Wednesday, June 7, 2017

ဘယ်သူတွေ အွန်လိုင်း ငွေကြေးအရောင်းအဝယ်လုပ်ကြသလဲ?

ဘယ်သူတွေ အွန်လိုင်း ငွေကြေးအရောင်းအဝယ်လုပ်ကြသလဲ?


၁) အွန်လိုင်း ငွေကြေး ရောင်းဝယ်မှု အလုပ်လုပ်ပုံ
   အွန်လိုင်း ငွေကြေး ရောင်းဝယ်မှု လုပ်ငန်းဟာ သင်အပါအဝင် ရောင်းလို ဝယ်လိုသူများအားလုံးနဲ့ ဘဏ်များကို တပြိုင်ထဲ အွန်လိုင်းမှတဆင့် ချိတ်ဆက်ထားကြ ပြီး စတော့ဈေးကွက် မှာကဲ့သို့ ဗဟိုချုပ်ကိုင်မှုမရှိဘဲ ကိုယ်ကြိုက်တဲ့ ဈေးနှုန်းမှာ ရောင်းဝယ်နေကြခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် ငွေကြေးလဲလှယ်မှုနှုန်းထားအမှန်ကို အားလုံးက တူညီစွာသိရှိနေပြီး မိမိကြိုက်တဲ့ဈေးနှုန်းမှာ ဝယ်၊ရောင်း လုပ်နိုင်ကြပါတယ်။
အားလုံးအတူတူမဲ.....
ကြိုက်ဈေးနဲ့ရောင်း ကြိုက်ဈေးနဲ့ဝယ် ဘဲဟေ့.............
၂) ဘယ်သူတွေ အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ကြသလဲ?
    ၁၉၉၀ ခုနှစ် ကျော်လောက်အထိ ငွေကြေး ရောင်းဝယ်ခြင်းလုပ်ငန်းကို အနည်းဆုံး ဒေါ်လာ ၁၀ သန်းမှ ၅၀ သန်းခန့်ထိ ရင်းနှီးမြုပ်နှံနိုင်သူများသာ လုပ်နိုင်ခွင့် ရှိခဲ့ကြပါတယ်။ သူတို့ကတော့.....
    - ကြီးမားတဲ့ ဘဏ်ကြီးများ
    - ကြီးမားတဲ့ စီးပွါးရေး ကုမ္မဏီကြီးများ
    - နိုင်ငံအစိုးရများနဲ့ သူတို့ရဲ့ ငွေစက္ကူလှည့်ထုတ်နိုင်တဲ့ အစိုးရဘဏ်ကြီးများ စသည်တို့ ဖြစ်ကြပါတယ်။
    ယခုအခါမှ အလွန်လျှင်မြန်စွာ တိုးတက်လာတဲ့ အွန်လိုင်း အင်တာနက် နည်းပညာများရဲ့ အကျိုးကျေးဇူးကြောင့် အရင်းအနှီးနည်းတဲ့ ငွေကြေးဝယ်ရောင်းကုန်သည်လေးတွေ ပါဝင်လာနိုင်ခြင်း ဖြစ်ပါတယ်။
၃) ငွေကြေးလဲလှယ်မှု သမိုင်းကြောင်း
    ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နောက် ပြသနာပေါင်းစုံ ကိုလျှော့နည်းစေနိုင်ရန် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ပေးနိုင်မဲ့ စနစ်တခု တည်ဆောက်ဖို့ အနောက်နိုင်ငံများက ဆုံးဖြတ်ပြီး "Bretton Woods System" လို့ခေါ်တဲ့ စနစ်တခုကို အားလုံးသဘောတူ တည်ဆောက်ခဲ့ကြပါတယ်။ အဲဒါကတော့ ရွှေကို စံအဖြစ်သတ်မှတ်ပြီး ငွေကြေးအားလုံးရဲ့ တန်ဘိုးကို   ရွှေနဲ့ လဲလှယ်နှုန်း သတ်မှတ်လိုက်တာဘဲ ဖြစ်ပါတယ်။
    အဲဒီစနစ်အသုံးပြုပြီး မကြာခင်မှာ နိုင်ငံကြီးတွေရဲ့ တိုးတက်နှုန်းမတူညီတာနဲ့အမျှ ဒီစနစ်ရဲ့အသုံးဝင်မှုဟာ လျှော့ပါးလာတာကို ကြုံခဲ့ရပါတယ်၊ ဒါကြောင့် ၁၉၇၁ ခုနှစ်မှာ ရှိပြီသားစနစ်ကို တခြား ငွေကြေးတန်ဘိုးသတ်မှတ်တဲ့ စနစ်တခုနဲ့ အစားထိုးခဲ့ကြပါတယ်။ စနစ်သစ်မှာတော့ အမေရိကန်က ဦးဆောင်ပြီး ကမ္ဘာ့ ငွေကြေးအားလုံးဟာ   ဈေးကွက်မှာ   ရောင်းလို ဝယ်လိုအားတွေကို အခြေခံပြီး လွတ်လပ်စွာ တန်ဘိုးပြောင်းလဲခွင့် ရှိသွားတာဘဲ ဖြစ်ပါတယ်။
    စနစ်သစ်မှာ အစပိုင်း အခက်အခဲရှိခဲ့ပေမယ့် ကွန်ပြူတာနည်းပညာ တိုးတက်လာတာနဲ့အမျှ လွယ်ကူအဆင်ပြေလာခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ စီးပွားရေးအမြှော်အမြင် ရှိသူတွေက အွန်လိုင်းကိုအခြေခံပြီး ငွေကြေးအရောင်းအဝယ်လုပ်နိုင်တဲ့ စက်တွေကိုတည်ဆောက်ပြီး ဘဏ်ကြီးတွေသာမက လူတိုင်း ငွေကြေးအရောင်းအဝယ် လုပ်နိုင်အောင် ကြံဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
နောင်လာ နောင်သားတွေ သိရအောင် မှတ်တမ်းတင်လိုက်ကြရအောင်နော်......
ဒါပေမယ့် ငါတို့ကြောင့် သမိုင်းသင်နေရတာ ဆိုပြီး မေတ္တာပို့နေရင်တော့ ဒုက္ခဘဲ.........
ကိုဗွီနိုင် ဘလော့(ဂ်)မှ ကူးယူဖော်ပြသည်။
http://myanmarforextradingeducation.com<<<Thank's

No comments:

Post a Comment