Monday, June 5, 2017

ရေကန်နားကသရဲမ

ရေကန်နားကသရဲမ (ကိုယ်တွေ့ဖြစ်ရပ်)
အမှန်တကယ်ကိုယ်ဖြစ်ပျက်တာတွေမတင်သင့်ပါဘူးဒါ လေးကကျွန်တော်တို့ဟာသအဖြစ်အပျက်လေးမို့တင်လိုက်တာဒါလေးဖတ်ဘဝအမောလေးတွေဖြေဖျောက်နိုင်ပါစေ
ကျွန်တော်ရွာမှာဆိုမြို့မှာလိုဈေးဝယ်ထွက်ရတာဟုတ်ဘူး
ရွာမှကဖားရှာငါးရှာစားရတာတနေ့ကျွန်တော်
ဟင်းစားသွားရှာတာကျွန်တော်သူငယ်ချင်းဗလနဲ့ပေါ့
ဟင်းစားရှာတော့ညနည်းနည်းချုပ်သွားတယ်
ကျွန်တော်တို့ရွာကရေကန်ကရွာသားတွေဖမ်းလို့ငါး
တွေသိပ်မရှိတော့ဘူးဒါနဲ့ရွာထိပ်ကရေကန်မှာသွားဖမ်း
တာအဲမှာကညောင်ပင်တစ်ပင်ရှိတယ်ညောင်ပင်က
အရမ်းအိုနေပြီကျွန်တော်တို့သရဲဆိုတာမယုံဘူး
ဗလနဲ့ရွာထိပ်ကကန်မှာငါးသွားဖမ်းတာ
ညကလဲ၈နာရီလောက်ဖြစ်သွားပြီ
ရေကန်ကငါးတွေမှအများကြီးဓာတ်မီးနဲ့ထိုးကြည့်တာ
ကျွန်တော်တို့လဲဘာမှမစဉ်းစားဘဲပါလာတဲ့ခြင်းလေးကို
လွယ်ပြီးငါးတွေကိုကောက်ထဲတာပေါ့
လေတွေကတော်တော်တိုက်တယ်ကျွန်တော်ဘာမှ
မစဉ်းစားဘဲငါးဘဲကောက်ထဲနေမိတယ်
ဒါနောက်ကနေသရဲမဘယ်အချိန်ရောက်နေလဲမသိဘူး
ကျွန်တော်တို့ကငါးတွေကိုခြင်းတောင်းထဲထည့်
သရဲမကနောက်ကနေကျွန်တော်တို့ထည့်သမှကိုနှိုက်
စားနေတာကျွန်တော်ကထည့်သူကစား
အချိန်ကြာလာတော့ဗလကဟေ့ကောင်ဒီလောက်ဆို
ငါးတွေအများကြီးရနေလောက်ပြီတော်ကြရအောင်
ကျွန်တော်ကလဲအေးပါဆိုပြီးငါးတွေထည့်ထားတဲ့ခြင်း
တောင်းထဲကြည့်ရောငါးလေးတကောင်နှစ်ကောင်
လောက်ဘဲကျန်တော့တယ်ဘာဖြစ်တာလဲပေါ့
အဲချိန်ကျွန်တော်နှာခေါင်းထဲပုတ်စော်နံကဖြတ်သွား
အဲချိန်မှာဗလကဟေ့ကောင်သူရငါ့နှာ......နှာခေါင်းပေါ်
မှာ .......ဘာ......ဘာကြီးလဲမသိဘူးကျွန်တော်ကမော့
ကြည့်လိုက်ရောသရဲမကညောင်ပင်ကနေဇောက်ထိုး
ကြီးကျွန်တော်လဲ သ........သရဲဆိုပြီးပါလာတဲ့ခြင်း
တောင်းနဲ့ကောက်ထုပြီးငယ်သံပါအောင်အော်ပြီးပြေး
တာတန်းနေတာဘဲ
ဗလကပိန်တော့သူပြေးတာကျွန်တော်လိုက်မမီဘူး
ရွာထိပ်ရောက်တော့မီးကင်းစောင့်တဲ့အဖွဲ့ကကျွန်တော်
တို့ကိုဝိုင်းတာပြီးဘာဖြစ်တာလဲမေးတော့ ကျွန်တော်
တို့သဘဲရှိသေးတယ်သူတို့အုပ်စုပြေးတာတန်းနေတာ
ကျွန်တော်တို့လဲငယ်သံပါအောင်အော်ပြီးပြေးတာပေါ့
ရွာသားတွေကတားပြီးကျွန်တော်ရယ် ဗလရယ်မီးကင်း
စောင့်အဖွဲ့ရယ်ကိုဘုန်းကြီးကပုရိတ်ရေရယ် ပုရိတ်ကြိုး
ရယ်ဝတ်ပေးလိုက်မှကြောက်စိတ်လေးနည်းနည်းပြေ
သွားတော့တယ်ပြီမှဘုန်းဘုန်းမေးတော့ဖြစ်ခဲ့တာလေး
ပြောပြတကယ်ဆိုအခြောက်ခံရတာကျွန်တော်
အဲဒါကိုမီးကင်းစောင့်အဖွဲကိုသလို့ဘဲပြောရသေးတယ်
ကြောက်စိတ်ကြောင့်၇ရက်လုံးမီးကင်းစောင့်အဖွဲဖျားပါ
လေရောအမှန်တကယ်မီးကင်းစောင့်အဖွဲကကျွန်တော်
တို့နောက်ကလိုက်လာတဲ့သရဲမကိုမြင်လို့ပြေးတာ
ကျွန်တော်တို့ကနောက်မလှည့်ကြည့်ဘဲပြေးတာလေ
အဲအချိန်ကစပြီးအဲရေကန်ကိုဘယ်တော့မှမသွားတော့
ပါဘူး
ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ကောင်းရင်နောက်ထပ်တင်ပေးဖို့ရှိပါသေးတယ်အာေးပးကြပါ

No comments:

Post a Comment