Monday, June 5, 2017

(ခြောက်တဲ့သရဲ သောက်ရှက်ကွဲ)


Thu Yaa Aung ၏ ဓာတ်ပုံ
                   (ခြောက်တဲ့သရဲ သောက်ရှက်ကွဲ)
အချိန်ကာလကဆောင်းတွင်းအရမ်းကိုချမ်းလိုက်တာမှ ခိုက်ခိုက်ကိုတုန်နေတာပဲဒီကာလဆို ကျနော်တို့ဆီမှာငရုပ်တွေသီးပီပေါ့ ငရုပ်ခင်းထဲမှာပြောင်ဖူးပင်လေးတွေထည့်စိုက်ထားကြတယ် အိမ်စားဖို့ပေါ့
ငရုပ်ခင်းကိုစောင့်ရတယ်ဗျာ့ညဘက်ဆိုသခိုးကိုကြောက်လို့မဟုတ်ပါဘူး ဒီခေတ်မှာအဲလိုခိုးတဲ့သူမရှိတော့ဘူး မနိုင်တာကတော့ ခွေးအုတ် ခွေးတွေဟာညဘက်ဆိုအုပ်စုဖွဲ့ပီး ပြောင်းဖူးပင်တွေကိုကိုက်ဖျက်ပီးစားတယ် ငရုပ်ပင်တွေလဲ ကျေမွှနေအောင် နင်းခြေပြစ်တယ် ခွေးတစ်အုပ်ဝင်မိလို့ကတော့ မနက် ခြင်းတောင်းနဲ့ ငရုပ်သီးအစိမ်းတွေလိုက်ကောက်ဖို့သာပြင်ပေတော့ အလကားဖြစ်ကုန်တာပေါ့ ဒါကြောင့်ခွေးတွေမဝင်အောင် ငရုပ်ခင်းကိုစောင့်အိပ်ရတယ်ဗျာ့....
ဦးပေသီးတစ်ယောက်ငရုပ်ခင်းစောင့်ဖို့အိမ်ကလည်ရှည်ဖိနတ်ကြီးကိုစီးစောင်ထုပ်ကလေးကိုပခုံးပေါ်တင်ပီးထွက်လာခဲ့တယ်
ငရုပ်ခင်းရောက်တော့တဲလေး ပေါ်မှာစောင်ထုပ်ကလေးကိုထားပီးအခင်းကို တစ်ပတ် ကင်းလှည့်လိုက်တယ် ပီးတော့ ပြောင်းဖူးလေးငါးဖူးကိုချိုးပီး မီးလှုံရင်း ဖုတ်စားတာပေါ့ ဆောင်းတွင်းကာလမှာ ပဲရင်းခင်းတွေကလဲပေါ့တော့ လယ်ကြွက်တွေလဲအရမ်းပေါတယ်ဗျာ့ အခုလို ငရုပ်ခင်းစောင့်ရင်း လယ်ကြွက်လိုက်ထောင်ကြ ကြောင်ထောင်ကြပေါ့ ဦးပေသီးကတော့အဲလိုလူမျိုးမဟုတ်ဘူးဗျာ့ ဆင်းရဲပေမယ့် ပါဏတိပါတာကံကိုအတတ်နိုင်ဆုံးထိမ်းတယ် သရဲသစေကိုလဲကြောက်ရကောင်းမှန်းမသိဘူး သူမီးလှုံနေရင် သရဲတစ်ကောင်ကလဲလာလာပီးမီးလှုံတယ် တစ်ပတ်လောက်ရှိပီ သူမီးမွှေးပီးရောက်ရောက်လာတဲ့သရဲကို သိပ်မကြေနပ်ဘူး စကားလဲမပြောဘူး သူ့ကိုလဲကျောပေးပီးထိုင်နေတယ် "ငါမွှေးတဲ့မီးလဲလာလှုံသေးတယ် ငါ့ကိုအရေးတောင်မလုပ်တဲ့ ဒင်း ကို တွေ့ကြသေးတာပေါ့" ဦးပေသီး စိတ်ထဲကနေကျုံးဝါးမိလိုက်သည်။
နောက်တစ်နေ့ ညနေမစောင်းခင် ဦးပေသီးတစ်ယောက် သူမျက်နှာကို အုံးမဲတစ်ရစ် ထုံးတစ်ရစ်သုတ်လိမ်းလိုက်တယ် အာလုံးပြီးစီးတော့ ဦးပေသီးမှန်ကိုကြည့်ကာတချက် မဲ့ပြုံးလေးပြုံးလိုက်မိသည် သည်အခိုက် ဘုမသိ ဘမသိနဲ့ ဦးပေသီးရဲ့မိန်းမ ဒေါ်သောင်းတင်တစ်ယောက် ဗြုန်းသားကြီးအခန်းထဲဝင်လာပီး ဦးပေသီးရဲ့မျက်နှာကြီးကိုလဲမြင်လိုက်ရော့.....
"သ...သ.....သ....သ"
သူ့ခမျာ သရဲလို့တောင်မပြောနိုင်ရှာဘူးသတိလစ်သွားရှာတယ်လေ ဦးပေသီးတစ်ယောက် သူ့ရဲ့မိန်းမကိုမနည်း နှာနှပ်ယူရတယ် သတိရလာတော့ ဦးပေသီး သူ့မျက်နှာကို ယက်တောင်လေးနဲ့ အလျှင်အမြန်ကွယ်လိုက်တယ် သူ့မိန်းမနောက်တစ်ခါသတိလစ်မသွားစေဖို့ မိန်းမဖြစ်သူက
"ကိုပေသီး သ သရဲရော"
"ဟ ဘယ်ကသရဲလဲ မိန်မရ ငါပါဟ နင်ကလဲ"
"အလိုတော် ဘယ်ကတော်ကမှာ ခုနက သရဲကြီး မှန်ရှေ့မှာငုတ်တုတ်ကြီးထိုင်နေတာ နည်းတာကြီးမဟုတ်ဘူး မျက်နှာကြီးကလဲ ကြောက်စရာကြီး"
"ခက်လိုက်တာမိန်းမရာ ငါပါဆို မယုံရင်ဒီမှာကြည့်"
ဦးပေသီးသူ့မျက်နှာကွယ်ထာတဲ့ ယက်တောင်လေးကိုဖယ်လိုက်တော့
" အမငီးးး လန့်လိုက်တာ ယောက်ျားရယ် ဘာလို့အဲလိုလုပ်ထားရတာတုန်း"
"အကြောင်းရှိလို့ပါ မိန်းမရာ နောက်မှပြောပြမယ် အခုငရုပ်ခင်းစောင့်သွားရမှာနောက်ကျနေပီ"
"တော်က ဒီ ဒီမျက်နှာကြီးနဲ့သွားမှာလား"
"အေးလေ တောသွားဖို့တမှင်လုပ်ထားရတာ လွယ်မှတ်လို့ သွားပီမိန်းမရေ"
မိန်းမဖြစ်သူကြောင်အမ်းအမ်းနဲ့ကျန်ခဲ့လေတော့သည်။
ဦးပေသီး ဂျာကင်လက်ရှည်ကိုဝတ်လိုက်ပီး ခေါင်းစွတ်နဲ့သူမျက်နှာကြီးကိုဖုံးအုတ်ကာ တောထဲကိုထွက်လာခဲ့တယ် ယာခင်းကိုရောက်တော့အတော်ပင်မှောင်နေပီ မိန်းမဖြစ်သူသတိလစ်သွားတာကြောင့် နောက်ကြသွားတာဖြစ်သည် စောင်ထုပ်လေးကိုတဲထဲကစဉ်ပေါ်မှာတင်ပီး ထုံးစံအတိုင်းကင်းတစ်ပတ်လှည့်ပြောင်းဖူးလေးငါးဖူးချိုးပီး မီးပုံနားပြန်လာကာ မီးစတင်မွှေးတော့သည်။
မီးမွေးပီးပြောင်းဖူးများကိုမီးဖိုထဲမှာထည့်ကာ ဟိုလှည့်ဒီလှည့် လှည့်ပေးရင်း ပြောင်းဖူးများကျက်လောက်တော့မီးဖိုထဲကဆယ်ထုက်လိုက်ပီး စားဖို့ဟန်ပြင်လိုက်ချိန်မှာ
"ဗုဒ္ဓေါ"
ဘယ်ချိန်ကရောက်နေလဲမသိသူ့ကိုကျောပေးကာထိုင်နေတဲ့သရဲကြီးကိုတွေ့လိုက်ရတော့ရုတ်တစ်ရက်လန့်သွားသည်ဦးပေသီးကသရဲကြီးကိုစကားစလိုက်သည်။
" ဒီမှာ ခင်ဗျာ့ ကျုပ်မီးဖိုကိုလဲ လာပီးမီးလှုံသေးတယ် ကျုပ်ကိုလဲ စကားတစ်လုံးမှမပြောတဲ့အပြင် ကျုပ်ကိုကျောပေးပီးတော့တောင်ထိုင်နေတာ ဘာသဘောလဲဗျာ့"
"ဒီမှာမောင်ရင် မင်းငါ့ကိုမြင်ရင်လန့်သွားမှာဆိုလို့ကျောပေးပီးနေတာပါကွာ"
"ကျုပ်မကြောက်တတ်ဘူးဗျာ့"
"ဟားဟားဟား ဒီမှာမောင်ရင် ငါ့မျက်နှာကိုမြင်ရင် ဘယ်လူမဆို ကြောက်ကြတယ်ကွ မင်းကမကြောက်ဘူးဆိုတော့ ရီစရာများကောင်းနေသလားလို့"
ဦးပေသီးတစ်ယောက်ဒေါသတွေအလိပ်လိပ်ထွက်သွားလေတော့သည် ဦးပေသီးသရဲကြီးကိုလေသံမာမာနဲ့ပြန်ပြောလိုက်သည်
"ဒီမှာလူကြီး "အယ်" သရဲကြီး ကျုပ်ဘက်ကိုလှည့်ကြည့်လိုက်စမ်းပါ"
"အေးပါ မင်းကြည့်ချင်တယ်ဆိုတော့လဲ ပြပါ့မယ်ကွာ မောင်ရင် စိတ်ခိုင်ခိုင်တော့ထားနော်"
သရဲကြီးက ဦးပေသီးဘက်ကို ဖြေးဖြေးချင်းလှည့်လိုက်သည့် တချိန်ထဲမှာပဲ ဦးပေသီးက သူ့ခေါင်းမှာစွတ်ထားတဲ့ခေါင်းစွတ်ကြီးကိုချွတ်လိုက်ပီး သရဲကြီးရဲမျက်နှာအလှည့်
"ဝါးးးးးးးး"ဆိုပီးအကျယ်ကြီးအော်ထည့်လိုက်တာ သရဲကြီးက "အောင်မလေးးးးးး သရဲ သရဲ ဆိုပီးပြေးပါလေရော့ အဲချိန်ကစပီးတော့ အဲသရဲကြီးလဲမီးလာမလှုံတော့ဘူး ပျောက်ချင်းမလှပျောက်သွားပါလေတော့......ဘာတဲ့ပရိတ်သတ်....(????)
ပျော်ရွှင်ပါစေ သူငယ်ချင်းတို့
by-Thu Yaa Aung

No comments:

Post a Comment