Monday, June 5, 2017

(ခြေထောက်အကြီးကြီး)


စာ နဂါး ၏ ဓာတ်ပုံ
(ခြေထောက်အကြီးကြီး)
(ကျွန်တော်ကိုယ်တိုင် ဖြစ်ခဲ့တဲ့ ပရလောက အကြောင်းပါ။ ကြောက်စရာကောင်းပါတယ်။ဖတ်ပေးကြပါနော်)
(စာရေးသူ-စာနဂါး)
ဒီတစ်ခါတော့ ကျွန်တော့ရဲ့ မှတ်မှတ်ရရ ပရလောကဖြစ်ရပ် တစ်ခုအကြောင်း ပြောပြချင်တယ်။
ကျွန်တော်ရဲ့အသက် 14 နှစ်လောက်တုန်းကပေါ့။အဖေနဲ့အမေ ပွဲကြမ်းကြတယ် ။ စာဖတ်သူ နားလည်အောင်ပြောရရင်တော့ ရန်ဖြစ်ကြတယ်ပေါ့ဗျာ။
ဘယ်လောက်တောင်ပွဲကြမ်းသွားလဲဆိုရင် ကျွန်တော့ရဲ့အမေ စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားတဲ့ အထိပါပဲ။ အမေအိမ်ပေါ်က ဆင်းသွားတော့ အဖေလည်း စိတ်ညစ်သွားတယ်။
အဖေက ကျွန်တော်တို့ရဲ့ စီးပွားရေး ကိစ္စတွေကို ဦးစီးပြီး လုပ်ကိုင်နေတဲ့လူဆိုတော့ အမေအိမ်ပေါ်ကဆင်းသွားပြီးနောက်ပိုင်း အဖေလည်း စိတ်လေပြီး စီးပွားရေးကိစ္စတွေ ဘာတစ်ခုမှ မလုပ်တော့ဘူး။
အဲ့ဒီနောက်ပိုင်း ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေးတွေ သိသိသာသာ ကျဆင်းလာတယ်။
အဲ့ဒိအချိန်မှာ ကျွန်တော်လည်း
"ငါ…ဒီအတိုင်းနေလို့မရတော့ဘူး။ အဖေကို စိတ် မလေ အောင်လုပ်ရတော့မယ် " လို့ တွေးမိတယ်။ အဲ့လိုတွေးမိပြီး ဘာကို သွားသတိရလဲ ဆိုတော့ အဖေကို အဖွားတို့ ပလက်စတစ် စက်ရုံမှာ
စိတ်ပြေလက်ပျောက် သွားနေမှဖြစ်မယ်ဆိုတာကို ပြောကြည့်ဖို့သတိရသွားတယ်။
ကျွန်တော် အဖေအနားကပ်ပြီး "အဖွားတို့ စက်ရုံမှာ စိတ်ပြေလက်ပျောက် သွားနေကြမလား အဖေ " လို့ မေးကြည့်လိုက်တော့ အဖေက ခေါင်းခါပြတယ်။
ကျွန်တော် လက်မလျော့သေးပဲ ဒုတိယအကြိမ် ကြိုးစားပြီး ပြောကြည့်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။အသက်ကို ခပ်ပြင်းပြင်းလေးရှုပြီး အဖေအနားကို ကပ်လိုက်တယ်။
"အမေ ကို ခဏမေ့ပြီး အဖွားတို့ စက်ရုံမှာ အဖေသွားနေသင့်တယ်နော်" လို့ ကျွန်တော်ပြောလိုက်တော့
" ငါ့ မသွားချင်ဘူး သားကြီးရာ" လို့ပြန်ပြောတယ်။
( ********************)
ကျွန်တော်တို့ မိသားစုမှာ ကျွန်တော်က သားအကြီးဆုံးဆိုတော့
အဖေက ကျွန်တော်ကို သားကြီးလို့ခေါ်တာဗျ။ ကျွန်တော့မှာ ချစ်စရာကောင်းတဲ့ ညီငယ်လေး တစ်ယောက်လည်း ရှိသေးတယ်။
သူ့နာမည်က သူရလင်း တဲ့။
အဖေကို အဖွားတို့စက်ရုံမှာ သွားနေဖို့ကိစ္စ ကျွန်တော်တစ်ယောက်ထဲ ပြောလို့မရဘူး ဆိုတာ ကျွန်တော်သိထားတော့ ကျောင်းကပြန်လာမယ့် ညီးလေး သူရလင်းကို စည်းရုံး ပြီး ပြောခိုင်းရတယ်။
ညီလေးပြောလိုက်တော့ အဖေက "မင်းတို့ ညီအကိုတွေ အဲ့လောက်သွားချင်နေကြရင်လည်း သွားကြတာပေါ့ကွာ " လို့ပြောပြီး
အဖွားတို့ စက်ရုံသွားဖို့ ကိစ္စ အဖေ လက်ခံခဲ့တယ်။
အဲ့ဒီနောက် အဖေနဲ့ကျွန်တော်တို့ညီအကိုနှစ်ယောက် အဖွားတို့စက်ရုံကို နေ့တွင်းချင်း taxiကားငှါးပြီးသွားခဲ့ကြတာ။
အဝတ်တစ်ထည် လူတစ်ကိုယ်စီနဲ့ပေါ့။
taxiဆိုတော့ နည်းနည်းမြန်တယ်ဗျ။ မိနစ်20အတွင်း အမှတ်3လမ်းမကြီးပေါ်က အဖွားတို့ စက်ရုံအရှေ့ကိုရောက်သွားတာ။
****************
အဲ့ဒိလိုနဲ့ ကျွန်တော်တို့ညီးအကိုနှစ်ယောက်ရယ် ! အဖေရယ်
အဖွားတို့ စက်ရုံမှာ စိတ်ပြေလက်ပျောက်နေရင်း ရက်အတော်ကြာသွားခဲ့တယ်။ အဖွားတို့ စက်ရုံက ပလစ်စတစ်
စက်ရုံဆိုတော့ လူနေထူတဲ့ ရပ်ကွပ်မှာနေလို့မရဘူးလေ။
ပလစ်စတစ်တွေ အပူပေးတော့ ညှော်တဲ့ အနံ ကြောင့်
လူနေထူထပ်တဲ့ ရပ်ကွပ်မှာနေလို့မရဘူး။
အဲ့ဒါကြောင့် အဖွားတို့ စက်ရုံက လူသူအသွားအလာ နည်းပြီး
အိမ်နီးချင်း တွေအရမ်းနည်းတာဗျ။အဖွားတို့ စက်ရုံရဲ့အရှေ့ဘက်ကိုကြည့်ရင်လည်း ခြံကွပ်အကြီးကြီးတွေ 3 ! 4 ! 5ခု ဗျ။ လူတွေမနေတော့ ခြံကွပ်ကြီးတွေထဲမှာ အပင်တွေမှနည်းတာ မဟုတ်ဘူး။
ညဘက်ဆိုရင် သွားရလာရ မှာ တကယ်ကိုကြောက်စရာပဲ။ ကင်းမှီးကောက်တွေကလည်း ပေါမှပေါ။ အဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရမှာ ကြောက်နေရတာ။
အဲ့ဒီအချိန် ကျွန်တော့အသက်က 14နှစ်ဆိုတော့ ကလေးစိတ်ပဲ ရှိသေးတာ။ အဆိပ်ရှိသတ္တဝါ တွေ အကိုက်ခံရမှာလည်း ကြောက်
! ဆော့ချက်ကလည်း နိုင်း လောက်ရှိ တာဗျ။
ဟိုမှာက စက်ရုံဆိုတော့ ကုန်ကြမ်း ပလစ်စတစ် အိတ်တွေ အများကြီးပဲလေ။ ဟိုးအမြင့်ကြီးတွေ အပေါ်က ခုန်ချရတာ ပျော်စရာ အရမ်းကောင်းတာ။
**********************(ဖြစ်ရပ်အစ)
အဲ့ဒီစက်ရုံမှာ ဂျပန်စက်ဘီး တစ်စီးလည်းရှိတယ်။ အဲ့ဒီနေ့က ကျွန်တော့စိတ်ထဲ စက်ဘီး စီးချင်တာနဲ့ ညီလေးနဲ့အတူ စက်ဘီးစီးကြတယ်။
ကျွန်တော့ရဲ့ အကျင့်က စက်ဘီးစီးရင် အရမ်းနင်းတာပဲ။
ပြောရမယ်ဆိုရင် အစီးကြမ်းတယ်ပေါ့ဗျာ။
အဲ့လိုနဲ့ ကျွန်တော်တို့ ညီအကိုနှစ်ယောက် အဖွားတို့ စက်ရုံရဲ့ အရှေ့ !
အနောက် ! တောင် ! မြောက် နေရာစုံအောင် နင်းကြတာ။
အချိန်ကလည်း မှောင်ရီပျိုးကာစပေါ့ ။ 6နာရီ ထိုးခါနီးပြီ။
အဖွားတို့ စက်ရုံရဲ့ အရှေ့ ဟိုးခပ်လှမ်းလှမ်းက လမ်းကျည်းလေးတစ်ခု ဆီကို ကျွန်တော်တို့ ညီအကို စက်ဘီးနင်းရင်း ရောက်သွားကြတယ်။ အဲ့ဒီလမ်းကျည်းလေးက အပင်း အရမ်းများလို့ လှည်းတစ်စီးတောင် ဝင်လို့မရဘူး။
စက်ဘီးတော့ ဝင်လို့ရတယ်။
အဲ့ဒါနဲ့ စပ်စုချင်တဲ့ ကျွန်တောတို့ ညီအကိုတွေ ဝင်ကြည့်ကြတာပေါ့ဗျာ။ တဖြေးဖြေနဲ့ မှောင်လာတော့ သဲသဲကွဲကွဲ
မမြင်ရတော့ဘူး။
ကျွန်တော် အဲ့ဒီလမ်းကြားထဲကို ဝင်လိုက်တာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေမိတာ။ ညီလေးကလည်းပြောပါတယ်။
" ဒီလမ်းက ကြောက်စရာကောင်းတယ် ။ နောက်ပြန်လှည့်ရအောင် ကိုကြီး"တဲ့။
ညီးလေးပြောတဲ့ စကားကို ကျွန်တော်က ဂရုမစိုက်တဲ့ပုံစံနဲ့ "မင်းက ငကြောက်လား"လို့ မေးလိုက်တော့ ညီလေးဆီက ဘာအသံမှမကြားရတော့ဘူး။
ကျွန်တော်လည်း နင်းလက်စ စက်ဘီးကို အားကုန်ထည့်ပြီးနင်းလိုက်တော့ စက်ဘီက ပိုပြီးမြန်သွားတယ်။
စက်ဘီးလေးက အဲ့ဒီလမ်းကြားရဲ့ အလယ်လောက်ရောက်တော့
ချိုင့်တစ်ခုထဲကို "ဂျုန်းခနဲ" ကျသွားတာ။
အဲ့ဒီလမ်းကြားထဲမှာ ချိုင်ခွပ် တစ်ခုရှိမှန်း အစထဲက မသိခဲ့ဘူး။
စက်ဘီးက အမြန်နင်းလာတဲ့အချိန် ! ချိုင့်ခွပ်ထဲကို အရှိန်နဲ့ထိုးကျ တော့ ကျွန်တော်တို့ ညီအကိုနှစ်ယောက်စလုံး စက်ဘီးပေါ်က ပြုတ်ကျမတက် ဖြစ်သွားတာဗျ။
အဲ့ဒီအချိန်တုန်းက "ပျော်စရာကောင်းလိုက်တာ"လို့တွေးမိတယ်။
အဲ့ဒါနဲ့ အဲ့ဒီလမ်းကျည်းလေးကို နောက်တစ်ခေါက်ပြန်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒုတိယ အကြိမ်ကတော့ ညီးလေးက
" မလိုက်ဘူး သရဲကြောက်တယ် "လို့ပြောနေတဲ့ကြားက
မရမက ခေါ်လာခဲ့တယ်။ ပြီးတော့ အဲ့ဒီလမ်းကြားလေးထဲကို စက်ဘီးနဲ့ နင်းပြီး ဝင်သွားလိုက်တယ်။
လမ်းကြားလေးထဲရောက်တော့ ကျွန်တော်က ညီလေးကိုမကြောက်ဖို့အကြောင်း ပြောလိုက်မိတာ။
"ဟဲ့ယောင် …ဘာမှကြောက်မနေနဲ့ ညီလေး…သရဲဆိုတာ တကယ်မရှိဘူး…
အလကား အတုအယောင်တွေပဲ " လို့ ပါးစပ်စည်းကမ်းမရှိ အဲ့ဒီလမ်းကြားလေးထဲမှာ ပြောလိုက်မိသွားတယ်။
ပြောလိုက်မိပြီး ချက်ချင်း ကျွန်တော်တို့ နင်းလာတဲ့ စက်ဘီးကို တစ်စုံတစ်ယောက် က အားကုန်ကန်လိုက်သလို ဖြစ်သွားပြီး
ကျွန်တော်တို့ ညီအကိုနှစ်ယောက်စလုံး စက်ဘီးပေါ်က ပြုတ်ကျသွားတာ။
ကျွန်တော်က မြေကြီးကို လက်နဲ့ထောက်မိသွားလို့ ဒါဏ်ရာမရဘူး။
ညီလေးကတော့ မျက်နာနဲ့ မြေကြီးနဲ့ ဆောင့်မိသွားပြီး နဖူးကွဲသွားတယ်။
ကျွန်တော်တို့ ညီအကိုနှစ်ယောက်အတွက် အဲ့ဒီအချိန်ဟာ ကြောက်စရာ မကောင်းဆုံးပါပဲ။
ညီလေးကလည်း နဖူးကွဲသွားပြီး သတိမရ တော့ဘူး။
စက်ဘီးကိုကြည့်လိုက်တော့လည်း တစ်စုံတစ်ယောက် ခြေနဲ့ကန်နေတဲ့ပုံစံလို ။ ဝုန်းခနဲ ထခုန်နေတာ။
ညီးလေးရဲ့ မျက်နာကို လက်နဲ့ ဖောင်းခနဲ့ နှစ်ချက်လောက် ရိုက်လိုက်မှ ညီလေးသတိရ သွားတယ်။
ညီလေးသတိရသွားတော့မှ စက်ဘီးကို အမြန်ယူပြီး ညီးအကိုနှစ်ယောက် ထွက်ပြေးရတာပေါ့။
စက်ဘီးကလည်း တွန်းလို့မကောင်းဘူး။
အဖွားတို့ စက်ရုံရောက်တော့ ကျွန်တော့တို့ ညီအကိုတွေ
ကြောက်လွန်းလို့ အသားတွေတောင် တဆက်ဆက် တုန်နေတာ။
အဲ့ဒါနဲ့ အဖေမသိအောင် နဖူးကွဲသွားတဲ့ ညီလေးရဲ့ မျက်နာမှာ သနပ်ခါး ထူထူလေး လိမ်းပြီး ဖုံးကွယ် ကြိုးစားရတော့တာပေါ့။
အဖေသိရင် သရဲခြောက်တာထက်ပိုပြီး ကြောက်စရာကောင်းအောင် အရိုက်ခံရမှာလေ။
ဒါပေမယ့်မအောင်မြင်ခဲ့ပါဘူး။ စက်ဘီးက အရှေ့ဘီးတစ်ခုလုံး ရစရာမရှိအောင် စုတ်ပျက်သွားလို့ အဒေါ် က အဖေကို တိုင်ပြောလိုက်တာ ။
အဲ့ဒီမှာ ကျွန်တော်တို့ ညီအကိုရဲ့ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ
ပြောပြလိုက်တော့ အဖေက ပရိတ်ရေ တွေ တိုက်တယ်။
ပြီးတော့ ဆူတယ်။ ပြီးတော့ ဝါးလုံး တစ်ချောင်းကုန်သွားအောင် အရိုက်ခံလိုက်ရတယ်။
နောက်နေ့ ညီလေးကို မေးကြည့်တော့ ညီလေးက ပြောတယ်။
" သူ သတိပြန်ရတော့ …ခြေထောက်အကြီးကြီး တစ်ဖက် တည်း တွေ့ခဲ့ရတယ်လို့ ပြောတယ်"
အဲ့ဒီခြေထောက်အကြီးကြီးကို ကျွန်တော်ကိုယ်တိုင်မတွေ့ခဲ့ရပေမယ့်။
ညီလေးပြောတာ ဖြစ်နိုင်ခြေ ရှိတယ်။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီနေ့က အဖြစ်အပျက်ကြောင့်ပါ။
(ပြီးပါပြီ) (စာရေးသူ- စာနဂါး)

No comments:

Post a Comment