Monday, June 5, 2017

(ရေကန်ထဲက သရဲမ)


Jpc Moe ၏ ဓာတ်ပုံ(ရေကန်ထဲက သရဲမ)

(ညမှဖတ်ရ)
(စဆုံး/)
ကျနော် တို့  မိသားစု လေးယောက် ရှိတယ်။
ဖေဖေ ရယ်။ မေမေ ရယ် ။ ကိုလေး ရယ်။ ကျနော် ရယ်ပေါ့
ကျနော် က အငယ်ဆုံး ကျနော် အသက် ၂၀ ပါ ကိုလေးနဲ့ 
ဆိုရင် ၆နှစ် ကျော်ကျော်လောက် ကွာတယ်။
တစ်နေ့ ဖေဖေ တဝန်ကျတဲ့  မြို့ ကို မိသားစုလိုက် ပြောင်း
ရတယ် ဖေဖေက အစိုးရဝင်တန်း ဆိုတော့ ခနခန ပြောင်းရွှေ့ ရ
တယ်။
ဖေဖေ တာဝန်ကျတဲ့  မှောဘီမြို့ ကို ညတွင်းကြီးပဲ ပြောင်းကျရတယ်။
အဲ့ခြံကြီး အရှေ့ ရောက်တော့ ကျနော် စိတ်တွေ အလိုလို
လေးလာတယ် ဘာဖြစ်မှန်းမသိဘူး ကြောက်စိတ်တွေ တစ်ဖြွားဖြွားပေါလာတယ်။
အိမ်ထဲရောက်တော့ ပြောင်းလာမယ်လို့  ကြိုသတင်းပေး
ထားတော့ တစ်အိမ်လုံး သန့် ရှင်း သတ်ရပ်နေတာပဲ။
ဖေဖေ နဲ့  မေမေ လည်း ခရီးပန်း လို့  ထင်ပါရဲ့ စောစောပဲ
အပေါတက် အခန်းထဲ ဝင်အိပ်ကျတယ်။
ကိုလေးက တစ်ခန်း ဗျ အပေါ်ထက်မှာ အခန်း သုံးခန်းထဲ
ရှိတယ် ဖေဖေ နဲ့  မေမေ က တစ်ခန်း ကိုလေးက တစ်ခန်း။
ကျနော်ကတော့ အောက်ထက်က မီးဖိုချောင် ဘေးက အခန်း မှာ အိပ်ရတယ်။
အိပ်ယာပြောင်းတော့ တစ်မျိုးကြီး ဖြစ်ပြီး အိပ်လို့ မရတာ
နဲ့  ခြံထဲစင်း လမ်းလျှောက် နေရင်း ကျနော် နောက်ကနေ အရိပ်
တစ်ခု ပြေးသွားတာ တွေ့ လိုက်ရတယ်။
ကျနော်လည်း သူခိုးထင်ပြီး နောက်ကနေ လိုက်ချောင်းတာ
ခြံနောက်ထဲကို ဝင်သွားတာဗျ။
ပြီးတော့ ခြံနောက်ဘက်မှာ ၁၅ပေ ပါတ်လည်လောက်ရှိ
မယ်ဗျ ရေကန်လေး တစ်ကန် နောက်တော့ ကျနော်ကြည့်နေတဲ့
အရိပ်ကြီးက ကန်ထဲဆင်းသွားပြီး ပြန်ပေါ မလာတော့ဘူး။
ကျနော်လည်း ခနစောင့်ကြည့်နေလိုက်တယ် ပြန်မပေါလာ
တော့ဘူးဗျ အဲမှာ အတွေး တစ်ခုဝင်လာတယ် ငါ ငါသရဲခြောက်
ခံနေတာလား မသိဘူးဆိုပြီး ပြေးတော့တာပဲ။
အိပ်ခန်းထဲ ပြန် ဝင်လာပြီး ဂုတင် ပေါ လှဲနေလိုက်တယ်
ခန ကြာတော့ အပုပ်နုံ့  ကြီးဗျာ ထောင်းနေတာပဲ အခန်းထဲဝင်
လာတာ ကျနော်ဖြစ် ချက်ချင်း အံချလိုက်မိတယ်။
ပြီးလည်းပြီးရော ညည်းသံကြီးဗျ ကြောက်စရာကြီး ချမ်းတယ် ချမ်းတယ် အီး အီး ငါချမ်းတယ် အမယ်လေး
ဖေဖေ မေမေ တို့  မကြားရဘူးလားမသိဘူးဗျာ။
အချိန်က ၁၂နာရီ ဝန်းကျင် ချွပ် ချွပ် ဟာ ကျနော် အခန်း ရှေ့ မှာ ခေါက်လို့ ခေါက်ပြန် လျှောက်နေတယ်။
ခနနေတော့ ခြေသံ တိပ်သွားတယ် ဒေါက် ဒေါက် ငါချမ်း
လို့  ငါကို လာခေါပါ လာခေါပါ ဟီး ဟီး အား. . . .
ကျနော် လည်း အသံကုန် အော်ပြစ်လိုက် တယ် သား သား
ဘာဖြစ်လို့ လည်း၊ ဘာဖြစ်တာလည်း ည၊ီ ကိုလေး ညီ ညီ ကြော
က် တယ်။
ဘာ ဘာဖြစ်လို့ လည်း ဖေဖေ မေမေ သား သား ကြောက်
တယ် သ သရဲ သရဲ ရှိတယ်။
သား သား စိတ်ငြိမ်ငြိမ်ထားလေ သရဲမရှိပါဘူး ပြန်အိပ် ပြန်
အိပ်လိုက်သား သားကြီး ဗျာ မေမေ မင်းညီလေးနဲ့ အိပ်ပေးလိုက် ဟုတ်ဟုတ် မေမေ နဲ့ ဖေဖေ
နားလိုက်တော့လေ။
ကိုလေး ဘေးနားမှာ ရှိနေတော့ အဲ့ည ကို ကောင်းစွာ အိပ်
ပျော သွားခဲ့သည်။
မိုးလင်းတော့ ဖေဖေ မေမေတို့ က ရုံးသွားကျတယ် ကိုလေး
က အလုပ်သွားတယ် ကျနော် တစ်ယောက်ထဲ ရှိတယ်။
ညတုန်းက ကန်ကြီးကို သွားကြည် လိုက်မိတယ် အား.. ..
မျက်စီစုံ မှိတ်ပြီးအော်ပြစ်လိုက်တယ်။
ကန်ထဲမှာ မိန်းမကြီးတစ်ယောက် သေနေတာဗျ ပါတ်လတ်
ကြီးပေါ နေတာ တွေလိုက်ရတယ်။
ခနနေတော့ မျက်စီပြန် ဖွင့်ကြည့်လိုက်တော့ ဘာမှမရှိဘူး
ရေကန်ကြီးပဲတွေတယ်။
ကျနော်လည်း စိတ်ထင်တာပါ ဆိုပြီး ခြံရှေ့ ပြန်မယ် အလုပ်
နောက်ကနေ အေးစပ်နေတဲ့ လက်ကြီး က လှမ်းဆွဲလိုက်သလို
ပဲ ဗျာ ကျနော်လက် တစ်ခုလုံးအေးစက်သွားတယ်။
ကျနော်လည်း နောက်ကို လှည့်မကြည့်တော့ပဲ တစ်ချိုးထဲ
ပြေးတာပေါ့ နောက်ကနေ ရီသံကြီးက အဆက်မပြတ် ကပ်ပါ
လာတယ် အိမ်ထဲ ရောက်မှ ပြောက်သွားတယ်။
ကျနော်လည်း ကြောက်လို့  အခန်းထဲဝင်ပြီး စောင်ခေါင်းမြီး
ချုံပြီး အိပ်နေလိုက်တယ်။ တီ။ တီ အမယ်လေး ဖုန်းလာတာဗျ
ဟလို သားငယ် ဖေဖေ နဲ့ မေမေ ဒီည ပြန်မလာတော့ဘူး
အဲ့ဒါ သားငယ် မနက်က ချက်ထားတဲ့ အမဲသား ဟင်းနဲ့ ပဲ
ထမင်းစားလိုက် မေမေတို့ မနက်ကျမှ တစ်ခုခု ဝယ်လာခဲ့မယ်
ကြားလား သားငယ် ဟုတ် ဟုတ်။
ဘာကြောင့်မှန်း မသိဘူး ကျနော် အသံတွေ တုန်ပြီး အားငယ်လာတယ် ကိုလေးကလည်း ကိုလေးကလည်း ဒီည
ပြန်မလာပြစ်ဘူးတဲ့။
ကျနော်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး အခန်းထဲမှာ
ဘယ် လို အိပ်ပျောသွား လည်း မသိဘူး ၈နာရီထိုးတော့ လန်နိုး
သွားတယ်။
မီးဖိုချောင်ထဲက ထမင်းတွေ စားနေတဲ့ အသံကြားလိုက်ရ
တယ် ကျနော်လည်း ကိုလေး ပြန်ရောက်နေပြီ ဝမ်းသာအားရနဲ့ 
အခန်းပြင်ပြေးထွက်လိုက်ပြီး မီးဖိုချောင်ပါတ်ကို ကြည့်လိုက်
တယ်။
အား. . . . . သရဲမကြီးက ကျနော်စား မဲ့ အမဲသားတွေနဲ့ 
ထမင်းတွေ ထိုင်စားနေတာ ဗျာ ကြောက်စရာကြီး။
ကျနော်လန့် ပြီး အော်လိုက်တော့ ထမင်းစားနေရင်းနဲ့ ခနာကိုက အဲ့တိုင်းကြီး ခေါင်းကြီးက တစ်ပါတ်လည်ပြီး ကျနော်
ကိုလှည့်ကြည့်လိုက်တဉ်။
အား ၊ကြောက်စရာ ကြီး ဗျာ မျက်နှာကြီးက တစ်ချမ်းတည်း
ပဲပါတယ် ပြီးတော့ ကျနော် နားကို ဝုန်းဆို လှမ်းခုန်လာတယ်။
ကျနော်လည်း ငယ်သံပါအောင်အော်ပြီး အခန်းထဲဝင်ပြေး
လိုက်တယ် ဒါမဲ့ တခါးပိတ်ဖို့ မေ့သွားတယ် အခန်းတခါးပြန်ပတ်
မယ် အလုပ် သရဲမကြီးက အခန်းရှေ့ ။ မှာ မတက်ကြီး ရပ်နေပြီ
အား။ တစ်ကိုလုံးလည်း ရေတွေ ရွှဲနေတာပဲ ပြီးတော့
အမဲသား တုန်းကြီးကို ပါးစပ်ကနေ ကိုက်ထားသေးတယ်
မျက်နှာက တစ်ချမ်းထဲ ပါတယ်။
အဒီ မျင်ကွင်းကို မျင်နေရတဲ့ ကျနော် အား . . . . သရဲမကြီး
ကိုကြည့်ပြီး စိတ်က ထိန်းမရတော့ဘူး တဖြည်းဖြည်း နဲ့ သရဲမ
လက်ကြီးနှစ်ဖက်က ရှည်ထွက်လာပြီး ကျနော်လည်ပင်းကို
ညစ်တော့မယ်။
အား. .ကြောက်တဲ့စိတ်က လုံးဝကို ထိန်းမရတော့ဘူး
စိတ်တွေဘာဖြစ်မှန်း မသိဘူး ခန်တင်းပေါက် တခါးဖွင့်ပြီး ခုန်ချ
လိုက်တာ ဗွင်း ဆိုပြီး ရေကန်ထဲ ပြုပ်ကျသွားတယ်။
ရေကန်ထဲမှာ ရေအောက်ကနေ တစ်ယောက် တစ်ယောက်က
ကျနော် ခြေထောက်ကို လှမ်းဆွဲထားသလိုပဲ ကျနော်ရုန်းလိုမရ
တော့ဘူး။
# ¥ j * p * c * ¥ # { m }{ ရေကန်ထဲက သရဲမ }
« ဇာက်သိမ်းပိုင်း »
ကျနော် ခြေထောက်ကို ရေအောက်ကနေ တစ်ယောက် ယောက်က လှမ်းဆွဲ ထားသလိုမျိုး ရုန်းလို့ မရတော့ဘူး။
အဲ့ အချိန်မှာ ချောက်ချားဖွယ်ရာ ရီသံကြီး တစ်ခု အဆတ်
မပြတ် ထွက်ပေါလာတယ်။
ဟီး . .ဟီး . . ဟား . .ဟား . . အား . . .ကျနော်လည်း
အသံကုန်အော်ပြီး ရီုသမျှအားနဲ့  ရုန်းလိုက်တာ ရေအောက်က
လှမ်းဆွဲထားတဲ့ လက်နှစ်ဖက်လို့ အရာကြီးက လွတ်ထွက်သွား
တယ်။
ကုန်းပေါ ပြန်တတ်မယ် အလုပ်မှာ ကျနော်ရှေ့ တည့်တည့်
မှာ သရဲမကြီးက လက်ကြီးနှစ်ဖက် ဆန့် ထုပ်ပြီး ကြည့်နေတာ။
မသိရင် အစိမ်းလိုက် ကိုက်စားတော့မဲ့ ပုံစံကြီး သွား . သွား
သရဲမ သွား . . ဟား . . . ဟား . . . ဟီး . .ဟီး . .။
အား . . . မျက်စီ စုံမှိတ်ပြီး အော်လိုက်တော့မှ သရဲမ ပျောက်
သွားတယ် ကုန်းပေါ မြန်မြန်ပြေး တက်ပြီး အိမ်ထဲဝင်ပြေးတာ
အနောက်ကနေ ကပ်လိုက်လာတာဗျာ။
ဘေးချင်းကပ်လာလိုက် သရဲမ ရဲ့ တစ်ချမ်းပဲပါတဲ့ မျက်နှာ
ကြီးက ပေါ်လာလိုက် ကျနော်ဖြစ် အိမ်ထဲဘလို ရောက်သွားမှန်း
မသိလိုက်ဘူး။
အခန်းတံခါးကို ဆောင့်ဖွင့်ပြီး လော့ချလိုက်တယ် အဝတ်
အစား မြန်မြန်လဲပြီးတော့ စောင်ခေါင်းမှီးခြုံ နေလိုက်တယ်။
ဟီး . .ဟီး . . ဒေါက် . ၊ဒေါက် . . ဟား . . .ဟီး . . သရဲမ
သရဲမ သွား . . . ထွက်သွား မလာနဲ့ ။
ဒေါက် . .ဒေါက်. . ချမ်းတယ် ချမ်းတယ် ဟီး . . .ဟီး . . .
ချမ်းလို့  ငါချမ်းနေပြီ ငါမနေချင်တော့ဘူး ငါမနေချင်တော့ဘူး
ဟီး. . .ဟီး . . . အဲ့ဒီရေကန်ထဲမှာ နင် နေရမယ် နင်နေရမယ်
ဟား . . . ဟား။
မနေဘူး မနေဘူး ကျနော်မနေဘူး မခေါ်နဲ့ မခေါ်နဲ့ မနေဘူး
သွား သွား သရဲမ သွား မလိုက်ဘူး မလိုက်ဘူး။
ဟီး . . ဟီး . . နေရမှာ . နေရမှာ . လိုက်ခဲ့ . လိုက်ခဲ့ပါ
လိုက်ခဲ့ရမယ် ဟီး ၊ ဟီး . ဟီး . .။
ခနကြာတော့ သရဲမ အသံ မကြားရတော့ဘူး သရဲမ ပြန်
သွားပြီလားမသိဘူးဆိုပြီ ဂုံတင်ပေါက ဆင်းပြီး တံခါးကို အသာ
လေး ဟ ကြည့်လိုက်တာ။
အား . . . ဟီး . . . ဟီး . . ဂျိမ်း တံခါးပြန်ပိတ်လိုက်တယ်
အွမ့့် ကျနော် အြံချပလိုက်ရတော့တယ် ဟီး . .သရဲမ ကြီးက
သူဗိုက်ကြီးကို လက်ကြီးနှစ်ဖက်နဲ့ ခွဲပြီး အထဲက အူတွေကို
နှိုတ်စားနေတာဗျ အမယ်လေး ကြောက်စရာကြီးဗျာ။
ဟီး . . . ဟီး . . . ငါဗိုက်ဆာတယ် ငါဗိုက်ဆာတယ် ငါ့ကို
ထမင်းကျွေး ထမင်းကျွေး ဟီး . .ဟီး . . မကျွေးရင် နင့်ကိုငါစား
ပြစ်မယ် ဟား. . . ငါစားပြစ်မယ်. ဟီး . ဟီး. .။
သွား . . သွာ့း့  မီးဖိုချောင်ထဲမှာရှိတာတွေ စာ့း့ စား
 စားလိုက် ဟီ့း့  ဘာမှမရှိတော့ဘူး ငါစားလို့ ကုန်ပြီ မရှိတော့
ဘူး ငါဗိုက်ဆာတယ် ငါဗိုက်ဆာတယ်။
ခများစားလို့  ကျနော်တောင် အခုထိ ဘာမှ မစားရသေးဘူး
မသိဘူး ဗိုက်ဆာတယ် ဗိုက်ဆာတယ် ငါကိုထမင်းကျွေး ကျွေး
မကျွေးရင် နင့်ဗိုက်ကိုခွဲပြီး အူတွေကို ငါစားမှာနော် ဟီး ဟီး။
ကျနော်လည်း ဘာလုပ်ရမှန်း မသိတော့တာနဲ့  ရှိသမျှ သတိ
အကုန်စုပြီး ဒေါက် . . .ဒေါက် ဟိတ် အခန်းရှေ့ က သရဲမ သရဲမ ဘာလည်း အမယ်လေး ဟီး ဟီး . .။
သရဲမ ဒီနေ့ တော့ ခများစားလို့  အကုန်ကုန်သွားပြီ ဘာမှ
ကျွေးစရာ မရှိတော့ဘူး အေ ဒါမဲ့ခများ ကျနော်ကို ဂတိတစ်ခုပေး
ရမယ် ဟီး . .ဟီး . .ဘာဂတိ ပေးရမှာလည်း။
နောက်ထက် ခများ ကျနော်ကို မချောက်တော့ဘူး ဆိုရင်
နေ့ တိုင်း ခများကို ကျနော် ထမင်းကျွေးမယ်။
အဲ့ ဂတိ ခများပေးနိုင်လား ဟီး . .ဟီး . . ပေးနိုင်တယ်.
အေ ဒါပေမယ့် နင် ငါ့ကိုလိမ်ရင်တော့ နင်အသက် ဒီထက်ပိုရှင်
နိုင်တော့မှာ မဟုတ်ဘူး ကောင်လေး။
ဟီး . . .ဟီး . . . နင် ငါ့ကို ညာရင် နင့်အသက်ကို ငါလာ
နုပ်မယ်ဆိုတာ နင်မှတ်ထား မှတ်ထား . .ဟား . . .ဟီး . . .ဟီး
စိတ်ချ ကျနော်ပါတ်က ဂတိတည်တယ် ခများသာ ဂတိတည်ဖို့ 
အရေးကြီးတယ် ဟား. . .ဟီး . . .။
ကဲ ဒါဆိုလည်း သရဲမ အခုထွက်သွားတော့ ကျနော်အိပ်ချင်
နေပြီ နေဦး ကောင်လေး ငါအတွက် နေ့ တိုင်း အမဲသားဟင်းနဲ့ 
ကျွေးရမယ် ကြားလား။
နင်လိမ်လို့ ကတော့ ဟား. . . ဟား . . . ဟီး . . ဟီး. .
နင့်တို့  တစ်မိသားစုလုံးကို သက်ပြစ်မယ် သက်ပြစ်မယ် ဟား .
ဟား . . . ။
ရီသံကြီးနဲ့ အတူ သရဲမ ပျောက်သွားတယ် ဟူး. . .ကျုပ်
လည်းပြီးပြီးရော ပြောလိုက်တာ ဒါပေမဲ့။
ဘယ်လိုလို အိပ်ပျောသွားမှန်း မသိဘူး ဒေါက် ဒေါက် သား
သားငယ် ထတော့လေကွယ် မေမေတို့ တောင် ပြန်ရောက်နေပြီ
ပဲ အချိန်ကို ကြည့်လိုက်တော့ ညနေ ၃နာရီ ဝန်းကျင်။
သားငယ် သွား သွား ရေမိုးချိုးလိုက် မေမေ အောက်မှာ
ထမင်းဝိုင်းပြင်ထားမယ် ဟုတ် မေမေ ဒါနဲ့ ကိုလေးရော မေမေ
နင့်ကိုလေး အလုပ်ကိစ္စနဲ့  ခရီးထွက်သွားတယ်။
သုံးလေးရပ်လောက် ကြာမယ်ပြောတယ် သား အော် ဟုတ်
ဟုတ် မေမေ သား ရေသွားချိုးလိုက်ဦးမယ် အေ အေ။
ရေချိုးခန်းထဲ ဝင်ပြီး ရေဘားဖွင့် ငုပ်တုပ်ထိုင်နေလိုက်ပြီး
ညတုန်းက ကိစ္စကို ဖေဖေနဲ့  မေမေကို ပြောပြရင် ကောင်းမလား
လို့ စဉ်းစားနေတုန်း အား . . .။
သား . . . သားငယ် ဘာဖြစ်တာလည်း ဘာမှမဖြစ်ပါဘူး
မေမေ သား သား ချောလဲမလိုဖြစ်ပြီး လန့် အော်မိတာပါ။
ရေဇလားထဲမှာ သရဲမ ခေါင်းကြီး ပေါ်နေတာ မေမေကိုပြော
လိုက်ပါက ဟီး . .ဟီး . . .ဟဲ့ကောင်လေး နင့်စကားတည်ပါစေ
နော် သွား . .သွား . . ကျနော် ဂတိတည်ပါတယ်။
ဟီး . . . ဟီး . . . ရေမြန်ချိုးပြီး ရေချိုးခန်းထဲက မြန်မြန်
ထွက်ခဲ့လိုက်တယ်။ အခန်းထဲပြန်ဝင်ပြီး အဝတ်အစားလဲ
ထမင်းဝိုင်းထဲဝင်ထိုင်လိုက်တယ်။
သား သားငယ် မျက်နှာလည်း မကောင်းပါလား ဟုတ်တယ်
မေမေ သား ခေါင်းနည်းနည်းမူး နေလို့ ပါ ထမင်းပန်ကန် အခန်း
ထဲပဲ ယူသွားလိုက်တော့မယ်မေမေ။
အခု ဗိုက်သိပ်မဆာသေးလို့ အေ အေ သား သဘောလေ
ဟုတ် မေမေ ထမင်းပန်ကန်ယူပြီး အခန်းထဲ ပြန်လာခဲ့
လိုက်တယ်။
အချိန်ကား ၁၁နာရီ ဝန်းကျင် ဖေဖေနဲ့  မေမေလည်း အိပ်
ပျော်နေပြီ အဲ့အချိန်မှာဗျာ ရေကန်ထဲက သရဲမ သောင်းကျမ်းပြီ
ရေတွေ လက်ကြီး နှစ်ဖက်နဲ့  ရိုက်နေတာ ဗွမ်း ဗွမ်း. .။
ကျနော်လည်း သိလိုက်ပါပြီ သရဲမ ဗိုက်ဆာနေပြီဆိုတာ ဒါနဲ့ 
မစားပဲ ချန်ထားတဲ့  ကျုပ်ထမင်း ပန်ကန်လေး ကိုင်ပြီး နှောက်
ဖေးဘက်ထွက်ပြီး ရေကန်နား မှာ ထမင်းပန်ကန်ချပေးလိုက်
တာပေါ့။
သရဲမ ကျုပ်ဂတိတည်တယ်နော် ခများလည်း ကျုပ်ကိုမ
ချောက်နဲ့  ကိုရောင်လာမပြနဲ့  ကျနော်အိမ်ရှေ့ ရောက်မှ ခများ
ထွက်နော်။
ကျနော်လည်း သူ မျက်နှာဆိုးကြီး ကို မကြည့်ရဲတာနဲ့ ချက်ချင်း အိမ်ရှေ့ ပြန်ထွက်လာခဲ့တယ် အမယ်လေး သောက်
ခွေးကတစ်မျိုး လန့် တာ။
နောက်ပိုင်း သရဲမ က ပိုပိုဆိုးလာတယ် အမဲသား တစ်နေ့ 
ကို တပိဿာ ကျွေးရမယ်တဲ့ ဒါတင်ပဲလား မဟုတ်သေးဘူးဗျ
ထမင်းတစ်နေ့ ကို တစ်နက်တည်းစားရတာ မဝဘူးတဲ့ဗျာ။
ဘာပြောတယ် မှတ်လည်း ထမင်းတစ်နေ့ ကို ည မနက်
နှစ်ကြိမ် ကျွေးရမယ်တဲ့ဗျာ ကြာရင် ကျနော်လည်း ကြာရင်
အရိုးဖြစ်တော့မယ်။
ဒါနဲ့ ဖေဖေနဲ့ မေမေကို ပြောပြလိုက်တော့ ဖေဖေကလည်း
သိပ် အချိန်မဆွဲပါဘူး ချက်ချင်း ပဲ သဲကားမှာပြီး ရေကန်ကို ဖို့ 
ပလိုက်တယ် အေးရော။
ကျနော် လည်း အေးဆေးဖြစ်သွားပြီဆိုပြီး ထမင်းစားသောက်
ပြီး အခန်းထဲဝင် တုံးလုံး လှဲနေလိုက်တယ်
အိပ်မပျောတာနဲ့ ပဲ။
ဟိုစဉ်စား ဒီစဉ်းစား နေရင်း ကျနော် နှခေါင်းထဲ အပုပ်နုံ့ 
တစ်ခု ရလိုက်တယ်ဗျ ကျက်သိမ်း မွှေးညင်းများတောင်
ထတယ်။
ခနကြာတော့ ဒေါက် ဒေါက်. . ဟဲ ငါဗိုက်ဆာတယ် ငါ့ကို
ထမင်းကျွေးလေ နင် ဂတိမတည်ရင် နင့်ကို ငါသက်ပြီး နင့်ဗိုက်
ထဲက အူတွေကို ဖောက်စားမှာနော်။
အမယ်လေး သရဲမ ထမင်းလာတောင်းနေပြီ ထမင်းက မရှိ
တော့ဘူး ကျနော်စားလိုက်တာ ကုန်ပြီ ဒါနဲ့ ကျနော်လည်း ကြံရာ
မရဖြစ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။
အသံကုန် အော်တော့တာပဲ သား သား ဘာဖြစ်တာလည်း
မေမေ သရဲ သရဲမ ကြီး ထမင်း လာတောင်း နေပြန်ပြီ မေမေ
အမယ်လေး ဒီ အတိုင်းဆို မဖြစ်တော့ဘူး။
တစ်ခုခုလုပ်မှ ရတော့မယ် မိုးလင်းတာနဲ့  အိမ်မှ ဘုန်းကြီး
သုံးပါး ပင့်ပြီး တရားနာ ရေဆက်ချလိုက်ပြီး အမျှဝေလို့ 
သာဓု သုံးကြိမ်ခေါ်ဆိုပြီးနောက်။
ဝုန်း ဝုန်း ဝုန်း ဆိုတဲ့ အသံကြီး နဲ့ အတူ အပုပ့်နံ့ ကြီး တစ်ခု
က ထောင်းကနဲ့  ထွက်ပေါ်လာတာ ကျနော်ဖြင့်
အံန်ချ ပြစ်လိုက်ရတယ်။
အဲ့နောက်ပိုင်း သရဲမ လည်း ထမင်း လာ မတောင်းစား
တော့ပါဘူးဗျာ။
****************** «**» *****************
*ပြီး*ပါ*ပြီ*

No comments:

Post a Comment