Monday, June 5, 2017

လိင်ဆက်ဆံသော တစ္ဆေမ (ဖြစ်ရပ်ဆန်းကြယ်)


စာလုံးသေးနေလျင် ဖုန်းScreenအား ချုံ့ချဲ့ပြုလုပ်လိုက်ပါ။                      ***** စာမပေါ်သူများအတွက် ဦးစားပေးရေးသားထားသည်။ 
လိင်ဆက်ဆံသော တစ္ဆေမ (ဖြစ်ရပ်ဆန်းကြယ်)
  
စာရေးသူ-ထီးကလေး (ရင်နှင့်ရင်း၍ရေးသားသည်။)
 မှတ်ချက်။     ။၁၈နှစ်မပြည့်သေးသူများ မဖတ်ရ။ 
မှတ်ချက်။     ။စိတ်ခြောက်ခြားတတ် သူများမဖတ်ရ။ 
မှတ်ချက်။     ။အသံထွက်၍ မဖတ်ပါနှင့်။ 
မှတ်ချက်။     ။တစ်ယောက်တည်းအိပ်သူများ                    ဤဇာတ်လမ်းအား လုံးဝ(လုံးဝ)                    မဖတ်မိပါစေနှင့်။ 
မှတ်ချက်။     ။ဘကြီးကျော်အား ကျေးဇူးတင်ပါသည်။        


ယနေ့…  ယနေ့ဟာ ကျွန်ုပ်၏အားလပ်ရက်များပင်ဟုဆိုနိုင်သည်။       လူသားစားဆေးရုံဟု ခေါ်တွင်သော ဇာတ်လမ်းရှည်အား ဇာတ်သိမ်းပြီးခဲ့သည့် နေ့ရက်ကလေးပင်ဖြစ်ချေသည်။ ဇာတ်လမ်းတစ်ပုဒ် ဇာတ်သိမ်းပြီးသည်နှင့် ကျွန်ုပ်တစ်ယောက် အမြဲတစေ အလည်သွားလေ့ရှိသော နေအိမ်တစ်အိမ်ရှိသည်။     ထိုအိမ်မှာ ကျွန်ုပ်ဖခင်၏ အစ်ကိုကြီးဖြစ်သူ ဘကြီးကျော်၏ နေအိမ်ပင်ဖြစ်ချေသည်။ ဘကြီးကျော်ဟာ အသက်အားဖြင့် (၆၅)နှစ်ကျော်မျှရှိနေပြီးဖြစ်ပြီး ငယ်လင်ငယ်မယား ကြီးတော်ဒေါ်မြကြည်ဟာလည်း ဘကြီးကျော်၏ ပါရမီဖြည့်ဘက်အဖြစ် ယနေ့တိုင်ထိ ရှိနေခဲ့သည်။ ဘကြီးကျော်တွင် သားတစ်ယောက်ရှိ၏။ ဘကြီးကျော်နှင့် ကြီးတော်ဒေါ်မြကြည်တို့မှာ အိမ်ထောင်ကျပြီး နှစ်အတော်ကြာထိ ကလေးမမွေးခဲ့ချေ။      အကြောင်းမှာ ဘကြီးကျော်၏ ချွတ်ယွင်းချက်ကြောင့်ပင်ဖြစ်ပြီး ထိုအကြောင်းများအား ဘကြီးကျော်တစ်ယောက်သိရှိခဲ့သော်လည်း ရှက်ကိုးရှက်ကန်းဖြင့် အမြဲတစေပြောလေ့ရှိသည်က    မြရာ… ကလေးမမွေးစမ်းပါနဲ့ သားသမီးမွေးမယ့်အစား တိရိစ္ဆာန်တစ်ကောင်ကောင်ကိုမွေးထားလိုက်… ကျွဲ၊ နွားဆိုရင် ကြီးလာရင် ရောင်းစားလို့ရတယ်… အိမ်မွေးတိရိစ္ဆာန်ခွေးဆိုရင် အဖော်ရတယ်… သားသမီးမွေးပြီး မလိမ်မာရင် ကိုယ်ပဲစိတ်ဆင်းရဲရမှာကွ       သူ၏ချွတ်ယွင်းချက်ကြောင့် ကလေးမရနိုင်ခဲ့သော်လည်း ထိုကဲ့သို့သော် အတွေးမျိုးဖြင့် ဘကြီးကျော်မှာ ဇနီးဖြစ်သူဒေါ်မြကြည်အား ထိုကဲ့သို့ ပြောဆိုလေ့ရှိသည်။ ကြီးတော်ဒေါ်မြကြည်မှာလဲ ကလေးငယ်မရှိ ဘကြီးကျော်နှင့် ပေါင်းစည်းနေထိုင်လာခဲ့ကြပြီး အသက်(၄၀)ကျော်ဝန်းကျင်မှသာ သားဦးလေးတစ်ယောက် မွေးဖွားလာခဲ့လေသည်။ သားဦးလေး၏အမည်မှာ ဖိုးသားဟု အမည်တွင်စေခါ ဖိုသားမှာလည်း ဖခင်ဘကြီးကျော်အတိုင်း ခပ်အေးအေးဖြင့်ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ဦးဖြစ်သည်။    ဘကြီးကျော်တို့မိသားစုဟာ ပဲခူးမြို့အစွန် တောဘက်ကျကျတွင် နေထိုင်လျက်ရှိပြီ။ စီးပ္ပားရေးအဖြစ် ကြက်၊ ဘဲ၊ ဝက်စသည်တို့မွေးမြူထားခါ ရိုးမတောအတွင်းသို့လည်း မကြာကြာ ထင်းခွေထွက်လေ့ရှိသည်။ သားဖြစ်သူ ဖိုးသားမှာလည်း ဘကြီးကျော်၏ သွားရာနောက်သို့ အမြဲတစေအဖော်ဖြင့် လိုက်ပါခါ ဖခင်နှင့်အတူ ထင်ခွေလေ့ရှိသည်။ ဖိုးသားအရွယ်ရောက်လာသည့်အထိ ဖခင်ဖြစ်သူ ဘကြီးကျော်လုပ်ကိုင်နေကြ ထင်းခွေ၊ အနီးရှိ ရပ်ရွာများအတွင်းသို့ ထင်းရောင်းချသော အလုပ်များ ဆက်လက်လုပ်ကိုင်နေခဲ့သည်။     ဖိုးသားမှာ လူငယ်ပီပီကြောက်လန့်မှု့များ မရှိ။ သရဲ၊ တစ္ဆေ ဟူသော စိတ်ခြောက်ခြားစရာ အကောင်ထည်များနှင့်လည်း တောကြီးအတွင်းမှ ညနေဆောင်းချိန် ထင်းခွေပြန်လာသည့်အချိန်များတွင် သူ့အားခြောက်လန့်လေ့ရှိသည်ဟု ပြောဆိုလေ့သည်။ သို့သော်လည်း ထိုအရာများအား ဖိုးသားမှာ မိမိစိတ်ခြောက်ခြား၍သာ ဖြစ်ပေါ်ခဲ့သည်ဟု ဖြေသိမ့်စေထားခဲ့သည်။ တစ်နေ့ ဖိုးသားတစ်ယောက် ထင်ခွေထွက်ရန် ပြင်ဆင်နေခဲ့ချိန်၌ သူ၏နေအိမ်ဆီသို့ သက်တူရွယ်တူ ထင်းခွေသွားလေ့ရှိသော အပေါင်းအဖော်တစ်ဦး အလောတကြီး ရောက်ရှိလာခါ ထိုကဲ့သို့ပြောဆိုလေခဲ့သည်။    ''ဖိုးသား… ဖိုးသား''   ''ဟေး… ထွန်းမောင်ဘာဖြစ်လာတာတုန်းကွ''  ''ဒီလိုကွ ငါတို့သွားနေကြ အနောက်ဘက်ဝါးရုံတောမှာ တစ္ဆေခြောက်တယ်လို့ ကြားတယ်… အဲ့ဒီအကြောင်း မင်းရောကြားပြီးပြီလား''    ''ဟင်!… ငါတို့ ထင်းခွေးရင်း ထမင်းစားနားနေကြ အနောက်ဘက်က ဝါးရုံတောမှာလား''   ''ဟုတ်တယ်… ဟိုတစ်နေ့က ရိပ်သာဘက်က လူတွေ ထင်းခွေသွားတုန်း ခြောက်လွတ်လိုက်တာလို့ ပြောနေတာပဲကွ… ပြီးတော့လဲ နေ့ခင်းကြောင်တောင်ကြီးကိုး ခြောက်တယ်လို့ပြောနေတာ'    ''ဟာကွာ!… မဖြစ်နိုင်တာ… သတ်သတ် ထင်းခွေးတဲ့သူတွေ အသွားအလာ မလုပ်ရဲအောင် ပြောကြတာနေမှာပါကွ… မင်းတို့ရော အခြောက်ခံရလို့လား''    ''ငါတို့တော့တစ်ခါမှ မခြောက်ခံရသေးဘူး… ပြီးတော့လဲ ငါတို့အဲ့ဒီဝါးရုံတောနားကို မရောက်ဖြစ်တာ ဘယ်လောက်ကြာပြီတုန်း တစ်လပြည့်တော့မယ်လေ''    ''အင်း!… ဟုတ်တယ်ကွ… တို့လဲ အဲ့ဝါးရုံတောနားမရောက်ဖြစ်တာ တော်တော်ကြာနေပြီ… ဒါပေမယ့် တစ္ဆေခြောက်တယ်လို့တော့ တစ်ခါမှမကြားဘူးပါဘူး ငါ့အဖေနဲ့အတူတူ ငါထင်းခွေတည်းက အဲ့ဒီဝါးရုံတောနားမှာ နေလို့ထိုင်လို့ကောင်းလို့ နေကြတာအခုချိန်ထိပဲ… ဒါပေမယ့်အခုမှ… ဘယ်ကဘယ်လိုတစ္ဆေ!… '' ''ဖိုးသား… ဖိုးသား''  ''ဟ… ဘာဖြစ်လာပြန်ပြီတုန်းကွ'' ''ဟို… ဟို… ရိပ်သာဘက်မှာ ငါတစ်ခုကြားခဲ့လို့ကွ ငါတို့ထမင်းစားနားနေကြ ဝါးရုံတောမှာ အခုတလော တစ္ဆေအရမ်းခြောက်နေတယ်တဲ့ အဲ့ဒါ… အဲ့ဒါမင်းတို့ကိုလာပြောတာ''   ''ဟင်… လာပြန်ပြီနောက်တစ်ယောက်'' ''ဟုတ်တယ်ကွ… နေ့ခင်းကြောင်တောင်ကြီးကိုး ခြောက်တာတဲ့''   ''ငါတို့လဲအခု အဲ့ဒီအကြောင်းပဲပြောနေတာ… မင်းဘယ်ကကြားလာတာလဲ''    ''ငါမြို့ပေါ်တတ်တုန်း… ငါ့သူငယ်ချင်းတစ်ယောက်နဲ့စကားစပ်မိပြီ သိခဲ့ရတာ''    ''ဒါဆိုရင် ဟုတ်တော့ဟုတ်နေပြီကွ'' ''ဒါနဲ့မင်းကရော… အခုဘယ်လဲ ထင်ခွေသွားမလို့လား''    ''အေးကွ… ဒီနေ့ အဘရော အမေရော မြို့တတ်သွားတုန်း အိမ်မှာအလုပ်မရှိတာနဲ့ ထင်ခွေသွားမလို့''    ''ဂရုစိုက်နော်ဖိုးသား ဝါးရုံတောဘက်ကို မသွားနဲ့တော့ တောအဝလေးတင်ခွေပြီး ပြန်လာခဲ့… မိုးလဲအရမ်းမချုပ်စေနဲ့… ငါတော့ မြို့တတ်ပြီးအလုပ်လေးတွေရှိသေးလို့ မလိုက်ဖြစ်တော့ဘူး''   ''ဟားဟားဟား… ရပါတယ်ကွာ… ငါငယ်ငယ်လေးတည်းက ဒီတောထဲမှာကြီးပြင်းလာတာပါကွ ဘာသရဲလဲ သရဲမဆိုရင် မယားလုပ်ပစ်လိုက်မယ် သရဲအထီးဆိုရင် အိမ်မှာခေါ်မွေးထားလိုက်မယ်''   ''ဟာကွာ… ဒီကောင်ဘာတွေလျောက်ပြောနေတာလဲ ကဲကဲ အချိန်လဲမရှိတော့ဘူး သွားရင်လဲသွားတော့''    အချိန်ဟာ ညနေမွန်းလွဲ၎နာရီကျော်မျှ ရှိနေပြီဖြစ်သည်။ ပြောပြောဆိုဆိုနှင့် ဖိုးသားမှာမူ သူ၏သူငယ်ချင်းများအား လက်ပြနှုတ်ဆတ်ခဲ့ပြီး ပုဆိန်တစ်လက်အား ပုခုံးပေါ်တင်ခါ ထင်းခွေရန်အတွက်ကြိုးကြီးများ သိုင်းလွယ်စေရင်း တောလမ်းအတွင်းသို့ စတင်ဦးတည်လေခဲ့သည်။ တစ္ဆေခြောက်သည်ဟု ပြောဆိုနေကြသော ဝါးရုံတောကြီးမှာလည်း ဖခင်ဘကြီးကျော်နှင့် မိမိငယ်စဉ်ကတည်းမှ နားခိုနေကြ အရိပ်ကောင်းသော နေရာတစ်ခုဖြစ်ပြီး ယခုတစ္ဆေခြောက်နေသည်ဟု သတင်းများကြားရသဖြင့် ဖိုးသားမှာမူ လက်မခံနိုင်ခဲ့ချေ။      တောကြီးအတွင်းသို့ ဝင်ရောက်ခါ ထင်းများစွာစုဆောင်းမိရင်း တစ္ဆေခြောက်သည်ဟု ပြောဆိုသော ထိုဝါးရုံတောကြီးအနားသို့ ရောက်ရှိလာခဲ့ချေသည်။    ''ဟူး!… မောလိုက်တာ'' ထိုသို့နှုတ်မှရည်ရွတ်ခါ ဝါးရုံပင်များအနီး ခေတ္တထိုင်မည်ဟု လုပ်စဉ် သူ့အား တစ်စုံတစ်ယောက်မှ အော်ခေါ်လိုက်သည့် အသံတစ်စုံအား ကြားလိုက်ရလေသည်။ ငယ်စဉ်ကတည်းမှ ကြားသိခဲ့ဘူးသော စကားများအတိုင်း တောကြီးအတွင်းမှ မိမိအား တစ်စုံတစ်ယောက်ခေါ်ဆိုသော အသံများကြားလျင် ပြန်လည်အသံပေးထူးသော အသံများမပြုလုပ်ရချေ။ ထို့ကြောင့် ဘေးဘယ်ညာသို့အကဲခတ်ကြည့်စေခါ သူတစ်ယောက်တွေဝေသွားမိသည်။       လက်အတွင်းမှ ပုဆိန်အားလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိရင်း တောခြောက်လန့်ခြင်းလေလားဟု တွေးတောနေမိသည်။ သို့သော်လည်း ထိုနေရာဟာ တောနက်သည့်နေရာတွင်မဟုတ်။ မိမိတစ်ယောက်တည်းတင်သာမက အပေါင်းအဖော်များနှင့်လည်း နားခိုနေကြနေရာပင်ဖြစသည်။    ''ဟ!… ဘယ်သူလဲ… ထွန်းမောင်လား… ကျော်ဌေး''   ''ဟေ့ကောင်တွေ ငါ့ကိုခြောက်နေကြတာလား… မင်းတို့ငါ့အနောက်လိုက်လာတာ ငါမသိဘူးများထင်နေလား ထွက်ခဲ့စမ်း''    အတွေးများစွာနှင့် ဝါးရုံပင်အနီးထိုင်မည်လုပ်စဉ်တွင် လှုပ်ရမ်းနေသော ချုံပုတ်အတွင်းမှ သူ့အား တုတ်သေးသေးတစ်ချောင်းဖြင့် တစ်စုံတစ်ယောက်မှ လှမ်းပစ်လိုက်ချေသည်။ ထို့ကြောင့် ထိုသို့နှုတ်မှရည်ရွှတ်စေခါ ချုံပုတ်အနီးသို့ လျောက်လှမ်းသွားရင်း ပြုံးစိစိအမူယာနှင့် ချုံပုတ်အတွင်းမှ မည်သူနည်းဟု ကြည့်မည်ဖြစ်သည်။ မိမ်တစ်ယောက် တောအတွင်း၌ ထင်းခွေသွားမည်ကို သူငယ်ချင်းဖြစ်သူများ သိရှိစေခါ ထိုဝါးရုံပင်များအနီး၌ တစ္ဆေခြောက်သည်ဟု မိမိအားပြောဆိုခါ စနောက်စေရင်း သူငယ်ချင်းဖြစ်သူများ အနောက်မှ တိတ်တဆိတ်လိုက်ပါလာခါ ခြောက်လန့်နေသည်ဟု ထင်မှတ်စေခဲ့သည်။    သို့နှင့်ချူံပုတ်အတွင်းသို့ တုတ်တစ်ချောင်းဖြင့် ထိုးမွေလိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့လိုက်ရချေ။ မျက်မှောင်ကြုတ်မိသည်။ မိမိတစ်ယောက် ခြုံပုတ်အနီးသို့ ရောက်ရှိလာသည့်အထိ ချူံပုတ်ကြီးမှာ လှုပ်ရမ်းနေခဲ့သော်လည်း ယခုတုတ်ဖြင့်ထို့မွှေလိုက်ချိန်၌ မည်သူမှရှိမနေပဲ ခြုံပုတ်သည်လည်း ငြိမ်သတ်သွားခဲ့သည်။    မသင်္ကာစရာလည်း အလွန်ပင်ကောင်းလှသည်။ ခြုံပုတ်အတွင်း၌ တစ်ဦးတစ်ယောက်ပုန်းခိုနေခဲ့သည့် အခြေနေမှာ အမှန်ပင်ဖြစ်နိုင်သော်လည်း ယခုအခါ မည်သူမှရှိမနေခဲ့သည်က အလွန်ပင်ထူးဆန်းလွန်းလှသည်။ အပေါင်းအဖော်များ ပြောဆိုသကဲ့သို့ပင် အမှန်တကယ် တစ္ဆေခြောက်လန့်နေခဲ့သည်လား။     ''သရဲခြောက်နေတာလား… ငါ့ကိုမခြောက်နဲ့ သရဲမဆိုရင်တော့ အိမ်ခေါ်သွားလိုက်မယ် သရဲအထီးဆိုရင်တော့ အဖော်ဖြင့်မွေးထားလိုက်မယ်… ဟားဟားဟား ဖိုးသားက မကြောက်တတ်ဘူးကွ ဒီတောမှာမွေး ဒီတောမှာကြီးလာတာ''     နေဝင်တော့မည်လည်းဖြစ်သည်။ ထို့ကြောင့် ထင်စည်းများအား မ၍ နေအိမ်ဆီသို့ပြန်ရန် ဟန်ပြင်လိုက်ရင်း နှုတ်မှလည်း ရယ်မောစွာနှင့် ထိုသို့ပြောဆိုလေခဲ့သည်။    ''ဟင်… မျော့… နွေခေါင်ခေါင်ကြီး ဘယ်ကမျော့က လာတွယ်နေရတာလဲ… ငါ့သွေးကိုစုတ်ချင်တယ်ပေါ့ဟုတ်လား… တွေ့ကြသေးတာပေါ့''    ထင်းစည်းအား ပုခုံးပေါ်သို့ တင်ရန်ရွယ်လိုက်ပြီး ပုဆိုခပ်တိုတိုဝတ်ဆင်ထားသောကြောင့် ခြေသလုံးအသားများမှာလည်း ထင်ထင်ရှားရှားပုံလွင်နေခဲ့သည်။ ခြေသလုံဆီသို့ အကြည်တစ်စုံရောက်ရှိသွားခဲ့ပြီး မိမိ၏ခြေထောက်တွင် မျော့တစ်ကောင်တွယ်ကပ်နေသည်အား မြင်တွေ့ခဲ့ရသည်။ မျော့မကြောက်တတ်သည့် သူတစ်ဦးပီပီ ခြေသလုံတွင် တွယ်ကပ်နေခဲ့သော မျော့အား ပြုတ်စေခါ အကျီတွင်တွယ်လျက် ထားခဲ့သောချိတ်ဖြင့် ထိုးဖောက်ခါ ရင်ဘက်တွင်ချိတ်ဆွဲလိုက်လေသည်။     ထို့နောက်ထင်းစည်းအား ပုခုံးပေါ်သို့ တင်ရွက်လျက် အရှေ့သို့ တစ်လှမ်းလှမ်းလိုက်ချိန်တွင် အနောက်မှ မိမိအားတစ်ဦးတစ်ယောက် လှမ်းဆွဲလိုက်သည့်အခြေနေသို့ ရောက်ရှိသွားလေသည်။ ထိုအဖြစ်ပျက်ကြောင့် ဖိုးသားတစ်ယောက် ကြက်သီးများစွာထစေခါ ထမ်းရွက်ထားသော ထင်းစည်းအား ပစ်ချလျက် ကိုင်ဆောင်ထားခဲ့သော ပုဆိန်ဖြင့် ဘေးဘယ်ညာသို့ ဝှေ့ရမ်းခုတ်လေသည်။    ''ဘာသရဲလဲကွ ဘာသရဲလဲ သရဲမဆို (    )လုပ်ပစ်မယ် သရဲထီးဆိုလဲ(    )ပစ်မယ်… ဘယ်မှာလဲကွ သရဲ… ဘယ်မှာလဲ''      ''သရဲမဆိုမယားလုပ်ပစ်မယ် ဘယ်မတုန်းသရဲ''    ကြောက်ကန်လေသလား။ သို့မဟုတ်။ သွေးလန့်သွားခဲ့လေသလား။ ဖိုးသား၏နှုတ်မှ ထိုသို့ ရိုင်းပြသော စကားများဖြင့် တရတ်ဆတ် ဆဲပြောဆိုလေခါ ပုဆိန်ဖြင့်လဲ ဘေးဘယ်ညာသို့ လိုက်လံခုတ်ပိုင်းနေခဲ့သည်။ လူကြမ်းနတ်မနိုင်။ ဖိုးသားတစ်ယောက် ထိုကဲ့သို့ ဆဲဆိုစေခါ အိမ်အပြန်လမ်းသို့ ခပ်သုတ်သုတ်ပြန်လည် ဦးတည်လာခဲ့ရသည်။ ရွာထိပ်သို့အရောက် နရိုင်းသွင်းချိန်ဟူသော နေဝင်ရီသရော အချိန်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။   ဘကြီးကျော်မှာလဲ သားဖြစ်သူ ပြန်မလာသေးသည်ကြောင့် ရွာထိပ်တွင်သာ စောင့်စားနေခဲ့သည်။ ထို့နောက် ရွာအတွင်းသို့ ဦးတည်နေသော သားဖြစ်သူအား မြင်တွေ့လိုက်ရပြီး ဘကြီးကျော်တစ်ယောက် ခပ်သုတ်သုတ်လျောက်လှမ်းသွား၏။ သူ၏အမူယာမှာလည်း သားဖြစ်သူအား စိုက်ကြည့်နေခါ တစ်စုံတစ်ခုဝေခွဲမရခဲ့ချေ။ ဖိုးသားနှင့် မလှမ်းကမ်းသို့ရောက်ရှိလာသည်နှင့် ဘကြီးကျော်တစ်ယောက် သားဖြစ်သူ၏ရင်ဘတ်တွင် မျော့ကြီးတစ်ကောင် တွယ်ကပ်နေသည်အား မြင်တွေ့စေခါ ထိုသို့အော်ဟစ်ပြောဆိုလိုက်လေသည်။   ''ဟေး…ဖိုးသား… မင်းရင်ဘတ်မှာ မျော့တွယ်နေပါလားဟ''    ဖခင်ဖြစ်သူဘကြီးကျော်၏ အော်ပြောလိုက်သော စကားသံကြောင့် ဖိုးသားသည်လည်း သူ၏ရင်ဘတ်ဆီသို့ အကြည့်တစ်စုံရောက်ရှိသွားခါ ထိတ်လန့်တကြား အော်ဟစ်ရုံးကန်နေတော့သည်။ သူတစ်ယောက် ထိုမျော့အား တောအတွင်းမှချိတ်ဖြင့် ချိတ်လာခဲ့သော မျော့သေးသေးလေးပင်ဖြစ်သည်။ ယခုအခါ ရုတ်တရက်ငုတ်ကြည့်လိုက်မိချိန်၌ ရင်ဘတ်မှ မျော့ကြီးဟာ အလွန်တရားပင် ကြီးထွားနေခါ သူ၏လက်မောင်းလုံးလောက်ပင် ဖြစ်နေခဲ့သည်အား မြင်တွေ့သွားခဲ့သည်။ ထို့ကြောင့် ထိတ်လန့်သွားစေခါ မြေပြင်ပေါ်၌ တွန့်တွန့်လူးရုတ်ကန်နေခဲ့ရခြင်းဖြစ်သည်။    အဲ့ဒါပဲ ငါ့တူရေ… ကံကောင်းလို့ပေါ့ ဟိုတလောတုန်းကမှ မင်းညီ နေပြန်ကောင်းလာတာ မျော့ကိုများ ချိတ်နဲ့ချိတ်ပြီး ရင်ဘတ်မှာဆွဲလာရတယ်လို့ ဘာပြောကောင်းမတုန်း နရိုင်းသွင်းချိန်ဆိုတော့ အပမှီလို့ကောင်းတဲ့အချိန်ပဲလေ ဒီတော့ သူ့မျက်စိထဲမှာ မျော့ကိုအကြီးကြီးလို့ထင်သွားခဲ့တာ အခုချိန်ထိ မျော့ကိုတွေ့တာနဲ့ သူခဗျာလှည့်ပတ်ပြေးနေရတဲ့ အထိဖြစ်သွားတယ်      ဒါဆိုဘကြီး မျော့ဆိုတဲ့ အကောင်ကို အပမှီတတ်တယ်ပေါ့ဟုတ်လား     သိပ်မှီတတ်တာပေါ့ကွာ ပြီးတော့ မင်းညီကလဲ တောထဲမှာ ဘာတွေသွားလုပ်လဲမှ မသိတာ အကြောင်းမဲ့သတ်သတ်တော့ အပမမှီနိုင်ပါဘူး အဲ့… နောက်တစ်ခုထူးဆန်းတာက ဖိုးသားအဲ့ဒီဝါးရုံတောနားမှာ သွားသောင်းကြမ်းပြီးကတည်းက အဲ့ဒီမှာလဲ တစ္ဆေခြောက်တယ်ဆိုတဲ့ ပြောဆိုသံတွေလဲရပ်သွားတယ်ကွ မင်းညီပွဲသွားကြမ်းလိုက်လို့ တစ္ဆေလဲ ပြေးရပြီနဲ့ထင်ပါတယ်ကွာဟားဟားဟား ထားပါ… မင်းလဲရောက်တုန်းရောက်ခိုက် နှစ်ရက်သုံးရက်လောက် နေပြီမှပြန်ဟုတ်ပြီလား     နေမှာဘကြီးရေ ကျွန်တော်လဲ ဇာတ်လမ်းပြီးခါစဆိုတော့ စိတ်လွတ်ကိုယ်လွတ် ဘကြီးနဲ့ကြီးတော်ဆီ လာလည်တာပဲဗျ     နေ ပျော်သလောက်ကိုးနေ ကြီးတော်လည်း ငါ့တူကြီးများ ဘယ်နေ့ရောက်ချလာမလဲလို့ မျော်နေတာ… ကဲ… ရေမိုးချိုး ပြီးရင် ထမင်းစားကြရအောင် ခရီးရောက်မစိုက် ဘကြီးကျော်၏နေအိမ်ဆီသို့ ကျွန်ုပ်အလည်အပတ်ရောက်ရှိသွားခါမှ ညီဝမ်းကွဲတော်စပ်သူ ဖိုးသား၏အကြောင်းများအား ကြားသိလိုက်ရလေသည်။ ဘကြီးကျော်နှင့် ကြီးတော်ဟာ ကျွန်ုပ်အား ငယ်စဉ်ကတည်းမှ ထိမ်းကျောင်းလာခဲ့ပြီး ထိုသူတို့၏လက်ဝယ်အတွင်း၌သာ ကျွန်ုပ်တစ်ယောက် ကြီးပြင်းလာခဲ့ရသည်ဟု သတ်မှတ်ချေနိုင်သည်။ ယခုအရွယ်ထိလည်း ဘကြီးကျော်နှင့်ကြီးတော်ဒေါ်မြကြည်တို့မှာ ကျွန်ုပ်အား သားအရင်းသဖွယ်ချစ်ခင် စောင့်ရှောက်ပေးနေခဲ့သေးသည်။     ဘကြီးကျော်၏နေအိမ်ဆီသို့ တစ်ခါတစ်ခေါက် အလည်ရောက်ပတ်ရောက်ရှိသွားလျင် ဘကြီးကျော်မှာ ကျွန်ုပ်အား ဇာတ်လမ်းများစွာ ရေးသားနိုင်ရန်အတွက် အထောက်ကူပြုစေနိုင်သော ရှေ့ဖြစ်နောက်ဟောင်းလေးများစွာ ပြောဆိုပြလေ့ရှိသည်။ ယခုတွင်လည်း ညီဝမ်းကွဲ၏ အပမှီခဲ့သော အကြောင်းများအား ပြောဆိုနေခဲ့လေပြီ ဘကြီးကျော်၏မိသားစုနှင့်အတူ ကျွန်ုပ်တစ်ယောက် ညစာစားပြီးသည်နှင့် စကားလက်ဆုံကြနေခဲ့ပြန်သည်။     ကဲ… ငါ့တူရေ မင်းတို့တူကြီးတွေ စကားပြောကောင်းနေလိုက်တာ အချိန်လဲမနည်းတော့ဘူး ကြီးတော် ဘုရားခန်းမှာ မင်းအတွက် အိပ်ယာပြင်ထားတယ်      ဟာ… အမေကလဲ အစ်ကိုကြီးတစ်ခါတစ်လေ လာလည်တာ တစ်ယောက်တည်းမအိပ်ခိုင်းပါနဲ့ ဟုတ်တယ်နော်ကိုကြီး ကျွန်တော်နဲ့နှစ်ယောက် အိပ်လိုက်မယ်     ဟုတ်တယ်ကြီးတော် ကျွန်တော်ဖိုးသားနဲ့ပဲ အိပ်လိုက်မယ်…    ကဲပါ မိန်းမရာ ငါ့တူကြီး အိပ်ချင်တဲ့နေရာမှာသာ အိပ်ပါစေ     ကဲကဲဒါဆို သွားအိပ်ကြတော့ အချိန်လဲမနည်းတော့ဘူး မင်းတို့ညီအစ်ကိုတွေလဲ ညသိပ်မနက်စေနဲ့နော် ကြားလား    ဟုတ်ကဲ့ကြီးတော် ဒါဆိုကျွန်တော်သွားအိပ်တော့မယ် ဖိုးသားမှာ ကျွန်ုပ်အား သူနှင့်အတူ လာရောက်အိပ်ရန် ပြောဆိုမှု့ကြောင့် ကျွန်ုပ်သည်လည်း ငြင်းဆိုမနေတော့ပဲ လိုက်ပါအိပ်ရန် သဘောတူခဲ့ချေသည်။ ကြီးတော်အား နှုတ်ဆတ်လျက် သွားရောက်အိပ်တော့မည်ဟု ပြောဆိုစေခဲ့သော်လည်း ကျွန်ုပ်နှင့်ဖိုးသားမှာမူ မဆုံတာကြာနေပြီဖြစ်သောကြောင့် အိပ်ယာလေးဘေးတွင် စကားလက်ဆုံကျနေသေးသည်။ အတွေ့ကြုံလေးများနှင့် ရှေ့ဖြစ်နောက်ဟောင်းလေးများ အပြန်လှန်ပြောဆ်ုနေကြရာမှ ဖိုးသားဆီမှ ထူးဆန်းသော အကြောင်းတစ်ခု ကြားသိလိုက်ရသည်။       ကျွန်တော်ညတိုင်းအိပ်မက်တစ်ခု အမြဲမက်နေတယ်အစ်ကိုကြီးရ အိပ်မက်ထဲမှာ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်နဲ့ ကျွန်တော်လိင်ဆက်ဆံနေရတယ်လို့ မက်မက်နေတယ် တစ်ညတည်းလဲမဟုတ်ဘူး ဆက်တိုက်ကိုးမက်နေတာ    ဟင်… ဟာကွာ ပေါက်ပေါက်ရှာရှာ မင်းအိပ်မက်ကလဲ အင်းလေ တစ်ခါတစ်လေတော့လဲ အဲ့ဒီလိုအိပ်မက်မျိုး မက်တတ်တာပဲ     မဟုတ်သေးဘူးဗျ ကျွန်တော်အဲ့လိုအိပ်မက် မက်မက်နေတာ တစ်ခါတစ်လေမဟုတ်ဘူး ညတိုင်းလိုလိုကိုမက်နေတာ အဲ့ဒီအိပ်မက် မက်ပြီဆိုရင်လဲ အပြင်မှာပါ တစ်ကိုယ်လုံးလှုပ်ရှားလို့မရတော့ဘူး အိပ်မက်လိုလို တကယ်လိုလိုစိတ်ထဲမှာလဲ ထင်နေတယ်     ဟေး… တွေတွေဝေဝေနှင့် ဖိုးသားတစ်ယောက် ထိုကဲ့သို့ပြောဆိုလေသည်။ လူပျိုလူလွတ် ဖြစ်သည့်အတွက် တစ်ခါတစ်ရံ ထိုကဲ့သို့အိပ်မက်မျိုး မက်ကောင်းမက်နိုင်သည်။ သို့သော် ယခုဖိုးသားတစ်ယောက် ပြောဆိုလိုက်သည်က ညစဉ်တိုင်းလိုလိုပင် မက်နေခဲ့ကြောင်း သိရှိလိုက်ရသည်။ ထို့ကဲ့သို့ဆိုလျင် ဖိုးသားတစ်ယောက် မြင်ရသည့်အိပ်မက် မက်နေခဲ့သည်မှာ အမှန်ပင်ဖြစ်လေမလား။ ဘကြီးကျော်သည်လည်း မြင်ရသည့်အိပ်မက်အကြောင်း ရှင်းပြပြောဆိုခဲ့ဘူးသည်။ (မြင်ရသည့်အိပ်မက် = အိပ်မက်နှင့် တကယ့်လက်တွေ့ဘဝကြားတွင် ရောက်ရှိနေခဲ့သော စိတ်၏အခြေနေ)     သို့သော်လည်း ဖိုးသားတစ်ယောက် ပြောဆိုခဲ့သော အိပ်မက်အကြောင်းများအား စကားဖြတ်စေခါ ညနက်နေပြီဖြစ်သည့်အတွက် ကျွန်ုပ်တ်ို့သည်လည်း ခြင်ထောင်အတွင်းသို့ ဝင်ရောက်ခါ အိပ်စက်စေရန်ပြင်ဆင်လိုက်လေသည်။    ဖိုးသားမှာ ခြင်ထောင်အတွင်းသို့ ဝင်ရောက်လိုက်ပြီး ခဏအကြာ၌ သူ၏အိပ်ယာပင်ဖြစ်သည်ကြောင့်လား၊ သို့မဟုတ် တစ်နေကုန် တစ်နေခမ်း အလုပ်များစွာလုပ်နေရသည်ကြောင့် အိပ်မောကျစွာ အိပ်ပျော်သွားလေသလား၊ ဟောက်သံများပင် ထွက်ပေါ်လာခဲ့စေသည်။ ကျွန်ုပ်မှာမူ အိပ်ယာပြောင်းသည့်က တစ်ကြောင်း၊ အိပ်စက်လျင်လည်း ကိုယ်တ်ုင်ကပင် ဟောက်ဟမ်းခြင်းမရှိသည့်အတွက် တစ်ပါးသူ အိပ်မောကျစွာ ဟောက်နေသည့်အသံများကြောင့်လဲ မည်သို့မှပင် နစ်ခြိုက်စွာ အိပ်မပျော်နိုင်ခဲ့ချေ။    အိပ်ယာအတွင်း၌သာ လူးလဲနေခဲ့ရပြီး အိပ်ပျော်စေရန်အလို့ငှာ ကြိုးစားနေခဲ့ရသည်။ တစ်ဖက်သို့စောင်းလိုက်ရင်း ခေတ္တမှေးခနဲ့ အိပ်ပျော်သွားမိ၏။ အိပ်ယာလေးဟာ နှစ်ယောက်အိပ် ခြင်ထောင်လေးနှင့်ဖျာလေးပင်ဖြစ်ပြီး ကျွန်ုပ်နှင့်ဖိုးသား အိပ်ပျော်သွားရမှာ တစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်ချင်း ထိရှက်မိသည်။ ယခုကျွန်ုပ်တစ်ယောက် မှေးခနဲအိပ်ပျော်နေရာမှ နံဘေး၌ရှိသော ဖိုးသား၏ကိုယ်နှင့် မထိတော့သည်ကြောင့် လက်ဖြင့်နောက်ပြန် အသာစမ်းမိသည်။ သို့သော် ဖိုးသားအား မကိုင်မိခဲ့ချေ။         သို့နှင့်ကျွန်ုပ်သည်လည်း ဖိုးသားတစ်ယောက် အပေါ့အလေးစွန့်ရန် ခြင်ထောင်အပြင်သို့ ထွက်ခွာသွားသည်ဟုထင်မှတ်မိရင်း ဖိုးသား၏ခေါင်းအုံးလေးဘက်ဆီသို့ လှမ်းကြည့်မိလိုက်သည်။ မြင်တွေ့လိုက်ရ၏။ မြင်တွေ့လိုက်ရသည်က ဖိုးသားတစ်ယောက် နံရံဘေးသို့ မျက်နှာမူထားခါ ငုတ်တုတ်အနေထား ဒူးနှစ်ချောင်းအား ပိုက်လျက်ထိုင်နေခဲ့ပြီး ခန္ဓာကိုယ်အားလုံး ရိမ်းရိုင်လှုပ်ရမ်းနေခဲ့သည်။    ဖိုးသား ဖိုးသား မင်းဘာလုပ်နေတာလဲ ကျွန်ုပ်သည်လည်း လူးလဲထလိုက်ခါ နောက်ကျောအနေထားဖြစ်နေသော ဖိုးသားအား ထိုသို့ပြောဆိုလိုက်လေသည်။ ထိုအခါ ခန္ဓာကိုယ်လှုပ်ရမ်း ပျက်ပျယ်မသွားသော ဖိုးသားမှာ ကျွန်ုပ်ဘက်သို့ ဆက်ခနဲလှည့်လိုက်ပြီး ပြုံးရယ်ပြနေသည်။ ညီဝမ်းကွဲဖြစ်သူ ဖိုးသား၏ အပြုံးများအား ကျွန်ုပ်တစ်ယောက် ကောင်းစွာ မြင်တွေ့ဘူးနေကြဖြစ်သည်။ ယခုအခါ မြင်တွေ့ဖူးနေကြ အပြုံးများနှင့်မတူ မျက်လုံးအိမ်အသေနှင့် အပြုံးမျက်နှာကြီးမှာလဲ ထိတ်လန့်စရာကောင်းလှသည်။ ထို့နောက် ကြောက်စရာကောင်းလှသော ထိုအပြုံးအား ဆတ်ခနဲရပ်တန့်သွားလေခါ ကျွန်ုပ်အားတစ်စုံတစ်ခု မကျေနပ်သော အမူယာသို့ပြောင်းလဲလာလေသည်။    ထို့ကြောင့် ကျွန်ုပ်သည်လည်း ဖိုးသား၏ပုခုံးအား လက်ဖြင့်ဆုပ်ကိုင်ခါ လှုပ်နိုးလိုက်မိသည်။ သို့မှသာလျင် ဖိုးသားမှာမူ ဒူးနှစ်ဖတ်အားပိုက်လျက် ငုတ်တုတ်အနေထား ထိုင်နေရာမှ အိပ်ယာအပေါ်သို့ ပစ်လဲကျသွားလေသည်။ ကျွန်ုပ်သည်လည်း ဝေခွဲမရ လဲကျသွားသော ဖိုးသားအား ထပ်မံလှုပ်နှိုးလိုက်ချိန်၌ သူသည်လည်း အိပ်မောကျနေရာမှ နိုးလာခဲ့သော စကားသံများနှင့်အတူ ထိုသို့ပြောဆိုလေခဲ့သည်။          ဗျာအစ်ကိုကြီး ဘယ်သွားမလို့လဲ အပေါ့သွားမလို့လား ကျွန်တော်လိုက်ခဲ့မယ်လေ     ဟင်… သြော်… မဟုတ်ပါဘူး မင်းယောင်ပြီးထထိုင်နေလို့ နှိုးလိုက်တာ    ဟာဗျာ… ဘယ်ကသာ ယောင်ရမှာတုန်း အစ်ကိုကြီးဘယ်မှမသွားရင် ကျွန်တော်ပြန်အိပ်တော့မယ် မနက်စောစောထရဦးမှာဗျ အပေါ့တွေဘာတွေသွားချင်ရင် ကျွန်တော့်ကိုနိုးနော်     ဟမ်… အေးအေး ယခုဖိုးသား၏ပြောပုံဆိုပုံများမှာ ပုံမှန်အတိုင်းပင်ဖြစ်နေလေခဲ့သည်။ ကျွန်ုပ်၏စိတ်အတွင်း၌ ဝေခွဲမရချေ။ ဖ်ုးသားတစ်ယောက် ထိုကဲ့သို့ အိပ်မက်မက်ခါ ယောင်ယမ်းစေတတ်ပြီး လမ်းလျောက်လှမ်းခြင်းမ်ျိုးများ ပြုလုပ်တတ်လေသလား။ ကျွန်ုပ်သည်လည်း တွေဝေစွာနှင့် ထိုတစ်ညလုံး အိပ်မပျော်တော့ပဲ ဖိုးသား၏ဘက်သို့သာ စောင်းလဲနေရင်း မိုးလင်းခါနီးအချိန်မှသာ မှေးခနဲအိပ်ပျော်သွားလေခဲ့သည်။    မနက်နေမြင့်လာသည့်အချိန်မှသာ ကျွန်ုပ်သည်လည်း နှိုးလာခဲ့ရင်း ညမှဖြစ်ပျက်ခဲ့သော ဖိုးသား၏အကြောင်းများအား မည်သို့မှပင်စဉ်းစာမရခဲ့ချေ။ ကျွန်ုပ်အား ငယ်စဉ်ကတည်းမှ ထိမ်းကျောင်းလာခဲ့သည့် ဘကြီးကျော်နှင့် ကြီးတော်ဒေါ်မြကြည်တို့မှာ ကျွန်ုပ်၏မျက်နှာအား ကြည့်လိုက်ရုံဖြင့် ကျွန်ုပ်တစ်ယောက် တစ်ခုခုအားစဉ်းစားနေခဲ့ပြီဟု ကောင်းစွာသိရှိစေခဲ့သည်။ သို့နှင့်ဘကြီးကျော်ဟာ ကျွန်ုပ်၏အနားသို့ ရောက်ရှိလာခါ ထိုသို့မေးမြန်းစေခဲ့သည်။    တူကြီး!… ငါ့တူကြီးဘာဖြစ်နေတာတုန်းကွ မျက်နှာလဲ မကောင်းပါလား ဘာတွေစဉ်းစားနေတာလဲ    ဗျာ… ဘာမှတော့မဟုတ်ပါဘူး ကျွန်တော်ဘကြီးကိုတစ်ခုလောက် မေးချင်လို့    မေးလေကွ ဘာများတုန်း    ဟို… ဖိုးသားက အိပ်ရင်ယောင်တတ်လားဘကြီး ဒီလိုလေ အိပ်နေရင်း လမ်းထလျောက်တတ်တဲ့ အကျင့်မျိုးလိုပေါ့     ဟေး… ဘာဖြစ်လို့တုန်းဟ မင်းညီဖိုးသား အဲ့လိုမယောင်တတ်ပါဘူး    သေချာလို့ဘကြီးရ    ဟ… သေချာပါတယ်ကွ ဘာဖြစ်လို့တုန်း    ဟို… ညက တွေဝေစွာနှင့် ကျွန်ုပ်သည်လည်း မနေ့ညမှ ဖိုးသား၏အဖြစ်ပျက်များအား ဘကြီးကျော်ထံသို့ ပြန်လည်ပြောဆ်ုလေခဲ့သည်။ ထိုအခါဘကြီးကျော်မှာ ခပ်ပြုံးပြုံးအမူယာဖြင့် ထိုသို့ပြန်လည်ပြောဆ်ုလေခဲ့သည်။    အင်း!… ဒီအသက်အရွယ်ထိတော့ ဖိုးသား အဲ့ဒီလိုယောင်တတ်တယ်လို့ ဘကြီးကျော်တို့လင်မယားနှစ်ယောက် မသိသေးဘူး မွေးကတည်းကလဲ ဘကြီးကျော်တို့သတိထားမိသလောက်အထိ ဖိုးသားအိပ်ရင် ငြိမ်နေတာပဲ သူ့အမေကတောင် ပြောတယ် ဖိုးသားအိပ်နေတာ အသေလေးအတိုင်းပဲဆိုပြီး တစ်ခါခါအိပ်ယာထနောက်ကျရင် သူ့သားကိုစိတ်ဆိုးဆိုးနဲ့ ပြောဆိုနေတာ ဘကြီးအမြဲကြားတယ် ငါ့တူကြီးပြောသလိုဆိုရင် ဒီကောင် အသက်ကြီးလာမှ အခုလိုယောင်တတ်သွားတာလား မသိပါဘူး     မသိပါဘူး ဘကြီးရာ သူပုံစံက သူ့အိပ်ယာမှာ ကျွန်တော်လာအိပ်တာ မကြိုက်တဲ့ပုံစံမျိုးဗျ     ဟင်… ဖိုးသားက မင်းကိုသိပ်ချစ်တာ သူပဲ ညတုန်းက မင်းကိုလိုလိုချင်ချင်နဲ့ သူနဲ့လာအိပ်ဖို့ခေါ်သွားတာလေ…    ဟုတ်တယ်ဗျ… ကျွန်တော်လဲအဲ့ဒါကိုးပဲ စဉ်းစားမရတာ ကျွန်ုပ်၏ပဟေဠိဆန်သော စကားများကြောင့် ဘကြီးကျော်တစ်ယောက်သည်လည်း တွေဝေစဉ်းစားသွားခဲ့၏။ ဒီလိုနှင့် တစ်နေကုန်နေထိုင်လာခဲ့ပြီး ညနေစောင်းချိန်၌ ဖိုးသားတစ်ယောက် အလုပ်ခွင်အတွင်းမှ နေအိမ်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဘကြီးကျော်နှင့် ကြီးတော်ဒေါ်မြကြည်တို့မှာမူ ကျွန်ုပ်၏ပြောဆိုချက်နှင့် ဖိုးသား၏ ယောင်ယမ်းတတ်သော အကျင့်အား သိရှိထားခဲ့ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့သော်လည်း ကျွန်ုပ်မှာမူ တစ်နေလုံး၌ ထိုအကြောင်းကိုသာလျင် စဉ်းစားနေမိသည်။    ညအချိန်သို့ရောက်ရှိလာခါ ဘကြီးကျော်နှင့်အတူ စကားများစွာပြောဆိုဖြစ်ခဲ့ပြီး ဖိုးသားနှင့်အိပ်ယာဝင်ရန် ကျွနိုပ်တစ်ယောက် ပြင်ဆင်လိုက်စေသည်။ ဖိုးသား၏အမူယာများမှာ မနေ့ညမှ သူတစ်ယောက် ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့သည့်အတိုင်းသာလျင် အမူယာမပျက်ခဲ့ချေ။ သို့နှင့် အိပ်ယာအတွင်း၌ နှစ်ဦးသား ခေါင်းချစေခါ ထိုသို့ပြောဆိုဖြစ်ခဲ့သေးသည်။     ဖိုးသား မင်းပြောတဲ့ အိပ်မက် ညတုန်းကမက်သေးလား     ဟင်… သြော်… ဟုတ်တယ်ဗျအစ်ကိုကြီးရ အဖေပြောတာ သိပ်မှန်တာပဲ အတွေ့ထက် အငွေ့က ပိုဆိုးတယ်ဆိုတာ အဲ့ဒီအိပ်မက်ထဲက အမျိုးသမီးကို ကျွန်တော်အပြင်မှာ စွဲလမ်းနေမိတယ် ညတုန်းကလဲမက်တယ် အိပ်မက်ထဲမှာ သူကကျွန်တော့ကို စိတ်ဆိုးနေတဲ့အမူယာနဲ့ ခါးထောက်ပြီးကြည့်နေတယ် သူတစ်ခုခုကိုမကျေနပ်တဲ့ပုံစံဗျ ကျွန်တော့်အထင် လိင်ဆက်ဆံလို့မလွတ်လပ်တဲ့ အခြေနေမျိုးကြောင့် ဒေါသထွက်နေတဲ့ ပုံစံမျိုးပဲ     ဟင်…   ဘာဖြစ်လို့တုန်းအစ်ကိုကြီး    ဘာ… ဘာမှမဖြစ်ပါဘူး မင်းအိပ်မက်ကလဲ အထူးအဆန်းပါလား    အဲ့ဒါပြောတာပေါ့ဗျ ကျွန်တော်လဲ အဖေ့ကိုပြောမယ်ပြောမယ်နဲ့ အခုချိန်ထိ မပြောဖြစ်သေးတာ      အေးပါ… ကဲ အချိန်လဲမနည်းတော့ဘူး ငါတော့အိပ်တော့မယ် အမှန်တကယ်ပင်လျင် ထူးဆန်းနေခဲ့၏။ ညီဝမ်းကွဲတော်စပ်သူ ဖ်ုးသား၏အိပ်မက်များ။ ကျွန်ုပ်သည်လည်း တစ်စုံတစ်ခု ထူးခြားနေခဲ့သည်အား ခံစားနေမိသည်။ သို့သော် ထိုတစ်ည ဖိုးသား၏အမူယာများအား စောင့်ကြည့်ဦးမည်ဟု အားခဲထားခါ တစ်ဖက်သို့စောင့်နေမိရင်း ခေတ္တမှေးခနဲအိပ်ပျော်သွားမိသည်။       အား!… လန့်နိုးသွားခဲ့သည်။ နာကျင်မှု့တစ်ခုနှင့်အတူ။ ဖိုးသားတစ်ယောက် ကျွန်ုပ်အား အိပ်နေရာမှ ခြင်ထောင်အပြင်သို့ ကန်ထုတ်လိုက်ခြင်းကြောင့် ကျွန်ုပ်သည်လည်း ခြင်ထောင်အပြင်သို့ လိမ့်ထွက်သွားရသည်။ နာကျင်သွားခဲ့သော ခါးနေရာအား ပွတ်သပ်နေမိရင်း ခြင်ထောင်အတွင်းသို့ ဝင်ရောက်ရန် ခြင်ထောင်စအား မလိုက်ချိန်၌ ဖိုးသား၏နှုတ်မှ ထိုသို့ပြောဆိုလိုက်လေသည်။     ထွက်သွား လာမအိပ်နဲ့ နင်ထွက်သွား  ပြောဆိုလိုက်သည်က မိန်းမသားတစ်ဦး၏ စကားသံ။ ပုံသဏ္ဍန်မှာလည်း မနေ့ညမှ ပုံစံကဲ့သို့ပင် ငုတ်တုတ်အနေထား ဒူးအားပိုက်လျက် မျက်လုံးများလည်း ရဲရင့်နေခဲ့သည်။ အိပ်ခန်းလေး၏ မီးလုံးလေးကြောင့် ဖိုးသား၏မျက်နှာထားအား ရှင်းလင်းစွာမမြင်ရသော်လည်း အမူယာနှင့်ပုံသဏ္ဍန်တို့အား ကောင်းစွာမြင်တွေ့စေနိုင်သည်။ ကျွန်ုပ်အား လက်ညိုးထိုးစေခါ ခပ်ထန်လှသော စကားသံများနှင့် ကျယ်လောင်စွာအော်ဟစ်ပြောဆိုသည်ကြောင့် အိမ်ရှေ့ခန်းတွင် အိပ်နေကြသော ဘကြီးကျော်တို့လင်မယားနှစ်ယောက်သည်လည်း နိုးသွားခဲ့လေသည်။   သို့နှင့် ဖိုးသားနှင့်ကျွန်ုပ်တို့ရှိနေရာဆီသို့ ဘကြီးကျော်မှာ အပြေးရောက်ရှိလာခဲ့ပြီး ခြင်ထောင်လေးအား မ,လျက်သားဖြစ်နေသော ကျွန်ုပ်အားစိုးရိမ်တကြီး မေးမြန်းလေခဲ့သည်။ ထိုအခါ ဖိုးသား၏ပုံဏ္ဍန်အား ဘကြီးကျော်တစ်ယောက် မြင်တွေ့သွားစေရန် အလို့ငှာ ကျွနိုပ်သည်လည်း ကိုင်ဆောင်ထားခဲ့သော ခြင်ထောင်လေး၏ ကြိုးများအား ဆွဲဖြတ်လိုက်စေသည်။ သို့မှသာ ဘကြီးကျော်သည်လည်း ကျွန်ုပ်အား ဒေါသကြီးစွာ လက်ညိုးထိုးလျက်သား ဖြစ်နေသည့် ဖိုးသား၏အမူယာများအား မျက်ဝါးထင်ထင်မြင်တွေ့သွားလေခဲ့သည်။ သို့နှင့်သားဖြစ်သူအား လှုပ်နှိုးစေခါ နှုတ်မှလည်း သတိထားစေရန် ပြောဆိုလေခဲ့သည်။ ဘကြီးကျော်၏ လှုပ်နိုးခြင်းကြောင့် ဖိုးသားသည်လည်း အိပ်ယာအပေါ်သို့ ငုတ်တုတ်အနေထားမှ လဲကျသွားခါ အိပ်ချင်မူးတူးအမူယာဖြင့် နိုးထလာခဲ့လေသည်။   ဟင်… အဖေ… ဘာဖြစ်လို့လဲ အစ်ကိုကြီး ဘာဖြစ်နေကြတာလဲ ဘကြီးကျော်တစ်ယောက် တစ်စုံတစ်ခုအား ရိပ်စားမိသွားသည့်အလား၊ သူ့၏ဦးခေါင်းအား ခပ်ဆတ်ဆတ်ငြိမ့်စေခါ ထိုသို့ပြောဆိုလေခဲ့သည်။     မင်းဘာဖြစ်တာလဲ     ဗျာ… ကျွန်တော်ဘာဖြစ်လို့တုန်းအဘရ အိပ်မက်ထဲမှာ သားမိန်းမ… သြော် သားကောင်မလေးစိတ်ဆိုးနေလို့ ချော့နေတုန်းရှိသေးတယ် အဘလာနိုးတာလေ အစ်ကိုကြီး… အစ်ကိုကြီးကရော ဘာဖြစ်နေတာလဲ      ငါ့သား မင်းတောထဲမှာ ဘာတွေလုပ်ခဲ့လဲ     ဟင်!… ကျွန်တော်ဘာမှမလုပ်ပါဘူး      မဟုတ်သေးဘူး မင်းမျော့တွယ်တုန်းက တောထဲမှာ ဘာတွေပါးစပ်ဆော့ခဲ့သေးလဲ     ဗျာ… ကျွန်တော်အခုန တစ်ခုခုဖြစ်သွားလို့လားအဖေ     ဖြစ်တယ် မင်းကိုတစ်ကောင်ကောင် ဝင်ကပ်နေတယ်ကွ ပြောစမ်း မင်းတောထဲမှာ ဘာတွေပါးစပ်ဆော့ခဲ့တုန်း     ဗျာ… ကျွန်တော့်ကို တစ်ကောင်ကောင်ဝင်ကပ်နေတယ် ဟုတ်လားအဖေ     ဟုတ်တယ် ပြော!… မပြောရင် မင်းကြာရင်ဒုက္ခရောက်သွားလိမ့်မယ်     မျော့တွယ်တုန်းက သားမှတ်မိသလောက် ဝါးရုံတောနားမှာ သရဲခြောက်နေတယ်ပြောလို့ သွားခဲ့တယ်လေ။ ပြီးတော့ တကယ့်ကိုးလဲ အဲ့ဒီ့နားမှာ ခြောက်တယ် သားလည်း သူခြောက်တော့ ကြောက်ကန်ကန်ပြီး ပုဆိန်နဲ့ လှည့်ပတ်ခုန်ပြီး ပွဲကြမ်းခဲ့တယ်။ ပြီးတော့သရဲမဆိုရင် မယားလုပ်ပစ်မယ် သရဲထီးဆိုရင် အိမ်မှာအစောင့်ထားလိုက်မယ်လို့ ပါးစပ်ကလဲ မနားတမ်းပြောနေမိတယ်။     ဘာ!… ဟ… ကောင်းလိုက်တာကွာ အခုတော့ သရဲမဖြစ်နေလို့ မင်းဆီညတိုင်းလာပြီး ဟိုဒင်းဟိုဟာ လာလာလုပ်နေတာပေါ့ကွ… မင်းကလဲ ကောင်းနေတော့ အဖေလုပ်တဲ့သူကိုတောင် မပြောဘူး တော်သေးတာပေါ့ ထီးကလေးပြောပြလို့ မင်းအိပ်မက်အကြောင်းတွေနဲ့ မင်းညဘက် ထထသောင်းကြမ်းနေတဲ့ အကြောင်းတွေ သိထားရတာ… မဖြစ်တော့ဘူး မိုးလင်းတာနဲ့ ဆရာတော်ဘုရားဆီ သွားမှဖြစ်မယ်  ထိုတစ်ည ဖိုးသာ၏ပြောဆိုချက်များကြောင့် အကြောင်းစုံသိရှိလိုက်ရသည်။ ဘကြီးကျော်သည်လည်း မနက်လင်းသည်နှင့် ကိုးကွယ်အားထားရာဖြစ်သော ပဲခူးမြို့အစွန်(တိမ်တစ်ရာ)ဘုန်းကြီးကျောင်းတွင် သတင်းသုံးနေထိုင်သည့် ဆရာတော်ဘုရားထံသို့ သွားရောက်လေခဲ့သည်။    ဖိုးသား၏အဖြစ်ပျက်များအား ဆရာတော်ဘုရားထံသို့ လျောက်တင်စေခါ ဆရာတော်ဘုရားသည်လည်း ဖိုးသားအား မန်းမှုတ်ကုသပေးခဲ့သည်။ ထို့နောက် ဆရာတော်ဘုရားမှာလည်း ဤကဲ့သို့ မိန့်ကြားခဲ့လေသေးသည်။    ဒကာတို့ လောကမှာ ပရလောကဆိုတဲ့ လောကကြီးတစ်ခုက အမှန်တကယ်ကိုရှိပါတယ်။ ဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာဘုရားကလဲ ဟောကြားခဲ့တယ်။ အရာရာကို လူငယ်တွေပီပီ မစူးစမ်းချင်ကြနဲ့။ အခု ဒကာကျော်ရဲ့သား ဖိုးသားက ပါးစပ်ဆော့ပြီး တောထဲမှာ ပြောမိပြောရာတွေပြောတော့ ပိုင်ရာဆိုင်ရာတွေက ကာယကံရှင်ခွင့်ပေးလိုက်တဲ့ အနေနဲ့ ဒကာဖိုးသားပြောတဲ့အတိုင်း ညစဉ်လာလာပြီးအိပ်နေခဲ့တာပေါ့။ သူနဲ့ညတိုင်း အိပ်မက်ထဲမှာ လိင်ဆက်ဆံနေတယ်။ ဧည့်သည်လာအိပ်တော့ လိင်ဆက်ဆံဖို့ မလွတ်လပ်တော့ဘူးလေ။ ဒါကြောင့် ဖိုးသားကို ဝင်ပူးပြီး ဒီကဒကားလေးကို နှင်ထုတ်တော့တာပဲ။    တင်ပါ့ဘုရား တပည့်တော်နဲ့ညတိုင်းလိုလို အိပ်မက်ထဲမှာ လိင်ဆက်ဆံခဲ့ဘူးတယ်။ အမှန်တိုင်းဝန်ခံရရင် တပည့်တော် အဲ့ဒီအမျိုးသမီးကို စွဲလမ်းနေမိတယ်ဘုရား     ဒါပေါ့လေ… ကြာလာရင် ရမ္မက်မီးကြောင့် သောက်လေသောက်လေ ငတ်မပြေဖြစ်ပြီး ဖိုးသားပါ အန္တရယ်ဖြစ်လာနိုင်တယ်။     အရှင်ဘုရား တပည့်ဘယ်လိုလုပ်ရပါ့မလဲ     ရပါပြီ ဘုန်းကြီးဆီရောက်လာတာ မြန်လို့ပေါ့။ စိတ်ချပါ တောစောင့်နတ်၊ တောင်စောင့်နတ်တွေဆီ ဘုန်းကြီးအပ်လိုက်ပါပြီ နောက်တစ်ခါ ဒကာလေးဆီလာပြီ မနောက်ယှက်တော့ပါဘူး။     ကျေးဇူးကြီးလှပါတယ်အရှင်ဘုရား     အေးပါကွယ် နောက်နောင် ဘယ်တော့မှ လက်လွတ်စပါယ် နှုတ်မဆော့မိစေနဲ့ပေါ့     တင်ပါ့ဘုရားတပည့်တော် ကောင်းကောင်းနားလည်သွားပါပြီ    ကဲကောင်းပါပြီ ဒါဆိုရင်လိုရာကိုသာ ဦးတည်ကြတော့ ဘုန်းကြီးလဲ တရားထိုင်ဖို့အချိန်နီးလာလို့ ခွင့်ပြုကြဦး     တင်ပါ့ဘုရား ဆရာတော်ဘုရား၏ မေတ္တာတရားများဖြင့် ဖိုးသားနှင့်အတူ ညစဉ်တိုင်းလာရောက်အိပ်စက်ခါ လိင်ဆက်ဆံနေသည့် တစ္ဆေမအား ဘုန်းကြီးမှာ မေတ္တာတရားနှင့် ပိုင်ရာဆိုင်ရာများဆီသို့ အပ်နှံလိုက်စေသည်။ အမှန်တကယ်ပင်လျင် ဖိုးသား၏ပြောဆိုခွင့်ပြုခဲ့ခြင်းကြောင့် ဝါးရုံတောမှ တစ္ဆေမဟာ ညစဉ်တိုင်းလာရောက် သားမယားသဖွယ် လိင်ဆက်ဆံ၍ မြူတူးနေခဲ့ကြောင်း သိရှိခဲ့ရသည်။ ဖိုးသားနှင့်အတူ လာရောက်အိပ်စက်နေခဲ့သော ကျွန်ုပ်ရှိနေသည်ကြောင့် ထိုတစ္ဆေမမှာ လိင်ဆက်ဆံရန် အလို့ငှာ မလွတ်လပ်ခဲ့ချေ။ ထို့ကြောင့် ဖိုးသား၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပူးကပ်လေခါ ကျွန်ုပ်အား နှင်ထုတ်လေခဲ့ခြင်းဖြစ်သည်။    ဘုန်းကြီး၏ကုသပေးမှု့ဖြင့် ဖိုးသားသည်လည်း စွဲလမ်းနေသော ရမ္မက်စိတ်များ မေ့ဖျောက်န်ုင်ခဲ့ချေသည်။ ထိုနေ့ညမှစတင်ခါ ဖိုးသား၏ ထူးဆန်းစွာမက်နေကြဖြစ်သော အမျိုးသမီးတဦးနှင့် လိင်ဆက်ဆံနေရသည့် အိပ်မက်များ ပျောက်ကွယ်သွားခဲ့ရလေသည်။                              **** ဖြစ်ရပ်ဆန်းကြယ် မှတ်ချက်။  ။ တစ္ဆေမနှင့်လိင်ဆက်ဆံခဲ့ဘူးသော ဘကြီးကျော်၏သားဖြစ်သူ ဖိုးသားမှာမူ ယနေ့ထက်တိုင် ထိုအဖြစ်အပျက်အား မမေ့နိုင်သေးပဲ စကားဆက်မိသည့်အချိန်တိုင်း ရယ်မောစွာနှင့် ပြောဆိုနေလေ့ရှိသေးသည်။    ။ စာရေးသူ-ထီးကလေး (ရင်နှင့်ရင်း၍ရေးသားသည်။)

Original from: http://hteekalayblog.blogspot.com/2016/04/blog-post_76.html
မူလစာရေးသူ -->>ထီးကလေး (ရင်နှင့်ရင်း၍ရေးသားသည်)

No comments:

Post a Comment