Monday, June 5, 2017

အမုန်းကျိန်စာ

သရဲစာအုပ် ၏ ဓာတ်ပုံ
#lin_အမုန်းကျိန်စာ_part 1

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

ကျွန်မ မနေ့ကပဲ သေဆုံးခဲ့တယ် ခြောက်ခြားစရာကောင်းတဲ့အဖြစ်ပျက်တွေနဲ့ သည်းမခံနိုင်တော့တဲ့နောက်ဆုံး ကိုယ့်ကိုကိုယ် သတ်သေလိုက်တော့တယ် 

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ကျွန်မနာမည် ခင်ပြည့်စုံထွန်း အသက်ကတော့ ၁၈ ပေါ့ ကျောင်းမှာ ဆယ်လီကြီး queen ကြီးတစ်ယောက်မဟုတ်ပေမယ့် အေးအေးဆေးဆေးနေတတ်တဲ့ ကျွန်မ သူ့နေရာနဲ့သူ နာမည်ကြီးပါတယ် အရမ်းချစ်ရတဲ့သူငယ်ချင်းတွေလည်းရှိတယ် အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကတော့ အသက် ၁၆ နှစ်ပြည့်မွေးနေ့မှာ ကျွန်မကို အကြောင်းအရင်းမရှိပစ်ပစ်ခါခါ အမုန်းကြီးမုန်းသွားခဲ့ပါတယ် ခုဆိုတစ်ကျောင်းထဲတက်နေပေမယ့် ကျွန်မကိုသူလုံးဝမခေါ်ပါဘူး

ထိတ်လန့်စရာအဖြစ်အပျက်တွေမကြုံခင် တစ်ပတ်အလို

ကျွန်မနဲ့သူငယ်ချင်းတစ်စု ကန်တင်းမှာထိုင်နေကြတယ် တခြားစားပွဲခုံမှာလည်း ကျွန်မရဲ့တစ်ချိန်ကအချစ်ဆုံးသူငယ်ချင်းကြီး သီရိထက် သူ့သူငယ်ချင်းတွေနဲ့အတူထိုင်နေပါတယ်

''မိစုံ နင့်မွေးနေ့ကျရင်ငါတို့ကိုဘာကျွေးမလဲ ''

''ပြောစရာလား မွေးနေ့ကျမှစောင့်ကြည့်ပေါ့ လက်ဆောင်တွေသာအသင့်ပြင်ထား မိန်းမတွေ ''

''မွေးနေ့များဟယ် အထူးတလှယ်လုပ်လို့ မွေးနေ့ကလူတိုင်းရှိတာပဲကို ပိုကိုပိုတယ် ''

နားထဲကို ထော်လော်ကန့်လန့်ဝင်လာတဲ့ တစ်ဖက်ဝိုင်းက သီရိထက်ရဲ့မဲ့သံရွဲ့သံ သူ့နေရာမှာတခြားလူတယောက်ဆိုရင်တော့ ကျွန်မငြိမ်ခံနေမှာမဟုတ် တစ်ခုခုတော့ပြန်ပြောမိလိမ့်မည် တချိန်က ကျွန်မအတွက်အရမ်းကို ချစ်ခဲ့ရတဲ့သူငယ်ချင်းတယောက်ပါ သူငယ်ချင်းတွေက လှုပ်စိလှုပ်ရွဖြစ်လာတော့ ဝင်ဟန့်လိုက်ရတယ်

''စုံစုံ ရယ် နင်အဲ့လိုသည်းခံနေလို့သူက ကမ်းတက်နေတာ သူပြောသမျှငြိမ်ခံနေရအောင်နင်ကဘာအပြစ်လုပ်ထားလို့လဲ ''

''အဲ့ဒီ့အပြစ်ဆိုတာကို ငါလည်းသိရင်သိပ်ကောင်းမှာပဲငါဘာမှားခဲ့လို့သူငါ့ကိုဒဏ်ခတ်နေတာလဲ အရမ်းသိချင်တယ် ''

ဟုတ်တယ် ဘာအကြောင်းကြောင့်ရယ်မသိဘဲနဲ့ ကျွန်မရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ပွဲမှာ နောက်ကျမှရောက်ချလာပြီးဝုန်းဒိုင်းကျဲခဲ့တယ် သူ့ကိုစိတ်မဆိုးအားဘူး ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာပဲသိချင်နေခဲ့တယ် နင့်ကိုအရမ်းမုန်းတယ် သတ်ပစ်ချင်လောက်အောင်မုန်းတယ်တဲ့ သူပြောခဲ့တဲ့စကား အဲ့ဒီ့နောက်ပိုင်းအတွေ့မခံတော့သလို စကားပြောဖို့ဆိုပိုတောင်ဝေးသေးတယ် အချိန်တွေကြာလာတာနဲ့ ကျွန်မတို့နှစ်ယောက် တဖြည်းဖြည်းအနေဝေးခဲ့တယ် ကျွန်မအပေါ်ထားတဲ့သူ့ရဲ့အမုန်းတွေကတနေ့ထက်တနေ့ကြီးထွားလာခဲ့တယ်

ဘာလိုလိုနဲ့ကျွန်မမွေးနေ့ရောက်တော့မယ် သူငယ်ချင်းတွေနဲ့ အတူတူပျော်ချင်တာမို့ ပွဲလေးတစ်ပွဲစီစဉ်ပေးဖို့အဖေနဲ့အမေကိုတောင်းဆိုထားတယ် တစ်ရက်တစ်ရက် မွေးနေ့ရောက်လာမယ့်နေ့ကိုပိုပြီးရင်ခုန်လာမိတယ် ငယ်ငယ်ကတည်းက ၁၈နှစ်ပြည့်မွေးနေ့ကို ရှယ်လုပ်မယ်ဆိုပြီး ရည်မှန်းထားခဲ့တာ မနက်ဖြန်ဆိုရင်ပဲမွေးနေ့ ဒီနေ့ကတော့ သူငယ်ချင်းတွေနဲ့ အတူ ကျောင်းက သူငယ်ချင်းတွေကို ဖိတ်စာလိုက်ဝေဖြစ်တယ် ကျွန်မက တစ်ဝက်သူတို့က တစ်ဝက်ခွဲဝေကြတယ် မွေးနေ့ညကျရင် သူငယ်ချင်းမတွေကိုအိမ်မှာခေါ်အိပ်မယ် လက်ဆောင်တွေဖောက်ကြမယ် အတွေးနဲ့တင်တော်တော်ပျော်စရာကောင်းနေပြီ မနက်ဖြန်ကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့် လူစုံတက်စုံလာကြမှာအသေအချာ

ရင်ခုန်လွန်းလို့အိပ်တောင်မပျော်ဘူး ဒါပေမယ့်အိပ်မှရမယ် မနက်ကျရင်အလှဆုံးဖြစ်ချင်တာ မျက်ကွင်းတွေညိုနေရင်မကောင်းဘူး အိပ်တော့မယ်ဆိုပြီးတဘက်စောင်းအိပ်လိုက်တယ် မျက်စိထဲဝင်လာတာ အခန်းနံရံကပ်ဗီရိုပေါ်က ဘိုမရုပ်ကလေး ဒီရုပ်လေးက အရမ်းကိုလှလွန်းလို့သီရိဆီက အတင်းတောင်းထားတာ လှုပ်လိုက်ရင် မျက်တောင်လေးပိတ်ပိတ်သွားတဲ့ကောင်မလေးရုပ် အရမ်းကြာနေပေမယ့် ကျွန်မကတော့ အရုပ်တွေထားတဲ့ဗီရိုလေးမှာတယုတယထားထားတယ် အတွေးတွေလွန်နေရင်းနဲ့ မျက်စိတွေစင်းလာပြီး ကျွန်မအိပ်ပေါ်သွားတယ်

************************************************

Happy birthday do you %%%Happy birthday ***

ခေါင်းရင်းနာရီနိုးစက်က ပျံ့လွင့်လာတဲ့သီချင်းသံလေး သိတယ်လေ ဒါဖေဖေနဲ့မေမေရဲ့လက်ချက်ပဲပေါ့ နိုးစက်ကောက်ပိတ်ပြီးတော့ ခုတင်ပေါ်ငုတ်တုတ်ထိုင်လိုက်တယ် ဒီနံနက်ခင်းလေးက တခြားအချိန်တွေထက်ပိုလှနေတယ
''ဒေါက် ဒေါက် ဒေါက် မင်းသမီးလေးရေ နိုးပြီလားဟေ့ ''

''နိုးပြီ ဖေကြီးရေ ဝင်လာခဲ့ပါ ''

ဖေဖေတစ်ယောက် ငယ်ငယ်ကလို ကျွန်မအိပ်ရာနိုးရင်သဘက်တစ်ထည်နဲ့အခန်းထဲလာနေကြ ခုလဲပုခုံးပေါ်သဘက်နဲ့ မျက်နှာလာသစ်ခိုင်းတာလေ

''ကဲအိပ်ပုပ်လေး မျက်နှာသစ် ခြံထဲမှာကြည့်စမ်း သမီးမွေးနေ့အတွက် ပွဲအခမ်းနားပြင်ဆင်နေပြီ အရောင်တွေ ခုံတွေပူဖောင်းတွေ အားလုံးသမီးစိတ်ကြိုက်လုပ်ရအောင် ထပြီးကြီးကြပ်တော့ ''

အိပ်ရာကနိုးပြီ ဖေဖေ့စကားတွေကြောင့်ရုတ်တရက်ကလေးလေးပြန်ဖြစ်သွားတယ် မျက်နှာသုတ်ပုဝါ ပုခုံးပေါ်တင်ပြီးရေချိုးခန်းဆီကို ရက်ကန်ရက်ကန်ထသွားလိုက်တယ် သွားတိုက်နေတုန်းမေမေ့ရဲ့အသံဆာဆာလေးကိုကြားနေရတယ် ဟိုရွေ့ဒီရွေ့ ဆိုတဲ့အသံလေး သွားတိုက်နေရင်းတန်းလန်း အခန်းပြတင်းပေါက်ကနေအောက်ထပ်ကိုလှမ်းကြည့်လိုက်တော့ အလုပ်သမားတချို့နဲ့မေမေ ရယ် စားပွဲခုံတွေ ပန်းတွေ ပူဖောင်းတွေအလှဆင်နေကြတယ် မျက်နှာသစ်ပြီးတော့ အောက်ထပ်ကိုဆင်းလာတယ် သူငယ်ချင်းတွေက မရှေးမနှောင်းပဲရောက်လာကြတယ် ပွဲက ညနေပိုင်းဆိုတော့ သူတို့လည်းဘာမှမပြင်လာကြဘူး လက်ထဲမှာတော့ ကျွန်မအတွက် ပါဆယ်ထုပ်အကြီးကြီးတွေနဲ့

''မိန်းမ ဒီလိုနေ့တောင်အိပ်ပုပ်ကြီးတယ် ခုမှထတာမဟုတ်လား ''

''ဟင်းဟင်းးး ဟုတ်တယ် ခုမှထာ မနက်စာစားလာပြီလား '' ''အေးပေါ့ စားလာပြီပေါ့ ''

သူတို့ရောက်လာတာနဲ့ပြင်ကြဆင်ကြ နဲ့အချိန်ကနီးကပ်လာပြီ ညနေ ၃ နာရီထိုးတာာနဲ့ ဧည့်သည်တွေတဖွဲဖွဲလာကုန်ကြပြီ မေမေဝယ်ပေးထားတဲ့ ပန်းရောဂါဝန်လေးနဲ့ကျွန်မလည်းအလှဆုံးဖြစ်နေပြီ လက်ဆောင်ထုပ်တွေထားတဲ့ခုံတန်းရှည်ကြီးမှာလည်း လက်ဆောင်တွေထားလို့တောင်မနိုင်တော့ဘူး လူစုံတော့ ဖယောင်းတိုင်မှုတ် ကိတ်မုန့်ခွဲနဲ့ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံတွေရိုက်နဲ့ ကျွန်မစိတ်ကူးထဲက ၁၈ နှစ်ပြည့်မွေးနေ့လေးက အရမ်းကိုပျော်စရာကောင်းနေတယ

''စုံစုံ ဟိုမှာကြည့်ပါဦးဘာကြီးလဲ ''

ယောက်ျားလေးသူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်နေတုန်း သူငယ်ချင်းက လက်တို့ပြီးလာပြောတာကြောင့်သူပြတဲ့နေရာကိုကြည့်လိုက်တယ် ကျွန်မအရမ်းလန့်ပြီးအရမ်းအံ့သြသွားတယ် သီရိထက်က လက်ဆောင်ထုပ်တစ်ထုပ်ကို ပိုက်ပြီးကျွန်မဆီလာနေတာကြောင့်ပါ လန့်သွားတာကတော့သူအရင်ကလိုပွဲဖျက်မှာစိုးရိမ်လို့ပါ ခုတော့လည်းကြည့်ပါဦး အနက်ရောင် ဂါဝန်ကြီးနဲ့ ဒီတစ်ခါတော့ကျွန်မသူ့ကိုတော်ေ်တ်ာတင်းသွားတယ် ကျွန်မမွေးဖွားလာတဲ့နေ့ကို အထိမ်းအမှတ်အနေနဲ့ ကျင်းပနေတဲ့မွေးနေ့ပွဲမှာ သေမင်းအရောင် အသုဘအခမ်းနားမှာဝတ်တဲ့အရောင်ကြီးကိုဝတ်လာတယ်လေ

ကျွန်မဆီကိုတလှမ်းခြင်းလျှောက်လှမ်းလာပြီး ကျွန်မလက်ထဲကိုလက်ဆောင်ထုပ်ကြီး ထည့်ပေးပြီး

''happy birthday ပါ နင့်အတွက်လက်ဆောင် ဒီလက်ဆောင်ကိုနင်အရမ်းကြိုက်မှာပါ ငါအာမခံတယ် နင်ကြိုက်မှာသေချာတယ် ''

သူပေးစရာရှိတာပေးပြီးပြန်ထွက်သွားတယ် စိတ်ထဲမှာတော့ခိုးလိုးခုလု လက်ဆောင်ထုပ်ကို ခုံပေါ်တင်လိုက်တယ် သူရှိနေတုန်းကတော့ အခြေနေတွေအေးစက်သွားပေမယ့် ခဏကြာတော့ ပုံမှန်ပြန်ဖြစ်သွားတယ် မျက်နှာမကောင်းတဲ့ကျွန်မကို စိတ်ထဲမထားပါနဲ့လို့လာပြောကြတယ် သူငယ်ချင်းတွေကြောင့်စိတ်ညစ်စရာတွေ မေ့ပြီး မွေးနေ့ထဲပြန်ရောက်သွားတယ် ညနေခြောက်နာရီထိုးတော့ မွေးနေ့ပွဲပြီးသွားပြီ ပစ္စည်းတွေ သိမ်းဆည်းပြီးတော့ လက်ဆောင်ထုပ်တွေနဲ့အတူ အပေါ်ထပ်တက်လာခဲ့တယ် သူငယ်ချင်းတွေနဲ့ဖွင့်ကြ ဖောက်ကြနဲ့ ညတော်တော်နက်သွားတယ် ၁၁း၃၀ တော့ အိပ်ချင်နေပြီ လက်ဆောင်ထုပ်ကသိပ်မကျန်တော့ဘူး

''စုံ ဒီမှာ သီရိရဲ့လက်ဆောင်ထုပ် ''

''ငါ့ကိုပေး ငါဖောက်မယ် ''

အနက်ရောင်ဖဲစနဲ့ထုပ်ထားတဲ့အထုပ်ကိုဖြည်ကြည့်လိုက်တယ် အထဲမှာ အရုပ်တစ်ခု ကောင်မလေးရုပ် အထုပ်ဖွင့်ကြည့်လိုက်တော့ လန့်တောင်လန့်သွားတယ် ဘူးထဲက အရုပ်ကလေးက လူနဲ့တူလွန်းလို့ တကယ့်ကို ကလေးမလေးအတိုင်းပဲ စာတစောင်လည်းပါတယ် နင်အရမ်းလိုချင်တဲ့အရုပ်လေးပေါ့ သဘောကျတယ်မလား သေချာသိမ်းထားနော် တဲ့ သီရိရဲ့လက်ရေးဝိုင်းလေး စာဖတ်ပြီးတော့ ဆံပင်ရှည်ရှည် ကလေးမလေးရုပ်ကို ကိုင်ပြီး အရုပ်ထားတဲ့ဗီရိုမှာ အရင်ကအရုပ်လေးရဲ့ဘေးမှာ ထားလိုက်တယ် စိတ်ထဲကလည်းတွေးမိတယ် သူငါ့ကိုအရင်ကလိုမမုန်းတော့ဘူးထင်ပါရဲ့လေပေါ့ ကျန်တဲ့အထုပ်တွေဆက်ဖောက်ကုန်တော့ ကြမ်းပြင်မှာပဲ ကျွန်မနဲ့သူငယ်ချင်းသုံးယောက်စုအိပ်ကြတယ်

နောက်တနေ့ ကျောင်းပြန်တက်တော့ ကျောင်းမှာဟိုလူကြည့်ဒီလူကြာ့်နဲ့ပေါ့  လူတိုင်းက ကျွန်မကိုမြင်ရင်ပြုံးပြနေကြတယ် အရမ်းကိုပျော်စရာကောင်းနေတယ် ကန်တင်းမှာ သီရိကိုတွေ့တော့ နှုတ်ဆက် မလို့ဟာကို သူကရှောင်ထွက်သွားတယ် ဘာဖြစ်လို့ပါလိမ့်ပေါ့ တနေကုန် စိတ်ချမ်းချမ်းသာသာနဲ့ကျောင်းတက်ပြီးတော့ ညနေအိမ်ပြန်လာ ရေမိုးချိုး စာတွေဘာတွေလုပ်ပြီး အိပ်ရာဝင်လိုက်တယ် အိပ်မပျော်သေးဘူး ဟိုလှိမ့်ဒီလှိမ့် ဟ ကျွန်မကအမြဲတမ်း ဘယ်ဘက်ကိုလှည့်အိပ်တယ် အရုပ်ထားတဲ့ဗီရိုက ဘယ်ဘက်မှာဆိုတော့ မနေ့ကလက်ဆောင်ပေးထားတဲ့ အရုပ်တွေ ဆီအကြည့်ရောက်သွားတယ် အရုပ်တွေအားလုံးထဲမှာထင်းနေတာကတော့ သီရိပေးတဲ့အရုပ်ကလေး သေချာစိုက်ကြည့်နေမိတယ် ပကတိလူအတိုင်းပဲ ကြည့်ရင်းကြည့်ရင်းနဲ့ ကြောက်စရာကောင်းလာတယ် အဲ့ဒီ့အရုပ်က ကျွန်မကိုစိုက်ကြည့်နေသလို မျက်လုံးက အသက်ဝင်လွန်းလို့ ကြာကြာနေတော့ မကြည့်ရဲတော့တာနဲ့ ညာဘက်ပြန်စောင်းလိုက်ပြီး စောင်ခေါင်းမူးခြုံလိုက်တယ် ကျွန်မလာည်တဖက်လှည့်ရော နောက်ကျောဘက်ကနေ '' ဖျက်ဖျက်ဖျက်ဖျက် '' ဆိုတဲ့ခြေသံကြားလိုက်ရတယ် အသေအချာကြီးကိုကြားရတာ လမ်းလျှောက်တတ်ခါစကလေးလေးတယောက် ခြေသံမျိုး အပေါ်ထပ်က ပါကေးခင်းထားတာမို့ အသံတဖျတ်ဖျတ်နဲ့အသံက ဆက်တိုက်ကြားနေရတယ်

ကျွန်မလည်းအရမ်းထူးဆန်းသွားတယ် ဘာလဲပေါ့ အိမ်မှာကလေးလည်းမရှိပါဘူး ဘယ့်နှယ့်ကလေးခြေသံတုန်းပေါ့ ကျွန်မကအမှောင်ကြောက်တတ်တာမို့ အခန်းမီးကိုဖွင့်ထားတယ် မီးလင်းနေတာပဲကြောက်စရာမရှိပါဘူးဆိုပြီး ခြေသံကြားတဲ့ဘက်ကို လှည့်ကြည့်လိုက်တယ် အခန်းထဲမှာလည်းရှင်းလို့ဘာမှမတွေ့ရဘူး မျက်စိက ဗီရိုပေါ်က အရုပ်ဆီရောက်သွားပြန်တယ် ကျွန်မကိုစိုက်ကြည့်နေတဲ့ပုံမို့ဆက်မကြည့်ရဲဘူး ဘယ်ကမှန်းမသိကြောက်စိတ်တွေဝင်လာတယ် မျက်စိကို အောက်စိုက်ချပြီး အခန်းထဲအနှံ့တချက်ရှိုးလိုက်တယ် ဘာမှမရှိဘူး ဘာကလေးအရိပ်အယောင်မှတောင်မတွေ့ဘူး ကျွန်မလည်းတဘက်ခြမ်းပြန်လှည့်ပြီး စောင်ကိုခေါင်းမူးခြုံထားလိုက်တယ်

''''ဘုတ် ''''

တစ်စုံတစ်ခုပြုတ်ကျတဲ့အသံကြောင့် စောင်ခြုံကြီးဖယ်ပြီး ငုတ်တုတ်ထိုင် အခန်းထဲပတ်ရှာလိုက်တယ် တွေ့ပါပြီ ကျွန်မခုတင်ဘေးနားမှာကျနေတဲ့ ကလေးရုပ်လေး ဘယ်လိုဖြစ်တာပါလိမ့် ဗီရိုပေါ်မှာတင်ထားတာ ပြုတ်ကျစရာဘာအကြောင်းမှမရှိဘဲနဲ့ သူအလိုလိုပြုတ်ကျတယ် ကျွန်မလည်းခုတင်ပေါ်ကဆင်းပြီး အရုပ်ကိုကောက် သူ့နေရာသူပြန်ထားလိုက်တယ် အရုပ်က သတိမထားမိလို့လား အရင်ကတည်းကလားတော့မသိဘူး တော်တော်ကိုလေးတယ် ရင်ကတော့တုန်နေတုန်းပဲ ခုတင်ပေါ်ပြန်တက်ပြီး ဖက်အိပ်နေကြဝက်ဝံရုပ်လေးကို ဖက်ပြီး အိပ်ပျော်အောင်ကြိုးစားပြီးအိပ်လိုက်တယ်

''တီတီ တီတီ တီတီ ''

နိုးစက်ကိုထပိတ်ပြီး စောင်ခြုံကိုခြေထောက်နဲ့ကန်လိုက်တယ် အဲ့ဒီအချိန်မျက်စိရှ့မှာမြင်လိုက်ရတဲ့အရာကြောင့် နှလုံးခုန်ရပ်မတတ်ထိန့်လန့်သွားတယ် ကျွန်မရင်ခွင်ထဲမှာဖက်ထားတဲ့အရုပ်က ကလေးရုပ်လေးဖြစ်နေတယ် လန့်ပီးအရုပ်ကိုခုတင်ပေါ်ကနေတွန်းချလိုက်တယ် ဗီရိုပေါ်လှမ်းကြည့်တော့ အဲ့ဒီ့အရုပ်နေရာမှာ ကျွန်မခုတင်ပေါ်ကဝက်ဝံရုပ်လေး ဘယ်လိုဖြစ်တာပါလိမ့် မနေ့ညက သေချာပြန်တင်ထားခဲ့တာပါ ပြီးတော့ ဖက်အိပ်တာလဲဝက်ဝံရုပ်ဆိုတာသေချာပါတယ် အရုပ်ကိုပြန်ကောက်လိုက်တယ် တစ်နေ့ထက်တနေ့ပိုပိုလေးလာသလိုပါပဲ ဗီရိုပေါ်ပြန်တင်ပြီး မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်သွားလိုက်တယ် သွားတိုက်နေတုန်း

'''ဖတ် ဖတ် ဖတ် ဖတ် '''
ကလေးခြေသံလေးတွေကြားရပြန်တယ် တံခါးဖွင့်ပြီး အခန်းထဲကြည့်လိုက်တော့ ခုနကပဲတင်ခဲ့တဲ့အရုပ်ကပြုတ်ကျနေပြန်တယ် ကောက်ပြီးအောက်ဆုံးအကန့်မှာတင်ထားလိုက်တယ် ကျချင်ဦး

ကျောင်းရောက်တော့လည်း ညကအကြောင်းပဲပြန်စဉ်းစားနေမိတယ် ဒီအခန်းမှာနေလာတာတသက်နဲ့နကိုယ် ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံခဲ့ဖူးပါဘူး ညဘက်အခန်းထဲမှာတယောက်ထဲ ရှိနေရမှာတောင်ကြောက်လာမိပြီ အိမ်ပြန်ရောက်တော့ အခန်းထဲမှာစာထိုင်ကျက်နေလိုက်တယ် ဘာထူးခြားမှုမှမရှိဘူး စာကျက်ပြီးတော့အိပ်တဲ့အချိန်ကျမှ မနေ့ကလိုခြေသံတွေထပ်ကြားရပြန်တယ်
''ဖတ် ဖတ် ဖတ် ခစ် ခစ် ခစ် ''

ကလေးရီသံလေးကိုပါ ထပ်ဆင့်ကြားရပြန်တယ် အသံကတဖြည်းဖြည်းနီးလာတော့ ဘေးမှာရှိတဲ့ဝက်ဝံရုပ်ကိုကောက်ကိုင်ပြီူ အမေနဲ့အဖေအိပ်တဲ့အောက်ထပ်ကိုပြေးဆင်းလာလိုက်တယ် အခန်းထဲကို လုံးဝမကြည့်ဘူး ရှေ့တည့်တည့်ကိုကြည့်ပြီး တောက်လျှောက် ပြေးဆင်းလာတယ် တဖတ်ဖတ်ခြေသံလေးနောက်ကလိုက်လာတဲ့အသံကိုနားထဲအရှင်းသားကြားနေရတယ်

''ဒေါက် ဒေါက် ဒေါက် မေမေရေ ဖေကြီး တံခါးဖွင့်ပါဦး ဒေါက်ဒေါက်'''

''ဟဲ့သမီး ဘာဖြစ်လာတာလဲ ''

အခန်းတံခါပွင့်လာတာနဲ့ အခန်းထဲပြေးဝင်ပြီး တံခါးပြန်ပိတ်လိုက်တယိ မေမေ့ကိုဖက်လိုက်တယ် ကျွန်မတစ်ကိုယ်လုံးချွေးတွေရွဲလို့
''ငါ့သမီးအိမ်မက်ဆိုးတွေမက်ပြန်ပြီထင်တယ် အသားတွေလည်း တုန်နေတာပဲ နေဦးဖေဖေ အိမ်ပေါ်ထပ်မှာရေမန်းသွားယူပေးမယ် ''

''မသွားနဲ့အဖေ မတက်နဲ့အိမ်ပေါ်ကို သမီးဘာမှမဖြစ်တော့ပါဘူး ''

''စုံမေမေ့ကိုကြည့်စမ်း သမီးဘာတွေအဲ့လောက်လ န့်လာတာလည်း မေမေ့ကိုပြော ''

''သမီးပြောရင်မေမေယုံမှာလား သမီးအခန်းထဲမှာညညဆို ကလေးပေါက်စလေးလမ်းလျှောက်သံတွေ ကြားနေရတယ် ဒီနေ့အိပ်မယ်လည်းလုပ်ရော လမ်းလျှောက်သံတင်မကဘူး ကလေးရီသံလေးပါထပ်ကြားရတယ် အရင်ကတခါမှမဖြစ်ဖူးဘူး မနေ့ကလည်းဗီရိုပေါ်ဒီအတိုင်းတင်ထားတဲ့ကလေးရုပ်က တယောက်ယောက်ပစ်ချလိုက်သလိ ဘာအကြောင်းမှမရှိဘဲပြုတ်ကျတယ'်

မေမေကကျွန်မပြောတဲ့စကားကိုသေချာနားထောင်ပြီးတော့
''ပြုတ်ကျတာ ဒီအရုပ်လား ''

ကျွန်မလက်ထဲမှာ ကျစ်ကျစ်ပါအောင်ကိုင်ထားတဲအရုပ်ကိုမေးလိုက်ခြင်းဖြစ်သည် မေမေပြောမှ လက်ထဲကကိုင်ထားတဲ့အရုပ်ကိုကြည့်မိလိုက်တယ် အလိုကျွန်မကိုင်ထားတာ ဝက်ဝံရုပ်မဟုတ်ဘဲ ကလေးရုပ်လေးဖြစ်နေပါလား ကိုင်ထားတဲ့အရုပ်ကိုလွင့်ပစ်လိုက်တယ်

''ဖေဖေအဲ့ဒီ့အရုပ်ကိုလွင့်ပစ်လိုက် မမြင်ချင်ဘူး သမီးကြောက်တယ် လွင့်ပစ်လိုက် ဖေကြီး ''

ဖေဖေဘာလုပ်ရမှန်းမသိပြာပြာသလဲ အရုပ်ကို အခန်းပြင်ဘက်ယူထွက်သွားတယ်

''သမီး ဘာဖြစ်နေတာလည်း အဲ့ဒီ့အရုပ်ကဘာဖြစ်လို့လဲ ''

''မသိဘူး မေမေ အဲ့ဒီ့အရုပ်ကိုကြည့်လိုက်တိုင်း အသက်ဝင်နေသလိုခံစားရတယ် သမီးကိုစိုက်ကြည့်နေသလိုပဲစိတ်မလုံဘူး ''

''ဘယ်ကအရုပ်လဲအဲ့ဒါ အရင်ကမမြင်ဖူးပါဘူး ''

''မွေးနေ့တုန်းက လက်ဆောင်ရတာ ဟုတ်တယ်မေမေခုမှစဉ်းစားမိတယ် အဲ့ဒီ့အရုပ်ရောက်လာပြီးကတည်းက သမီးအခန်းကအရင်လိုမဟုတ်တော့တာ သမီးပြောတာယုံပါ ''

''အေးပါ ယုံပါတယ်သမီးရဲ့ အခုတော့အိပ်လိုက်ဦး စိတ်အေးအေးတာ မေမေရော ဖေကြီးရောရှိတယ် စိတ်ချလက်ချအိပ်လိုက်တော့ ''

မေ့မေခုတင်ပေါ်မှာအိပ်ပျော်သွားတယ် ကျွန်မကြောင့်နဲ့ ကျွန်မမိဘတွေပါ အိပ်ရေးပျက်ရပြီ 


သရဲစာအုပ် ၏ ဓာတ်ပုံ

#အမုန်းကျိန်စာ

part _2

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

တတိယမြောက်နေ့ အရုပ်လည်းမရှိတော့တာဖြစ်လို့ ကျွန်မအခန်းမှာပဲပြန်အိပ်တယ် စာကျက်နေပေမယ့် နားက အသံတွေကိုပဲနားစွင့်နေမိတယ် ညနည်းနည်းနက်လာလေလေ စိတ်က ကယောင်ချောက်ခြားဖြစ်လာလေလေပဲ

''ဖျတ် ဖျတ် ဖျတ် ''

ရေချိုးခန်းထဲကရေကျတဲ့အသံ တော်ရုံအသံဆိုရင်တော့ ထမကြည့်ဖို့ဆုံးဖြတ်ထားပေမယ့် ရေကျနေတဲ့အသံမို့ ရေချိုးခန်းထဲကိုသွားကြည့်လိုက်တယ် ရေပန်းက အလိုလိုပွင့်နေတယ် ဘယ်လိုဖြစ်တာပါလိမ့် ရေပန်းကိုပိတ်လိုက်တယ် အခန်းဘက်ပြန်လှည့်လာတော့ အခန်းမီးက ပိတ်သွားတယ် ရေချိုးခန်းမီးတော့လာနေပြီးတော့ အခန်းမီးကမလာဘူး မီးသီးကျွမ်းသွားတာများလား ဖေဖေ့ကိုပြောဖို့ အခန်းပြင်ထွက်မလို့လုပ်တော့မီးကပြန်လာပြန်တယ် ရူးချင်ချင်ဖြစ်လာပြီ အသစ်လဲခိုင်းတာကောင်းပါတယ်ေ

''ဖျတ် ဖျတ် ဖျတ် ''

ဟာ ဒီရေပန်းကလည်း ဘာဖြစ်နေတာလဲ မသိဘူး ရေပိုက်ခေါင်းလည်းလဲရမယ်ထင်တယ် ရေပိတ်ဖို့ရေချိုးခန်းထဲပြန်လာတော့ ရေချိုးခန်းတစ်ခုလုံးမှောင်မည်းနေတယ် ခုနကမီးမပိတ်ခဲ့မိပါဘူး အခန်းထောင့်ကခလုတ်မှာတော့ ပိတ်လျက်သား

''တောက် ''

ကျွန်မမီးပြန်ဖွင့်လိုက်တယ် မီးက ကျွမ်းတော့မယ့်အတိုင်းတဖျတ်ဖျတ်နဲ့ လင်းလာတယ် မှောင်လိုက်လင်းလိုက် ကြားထဲမှာ ရေပန်းအောက်မှာ ငုတ်တုတ်အနေအထားအရုပ်လေးး အလင်းရောင်တချက်လင်းလာတဲ့အချိန်ဘွားကနဲပေါ်လာပြီး တခန်းလုံးအမှောင်ကျသွားတယ်

''အားးးးးးးးးးး'' ''ဒုန်းး ဒုန်းးးး ဒုန်းးးး''

''စုံစုံ ဘာဖြစ်တာလဲ အခန်းထဲလည်းမှောင်မည်းလို့ပါလား ''

''မေမေ သမီး အရုပ်ကိုတွေ့လိုက်တယ် ဖေကြီး လွှင့်ပစ်လိုက်ပြီမလား ခုနက သမီးအဲ့ဒီ့နေရာမှာတွေ့လိုက်တယ် ''

''လွှင့်ပစ်လိုက်ပီလေစုံရဲ့ အိမ်ရှေ့အမှိုက်ပုံးထဲလွှင့်ပစ်လိုက်တာ အမှိုက်ကားတောင်လာယူသွားသောက်ပီ ''

''ဟုတ်လား သမီးအမြင်မှားတာများလား သေချာကိုတွေ့ခဲ့တာပါ ဖေကြီး အခန်းမီးတချက်ကြည့်ပေး ကျွမ်းတော့မယ်ထင်တယ် ''

''မဟုတ်တာ စုံရဲ့ မီးကအသစ်လဲထားတာမကြာသေးဘူး ဟော သမီးက မီးပိတ်ထားတာကိုးးး မှောင်ရင်မနေတတ်တဲ့လူက ဘာလို့မီးပိတ်ထားရတာလဲ ''

''မေမေ သမီးနဲ့ခဏနေပေးပါလား အိပ်ပျော်တဲ့အချိန်ထိပဲနေပေး ''

''အင်း သမီး အိပ်ဆေးလေးသောက်လိုက် ''

မေမေက ကျွန်မခုတင်ဘေးမှာ ထိုင်စောင့်ပေးနေတာကြောင့်အနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်

''ကလင် ကလင် ကလင် ''

ဖုန်းသံကြောင့်လန့်နိုးသွားတယ် ကျွန်မစိတ်ထဲမနက်မိုးလင်းသွားပြီလို့ ထင်နေတာ လက်ကနာရီကို ကြည့်လိုက်တော့ မနက် သုံးနာရီ ဒီအချိန်ကြီး ဘယ်သူဖုန်းဆက်တာပါလိမ့် ဖုန်းသံဆက်တိုက်ကိုမြည်နေတာ

'' ဟယ်လို '' ''သော်တာလား ကျွန်တော်ပါ''

''မဟုတ်ဘူး ဖုန်းမှားနေတယ် '' ''ဒါဆို ဘယ်သူလဲ ခုပြောနေတာ ''

''နင်ပြောတဲ့သော်တာမဟုတ်တာသေချာတယ်ဟေ့ ဖုန်းမှားနေတယ်ဆိုရင်ပြီးပြီပေါ့ အချိန်မဟုတ်အခါမဟုတ် စိတ်ညစ်လိုက်တာ ''

စိတ်ကတိုလာပြီ သူများတကာ မနည်းအိပ်ပျော်အောင်ကြိုးစားထားရတာကို ဖုန်းပိတ်ပြီး စောင်ခေါင်းမူးခြုံပြီးပြန်အိပ်လိုက်တယ်

''ဖတ် ဖတ် ဖတ် '' ''ဖတ် ဖတ် ဖတ် ''

ကြားရပြန်ပြီ ကလေးခြေသံလေး ထမကြည့်ဖို့စိတ်ကူးလိုက်တယ် စောင်ကိုကျစ်ကျစ်ပါအောင် ဆုတ်ထားတယ် အသံတွေက တဖြည်းဖြည်းနဲ့နီးကပ်လာတယ် ခြေသံတွေတင်မဟုတ်ဘဲ အသံပေါင်းမျိုးစုံကြားလာရတယ

''ကျွှီ'' ''အဟင့် အဟင့် အဟင့် ''

''ဖျတ် ဖျတ် ဖျတ် ''

ရေကျသံတွေရော တံခါးဖွင့်တဲ့အသံ ကလေးငိုသံတွေရောပါ ဆက်တိုက်ကြားလာရတယ် စိတ်ကိုတင်းထားပေမယ့် ကြည့်ချင်နေမိတယ် အခန်းထဲမှာဘာတွေဖြစ်နေတာလဲလို့ပေါ့ စောင်ကိုတဖြည်းဖြည်းချင်းး လှပ်ကြည့်လိုက်တော့ အခန်းတစ်ခုလုံးမှောင်မည်းနေတယ် ကျွန်မက ညာဘက်လှည့်အိပ်နေတာ စောင် လှန်လိုက်တဲ့အချိန် ကျွန်မနောက်ကျောဘက်က ကြက်သီးထစရာ ကလေးတစ်ယောက်ရဲ့ရီသံကိုကြားလိုက်ရပါတယ် လူလည်းရုတ်တရက်လန့်သွားပြီး ယောင်ပြီးနောက်ဘက်လှည့်ကြည့်မိလိုက်တယ် မှောင်မည်းနေတဲ့အခန်းထဲမှာ ဗီရိုပေါ်က လှုပ်လှုပ်နဲ့ ဖြစ်နေတဲ့အရာတစ်ခု သေသေချာချာတော့မမြင်ရဘူး ဒါပေမယ့်ရီသံက အဲ့ဒီ့နေရာကနေ ထွက်လာတာ ကျွန်မ ပြူးပြဲပြီးတော့ကြည့်နေတုန်း အခန်းမီးက တဖျတ်ဖျတ်အလက် ဗီရိုပေါ်မှာ သူ့ပေါင်သူပုတ်ပုတ်ပြီး ရယ်နေတဲ့ ကလေးရုပ်လေးကိုတွေ့လိုက်ရတယ

နှလုံးခုန်ရပ်မတပ် လန့်သွားပြီးတော့ အိပ်ပျော်သွားတာလားမေ့သွားလား မသိလိုက်ဘူး ကျွန်မသတိရလာတော့ ဆေးရုံပေါ်မှာ

''စုံ သမီး သတိရလာပြီလား ''

''အင်း မေမေသမီး ဘာဖြစ်သွားတာလည်း ဟင် ''

'' မနက်က လာနှိုးတော့ သမီးမနိုးလာတာနဲ့စိတ်ပူပြီးဆေးရုံတင်လိုက်တာ ခုမှပဲနိုးတော့တယ် သမီးသတိမေ့နေတာ အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုများလို့ဖြစ်တာတဲ့ ''

''အဲ့ဒါက ထားပါဦး အခုဘယ်နနာရီလည်းမေမေ ''

''ည ၆ နာရီရှိပြီ ဆရာဝန်ကြီးက သမီး အိပ်ပျော်အောင်လို့အိပ်ဆေးထိုးပေးသွားတာ ''

ကျွန်မ မရောက်ချင်တဲ့ညဘက်ကိုရောက်လာပြန်ပြီ သတိပြန်ရပြီး မကြာခင်မှာပဲ ဆေးရုံက ဆင်းခွင့်ရတယ် အားနည်းတာပါတဲ့လေ ကျွန်မကြုံနေရတဲ့အကြောင်း ပြောလို့လဲ ဘယ်သူကယုံမှာတဲ့လဲ အိမ်ပြန်ရောက်တာနဲ့ ပခန်းထဲအမြန်ပြေးတက်သွားတယ် မေမေက စိတ်ပူတကြီးနဲ့နောက်ကလိုက်လာတယ် ရုတ်တရက်ကျွန်မနားထဲကြားလိုက်ရတာက ကျွန်မနဲ့မေမေခြေသံတင်မဟုတ်ဘဲ နောက်ကလိုက်လာတဲ့ခြေသံတစ်ခုကိုပါထပ်ကြားနေရတယ် အပေါ်ထပ်ကိုတက်လာကတည်းက ဒီခြေသုံကိုကြားနေရတယ် နောက်လှည့်ကြည့်လိုက်တော့ မေမေကလွဲပြီးဘယ်သူမှမရှိဘူး အခန်းထဲတန်းတန်းမတ်မတ်ဝင်သွားပြီး ဗီရိုပေါ်က ညကတွေ့တဲ့နေရာမှာ အရုပ်ကိုလိုက်ရှာလိုက်တယ်မတွေ့ဘူး

''သမီး ဘာတွေလိုက်ရှာနေတာလဲ ''

''အရုပ်ရှာနေတာ ကလေးရုပ် ''

''သမီးပဲ လွှင့်ပစ်ခိုင်းပြီးတော့ ''

''ဟုတ်သားပဲနော် သမီးမေ့နေတာ သမီးအိပ်တော့မယ် ''

''အေးအေး ဆေးလည်းသောက်ဦးး ''

အမေထွက်သွားတော့ မှန်တင်ခုံပေါ်က ပေါင်ဒါဘူးကို လှမ်းယူလိုက်ပြီးတော့ ဘယ်ဘက်အခြမ်းကို ခုတင်ပေါ်ကနေလှမ်းဖြူးလိုက်တယ် လာစမ်း အသံထွက်အောင်တောင်လမ်းလျှောက်သေးတာပဲ ကြမ်းပြင်မှာအနည်းဆုံးတော့ခြေရာထင်ကျန်ခဲ့မှာပေါ့ ဒီညတော့မကြောက်တော့ဘူး သူကတောင်အထင်အရှားပြရဲမှတော့ ကျွန်မက ဘာလို့မကြည့်ရဲရမှာလည်း အိပ်ဆေး ငါးလုံးလောက်ယူပြီး သောက်ချလိုက်တယ် အခန်းမီး ရေချိုးခန်းထဲပါ တစ်ခါတည်း စစ်ပြီးမှအိပ်ရာဝင်ခဲတယ် တစ်အိမ်လုံးတိတ်ဆိတ်နေပြီ နာရီသံနဲ့ အိမ်မြှောင်စုပ်ထိုးသံကို တစ်ချက်တစ်ချက်ကြားရတယ်

''ကွျှီ ဖတ် ဖတ် ဖတ်''

ရောက်လာပြီထင်ပါ့ တစ်ညလုံးသောင်းကျန်းပေတော့ ဂရုမစိုက်တော့ဘူး အသံတွေဆူညံလာပေမယ့် အိပ်ဆေးရဲ့အရှိန်ကြောင့်အိပ်ပျော်သွားတယ် မနက်မိုးလင်းနာရီနိုးစက်သံကြားတော့မှပဲ နိုးတော့တယ် မျက်လုံးနှစ်လုံးမဖွင့်ခင်ထထိုင်ပြီး ခုတင်ဘေးကို ကြည့်လိုက်တယ် ကျွန်မအခန်းရဲ့ကြမ်းပြင်တစ်ခုလုံးရေတွေစိုရွဲနေတယ် ရေချိုးခန်းထဲက လျှံကျတဲ့ပုံပါပဲ ခြေရာကျန်ခဲ့ဖို့ဝေးလေစွ ပေါင်ဒါမှုန့်တွေတောင်မရှိတော့ဘူး စိတ်ပျက်လက်ပြတ်နဲ့ ခုတင်ပေါ်ကနေဆင်း ရေချိုးခန်းထဲက ရေသွားပိတ်လိုက်တယ် အခန်းထဲကပြန်ထွက်တော့ မှန်မှာထင်နေတဲ့အရာတစ်ခုကိုလှစ်ခနဲတွေ့လိုက်တယ် သေချာကြည့်တော့မမြင်တော့ဘူး မှန်ရှေ့မှာ တည့်တည့်ရပ်ပြီးကြည့်လိုက်တော့ အငွေ့ရိုက်နေတဲ့မှန်ပေါ်မှာ လက်နဲ့ရေးထားတဲ့စာလေး တစ်ခု

''သေ''

ကျွန်မအရမ်းကိုလန့်သွားတယ် အောက်ထပ်ကိုပြေးဆင်း ပြီး ဖေကြီးကိုခေါ်ပြီး ပြဖို့ ကျွန်မတို့အပေါ်ပြန်တက်လာတော့ ကျွန်မအခန်းက ပုံမှန်ပဲ ခုနကတွေ့ခဲ့တဲ့ရေတွေမရှိတော့ဘူး ရေချိုးခန်းထဲမှာလည်း ဘာရေလျှံနေတဲ့လက္ခဏာမှတောင်မတွေ့ရဘူး မဖြစ်နိုင်တာ ကျွန်မခြေထောက်မှာတောင်ရေတွေစိုနေတုန်းပဲလေ

''ရေလျှံ နေတယ်ဆိုသမီး ဘယ်မှာလည်း ဘာမှမလျှံပါဘူးသမီးရဲ့ ဖေကြီးကိုကြည့်စမ်းသမီးနေရောကောင်းရဲ့လား ''

''ကောင်းပါတယ် သမီးကျောင်းသွားဖို့ပြင်ဆင်လိုက်ဦးမယ် '' ''အေးအေး လုပ်လုပ် ''

ဖေဖေပြန်ထွက်သွားတယ် ကျွန်မကတော့ ကိုယ့်မျက်စိကိုတောင်မယုံချင်ဖြစ်သွားတယ် ရေချိုးခန်းထဲမှာလည်းခြောက်သွေ့လို့  မျက်နှာသစ်သွားတိုက်ပြီးတော့ ရေကို သေချာစစ်လိုက်တယ် ကျောင်းသွားဖို့ပြင်ဆင်ပြီး စိတ်မပါတပါနဲ့စာအုပ်တွေတောင်မစစ်တော့ဘဲ ဒီအတိုင်းအကုန်ထိုးသိပ်ထည့်လာခဲ့တော့တယ် ကျောင်းရောက်တော့လည်းကျွန်မတစ်ချိန်လုံးစဉ်းစားနေခဲ့တာက ကျွန်မအခန်းထဲမှာ ဘာတွေဖြစ်နေမှန်းကိုနားမလည်တော့တာ အရုပ်ကြောင့်များလား ဒီအရုပ်ကြောင့်ဆိုရင် ပေးတဲ့လူရဲ့လက်ချင်ပဲပေါ့ သီရိများလား သူက ကျွန်မကို ဘာကြောင့် ထိခိုက်အောင်လုပ်ချင်ရတာပါလိမ့်

''ဟဲ့ ဘာတွေစဉ်းစားနေတာတုံး ည မအိပ်ရဘူးလား မျက်ကွင်းတွေလည်းညိုနေတာပဲ ''

''အင်း အိပ်မပျော်လို့ ဒီည ငါ့နင့်အိမ်လာအိပ်လို့ရမလား''

''ရတာပေါ့ဟ နင်လာအိပ်ရင်ငါတော့စာရမှာသေချာတယ် ''

''အင်းး အခုငါဗိုက်ဆာလို့ ကန်တင်းသွားရအောင် ''

ကန်တင်းရောက်တော့ သီရိတို့အုပ်စုနဲ့ တန်းတွေ့တာပဲ ကျွန်မကိုမြင်တော့ လှောင်ပြုံးပြုံးပြနေသလို

''သီရိ ငါနဲ့ခဏစကားပြောရအောင် ''

''ပြောလေ ဘာလဲ ''

''ဒီမှာပဲပြောရမှာလား ရတယ်လေ နင်ငါ့မွေးနေ့က ပေးတဲ့အရုပ် အဲ့ဒီ့အရုပ်က ဘာသဘောနဲ့ပေးတာလဲ ''

''ဘာသဘောနဲ့ဖြစ်ရမှာလည်း မွေးနေ့လက်ဆောင်ပေါ့ နင်ဘာတွေဖြစ်နေတာလဲ နင်နေရောကောင်းရဲ့လား ''

''နေကောင်းတယ် နင်ဖြစ်စေချင်သလိုမဖြစ်သေးဘူး နင်ငါ့ကိုအဲ့လောက်တောင်ပဲမုန်းလား ''

''ခင်ပြည့်စုံထွန်း နင်စကားကို ဘယ်လိုတွေပြောနေတာလည်း နင့်စကားတွေက ငါ့စေနာကိုစော်ကားလွန်းနေပြီနော် ''

''စေတနာ အဲ့ဒီ့စေတနာက ငါ့ကိုသေစေချင်တဲ့စေတနာလား ငါ့နင့်အပေါ်ဘာအမှားတွေများလုပ်မိခဲ့လို့လဲ ''

''ဘာအမှားလုပ်ခဲ့မိလဲ မသိဘူးပေါ့ နင်ဆိုတာလေ ငါတန်ဖိုးထားသမျှအရာတွေအကုန်လုံးကို လုယူခဲ့တာ ငယ်ငယ်ကတည်းကပဲ ခုချိန်ထိ ငါကအမြဲတမ်းနင့်နောက်မှာ မှတ်မိသေးလား ငယ်ငယ်တုန်းကလေ ငါ့အဖေဝယ်ပေးထားတဲ့အရုပ်လေး ငါမပေးပဲနဲ့ နင်အတင်းလုယူသွားခဲ့တာ အဲ့ဒီ့အရုပ်လေးက ငါ့အတွက် ဘယ်လောက်တန်ဖိုးရှိလဲသိရဲ့လား ငါ့အဖေပေးထားတဲ့ တစ်ခုတည်းသောအရုပ်ပဲ အဲ့ဒါကြောင့်ငါထင်လိုက်တာ နင်အဲ့ဒီ့အရုပ်မျိုးအရမ်းလိုချင်နေမယ်ထင်လို့ ငါပေးတာလေ နင်ကျေးဇူးတောင်တင်သင့်တာ ''

''အေး ကျေးဇူးတင်တယ် ငါ့ကိုပေးထာဆိုတော့ ငါပိုင်ဖြစ်သွားပြီပေါ့ အဲ့ဒီ့တော့ ဘာလုပ်လုပ်ရတယ်မလား အဲ့ဒီ့အရုပ်ငါ့ကို ဒုက္ခ ပေးပေါင်းများပြီ လွှင့်ပစ်လို့မရမှတော့ မီးရှို့ ပစ်လိုက်ရတော့မှာပေါ့ ''

''နင်တော့ နောင်တရတော့မယ် ငါကြိုပြောတယ်နော် ပြီးမှငါ့ကိုအပြစ်မတင်နဲ့ ''

သူမ ဘာကိုဆိုလိုမှန်းတော့မသိဘူး သူနဲ့ဝေးရာထွက်လာခဲ့လိုက်တယ် သူငယ်ချင်းတွေက ကျွန်မနောက်ကပြေးလိုက်လာကြတယ်
'' စုံစုံ ဘာဖြစ်တာလည်း ငါတို့ကိုပြောအုံး ''
''ဘာမှ မဖြစ်ပါဘူး ငါဒီည လာမအိပ်တော့ဘူးနော် လုပ်စရာရှိလို့ ''

''စုံ နေအုန်းလေ နင်ဘာတွေဖြစ်နေတာလဲ ''

ကျွန်မအိမ်ကိုပြန်လာခဲ့တယ် မေမေနဲ့ဖေကြီးကတော့ ကျွန်မကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်
''ဘာဖြစိလို့လဲ မေမေ '' ''သမီးနေကောင်းရဲ့လားလို့ ''
''ကောင်းပါတယ် မေမေရဲ့ သမီးပင်ပန်းလို့ရေချိုးပြီး အိပ်တော့မယ် ''

''အေးအေး ''
ကျွန်မအခြေအနေကိုစိတ်ချသွားတဲ့ပုံ ကျွန်မဒီညတော့ကြောက်နေမှာမဟုတ်တော့ဘူး ရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီစာကျက်စားပွဲမှာထိုင်ရင်း တစ်စုံတစ်ခုကိုစောင့်နေတယ် အချိန်တော်တော်ကြာတဲ့အထိ ဘာသံမှမကြားရသေးဘူး ညည့်နက်ဘလတော့ ကျွန်မခုတင်ပေါ်တက်ပြီး အိပ်စောင့်နေလိုက်တယ် နာရီသံကလွဲပြီး ပကတိ ငြိမ်သက်လို့ ဘာသံမှမကြားရဘူး ခဏကြာတော့ တဖတ်ဖတ်နဲ့ခြေသံလေးကိုစကြားရပြီ ကျွန်မအခန်းဆီ လာနေတဲ့အသံ ကျွန်မစောင့်နေလိုက်တယ် စောင်ခြုံထဲကနေလှမ်းကြည့်လိုက်တယ် ခါတိုင်းကြားနေကြအသံတွေ တံခါးပွင့်လာပြီး အခန်းမီးပိတ်သွားတယ် အပြင်ကအလင်းရောင်ကြောင့် အခန်းထဲကို အရိပ်ပုံစံ တစ်ခုခု ဝင်လာတာကိုမြင်နေရတယ် ရီသံပေါင်းစုံငိုသံပေါင်းစုံ စကြားလာရပြီ ကျွန်မရဲ့နောက်ဘက်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်

ကျွန်မအိပ်နေရာက ထထိုင်လိုက်တယ် မမျှော်လင့်ထားတဲ့အခြေအနေတခု ကြုံတွေ့ရမယ်ဆိုတာသိပေမယ့် တော်တော်လေးထိပ်လန့်သွားတယ် ကျွန်မမြင်လိုက်ရတာက ဆံပင်ရှည်ရှည်ကလေးရုပ်လေးက လမ်းထလျှောက်နေတာ ကြောင်ပြီးကြည့်နေတဲ့ကျွန်မကို လှည့်ပြုံးပြနေသေးတယ် ခုတင်ပေါ်က ခုန်ဆင်းလိုက်ပြီး အသက်ဝင်နေတဲ့အရုပ်ကို ကိုင် အိပ်ကပ်ထဲအသင့်ထည့်ထားတဲ့ မီးခြစ်ကိုထုတ်ပြီး ခြေထောက်ကိုမီးမြိုက်လိုက်တယ် သူကတော့ အော်ဟစ်ပြီး ကျွန်မ လက်ထဲက အတင်းရုန်းနေတယ် မီးလည်းစဆွဲရော တစ်စုံတစ်ခုက ကျွန်မ ဝုန်းကနဲဆောင့်တွန်းလိုက်တယ် မျက်စိထဲပြာခနဲတချက်ဖြစ်သွားပြီး မျက်စိကို အတင်းအားယူပြီး ဖွင့်ကြည့်လိုက်တော့ ကျွန်မကိုငုံ့ကြည့်နေတဲ့ ကျွန်မကိုယ်ကျွန်မ ပြန်မြင်လိုက်ရတယ် ဘာတွေဖြစ်ကုန်တာပါလိမ့် ကျွန်မလုံးဝလှုပ်လို့မရဘူး ကျွန်မ မြင်နေရတဲ့ကျွန်မ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်းဝေးသွားတယ် ခုတင်ခြေရင်းမှာ ရပ်ပြီး အိပ်ရာခင်းကိုဆွဲယူလိုက်တယ် ခုတင်ပေါ်တက်ပြီး ခေါင်မိုးထုပ်တန်း ကို အိပ်ရာခင်းစနဲ့လှမ်းချိတ်လိုက်တယ် အိပ်ရာခင်းစ ကြီးက တန်းလန်းဖြစ်နေတယ် ခုတင်ပေါ်ကပြန်ဆင်းပြီး ကျွန်မရဲ့စာရေးစားပွဲမှာထိုင်ပြီး တခုခုကိုရေးနေတယ် ပြီးသွားတော့ ကျွန်မဆီကိုတဖြည်းဖြည်းချင်းလျှောက်လာတယ် ထပြေးချင်ပေမယ့်လှုပ်လို့ကိုမရတာ ကျွန်မကိုကောက်မလိုက်တယ် ကျွန်မ အရုပ်များဖြစ်သွားတာလား သူမှန်တင်ခုံရှေ့ရောက်သွားတော့ မှန်ထဲမှာမြင်လိုက်ရတာက ကျွန်မခန္ဓာကိုယ်ထဲမှာ မိန်းမတယောက် ရဲ့မျက်နှာ ကျွန်မကတော့ သူ့လက်ထဲက ကလေးရုပ်လေး သူမ ကြောက်စရာကောင်းတဲ့အပြုံးတခုကိုပြုံးလိုက်ပြီး ကျွန်မကို ခုတင်ပေါ်ခေါ်သွားတယ် ခေါင်းအုံးနားမှာ ထောင်ထားလိုက်ပြီူး သူက တန်းလန်းကျနေတဲ့ အိပ်ရာခင်းကိုလည်ပင်းမှာချည်လိုက်တယ်

ဒုက္ခပါပဲ သူမ ကျွန်မကိုသတ်နေတာပဲ သီရိပြောတဲ့နောင်တရစရာဆိုတာဒါများလား ကျွန်မ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်းရုတ်ပျက်ဆင်းပျက်ဖြစ်သွားလေပြီ မျက်စိတွေပြူး လျှာ ထွက်လို့ ဒီအခြေအနေကို ကျွန်မလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး ကျွန်မသေဆုံးသွားပြီ ကိုယ့်ကိုသတ်သေသွားတာတဲ့ဖြစ်နိုင်ပါ့မလား ကျွန်မ ကဒီမှာ ရှိနေတာလေ မနက်မိုးလင်းတော့ အမေရောက်လာတယ် ကျွန်မအဖြစ်ကိုမြင်ပြီး အံ့သြသွားတယ် ပြီးတော့ အဖေ ရဲတွေလည်းရောက်လာတယ် အမေကတော့ တက်မတတ် ငိုနေတယ် ခဏနေတော့သူငယ်ချင်းတွေရောက်လာပြီး ကျွန်မအမေကို တခုခုပြောနေတယ် အမေက သူတိုစကားအဆုံး ကျွန်မဆီကိုလျှောက်လာနေတယ် ကျွန်မခန္ဓာကိုယ်ပေါ်က်ု အရည်တခု လောင်းချလိုက်တယ် ပြီးတော့ ဖေကြီး ဆီက မီးခြစ် ကိုတောင်းလိုက်ပြီး သူမီးရှို့ဖို့ကြိုးစားနေတယ် သူကျွန်မ ကိုမီးရှို့ လိုက်ပီ အသံကုန်အောင်အော်ဟစ်နေပေမယ့် အမေမကြားပါဘူး မျက်စိကိုမှိတ်ထားလိုက်တယ် အချိန်အတော်ကြာတဲ့အထိ ကျွန်မ ဘာမှမဖြစ်သေးဘူး မျက်စိဖွင့်ကြည့်လိုက်တော့ အရုပ်လေးက မီးလောင်ပြာကျနေပြီ အရုပ်ထဲက ထွက်လာတာ အင်းပြားလေးတစ်ခု အမေယူကြုံးမရဖြစ်နေပါပြီ ဒါပေမယ့် သူသမီး ဒီလိုမလုပ်ခဲ့ဘူးဆိုတာကတော့ သူမသိရှာတော့ပါဘူး ကျွန်မရဲ့ စာရေးစားပွဲပေါ်မှာစာရွက်လေးတစ်ခု

စာထဲမှာရေးထားတာက
''ကျွန်မ မနေ့ကပဲ သေဆုံးခဲ့တယ် ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့သည်းမခံနိုင်တော့တဲ့နောက်ဆုံးကျွန်မကိုယ့်ကိုကိုယ်သတ်သေလိုက်တော့တယ်''

မေမေအဲ့စကားကိုယုံသွားခဲ့ပြီ တကယ်တော့ အဲ့ဒီ့စာက ကျွန်မရေးခဲ့တာမဟုတ်ဘူးဆိုတာ ဘယ်သူမှမသိနိုင်တော့ဘူးလေ

***
''ဟဲ့ သီရိ သီရိ ကြားပြီးပြီလား ဟိုတျောက်လေ နင့်သူငယ်ချင်း ဟိုတျောက် သေသွားပြီတဲ့ ကိုယ့်ကိုကိုယ်သတ်သေတာတဲ့ ''

''ဘယ်သူတုန်း ''

''ခင်ပြည့်စုံထွန်းလေ ''

''ဘာ တကယ်လား ''

သီရိသရုပ်ဆောင်ပီပြင်လွန်းနေခဲ့သည် ရင်ထဲမှာတော့ကြိတ်၍ကျေနပ်နေလျက် သူရင်ထဲကကိစ္စတွေကိုတော့ဘယ်သူမှရိပ်မိလိမ့်မည်မဟုတ် အိပ်ရာထဲရောက်တာတောင် အိပ်မပျော်နိုင်သေး သူ့ရဲ့သေသပ်လှတဲ့ အကြံဥာဏ်ကို ကျေနပ်နေမိသည် အောက်လမ်းနည်းကအဆင်ပြေသားဟု သူစဉ်းစားနေခိုက် အခန်းဘေးဝရန်တာကနေ ဖြတ်လျှောက်သွားတဲ့အရိပ်တစ်ခုကို ဖြတ်ခနဲတွေ့လိုက်ရတယ် 


သရဲစာအုပ် ၏ ဓာတ်ပုံ

part _3

သီရိရင်ထဲထိပ်ကနဲဖြစ်သွားတယ် သေသေချာချာပြတင်းပေါက်ကိုစိုက်ကြည့်လိုက်တော့ စောနကဖြတ်သွားတဲ့အရိပ်ကိုမတွေ့ရတော့ပြန်ဘူး စိတ်ထင်တာပဲဖြစ်မှာပါလေဆိုပြီး စောင်ခေါင်းမူးခြုံပြီးပဲအိပ်လိုက်တော့တယ် မနက်မိုးလင်းရင် ကျောင်းမှာ သူကအထင်ပေါ်ဆုံးဂရုစိုက်ခံရဆုံးသူတစ်ယောက်ဖြစ်တော့မှာကိုတွေးရင်းပျော်နေမိတယ် သြော် ခင်ပြည့်စုံထွန်းရယ် သနားဖို့တော့ကောင်းသား ဒါပေမယ့်လည်း နင့်ကံပဲလေအဲ့ဒါ ဘာတတ်နိုင်မှာလည်း

မနက်မိုးလင်း သီရိအိပ်ရာနိုးတော့ သူ့အခန်းထဲမှာတစ်ခုခုထူးခြားနေသလိုခံစားမိလိုက်တယ် ဘာကထူးခြားနေမှန်းလည်းမသိဘူး အိပ်ရာအမြန်ထမျက်နှာသစ်ပြီးကျောင်းသွားဖို့ပြင်ဆင်ရတော့တယ် ကျောင်းရောက်တော့ သူထင်မြင်ခဲ့တာနဲ့တခြားဆီ ကျောင်းသူကျောင်းသားတွေက တစ်ခုခုကို စိတ်မကောင်းဖြစ်နေဟန် သူဆက်လျှောက်လာရင်း အခန်းရှေ့ရောက်တော့ထူးဆန်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတော့တယ် အခန်းရှေ့မှာ စားပွဲလေးတစ်လုံးချထားပြီး စားပွဲပေါ်မှာ ခင်ပြည့်စုံထွန်းရဲ့ဓာတ်ပုံတွေ ဓာတ်ပုံတွေရဲ့ရှေ့မှာတော့ ဖယောင်းတိုင်တွေ စီပြီးထွန်းထားတယ်

''ဟာ သီရိလာပြီလား ''

''အင်း ဒီမှာဘာတွေဖြစ်နေကြတာလဲ ''

''ခင်ပြည့်စုံထွန်းအတွက်ဆုတောင်းပွဲတဲ့ ''

''အလုပ်မရှိ အလုပ်ရှာကြတယ် အံ့ရော သွားရအောင်အခန်းထဲ ''

အခန်းထဲမှာ သီရိတို့ သုံးယောက်ကလွဲလို့ ကျန်တဲ့သူတွေကမျက်နှာရွှင်ပြမှုမရှိကြ

''ဟဲ့ ခင်ပြည့် စုံထွန်းကလေ သူ့ကိုယ်သူသတ် သေတာဆိုတော့ မကျွတ်မလွတ်ဖြစ်နေရင်ဘယ်လိုလုပ်မလဲမသိဘူးနော် ''

''ဟယ် နင်ကလည်းရှောက်မပြောပါနဲ့ ငါကြောက်ပ့ါတယ်ဆိုမှ ''

''မိန်းမတွေ ကြံဖန်ပြီးကြောက်မနေကြနဲ့ ဟိုကဖြင့်ဘယ်ဘဝတောင်ရောက်နေပြီမှန်းမသိဘူး တော်ပြီ ဟိုမှာဆရာမလာပြီ ''

''ကဲ အားလုံးပဲဆရာမပြောစရာရှိတယ် မနက်ဖြန် ခင်ပြည့်စုံထွန်း ရဲ့အသုဘကို ဆရာမတို့လိုက်ပို့ကြမယ် အဲ့ဒါလိုက်ပို့ဖို့ အဆင်မပြေတဲ့လူရှိလား ''

''မရှိပါဘူး ဆရာမ ''

''ကဲဒါဆိုမနက်ဖြန်မှ တွေ့ကြမယ် ''

xxxxxx

''ဟဲ့ နင်သွားပို့မှာလား အသုဘ ''

''မသွားချင်လို့မှမရတာဟာ သွားရမှာပေါ့ ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့တဲ့ ဟင်း ဟင်း ''

''ဟင် ဘာ နင့်စကားက ဘယ်လိုကြီးလဲဟ ''

''သြော် ဘာမှမဟုတ်ပါဘူး စကားပုံမှားပြောမိတာ လာပါဟာ ကန်တင်းသွားရအောင် ''

သီရိကျောင်းကပြန်လာတော့ မနက်ဖြန်အသုဘပို့မည့်အကြောင်းကိုပဲစိတ်ရောက်နေတော့သည် ညဘက်အခန်းထဲမှာတယောက်တည်းစာလုပ်နေခိုက် ခန်းစီးအပြင်ဘက်ကနေ အရိပ်လိုလို ဘာလိုလိုပ်ကနဲဖြတ်သွားတာတွေ့လိုက်ရတယ်

ဘာပါလိမ့် သီရိ အိပ်ရာပေါ်ကနေဆင်းလာပြီး ပြတင်းပေါက်နားကိုသွားချောင်းကြည့်လိုက်တယ် ဘာဆိုဘာမှမရှိ စိတ်ထင်နေတာများလား စာလုပ်တဲ့ကိစ္စပြီးတော့ အိပ်ရာဝင်ဖို့ပြင်လိုက်တယ် အခန်းမီးပိတ် ပြီး တိတ်ဆိတ်နေခိုက် ဝုန်းးဆို အခန်းပြင်ဘက်ကိုတစ်ခုခုပြုတ်က်ျလာတဲ့အသံကြီးကိုကြားလိုက်ရတယ် ဝရန်တာဘက်ကလာတဲ့အသံကြောင့် ဝရန်တာဘက်ကိုအတော်ကြာစိုက်ကြည့်နေမိသေးသည် ဘာမှမတွေ့တဲ့အဆုံးအပြင်ထွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ဝရန်တာတံခါးကို ဖြည်းဖြည်းခြင်းဖွင့်ကြည့်လိုက်တော့

ဝရန်တာ ပေါ်မှာ မှောက်လျက်သားကျနေတဲ့အရုပ်လေးတရုပ် သီရိအရုပ်လေးကိုလှမ်းကောက်လိုက်တော့ အရုပ်လေးရဲ့ မျက်နှာက ခင်ပြည့်စုံထွန်းရဲ့မျက်နှာကြီးဖြစ်နေတယ်

''အားးးးးးးး

လက်ထဲကအရုပ်ကိုလွှတ်ချပြီး ငယ်သံပါအောင်အော်လိုက်တယ်

''သမီး သမီး ဘာဖြစ်တာလဲ ဘာတွေ့လို့အော်တာလဲ သမီး ''

''သရဲ သရဲ တွေ့လို့အမေ သရဲတကယ်တွေ့တာ ''

''ဟုတ်လို့လား သမီးရယ် ဒါဆိုလည်းလာ အမေပရိတ်ရေတိုက်မယ် ''

''အမေသမီးတစ်ယောက်တည်းမအိပ်ရဲတော့ဘူး အမေနဲ့လိုက်အိပ်မယ်နော် ''

''အေးအေး ဝရန်တာတံခါးပြန်ပိတ်လိုက်အုံးမယ် ''

အမေနဲ့အောက်ထပ်မှာလိုက်အိပ်ပေမယ့် ကြောက်စိတ်ကတော့မပြယ်သွားဘူး ကြောက်စရာကောင်းနေတဲ့ စုံစုံ့ မျက်နှာကိုပဲမြင်ယောင်နေမိတယ် သူသေသွားပြီပဲလေ ငါ့ကိုမကျေနပ်လို့လာခြောက်တာများလား တွေးရင်းတွေးရင်းနဲ့ မိုးလင်းခါနီးမှအိပ်ပျော်သွားတော့သည်

''သမီး သမီး ထ ထ အသုဘသွားပို့ကြအုန်းမှာဆို ဟိုမှာသမီးသူငယ်ချင်းတွေစောင့်နေတယ် ''

''အင်း အမေ ''

သီရိမျက်နှာအမြန်သစ်ပြီး သူငယ်ချင်းတွေနဲ့ အသုဘအိမ်ဘက်ချီတက်ခဲ့တော့တယ

''သီရိမျက်နှာလည်းသိပ်မကောင်းပါလား နေမကောင်းဘူးလားနင် ''

''ကောင်းပါတယ် ဒီလိုပါပဲ ''

အသုဘအိမ်ရောက်တော့အဝင်ဝမှာထောင်ထားတဲ့ စုံစုံရဲ့ ဓာတ်ပုံတွေကအစီအရီ လှလှပပပြုံးနေတဲ့သူမရဲ့အပြုံးတွေက အပြစ်ကင်းစင်နေသလို သီရိကိုလှောင်ပြုံးပြုံးပြနေသလို အိမ်ထဲမှာတော့ စုံစုံ့ရဲ့အလောင်းကိုပြင်ဆင်ထားသည် သူအမေနဲ့အဖေကတော့ ဝမ်းနည်းကြေကွဲလျက် လူအုပ်နောက်ဆုံးမှဝင်လာတဲ့သူမကိုမြင်တော့ စုံစုံ့အမေရဲ့စိုက်ကြည့်ခြင်းကိုခံလိုက်ရတယ် သီရိထိပ်ကနဲဖြစ်သွားတယ် အရုပ်ကိစ္စများသိနေလို့လား မမြင်ချင်ယောင်ဆောင်ပြီး သူငယ်ချင်းတွေကြားထဲဝင်ထိုင်လိုက်တယ် စုံစုံ့ရဲ့အလောင်းကိုခပ်ဝေးဝေးကနေပဲမြင်ရတယ်

အသုဘအချိန်ကျတော့ အကုန်လုံးသုသာန်ကိုလိုက်ပို့ကြတယ် သူမကိုသိတဲ့တကျောင်းလုံးနီးပါးလိုက်လံပို့ဆောင်ကြတယ် သူမရဲ့မိဘတွေက မီးမသင်္ဂြုလ်ပဲ ဂူသွင်းပြီးပဲမြုပ်လိုက်ကြတယ် စုံစုံ့ရဲ့အမေကတော့ တက်မတက်ချက်မတက်ငိုနေလေရဲ့

သီရိရဲ့စိတ်ထဲမှာတော့ ထိပ်လန့်နေရုံမှတပါးမရှိ အလောင်းကိုလည်းသွားမကြည့်ရဲ့ ညတုန်းကမျက်နှာမျိုးကြီးဖြစ်နေခက်မည် သူမကိုအမျှဝေတော့

''ရောက်ရာအရပ်က သာဓုခေါ်ပါ ခင်ပြည့်စုံထွန်းရေ နင်လည်းသေသွားပြီပဲဟာ နင့်လမ်းနင်သွား ငါ့ကိုဒုက္ခမပေးပါနဲ့ အမျှ အမျှ အမျှ ပါဟယ် ''

အသုဘပြီးသွားတော့မှဘဲ သီရိစိတ်အေးနိုင်တော့သည် ခါတိုင်းလိုအိမ်ပေါ်မှာတော့တစ်ယောက်တည်းမအိပ်ရဲသေး အောက်ထပ်မှာပဲ အမေနဲ့အိပ်နေသေးသည် အခြောက်အလှန့်မရှိတော့လို့စိတ်အေးနေပေမယ့် သူလုပ်ခဲ့တဲ့ကိစ္စကိုသိသွားလေမလားဆိုပြီး ထိပ်လန့်နေတုန်း

စုံစုံသေသွားတာ ဒီနေ့ဆို ၇ရက်လည်ပြီ အရုပ်အကြောင်းဘာသံမှမကြားသေးတာကြောင့်စိတ်အေးနေမိသည်

''သီရိ ရေ ဒီမှာကြည့်စမ်း အရုပ်လေး ''

သူငယ်ချင်းကိုင်ထားတဲ့အရုပ်လေးကိုကြည့်ပြီး အရမ်းလန့်သွားတယ်

''ဒါအွန်လိုင်းမှာနာမ ည်ကြီးနေတဲ့အရုပ်လေးလေ သက်ရှိတာနဲ့အသက်မရှိတာနဲ့ရှိသေးတယ် အသက်သွင်းလို့လည်းရတယ် ''

''ဒါနဲ့နင်ဘာလို့အဲ့လောက်လန့်သွားရတာလဲ ''

''ဒီလိုပါပဲ နင်တို့ဟာက လူအစစ်ကျနေတာပဲ ''

အမှန်တော့့အဲ့ဒီ့ရုပ်ကလေးက သူမစုံစုံ့ကို ပေးခဲ့တဲ့အစီအရင်အရုပ်လေးနဲ့တစ်ပုံစံတည်းတူနေသောကြောင့်ဖြစ်သည် ခုမှသတိရတာအရုပ်လေးကရောဘယ်ရောက်နေပါလိမ့် သသူပဲဖျက်ဆီးလိုက်ပြီလားမသိ ညနေကျောင်းဆင်းတော့ ကျုရှင်ပါတခါတည်းဝင်ခဲ့သည် သူမအခုစိတ်အေးရပြီလား ညနေကျူရှင်းဆင်းတော့ အကုန်လုံးအောက်ရောက်ပြီးကာမှ သူ့ကားသော့ကျန်နေခဲ့မှန်းသိလိုက်သည် သူမတို့ကျူရှင်က ၇ လွှာမှာ သူငယ်ချင်းတွေကို အောက်ထပ်မှာပဲစောင့်ခိုင်းပြီး အပေါ်ပြန်တက်လာခဲ့တယ် ၇ လွှာ ရောက်တော့ သူဓာတ်လှေကားခန်းထဲကထွက်လာလာခြင်း တဘက်ထိပ်ဆုံးထပ်တက်တဲ့လှေကားပေါ် ရိပ်ကနဲပြေးတက်သွားတဲ့လူတွေ့လိုက်ရသည် နောက်ကနေကြည့်လိုက်တော့ ခင်ပြည့်စုံနဲ့တူသလိုလို သူမစိတ်ထဲထိပ်ကနဲဖြစ်သွားပြီး အပေါ်ထပ်ကိုလိုက်တက်သွားမိသည် အပေါ်ဆုံးထပ်မှာဘယ်သူမှမတွေ့ရ ထိုအချိန်သူမနောက်ကနေလျှောက်လာတဲ့ခြေသံအချို့ကိုကြားလိုက်ရတယ် သူနောက်ပြန်လှည့်ကြည့်လိုက်တော့

စုံစုံရယ် သူမှသူအစစ် သူမမျက်ကွင်းတွေကညိုလို့ ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ကြည့်ပြီး သူမဆီ တလှမ်းခြင်းလှမ်းလာနေတယ် သူမရဲ့ခြေလှမ်းတွေလဲ နောက်ကိုတဖြည်းဖြည်းဆုတ်ရင်း အစွန်နားရောက်နေပြီ

''ဟီးးး အီးးးး စုံ စုံ ငါ့ကိုဒုက္ခမပေးပ့ါနဲ့ဟာ နင့်လမ်းနင်သွားပါ ငါတောင်းပန်ပါတယ် နော် နော် ငါ့ကိုခွင့်လွှတ်ပါဟာ စုံရယ် နော် ''

''သီရိ နင်ငါ့အပေါ် ယုတ်မာခဲ့တုန်းက အဲ့လိုအားနာခဲ့ဖူးလား နင့်ရဲ့ဘာမဟုတ်တဲ့အငြိုးတစ်ခုကြောင့် ငါသေခဲ့ရပြီလေ ငါနင့်ကိုမကျေနပ်ဘူး ငါ့မှာလည်းနင့်ကိုလက်စားချေပိုင်ခွင့်ရှိတယ် နင်လည်းငါသေသလိုသေရမယ် ''

ပြောရင်းနဲ့ သူမသီရိရဲ့ရှေ့သို တဖြည်းဖြည်းတိုးကပ်လာသည် သီရိမှာလည်းပြေးစရာမြေမရှိ သီရိနားရောက်ခါနီး သူမခြေလှမ်းတွေရပ်တန့်သွားတယ်

ခဏအကြာ ''ဘုတ် '' ဆိုတဲ့အသံကျယ်ကြီးနဲ့ ၇ လွှာတိုက်ခန်းရဲ့အောက်မှာ လူတွေ ဝိုင်းအုံလျှက် လူအများကြားထဲက အသံပိုင်ရှင်က မိန်းကလေးတယောက် သူမဘေးမှာလည်း ဘိုမရုပ်လေးတစ်ရုပ် မိန်းကလေးကတော့ သွေးတွေအလိမ်းလိမ်းဖြင့် ဇာတ်ကျိုးသေလျက်

ဒီမိန်းကလေးဘာအကြောင်းကြောင့်တိုက်ပေါ်က ခုန်ချခဲ့သလဲဆိုတာဘယ်သူမှ သိမည်မဟုတ်တော့ပါ သူမကိုယ်တိုင်ကလွဲလို့ပေါ့

ပြီးပါပြီ

No comments:

Post a Comment