Monday, June 5, 2017

ဘဏ်မှတဆင့် ငွေလွှဲပို့ခြင်းဖြင့် ငွေဖြည့်သွင်းခြင်း

Add Funds from Bank Transfer

ဘဏ်မှတဆင့် ငွေလွှဲပို့ခြင်းဖြင့် ငွေဖြည့်သွင်းခြင်း။
  • ဘဏ်များမှတဆင့် ငွေလွှဲပို့ပေးခြင်းဖြင့် MyanPay Balance အတွင်းသို့ ငွေဖြည့်သွင်းနိုင်ပါသည်။
  • လူကြီးမင်းအနေဖြင့် လူကြီးမင်းနှင့် အနီးဆုံးဘဏ်များမှတဆင့် MyanPay Service Bank Account အတွင်းသို့ ငွေလွှဲပို့ပေးခြင်းဖြင့် MyanPay Balance အတွင်းသို့ ငွေဖြည့်သွင်းနိုင်ပါသည်။
  • ဘဏ်မှ လူကြီးမင်း၏ ငွေလွှဲရောက်ရှိသည်နှင့် MyanPay Operation Team သို့ အကြောင်းကြားပါလိမ့်မည်။
  • ဘဏ်မှ လူကြီးမင်း၏ ငွေလွှဲရောက်ရှိခြင်း အတည်ပြုချက် ရရှိပြီးနောက် MyanPay မှ လူကြီးမင်း၏ MyanPay Balance အတွင်းသို့ လူကြီးမင်းပေးသွင်းလိုက်သော ငွေပမာဏအား ထည့်သွင်းပေးပါမည်။
  • မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ဖွင့်ရက်များအတွင်း MyanPay မှ လူကြီးမင်း၏ ငွေလွှဲအား အတည်ပြုချက် ရရှိပြီးနောက်ပိုင်း ၁ နာရီမှ ၈ နာရီ အချိန်အတွင်းတွင် ဆောင်ရွက်ပေးပါမည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step2
၃။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From Bank Transfer’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
add_fund_bt
၎။ ‘Add Funds From Bank Transfer’ အားရွေးချယ်လိုက်ပါက အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။
add_fund_bt_1
၅။ ယခုအဆင့်တွင် ငွေလွှဲဖြင့် ငွေဖြည့်သွင်းမည့်သူသည် လူကြီးမင်းကိုယ်တိုင်(User) ငွေလွှဲမည်။ သို့မဟုတ် လူကြီးမင်း၏ ကိုယ်စား(Delegate) မှ ငွေလွှဲမည် ဖြစ်သည်ဟူ၍ ရွေးချယ်ပေးရပါမည်။
  • လူကြီးမင်းကိုယ်တိုင် ဘဏ်သို့ သွားရောက်၍ ငွေလွှဲမည်ဆိုပါက ‘User’ အား ရွေးချယ်ပေးပါ။ ‘User’ အား ရွေးချယ်ပါက လူကြီးမင်း၏ အချက်အလက်များ ဖော်ပြလိမ့်မည်ဖြစ်ပါသည်။
  • လူကြီးမင်းကိုယ်စား အခြားသူတစ်ယောက်မှ ဘဏ်သို့ သွားရောက်၍ ငွေလွှဲမည်ဆိုပါက ‘Delegate’ အား ရွေးချယ်ပေးရပါမည်။ ‘Delegate’ အား ရွေးချယ်ပါက လူကြီးမင်း၏ ကိုယ်စားလှယ် ‘Delegate’ ၏ အမည်၊ မှတ်ပုံတင်အမှတ် စသည့် လိုအပ်သည့် အချက်အလက်များအား ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
၆။ ထို့နောက် လူကြီးမင်း ငွေလွှဲမည့် လူကြီးမင်းနှင့် အနီးဆုံး ဘဏ်၏ အချက်အလက်များအား ရွေးချယ် ထည့်သွင်းပေးရပါမည်။
  1. ပထမတွင် လူကြီးမင်း ငွေလွှဲမည့် လူကြီးမင်းနှင့် အနီးဆုံး ဘဏ်ကို ရွေးချယ်ပေးပါ။
  2. ဒုတိယတွင် ၎င်းဘဏ်၏ ဘဏ်ခွဲအား ရွေးချယ်ပေးပါ။
၇။ ထို့နောက် လူကြီးမင်း ငွေလွှဲမည့် ငွေပမာဏအား အတိအကျ ထည့်သွင်းပေးရပါမည်။ ထို့ နောက် ‘Continue’ ကိုနှိပ်ပါ။
add_fund_bt_2
၈။ လူကြီးမင်း၏ အချက်အလက်များ အပြည့်အစုံ ထည့်သွင်းပြီးပါက Add Fund ကို နှိုပ်ပေးပါ။
add_fund_bt_3
၉။ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက် ပြီးဆုံးကြောင်းကို အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
add_fund_bt_4
၁ဝ။ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက် ဆောက်ရွက်ပြီးနောက် လူကြီးမင်း၏ ‘My Account’ ထဲသို့ သွားရောက် ကြည့်ရှုပါက အောက်ပါတိုင်း တွေ့မြင်ရပါလိမ့်မည်။
add_fund_bt_5
၁၁။ လူကြီးမင်း၏ ‘My Account’ ထဲသို့ သွားရောက် ကြည့်ရှုပါက လူကြီးမင်းငွေလွှဲပို့ခြင်း (Add Funds From Bank Transfer) လုပ်ဆောင်ချက်သည် ‘Payment Status’ ၌ “Pending” ဖြစ်နေကြောင်းကို တွေ့ရပါမည်။
၁၂။ အဘယ်ကြောင့်ဆိုသော် လူကြီးမင်းအနေဖြင့် အမှန်တကယ် ဘဏ်သို့ သွားရောက်၍ ငွေလွှဲပို့ရန် လိုအပ်ပါသေးသည်။
၁၃။ လူကြီးမင်းအနေဖြင့် ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက် ဆောင်ရွက်ပြီးနောက် MyanPay မှ ငွေလွှဲပို့ရမည့် MyanPay ၏ Bank Account အချက်အလက်များကို လူကြီးမင်း၏ Email ထဲသို့ အလိုအလျောက် ပေးပို့ထားပြီး ဖြစ်ပါသည်။
၁၄။ လူကြီးမင်းအနေဖြင့် လူကြီးမင်း၏ Email အား စစ်ဆေးပေးရန် လိုအပ်ပါသည်။ ငွေလွှဲပို့ရမည့် MyanPay ၏ Bank Account အချက်အလက်အား လူကြီးမင်း၏ Email ထဲတွင် တွေ့မြင်နိုင်ပါသည်။
၁၅။ ထို့နောက် လူကြီးမင်းအနေဖြင့် ဘဏ်သို့ သွားရောက်၍ Email ထဲတွင် ပါရှိသော MyanPay ၏ Bank Account ထဲသို့ ငွေလွှဲပို့ပေးရန် လိုအပ်ပါသည်။
(အကြံပြုချက် ။ ။  ငွေလွှဲပို့ပြီးပါက လူကြီးမင်း၏ ငွေထည့်သွင်းသော လုပ်ငန်းစဉ်အား ပိုမိုသေချာမှုနှင့် မြန်ဆန်မှုရှိစေရန် ဖုန်းနံပါတ် ဝ၁-၅၅၅၄၆၆၊ ဝ၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မိမိ၏ Transaction Details အား အသိပေးအကြောင်းကြားပါက ပို၍ မြန်ဆန်မှု ရှိပါသည်။)
၁၆။ ‘Add Funds From Bank Transfer’ လုပ်ငန်းစဉ်တွင် ဘဏ်မှ ကျသင့်မည့် ဘဏ်ဝန်ဆောင်ခများအား လူကြီးမင်းဘက်မှ ပေးဆောင်ရပါမည်။
(MyanPay ၏ ဝန်ဆောင်မှု နှုန်းထားများအား အသေးစိတ် သိရှိလိုပါက ‘MyanPay Service Fees‘ တွင် သွားရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။)
၁၇။ လူကြီးမင်း ငွေလွှဲပြီးပါက ဘဏ်မှ MyanPay သို့ အကြောင်းကြားပေးပါလိမ့်မည်။ ဘဏ်မှ အကြောင်းကြားလာသော ငွေလွှဲအချက်အလက်များကို MyanPay မှ Operation Team မှ သေချာစွာ စစ်ဆေးပြီး လူကြီးမင်း၏ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက်အား “Complete” အဖြစ်သို့ ပြောင်းလဲပေးပါမည်။
add_fund_bt_6
၁၈။ လူကြီးမင်း၏ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက်အား “Pending” အခြေအနေမှ “Complete” အခြေအနေသို့ ပြောင်းလဲပြီးပါက လူကြီးမင်း ထည့်သွင်းလိုက်သော ငွေပမာဏသည် လူကြီးမင်း၏ MyanPay Balance ထဲသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment