Monday, June 5, 2017

ငါမသေ,သေးဘူးလေ


             ငါမသေ,သေးဘူးလေ…
ဖြစ်ရပ်မှန်ဇာတ်လမ်းတို
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
မည်သူ့အပြစ်ဖြစ်သနည်း၊ လူသားနှစ်ဦး တိုက်ဆိုင်စွာပြိုင်တူ မက်ခဲ့သည့်အိပ်မက်သည်လည်း ထူးဆန်းသည်ပဲလား… သို့မဟုတ် ?

       ဒေါ်အေးမာ။ ဒေါ်အေးမာဟာ နှလုံးရောရှိသူတစ်ဦးဖြစ်သည်။ သူမတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိလေခါ အသက်အားဖြင့် (၅၅)နှစ်ကျော်မျှရှိနေပြီဖြစ်သည်။ သူမ၏ခင်ပွန်းသည်မှာမူ တိုင်းရင်ဆေးဆရာတစ်ယောက်လေခါ မိသားစုအားလည်း ထိုအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ရှာဖွေးကျွေးမွေးလျက်ရှိသည်။ ဒေါ်အေးမာဟာ သူမအသက်(၃၀)ဝန်းကျင်လောက်တွင် ငယ်ဆုံးသားလေးအား မွေးဖွားလာခဲ့ပြီး…

    အသက်(၃၀)ကျော်လောက်မှစတင်ခါ သူမ၏မွေးရာပါဖြစ်သော နှလုံးရောဂါအစပြုလာခဲ့ခြင်းဖြစ်သည်။ သူမ၏ နှလုံးရောဂါမှာ နှလုံးသွေးကြောကျင်းခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ လူကောင်းပကတိအတိုင်း စကားပြောနေရာမှ မေ့လဲသွားခဲ့ခြင်းမျိုးလဲရှိလေခဲ့သည်။ သတိလစ်နေလျင် အနည်းဆုံး(၁၀)မိနစ်ခန့်ကြာရှိပြီး၊ အများဆုံးမိနစ်(၃၀)ထိ မေ့မျောနေလျက်ရှိသည်။

   မေ့မျောနေသည်ဟုဆိုခြင်းငှာ (၁၀)မိနစ်၊ မိနစ်(၃၀)လုံးလုံး လုံဝသတိမလည်လာခြင်းမျိုးမဟုတ်၊ သတိလည်လာ၍ ပြန်လည်မေ့မျောသွားခဲ့ခြင်းမျိုးဖြစ်သည်။ ယခုဆိုလျင် သူမတစ်ယောက် ထိုကဲ့သို့နှလုံးရောဂါသည်ဘဝနှင့် နေထိုင်လာခဲ့သည်မှာ အနှစ်(၂၀)ဝန်းကျင်မျှကြာမြင့်နေခဲ့ပြီဖြစ်သည်။ နေ့စဉ်နှင့်အမျှ ဆေးထိုး၊ ဆေးသောက်ပြုလုပ်နေခဲ့ရပြီး ရောဂါဟာလည်း ပျောက်သွားခြင်းမျိုးမဟုတ်၊ သက်သာယုံမျှသာရှိလေသည်။

   အိမ်၏စီးပွားရေးမှာလည်း သူမ၏ရောဂါအား ကုသပေးနေရခြင်းကြောင့် တစ်ဖြည်းဖြည်းနှင့်လုံးပါး ပါးလာခဲ့ရသည်။ သို့သော်လည်း သားသမီးများနှင့်ခင်ပွန်းသည်မှာမူ သူမအပေါ်သို့ ငြိုငြင်ခြင်းမရှိ၊ မစားရလျင်နေနိုင်ပါ၏။ ထိုကဲ့သို့ခံစားနေရသော မိခင်ဖြစ်သူ ရောဂါသာလျင် ပျောက်ကွယ်သွားစေချင်သည်ဟု တွေးတောထားရင်း အနှစ်(၂၀)လုံးလုံးကုသပေးနေလျက်ရှိသည်။ သို့သော်လည်း ယခုဆိုလျင် အငယ်ဆုံးသားလေးမှာမူ အသက်(၂၀)ကျော်ရှိလာခဲ့သော်လည်း သူမ၏ဝေဒနာမှာ သက်သာရူံမျှသာရှိခဲ့ပြီး တစ်ခါတစ်ရံတွင်မူ သတိလစ်မေ့မျောခြင်းများလည်း ဖြစ်နေသေးခဲ့သည်။

    တစ်နေ့ညနေတွင် ဒေါ်အေးမာတစ်ယောက် နေထိုင်မကောင်းချင်သည်ဟု ပြောဆိုလာခဲ့သည်ကြောင့် သားသမီးများမှာ မိခင်ဖြစ်သူအား ပြနေကြဖြစ်သည့် ဆေးခန်းဆီသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ထို့နောက် နေအိမ်ဆီသို့ သားသမီးများနှင့် ရီရီမောမောပြန်လည်ရောက်ရှိလာခါ အပေါ့သွားရန် အိမ်နောက်ဖေးသို့ တစ်ဦးတည်းလျောက်သွားခဲ့သည်။ သားသမီးများမှာလည်း မိခင်ဖြစ်သူအား တွဲလျက်ပို့ဆောင်ပေးရန် ပြောဆိုခဲ့သေးသည်။

  သို့သော် သားသမီးမှာမူ နေမကောင်းသည့်မိမိအတွက် ချက်ပြုတ်ကျွေးမွေးရန် ကိုယ်ဆီအလုပ်ကလေးများနှင့် နေအိမ်အတွင်း၌ ပြုလုပ်နေခဲ့သည်ကြောင့် ဒေါ်အေးမာမှာမူ မိမိဖာသာသွားမည်ဟု ပြောဆို၍ဇွတ်အတင်းထွက်သွားခဲ့ခြင်းဖြစ်သည်။ သားသမီးများသည်လည်း မိခင်ပြောဆိုသည်ကြောင့် လုပ်လက်စအလုပ်ကလေးများကိုသာ ဆက်လက်လုပ်ကိုင်နေခဲ့ကြပြီး ဒေါ်အေးမာတစ်ယောက် အိမ်နောက်ဖေးသို့အရောက်…
  
    ''အား!…''
ဟူသော အသံနှင့်အတူ ပစ်လဲကျသွားခဲ့သည်။ မိခင်ဖြစ်သူ၏အသံကြောင့် သားသမီးများသည်လည်း ကဗျာကယာ အိမ်နောက်ဖေးသို့ ပြေးဝင်သွားကြခါ အိမ်သာအရှေ့၌ ပြူးကြောင်ကြောင်မျက်လုံးကြီးဖြစ် လဲကျနေခဲ့သော မိခင်ဖြစ်သူအား မြင်တွေ့လိုက်ရလေသည်။ စိုးရိမ်ကြီးစွာဖြင့် ဖခင်ဖြစ်သူအား အားကိုးတကြီးခေါ်ဆိုလေခါ ဖခင်ဖြစ်သူသည်လည်း ဒေါ်အေးမာအား အိမ်ရှေ့ခန်းဆီသို့ ပွေ့ချီသွားခဲ့သည်။

   ခင်ပွန်းသည်လည်း ဇနီးသည်တစ်ယောက် ဖြစ်မြဲသည့်အတိုင်း သတိလစ်သွားဟန်တူသည်ဟု သက်မှတ်စေခါ သတိပြန်လည်ရရှိလာစေရန် လှုပ်ဆော်ခဲ့သည်။ သို့သော် ယခင်ဆိုလျင် ဒေါ်အေးမာတစ်ယောက် သတိလစ်သွားခဲ့လျင် စက္ကန့်ခြားမျှ ပြန်လည်သတိလည်လာလေ့ရှိသည်။ ယခုအခါ (၁၀)မိနစ်တိုင်တိုင်လုံးဝ သတိလည်မလာခဲ့ချေ။

     ထို့နောက်  မိနစ်(၂၀)အထိတွင်လည်း လုံးဝသတိပြန်လည်ရရှိမလာတော့ချေ။ သို့နှင့် မိသားစုများသည်လည်း ဆေးရုံဆီသို့ လျင်မြန်စွာပို့ဆောင်ခဲ့ကြရင်း အရေးပေါ်ခန်းအတွင်းသို့ ရောက်ရှိစေခဲ့သည်။ ဆရာဝန်ကြီးများမှာလည်း နည်းအမျိုးမျိုးဖြင့် စစ်ဆေးစေခဲ့သည်။ သို့သော် မျက်လုံးအိမ်များမှာ လှုပ်ရှားခြင်းမျိုးမရှိ၊ နှလုံးသည်လည်း ပြန်လည်ခုန်လာခြင်းမျိုး မရှိတော့ချေ။

    ထိုအချိန်မှစတင်ခါ ဒေါ်အေးမာတစ်ယောက် ထိတ်လန့်စရာတစ်ခုအား မြင်တွေ့သွားစေရင်း နှလုံးသွေးရပ်တန့်သွားခဲ့သည်ဟု သတ်မှတ်စေခဲ့သည်။ ခင်ပွန်းသည်လည်း ယူကြုံးမရဝမ်းနည်းလေမိသည်။ သားသမီးများသည်လည်း မိမိကိုယ်ကိုအပြစ်များစွာတင်လေခါ မိခင်ဖြစ်သူ၏ အနောက်သို့လိုက်ပါသွားခဲ့ခြင်းမရှိသည်ကြောင့် ထိုကဲ့သို့ဖြစ်သွားခဲ့ရသည်ဟု ပြောဆိုလေခါ မဖြေသိမ့်နိုင်ခဲ့ပေ။ သို့နှင့်ဒေါ်အေးမာတစ်ယောက် ဆုံးပါးသွားခဲ့ရင်း ကျန်ရစ်သူမိသားစုများမှာလည်း ရက်လည်ဆွေးသွပ်အလှူတန်းပြုလုပ်ပေးခါ အမျှပေးဝေခဲ့သည်။

     လပတ်ဆွမ်းသွပ်သည့်မခါတွင်လည်း ကျန်ရစ်သူမိသားစုများမှာ မိခင်ဖြစ်သူအတွက်ရည်စူးလျက် အလှူတန်းများစွာပြုလုပ်ပေးလေခဲ့သည်။ တစ်ညတွင် ဒေါ်အေးမာ၏သားဖြစ်သူတစ်ယောက် မိခင်ဖြစ်သူ၏ဓာတ်ပုံလေးအား အငိုမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ချိန်တွင် သူ၏အနောက်မှ
            ''သားလေး''ဟူသော ခေါ်ဆိုလိုက်သံကြားသိလိုက်ရသည်။

  ထိုအသံဟာ မိခင်ဖြစ်သူ၏အသံဖြစ်သည်ကြောင့် သားဖြစ်သူမှာ ဆတ်ခနဲလှည့်ကြည့်မိ၏။ သေချာလေသည်။ မိခင်ဖြစ်သူဒေါ်အေးမာ သူ၏အနားသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်လေသည်။ သို့နှင့်မိခင်ဖြစ်သူအား ဝမ်းသာအားရ သိုင်ဖတ်လိုက်ခါ မိခင်ဖြစ်သူ၏နှုတ်မှ ငိုသဲများဖြင့် ထိုကဲ့သို့ပြောဆိုလေခဲ့သည်။

    ''သားလေးရယ်… အမေမသေးသေပါဘူး ဘာဖြစ်လို့အမေ့ခန္ဓာကိုယ်ကို မီးရှို့ပစ်လိုက်ကြတာလဲ'
   'ဗျာ… အမေ… အမေဘာပြောတယ်''
   ''အမေ… အမေ မသေသေးပါဘူး အမေမျောသွားတာပါ ဒါကိုမင်းတို့အားလုံးက အမေ့ကိုသင်္ဂျိုးလိုက်ကြတယ်လေ''
   'အမေ… အမေ… အမေ!''

   အိပ်မောကျနေခဲ့သော သားငယ်မှ အမေဟု ကျယ်လောင်စွာတမ်းတအော်ခေါ်လိုက်သည်ကြောင့် အိမ်သားများအားလုံးသည်လည်း အိပ်မောကျနေရာမှ နိုးထသွားစေခဲ့သည်။ သေချာသည်က အငယ်ဆုံးသားမှာမူ မိခင်ဖြစ်သူဒေါ်အေးမာအား အိပ်မက်အတွင်း၌ မြင်တွေ့နေခဲ့ရခြင်းဖြစ်သည်။ မောပန်းစွာလန့်နိုးလာခဲ့သော မောင်ဖြစ်သူအား ရေတိုက်လျက် မည်သည့်အိမ်မက်များ မက်ရသည်နည်းဟု ဝိုင်းဝန်းမေးမြန်းချိန်၌ သူ၏အိပ်မက်အတွင်းတွင် မိခင်ဖြစ်သူမှာ သူမ မသေသေးပဲ အဘဟ့်ကြောင့် သင်္ဂျုးခဲ့ကြသနည်းဟု ဝမ်းနည်းစွာမေးမြန်းသွားကြောင်း ပြောဆိုလေခဲ့သည်။

       သားငယ်တွင်မက ဖခင်ဖြစ်သူသည်လည်း ညဦးပိုင်းအချိန် မေးခနဲအိပ်ပျော်သွားချိန်တွင် ဇနီးသည်ဒေါ်အေးမာမှာ မိမိအား သားငယ်ဖြစ်သူ၏ အိပ်မက်ကဲ့သို့ လာရောက်ပြောဆိုသွားကြောင့် ထပ်မံပြောဆိုလေခဲ့သည်။ှ

   ထိုအိပ်မက်အရဆိုလျင် ဒေါ်အေးမာတစ်ယောက် အမှန်တကယ်ပင်လျင် သေဆုံးခြင်းမှဟုတ်ပါလေရဲ့လား။ သူမ၏အိပ်မက်ပေးပြောဆိုလာခဲ့သည့် စကားများအတိုင်း မေ့မျောနေခဲ့ခြင်လေလား။ ဝေခွဲမရစွာဖြင့် သားသမီးများနှင့် ခင်ပွန်းသည်လည်း ယနေ့ထက်တိုင် ဝမ်းနည်းတကြီး ဒေါ်အေးမာအား တမ်းတနေလျက်ရှိလေတော့သည်။

   မှတ်ချက်။   ။မိခင်ဖြစ်သူ၏အကြောင်းများအား ပြောဆိုပေးခဲ့ပါသော ညီလေးမောင်တင်အောင်ကြီး ကျေးဇူးတင်ရှိပါသည်။ ဒေါ်အေးမာ၏အငယ်ဆုံးသာ့းဖြစ်သူ တင်အောင်ကြီးသည်လည်း ယနေ့အချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌရပ်ကွက်၊ ခေမာ(၈)လမ်းတွင် နေထိုင်လျက်ရှိသည်။

  စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။

No comments:

Post a Comment