Monday, June 5, 2017

ဒဏ္ဏာရီဆန်သော ဖြစ်ရပ်မှန်

သရဲစာအုပ် ၏ ဓာတ်ပုံPart _1 #lin

ဒဏ္ဏာရီဆန်သော ဖြစ်ရပ်မှန်

''မင်းတို့ လေးယောက်နယ်ပြောင်းရမယ် ''

တဲ့မန်နေဂျာကြီးရဲ့
တစ်ချက်လွှတ်အမိန့်

ကျွန်တော်တို့ဆိုတာက
စိုက်ပျိုးရေးဆေးကုမ္ပဏီ
ဝန်ထမ်းတွေဖြစ်တဲ့အလျှောက် ရောင်းအားကောင်းတဲ့မြို့နယ်များကို တစ်နှစ်တစ်ခါဆိုသလိုပြောင်းရစမြဲ

ဒီတစ်ခါပြောင်းမိန့်ဆိုတော့ အဖွဲ့သားများညည်းညူကြတယ်
နယ်ပြောင်းရဖို့ဆိုရင် ပိတ်ရက်မှာအိမ်ပြန်ဖို့ကလဲမလွယ်တော့

ကျနော်ကတော့အေးဆေး
တစ်ကောင်ကြွက်မို့
ပြန်လာရင်ကြိုသူမရှိမဲ့
အိမ်ကိုလည်းမပြန်ချင်ပါ

ပြောင်းရမယ့်နယ်က
ရှမ်းပြည်ဘက်မှာ
အဲ့ဒီ့မြို့နယ်က
ဆေးပစ္စည်းကိုယ်စားလှယ်ယူတဲ့
ဒေတာက ဒီနှစ်ရောင်းအား
အကောင်းဆုံးမို့ ကျနော်တို့
ကျွမ်းကျင်ဝန်ထမ်းအချို့က
ိုစေလွှတ်ခြင်းဖြစ်သည်

ဒီတော့ဘယ်လောက်ဝေးတဲ့
နယ်ပြောင်းရပြောင်းရ
ကျနော်ကတော့အေးဆေး
သံယောဇဉ်ရှိသည်က အလုပ်နဲ့လုပ်ဖော်ကိုင်ဖက်များသာ

ဒါနဲ့ပဲ တစ်လလောက်ကြာတော့ ကျနော်တို့လေးယောက်လုံး
နယ်သွားဖို့ ပြင်ဆင်ကြရတော့တယ် ကုမ္ပဏီကပေးထားတဲ့
ရွာဆင်းတဲ့အခါသုံးဖို့ဆိုင်ကယ်တွေကော
ကားနဲ့တင်ပြီး အဝေးပြေးကားနဲ့ထွက်ခွာခဲ့ကြတော့့တယ်

ဟိုရောက်တာနဲ့ ကိုယ်စားလှယ်
ကလာကြိုမည် နေစရာစီစဉ်ပေးမည်
ဆိုတော့ကာ အေးဆေး
တစ်ညအိပ်ခရီးဆုံးတာနဲ့ မနက်အစောကြီးလင်းတောင်မလင်းသေးဘူး နယ်မြို့လေးကိုရောက်လာတယ်

ကျနော်တို့ကားဆိုက်တာနဲ့
ကိုယ်စားလှယ်
ဦးခင်မောင်ထွန်းက ကားကွင်းထဲမှာအသင့်စောင့်နေတယ်

'' ဟာ ဦးခင်မောင်ထွန်းပါလား အစောကြီးရောက်နေတာလားဗျ ''

'' မဟုတ်ပါဘူးကွာ
ခုနကမှ ငါ့မိန်းမ
အတင်းနှိုးလို့ထလာတာ မင်းတို့ပစ္စည်းတွေသေချာစစ်အုံး ''

ကျနော်တို့ကားပေါ်မှ
ပစ္စည်းတွေချကြသည်
လာကြိုတဲ့ဦးခင်မောင်
ကိုယ်တိုင်ကလည်းဆိုင်ကယ်နှင့် ပစ္စည်းတွေဆိုင်ကယ်ပေါ်တင်ပြီ
ထွက်လာကြတော့ မနက်အစောကြီးဝေလင်ဝေလင်းပဲရှိသေးတယ် မြို့လေးတောင် မီးအစုံမလင်းသေးဘူး

ကားကွင်းထဲကနေမြို့ထဲသိပ်မသွားရဘူး
ဦးခင်မောင်က
ကျနော်တို့နေဖို့အတွက် ဌားထားတဲ့အိမ်ဆီလိုက်ပို့တယ် အိမ်ကနှစ်ထပ်ပျဉ်ထောင်အိမ်ပ
ရေမီးအစုံ

'' ကဲ ဆရာသမားတို့
ခင်ဗျားတို့နေရမယ့် အိမ်ပဲ
ကျုပ်ဆိုင်ကတော့ ဟိုဘက်မှာ မနက်စာစားပြီးမှသွားတာပေါ့
ကဲအထုပ်တွေအရင်ချ ပြီးရင် လက်ဘက်ရည်သွားသောက်ကြမယ် ''

အထုပ်အပိုးတွေနေရာချပြီးတော့ အပြင်မှာအတော်လင်းနေပြီ
ဦးခင်မောင်ရဲ့ဦးဆောင်မှုနဲ့ လက်ဘက်ရည်ဆိုင်ရောက်သွားကြတယ်

စင်စစ်ဦးခင်မောင်ဆိုတာ
အရင်ကကျောင်းဆရာဟောင်း ဒီရှမ်းပြည်ဘက်ကိုတာဝန်ကျရာကနေ ဒီနယ်သူတယောက်နဲ့အိမ်ထောင်ကျပြီး အခြေတကျနေထိုင်ဖြစ်သွားသည်

ပြီးတော့
စိုက်ပျိုးရေးလုပ်ငန်း
သိပ်မထွန်းကားသေးတဲ့အချိန်မှာ ဆေးပစ္စည်းတွေယူပြီးရောင်းချရာကနေ
ယခုအခါ ကိုယ်စားလှယ်ကြီး
အဖြစ်တောင်ရောက်နေပြီ ရောက်ဆို သူ့မြို့ပတ်ဝန်းကျင်က
ရွာပေါင်း ၃၀ လောက်က
သူ့ဆီက လက်လီလက်ကား
ဝယ်ယူကြသည်လေ

'' ကဲ ဒီနေ့ကတော့
မင်းတို့ရောက်ခါစမို့လို့
နားလိုက်ဦးပေါ့ မနက်ဖြန်ကစပြီး
ရွာဆင်းပြီး ဟောပြောပွဲလုပ်ရမယ်

လက်ဆောင်ပစ္စည်းတွေကတော့ မင်းတို့မလာခင်ထဲကမှာပြီးသား ငါပါးစပ်နဲ့ပြောရောင်းတာတောင်
ဒီလောက်ရောင်းရတာ ဘယ်ပုံဘယ်နည်းသုံးရမယ်ဆိုပြီးသာ ဟောပြောပွဲလုပ်လိုက်လို့ကတော့ဟေ့ ရောင်းကောင်းပဲနေမှာ
ကဲ ကဲ စားလိုက်ကြဦး ''

မနက်စာစားသောက်ပြီးသည်နှင့်
ဦးခင်မောင်၏ ဆိုင်သို့
ချီတက်ကြရသည် သူ့ဆိုင်က ကျနော်တို့နေမည့်အဆောင်နဲ့
တစ်လမ်းသာခြားသည် အိမ်ဆိုင်ကြီးဟည်းနေအောင်ဖွင့်ထားပြီး ဆိုင်ထဲမှာကျနော်တို့ကုမ္ပဏီက
ဆေးတွေအပြည့်

ဆိုင်ရောက်သွားတော့ ဆိုင်ရှေ့ကကြော်ညာဆိုင်းဘုတ်ကိုအကြည့်ရောက်သွားကြတယ် '' အမြဲစိမ်း ''စိုက်ပျိုးရေးဆေးဆိုင်ဆိုပြီး ရှမ်းဝတ်စုံနဲ့ကောင်မလေးတစ်ယောက်ပုံ

'' ချောတာကွာ ''

'' ငါတို့ ကုမ္ပဏီကမော်ဒယ်မဟုတ်ဘူးထင်တယ် ''

'' ရှမ်းမလေးထင်တယ် ''

'' မော်ဒယ် မဟုတ်ဘူးဟေ့ငါ့သမီးဟ ငါ့သမီး ဒီနှစ်မှ တက္ကသိုလ်တက်နေတာ ''

'' ဟယ် ''

'' မဟယ်နဲ့ စိတ်တောင်မကူးနဲ့ ''

'' ဟုတ်ကဲ့ပါ ဦးရယ် သူ့သမီးကျသိပ်သိတတ်တာပဲ ''

'' မင်းတို့ကောင်တွေအကြောင်းသိတယ်လေ ''

'' ဟဲဟဲ ''

စင်စစ်သူ့သမီးက သူ့မိန်းမနှင့် 99% တူတာဖြစ်သည် ဦးခင်မောင်အမျိုးသမီးက ရှမ်းအမျိုးသမီးတစ်ဦးဖြစ်သည် ငယ်ငယ်တုန်းကတော့ အတော်ချောမယ့်ပုံ ဦးခင်မောင်ဆိုင်မှာစာရင်းအင်းတွေလုပ်ပြီးတာနဲ့ ညနေစောင်းမှပြန်ရတယ် ပြန်ခါနီးမှအမှတ်ရလို့

'' သြော် ဦးခင်မောင် ဒီမှာ ဖုန်းလိုင်းကောရ ရဲ့လားဗျ ဒီရောက်ထဲက ဖုန်းလိုင်းမမိတာ ''

'' မင်းဖုန်းက C လား G လား ''

'' C 800 ဗျ ''

'' အဲ့ဒါကတော့မြို့ထဲမှာလိုင်းမမိဘူးကွ ဆက်ချင်ရင်ဟိုဘက်မြို့ပြင်က ရှုခင်းသာတောင်ပေါ်မှာသွားဆက်ရတယ် ဒို့မြို့က ချိုင့်ဝှမ်းထဲရောက်နေတော့ မြင့်တဲ့နေရာမှာပဲ လိုင်းမိတယ် မင်းမလဲ GSM ပဲသုံးပေါ့ကွာ ''

'' ဒါကရုံးချုပ်ကပေးထားတဲ့ဖုန်းမို့ပါ နောက်မှအသစ်ဝယ်လိုက်မယ် ကဲဒါဆိုကျနော်တို့ပြန်ပြီ ''

အိမ်ပြန်ရောက်တော့ ရေမိုးချိုးအဝတ်စားလဲပြီး ထမင်းစားကြတယ် ကျနော်တို့အဖွဲ့က လေးယောက် အလုပ်စဝင်ထဲကတွဲလာတာ တော်တော်ကြာပြီ တစ်ယောက်အကြောင်းတစ်ယောက်အသိ ဆွေမျိုးရင်းချာတွေလိုပင် ကျနော်ကတော့ ဖြိုးမင်းသိန်း သူတို့တော့ဖြိုးကြီးလို့ခေါ်တာပေါ့ တစ်ယောက်က မင်းသန့်အောင်တဲ့ မင်းလှက နောက်တစ်ယောက် ဟန်မင်းသူ ဟန်ကြီးလို့ပဲခေါ်ကြတယ် နောက်ဆုံးတစ်ယောက်ကတော့ အူလည်လည် အောင်စိုးမိုးတဲ့ အတွဲညီသလားတော့မမေးနဲ့ နယ်ပြောင်းရင်တောင် ကုမ္ပဏီးကလေးယောက်တွဲချပေးတဲ့အထိ ထမင်းစားပြီးအတော်ကြာမှဇ ရုံးချုပ်ကိုဖုန်းဆက်ဖို့ကိစ္စ သတိရလို့ ဆိုင်ကယ်ယူပြီး သူတို့ပြောတဲ့ရှုခင်းသာဖက် တက်မလို့ကို တကောင်မှအဖော်ညှိမရဘူး

'' ဟန်ကြီး ငါဖုန်းသွားဆက်မလို့လိုက်ဦးမလား ''

'' တောက် မိုက်တာကွာ ဒီလမ်းထဲမှာ အချောအလှတွေချည်းနေတာဟ ပွတာပဲ ''

'' ဘာလဲ နှာခေါင်းလား ဟကောင် ငါဒီမှာအပြင်သွားမလို့ မေးနေတာကို ''

'' မလိုက်တော့ဘူးကွာ အိမ်ရှေ့မှာပဲ မျက်စိအစာကျွေးလိုက်ဦးမယ် ''

ဘယ်အကောင်မှ ညှိမရတာနဲ့
ကျနော်တစ်ယောက်ထဲ
စမ်းတမ်းမှန်းတမ်းနဲ့ပဲ
မြို့ပြင်ရောက်လာခဲ့တယ်
ညနေစောင်းဆိုတော့ မြို့ပြင်မှာလမ်းလျှောက်နေသူတွေရှိသည်

အများစုက သက်ကြီးရွယ်အိုတွေသာ
လူငယ်မတွေ့မိ လမ်းလျှောက်နေတဲ့လူတွေ ကိုနည်းနည်းကျော်လာတော့ ခပ်မြင့်မြင့်တောင်ကုန်းလေးတစ်ခုတွေ့သည် အနားရောက်မှတောင်ကအတော့်ကိုမြင့်သည် ဆိုင်ကယ်တော့တက်မရ

တဘက်မှာကချောက်ကမ်းပါး တောင်ပတ်လမ်းလေးအတိုင်း
လမ်းလျှောက်ပြီး တက်လာတော့
တောင်ကမ်းပါးယံမှာ ခုံတန်းလေးတွေ
စီချထားသည် ခုံတန်းလေးတွေရဲ့အလွန်
ထက်တက်ပြီး
ဒီနားမှာတိုင်အပြည့်မိတာပဲ

သရဲစာအုပ် ၏ ဓာတ်ပုံPart_2 #lin

ရုံးချုပ်နှင့်စကားပြောတာ 
အတော်ကြာသွားသည် 
ဖုန်းဆက်ပြီး ပြန်ဆင်းလာတော့ ခုံတန်းလေးမှာကောင်မလေးတစ်ယောက်က ကျနော့်နဲ့ဘေးတိုက်အနေအထားထိုင်နေသည် 

ကျနော်ဆင်းလာတဲ့ခြေသံကြားတော့ ဖျတ်ခနဲနောက်လှည့်အကြည့်မှာ သူ့ကိုကြည့်ရင်းဆင်းလာတဲ့
ကျနော်နဲ့အကြည့်ချင်းဆုံသွားသည်
သူမကတော့ ချက်ခြင်းပြန်လှည့်သွားပေမယ့် ကျနော့်ရင်ထဲတော့ ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့သည် သူမလည်းချက်ခြင်းပဲလှည့်ပြီး တောင်အောက်ကိုဆင်းသွားတယ်

ကျနော်ကတော့ကြောင်ပြီး
ရပ်ကြည့်နေမိရာက သတိဝင်ပြီး သူမနောက်အပြေးလိုက်သွားတော့
မတွေ့တော့ပါ ဖျတ်ခနဲ မြင်လိုက်ရတဲ့ မျက်နှာလှလှလေးကို
ကျနော်မေ့မရနိုင်တော့ မတွေ့တဲ့အဆုံးမှောင်စလည်းပျိုးလာပြီမို့ ပြန်ခဲ့ရပါတော့တယ်

'' ဟာ ဖြိုးကြီး ပြုံးစိ ပြုံးစိနဲ့
ဘာဖြစ်လာတာလဲ ''

''ရှုခင်းသာမှာကောင်မလေးတစ်ယောက်နဲ့
တွေ့ခဲ့တယ်ကွ လှတာမှအတော်လှတာ ရှမ်းမလေးထင်တယ် ဆံပင်ရှည်ရှည်လေးနက် ''

'' ဟုတ်လား ငါလည်းနောက်နေ့လိုက်ကြည့်မယ် ''

'' ငါလည်းနောက်နေ့သွားဦးမှာ ''

'' ဟိုနှစ်ကောင် ဘာနောက်နေ့လည်း မနက်ဖြန်ပဲရွာဆင်းရမှာကို ''

'' အာ အေးဟုတ်သား သွားပါပြီကွာ မနက်ဖြန်မတွေ့ရတော့ဘူး ''

'' ပြန်လာတော့မှ သွားတွေ့ပေါ့ကွာ ဒီမြို့ကပဲထင်တယ် ''

'' အိမ်သာသိရင် ခုကိုသွားတွေ့ချင်တာဟေ့ ''

ဒီလိုနဲ့တစ်ညလုံးသူမအကြောင်
တွေးနေမိခဲ့သည် ကိုယ့်စိတ်ကိုပြန်ထိန်းရင်း ခဏလေးတွေ့လိုက်ရတဲ့
သူအကြောင်းကို ဘာလို့ ဒီလောက်တောင်များတွေးနေမိပါလိမ့် ခါတိုင်းသူမထက်လှတဲ့
မိန်းကလေးတွေတွေ့ဖူးသော်ငြာ
ရင်တောင်မခုန်ဖူးခဲ့ ခုသူနဲ့တွေ့မှ ခဏလေးတွေ့ဆုံလိုက်ရတာကို
မကျေနပ်မိသလိုလို

နောက်နေ့မနက်အစောကြီးထပြီး ရွာဆင်းဟောပြောပွဲလုပ်ရသည်
ပထမတစ်ရွာက အောင်မြင်သည် ဆေးတွေလည်းရောင်းလိုက်ရသည့်ဖြစ်ချင်း

တစ်ရွာအဆင်ပြေတော့ ဟိုဘက်ရွာက
လာပါ ဒီဘက်ရကလည်းလာပါနဲ့
အနီးနားက ရွာခြောက်ရွာလောက်ထိပတ်သွားရသည်

အချိန်တစ်ပတ်ကျော်ကျော်ကြာသွားပြီ လက်ဆောင်ပစ္စည်းတွေနဲ့
ဆေးပစ္စည်းတွေကုန်မှ
မြို့ပေါ်ပြန်ရတော့သည်

ဒါတောင်တစ်ရက်နားပြီးသည်နှင့်ကျန်ရွာများကို ပြန်ဆင်းရဦးမည် မြို့ပေါ်ပြန်ရောက်ရောက်ခြင်း ဦးခင်မောင်ရဲ့ဆိုင်မှာပစ္စည်းစာရင်းတွေတိုက် ငွေစာရင်းတွေတိုက်ရသေးတယ်
အကုန်လုံးပြီးခါမှ အိမ်ပြန်ရတော့တယ်

အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီထိုးပြီ အထုပ်အပိုးတွေမြန်မြန်ချပြီး ဟိုနေ့ကကောင်မလေးကိုတွေ့ချင်ဇောနဲ့ ရှုခင်းသာတောင်ပေါ်ကိုတက်ခဲ့တယ် မြို့ပြင်မှာဘယ်သူမှမရှိသေးဘူး
စောနေသေးတာကိုး ခုံတန်းလေးမှာ ထိုင်လိုက်ထလိုက်နဲ့ ဂဏာမငြိမ်နိုင်ဘူး စောင့်လိုက်ရတာဘယ်လောက်ကြာနေပြီလဲတောင်မသိပါ နောက်ကခြေသံ တရှပ်ရှပ်ကြားမှလှည့်ကြည့်လိုက်တော့ သူမ မျက်လုံးအဝိုင်းသားလေးနှင့်ကျနော့်အားကြည့်နေ၏ သူ့ကိုမြင်တော့ ဝမ်းသာလုံးစို့ပြီး စကားတွေတောင်အယောင်ယောက်အမှားမှားထွက်ကုန်တယ်

'' ဟာ ညီမလာပြီလား အဲ ဟိုလေ ''

သူမက အထစ်ထစ်အအ ဖြစ်နေသောကျနော့်အဖြစ်ကိုကြည့်ကာ မခို့တရို့လေးပြုံးလိုက်ပြန်သည် သူ့အပြုံးလေးကြောင့်ပိုချစ်မိသွားပြန်ပြီ

'' အဟင်း အစ်ကိုက ညီမကိုစောင့်နေတာလား ''

'' အဲလေ ဟို ဟို ဟုတ်တယ်ပဲပြောရမလား ''

'' အစ်ကိုက ဒီမြို့ကမဟုတ်ဘူးထင်တယ် ''

တဘက်ကခုံတန်းလေးပေါ်မှာဝင်ထိုင်ရင်းက စကားသံဝဲဝဲလေးနဲ့မေးလိုက်တယ

'' ဟုတ်တယ် အလုပ်ကိစ္စနဲ့ပြောင်းလာတာ ညီမကကောဒီမြို့ကပဲလား ''

'' ဟုတ်တယ် ညီမနာမည်က နန်းယုဝါပါ ဟိုဘက် ကွက်သစ်ဘက်မှာနေတယ် ဒီဘက်ကို လူသိပ်မလာတာတောင်ကြာပြီ အရင်ကဆို လမ်းလျှောက်ထွက်တဲ့သူတွေအရမ်းများတာ ''

'' ညီမကျတော့ ဒီဘက်ထိလာတယ်နော် ''

'' ဟုတ်တယ် ဒီနေရာလေးက အေးချမ်းတယ်အကိုရဲ့ ''

သူမကစကားပြောရင်း ချောက်ကမ်းပါးဘက်ကတိုက်လာတဲ့ လေအေးအေးလေးကိုခံစားနေပြန်သည် ဆံနွယ်လေးတွေတလွင့်လွင့်နဲ့ပေါ့

'' ဒါနဲ့ ဒီချောက်ကအရမ်းနက်လားဟင် ညီမ ''

'' ဒါတော့ နန်းလည်းမသိဘူး ကဲ အစ်ကိုရေတွေ့ရတာလည်းဝမ်းသာပါတယ် နန်းပြန်တော့မယ် အစ်ကိုမပြန်သေးဘူးလား ''

'' အာ အခုပြန်တော့မှာ ''

'' ဒါဆိုအကိုအရင်ပြန်လိုက်လေ ''

'' ညီမကကော ''

'' နန်းအိမ်က ဟိုဘက်လမ်းအတိုင်းဆင်းသွားလိုက်ရင်ရောက်ပြီ ''

'' ကဲ ဒါဆိုအကိုပြန်တော့မယ်

ဒါနဲ့ညီမ အစ်ကိုတို့ နောက်တစ်ခါပြန်တွေ့နိုင်ဦးမှာလား ''

'' ကံမကုန်ရင်တော့ ပြန်တွေ့ရမှာပေါ့ တွေ့နိုင်ဖို့ကများပါတယ် နန်းက ညနေတိုင်းဒီနေရာကိုလာတတ်တယ် ''

'' ဟုတ်ပါပြီ ''

ကျနော်ဆိုင်ကယ်စက်နနိုးပြီးပြန်ထွက်လာတော့ သူမနောက်မှာရပ်ကြည့်ရင်းကျန်နေခဲ့သည် အိမ်ပြန်ရောက်တော့ တံခါးများပင်စေ့ထားလေပြီ သြော် ငါသူနဲ့စကားပြောနေတာအချိန်တွေကုန်သွားတာတောင်မသိလိုက်ရပါလား

'' ဟေ့ရောင် နောက်ကျလိုက်တာကွာ ငါကမင်းကောင်မလေးကို မ ပြေးပြီတောင်မှတ်တာ ''

'' ဟာ ဟန်ကြီးကလည်း ဒီနေ့မှသူနဲ့စပြီးစကားပြောဖူးတာ ရင်တွေခုန်လိုက်တာမှ ''

'' ဟားဟား အချစ်နဲ့တစ်ခါမှမထိတွေ့ဖူးတဲ့ကောင် ရင်ခုန်တတ်နေပြီပေါ့ဟလား ကောင်မလေးက ဘယ်လိုပုံလည်းဆိုတာအရမ်းကိုသိချင်တာပဲ ''

'' နောက်နေ့လိုက်ခဲ့လေ ''

'' အေးလိုက်ခဲ့မယ်ကွတွေ့ဖူးတယ်ရှိအောင် ''

မနက်ဖြန်တစ်ရက်တော့အနားရမည် တောင်သူတွေကိုပေးတဲ့လက်ဆောင်ပစ္စည်းတွေနဲ့ ဆေးပိုစတာတွေကုန်နေ၍ ရုံးချုပ်ကလှမ်းမှာထားရလို့ပင် အရင်ရက်ကရွာဆင်းဟောပြောပွဲလုပ်ထားတာကြောင့် ဦးခင်မောင်ဆိုင်မှာ ရောင်းအား တစ်ဟုန်ထိုးတက်နေလေတော့ ကျနော်တို့အဖွဲ့ပါ သွားကူညီပေးရတာပေါ့ မနက်စာရောညနေစာပါ ဆိုင်ကကျွေးတယ် ညနေစောင်းတော့မှပဲ အတော်လူပါးသွားတာနဲ့ မြို့ထဲမှာ သွားစားသောက်ကြရင်းနဲ့ ကျနော်နဲ့ဟန်ကြီးပဲကျန်ခဲ့တယ် ကျန်တဲ့နှစ်ယောက်ကအိမ်ပြန်ပြီး နေအတော်စောင်းတော့ဟန်ကြီးကိုခေါ်ပြီး ရှုခင်းသာဘက်ထွက်လာခဲ့တယ် တောင်ပေါ်မှာအတော်ကြာကြာထိုင်နေသည့်တိုင် သူမရောက်မလာသေးပါ

'' ဖြိုးကြီး ကောင်မလေးကလာရောလာဦးမှာလားကွာ ''

'' လာမှာပါကွာ စောသေးလို့နေမှာပါ ''

'' ငါတို့ရောက်နေတာပဲ တစ်နာရီကျော်နေပြီကွ ညနေ ၅း၅၀နေပြီ စိတ်လျော့လိုက်ပါကွာ ဒီနေ့မလာဖြစ်ဘူးနေမှာပေါ့ ပြန်ကြရအောင် ''

'' အေးကွာပြန်တာပေါ့ မင်းတွေ့ချင်တယ်ဆိုလို့ထင်တယ် ''

'' အေးဟုတ်မယ် ''

ကျနော်တို့နှစ်ယောက်ပြန်တော့ အိမ်မှာ မန်နေဂျာကြီးရောက်နေပြီ မှာထားတဲ့ပစ္စည်းတွေလာပို့ပေးတာဖြစ်သည် အစည်းအဝေးလုပ်ပြီးမှ လူသစ်ထပ်ပို့ဖို့နဲ့ အသုံးစရိတ်ပါတစ်ခါတည်းတင်လိုက်ကြတယ် အားလုံးပြီးစီးသွားတော့ ည ၉း၃၀ ကျနော်တော်တော်နဲ့အိပ်မပျော်နိုင်ပါ မနက်မိုးစင်စင်လင်းကာမှမှေးကနဲတစ်ချက်အိပ်ပျော်သွားတော့သည်

'' ဖြိုးကြီး ထတော့ ထပါဟ ရွာဆင်းရမယ် ''

'' ဟင် အေး အေး ထပြီ ဘယ်နရီထိုးပြီလဲ ''

'' ၇ ခွဲပြီ ပြင်ဆင်တော့ ''

'' ငါဆိုင်ကယ်မစီးနိုင်ဘူး မင်းနောက်ပဲလိုက်တော့မယ် ငါညကတစ်ညလုံးအိပ်မရဘူး ''

'' ဘယ်လိုဖြစ်တာတုံး ဟိုကောင်မလေးကြောင့်လား မင့်ဟာက အတည်ကြီးလားကွာ ''

'' အတည်ပေါ့ကွာ ငါသူ့ကိုတကယ်ချစ်နေမိပြီ ''

'' မင်းသူ့အကြောင်း ဘာတွေသိထားလဲ ''

'' ဘာမှမသိသေးဘူး သိအောင်လုပ်ရမှာပေါ့ကွာ ''

'' ဒါဆိုလဲ မေးမြန်းစုံစမ်းပြီး မြန်မြန်ဖွင့်ပြောလိုက်တော့ဟေ့ရောင် မင်းဟာက တစ်ယောက်တည်းကြိတ်မှိတ်ခံစားနေရတာ ''

'' ဒီတစ်ခေါက်ရွာဆင်းပြီး ပြန်လာရင်ဖွင့်ပြောတော့မယ်ကွာ ''

ဘာလိုလိုနဲ့ရွာဆင်းရတာ တစ်ပတ်ကျော်နေပြီ ပတ်ဝန်းကျင်ကရွာတွေကို တစ်ရက်နှစ်ရွာနှုန်းသွားရသည် ပင်ပန်းလိုက်သည့်ဖြစ်ချင်း နဂိုဖြူရင်းစွဲအသားတွေတောင် မဲယောင်ယောင်ဖြစ်လာပြီ နှစ်ပတ်ထဲရောက်လာတော့ ကျနော်ရင်တွေပူနေပြီ မြို့ပေါ်ကိုအမြန်ပြန်ချင်နေပြီ

အကုန်လုံးအပြီးအစီး ၁၃ ရက်တိတိကြာမှမြို့ပေါ်ပြန်ရောက်တော့သည် ရောက်ရုံနဲ့လည်းမပြီးသေးရုံးချုပ်သွားသတင်းပို့ ပြီးေ့ အတော်လေးခြေကုန်လက်ပန်းကျသွားသည် အိမ်ပြန်ရောက်တော့ လှဲနေရာက ခဏလေးအိပ်ပျော်သွားပြီး ပြန်နိုးလာတော့ ညနေ ၅ နာရီထိုးခါနီးပြီ

'' ဟိုက် သေပြီ ဟျောင့် စိုးမိုး ငါအပြင်ခဏသွားဦးမယ် ''

'' သြော် အေး ''

ဆိုင်ကယ်စီးနေစဉ်လေအေးလေးက တိုက်ခတ်နေပေမယ့် ကျနော့်ရင်ထဲမှာပူလောင်နေသည် အကယ်၍များသူနှင့်မတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ ရှုခင်းသာရောက်တော့ လူသူရှင်းလင်းနေသည် ဆိုင်ကယ်ကိုတောင်အောက်မှာရပ်ခဲ့ပြီး တောင်ပေါ်ကိုအပြေးတက်လာလိုက်သည် စိတ်ထဲတော့အတော်ကိုမောဟိုက်လျှက် တောင်ပေါ်ရောက်တော့ ခုံတန်းလေးမှာထိုင်နေတဲ့သူမက ကျနော့်ကိုမြင်တော့ ပြုံးပြလျက်

'' ဟာ အစ်ကို မတွေ့တာကြာပြီနော် ''

'' အင်း အစ်ကို ရွာဘက်ဆင်းနေရလို့ ''

'' လွန်ခဲ့တဲ့တစ်ပတ်ကျော်ကျော်လောက်က အစ်ကိုလာသေးတယ် ညီမကိုမတွေ့ဘူး ''

'' ဟုတ်လား နန်းမလာဖြစ်တာဖြစ်မယ် ''

'' အစ်ကိုတို့အလုပ်က အမြဲပဲအဲ့လိုသွားနေရတာလား ''

'' ဒါပေါ့ အခြေတကျမရှိဘူး ကုမ္ပဏီကလွှတ်တဲ့နေရာသွားပဲ ''

'' သြော် ''

'' ပြောရင်ပြောရမလား ညီမရဲ့ ဒီမြို့ကက ကောင်မလေးတစ်ယောက်နဲ့လက်ထပ်ပြီး ဒီမှာအခြေကျရင်လည်းကျသွားနိုင်တာပဲ ''

ကျနော်သူမကိုစကားစလိုက်တော့ သူကလေးလေးနက်နက်ကြည့်ရင်းက

'' အစ်ကိုကကောင်မလေးတွေ့ထားပြီလား ''

'' တွေ့ပြီလို့ပဲ ပြောရမှာပေါ့ တွေ့တာတော့ကြာပါပြီ ''

'' ဟယ် နန်းလည်းမသိရပါလား ''

'' ညီမ အစ်ကိုစကားနည်းနည်းပြောချင်တယ် ဒီစကားကိုကြားရင် ညီမစိတ်ဆိုးမလားတော့မသိပေမယ့် ဒီနေ့မပြောဖြစ်ခဲ့ရင် နောင်တရမှာအရမ်းကြောက်မိတယ် ပြောချင်တာက အစ်ကိုညီမကို ချစ်နေမိပြီ ''

'' ရှင် ''

'' ဟုတ်တယ် ညီမ စတွေ့ထဲက ချစ်ခဲ့မိတာပါ ''

'' ညီမစိတ်ဆိုးသွားလားဟင် ''

သူမခေါင်းငုံ့ထားရင်းက အတော်ကြာမှ

'' မဆိုးပါဘူး အစ်ကိုရယ် အစ်ကိုက နန်းအကြောင်းဘယ်လောက်သိလို့လဲ တကယ်ရောနန်းကိုချစ်နိုင်တာဟုတ်ရဲ့လား ဆိုတာကို နန်းစဉ်းစားနေတာ ''

'' ညီမပြောပြမှ ညီမအကြောင်းသိရမှာလေ မဟုတ်ဖူးလား ''

သူမက ဝင်ခါနီနေဝန်းကြကီးကိုလှမ်းကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်

''နန်းက တစ်ကောင်ကြွက်ပါအစ်ကို ''

'' ဟူးးး ရင်မောလိုက်တာ နန်းရယ် အစ်ကိုဘာများပြောမလဲလို့ အစ်ကိုလည်းတစ်ကောင်ကြွက်ပါ ''

'' တကယ်လားအစ်ကို ''

ဝမ်းသာအားရပြောလိုက်တဲ့
သူမမျက်နှာမှာအရောင်လေးတွေလဲ့လို့ ဘာကြောင့်ရယ်တော့ ကျနော်မသိပါ

သရဲစာအုပ် ၏ ဓာတ်ပုံPart _3 #lin

'' ဟုတ်တယ် နန်း 
ကိုယ့်မှာလည်း သံယောဉ်ဇဉ်
ထားစရာ မိသားစုမရှိတော့ဘူး 
တစ်ယောက်ထဲ အဲ့တော့ကိုယ်က နန်းနဲ့ဘဝတစ်ခုကိုထူထောင်ပြီး မိသားစုလေးတစ်ခုဖန်တီးချင်မိတယ် ''

'' နန်းစဉ်းစားပါရစေဦး အစ်ကိုရယ် ''

'' ဟုတ်ပါပြီလေ နနးစဉ်းစားပါ အစ်ကိုစောင့်ပေးနိုင်ပါတယ်
ဒါဆိုအစ်ကိုပြန်တော့မယ် ''

ကျနော်ပြန်လာတော့
သူမလည်း အိမ်ပြန်သွားခဲ့ပြီး
ဖွင့်ပြောလိုက်ရလို့ စိတ်ထဲပေါ့သွားပေမယ့် ရင်ထဲမှာတော့ သူမပေးလာမယ့်
အဖြေအတွက် စိတ်လေးနေဆဲ

နောက်တနေ့

တစ်ရက်လုံး ကျနော်အလုပ်ထဲမှာပဲ စိတ်နစ်ထားလိုက်တယ် တနေကုန်လုံးလည်ချာလည်ပတ်ရိုက်နေပြီးမှ ညနေစောင်းမှရင်တစ်ထိပ်ထိပ်နဲ့ ရှုခင်းသာဘက်ထွက်ခဲ့တော့သည် လူကတော့တည်ငြိမ်ဟန်ဆောင်နေပေမယ့် ရင်ထဲမှာတော့ ဝုန်းဆန်နေသည်
ကျနော်ရောက်နေတာ
အတော်စောမှန်းလည်းသိနေသည်
ဝင်ခါနီးနေမင်းကြီးက မာန်မမူနိုင်တော့ အရောင်အဆင်းများလျော့ကျနေပြ

'' ဟာ အစ်ကိုအစောကြီးရောက်နေတာလား ''

'' သြော် အင်း နန်းရောက်လာပြီလား ကိုယ်ပြောထားတာစဉ်းစားပြီးပြီလားဟင် ''

'' စဉ်းစားပြီးပါပြီ အစ်ကိုကလူကောင်းတစ်ယောက်ဆိုတာ
နန်းသိပါတယ် နန်းကြောင့်
လည်းမနစ်နာစေချင်ဘူး
တကယ်တော့နန်းက ''

'' တော်ပါတော့ နန်းရယ် ရပါပြီ အရင်ကဘာတွေပဲဖြစ်ဖြစ်
ခုနန်းက တကောင်ကြွက်ပဲဖြစ်ဖြစ်
ကိုယ်လဲ လူလွတ်တယောက် နန်းလည်းလူလွတ်တယောက်ပဲဟာ ကိုယ်တို့အချစ်တစ်ခုတည်ဆောက်လို့
ရနိုင်ပါတယ် နန်းလည်းကိုယ့်ကို
ချစ်တယ်မလားဟင် ''

'' ဟုတ် အစ်ကို နန်းလည်း
အစ်ကို့ကို စတွေ့ထဲက
ခံစားချက်တွေရှိခဲ့ပါတယ်
ဒါပေမယ့် . . . .''

'' ရပါပြီ နန်း ဒါဆိုလုံလောက်ပါပြီ
နန်းပေးတဲ့အဖြေက ကိုယ်လိုတာထက်တောင်ပိုနေပါသေးတယ် ''

ပြောရင်းနဲ့ကျနော်သူမရဲ့လက်ကိုလှမ်းကိုင်မယ်လုပ်တော့ သူမကလက်ကိုနောက်ရုတ်သွားသည် သူရှက်နေတာပဲဖြစ်မည်ထင်သည်

'' မှောင်တော့မယ် အစ်ကို နန်းအိမ်ပြန်တော့မယ် ''

'' ဟုတ်ပြီလေ ကိုယ်လည်းပြန်တော့မယ် ဒီညအိပ်တောင်ပျော်ပါ့မလားပဲ ''

သူမက မျက်လုံးလေးများမှေးစင်းသွားသည့်အထိ ပြုံးလိုက်ရင် နောက်လှည့်လက်ပြကာ ပြန်သွားတော့သည် သူမပြန်သွားတော့ ကျနော်လည်း အိမ်ပြန်ခဲ့တော့သည်

အဲ့ဒီ့ကစညနေတိုင်းလိုလို သူမနဲ့ကျနော်တွေ့ဖြစ်ကြသည် အလုပ်အားရင်အားသလို သူမမျက်နှာဖြူနုနုလေးကို ငေးကြည့်နေရင်းက ရင်တွေတဒိတ်ဒိတ်ခုန်ရသည့် အရသာလေးက တစ်မျိုး ကြာေ့ သူငယ်ချင်းများလည်းအကုန်သိကုန်ကြပြီ သူတို့ကိုခေါ်ပြရန်လည်းတိုက်တွန်းကြပြန်တယ် ခက်တာက မနက်ဖြန်ဆိုရွာပြန်ဆင်းရတော့မယ် ရွာကပြန်ရောက်တာနဲ့ သူမကိုသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ရည်ရွယ်ထားသည

အတွေးတွေနဲ့ကြည်နူးရင်း တောင်ပေါ်ရောက်လာတော့ သူမတစ်ယောက်တစ်ယောက်တည်း ငေးငေးငိုင်ငိုင်နဲ့ထိုင်နေတယ် ကျနော်ရောက်လာတာတောင်သူမ မသိလိုက်ဘူး

'' နန်း ဘာတွေတွေးနေတာလဲ ဟင် ''

'' သြော် ကိုရောက်လာပြီလား ဒီနေ့စောသားပဲ ''

'' အင်း ဟုတ်တယ်နန်းရဲ့ အလုပ်စောစောပြီးလို့ မနက်ဖြန်ရွာဆင်းရမယ် ''

'' ကို နန်းလေကိုယ့်ကိုပြောစရာရှိတယ် ''

'' အင်း ပြောလေ နန်းရဲ့ဘာပြောချင်လို့တုန်း ''

'' ကို နန်းကိုတကယ်ချစ်တာပါနော် နန်းနဲ့နှစ်ယောက်ထဲနေဖို့တကယ်ဆုံးဖြတ်ပြီးပြီလား ''

'' ဆုံးဖြတ်ထားပြီးသားပါ နန်းရယ် ဘာလို့ဒါတွေမေးနေတာလဲ ''

'' နန်းတို့နှစ်ယောက်ကြားမှာ အတားအဆီးတစ်ခုရှိနေတယ် အဲ့ဒီ့အတားအဆီးကို ကိုကဖြတ်လာမှရမယ် ကို လုပ်နိုင်မလား နန်းလေ ကိုနဲ့ထပ်မဝေးချင်တော့ဘူး ''

'' ကိုယ်တို့မဝေးပါဘူး နန်းရဲ့ဘာတွေပြောနေတာလဲ နန်းပြောတဲ့အတားအဆီးဆိုတာဘာလဲ ကိုလုပ်မယ် ''

'' တကယ်လုပ်မှာလား ကို ပြီးရင်နန်းကိုအပြစ်မတင်ဘူးလို့ ကတိပေးပါ ကိုနဲ့နန်းနီးစပ်ဖို့ ဒီတစ်နည်းပဲရှိတော့တာပါ ''

စင်စစ်သူမပြောတာ ကျနော်နားမလည်ပါ စိတ်နဲ့ကိုယ်နဲ့မကပ်သလို သူမချောက်ကမ်းပါးဘက်ကိုတိုးတိုးသွားနေတယ် ကျနော့်ခြေလှမ်းတွေလည်း သူမနောက်က လိုက်နေတယ် ပတ်ဝန်းကျင်က အော်သံလိုလိုခေါ်သံလိုလိုကြားနေပေမယ့် လုံးဝ လှည့်ကြည့်လို့မရဘူး နောက်ဆုံး ကျနော့် မျက်စိရှေ့မှာ အမှောင်ထုကြီး ဖုန်းလွှမ်းသွားတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

'' ဟန်ကြီးရေ ''

'' ဟာ ဦးခင်မောင်ပါလား ဘာကိစ္စ ''

'' မနက်ဖြန် ရွာမဆင်းဖြစ်သေးဘူးလို့လာပြောတာ ဒါနဲ့ ဟိုကောင်ဖြိုးကြီးမတွေ့ပါလား ''

'' သူ့စော်နဲ့သွားတွေ့တယ်လေ ''

'' ဟေ ဟုတ်လား ဒီကောင်ရည်းစားရသွားတာငါတောင်မသိလိုက်ပါလား ''

'' မသိဆိုကျနော်တို့လည်းမသိဘူး ဒီကိုစပြောင်းလာတဲ့နေန့က ဟိုတောင်ပေါ်မှာဖုန်းဆက်သွားရင်းတွေ့ခဲ့တယ်ပြောတာပဲ အဲ့ဒီ့ထဲက ခဏခဏသွားတွေ့နေတာ ညနေဆိုသွားပြီ ခုတောင်သွားတာကြာနေပြီ ''

ရုတ်တရက် ဦးခင်မောင်မျက်နှာပျက်သွားသည်

'' ကောင်မလေး နာမည်ကဘာတဲ့လဲ ဘယ်လိုပုံတဲ့လဲ ''

'' နန်းယုဝါဆိုလား လူပုံကဖြူဖြူချောချောနဲ့ ဆံပင်ခါးလယ်လောက်တဲ့ ''

'' ဟာ သေပြီ ဒုက္ခတွေတော့ရောက်ကုန်တော့မယ် ''

'' ဗျာ ဘာဖြစ်လို့လဲ ဦး ကောင်မလေးက ဘာဖြစ်လို့လဲ ''

'' ဘာဖြစ်ရမမှာလည်း အဲ့ကောင်မလေးက လူမဟုတ်ဘူးကွ ပြောနေတာကြာတယ် ကားပေါ်အမြန်တက် လမ်းကျမှရှင်းပြမယ် ''

ဘုမသိဘမသိနဲ့ ဦးခင်မောင်သွားရာနောက်လိုက်လာခဲ့ကြရသည်

'' ဦးလေး ဘာဖြစ်တာလဲဆိုတာပြောပါဦး ကောင်မလေးက လူမဟုတ်ဘူးဆိုတာဘာလဲ ''

'' လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်က ကွက်သစ်ဘက်မှာနေတဲ့ ကောင်မလေးတစ်ယောက် ညနေဘက်ကြီး မြို့ထဲကဆိုင်ကယ်နဲ့အပြန်မှာ ရှုခင်းသာကွေ့နားမှာ ဆယ်ဘီးကားနဲ့ချိတ်မိပြီး လူရောဆိုင်ကယ်ရော အရှိန်လွန်ပြီး ရှုခင်းသာချောက်ထဲထိုးကျသွားတာ ပွဲခြင်းပြီးဟေ့ တကိုယ်လုံးကြေမွနေတာ မင်းတို့ပြောတဲ့နန်းယုဝါဆိုတာပေါ့ကွာ အရင်နှစ်တွေထဲက အခြောက်အလှန့်ကြမ်းလို့ ဘယ်သူမှ အဲ့ဘက်မသွားကြဘူး ''

'' အခုဖြိုးကြီးကို ကောင်းကောင်းမွန်မွန်ကိုယ်ထင်ပြတယ်ဆိုတော့ကာ သူနဲ့နေရာချင်းလဲချင်လို့ဖြစ်မယ် ဒီတိုင်းဆိုအသက်အန္တရယ်စိုးရိမ်ရနိုင်တယ် ''

'' ဟာ ဒါဆိုရင် ဒုက္ခတွေတော့ရောက်ကုန်တော့မှာပဲ ''

ညနေမှောင်လုလုအချိန်လေးမှာ တောင်အောက်ရောက်လာတယ် ကားထားပြီး တောင်ပေါ်အမြန်ပြေးတက်သွားတော့ တစ်ယောက်တည်းစကားတွေပြောနေရင်းက ချောက်ဘက်ကိုဦးတည်နေတဲ့ ဖြိုးကြီး

'' ဟာ ဟိုမှာ ဖြိုးကြီး ဟေ့ရောင် ဟေ့ရောင်ဖြိုးကြီးမလုပ်နဲ့ သတိထားပါအုံးဟ ''

'' ဟ လုပ်ဦး လုပ်ဦး ခုန်ချတော့မယ် ''

'' လုပ်ကြပါဦးဟ ''

'' ဟာ သွားပြီ ''

အမြန်ပြေးလာသော်ငြားမမီတော့ သူကား ချောက်နက်ထဲကို ပြုတ်ကျသွားလေပြီ

လူအများထင်ကြတာက ကောင်လေးက စိတ်ညစ်စရာတစ်ခုခုရှိလို့ ခုန်ချတယ် တချို့ကလဲ သေသွားတဲ့ကောင်မလေးက ဖြားယောင်းပြီးလူစားလဲလိုက်တယ် အမျိုးမျိုးပေါ့

တကယ့်အမှန်တကယ်ဖြစ်ရပ်ကတော့ ဘဝချင်းခြားနေသည့်တိုင် ပေါင်းဖက်ရမယ့် ဖူးစာကံပါလာခဲ့ရလို့ တူညီတဲ့ဘဝတစ်ခုမှာသွားဆုံစည်းကြရတယ် ဆိုတဲ့ဖြစ်ရပ်မှန်ပင်

တစ်ခါတလေ မြို့ပြင်ဘက်
ထွက်တဲ့လူတွေ
အချိန်မတော် ပြန်လာရင်း
လမ်းမှာ စုံတွဲလေးတစ်တွဲ
လက်ချင်းချိတ်ပြီး ပျော်ပျော်ရွင်ရွင် လမ်းလျှောက်နေကြတာကို
တွေ့ရလေ့ရှိတယ်ဆိုတဲ့
အဖြစ်မှန်လေးတစ်ခုဟာ
နှစ်တွေကြာညောင်းလာတော့
လူတွေပါးစပ်ဖျားမှာ

ဒဏ္ဏာရီဆန်တဲ့ ပုံပြင်လေးတစ်ပုဒ်အဖြစ်သာကျန်ရစ်ခဲ့ပါတော့သည်

END 

No comments:

Post a Comment