Saturday, August 19, 2017

ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်း

                     ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်း



 Wizard (X) Files မှာ ပထမဆုံးဖော်ပြချင်တဲ့လျှို့ဝှက်ချက်ကတော့ အားလုံးစိတ်ဝင်စားကြမယ့် ဝိဥာဉ်လောကအကြောင်းကိုဖော်ထုတ်ရေးသားထားပါတယ်။ ဒီအကြောင်းအရာတွေဟာ သုတေသနပြုလေ့လာချက်များအပြင် ဘာသာပေါင်းစုံကျမ်းစာများ၊ သိပ္ပံရှာဖွေတွေ့ရှိချက်များနဲ့နှိုင်းယှဉ်ထားပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ခန္ဓာကိုယ်က ရုပ်နဲ့နာမ်အကြောင်းကိုအရင်ပြောချင်ပါတယ်။ နာမ်လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ဝိဥာဉ်ဟာ ကျွန်တော်တို့ရဲ့ နှလုံးမှာရှိတဲ့ အလွန်သေးငယ်တဲ့ ချိုင့်ငယ်လေးထဲမှာ လှည့်ပတ်တည်ရှိနေတယ်လို့ ကာယာနုပဿနာကျမ်းမှာပြဆိုထားပြီးတော့ အစ္စလာမ်ဘာသာဝင်များရဲ့     "အလ်ကလာမွလ် အရ်စခို့ဖွီးအဟ်ဝါလိလ်ဗရ်ဇခ်"ကျမ်းမှာတော့ "ဝိဥာဉ်သည် ခန္ဓာကိုယ်အတွင်းတွင် အလွန်လျှင်မြန်စွာလှည့်ပတ်သွားလာနိုင်ပြီး ဝိဥာဉ်သည် လူ၏ခန္ဓာကုယ်တွင်း လှည့်လည်တည်ရှိနေသည်"လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာတွေ့ရပါတယ်။

#ရုပ်နဲ့နာမ်နဲ့ဟာ တွဲလျက်အမြဲတည်မြဲနေပါသလား . .
                  ရုပ်နဲ့နာမ်ဟာ အမြဲတမ်းတွဲလျက်တည်ရှိမနေပါဘူး။ ရုပ်နဲ့နာမ်ရဲ့ stable ဖြစ်မှုမဖြစ်မှုဟာ အောက်ပါအခြေအနေများအပေါ်မှာမူတည်နေပါတယ်။
- မိခင်ဝမ်းကြာတိုက်တွင် ရုပ်နာမ်ဆက်သွယ်မှုအားနည်းသေးသည်။
- မွေးဖွားချိန်မှသေဆုံးချိန် ရုပ်နာမ်ဆက်သွယ်မှုသည် ပထမဆက်သွယ်မှုထက် ပိုမိုအင်အားရှိသော ပတ်သတ်မှုမျိုးဖြစ်သည်။
- အိပ်စက်ချိန်ရုပ်နာမ်ဆက်သွယ်မှုသည် အလွန်အားနည်းသောဆက်သွယ်မှုမျိုးဖြစ်ပြီး ဤအချိန် ဝိဥာဉ်သည် ပုံရိပ်ယောင်လောကနှင့် ဆက်သွယ်ပူးပေါင်းသောကြောင့် ထိုအချိန်တွင်ဆက်သွယ်မှုအားနည်းရခြင်းဖြစ်သည်။
- အသက်ဇီဝိန်ချုပ်ငြိမ်းသောအခါတွင် ရုပ်နှင့်နာမ်ကွဲသွားသလို နာမ်လည်းပုံစံပြောင်းသွားသည်။

#ကျွန်တော်တို့ ဝိဥာဉ်တွေကိုဘာလို့မမြင်ရတာပါလဲ 
- လူတစ်ယောက်မှာ အကြားမှာလည်း ကန့်သန့်ကြားနိုင်သလို အမြင်စွမ်းအင်မှာလည်း ကန့်သတ်ချက်ရှိတာကြောင့် ကျွန်တော်တို့ ဝိဥာဉ်တွေကိုမမြင်ရပါဘူး။ ဥပမာ Remote Control ကထွက်တဲ့လှိုင်းကို မမြင်ရဘဲ ကင်မရာနှင့်ကြည့်မှသာ Remote Control မှလှိုင်းကိုမြင်ရသည်။

#ဝိဥာဉ်လောကက ယခုဘုံနှင့်တစ်သားတည်းရှိနေတာပါလား။
- ဘာသာတိုင်းရဲ့အယူမှာတော့ ဝိဥာဉ်လောကဟာ ကျွန်တော်တို့နေထိုင်ရာကမ္ဘာမြေမှာပဲ အမှန်တကယ်တည်ရှိနေပါတယ်။

Wizard (X) Files: ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်း(၂)

   ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းကနေပြီးတော့ ဒီတစ်ခေါက်ဖော်ပြပေးမယ့်အကြောင်းအရာကတော့ ဗုဒ္ဓဘာသာမှ နောက်ဘဝကူးပြောင်းခြင်းနှင့် သက်ဆိုင်သောအကြောင်းများပဲဖြစ်ပါတယ်။
                   နောက်ဘဝကူးပြောင်းခြင်းနဲ့ပတ်သတ်လာရင်တော့ လူအတော်များများက များသောအားဖြင့် မဟာယာနဗုဒ္ဓဘာသာဝင်များက လူတစ်ဦးဒါမှမဟုတ် ဘဝတစ်ခုပြီးရင် အဲ့ဒီသူရဲ့ရုပ်ထဲက ဝိဥာဉ်ထွက်လာတယ်။ အဲ့ဒီဝိဥာဉ်ကနေတစ်ဆင့် ယမမင်းဆီမှာ အဆုံးအဖြတ်ကိုခံယူတယ်။ နောက်ပြီးတော့ နောက်ဘဝကူးဖို့အတွက် ပြုလုပ်တယ်ပေါ့။ ဒါကို ထေရဝါဒဗုဒ္ဓဘာသာအယူအရကြည့်ရင်တော့ နာမ်တရားဟာ တည်မြဲတယ်လို့အယူရောက်တာကြောင့် ဒိဋ္ဌိတစ်မျိုးအနေနဲ့ မှတ်ယူနိုင်ပါတယ်။
              ထေရဝါဒ ဗုဒ္ဓဘာသာရဲ့အယူမှာတော့ ကျွန်တော်တို့လုပ်လိုက်တဲ့ကိစ္စတစ်ခု၊ အကုသိုလ်ဆိုအကုသိုလ်၊ ကုသိုလ်ဆိုရင်ကုသိုလ် အဲ့ဒီလိုကျွန်တော်တို့လုပ်ခဲ့တဲ့အရာတိုင်းဟာ လှိုင်းတစ်ခုအဖြစ်ခန္ဓာကိုယ်ကနေထွက်သွားပြီး နောက်ဘဝဖြစ်မယ့် ပဋိသန္ဓေနေရာကို သတင်းအချက်အလက်တွေဆက်တိုက်ပို့ဆောင်ပါတယ်။ ဒီအချက်အလက်တွေဟာ ပို့ဆောင်ပြီးသားအချက်အလက်တွေဖြစ်တာကြောင့် ကျွန်တော်တို့တတွေဟာ ပြုပြင်လို့လည်း မရနိုင်ပါဘူး။ ဒါကြောင့် ဝဋ်ဆိုတာ ဘယ်လိုမှဖျောက်ဖျက်မရဘဲလည်တတ်တယ်လို့ ပြောကြတာဖြစ်ပါတယ်။ ဒါပေမယ့် ငရဲကျမယ့်ကိစ္စလိုနေရာမျိုးကိုတော့ ကျွန်တော်တို့ ကုသိုလ်နဲ့ချေဖျက်လို့ရနိုင်ပါတယ်။

ဒါဆို ထေရဝါဒမှာဝိဥာဉ်အယူအဆမရှိဘူးလား?????
-ဒါမေးသင့်တဲ့မေးခွန်းပါ။ ထေရဝါဒဗုဒ္ဓဘာသာမှာ ဝိဥာဉ်အယူအဆရှိပါတယ်။ ဒါပေမယ့် ဝိဥာဉ်ဆိုတာကို အပယ်လေးပါးထဲမှာထည့်သွင်းထားပါတယ်။ လူထက်နိမ့်ကျတဲ့ သက်ရှိမျိုးအဖြစ် ဝိဥာဉ်ကိုသတ်မှတ်ထားပါတယ်။ များသောအားဖြင့် တစ်စုံတစ်ရာကိုစွဲလမ်းမှုရှိတဲ့အခါ ဒါမှမဟုတ် ထိတ်လန့်စွာနဲ့သေဆုံးရတဲ့အခါ (အစိမ်းသေသေတဲ့အခါ) အဲ့ဒီစွဲလမ်းမှုကိုအကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ဘဝတစ်မျိုးကိုခေါ်ဆိုခြင်းမျိုးပါ။ စွဲလမ်းမှုကြောင့် နောက်ဘဝနဲ့ယခင်ဘဝကြားထဲက ကာလတစ်ခုမှာရောက်ရှိနေတာဖြစ်ပြီး လူထက်နိမ့်ကျတဲ့အဆင့်မှာရှိပါတယ်။ ထေရဝါဒမှာလည်း ဝိဥာဉ်လိုအရာမျိုးတွေအတွက် အဆင့်အတန်းသတ်မှတ်ထားတာမျိုးတွေရှိပါတယ်။ အဲ့ဒါတွေနဲ့ နောက်ထပ် မြန်မာ့ရိုးရာနတ်(၃၇)မင်းနတ်ကိုးကွယ်မှု အယူတွေအကြောင်းကို နောက်လာမယ့် ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းမှာ ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ကူးယူဖော်ပြသည်   ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မြန်မာ့ဆေးပညာ

Myanma Traditional Medicine
Author : Journal Kyaw Ma Ma Lay

ပြည်သူ့ ကြားက ပြည်သူ့ ဆေးပညာ

Public Medicine
Author : Dr. Nwae Win

ကမ္ဘာ့ ဆေးဖက်ဝက်ဖြစ်လာတဲ့ကြက်သွန်ဖြူ ၊ချင်း ၊ပျားရည်

World Medicinal Garlic, Ginger and Honey
Author : Mg Mg Hlaing (At Site Ku)

သိပ္ပံနည်းကျ လက်တွေ့ ဆေးလိပ်ဖြတ်နည်း

Methods & Tips to Quit Smoking
Author : Kyaw Thet Khine

ငှက်ပျောသီးနှင့်ကျန်းမာရေး

The Benefit of Banana
Author : Dr. Khin Maung Lwin

မြန်မာ့ တိုင်းရင်းဆေးပညာနှင့်ဆေးဖက်ဝင် အပင်များ

Myanma Traditional Medicine and Herbages
Author : Ye Thaddi

အလှအပနှင့်ကျန်းမာရေး

Beauty and Health
Author : Akari Wai Wai

အမျိုသားတွေလိုချင်တာက SEX အမျိုးသမီးတွေလိုချင်တာက LOVE

Men Need Sex and Ladies Need Love
Author : Dr. Mo Lar

စိတ်ရောကိုယ်ပါ ကျမ်းမာစေမည့် ယောဂကျင့်စဉ်များ

Mind & Body Healthy Ways Of Exercise “Yoga”
Author : Nan Su Kay Swam

ယောဂကျင့်စဉ်နှင့်သိမှတ်ဖွယ်ရာ ၁၀၁ နည်း

Yoga Practice and 101 Training Ways
Author : Nan Ei Ei Zar

ခန္ဒာကိုယ်အတွင်း ဆဲလူလိ(တ်)အဆီပြင်များ စနစ်တကျဖယ်ရှားနည်း

Way to Remove Cellulite
Author : Nan Ei Ei Zar

အများသုံး မြန်မာ -အင်္ဂလိပ်-ပါဠိ အဘိဓာန်

The Universal Burmese-English-Parli Dictionary
Author : U Hote Sain

ခြောက်ဘာသာ စကားပြောနည်း

အင်္ဂလိပ်စာ ရေးနည်း


English Writing (Upper Intermediate)
Author : U Aung Hein Kyaw

အဆောက်အဦးလုပ်ငန်း အခြေခံစံနှုန်းများ

Analysis of Rates for Building Works
Author : Ministry of Construction

အင်္ဂလိပ် စကားပြော

English Speaking
Author : U Aung Hein Kyaw

Tuesday, August 15, 2017

လိပ်ပြာဝိညာဉ်လွင့်လေလျှင် (မောင်ကျောက်တိုင်)


လိပ်ပြာဝိညာဉ်လွင့်လေလျှင် (မောင်ကျောက်တိုင်)


လိပ်ပြာလွှင့်အတတ်ပညာ အမေး-အဖြေ


လိပ်ပြာလွှင့်အတတ်ပညာ အမေး-အဖြေ

မြန်မာ-အင်္ဂလိပ်-မလေး

Myanmar-English-Malay Vocabulary
Author : M Shain Myint

စိတ်ပညာနှင့် ကိုယ်ကျင့်တရား

Psychology and Morals
Author : U Aye Mg

စိတ်ဝိညာဉ်ဆိုင်ရာလေ့လာတွေ့ ရှိချက်များ (ဦးအေးမောင်)


  • စိတ်ဝိညာဉ်ဆိုင်ရာလေ့လာတွေ့ ရှိချက်များ (ဦးအေးမောင်)

  • Description: 
    စိတ်ဝိညာဉ်ရှိသူ လူသားတိုင်း တစ်ကွေ့မဟုတ် တစ်ကွေ့ကြုံရနိုင်သည့် အကြောင်းအရာများကို သုတေသပြု ရေးသားထားသော စာအုပ်ဖြစ်သည်။ အထူးသဖြင့် တယ်လီပတီ၊ အနာဂတ်ကိုသိခြင်း၊ လူတစ်ကိုယ် နှစ်ကိုယ်ခွဲခြင်း၊ လူဝင်စားမှု၊ တစ္ဆေ၊ သေသူနှင့် ဆက်သွယ်နိုင်မှု၊ နတ်ဝင်သည်၊ အတိတ်ဘ၀နှင့် ယခုဘ၀ခံစားမှု၊ သေခါနီး နိမိတ်ထင်ခြင်း၊ ပုဏ္ဏက တိုက်ခြင်း၊ အပမှီခြင်း၊ ဓာတ်စီးနတ်ဝင်ခြင်း၊ လူဝင်စားစသည့် အကြောင်းအရာတို့ကို ၀ိဇ္ဇာပညာရှင်တို့၏ ထောက်ခံချက်၊ ကန့်ကွက်ချက်၊ စဉ်းစားရန်အချက်များဖြင့် ထောင့်စေ့အောင် တင်ပြထားသည်။ တစ်နည်းအားဖြင့် နာမ်လောက၏ ပြဿနာအားလုံးကို ဤစာအုပ်တစ်အုပ်တည်းဖြင့် ထိထိမိမိ ခြုံငုံဖော်ပြထားနိုင်သော ကျမ်းစာတစ်စောင်လည်းဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံမှ လူဝင်စားမှု နှစ်မှု၊ ပြင်သစ်နိုင်ငံမှ အမြင်ရပုဂ္ဂိုလ်များ၊ တိရစ္ဆာန်များနှင့် ပရ၀ိညာဉ်၊ ရေကြောဝိဇ္ဇာများအကြောင်းကိုလည်း စိတ်ဝင်စားဖွယ် ဖော်ပြပေးထားသည်။
New Discovery of Psycho 
Author : U Aye Mg

Monday, August 14, 2017

မသိမဖြစ် အင်္ဂလိပ်စကားလုံး ၃၀၀၀

3000 Essential Words
Author : Nyo Myint Thein

ဝိဘတ်နှင့်တွဲသော အင်္ဂလိပ်-အင်္ဂလိပ်-မြန်မာ အဘိဓာန်

Dictionary with Prepositions for You
Author : Zay Ya

မသိမဖြစ်သိထားသင့်သော စကားပြောပုံစံများ

Dialogues You Should Know
Author : U Than Phae (Ae Lann Nyun)

အသုံးချ ဝါကျလမ်းညွှန်

Usage of Applied Sentence
Author : Kyi Shoon

ကပ်သီးကပ်သတ် အင်္ဂလိပ်စကားလုံးများ

Restricted Manner English Words
Author : Tar Yar Min Wai

အင်္ဂလိပ်၊အမေရိကန် အီဒီယမ်များ အဓိပ္ပါယ်နှင့်သုံးစွဲပုံများ

English, American Idioms, Meaning & Way of Uses
Author : Hla Tha Main