Monday, June 5, 2017

"ကားလမ်း​ပေါ်မှစွဲလမ်းတ​စ္စေ "

"ကားလမ်း​ပေါ်မှစွဲလမ်းတ​စ္စေ "
ကျွန်​​တော်​က​နေပြည်​​တော်​မှာ​နေပါတယ်​။အလုပ်​အကိုင်​က​တော့တက္ကစီ​မောင်းတာ​ပေါ့။
အလုပ်​က​တော့ဖြစ်​ပါတယ်​။တစ်​​နေ့ရလိုက်​တဲ့ပိုက်
ဆံကကိုယ်​စား​လောက်​တာထက်​ကိုပိုပါတယ်​။
တစ်​ခါတစ်​​လေ​နေပြည်​​တော်​က​နေမန္တ​လေးထိဆွဲဘူး
ပါတယ်​။အဲ့ဒီ​တော့အဖြစ်​မျိုးစုံကြုံဘူးတာ​ပေါ့ဗျာ။
မှတ်​မှတ်​ရရတစ်​ခါကြီးက
ပျဉ်းမနားက​နေ​လှေခွင်း​တောင်​ဘက်​ကို
ဆွဲတုန်းက​ပေါ့။
၅း၀၀​လောက်​က​နေပို့တာ
အဲ့မှာလည်းတခြားသူ​တွေကိုလိုက်​ပို့​ပေးရင်းနဲ့
ပြန်​လာ​တော့၉း၀၀နာရီ​လောက်​ရှိပြီ။
အဲ့ဒီမှာနှင်းဆီဝိုင်းနား​ရောက်​ခါနီး​လေး
လူက​တော့​ရေသန့်​ဘူးတို့ကိုလိုက်​​ကောက်​တဲ့လူထင်​တာပဲ၊၊အင်္ကျီကကြယ်​သီး​တွေတပ်​မထားဘူး
ပုဆိုးကအကွက်​ကျဲကြီး​တွေနဲ့
လမ်းကူးမှာကိုမကူးဘူး
ကိုကသူကူးလို့ရ​အောင်​အချိန်​​လျှော့​ပေးထားတာ
အဲ့ဒါကိုမကူးပဲပလပ်​​ဖောင်း​ပေါ်မှာရပ်​​နေတယ်​။
ကိုကသူမကူး​သေးဘူးအထင်​နဲ့​မောင်းချလိုက်​တာ
ကားကသူ့နား​ရောက်​မှသူကလမ်းကူး​တော့
ကိုယ့်​ကားကလည်းအချိန်​နဲ့သူကအကူး
တိုက်​မိ​လေ​ရော။သူကလဲကျသွားပြီး
ကျွန်​​တော်​လဲ​ကြောက်​​ကြောက်​နဲ့ကားကို​မောင်း​သွားတယ်​။ထွက်​​ပြေးတာ​တော့မဟုတ်​ဘူး​ပေါ့
ကိုယ့်​အသိနဲ့ကိုကျွန်​​တော်​လဲရဲစခန်းဘက်​​မောင်း​တာ။ဒီအတိုင်းဆင်းကြည့်​မယ်​ဆိုရင်
တကယ်​လို့သူ့အမျိုး​တွေ​ရောက်​လာရင်
ကိုယ့်​ကိုဝိုင်းရိုက်​မယ်​မှန်းမသိ
ဓားနဲ့ထိုးမယ်​မှန်းမသိ
အဲ့ဒါ​ကြောင့်​ရဲစခန်းဘက်​​မောင်းတာ။
စခန်း​ရောက်​​တော့
ရဲမှူးကြီးက
"ဘာများကူညီ​ပေးရမလဲ"
"မဟုတ်​ပါဘူးကျွန်​​တော်​လူ​တစ်​​ယောက်​ကိုကား
နဲ့တိုက်​မိလို့လာအဖမ်းခံတာပါ။
"အဲ့ဒါဆိုအခင်းဖြစ်​တဲ့​နေရာကိုလိုက်​ပြ"
"​ကောင်းပါပြီ"
ပြော​ပြောဆိုဆိုနဲ့ကျွန်​​တော်​လိုက်​ပြလိုက်​တယ်
ဟို​ရောက်​​တော့
"ဒီနားမှာပါ"
"အတိုက်​ခံရတဲ့လူဘယ်​​ရောက်​သွားလဲ"
"ဒါ​တော့ကျွန်​​တော်​လည်းမသိဘူး၊ဒီနားမှာပဲတိုက်​မိတာ"
ကျွန်​​တော်​ရဲ​တွေနဲ့အ​ချေအတင်​ဖြစ်​​နေစဉ်​မှာ
လူတစ်​​ယောက်​​ရောက်​လာတယ်​၊
ကြည့်​ရတာအဲ့ဒီ့လူဒီရပ်​ကွက်​ကထင်​တယ်​။
အဲ့လူက"ဘာဖြစ်​တာလည်းမသိဘူး"
""ဒီ​နေရာမှာကားနဲ့တိုက်​ခံရတဲ့လူတစ်​​ယောက်​​ကော
"​အော်​အကိုတို့လုံးဝမှားသွားပြီဘာဖြစ်​လို့လဲ "
"ဘာဖြစ်​လို့လဲ "
"အဲ့ဒီ့လူကလွန်​ခဲ့တဲ့သုံးလ​လောက်​ကကားတိုက်​ခံရလို့ဆုံးသွားပြီ"
ဗျာ
"ဟုတ်​တယ်​အဲ့လူမကျွတ်​လွတ်​​သေးဘဲ
ကားသမားတိုင်းကို​ခြောက်​​နေတာ"
အော်
အဲ့ဒါပါပဲ
ကား​မောင်း ရတာက
အဲ့လိုအန္တရာယ်​​တွေနဲ့​တွေ့နိုင်​တယ်​။
သရဲ​ခြောက်​တယ်​ဆိုတာလဲ
အ​ကြောင်းရှိလို့​ခြောက်​တာပါ။
၁။အမျှ​ဝေတာကိုလိုချင်​လို့
၂။သူရှိတယ်​ဆိုတာသိ​စေချင်​လို့
၃။နောက်​​ပြောင်​ချင်​လို့
၎။တစ်​စုံတစ်​ခု​ပေးချင်​လို့
၅။အငြိုးတစ်​ခုခု​ကြောင့်​​ခြောက်​ရတာ
စသည်​ဖြင့်​အမျိုးမျိုး​သောအ​ကြောင်း​ကြောင့်
ခြောက်​လှန့်​​နေရတယ်​။
သူတို့​တွေဟာတကယ်​​တော့သနားစရာ​တွေပါ
ငတ်​မွတ်​မှုဒဏ်​ကိုလနဲ့နှစ်​နဲ့ချီ​အောင်​ခံစား​နေကြတယ်
အဲဒီ့ဆိုးသွမ်းတဲ့ဘ၀၊ဒုက္ခမျိုးစုံခံစား​နေရတယ့်​ဘဝ
က​နေသူတို့ကျွတ်​လွတ်​ချင်​​နေမှာအမှန်​ပါ။။
ကျန်းမာချမ်းသာကြပါ​စေ
ဝတ္ထုတိုလို့်​မကြိုက်​မှာစိုးရတယ်​ဗျို့
ကာယကံရှင်​​နေရာက​နေခံစား​ရေးသားပါသည်​။

No comments:

Post a Comment