Monday, June 5, 2017

ဘီလူးသရဲစီးခြင်း

ဘီလူးသရဲစီးခြင်း
~~~~~~~~~
ကိုယ်​တိုင်​ကြုံ​တွေ့သူ​နေရာမှဝင်​​ရေးသည်​။
ကျွန်​​တော်​က​​မြောက်​ဒဂုံမှာရှိတဲ့ လုံးချင်းအိမ်​​လေးတစ်​လုံးမှာ​နေရ​သောသူတစ်​​ယောက်​ဖြစ်​သည်​။
လုံးချင်းအိမ်​ဆို၍ ကိုယ်​ပိုင်​အိမ်​မဟုတ်​ တစ်​လကို၆သောင်းနဲ့ငှါးထားရ​သော တိုက်​အိမ်​တစ်​လုံးဖြစ်​သည်​။
သို့​ပေမယ့်​ ထိုရပ်​ကွက်​ မှာ​နေတာမကြာ​သေး​ပေ။
သုံးလ​မျှသာရှိ​သေးသည်​။
အိမ်​​လေးမှာ မ​ကြီး​​ပေမယ့်​မ​သေး​သော ၁၀​ပေအိမ်​သာဖြစ်​သည်​။ ကျွန်​​တော်​တစ်​​ယောက်​​နေရန်​ အတွက်​​တော့လုံ​လောက်​သည်​။
အ​ကြောင်းက​တော့..
မှောင်​မိုက်​​သောညဘက်​တည ၌ဖြစ်​သည်​။ ကျွန်​​တော်​၏အလုပ်​မှာ တစ်​​နေကုန်​ဆင်းရ​သောအလုပ်​ဖြစ်​သည်​။
မနက်​ဆိုလျှင်​ ၆နာရီထိုး​လောက်​သွားရ၍ အပြန်​ဆိုရင်​လည်း ည၉နာရီ​လောက်​မှပြန်​ရသည်​။
ထို​လောက်​ကြာ​သော်​လည်းအလုပ်​ဝင်​ ကြာချိန်​မဟုတ်​ အလုပ်​​ဝေး​သော​ကြောင့်​ ဘတ်​စ်​ကား ကိုပင်​ ဖင်​ပူ​အောင်​ သုံးနာရီ​လောက်​စီးရသည်​။
ထို​နေ့၌ ထုံးစံအတိုင်း ည ၉နာရီ​လောက်​မှပြန်​​ရောက်​သည်​။
လမ်း​ထိပ်​ရှိ ထမင်းဆိုင်​မှ ထမင်းထုတ်​ဟင်းထုတ်​​လေးစွဲကာ စလွယ်​သိုင်း လွယ်​အိတ်​ကိုလွယ်​ကာ တစ်​​ယောက်​တည်းလမ်းထဲသို့ဝင်​လာခဲ့သည်​။
ထိုမြို့မှာ အ​နောက်​ဖက်​လမ်းရှိ သူငယ်​ချင်​မှ အပ တခြားသူမည်​သူ့မှအားမသိ​သေး​ပေ။
ဒီလိုနှင့်​ အိမ်​ပြန်​အ​ရောက်​ ​ရေးချိုးပြီးသည်​နှင့်​ ပါလာတဲ့ထမင်းထုတ်​ထဲက ထမင်းအားစားသည်​။
စားပြီးလျှင်​လည်းမအိပ်​​သေး ဖုန်းကိုသုံး​နေ​သေး၏။
ပြီးမှ အိပ်​ယာဝင်​​ကျောခင်းသည်​။
(ဤသည်​မှာကျွန်​​တော်​ရဲ့​တ​နေ့တာဖြစ်​သည်​။)
ကျွန်​​တော်​လည်း တစ်​​ယောက်​တည်းအိပ်​ရသည်​ဖြစ်​သည့်​အတွက်​ အိပ်​ယာ​နေရာမှာအတည်​အကျဟူ၍မရှိ​ပေ။
တွေ့ရာ​နေရာသာ​ကျောခင်းသည်​။
အိပ်​​နေချိန်​အတွင်းမှာပင်​..
ရုတ်​တရတ်​ ခန္ဓာကိုယ်​ များ​လေးလံလာသည်​။ အ​ပေါ်မှတစ်​​ယောက်​​ယောက်​ဖိထားသလိုပင်​။ လက်​များလည်းမသယ်​နိုင်​​တော့..၊ ​ခြေ​ထောက်​သည်​လည်း
ထိုအတိုင်းပင်​..
ကျွန်​​တော်​မျက်​လုံး အား ဖွင့်​ရန်​ကြိုးစားပြန်​သည်​။ မရပါ မျက်​လုံး မျက်​ခွံများပို၍ ​လေးလံလာခဲ့သည်​။
ချွေးများလည်း တဖြည်းဖြည်း ထွက်​လာသည်​။
မျက်​လုံးဖွင့်မရ​တော့..ကျွန်​​​တော်​ ​အော်​ရန်​သာရှိ​တော့သည်​။
ဒါ​ကြောင့်​ ပါးစပ်​ဟ ​အော်​ရန်​ကြိုးစား​သော်​လည်း
မရ။
ပို၍ ပင်​ ပင်​ပန်းလာသလိုပင်​၊ အားအင်​များမရှိ​တော့သည့်​ လူမမာ ပမာ ဖြစ်​​နေသည်​။
နောက်​ဆုံးမရ​တော့သည့်​အဆုံး..
စိတ်​ထဲ၌ ..
ဘုရားဂုဏ်​​တော်​ ဘုရားစာများအား ရွတ်​ဆို​နေလိုက်​သည်​။
အချိန်​အနည်းငယ်​ကြာ​သောအခါ..
ခန္ဓာကိုယ်​ တစ်​ခုလုံးမှာထိုကဲ့သို့မခံစားရ​တော့..
ကိုယ်​​ပေါ်မှ တစ်​ခုခုဖိထားရာက​နေ ဆင်းသွားသလိုခံစားရသည်​။
ဒီလိုနှင့်​ထိုညတစ်​ညလုံးအိပ်​မရ​တော့​ပေ။
ဒီလိုအဖြစ်​က လူကြီး​တွေ​ပြော​နေတဲ့ ဘီလူးသရဲစီးခြင်းလား
ဆိုတာကို ကျွန်​​တော်​ စဉ်းစား ​တွေ​ဝေ​နေမိသည်​။
နောက်​တစ်​​နေ့ည​ရောက်​ပြန်​သည်​။
ထုံးစံအတိုင်းပင်​..
ထမင်းထုတ်​ထဲက ထမင်းကိုစား၊ ဖုန်းခဏသုံး၊ ပြီးရင်​​ကျောခင်းသည့်​အလုပ်​လုပ်​ပြန်​သည်​။
မ​နေ့ညကဖြစ်​ပျက်​ခဲ့သည့်​အ​ကြောင်းကိုမ​မေ့​ပျောက်​နိုင်​..
ဘာ​ကြောင့်​ဖြစ်​သည်​ကို သိချင်​​နေမိသည်​။
နောက်​ဆုံး
ကျွန်​​တော်​ မ​နေ့ညက အိပ်​သည့်​​နေရာ၌ တဖန်​ပြန်​အိပ်​ရန်​ ဆုံးဖြတ်​လိုက်​သည်​။
ဒီလိုနှင့်​..
ကျွန်​​တော်​လည်း စတင်​​ကျောခင်းလိုက်​သည်​။
ဖြစ်​ပုံမှာမ​နေ့ကအတိုင်း​ပေ..
ခြေလက်​များ ​လေးလံလာပြန်​သည်​။ မျက်​ခွံများလည်းမဖွင့်​နိုင်​၊ ပါးစပ်​များမှ 
အားကုန်​​အော်​​နေ​သောလည်း ပင်​ပန်းသည်​ခံစားမှုအားခံစား​နေရတာဘဲထူးသည်
အသံက​​လေသံ​တောင်​မှမထွက်​နိုင်​​တော့...
စိတ်​ထဲ၌ ဘုရားစာအား ဆိုလိုက်​မှသာ ထိုခံစားမှုမျိုး​ပျောက်​ကွယ်​သွားသည်​။
နောက်​​တော့မှ ကျွန်​​တော်​ဘီလူးသရဲစီးသည်​ဆိုတာ သူများ​ပြော​တော့မှသိလိုက်​ရသည်​။
ဘာ​ကြောင့်​စီးသလဲဆိုရင်
ကျွန်​​တော်​အိပ်​သည့်​​နေရာမှာ
အိမ်​​ခေါင်​တိုင်​အလယ်​တည့်​တည့်​ဖြစ်​၍ ခန္ဓာကိုယ်​ ​ပေါ် ​စောင်​ ​ခြင်​​ထောင်​စသည့်​မည်​သည့်​အရာမျှမရှိလျှင်​ ဘီလူးသရဲစီးခြင်းကိုခံစားရသည်​။
ညဘက်​ဘုရားရှိုခိုးပြီးအိပ်​ရင်​ ​တော့ထိုသို့မဖြစ်​​ပေ..
ကျွန်​​တော်​လည်း​ သိပြီး..
ထို​နေရာမှာဘယ်​​တော့မှမအိပ်​​တော့​ပေ..
ထိုခံစားမှုမျိုးမှာကြာလာရန်​အသက်​အန္တရာယ်​စိုးရိမ်​ရပါသည်​။
ပြီးပါပြီ
ကျေးဇူးတင်​ပါတယ်

No comments:

Post a Comment