်ရတာ အရမ်းကိုထိတ်လန့်စရာကောင်းပါတယ်

သူကျွန်မရင်ဘက်ကိုဖိပြီး အသက်ပြန်ရှုအောင်လုပ်ပေးနေပါတယ် သုံးလေးးချက်ဖိလိုက် ရပ်လိုက်ဖိလိုက်နဲ့ သူလည်းတော်တော်ကိုမောနေပါတယ် ကျွန်မလည်း စိတ်တွေအရမ်းပူပြီး ကျွန်မလက်ကိုကျွန်မကိုင်လိုက်ပါတယ် ထူးဆန်းတယ်ရှင့် ခုနက လွယ်အိတ်ကိုထိလို့တောင်မရပေမယ့် ကျွန်မလက်ကိုတော့ကျွန်မကိုင်လို့ရပါတယ်

နွေးနွေးလေးဖြစ်နေတာတောင်ခံစားလို့ရပါသေးတယ် ကျွန်မလည်း ဆရာဝန်ဘေးနားမှာရှိတဲ့ ကြက်ခြေနီ အကိုရဲ့လက်မောင်းကိုလှမ်းထိလိုက်ပါတယ် ဒါပေမယ့် ထိလို့မရပါဘူး ကိုင်လို့လဲမရဘူးလေကိုပဲထိလိုက်ကိုင်လိုက် ဖျစ်ကြည့်လိုက်ဖြစ်နေပါတယ် ကျွန်မကတော့ ကျွန်မကဝိညာဉ်မဟုတ်ဘဲ သူတို့ကသာဝိညာဉ်တွေလိုပါပဲ မြင်နေရပေမယ့် ထိလို့ကိုမရတာ တချက်ကျွန်မရဲ့အိတ်ကိုသွားသတိရမိလိုက်တော

မျက်စိထဲ ပြာခနဲဖြစ်သွားပြီး မျက်စိဖွင့်ကြည့်လိုက်တော့ ခုနက ကျွန်မတို့ကားမှောက်တဲ့ နေရာမှာပြန်ရောက်နေပါတယ် ဘယ်လိုဖြစ်မှန်းကိုမသိတော့ဘူး ဘာလုပ်ရမှန်းလည်းမသိတော့ဘူး

ခပ်လှမ်းလှမ်းမှာ ကျွန်မဘေးကထိုင်တဲ့အဒေါ်ကြီးကို လူနာတင်ယာဉ်ပေါ်တင်နေတာတွေ့လိုက်ရတယ် ကျွန်မလည်းလူနာတင်ယာဉ်ဆီအပြေးကိုလိုက်သွားလိုက်တယ် တံခါးပိတ်ခါနီး ကားပေါ်ပြေးတက်လိုက်တယ် အဒေါ်ကြီးကတော့သွေးအလိမ်းလိမ်းနဲ့  လက်မောင်းမှာလည်းသွေးတွေနဲ့ ကောင်မလေးတယောက်က ပတ်တီးစကြီးနဲ့သွေးတွေကိုဖိအုပ်ပေးနေတယ်

ကျွန်မလည်းဘေးကထိုင်ကြည့်နေရင်း အဒေါ်ကြီးရဲ့လက်ကို လှမ်းကိုင်လိုက်တယ် ထိလို့မရဘူး ခံစားလို့လဲမရပါဘူး ဒါပေမယ့်ကျွန်မကိုင်ထားတယ် ခဏကြာတော့ ကျွန်မကိုင်ထားတဲ့လက်က အေးစက်လာတာကိုသတိထားမိလိုက်တယ် ဘေးနားကစမ်းသပ်နေတဲ့လူက တခြားတယောက်ကိုကြည့်ပြီးခေါင်းခါပြတာတွေ့လိုက်ရတယ်

ပြီးတော့စာအုပ်တအုပ်ယူပြီးဘေးကလူကိုပြောတယ် သေဆုံးချိန် 3 နာရီ 10 မိနစ်တဲ့ ကျွန်မဟိုဟိုဒီဒီကြည့်ပေမယ့် အဒေါ်ကြီးရဲ့ဝိညာဉ်ကိုမတွေ့ပါဘူး ကျွန်မကြည့်နေတုန်းမှာပဲ ရင်ဘက်မှာပူခနဲ ခံစားလိုက်ရပြီး မျက်စိထဲမှာအမှောင်ထုပဲတွေ့ရတော့တယ်

-------------------------------

အချိန်ကာလဘယ်လောက်ကြာသွားလဲမသိပါ ကျွန်မလက်ကနာရီလည်းကားမှောက်ကတည်းကမရှိတော့တာဖြစ်မည် သတိရလာတော့မှောင်မည်းနေတဲ့အခန်းတခုထဲမှာ ရောက်နေတာပါ ဟိုးးးခပ်လှမ်းလှမ်းမှာတော့ အလင်းရောင်တခုကို လှမ်းမြင်နေရတယ် ကျွန်မလည်းအဲ့ဒီ့အလင်းရောင်ရှိတဲ့ဆီကိုထသွားလိုက်တယ် တဖြည်းဖြည်းနီးလာတော့ တံခါးပေါက်တခုဆိုတာသိလိုက်ရတယ်

ကျွန်မတံခါးပေါက်ကနေထွက်လာတော့ လူတွေရှုပ်ရှုပ်ခက်နေတဲ့အဆောက်အဦးတခုထဲကိုရောက်နေတယ် ပတ်ဝန်းကျင်အခြေအနေကိုလေ့လာလိုက်တော့ ဆေးရုံဖြစ်လောက်တယ် ကျွန်မကြည့်နေတုန်းမှာပဲ ဂျုတီကုတ်နဲ့လူတယောက် ကျွန်မဘက်ကိုလာနေတာတွေ့လိုက်ရတယ် သူကအရမ်းမြန်မြန်ကြီးလျှောက်လာတော့ ကျွန်မရှောင်ဖို့အချိန်မမှီလိုက်ပါဘူး မျက်စိကိုစုံမှိတ်လိုက်ပါတယ် တိုက်မိပြီဆိုပြီး ဒါပေမယ့်မတိုက်မိပါဘူး ကျွန်မကဝိညာဉ်ဆိုတာမေ့နေတာ

ခုနက အကောင်းကြီးကနေပူခနဲဖြစ်ပြီး ဆေးရုံတန်းရောက်လာတာ သေသွားတာများလားဘေးနားကလူတွေကလည်း တယောက်မှကျွန်မကိုမြင်တဲ့ပုံမပေါ် ကျွန်မသေသွားပြီပဲဆိုဦးတော့ ကျွန်မရဲ့ခန္တကိုယ်ကတော့ ဒီဆေးရုံရဲ့တနေရာရာမှာရှိနေလိမ့်မယ် ကျွန်မရှေ့ကတမျှော်တခေါ် လျှောက်လမ်းကြီးကိုကြည့်ပြီးစိတ်ပျက်သွားမိတယ် ဟူးးးးးးးတခန်းဝင်တခန်းထွက် လိုက်ရှာရတော့မယ့်ပုံ ဆေးရုံမှာလူတွေရှုပ်ရှပ်ခပ်နေတယ် ကားမှောက်တဲ့နေရာ နားကလူနာတွေပဲထင်ပါရဲ့

အခန်းတိုင်းအခန်းတိုင်းလိုက်ရှာလိုက်တယ် ဒါပေမယ့် ကျွန်မရောက်နေတာဘယ်အထပ်မှန်းမသိတော့ဘူး အခန်းတွေလည်းအရမ်းများ လူတွေလည်းအရမ်းများတော့ မျက်စိတွေလည်းနောက်နေပြီ အခန်းတခုရှေ့ရောက်တော့ လူသွားစင်္ကြံမှာပဲ ထိုင်ချလိုက်တော့တယ် ကျွန်မကိုဘယ်သူမှလည်းမြင်တာမဟုတ်ဘူးလေ လူတွေတယောက်ပြီးတယောက်ဖြတ်လျှောက်သွားနေကြတယ် ကျွန်မလည်းသူတို့ကိုထိုင်ကြည့်ရင်း ကျွန်မဘေးကအခန်းဆီအကြည့်ရောက်သွားတယ်

တခြားခုတင်တွေမှာလူနာတွေ လူနာစောင့်တွေနဲ့ ထူးခြားနေတာက အခန်းထောင့်က အမှောင်ရိပ်နဲနဲ ကျတဲ့ခုတင်မှာ ဦးလေးကြီးတယောက် ငုတ်တုတ်ကြီးထိုင်ပြီး သူများတွေကိုလိုက်ကြည့်နေပါတယ် မထင်မှတ်ပဲ အဲ့ဒီ့လူက ကျွန်မမျက်စိထဲထင်းကနဲဖြစ်နေတယ် သူ့ပုံစံကသွေးမရှိဖြူဖပ်ဖြူရော်ကြီး သူ့ကိုသေချာမမြင်ရတာကြောင့် မတ်တပ်ရပ်ပြီး ကြည့်လိုက်တယ် ကျွန်မကြည့်လိုက်တဲ့အချိန် သူကလည်းကျွန်မကိုပြန်ကြည့်နေတယ်

ကျွန်မကိုမြင်နေရတယ်လားဒီလူး အဲ့ဒါနဲ့ အခန်းရှေ့မှာ ဟိုဘက်လျှောက်တော့ ဟိုဘက်လိုက်ကြည့်တယ် ဒီဘက်လျှောက်တော့လည်းလိုက်ကြည့်တယ် ကျွန်မလည်းအခန်းလယ်ကနေရပ်ပြီး လက်ပြကြည့်လိုက်တယ် ကျွန်မလက်ပြတာမြင်တော့ ခေါင်းမတ်ပီး ဟိုဘက်ဒီဘက်ကြည့်တယ် ပြီးတော့ကျွန်မကိုကြည့်ပြီး သူ့ကိုသူလက်ညိုးထိုးပြတယ် သေချာပြီလေ ဒီလူကျွန်မကိုမြင်ရတယ်

ကျွန်မလည်းသေချာတာနဲ့ဝမ်းသာပြီးအဲ့လူဆီပြေးချသွားတယ် သူကကျွန်မပြေးလာတာမြင်တော့ လန့်နေတယ် အနားလည်းရောက်ရော

''အမလေးသရဲ ဗျို့ ''

ဆိုပြီးခုတင်အောက်ပြုတ်ကျသွားတယ်

ပြီးတော့ခုတင်အောက်ကနေပြန်ထလာပြီး

''နေပါဦး သရဲက ငါပါဟ ကောင်မလေး နင်ငါ့ကိုမြင်ရတယ်လား အမလေးကြောက်စရာကြီး''

''ရှန် သမီးကမေးချင်နေတာ သမီးကိုမြင်ရတယ်လား ပြီးတော့ ဦးလေးကလူမဟုတ်ဘူးလား''

''မဟုတ်ဘူး အံ့ရောနင်ကငါ့ကိုမြင်ရတယ်ဆိုပဲ ငါလည်းနင့်ကိုမြင်ရတယ် ဆိုတော့ နင်လည်းသရဲပဲဖြစ်မယ် ဒါပေမယ့် နင့်ပုံကသရဲနဲ့လည်းမတူဘူး နင်သေပြီးတာကောဟုတ်ရဲ့လား ''

''ဟုတ်လားမသိပါဘူး သေသွားပြီတော့ထင်တာပဲ အစက လူနာတင်ကားပေါ်မှာ တော့အသက်ရှိသေးတယ်ပြောတာပဲ ဒါမယ့် ကားမှောက်တဲ့နေရာပြန်ရောက်သွားတယ် ပြီးတော့ ပူခနဲဖြစ်ပြီး ဆေးရုံထဲကအခန်းထဲရောက်နေတာ ကျွန်မအခု ကျွန်မရဲ့ခန္တကိုယ်ကိုလိုက်ရှာနေတာ ''

''အော်ဒါဆို နင်ကသေပြီး အလောင်းမတွေ့ဖြစ်နေတာကိုးးးးးး ငါတောင်ငါသေတာငါသိတယ် သနားလိုက်တာ ဒါနဲ့နင့်ကိုကြည့်လေကြောက်လေပဲ နင်သေတုန်းက ဆနွင်းမှုန့်များစားပြီးသေလား အသားရောင်ပဲ ငါတို့လိုလည်းမဟုတ်ဘူး မျက်နှာကလည်းအကောင်းကြီးထိခိုက်ဒဏ်ရာရတာလည်းမတွေ့ဘူး တော်တော်လှလှလေးသေပုံရတယ် ''

ကျွန်မကို လှည့်ပတ်ကြည့်ပြီး ပြောနေတာ

''ပေးစမ်းနင့်လက် အမလေးနွေးနေတာပဲ ဘယ့်နှယ့် ထူးဆန်းတယ် ထူးဆန်းတယ် နေအုံးဒီနားမှာ ခဏ ငါ သူများတွေသွားခေါ်လိုက်ဦးမယ်''

ပြောပြောဆိုဆိုနဲ့ နံရံဘက်ကို တိုးဝင်သွားတာတွေ့လိုက်ရတယ် အဲ့လိုဝင်လို့ရတာကျွန်မတောင်မသိဘူး မကြာပါဘူးခဏကြာတော့ တခြားဦးလေးကြီးနှစ်ယောကိနဲ့ ပြန်ရောက်လာတယ် နှစ်ယောက်လုံးက ကျွန်မလည်းမြင်ရော လန့်သွားတဲ့ပုံနဲ့ 
သရဲစာအုပ် ၏ ဓာတ်ပုံ
''လာ ငါပြောတာသူလေ ''

''ကိုသောင်းတင်ရယ် ခင်ဗျာဟာက ဟုတ်ရောဟုတ်ရဲ့လား သူပုံကနည်းနည်း ''

''ဟုတ်ပါတယ် လူတော့မဟုတ်ဘူး သရဲဆိုပြန်တော့လည်း ယုံနိုင်စရာမရှိဘူး ''

ပါလာတဲ့လူနှစ်ယောက်နဲ့ ပထမတယောက်တို့အခြေအတင်ပြောရင်း ကျွန်မကိုလည်း ခြေဆုံးခေါင်းဆုံးသေချာကြည့်နေကြပြန်တယ်

''ကလေးမ လျှာထုတ်ပြစမ်း ''

''အဲ့လောက်ပဲလား မရှည်တော့ဘူးလား ''

''ဒီမှာ မေးစေ့တောင်ထိတော့မယ်လေ ''

''ဟင်းးးးး မျက်စိကော ပြူးပြစမ်းပါ ''

''ဟယ် ဒီလောက်ပဲလား ဘယ်နှယ့် ညည်း ကလည်းဘာမှမလုပ်နိုင်ပါလား သရဲစဉ်မမှီဘူး ''

''ရှန်''

''မရှန်နဲ့ လာဦးဒီနား ဟားးးးးလို့လုပ်ကြည့် ''

ပြတင်းပေါက်မှန်နားခေါ်သွားပြီး အာငွေ့ထုတ်ခိုင်းနေပြန်တယ်

''ဟားးးးးး''

''အမလေး အမေရေ လုပ်လို့ရတယ်ဟ သူကဘာလဲ ငါတို့အဲ့လိုလုပ်လို့မရပါဘူး ကလေးမ မှန်မှန်ပြောညည်းကဘာလဲ သရဲတွေဘာတွေမြင်ရတဲ့လူလား ''

''မဟုတ်ပါဘူး ကျွန်မကိုယ်ကျွန်မလည်းဘာမှန်းမသိတော့ဘူး ''

''ညည်း သေတုန်းက အရိပ်မည်းတွေမတွေ့ဘူးလား လာခေါ်တဲ့လူတွေလေ ''

''မတွေ့မိဘူး ''

''ဒါဆို မသေသေးဘူးထင်တယ် မျောနေတာဖြစ်မယ် မျောပြီးညည်းဝိညာဉ်ကခန္ဓာကိုယ်နဲ့လွတ်နေတာပဲ ဖြစ်မယ် ''

''ဟုတ်နိုင်တယ် ကိုသောင်းတင် ဒါဆိုသူ့ခန္ဓာကိုယ်က ဒီဆေးရုံထဲမှာပဲပေါ့ ''

''ခုမှ ဇာတ်ရည်လည်ကြတယ် သမီးပြောနေတာကြာပြီ သမီးကိုကူညီကြပါလားဟင်''

''ရပါတယ် ဒါနဲ့ သူက မျောနေတာဆိုတော့ ဆရာဝန်တွေပြောတဲ့ ကိုအမာ ဝင်တာဖြစ်ရမယ် ''

''ဘာလဲ ကိုအမာ ကိုမာ မဟုတ်ဘူးလား ''

''ဟုတ်တယ်အဲဒါ ''

''ဒီမှာက အဲ့လိုလူနာရှားတယ်မလား ရှာလို့လွယ်လောက်မှာပါ ပြောနေကြာတယ် ရှာကြရအောင် ''

ဒီလိုနဲ့ကျွန်မလည်းသဘောကောင်းတဲ့သရဲဦးလေးကြီးတွေနဲ့ ခင်မင်ခွင့်ရပြီး သူတို့က အားတက်သရောလိုက်ကူညီကြတယ် ကျွန်မတို့ တတိယထပ်မှာရောက်နေပြီး လိုက်ရှာနေတုန်း အခန်းတခုထဲကနေ ပုဝါနဲ့အုပ်ထားတဲ့ အလောင်းတင်ထားတဲ့ ခုတင်ကြီးထွက်လာပြီး ခုတင်ပေါ်မှာလူတယောက်ကထိုင်လို့

ခုတင်သယ်တဲ့လူတွေလည်းတော်တော်လေးနေတဲ့ပုံပါပဲ အဲ့ဒါနဲ့ သောင်းတင်ဆိုတဲ့လူက ခုတင်ပေါ်ကလူကိုလှမ်းပြောတယ်

''ဟေ့လူ ခုတင်ပေါ်တက်မထိုင်နဲ့ သယ်ရတဲ့လူတွေလည်းအားနာအုန်း ''
ခုတင်ပေါ်ကလူကလည်း ဘုကြည့်ကြည့်ပြီး

''ကျုပ်ဟာကျုပ် ထိုင်တော့ဘာဖြစ်လဲ ခင်ဗျားအပူပါလား ''

''ဘာကွ ဒီကောင် ခုမှသေတဲ့ကောင်က''

ဆိုပြီးဒေါသတကြီးနဲ့လိုက်လုပ်မလို့ပြင်နေတယ် ဘေးကနှစ်ယောက်ကဆွဲထားပြီး

''စိတ်လျော့ပါ ကိုသောင်းတင် ညကျရင်တွေ့မှာပဲဟာ အဲ့ဒီ့ကျမှဆုံးမ ''

''ဘာလဲညကျရင်တွေ့မယ်ဆိုတာ''

''ဒီလိုလေ ကလေးမရဲ့ ငါတို့က ဒီဆေးရုံမှာနှစ်ချို့တွေဆိုတော့ စီနီယာပေါ့ သေပြီးမကျွတ်မလွတ်တဲ့ကောင်တွေ ဒီမှာနေချင်ရင်ငါတို့စည်းကမ်းလိုက်နာရမယ် မလိုက်နာရင် ဒီမှာမနေနဲ့ပေါ့ ''

''သြော် ''

''ကဲ ကလေးမ ငါတို့က ကူညီရင် 11 နာရီအထိပဲကူညီနိုင်မယ် နောက်ပိုင်းငါတို့အလုပ်ရှိတယ် ''

''ဒီလိုရှာနေရင်ပြီးမှာမဟုတ်ဘူး အောက်ပ်ဆင်းရအောင် အောက်ထပ်ကစရှာမယ် ''

အောက်ထပ်ပြန်ဆင်းရပြန်တယ် အောက်ထပ်ရောက်တော့ လူတစ်စုက အထုပ်တွေအပိုးတွေနဲ့ဝင်တိုက်တော့မလိုတောင်ဖြစ်သေးတယ်

''ဟေ့ ကိုသောင်းတင် ဟိုမှာကြည့်စမ်း ''

ဆေးရုံ အဝင်ဝနားမှာရပ်နေတဲ့လူတယောက်ဆီကိုလက်ညိုးထိုးပြနေတယ် လူပုံစံသားသားနားနားနဲ့ လူကြီးတယောက်

''မနေ့ကဆုံးသွားတဲ့ဆရာဝန် ကြီးမဟုတ်လား သူ့မေးရင် ကောင်းမယ်ထင်တယ် သူကပိုသိလိမ့်မယ်''

သူတို့ဟာသူတို့ပြောပြီးပြေးကြပြန်တယ် ကျွန်မကနောက်ကလိုက်ပေါ့ ဆရာဝန်ဆိုတဲ့လူနားရောက်တော့ သူကလည်းအုပ်စုလိုက်ကြီးပြေးလာတာတွေ့တော့ လန့်သွားပြီး ထွက်ပြေးပါလေရော်

''ဟာ ဆရာမပြေးနဲ့ ပြောစရာရှိလို့ပါဗျ ''

မရဘူးရှေ့ကဆရာဝန် ကလည်းဘုမသိဘမသိနဲ့ပြေးတယ် ကျွန်မကတော့မလိုက်နိုင်တော့ဘူး သူတို့ကတော့လိုက်တုန်းပြေးတုန်း ဒါပေမယ့်မကြာပါဘူး စီနီယာသရဲတွေမဟုတ်လား ဆရာဝန်ကြီးကိုဖမ်းမိသွားတယ်

''ဘာလဲ မင်းတို့တွေက ငါဆေးရုံထဲမဝင်ပါဘူးကွာ ပစ္စည်းလာသိမ်းတဲ့ငါ့မိသားစုကိုစောင့်နေတာ ''

''မဟုတ်ပါဘူးဆရာရယ် အကူအညီတောင်းစရာရှိလို့ပါ ''

''မရဘူးကွ ဟိုမှာငါ့မိသားစု အိမ်ပြန်တော့မှာငါလိုက်ပြန်ရတော့မှာ ''

''ကူညီပါဆရာရယ် ဒီကလေးမ က မသေသေးဘဲဝိညာဉ် လွင့်နေတာ သူ့ခန္ဓကိုယ်ထဲပြန်ဝင်ရမှာ''

ရုန်းနေရာကရပ်သွားပြီးကျွန်မ ကိုသေချာစိုက်ကြည့်နေတယ် ပြီးတော့မှ

''သြော် ကားမှောက်တဲ့ဆီက ဟုတ်တယ်မလား လွန်ခဲ့တဲ့ခုနှစ်ရက်လောက်ကလေ ''

ခုငကကကနှစ်ရက် ကျွန်မခဏလေး မှောင်မိုက်သွားတဲ့အချိန်က ခုနှစ်ရက်တဲ့

''သမီးက ကိုမာ ဝင်နေတာ ရောဂါက သုံးလလောက်ထိဘာမှမထူးဘဲသတိလည်းမရတော့ဘူးဆိုရင် ချိတ်ဆက်ထားတဲ့ဆေးတွေအားလုံးဖြုတ်ပစ်လိုက်မှာ ဒီတော့ ခန္ဓာကိုယ်ကိုသွားရှာ ပြီးတော့ပြန်ပေါင်းစည်းဖို့လုပ် ''

''အဲ့ဒါလေးကူညီပါလားဗျာ သူ့ခန္ဓာကိုယ်ကိုရှာမတွေ့သေးတာ ''

''အပေါ်ဆုံးထပ်မှာလေ နာတာရှည်လူနာတွေကအပေါ်ဆုံးထပ်မှာပဲ ထားတာ''

''လာဆရာလိုက်ခဲ့ ခဏလေးပါ ကိုယ့်အိမ်ကိုပြန်တတ်တဲ့ဟာကို ကူညီပါဗျာ ကုသိုလ်ရပါတယ် ''

နှစ်ယောက်ကဝိုင်းချုပ်ပြီးဆေးရုံထဲခေါ်သွားကြတယ် ဆရာဝန်ကတော့ ယှက်ကန်ယှက်ကန်နဲ့ပါသွား ပြန်တယ် ခပ်တည်တည်ပဲအုပ်စုလိုက်ကြီး ဓာတ်လှေကားထဲဝင်ပြီးအပေါ်ဆုံးထပ်ကိုတက်သွားကြတယ်

အပေါ်ထပ်မရောက်ခင်ကိုရင်တွေတုန်နေပြီ
''ဟိုအခန်း ပဲ ကလေးမ ''

အခန်းထဲရောက်တော့ ခုတင်ပေါ်မှာဆေးပိုက်တွေနဲ့လှဲနေတဲ့ကျွန်မကိုယ်ကျွန်မပြန်တွေ့နေရပါတယ် အနီးကပ်ကြည့်လိုက်တော့ ကျန်မမဟုတ်သလို အရမ်းကိုပိန်နေပါပြီ

''ကလေးမ ဘာလုပ်နေလဲဝင်လေ အချိန်မရှိဘူး''

ကျွန်မလည်းရှေ့မှာမြင်နေရတဲ့ကျွန်မခန္ဓာကိုယ်ပေါ်လှဲအိပ်လိုက်တယ် ဆရာဝန်ကြီးကဘေးကနေပြီး

''မျက်စိမှိတ်လိုက် သမီးပြီးရင် ခံစားကြည့်သမီးခန္ဓာကိုယ်လေးလာပြီလား ''

''လေးသေးဘူး အရင်လိုပဲ ''

''ထ ကြည့်''

ကျွန်မ လှဲအိပ်နေရာက ထလိုက်တော့ခန္ဓာကိုယ်က မပါလာပါဘူး ဘယ်လောက်ပဲကြိုးစားကြိုးစားမရပါဘူး အချိန်တော်တော်လေးကြာသွားပြ
'
''သမီး ဆရာအချိန်မရတော့ဘူးပြန်မှန်ဖြစ်မယ် သူတို့ကတော့ သတိမရမချင်း ၂ လ ၃ လ လောက်အထိဆေးရုံမှာထားလိမ့်မယ် အချိန်တွေအများကြီးရှိတယ် ကြိုးစားကြည့်နေ့တိုင်း ကြိုးစားပြီးဝင်ကြည့်ဟုတ်ပြီလား ကဲသွားပြီ ''

ပြောပြောဆိုဆိုပျောက်သွားတော့သည် ဦးသောင်းတင်တို့တစုကတော့ဘေးမှာ ကျွန်မကိုကြည့်လိုက်ကျွန်မခန္ဓာကိုယ်ကိုကြည့်လိုက်နဲ့ပေါ့

''တသက်နဲ့တကိုယ်ဒီလို တခါမှမမြင်ဖူးဘူး အေးဒါနဲ့ ငါတို့ ပြန်ရတော့မယ် ကလေးမ ထပ်ကြိုးစားကြည့် ဟုတ်ပြီလား မနက်ကြတော့ပြန်လာခဲ့မယ်''

''ဘယ်သွားကြမှာ လည်းသမီးလည်းလိုက်လို့မရဘူးလား ''

တယောက်မျက်နှာတယောက်ကြည့်ပြီးတိုင်ပင်နေကြသေးတယ်

''လိုက်ခဲ့လေ ရတယ် ''

ကျွန်မတို့သရဲ တအုပ် အပေါ်တက်လိုက်အောက်ဆင်းလိုက် လွတ်လွတ်လပ်လပ်ပဲ ဘယ်သူမှလည်းမမြင်ကြဘူး အဆင်ကိုပြေလို့ အောက်ပြန်ရောက်တော့ ဆရာသမားတွေလမ်းလျှောက်တာပုံမှန်မဟုတ်တော့ဘူး ကော့တော့ကော့တော့ဖြစ်လာတယ် ကျွန်မလည်းနဲနဲသတိထားမိလာတာပေါ့ ခဏကြာတော့ဆေးရုံနောက်နားကရင်ခွဲရုံကိုရောက်လာတယ် အစကတော့မကြောက်ပေမယ့် ရင်ခွဲရုံလည်းမြင်ရောလန့်လာတယ် အထဲတောင်မဝင်ချင်တော့ဘူး

''ကလေးမ လာလေ ဘာလဲကြောက်လို့လား ကြောက်စရာမရှိဘူး ဒီမှာ လူတိုင်း အဲလေ သရဲတိုင်းကသောင်းတင်ကိုကြောက်ရတာ စီနီယာလေသိတယ်မလား''

ဆိုပြီးရှေ့ကကော့တော့ကော့တော့သွားပြန်တယ် သူ့နောက်လိုက် နှစ်ယောက်က ကျွန်မနားကပ်ပြီး

''ကြောက်ရတယ်လေ သူကလူသစ်ဆိုမကြောက်ကြောက်အောင်ဖြဲခြောက်တာ ဒါသူ့နယ်ဆိုပြီး သူကဝါရင့် ငါတို့ထက်တောင်ဝါရင့်သေးတယ်''

''ဦးလေးတို့က သေတာဘယ်လောက်ကြာပြီလဲ ဦးလေးတို့နာမည်တွေလည်းမသိသေးဘူး''

''ငါကဌေးဦး ပွဲစား သေတာ ၁၀နှစ်ကျောပြီ သူက မင်းအောင်တဲ့ ဆန်ကုန်သည် သူလည်းငါနဲ့ အတူတူပဲ ''

''ဟိုဦးလေးကကော ဘာလုပ်တဲ့လူလည်း ''

''မသိဘူး သူကသူ့အကြောင်းတခါမှမပြောပြဘူးဖူး ငါတို့နဲ့သာသဘောကောင်းတာ ဟိုထဲရောက်ရင်ကြမ်းပြပါလိမ့်မယ်ကြည့်နေ သမီး ''

ကျွန်မတို့ရင်ခွဲရုံရှေ့ရောက်တော့ တံခါးက မဖွင့်ရသေးဘူး ကျွှီကနဲပွင့်သွားတယ် ကျွန်မလည်းအရမ်းလန့်သွားတယ်အထဲမှာတော့မှောင်မည်းလို့ အစောင့်တွေဘာတွေလည်းမရှိဘူး အခန်းဝင်လိုက်တော့ကျောထဲစိမ့်ခနဲ ပဲ အထဲမှာတော့ ခုတင်တွေခုတင်တွေပေါ်မှာ သရဲတွေမှ အများကြီးပုံဆိုးပန်းဆိုးတွေရော ရေခဲတိုက်ထဲကမီးကလည်း လင်းတယ်ဆိုရုံလေး

ဦးသောင်းတင်က တခုခုကိုလိုက်ရှာနေတယ် အခန်းထောင့်နားက ခုတင်တခုပေါ်မှာ ကုတ်ကုတ်ကလေးထိုင်နေတဲ့ ဆီ တလှမ်းခြင်းလျှောက်သွားပြီး

''မင်းလားကွ ခုနက ငါ့ကိုပြန်ပြောသွားတဲ့ကောင် ''

''မဟုတ် မဟုတ် ''

''မှန်မှန်ပြောနော်မင်း ငါက လိမ်တဲ့ညာတဲ့လူဆိုသိပ်မုန်းတာ ''

''ဟုတ် ကျွန်တော်မသိလို့ ပြောမိတာပါဗျာခွင့်လွှတ်ပါအကိုကြီးရယ် မှားသွားပါတယ် ''

''မင်းမှာတာဝန်ခံရင်တော့ ငါခွင့်လွှတ်ပါတယ် ငါ့ပိုင်နက်ထဲမှာငါ့လာကျောလို့မရဘူးနော် လူသစ်တွေအကုန်ပြောထားမယ် သောင်းတင်ဆိုတာနာမည်တလုံးနဲ့နေတာ ဆူဆူညံညံ ဒီည ကြားရလို့ကတော့ ငါ့အကြောင်းအသိပဲ ''

သူ့ရဲ့သြဇာအာဏာရှိလှတဲ့အသံကြီးက အခန်းထဲမှာဟိန်းကနဲ ဟိန်းကနဲ သူပြောစရာရှိတာပြောပြီး ခပ်သုတ်သုတ်ပဲ ပြန်ထွက်လာတယ်

''ဘာတွေလောနေတာလဲ ဦးလေးရဲ့ ''

ကျွန်မကိုနောက်ကနေကျောကိုအတင်းတွန်းလွှတ်ပြီး
''မြန်မြန် မြန်မြန်သွား ''

ကျွန်မတို့ရင်ခွဲရုံနဲ့တော်တော်ဝေးဝေးရောက်တော့မှ
''ဟူးးးးးးးးမောတာ နှစ်ခါပြန်သေရသလိုပဲ ''

''ဘာဖြစ်လို့ ထွက်ပြေးတာလဲ ဟင်''

''''ခဏနေဘဝကူးဖို့လာခေါ်တဲ့လူတွေလာတော့မှာ ငါ့မြင်သွားမှာစိုးလို့ ကဲကလေးမ ငါတို့အပေါ်ပြန်တက်ရအောင် ညည်းနှစ်ကိုယ်ခွဲဖြစ်နေတာကို တကိုယ်တည်းဖြစ်အောင်ပြန်လုပ်ရအုံးမယ် ''

အပေါ်ထပ်မှာတော့ ညဘက်ကြီးမို့တိတ်ဆိတ်နေတယ် ကျွန်မအခန်းဆီကိုပြန်လာတော့ ဆူညံဆူညံသံတွေကြားနေရတယ် အခန်းထဲကြည့်လိုက်တော့ အန်တီတို့မိသားစုရယ် အမေနဲ့အဖေရယ် စကားတွေပြောနေကြတယ် စကားပြောတယ်ဆိုတာလည်းခပ်တိုးတိုးပါပဲ အမေကတော့ဘာစကားမှမပြောဘူး မျက်နှာလည်းမကောင်းဘူး အန်တီ့ကိုစိတ်ဆိုးနေတဲ့ပုံပါပဲ ခုတင်ဘေးမှာထိုင်ပြီး ကျွန်မလက်ကိုကိုင်ထားပါတယ် ရေနွေးငွေ့ကြောင့်ကျနေတဲ့ချွေးကိုလည်း အနားကပဝါတထည်နဲ့ တဖွဖွသုတ်ပေးနေရှာတယ် ဒါပေမယ့် ကျွန်မဘာကိုမှ မခံစားရပါဘူး ကျွန်မအမေ့နားကို သွားမလို့လုပ်တုန်း နောက်ကတယောက်ယောက်ကလှမ်းဆွဲလိုက်ပါတယ်

''ကလေးမ ဝိညာဉ်ခေါ်သူတွေလာနေပြီ ငါတို့ရှောင်နေမှဖြစ်တော့မယ် နင်ကသိပ်မသိသာဘူး ခုတင်န်ားမှာနေရင် နင်မှန်းသိလိမ့်မယ် လူတွေကြားထဲရောနေသတိမထားမိအောင် နေ သွား သွားး''

ပြောပြောဆိုဆိုနဲ့ ထွက်ပြေးသွားကြတယ် ကျွန်မလည်း အန်တီတို့လင်မယားကြားထဲဝင်ထိုင်နေလိုက်ပါတယ် သူတို့ပြောတဲ့ဝိညာဉ်ခေါ်သူတွေ ဆိုတာဘာပါလိမ့် ဘာလို့အဲ့လောက်တောင်ကြောက်နေရလဲမသိပါဘူး ခဏကြာတော့ ကျွန်မအခန်းဘက်ကိုလာနေတဲ့ခြေသံကျယ်ကြီးကိုကြားနေရပါတယ်တယောက်မကတဲ့ခြေသံတွေက တဖြည်းဖြည်းပိုနီးလာပါတယ် ကျွန်မအခန်းရှေ့နားလောက်မှာရပ်သွားပြီး

''အားးးးးးးးးးးးးးမလိုက်ပါရစေနဲ့ ကျွန်တော်မလိုက်ချင်သေးဘူး ကယ်ကြပါဦးးးးးးးးးးးးး''

ငယ်သံပါအောင်အော်နေတဲ့ယောကျာ်းတယောက်ရဲ့အသံ ကျွန်မအရမ်းကိုစိုးရိမ်သွားပါတယ် ဦးသောင်းတင်တို့များဖြစ်နေမလားလို့ အသံကလည်းတဖြည်းဖြည်းဝေးသွားတာကြောင့် အခန်းပြင်ဘက်ကိုခေါင်းပြူပြီးကြည့်လိုက်ပါတယ် အရပ် ၇ ပေ ၈ ပေလောက်ရှိတဲ့ လူ ထွားကြီးသုံးယောက်က လူတယောက်ကိုတရွတ်တိုက်ဆွဲခေါ်နေတာ အောက်ကလူကလည်းငယ်သံပါအောင်အော်ရင်း ကြမ်းပြင်တလျှောက် ကုတ်ခြစ်ရုန်းကန်းရင်းပါသွားပါတယ် သူတို့မျက်စိရှေ့ကပျောက်သွားမှ ဦးသောင်းတင်တို့အုပ်စု ပြန်ရောက်လာကြတယ်

''ဦးလေးအဲ့ဒါဘာလုပ်တာလဲ ဟင် ဘာလိုဆွဲခေါ်သွားတာလည်းဒီတိုင်းခေါ်သွားလဲရဲ့သားနဲ့''

''မရလို့ပေါ့ကွယ် သေသွားတဲ့လူတွေကလူ့ပြည်က ကိစ္စတွေမပြီးပြတ်သေးရင် ဝိညာဉ်ဘဝနဲ့ ၇၅ ရက်နေခွင့်ပေးတယ်ပြီးပြတ်အောင်လုပ်ဖို့ပေါ့ ဒါပေမယ့် ပြီးပြတ်လို့ လာခေါ်တဲ့အခါ ပထမတခေါက်မလိုက်ဘဲရှောင်နေရင် ဆွဲခေါ်ခံရတယ် ခဏခဏရှောင်နေရင် ဝိညာဉ်မဟုတ်တော့ဘဲ တစ္ဆေသရဲ စာရင်းသွင်းပလိုက်တာ ''

''အဲ့ဒီကြတော့ ရောက်ချင်တဲ့နေရာမရောက်တော့ဘဲ အမျှပေးမှကောင်းတဲ့ဘုံဘဝရောက်ကြတော့တာပေါ့ ငါတို့လိုပေါ့''

''သြော်''

''ကဲကြိုးစားကြည့်ဦး ရမလားလို့ ''

ကျွန်မလည်းအမေ့ဘေးကနေပြီး ခုတင်ပေါ်လှဲလိုက်တယ် ဘေးကနေပြီး သူတို့ပြောတဲ့အတိုင်းလိုက်လုပ်နေလိုက်တယ် အခြေအနေကမထူးဘူး ခံစားလို့ကိုမရဖြစ်နေတာ နောက်တခေါက်ကြိုးစားကြည့်လိုက်တယ် ဒီတခါတော့နဲနဲလေးလေးလံလာတယ် ရေနွေးငွေ့ရဲ့အနွေးဓာတ်ကိုတောင်ခံစားမိလာသလိုလိုပဲ ဒါပေမယ့် ခဏလေးပါပဲ သတိလစ်ကနဲတစ်ချက်ဖြစ်သွားပြီးတော့ အသက်ရှုမဝဖြစ်လာတယ် အသက်ရှုဖို့ကြိုးစားပြီးအိပ်နေရာကထလိုက်တော့ ကျံန်မခန္ဓာကိုယ်က ကျွန်မနဲ့ပါမလာပါဘူး
''အခုထိ ဝင်ဖို့ကံမကြုံသေးဘူးထင်တယ် အားမလျော့ပါနဲ့ နောက်နေ့တွေကြိုးစားကြည့်တာပေါ့ ကဲသမီးလိုက်ရင်လိုက်ဒီမှာနေချင်လည်းရတယ် ဦးလေးတို့လည်း လည်လိုက်ဦးမယ် ''

''သမီးမလိုက်တော့ဘူး '' ''အေးအေး''

ဦးလေးတွေကတော့ပျော်ပျော်ပါးပါပဲ အခန်းထဲမှာလည်းအမေနဲ့အဖေနဲ့ပဲရှိတော့တယ် အဖေက ဆိုဖာပေါ်မှာအမေကတော့ကျွန်မခုတင်ဘေးနားမှာ ကျွန်မလည်းနောက်ထပ်ကြိုးစားရင်းနဲ့ ခုတင်ပေါ်မှာပဲ အိပ်ပျော်သွားတော့တယ်

အိပ်ရာနိုးလာတော့ ညနေစောင်းနေပြီ ကျွန်မအခန်းထဲမှာဘယ်သူမှမရှိကြဘူး ကျွန်မအခန်းပြင်ထွက်လာတော့ အဖေနဲ့အမေကအခန်းပြင်က ထိုင်ခုံမှာထိုင်နေကြတယ် အမေ့နားသွားပြီး အမေ့လက်ကိုလှမ်းကိုင်ပေမယ့် လေထဲကိုပဲ ကျွန်မလက်ကဝဲပျံသွားတယ် အဲ့ဒါနဲ့ကျွန်မလည်း ဦးသောင်းတင်တို့ကို လိုက်ရှာဖို့အောက်ထပ်ကိုဆင်းလာခဲ့တယ်သရဲစာအုပ် ၏ ဓာတ်ပုံ

အောက်ထပ်မှာသူတို့ရှိနေတတ်တဲ့ နေရာတွေလိုက်ရှာပေမယ့်မတွေ့ပါဘူး ရင်ခွဲရုံဘက်တော့မသွားရဲလို့ပြန်လှည့်လာခဲ့တယ် ဆေးရုံထဲပြန်ဝင်ပြီး အရေးပေါ်ဆောင်ဘက် ရောက်တော့ လူတွေရုတ်ရုတ်ရုတ်ရုတ် နဲ့ ဘာဖြစ်ပြန်တာလဲမသိဘူး ကျွန်မလည်းသွားစပ်စုကြည့်တယ် ဟောတွေ့ပါပြီ ဦးသောင်းတင်တို့အုပ်စုအရေးပေါ်လူနာဆောင်မှာ

သူတို့တခုခုကို စိတ်ဝင်တစားကြည့်နေကြတယ် ကျွန်မကိုတောင်မမြင်ပါဘူး ကျွန်မလည်းသူတို့ကြည့်နေတဲ့ဟာကို လှမ်းကြည့်လိုက်တော့ ဆရာဝန်တွေနပ်စ်မတွေကြားထဲက ခုတင်ပေါ်ကလူတယောက် သွေးအလိမ်းလိမ်းနဲ့ ဆရာဝန်တွေက အသက်ကယ် ကိရိယာတွေနဲ့ အမျိုးစုံကြိုးစားနေကြတယ်

ဒါပေမယ့် လူနာက ခန္ဓာကိုယ်ထဲကထွက်ဖို့ကြိုးစားနေတယ် နှလုံးခုန်စက်နဲ့တချက်ရိုက်လိုက် ခန္ဓာကိုယ်ထဲဝိညာဉ်တခါပြုတ်ကျလိုက်နဲ့ ကယ်မယ့်သူတွေရှိနေပေမယ့် သူက အသက်မရှင်ချင်တော့တဲ့ပုံ နဲ့ဝိညာဉ်ကတော့ ကြောက်စရာကောင်းလောက်အောင်အော်ဟစ်ပြီး ရုန်းကန်နေတယ် ဦးသောင်း တင်တို့လည်းကျွန်မကိုတွေ့သွား ပြီးကျွန်မနားရောက်လာကြတယ်

''သနားဖို့ကောင်းလိုက်တာနော် သေချင်တာတောင် မနေချင်တော့တဲ့လောကကြီးက ဆွဲခေါ်နေတုန်း ခံစားရမှာ နော် ငါတို့တုန်းကသက်သက်သာသာ သေခဲ့တာပဲ ''

''ဒါတော့ ကယ်နေတဲ့လူတွေက သူအသက်မရှင်ချင်တာမသိကြဘူးလေ အသက်ကယ်ဖို့က သူတို့တာဝန်ကိုးးးး''

''အင်းငါတော့ဆက်မကြည့်နိုင်တော့ဘူး သနားလို့ရှင်ပြန်ရင်လည်းတစ်ဒုက္ခ ကဲ ညည်းကိစ္စကကော ဘယ်လိုလဲ''

''မရသေးပါဘူး စိတ်ထဲတစ်မျိုးကြီးပဲ ခံစားလို့မရဘူး ''

''အင်းညည်းကလည်းတဒုက္ခ ဒါနဲ့မနက်က ရင်ခွဲရုံကို ညည်းအရွယ်လောက်ကောင်မလေးတယောက်ရောက်လာတယ် သိလား''

''ကြမ်းလိုက်သမှအေ မနည်းထိန်းရတယ် ပုံစံကလည်းကြောက်စရာကြီး သတင်းတွေကြားတာတော့ ဟိုဒင်းဟိုဟာကြောင့် ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုလား''

''ဘာလဲ ဦးသောင်းတင်ရဲ့ ဟိုဒင်းဟိုဟာဆိုတာ ''

''ကိုယ်ဝန်ရှိတာကိုပြောတာကလေးမရဲ့ သူ့ကောင်လေးကတာဝန်မယူလို့ ကိုယ့်ကိုကိုယ်သတ်သေတာတဲ့လေ ''

''ကြောက်စရာကြီး ''

'' ဦးသောင်းတင် သမီးဟိုးးခုံလေးမှာသွားထိုင်ချင်တယ် ''

ဆေးရုံဝန်းထဲက သစ်ပင်ခြေရင်းနားက ခုံလေးပါ ညနေလေအေးအေးလေးကို ကျွန်မခံစားခွင့်မရပေမယ့် သွားထိုင်ကြည့်ချင်နေတယ် လူနာတွေလည်းကိုယ်စီ နေရာထိုင်ခင်းလေးတွေနဲ့

''သွားထိုင်လေ ဘယ်သူမှမြင်တာမှမဟုတ်တာ မြင်လည်းဘာဂရုစိုက်စရာလည်း ငါတို့ဟိုဘက်ခဏသွားမယ် လိုအပ်တာရှိရင်လှမ်းသာအော်ခေါ်လိုက် ဟုတ်ပြီလား ''

ကျွန်မလည်း လွတ်နေတဲ့ ခုတန်းလေးဆီကိုပြေးလာခဲ့လိုက်တယ် ဒီနားမှာ အရမ်းကောင်းတဲ့ရှုခင်းလေးရှိတယ် ဆေးရုံဝတ်စုံနဲ့ အဘိုးအဘွားစုံတွဲ အဘိုးကြီးက ဝှီးချဲပေါ်မှာအဘွားကြီးကတွန်းလို့ ကြည်နူးဖို့အရမ်းကောင်းတဲ့ မြင်ကွင်းလေးကိုထိုင်ကြည့်နေရင်း ကောင်လေးတယောက် ကျွန်မဆီကိုလမ်းလျှောက်လာနေတယ် သူက ကျွန်မကို မြင်နေသလိုပါပဲ ကျွန်မကတော့မမြင်လောက်ပါဘူး ဆိုပြီးဆက်ထိုင်နေလိုက်တယ် သူ့ကိုမြင်တော့မြင်ဖူးသလိုပါပဲ သူက ကျွန်မရှေ့မှာရပ်ပြီး

''ဒီမှာထိုင်မယ်နော် ခုံလွတ်မရှိလို့ ''

''ရှင် အော် ဟုတ် ထိုင်ပါ ''

ကျွန်မယောင်ပြီးပြောလိုက်မိတာ သူကျွန်မကိုပြောတာပဲဆိုပြီး ခုံလွတ်ကလည်းတခုတည်းရှိတာ ထိုင်နေတာလည်းကျွန်မတယောက်ထဲ သူကျွန်မကိုပြောတာသေချာပါတယ် ဒါပေမယ့် ကျွန်မက ဝိညာဉ်လေ သူကျွန်မကိုမမြင်လောက်ပါဘူး

''ဒီမှာ ရှင်ကျွန်မကိုပြောတာလား ရှင်မြင်ရတယ်လား ကျွန်မကို ''

''အေးလေ မင်းကိုပြောတာပေါ့ ဒီနားမှာမင်းပဲရှိတာကို ပြီးတော့မြင်ရလားဆိုတာဘာလဲ အလင်းကြီးရှိသေးတာကိုမြင်ရတာပေါ့ ''

အလို ဒီလူကျွန်မကိုမြင်တယ်ဆိုပါလား သူကတော့ သရဲမဟုတ်နိုင်ပါဘူး လူဆိုတာသေချာပါတယ် ထူးဆန်းလိုက်တာ ကျွန်မကိုမြင်ရတယ်တဲ့

''မင်းကိုမြင်ဖူးသလိုပဲငါတို့ကျောင်းကမလား ငါ့နာမည် ဟိန်းထက်အောင်ပါ သိလားငါ့ကို ''

''မြင်တော့မြင်ဖူးသလိုပဲ မသိဘူး ''

''မင်းကိုတော့သိတယ် မေဇူဇူးနိုင် ဟုတ်တယ်မလား ''

''ရှင်ကျွန်မကိုသိတယ်ပေါ့ ''

''အင်းး''

နားကျပ်နှစ်ဖက်တပ်ပြီး သီချင်းနားထောင်နေတယ် ကျွန်မလည်း ဦးသောင်းတင်ကို ခေါ်ပြဖို့ထလိုက်တယ် ကျွန်မကိုမြင်ရင် ကျွန်မ မသေသေးဘူးဆိုတာအမေတို့အဖေတို့ကိုပြောနိုင်ပြီလေ ကျွန်မထလိုက်တော့

'' ဘယ်လဲ မေ အားးနင့်နာမည်က ရှည်လိုက်တာ ဇူဇူးပဲခေါ်မယ် ရလား သွားတော့မှာလား ''

''မဟုတ်ဘူး ငါ့ဦးလေးဆီသွားမလို့ ပြောစရာရှိလို့''

'' အရေးကြီးလား မကြီးရင်ထိုင်ပါဦး ငါတယောက်ထဲဖြစ်နေလို့''

''ဘာလဲ ငါထိုင်နေတော့ သီချင်းနားထောင်နေပြီး''

''နားမထောင်တော့ပါဘူးဟာ ထိုင်ပါဦးခဏ စကားပြောရအောင် နင့်အကြောင်းငါ့အကြောင်း နင်ငါ့ကိုမသိတာအံ့သြလို့ ''

''အံ့သြ စရာမရှိပါဘူး မသိတာလေးကို နင်ကမင်းသားမှမဟုတ်တာပဲ ''

''အေးလေထားပါတော့ ငါကတော့နင့်ကိုသိတယ် နင်မင်းသမီး မဟုတ်ပေမယ့် နင့်ကို ၉ တန်းကတည်းကသိတာ ''

''ဟုတ်လား ''

သူနဲ့စကားပြောနေရင်းတဖြည်းဖြည်းမှောင်လာတယ် ကျွန်မလည်းမနေ့ကလို ဝိညာဉ်ခေါ်သူတွေ ရောက်လာမှာ ကြောက်နေတယ် သူကတော့စကားတွေပြောနေပေမယ့်ကျွန်မကတော့ဂဏာမငြိမ်ဘူး

'' ဘယ်သူဆေးရုံတက်နေတာလဲ နင်နောက်နေ့ရှိဦးမှာမလား ''

''အင်းးငါ့အဘွားဆေးရုံတက်နေတာ ဘာလဲနင်မအားဘူးလား ဒါဆိုလည်းနောက်နေ့မှတွေ့တာပေါ့ ''

သူ့စကားဆုံးအောင် နားမထောင်နိုင်တော့ဘူး ဆေးရုံနောက်ဘက်နားက လူရိပ်အကြီးကြီးတွေတွေ့တာနဲ့ ကျွန်မလည်း ခြေကုန်သုတ်ရတော့တာပဲ ဆေးရုံထဲရောက်တော့အပေါ်တက်ဖို့ဓာတ်လှေကား မမှီလိုက်ဘူး ဒါနဲ့ကျွန်မလည်း လှေကားကနေပဲအပေါ်ထပ်အထိ တက်ဖို့လုပ်လိုက်တယ် ဆေးရုံလှေကားက သိပ်အသုံးမပြုတော့ တချို့နေရာတွေက မှောင်မည်းနေတာပဲ လှေကားထစ်တွေကိုအမြန်တက်ရင်း နှစ်ထပ်လောက်မှာက တော်တော် မှောင်နေတယ် ကိုယ်ကလည်းဝိညာဉ်ဆိုပေမယ့် ကျွန်မကအမှောင်ကြောက်တတ်တယ်

ဒုတိယထပ်လည်းရောက်ရော မှောင်မှောင်မည်းမည်းနေရာမှာ လူတယောက်ရပ်နေတာ ရိပ်ခနဲတွေ့လိုက်ရတယ် ကျွန်မလည်း ရုတ်တရက်ဆိုတော့လန့်သွားတယ် မှောင်မှောင်မည်းမည်းကြီးဆိုတော့လူလား ဘာလား မသဲကွဲဘူး ဒါပေမယ့်ကြောက်နေလို့တော့မဖြစ်ါသေးဘူး ခဏနေဝိညာဉ်ခေါ်တဲ့လူတွေရောက်လာမှာ ပိုကြောက်လို့ မမြင်ချင်ယောင်ဆောင်ပြီး ပြေးတက်သွားလိုက်တယ် သူ့နားနီးလာလေ ပိုကြောက်လေပဲ တဖြည်းဖြည်းနီးလာတော့ ဆံပင်ဖားလျားနဲ့မိန်းကလေးတစ်ယောက်

သုံးထပ်မြောက်လှေကားထစ်ကိုရောက်တော့ သူ့ကိုမကြည့်ဘဲ အပေါ်ကိုမြန်နိုင်သမျှမြန်အောင်ပြေးတက်သွားလိုက်တယ် သူ့ကိုနည်းနည်းကျော်သွားတော့စိတ်အေးမယ်ကြံကာရှိသေး ကျွန်မ လက်ကောက်ဝတ်ကို လက်အေးအေးကြီးတဖက် ကလာဆွဲထားတယ် ကျွန်မလည်းလိပ်ပြာလွင့်မတတ် အော်ရင်း လက်ကလည်းရုန်းတယ် ဘယ်လောက်ရုန်းရုန်းမလွှတ်ဘူး ကျွန်မအော်သံကိုကြားသွားတာလားတော့မသိဘူး ဝိညာဉ်ခေါ်သူတွေရဲ့ ခြေသံကျယ်ကြီးတွေက နီးကပ်လာတယ် သူက ကျွန်မလက်ကိုကိုင်ထားရင်းက အောက်ထပ်ကနေ ဒုန်းးးခနဲ တံခါးဖွင့်သံကြားပြီး ကျွန်မလက်ကိုလွှတ်ပြီး အပေါ်ထပ်ကိုပြေးတက်သွားတယ်

နောက်ကျောဘက်ကဖြစ်နေတာကြောင့်ကျွန်မသူ့မျက်နှာကို မမြင်လိုက်ရပါဘူး သူပြေးတက်သွားပြီးကျွန်မလည်းနောက်ကနေပြေးလိုက်သွားတယ် ခြေသံတွေကတော့ လှေကားထစ်ကနေတဒုန်းဒုန်းနဲ့တက်လာတာအရမ်းကိုကျောချမ်းဖို့ကောင်းပါတယ် ကျွန်မရဲ့အခန်းက ငါးထပ်မှာ အခန်းဆီကို အမြန်ပြေးရပါတယ် ကျွန်မအပေါ်ဆုံးထပ်ရောက်တော့ လှေကားက ဆံပင်ဖျားလျားနဲ့တယောက်ကိုမတွေ့ရတော့ပါဘူး ကျွန်မလည်းအခန်းနားရောက်တာနဲ့ နံရံကနေပဲဝင်လိုက်ပါတယ် တံခါးဖွင့်လည်းရမှာမဟုတ်ဘူးလေ

အခန်းထဲမှာတော့ အန်တီတို့မိသားစုရှိနေကြတယ် အဖေကတော့ဆိုဖာမှာထိုင်လို့ ကျွန်မလည်းအဖေ့ဘေးနားမှာဟန်မပြတ် ရောထိုင်နေလိုက်တယ် ခဏကြာတော့ အပြင်ကခြေသံကျယ်ကြီးတွေစကြားလာရပါပြီ တဖြည်းဖြည်းနဲ့ ကျွန်မအခန်းနားနီးလာပြီ တဖြည်းဖြည်းကျွန်မအခန်းရှေ့ရောက်လာတော့ ခြေသံတွေရပ်သွားတယ် ကျမ ရင်တွေလည်းတဒိန်းဒိန်းခုန်နေပြီ

ခဏလေးရပ်သွားပြီးတဲ့နောက် လူအကြီးကြီးတယောက် အခန်းထဲဝင်လာတာတွေ့လိုက်ရတယ် ကျမလည်းရုတ်တရက်ဘာလုပ်ရမှန်းမသိတော့ဘူး လူကြီးကြီးက ခုတင်ပေါ်မှာအိပ်နေတဲ့ ကျွန်မခ္ဓာကိုယ်ဆီလျှောက်သွားပြီး ကျွန်မကိုသေချာကြည့်နေတယ် နောက် ကျန်တဲ့နှစ်ယောက်လဲလိုက်ဝင်လာပြီး သူတို့အချင်းချင်းစကားပြောနေကြတယ် တိုးတိုးတိုးတိုးနဲ့ကျွန်မဘက်လှည့်လာရင် ဝိညာဉ်မှန်းမသိရင်တောင်မှ မျက်နှာကိုတန်းသိနိုင်တာမို့ ဆိုဖာလက်တင်ပေါ်မှောက်အိပ်ချလိုက်တယ် ကျွန်မမျက်နှာကိုမမြင်အောင်လို့ပါ

အခန်းထဲမှာတော်တော်ကြာကြာစကားပြောပြီးမှထွက်သွားကြတယ် ကျွန်မလည်းလန့်လွန်းလို့ ထွက်ပြီးသားအသက်တောင်နောက်တခါထွက်လို့ရင်ထွက်လောက်ပြီ သူတို့ခြေသံတွေတော်တော်ဝေးဝေးရောက်မှ အခန်းပြင်ထွက်ပြီး ဦးသောင်းတင်တို့အုပ်စုကိုရှာဖို့ဓာတ်လှေကားနားရောက်လာတယ် အဲ့ဒီ့အချိန် မှလှေကားကနေတဒုန်းဒုန်းတက်လာတဲ့ခြေသံတွေကြားတော့ ဟိုလူတွေပြန်လာပြီဆိုပြီး ကျွန်မလည်းနောက်လုံးဝလှည်မကြည့်ဘဲပြေးပါတယ်

အခန်းထဲပြန်မပြေးတော့ဘဲ အပေါ်ဆုံးထပ်ရှိတဲ့ဘက်ကိုပြေးပါတယ် ခြေသံတွေကလည်းနောက်ကထပ်ချပ်မကွာလိုက်လာပါတယ် ကျွန်မအပေါ်ဆုံးထပ်ရောက်တော့ပြေးစရာမရှိတော့ပါဘူး ကျွန်မလည်းတော်တော်ကိုမောနေပြီ နောက်ကတဟဲဟဲ သံတွေကြားလို့ပြန်လှည့်ကြည့်လိုက်တော့

ဦးသောင်းတင်တို့အုပ်စုရယ် ဟောဟဲ ဟောဟဲ လိုက်နေတယ် တယောက်က အောက်မှာငုတ်တုတ်ထိုင်ပြီး

''သောက်ကလေး နောက်လှည့်မကြည့်ဘဲ စွတ်ပြေးရလား လိုက်ရတဲ့လူတွေသေတော့မယ် ငါတို့မှာညည်းအော်သံကြားပြီး ရင်ခွဲရုံကနေဒီအထိ ပြေးးးးးပြေးးးးလာလိုက်ရတာ အမလေး နှစ်ခါပြန်သေတာ ဒါမျိုးးမှအစစ်''

''မသိလို့ပါ ဦးလေးတို့ရယ် သမီးက ဟိုလူတွေလိုက်လာတာ ထင်လို့ ပြီးတော့ပြောရအုံးမယ် ဒီနေ့ညနေ လူ ကောင်လေးတယောက်က သမီးကိုမြင်တယ်သိလား စကားတောင်ပြောကြသေးတယ်''

''ဟုတ်လို့လား သူကလူရောဟုတ်ရဲ့လား နင့်လိုမျိုးဖြစ်နေအုန်းမယ်''

''မဟုတ်ဘူး လုမှလူအစစ် သေချာတယ် ''

''ဒါဆိုကောင်းတာပေါ့ နင့်မိဘတွေကို နင်မသေသေးတဲ့အကြောင်းပြောခိုင်းရမယ်''

''ဟုတ်တယ် ဒါပေမယ့် သမီးမိဘတွေက ယုံဦးမှကို ဒါမဖြစ်နိုင်တဲ့ကိစ္စပဲ သွားပြောလဲ မယုံလောက်ဘူး ပြီးတော့သူတောင်သမီး ဝိညာဉ်ဆိုတာမသိဘူး''

''ဟေ ဟုတ်လား ဒါနဲ့ခုနက အသံပြဲကြီးနဲ့အော်တာဘာဖြစ်လို့လဲ''

''အဲ့ဒါ သမီး ဝိညာဉ်ခေါ်သူတွေရောက်လာလို့လှေကားကနေ ပြေးလာတုန်း ဆံပင်ဖားလျား မိန်းမတယောက်က လက်ကိုအတင်းဆွဲထားလို့လန့်ပြီးအောလိုက်တော့ ဟိုလူတွေလိုက်လာတယ် သူလည်းအသံကြားတာနဲ့ သမီးထက်အရင်ပြေးတက်သွားတာ အပေါ်ရောက်တော့မတွေ့တော့ဘူး''

''ဟုတ်လား ဟိုဂျမ်းတော ထင်တယ် ခုဘာမှမဖြစ်တော့ပါဘူး ဘာပဲဖြစ်ဖြစ် နင်ကိုယ့်ဟာကိုယ် ကြိုးစားရင် ကြိုးစားပြီး ခန္ဓာကိုယ်ထဲပြန်ဝင်နိုင်အောင်လုပ် မဟုတ်ရင် အဲ့ကောင်လေးကိုအကူအညီတောင်း အဲ့လိုလုပ်မှရမယ် ''

''ဟုတ်''

''ကဲ ဒါဆိုရင်ခွဲရုံဘက်ပြန်သွားလိုက်ဦးမယ်''

''သမီးလည်းလိုက်မယ်လေ မနေရဲလို့''

''အေးလိုက်ခဲ့''

ကျွန်မတို့ ငါးထပ်ဆင်းလာတော့ ဆရာဝန်တွေ round လှည့်ပြီးး အပြန်ဓာတ်လှေကားနားတောင်ရောက်နေပြီ သူတို့နဲ့လိုက်ဖို့ဓာတ်လှေကားနားကိုပြေးရပြန်တယ် အောက်ထပ်ရောက်တော့ ရင်ခွဲရုံဘက်သွားကြတယ် ခုန တယောက်ထဲမို့ကြောက်ပေမယ့် ခု သူတို့တွေပါတာကြောင့် မကြောက်တော့ပါဘူး ရင်ခွဲရုံမှာလည်း တနေ့တနေ့ သရဲတွေကပိုပိုများလာပါတယ် ဦးသောင်းတင်က ခွဲတမ်းနေရာချပေးပါတယ် ဟိုအကောင်က ဟိုသစ်ပင် ဒီအကောင်ကဒီသစ်ပင်နဲ့ သူက လူကြီးတယောက်လိ

ခွဲတမ်းနေရာတွေချထားပေးပြီးတော့ ကျွန်မတို့အပေါ်ထပ်ပြန်တက်တော့ 12 နာရီကျော်နေပါပြီ ကျွန်မလည်း ပြေးရလွှားရတာမောပန်းပြီး ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာပဲဝင်အိပ်လိုက်ပါတယ် သူတို့တွေကတော့ ကျွန်မအခန်းထဲမှာတယောက်တနေရာဆီ

ကျွန်မအိပ်ရာနိုးလာတော့ အခန်းထဲမှာဘယ်သူမှမရှိတော့ပါဘူး ညနေတောင်စောင်းနေပြန်ပါပြီ ကျွန်မလည်းမနေ့ကကောင်လေးကိုသတိရသွားပြီး အောက်ထပ်ဆင်းဖို့ထွက်လာခဲ့တယ် အခန်းပြင်ရောက်တော့ အမေနဲ့အဖေ အပြင်ကပြန်လာတာတွေ့လိုက်ရတယ် ကျမ နဲ့မျက်နှာချင်းဆိုင်လာနေပေမယ့် သူတို့ကျမကိုမမြင်ကြပါဘူး ပူဆွေးဝမ်းနည်းနေတဲ့အဖေနဲ့အမေကို အခန်းထဲဝင်သွားတဲ့အထိလိုက်ကြည့်နေမိပါတယ်

ကျွန်မအောက်ထပ်ရောက်တော့ ဦးသောင်းတင်တို့နဲ့ တည့်တည့်ကိုတိုးပါတယ်

''ဟယ် ကလေးမ ဘယ်လဲ''

''အင် ဦးလေးတို့ဆီလာတာလေ ဘယ်လဲဦးလေးတို့က ''

''အရေးပေါ်ဆောင်ကပြန်လာတာ ညည်းခုဟိုကောင်လေးနဲ့သွားတွေ့မလို့မဟုတ်လား ငါတို့လိုက်ခဲ့မယ်''

''အော် အင်းးလိုက်ခဲ့လေ သွားတော့မခြောက်နဲ့နော် ''

''အေးပါ''

ကျွန်မတို့အုပ်စုအပြင်ရောက်တော့ သူကရောက်နှင့်နေပါပြီ မနေ့ကလိုနားကြပ်လေးတပ်ပြီးသီချင်းနားထောင်နေတာ ကျွန်မလာတာမြင်တော့ နားကြပ်လေးခေါက်သိမ်းလိုက်တယ်

''လာလေ ဒီနေ့နောက်ကျတယ်နော် မနေ့ကအိမ်မပြန်ဘူးလား''

ကျွန်မ မနေ့ကအကျီ င်္နဲ့မို့မေးတာဖြစ်မယ် အဲ့ဒီ့နေ့ ကျမစကားပြောချိန်မရပါဘူး သူကချည်းရေပက်မဝင်အောင်ပြောပါတယ် ကျမ ကဘေးနားကနေ အင်းတလုံးပဲလိုက်နိုင်ပါတယ် သူပြောချင်တာတွေု
ပြောပြီးတော့ ညနေတော်တော်စောင်းနေပါပြီ ကျမလည်း ဟိုလူကြီးတွေလာမှာကြောက်နေပါတယ် ဦးတိုးတိှု့ကတော့အေးဆေးပါပ

''ငါလေ သူများတွေနဲ့ဆို စကားအများကြီးမပြောဘူး နင့်ကိုကြတော့ ဘာလို့အများကြီးပြောပြနေမိပါလိမ့်''


''ကောင်လေးက ကောင်မလေးကို အဟင်း အဟင်း''

သူကတော့ကြားပုံမပေါ်ပါဘူး ကျွန်မလည်းယောကငပြီးလှမ်းငေါက်လိုက်တယ်

''ဟာ ဦးတိုး''

''ဟင် ဘာလဲ ''

''သြော် ဟိုမှာငါ့ဦးလေးကိုတွေ့လိုက်လို့ တော်တော်မှောင်နေပြီ င်ါလစ်တော့မယ် နောက်နေ့မှတွေ့တာပေါ့ ''

''အေးပါ ''

ဒီတယောက်ကလည်း ထူးဆန်းတယ် ကျမကြတော့မြင်ပြီးဦးတိုးတှိုကြတော့မမြင်ဘူး ကျမတို့ပြန်လာတော့ ဦးတိုးတို့ကနောက်ကနေတောက်လျှောက်လိုက်စနေတယ်

''ညည်းကလည်း ခဏလေးထပ်နေလိုက်တာမဟုတ်ဘူး ဟိုက ရည်းစားစကားပြောတော့မှာကို''

''ဟာ ဦးတိုးကလည်း မဟုတ်ပါဘူး''

''အယ်ကောင်မလေး ရှက်နေပြီ ရှက်နေပြီ ''

အဲ့ဒီ့အချိန် ဆေးရုံထဲဝင်မလို့လုပ်တုန်းရင်ခွဲရုံဘက်က မည်းမည်းတကောင်ပြေးချလာတယ်

''ဆရာတိုး လုပ်ပါဦး ဟိုမှာ ဟိုကောင်တွေ အပင်လူုရင်းရန်ဖြစ်နေကြလို့ ''

''ဟေ ဟုတ်လား ငါနဲ့တွေ့ပြီပေါ့ကွာ သမီးပြန်နှင့် ခဏလိုငက်လခဲ့မယ် ပြန်ရဲတယ်မလား''

''ဟုတ် ပြန်ရဲပါတယ်''

သူတို့လည်းရေးကြီးသုတ်ပြာနဲ့ပြေးထွက်သွားကြတယ် ကျမလည်းဆေးရုံထဲဝင်တော့ ဆရာဝန်တယောက်အပေါ်ထပ်တက်ဖို့လှေကားထဲဝင်သွားတော့ ကျမလည်းအပြေးလိုက်စီးရတယ် ဒီဘဝ ဒါလေးတခုပဲမကောင်းတာရှိတယ် ဓာတ်လှေကားထဲလည်းဆရာဝန်တယောက်ပဲပါတယ်

အပေါ်ထပ်ရောက်တော့ ဓာတ်လှေကားကလှေကားနဲ့မျက်နှာချင်းဆိုင်အနေအထားမှာ ဓာတ်လှေကားကထွက်ထွက်ခြင်း လှေကားရဲ့မှောင်ရိပ်ထဲကနေ မနေ့က ဆံပင်ဖားလျားနဲ့မိန်းကလေး ကျွန်မကိုစိုက်ကြည့်နေတာ မြင်လိုက်ရတယ်
သရဲစာအုပ် ၏ ဓာတ်ပုံ
သူစိုက်ကြည့်နေတာမြင်တော့ ကျွန်မလည်းအရမ်းလန့်သွားတယ် ခေါင်းငုံ့ပြီးသူ့ကိုလုံးဝလှည့်မကြည့်ဘဲ အခန်းဘက်လျှောက်လာခဲ့တယ် အခန်းနားမရောက်ခင်မှာ သူကနောက်ကပြေးလိုက်လာပြီးကျွန်မ လက်ကိုဖမ်းဆွဲထားတယ် ကျွန်မလည်းလုံးဝလှည့်မကြည့်ရဲဘူး အော်ဟစ်အကူညီတောင်းပေမယ့် ဘယ်သူမှမကြားကြဘူးလေ ကျွန်မလက်ကောက်ဝတ်လည်းတော်တော်နာနေပြီ ကျွန်မလည်းဘယ်လိုမှရုန်းမရတော့အော်နေတုန်းပဲ ခဏကြာတော့ ခြေသံကျယ်ကြီးတွေကြားလာရပြီး တော်တော်နီးလာတော့မှ ကျွန်မလက်ကို လွှတ်ပြီးပြေးပါလေရော ကျွန်မကတော့ ပြေးချိန်မရလိုက်ဘူး လူအကြီးကြီးတွေက ကျွန်မဆီလာနေကြပြီ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး ရပ်နေလိုက်တယ် အနားရောက်လာတော့ နှစ်ယောက်က ဟိုမိန်းကလေးနောက်ပြေးလိုက်သွားပြီး တစ်ယောက်ကတော့ ကျွန်မရှေ့မှာ ရပ်ကျန်နေခဲ့တယ်

ကျွန်မကိုစိုက်ကြည့်နေပေမယ့် ပြန်မကြည့်ရဲပါဘူး ကျမ လက်ကို ဇတ်ခနဲဆွဲယူပြီးကြည့်နေတယ် ခုနက မိန်းကလေးအတင်းညှစ်ထားတာကြောင့် လက်ကောက်ဝတ်မှာအညိုအမည်းစွဲနေတာပါ ကျွန်မလက်ကိုဆွဲပြီးအခန်းထဲခေါ်သွားတယ် ပြီးတော့ခုတင်ပေါ်က ကျမခန္ဓာကိုယ်ကို ပြတယ် ထူးထူးဆန်းဆန်းပဲ ကျမလက်မှာလို အညိုအမည်းစွဲနေတယ်

''ဝိညာဉ် ဖြစ်နေလို့မထိခိုက်နိုင်ဘူးတော့မဟုတ်ဘူး မင်းထိခိုက်တာနဲ့အပြငိက မင်းခန္ဓာကိုယ်လဲ ဒဏ်ရာပေါ်လာလိမ့်မယ် တချို့ကဒဏ်ရာတင်မဟုတ်ဘူး သေအောင်လည်းလုပ်နိုင်တယ် မင်းကခုထိမသေသေးဘူး ''

''ဟုတ် ကျမလည်းမသေချင်သေးဘူး ခန္ဓာကိုယ်ထဲပြန်ဝင်ချင်တယ် ဘယ်လိုလုပ်ရမလဲ ''

''အဓိက ကစိတ်ပဲ မင်းဒီခန္ဓာကိုယ်ထဲပြန်ဝင်ပြီး တခုခု အရေးကြီးတာလုပ်ဖို့ရှိတာ စဉ်းစား ဒါမှမဟုတ် စိတ်နဲ့လူနဲ့ကပ်ဖို့စဉ်းစား စိတ်ထဲမှာတွေးမင်းခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကဘာ လည်း ထိန်းချုပ်နိုင်ဖို့ကြိုးစား ကဲ လုပ်ကြည့် ''

ကျမလည်း ခုတင်ပေါ်ကအနေအထားအတိုင်းလှဲချလိုက်တယ် သူကတော့ဘေးကနေ နည်းလမ်းတွေပြောပြပေးနေတယ်

''ရလား မျက်စိမှိတ်ပြီး ခံစားကြည့် လက်သီးဆုပ်ကြည့်ရလား စိတ်ကိုနှစ်ထားမပြန့်လွင့်စေနဲ့ ရလား''

''မရဘူး စိတ်ညစ်တယ် ''

''အားမလျော့ပါနဲ့ အချိန်မတန်သေးလို့ပါ တယောက်ယောက်ရဲ့ အကူအညီ လိုတာလဲဖြစ်နိုင်တယ် အချိန်လွန်သွားရင်မကောင်းဘူး ကိုယ့်ဟာကိုအဖြေရှာကြည့် ဟုတ်ပြီလား ''

သူလည်းဟိုနှစ်ယောက်ပြန်လာတာနဲ့ ထွက်သွားတယ် ဘာကိုအဖြေရှာမှာပါလိမ့် သူလည်းနားမလည်သလို ကျမကိုယ်တိုင်လည်းနားမလည်တော့ဘူး ဘယ်သူမှလည်းနားမလည်နိုင်ဘူး အဲ့ဒီ့အချိန် အခန်းထဲကိုအမေရယ် ရေဇလုံတစ်လုံးကိုင်ပြီး ရောက်လာတယ် ပြီးတော့ ခုတင်ပေါ်မှာ မေ့မြောနေတဲ့ ကျွန်မရဲ့ လက်တွေကို ရေပတ်တိုက်ပေးနေပါတယ် မျက်နှာလည်းတော်တော်မကောင်းဘူး တိုက်ပေးနေရင်းနဲ့ မျက်ရေည်တွေကျလာပြီး စကားတွေပြောနေတယ်

'' ကလေးမ ငါကညည်းကို ခဏပဲ အလည်သွားခိုင်းတာ အပြီးထွက်သွားခိုင်းတာမဟုတ်ဘူး ရက်တွေကြာနေပြီ ခုထိဘာလို့ဘာမှမထူး ခြားသေးတာလဲ အမေနဲ့လုပ်စရာတွေအများကြီးရှိသေးတယ်လေ ကလေးရဲ့ အဲ့လိုကြီးစိတ်ကောက်မနေနဲ့ အမေ့ကို ထကြည့်ပါဦး ''

အမေ့ပါးပေါ်က ကျလာတဲ့မျက်ရည်တွေ သုတ်ပေးဖို့ကြိုးစားနေပေမယ့် အမေ့ကို ထိလို့ကိုင်လို့မရ နိုင်ဘူး

''အမေ အမေ့သမီးဒီမှာပါ သမီးအမေပြောတာတွေ အကုန်ကြားပါတယ် သမီးအမေ့ရှေ့မှာရှိနေပါတယ် ''

အမေကျမ ပြောတာတွေမကြားပါဘူး ငိုလို့နေတယ် ခဏတော့အဖေရောက်လာပြီး အမေ့ကိုနှစ်သိမ့်နေပါတယ် အဖေ့မျက်နှာမှာလည်းမျက်ရည်စတွေနဲ့ အဖေက ကျမ ကိုအရမ်းချစ်တာလေ မျက်စိအောက်က အပျောက်မခံပေမယ့် ကျမ အလည်သွားချင်တယ် အရမ်းပူဆာလို့ ခွင့်ပြုခဲ့တာ သူများကို အပြစ်မတင်တတ်တဲ့အဖေက သူ့ကိုယ်သူအပြစ်တွေတင်နေမှာသေချာပါတယ် အဖေကအမေ့ကို အခန်းပြင်ထွက်သွားတယ် ဦးတိုးတို့လည်းအဲချိန်ရောက်လာကြတယ်

''စိတ်မပျက်ပါနဲ့ သမီးရယ် ဦးတို့လည်းရှိပါတယ် သမီးကိုအစွမ်းကုန် ကူညီမှာပါ ဟုတ်ပြီလား အိပ်လိုက်ဦး ''

သူတို့လည်းပြောပြီးပြန်ထွက်သွားကြတယ် ကျွန်မလည်းခုတင်ပေါ်မှာ အိပ်မပျော်မခြင်း အကြိမ်ကြိမ်ကြိုးစားကြည့်နေတယ် အချိန်တော်တော်လင့်တော့ ကျွန်မအိပ်ပျော်သွားတယ် ဟိုဘက်အခန်းက အသံဗလာတွေကြောင့် လန့်နိုးလာတယ် ဒီတခါ ကတော့ မနက်ခင်းမှာနိုးနေတယ် နေရောင်နွေးနွေးလေးတောင် အခန်းထဲရောက်နေပြီ အိပ်နေရာထလာပြီး အခန်းပြတင်းပေါက်ကနေအောက်ထပ်ကိုလှမ်းကြည့်လိုက်တယ် ဆေးရုံဝန်းထဲမှာ နေပူဆာလှုံနေတဲ့ လူနာတွေတော်တော်များတယ် ခါတိုင်းထိုင်နေကြခုံတန်းလေးကိုလှမ်းကြည့်လိုက်တော့ ဟိန်းထက်အောင်တယောက် ထိုင်နေတာတွေ့တယ်

ခါတိုင်းကျမက ညနေဘက်မှ သူနဲ့တွေ့တာဆိုတော့ သူမြင်တာဖြစ်မယ် မနက်ပိုင်းဆိုမြင်ချင်မှမြင်မှာဆိုပြီး စမ်းသပ်ကြည့်ချင်တာနဲ့အောက်ထပ်ဆင်းလာလိုက်တယ် မနက်ပိုင်းဆိုတော့ သိပ်မကြောက်တော့ဘူး အောက်ရောက်တော့ နေပူဆာထဲမှာထိုင်နေတဲ့သူက အရင်နေ့ကထက် ပိုထင်ပေါ်နေတယ် သူဆီတလှမ်းခြင်းလျှောက်သွားလိုက်တယ် ကျမ ကို မကြည့်သေးဘူး ရှေ့နားရောက်လာမှ မော့ကြည့်ပြီး ပြုံးပြနေပါတယ်

''မြင်တာပဲ မနက်ဖက်လည်း ''

အနားမရောက်ခင်တီးတိုးပြောလိုက်မိတယ်

''ဟင် ဘာကြီး '' ''ဘာမှမဟုတ်ပါဘူး ဟင်း''

''မနက်စာ စားပြီးပြီလား '' ''အင်း ''

မျက်နှာပေါ်ကျလာတဲ့ဆံပင်ကို လက်နဲ့သပ်တင်လိုက်တယ်

''လက်က ဘာဖြစ်တာလဲ ပြစမ်း ''

ပြောပြောဆိုဆို ကျွန်မ လက်ကို လှမ်းကိုင်ဖို့လုပ်တယ် သူကိုင်လိုက်ရင် ကျမ လူမဟုတ်မှန်းသိသွားမှာပဲ အဲ့ဒါကြောင့်အမြန် သူ့နားက ထလိုက်တယ်

''ရတယ် ဘာမှမဖြစ်ဘူး ''

'''ဘာရတာလဲ ပြစမ်းပါ အညိုမည်းစွဲနေတာ ကို ''

ပြောပြောဆိုဆို လက်ကိုအတင်းလိုက်ဆွဲနေတာကြောင့် မမိမှန်းသိလို့ ရှောင်နေပေမယ် တဖက်နဲ့ဆွဲတုန်းတဖက်က လှမ်းကိုင်လိုက်တယ် ကျွန်မ အရမ်းကိုလန့်သွားပါတယ် သူကျွန်မလက်ကို ကိုင်လို့ရတယ် ဘေးက လူတွေကြည့်လိုက်တော့ ကျမတို့ကို သတိထားမိပုံမပေါ်ဘူး

''ဒါလေးပြခိုင်းတာကို ငါနင့်လက်ကိုက်စားမှာစိုးလို့လား ''

''နင် နင်က ဘာလဲ လူရောဟုတ်ရဲ့လား ဘယ်လိုဖြစ်တာလဲ''

''ငါလားလူမဟုတ်ဘူး ''

''ဟင် ဘာ ''

''နတ်သားလေ ငါက ဟားဟား ကြည့်စမ်းပါဦးကောင်မလေး ငါကလူမဟုတ်ရင်ဘာဖြစ်မှာလည်းလို့ ''

''ငါ ဒါကို ဆရာဝန်သွားပြလိုက်ဦးမယ် ညနေမှတွေ့မယ်နော်''

''အင်း သေချာပြဦးနော် ''

ကျွန်မလည်း ဦးသောင်းတင်တို့ကို ပြောပြဖို့လိုက်ရှာရပြန်တယ် ရင်ခွဲရုံဘက်ပဲရှိနေလောက်တယ် ဟောတွေ့ပါပြီ သစ်ပင်ကြီးအောက်မှာ ဘာတွေဆွေးနွေးတိုင်ပင်နေသည်မသိ

''ဦးသောင်း ဦးတိုး '' ''ဟဲ့ဘယ်လိုဖြစ်တာလဲ မထိပ်သာမလန့်သာရှိလိုက်တာ ''

''သမီး ဝိညာဉ် ပဲရှိသေးတယ်မလား ကြည့်ပါဦး ''

''အေးလေ အဲ့ဒါကြောင့်ငါတို့ကို မြင်နေရတာပေါ့ ''

''မဖြစ်နိုင်တာ ဟိုကောင်လေးက သမီးကို ထိလို့တောင်ရတယ် '' ''ဟုတ်လား သူက ညည်းပြသနာရဲ့အဖြေများလား သူ့ကိုအကူအညီတောင်းကြည့်ပါလား ''

''မဖြစ်သေးဘူး သူကယုံပါ့မလား ''

''ဝုန်းးးးးးးးးခလွမ်း ''

စကားပြောနေတုန်း ရင်ခွဲရုံထဲက အသံကြီးထွက်လာတာကြောင့် ကျ မတို့လည်းမတိုင်ပင်ရပါဘဲ ပြေးကြည့်ကြရတော့တယ် ရင်ခွဲရုံထဲရောက်တော့ မည်းမည်းကောင်ကြီးတကောင်က အလောင်းတလောင်းကို တခုခုလုပ်ဖို့ကြိုးစားနေတယ်

''ဘာလဲဝင်ပူးမလို့လားဟ ဟဲ့သူများတွေကြလွယ်လှချည်လား ဟေ့ရပ်စမ်း ဘာလုပ်နေတာလဲ ''

မည်းမည်းကြီးကမော့ကြည့်လာတော့ ဆံပင်ဖားလျားကြီးက မျက်နှာပေါ်ကျနေတယ် ကျမကို နှောက်ယှက်တဲ့တယောက်ပါပဲ မျက်နှာကိုတော့မမြင်ရဘူး ကျမတို့ကိုလည်းမြင်ရော ရင်ခွဲရုံတဖက်နံရံကနေပြေးထွက်သွားတယ်

''မလိုက်နဲ့ ဟေ့ကောင်တွေ ပြန်လာလိမ့်မယ် ဒီကို ''

''မနေ့ကသမီးကို ဒီလိုဖြစ်အောင်လုပ်သွားတယ်''

''ဟယ် အညိုမည်းတွေပါလား သူနဲ့သမီးနဲ့ရန်ငြိုးရှိလို့လား ''

''မရှိပါဘူး သူဘယ်သူလည်းတောင်မသိဘူး ''

''ဦးလေးတို့ခုနက ဘာတွေလုပ်နေကြတာလဲ ''

''သြော်စကားပြောနေကြတာ လာ သွားမယ် ''

သူတို့နဲ့စကားပြောလိုက်တာ အချိန်တွေတော်တော်ကုန်သွားတယ် ဦးလေးကြီးတွေက ရှေးဟောင်းနှောင်းဖြစ်အကုန်ပြောပြကြတယ် ဒါပေမယ့် ဦးသောင်းတင်က သူသေရတဲ့အကြောင်းမပြောပြပါဘူး ဒီလိုနဲ့ညနေစောင်းတော့ သူတို့လည်းရင်ခွဲရုံဘက်သွားပြီး ကျမ လည်း သူနဲ့တွေ့ဖို့ဆေးရုံရှေ့ဘက် လာခဲ့တယ် ဒီနေ့တော့ သူ့ကိုပြောပြပြီးအကုန်ပြောပြဖို့ စိတ်တင်းထားလိုက်တယ် သူကခါတိုင်းလိုပဲ ခုံတန်းလေးမှာထိုင်နေပြီး ငေးနေတယ်

''ဟာ လာပြီလား ပြပြီးပြီးလားလက် ''

''အင်း ဘာမှမဖြစ်ပါဘူးတဲ့ ဟိန်းထက် ငါနင့်ကို အကူညီတခုတောင်းချင်လို့ ''

''အေးပြောလေ ''

''ငါပြောတာကို သေချာနားထောင်နော် ငါက ''

''ကလင် ကလင် ကလင် ''

''ခဏလေး ဖုန်း ''

''ဟယ်လို အဖေ ဟုတ် ဟုတ် သားခုလာခဲ့မယ် ''

''ကဲပြောလေ ဘာပြောမှာလည်း ငါသွားရတော့မယ် ''

''အင်း မနက်ဖြန်မှပြောတော့မယ် နင်သွားတော့လေ''
''အေး မနက်ဖြန်သေချာပေါက်ပြောနော် ''

သုတ်သုတ်သုတ်သုတ်နဲ့ ဆေးရုံထဲပြေး ဝင်သွားတယ် ခုမှသတိရတယ် ခေါ်သူတွေမကြောက်ရပေမယ့် ဟိုမိန်းကလေးကို ပိုကြောက်နေရတယ် ပြန်တက်ဖို့ကို မတက်သေးဘဲ ဦးတိုးတို့ကိုစောင့်နေလိုက်တယ် ညနေတော်တော်စောင်းနေပြီ ရင်ခွဲရုံဘက်ကိုလှမ်းကြည့်လိုက်တော့ ကောင်လေးတယောက် ကျမ ဘက်လှမ်းလျှောက်လာတာတွေ့လိုက်ရတယ် သူကတော့လူမဖြစ်နိုင်ဘူး တော်တော်လေးကို ဖြူဖပ်ဖြူရော်နဲ့ ကျမလည်းလန့်နေတယ် နောက်ထပ်ဒုက္ခပေးဦးမယ့်လူလား ဆိုပြီး တဖြည်းဖြည်းနီးလာတော့သူပုံကတော်တော်ကြောက်ဖို့ကောင်းနေတယ် ကျမလည်းထပြေးလိုက်တယ်

ဆေးရုံထဲဝင်ပြေးတော့ သူကနောက်ကလိုက်လာတယ် ဓာတ်လှေကားက မမှီတော့တာမို့ လှေကားကနေပဲ ပြေးတက်လာလိုက်တယ် သူနောက်ကလိုက်လာတဲ့ ခြေသံတွေက တော်တော်ကြောက်စရာကောင်းတယ် သုံးထပ်အရောက်မှာ တယောက်ယောက်နဲ့တိုက်မိလို့ကျမနောက်ကိုလဲကျသွားတယ် ပြန်ထချိန်တောင်မရသေးဘူး ဆံပင်ဖားလျားနဲ့မိန်းကလေး က ကျမပေါ်တက်ခွပြီးလည်ပင်းကိုညစ်ထားပါတယ် ဘယ်လိုမှရုန်းလို့မရပါဘူး နောက်ကလိုက်လာတဲ့ခြေသံတော်တော်နီးလာတော့

ကျွန်မတော့ သေပြီလို့ပဲတွေးမိလိုက်ပါတယ် ဘယ်လိုမှလဲ အော်လို့မရပါဘူး သူကျွန်မလည်ပင်းကိုညှစ်ထားရာက အားးးးဆိုပြီးထအော်ပါတယ် လက်ကတော့မလွှတ်သေးဘူး ကျွန်မ မျက်စိဖွင့်ပြီးကြည့်လိုက်တော့ ဖြူဖပ်ဖြူရော် ကောင်လေးက သူ့ဆံပင်ဆွဲထားတာပါ သူလည်းတော်တော်နာကျင်ပြီး ကျမ ကိုလွှတ်ပြီး သူ့ဆံပင်ကိုကိုင်ထားပါတယ် ကျမလည်းသူ့ကိုတွန်းချလိုက်တယ် ကောင်လေးက သူ့ဆံပင်ဆွဲထားတုန်း ဆံပင်အကုန်လုံးဆွဲထားတော့ သူ့မျက်နှာပေါ်လာတယ်

''ဟင် နဒီဖြိုး ''

ဟုတ်ပါ့ ဒါကျွန်မရဲ့ တခန်းထဲသူငယ်ချင်း အရမ်းစိတ်ပုပ်တာ ကျမ ကိုလည်းအရမ်းမုန်းတဲ့သူ ဒီအခြေနေမျိုးနဲ့လာတွေ့ရတယ်လို့ကောင်လေးကမလွှတ်သေးဘူး ကျမ ကတအံ့တသြနဲ့ကြည့်နေတော့

''အစ်မ သူ့ကိုသိလား ''

''အင်း လွှတ်ပေးလိုက် ''

ကောင်လေးကလွှတ်ပေးလိုက်တော့ကျွန်မကို ကြောက်စရာကောင်းတဲ့မျကိလုံးတွေနဲ့ကြည့်ပြီး ကျွန်မဆီပြန်ပြေးလာပြီး ငါနင့်ကိုသတ်မယ်ဆိုပြီးအော်ဟစ်နေပြန်တယ် ကောင်လေးကနောက်ကနေ ထပ်ဆွဲထားပြန်တယ် ဒီတခါတော့ ဦးတိုးတို့အော်ငံပေးပြီးတက်လာတဲ့ အသံတွေကြောင့် ကျွန်မကိုလွှတ်ပြီး ထွက်ပြေးသွားတယ် ကောင်လေးကပြေးလိုက်မလို့လုပ်တယ်

''မလိုက်နဲ့တော့ ကျေးဇူးပဲ နင်မရှိရင်ငါတော့သေပီ ဒါနဲ့ငါ့နောက်ဘာလို့လိုက်လာတာလဲ ''

''စကားပြောစရာရှိလို့ အစ်မက ဘာလို့ထွက်ပြေးလဲ ''

''မသိဘူးလေ ငါက ''

''ဟေ့ သမီး ဘာဖြစ်သွားလဲ ဘာဖြစ်တာလဲ ဟာလူသစ် မင်းက ဒီမှာ ဘာလုပ်နေတာလဲ ''

''ဟင် သူက လူသစ်လား ''

''ဟုတ်တယ် ရောက်တာတော့ကြာပါပီ နင့်အကြောင်းပြောပြတော့ အကူညီတောင်းမယ်လို့ကြားတာ ''

''အော်သိပါဘူး သမီးက အနှောက်ယှက်ပေးမယ့်လူလားလို့ ပြောဘာကူညီရမလဲ ''

''ဟိုဟာလေ သူတို့ပြောတာ အစ်မက အသက်ပြန်ရှင်မှာဆို အသက်ပြန်ရှင်ရင် ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါလား ''

''ဟူးးးး ငါတောင်ရှင်ပါ့မလားမသိဘူးပဲ ငါ့ဟာငါတောင်အကူညီလိုနေတဲ့ဟာကို ''

''ကျွန်တော်သေခဲ့တာသွေးရိုးသားရိုးမဟုတ်ပါဘူး ကျွန်တော်နဲ့ရန်ဖြစ်နေကြကောင်တွေ ကျွန်တော့်ကိုသတ်ခဲ့တာပါ ဒါပေမယ့် ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီးဖန်တီးထားကြတယ် ကျွန်တော့်မိသားစုကိုပြောပြပေးပါ ရဲတွေကိုရော''

''အင်း အသက်ရှင်ခဲ့ရင်တော့သေချာပေါက်ပြောပေးမယ် ဟုတ်ပြီလား ''

''ဟဲ့ နင့်အခန်းထဲမှာဘာတွေဖြစ်နေတာလဲ ဆူညံဆူညံနဲ့ပါလား ''

ကျွန်မတို့အခန်းနားမရောက်ခင်က ရယ်မောသံတွေကြားနေရတယ် ဘာဝမ်းသာစရာသတင်းများရှိနေလို့လဲ အခန်းထဲကိုကြည့်လိုက်တော့ ခုတင်နားမှာ ဆရာဝန်တွေ ဆရာမတွေဝိုင်းနေတယ် ဘာတွေဖြစ်နေပါလိမ့် အမေ့ကိုလှမ်းကြည့်လိုက်တော့ ဝမ်းသာနေတဲ့မျက်နှာနဲ့ အန်တီတို့လည်းပျော်နေကြတယ် ဆရာဝန်ကြီးက အမေ့ကို စကားတွေပြောပြီး ပြန်ထွက်လာတယ် အဲ့ဒီ့တော့မှ ကျွန်မတွေ့လိုက်ရတာက ခုတင်ပေါ်မှာ အကောင်းပကတိ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်မကိုယ်ကျွန်မပဲ အမေနဲ့အဖေက ကျွန်မလက်ကိုကိုင်ထားပြီးစကားတွေပြောနေကြတယ် ဒါပေမယ့် ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ နဒီဖြိုးရဲ့ခေါင်းဖြစ်နေတယ် ကျွန်မရဲ့ခန္ဓာကိုယ်ထဲဝင်နေတဲ့ သူ့ကို အမေ့တို့ကတော့မမြင်နိုင်ဘူး ကျွန်မလို့ပဲထင်နေကြတယ်

''ဘယ်လိုတွေဖြစ်ကုန်တာလဲ ''

''ဦးသောင်းတခုခုလုပ်ပါအုံး သမီးတော့ ဒုက္ခရောက်ပါပြီ ''

ကျွန်မစကားမဆုံးသေး ဦးသောင်းက ခုတင်နားကပ်သွားပြီး သူကို စကားပြောဖို့ လှမ်းကိုင်လိုက်တယ် ဒါပေမယ့်ထိလို့မရဘူး သူက ကျွန်မခန္ဓာကိုယ်ထဲရောက်နေတာကြောင့်

''ဒီမှာ မိန်းကလေး ဒါမင်းခန္ဓာကိုယ်မဟုတ်ဘူးနော် ပြန်ထွက်လာခဲ့ ''

ဦးသောင်းပြောနေပေမယ့် မသိချင်ယောင်ဆောင်ပြီးလုံးဝလှည့်မကြည့်ပါဘူး ကျမ အမေ့နားပြေးသွားပြီး မကြားနိုင်မှန်းသိပေမယ့်စကားတွေပြောနေမိတယ်

''အမေ့ အမေ့သမီးက ဒီမှာလေ အဲ့ဒါအမေ့ သမီးမဟုတ်ဘူး ဒီမှာကြည့်ပါဦးအမေသမီးက ဒီမှာပါ''

အမေ့လက်ကို ကိုင်ပြီးပြောနေတဲ့ ကျွန်မကို ခုတင်ပေါ်ကနေ လှောင်ပြုံးပြုံးပြီးကြည့်နေတယ် ဆံပင်လှမ်းဆွဲလိုက်ပေမယ့် သူကိုမထိဘူး ကိုင်လို့လဲမရဘူး ကျမ တစ်ယောက်ထဲအရူးလိုဖြစ်နေတာကို ကျမ ရှေ့မှာ လှောင်ပြုံးပြနေတယ် ပြီးတော့အမေ့ကိုကြည့်ပြီး

''အမေ သမီးနားချင်နေပြီ ''

''အေး အေး နားလိုက်ဦးသမီး အမေဆရာဝန်ကြီးနဲ့သွားတွေ့လိုက်ဦးမယ် ''

အမေအပြင်ထွက်သွားတာနဲ့ သူမ မျက်နှာက ရုတ်ချည်းပြောင်းလဲသွားတယ်

''နင်ဘာလုပ်တာလဲ ငါ့ခန္ဓာကိုယ်ကိုပြန်ပေး ''

''မပေးဘူးဆိုရင်ရော နင်ဘာတတ်နိုင်လို့လဲ ''

''ငါတို့က ဝိညာဉ်ခေါ်သူတွေလက် အပ်လိုက်ရုံပဲ ''

''လုပ်ကြည့်လိုက်လေ ကျွန်မက ဒီတိုင်းနေမယ်ထင်လို့လား သူဒီခန္ဓာကိုယ်ထဲပြန်ဝင်လို့မရလောက်အောင်ကိုဖျက်ဆီးပစ်မှာ တခါတည်းသေအောင်အသက်မရှင်နိုင်အောင်လုပ်ပစ်မှာ ''

''ဘာ နင် ယုတ်မာလှချည်လား ''

ဦးသောင်းတင်က ကျွန်မကိုအခန်းပြင်ဆွဲခေါ်သွားတယ်

''ဒီကိစ္စက ဒီလိုလုပ်လို့မရဘူး တယောက်ယောက်ကိုအကူညီတောင်းရမယ် သူကသမီးမဟုတ်ဘူးဆိုတာပြောပေးနိုင်မယ့်လူရှိမှရမယ် သူ့ကို အာရုံလွဲထားပြီး ငါတို့က ဝိညာဉ်ခေါ်သူတွေနဲ့ ပေါင်းပြီးသူဘယ်မှမပြေးနိုင်မှဖမ်းခိုင်းမယ် ဘယ်လိုလဲ ''

''အဲ့ဒါက ဟုတ်ပါပြီ သမီးသူ့ကို ယုံအောင်ဘယ်လိုပြောရမလဲ ''

''ကြိုးစားကြည့် ဟုတ်ပြီလား ဦးလေးတို့လိုက်ရှာလိုက်ဦးမယ် ပြီးရင်သူ့ကိုဒီခေါ်လာခဲ့ ဒီမှာပဲပြန်ဆုံမယ် ဟုတ်လား သွား သွားး ''

''ဟုတ် ဟုတ် ''

ကျွန်မလည်း သူ့အဘွားရဲ့အခန်း ရှိတဲ့ သုံးထပ်ကိုဆင်းလာခဲ့တယ် သုံးထပ်ရောက်တော့ အဆင်သင့်ပဲ သူ့ကိုအခန်းရှေ့ကခုံမှာထိုင်နေတာတွေ့တယ်

''ဟိန်းထက် '' ''ဟာ ဇူဇူး ဘာလာလုပ်တာလဲ ''

''ငါညနေကပြောမယ့်ဟာ ခုပြောမလို့ ငါ့ကိုကူညီပါဟာ ငါပြောတာသေချာနားထောင်ဟုတ်ပြီလား ''

''နင်ပြောတာကလည်းကြောက်စရာကြီး ''

''အဲ့ဒီ့ထက်ပိုကြောက်စရာရှိသေးတယ် ငါက လူမဟုတ်ဘူး ဝိညာဉ်ပဲ ''

''ဘာ '' ''ငါပြောလို့မပြီးသေးဘူး သေချာနားထောင် အရင်လက ငါအိမ်ပြန်တော့ ငါစီးပြန်တဲ့ကား မှောက်တယ် နင်သတင်းကြားရင်ကြားမှာပေါ့ ကားမှောက်တော့ ငါသတိမေ့သွားတယ် သတိပြန်ရလာတော့ ငါကသတ်သတ် ငါ့ခန္ဓာကိုယ်ကသတ်သတ်ဖြစ်နေတယ် အဲ့ဒီမှာ နင်က ငါ့ကိုမြင်လည်းမြင်တယ် ထိလို့ကိုင်လို့လဲရတယ် နင်တယောက်ပဲငါ့ကိုမြင်တာ နင့်အကူညီတခုလိုတယ် ငါ့ကိုကူညီပါ ''

''မဖြစ်နိုင်တာ ငါနင့်ကိုမြင်နေရတယ်လေ နင်ကလူပဲဟာကို မဖြစ်နိုင်တာ''

''ကဲ ဒီမှာကြည့် ''

ဘေးကအခန်းတခုထဲငို နံရံကနေတိုးဝင်ပြလိုက်တယ် အဲ့ဒီ့တော့မှ သူ့ လည်းထိုင်နေရာကနေ ခုံပေါ်ကတောင်လဲကျသွားတယ် နောက်ကိုတဖြည်းဖြည်းဆုတ်ပြီး ကျမ ကိုမျက်လုံးကြီးပြူးပြီးကြည့်နေတယ်

''ဟိန်းထက် ငါအသက်ပြန်ရှင်ချင်တယ် အခုငါ့ခန္ဓာကိုယ်ထဲမှာ တခြားတယောက်ဝင်နေတယ် ငါ့ကိုကူပြီးအမေ့ကိုပြောပေးပါဟာ ငါမဟုတ်တဲ့အကြောင်းကိုနော် ''

''အင်း ငါတော့တော်တော်လန့်သွားတယ် ဒါဆိုဒီရက်ပိုင်းငါနဲ့အတူ ရှိနေတဲ့နင်ကဝိညာဉ်ပေါ့''

''နောက်မှရှင်းပြလို့မရဘူးလား ခုအရေးကြီးလို့ပါ သူကငါ့ခန္ဓာကိုယ်နဲ့ဘာတွေ လုပ်မယ်မှန်းမသိဘူး ''

''သြော်အေး အေးရှေ့ကသွား ''

ကျွန်မတို့ ငါးထပ်ပြန်ရောက်တော့ ဦးသောင်းတင်နဲ့လူကြီးတွေကိုလှေကားနားမှာ ကုပ်ချောင်းကုပ်ချောင်းလုပ်နေတာတွေ့ရပါလေရော

''ကဲ အထဲဝင်ပြီး နဲနဲ ပွဲဆူအောင်လုပ်ဟုတ်ပြီလား ဟသူ့ကိုခုတင်ပေါ်ကမဆင်းစေနဲ့ အဓိက ကနင့်ခန္ဓာကိုယ် ဘာဖှ မဖြစ်ဖို့ဘဲ ပြီးမှ ဒီလူတွေက ဝိုင်းဖမ်းပေးလမ့်မယ် ဟုတ်ပြီလား သူတခုခုမလုပ်စေနဲ့နော် ''

''ဟုတ် '' ''နင်ဘယ်သူနဲ့ပြောနေတာလဲ ''

''အင် သရဲ ဦးလေးတွေနဲ့ ငါ့ကိုကူညီမယ့်လူတွေပေါ့ ''

''ဘာသရဲ ဟုတ်လား ''

''ကြောက်စရာမလိုပါဘူး သူတို့က သဘောကောင်းတယ် ''

''အေးပါ ဟုတ်ပါပြီ ငါကဘာပြောရမှာလည်း ''

''အထဲဝင်သွားရင် ငါ့အမေကိုတွေ့လိမ့်မယ် ငါ့ခန္ဓာကိုယ်ထဲက သူကငါမဟုတ်ဘူးလို့ပြောပေး ငါနင့်ကိုဘေးကနေ ကူပြောပေးမယ် င်ါပြောတဲ့ဟာကို ငါ့အမေကိုပြန်ပြောလိုက် ''

''အေး လန့်လို့သေတော့မယ် ''

သူက အခန်းတံခါးဖွင့်ပြီး ဝင်လာတာမြင်တော့ အမေက ဘာလဲဆိုတဲ့ပုံစံနဲ့

''ဘာကိစ္စရှိလို့ လဲ ''

''ဝါး ခုတင်ပေါ်က နင်ပဲမဟုတ်လား ''

''ဘယ်သူ့ရှာတာလဲ လူလေး ''

''ဟိုဟာ အန်တီ ကျွန်တော်ပြောတာသေချာနားထောင်ပေး ပါနော် ခုတင်ပေါ်မှာအိပ်နေတဲ့သူကအန်တီ့သမီးမဟုတ်ပါဘူး အန်တီ့သမီးရဲ့ခန္ဓာကိုယ်ထဲဝင်ပူးနေတဲ့ တခြားတယောက်ပါ ''

''ဘာလဲ ဒီကလေးဘာတွေပြောနေတာလဲ ''

''ဟုတ်တယ် အန်တီ ကျွန်တော်လည်းအစက မယုံပါဘူး ကျွန်တော်လည်းမလိမ်ပါဘူး ကျွန်တော်လည်းပညာတတ်တယောက်ပါ အန်တီ့သမီးအစစ်က ကျွန်တော့်ဘေးမှာတင်ရှိပါတယ် မမြင်ဘူးလား ဒီမှာလေမယုံရင်အန်တီ့သမီးကိုနှိုးလိုက်ပါ ပြီးတော့ အန်တီ မေးလိုက်တခုခု အနါတီ့သမီးဟုတ်တဲ့လူကဖြေနိုင်မှာပဲလေ ''

အမေကတော့ နားမလည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်ရင်း ခုတင်ပေါ်ကျမ ကိုနှိုးနေတယ်

''ဇူဇူး ထပါအုံး '' ''ဟင်ဘာလဲ မေမေ ''

''့ကြည့် ငါအမေ့ကို တခါမှမေမေလို့မခေါ်ဖူးဘူး''


''ဇူးက အန်တီ့ကိုတခါမှ မေမေလို့မခေါ်ဖူးဘူးတဲ့ ''

''ပြီးတော့ ငယ်ငယ်က ဒဏ်ရာအကြီးအကျယ်နှစါခါရဖူးတယ် အဲ့ဒါ ဘာနေရာမှာတွေလဲ သူ့ကိုမေးကြည့်လိုက် ''

''ဟိတ် နင်ငယ်ငယ်ပက ဒဏ်ရာအကြီးအကျယ်တွေရဖူးတယ်မလား အဲ့ဒါဘယ်နေရာတွေလည်း ''

နဒီ ဖြိုးရဲ့ရုပ်ကအရမ်းကိုကြောက်ဖို့ကောင်းနေပြီ ကျွန်မကို စိုက်ကြည့်နေတယ် အမေကလည်း

''ဇူဇူး ဖြေလိုက်လေ မေးနေတယ် ''

''သမီးမမှတ်မိဘူးအမေ ''

''ဟင်းဟင်းမဖြစ်နိုင်တာ ဇူးရယ် နင်ရန်ကုန်မသွားခင်ကတောင် ငါ့ကိအဲ့ဒဏ်ရာအကြောင်းပြောခဲ့သေးတယ် သေတောင်မမေ့ဘူးဆို''

နဒီ့မျက်နှာတော်တော်ပျက်နေပါပြီ

''ဇူဇူး ငါကနင့်ခန္ဓာကိုယ်ကို ခဏပဲဌားတာ ငါပြန်ပေးချင်မှဖြစ်တာ မပေးဘူးဆိုရင်ရာ ငါ့သတ်သေလိုက်လည်းနင်ဘာတတ်နိုင်မှာလည်း''

''ညည်းလိမ်လို့မရပါဘူး ငါ့သမီးခန္ဓာကိုယ်ထဲကထွက်စမ်း ''ိ

အမေကပြောပြောဆိုဆို အဖေစိပ်နေကြပုတီးကို စွပ်ချလိုက်တယ် သူလည်းမခံမရပ်နိုင်အောင်အော်ရင်း ခန္ဓာကိုယ်ထဲက ထွက်သွားတယ် သူထွက်ပြေးမလို့လုပ်တုန်း ဝိညာဉ်ခေါ်သူတွေရောက်လာပြီး သူမ ကိုတခါထည်း သံကြိုးတပ်လိုက်တယ် တစ်ချက်ရုန်းလေ ပိုတင်းလေနဲ့ လူကြီးနှစ်ယောက်ခေါ်တဲ့နေရာကို ငယ်သံပါအောင်အော်ရင်း တရွေ့ရွေ့လိုက်သွားတယ်

'' သမီး ဒီချိန်ဝင်တော့ မနက်လင်းခါနီးရင်မမှီတော့ဘူး လုပ် လုပ် ''

''ဦးသောင်း ကျေးဇူးအရမ်းတင်ပါတယ်နော် သမီး ပြန်ရှင်ခဲ့ရင်အမျှဝေပေးပါ့မယ် ''

''အေးပါသမီးရယ် အမေစောင့်နေပြီမလား သွားတော့ ''

''ဘာတွေဖြစ်နေလဲသား ''

''သူခန္ဓာကိုယ်ထဲပြန်ဝင်ဖို့ လုပ်နေတာပါအန်တီ ''

''ဝင်တော့ လူပြန်ဖြစ်မှတွေ့မယ် ''

ကျွန်မလည်းအချိန်မှီ ခုတင်ပေါ်တက်လိုက်တယ် ကျွန်မရဲ့ခန္ဓာကိုယ်ပေါ်လှဲချလိုက်တော့ ကျင်ခနဲ ခံစားလိုက်ရပြီး အလင်းတန်းကြီးတစ်ခု မျက်စိရှေ့ကဖြတ်သွားတယ်
''ဇူဇူး သတိရပြီလား ထကြည့်ပါဦး ''

''ဇူဇူးရေ ''

အသံတွေကြားပြီး ကျွန်မ အိပ်ရာကနိုးလာခဲ့တယ် မျက်စိဖွင့်ကြည့်တော့ အဖေရယ် အမေရယ် အန်တီရယ် ဦးလေးရယ် ကျွန်မကိုဝိုင်းကြည့်နေကြတယ် ငုတ်တုတ်ထထိုင်လိုက်တော့ အခန်းထောင့်မှာ ကျွန်မကိုရပ်ကြည့်နေကြတဲ့ ဦးသောင်းတင်တို့အုပ်စနဲ့ ဖြူဖပ်ဖြူရော်ကောင်လေုး

''ဟာ မအောင်မြင်ပြန်ဘူးလား ''

''ဘာတွေပြောနေတာလဲ ဇူး နင် ခန္ဓာကိုယ်ထဲပြန်ရောက်နေပီလေ ''

''ဟင် ဟုတ်သားပဲ ''

အမေ့မျက်နှာကိုလှမ်းကိုင်လိုက်တယ် အမေ့ပါးပြင်နွေးနွေးလေး အဖေ့လက်ကို လှမ်းကိုင်ကြည့်တယ် အရင်ကလိုပဲအေးစက်စက်နဲ့ ကျွန်မပြန်ရှင်သန်ခွင့်ရပြီပဲ

''ဒါပေမယ့် လူပြန်ဖြစ်ရင် ဦးလေးတို့ကို မမြင်နိုင်တော့ဘူးထင်နေတာ ''

ဝိညာဉ်ခေါ်သူခေါင်းဆောင်ကြီးက

''လက်ဆောင်ရတာပေါ့ များသောအားဖြင့်ခန္ဓာကိုယ်နဲ့ဝိညာဉ်ကင်းကွာသွားတဲ့အခါ ပြန်သတိရလာရင် ပရလောကမှာ ခဏတာနေထိုင်ခဲ့တဲ့အတွက် အလျော်အနေနဲ့ ပရလောကသားတွေကိုပြန်ကူညီပေးနိုင်ဖို့ အစွမ်းတချို့ပေးလိုက်တာမျိုးရှိတယ် ရှားပါတယ် ဒါမျိုးက ''

'' ကဲဦးလေးသွားတော့မယ် အစွမ်းတွေကိုကောင်းကောင်းအသုံးချနိုင်ပါစေ ''

''ဟုတ် ကျေးဇူးတင်ပါတယ်ရှင့် ''

ဝိညာဉ်ခေါ်သူကြီးထွက်သွားတော့ ဦးသောင်းတင်တို့အုပ်စု ကျွန်မနားကပ်လာကြတယ်

''ကဲ အမျှ ယူဖို့ ပြင်ထားတော့နော် ''

''အင်း တကယ်တော့ ငါတို့က အမျှမယူချင်လို့ကိုမယူတာ ဒီဘဝမှာငြီးငွေ့လာရင်ပြောပါ့မယ် အဲ့ကြမှကူညီပေး ဟုတ်ပြီလား အဲ့ဒီ့အစား ဒီကလေးကိုသာကူညီပေးလိုက် ''

''ကျွန်တော့်ကို ကူညီပေးမယ်မလား အစ်မ ''

''အင်း ''

''ကျွန်တော်မျိုးကိုရော ''

''သားကို အန်တီကျေးဇူးဆပ်မယ်လေ ''

''ဗျာ ''

''သမက်လေးတော်မယ် ဘယ်လိုလဲ ''

''ဟားဟား တကယ်လား အန်တီ ကြားတယ်နော် ''

''ဇူး နောက်တခါ အမေ့ကိုမပြောဘဲ ဘယ်တော့မှ အမေ့ကိုထားပြီးမထွက်သွားရဘူးနော် ''

''ဟုတ် အမေသမီးကတိပေးတယ် ''

ဆေးရုံမှာ လိုအပ်တဲ့စစ်ဆေးမှုလေးတွေလုပ်ပြီး ကျွန်မ အဖေရယ် အမေရယ် ဆွေမျိုးတွေရယ် ချစ်သူရယ် ပျော်ပျော်ရွင်ရွင်နေခဲ့ကြပါတယ် အဲ့ သရဲဦးလေးတွေနဲ့ရောပေါ့

တချို့သောပရလောကသားတွေလည်း အကူအညီလိုတဲ့အခါ ကျွန်မဆီကိုရောက်လာတတ်ကြပါတယ်

ဒါပေမယ့်တကယ် အကူညီလိုသူတွေကိုပဲ အကူအညီပေးပါတယ်

ကျွန်မ ရဲ့သေရွာပြန်ပြီးမှ ပြန်ရလာတဲ့လူ့ဘဝ လေးက ပရလောကသားနဲ့လူတွေအကြားပေါင်းကူးတံတားလေး တခုဖြစ်အောင် တစ်စုံတစ်ယောက်က ဖန်တီးပေးလိုက်တာပေါ့ရှင်

တစ်ခါတလေ ကြောက်လန့်မိပေမယ့် အခုတော့နေသား ကျနေပါပြီ သေရွာပြန် ဆိုတဲ့နာမည်လေးနဲ့

-------------------------------------(ပြီး )်

No comments:

Post a Comment