Monday, June 5, 2017

Create a Personal Account

Create a Personal Account

Personal Account သည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအတွက် ကိုယ်ရေးကိုယ်တာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် စီစဉ်ထားသော Account အမျိုးအစားဖြစ်ပါသည်။
  • Personal Account သည် Online တွင် ဈေးဝယ်ယူခြင်း၊ ငွေပေးပို့ခြင်း၊ ငွေလက်ခံခြင်း၊ လှုဒါန်းငွေပေးပို့ခြင်း စသည့် လုပ်ဆောင်ချက်များစွာအား ဆောင်ရွက်နိုင်ပါသည်။
  • အနည်းဆုံး ငွေကျပ် တစ်ထောင်ကျပ်မှ စ၍ အများဆုံး ငွေကျပ် ၁ဝ သိန်းအထိ ထားရှိနိုင်ပါသည်။
  • MyanPay Personal Account တွင် အနည်းဆုံး ငွေကျပ် တစ်ထောင်ကျပ် လက်ကျန်ထားရှိရမည် ဖြစ်ပါသည်။
Personal Account ပြုလုပ်ရန်အတွက် လိုအပ်ချက်များ။
  • မြန်မာနိုင်ငံသား၊ အသက် (၁၆) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  • နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသူ ဖြစ်ရမည်။
  • မြန်မာနိုင်ငံ၏ Mobile ဖုန်း (GSM, WCDMA, CDMA 800 MHz, CDMA 450 MHz) ဖုန်း တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
Create a MyanPay Personal Account
၁။ https://www.myanpay.com.mm သို့ သွားပါ။
login_photo
၂။ MyanPay ၏ Personal Account အား ရယူရန်အတွက် Home Page မှ ‘Create MyanPay Account’ ကို နှိပ်ပါ။
၃။ MyanPay Account ရယူရန်အတွက် Web Page ကျလာပါလိမ့်မည်။
၎။ ‘Create Personal Account’ အား နှိပ်ပါ။
၅။ Personal Account အား ရယူရန်အတွက် အဆင့် (၄) ဆင့် ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၆။ လူကြီးမင်း၏ အချက်အလက်များအား ပြည့်စုံစွာ ဖြည့်သွင်းပေးရပါမည်။
  • လူကြီးမင်း၏ MyanPay Account အတွက် User Name ကိုထည့်၍ “Check Availability” နှိပ်၍ ရနိုင်မရနိုင် အရင်စစ်ဆေးပါ။ User Name တွင် space မပါရပါ။ User Name ရှိပြိးသားဆိုပါက တခြား User Name တစ်ခုကို အသုံးပြု၍ ထပ်မံထည့်၍ စစ်ပါ။ ‘Username is available’ ဆိုမှသာ လူကြီးမင်းအနေဖြင့် ထို User Name အား လူကြီးမင်း MyanPay Account ၏ User Name အဖြစ် အသုံးပြု၍ရမည် ဖြစ်ပါသည်။
  • Display Name တွင် လူကြီးမင်း၏ အမည်အား ထည့်သွင်းပေးပါ။
  • လူကြီးမင်း၏ MyanPay Account အတွက် Password တစ်ခုအား ထည့်သွင်းပေးပါ။ လူကြီးမင်း၏ MyanPay Account လုံခြုံမှု ပို ရှိစေရန် Special Character ( !@#$%^&* ) များ ပါဝင်သော Password ကို ထည့်သွင်းပေးရန် အကြုံပြုလိုပါသည်။
  • Email Address ကိုလူကြီးမင်း၏ ကိုယ်ပိုင် Email Address အမှန်ထည့်ရန်လိုအပ်ပါသည်။သို့မှသာ အကောင့်ဆောက်ရန် လိုအပ်သော Activation code ကိုရရှိနိုင်ပါမည်။Security Question and Answer Field များ ကိုလည်း သေချာစွာ မှတ်သား ထည့်သွင်းပေးရန် လိုအပ်ပါသည်။ နောင်တွင် မိမိ MyanPay Account ၏ Password ကိုမေ့သွားလျှင်လည်းကောင်း၊ MyanPay Account ၏ Password  ပြောင်းချင်လျှင် လည်းကောင်း လိုအပ်လာမည်ဖြစ်ပါသည်။

  • MyanPay Account အတွက် လိုအပ်သော အချက်အလက်များကို  မှန်ကန်စွာဖြည့်သွင်းပြီးပါက “I agree”ကို အမှန်ခြစ်ပေးပါ။ ထို့နောက် “Sign up” button ကို နှိပ်ပေးပါ။
  • ‘Sign Up’ Button အား နှိပ်ပြီးပါက လူကြီးမင်း၏ MyanPay Account အား သေချာမှုရှိစေရန်အတွက် Activation ပြုလုပ်မည့် Web Page ကျလာပါလိမ့်မည်။
၇။ MyanPay မှ လူကြီးမင်းထည့်ထားသော Email နှင့် Phone သို့Activation Code ပေးပို့ပေးမည်ဖြစ်ပါသည်။ ၎င်း မှ Activation Code ကို မှန်ကန်စွာ ကူးထည့် ၍ Activate ကို နှိပ်ပါ။
၈။ လူကြီးမင်းအနေဖြင့် Activation Process ပြီးစီးပါက MyanPay Account တစ်ခု ပိုင်ဆိုင်ရရှိပြီ ဖြစ်ပါသည်။
create_account

No comments:

Post a Comment