Showing posts with label Blog ပေါ်မှာ ငွေရှာနည်းများ. Show all posts
Showing posts with label Blog ပေါ်မှာ ငွေရှာနည်းများ. Show all posts

Thursday, July 27, 2017

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၄)

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၄)


Affiliate နည်းနဲ့ပိုက်ဆံရှာခြင်း၊ ကြော်ငြာ ထည့်သွင်းခြင်း နဲ့ Sponsored Content နဲ့ ပိုက်ဆံရှာခြင်း နည်း (၃) နည်းရေးပြီးပြီဆိုတော့ ကျန်နေသေးတဲ့ Blog ရေးရင်းပိုက်ဆံရှာနိုင်တဲ့ နည်းတွေ ထပ်ပြောပေးသွားပါမယ်။

Premium Content

Blog ရေးသားရာမှာ ပုံမှန်ဖတ်နေသူ Reader တွေအနေနဲ့ ပုံမှန် Article တွေအပြင် ပိုပြီး Detail ကျတဲ့ content မျိုးတွေဖတ်ချင်တာမျိုး ရှိလာနိုင်ပါတယ်။ ဒီအခါမှာ Premium content အဖြစ်သတ်မှတ်ပြီး လစဉ်ကြေး တစ်ခုနဲ့ premium content တွေဖန်တီးပေးလို့ရပါတယ်။

Product များရောင်းချခြင်း

Blog တစ်ခုအောင်မြင်လာပြီဆိုရင် ပစ္စည်းတွေရောင်းလို့ရပါပြီ။ ဥပမာအားဖြင့် Blog မှာရေးသားခဲ့သမျှကို စုစည်းပြီးထုတ်တဲ့စာအုပ်၊ Ebook၊ Software တွေ၊ Application တွေ  ရောင်းလို့ရသလို Online ကနေ သင်ကြားတဲ့ သင်ခန်းစာတွေ၊ Offline သင်ခန်းစာတွေကိုလဲ ရောင်းလို့ရပါတယ်။

Services များရောင်းချခြင်း

Blog ရေးသားရင်း ကိုယ်ဟာ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ်ပေးနိုင်တဲ့ Service တွေကို ရောင်းလို့ရပါတယ်။ Freelance လုပ်ပေးခြင်း၊ သင်တန်းတိုလေးတွေပေးခြင်း၊ Consulting လုပ်ပေးခြင်း၊ Design လုပ်ပေးခြင်း၊ စာရေးပေးခြင်း၊ Content Providing လုပ်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်။

Event များလုပ်ပေးခြင်း

နောက်ပိုင်းမှာ ကိုယ့် blog ကနေ ကြီးမှုးကျင်းပတဲ့ Event တွေလဲ လုပ်လို့ရလာပါတယ်။ အဲဒီမှာ  အခမဲ့ event တွေလုပ်နိုင်သလို လက်မှတ်ဝယ်ရမယ့် Event တွေလဲလုပ်နိုင်ပါသေးတယ်။ ဟောပြောပွဲတွေ၊ workshop မျိုးတွေကို သင့်တော်တဲ့ charges တစ်ခုကောက်ပြီးလုပ်ပေးနိုင်ပါတယ်။

Marketplace များတည်ဆောက်ခြင်း

ကိုယ့် blog နဲ့ သက်ဆိုင်တဲ့ပစ္စည်းများကို အခြားသူများပါ ဝင်ရောက်ရောင်းချနိုင်ဖို့အတွက် marketplace များ ထူထောင်ပေးလို့ရပါတယ်။ အဲဒီမှာ ကြော်ငြာခ၊ Premium Product တင်ခြင်း နဲ့ အခြားဝန်ဆောင်မှုတွေအတွက် charges ကောက်လို့ရပါတယ်။

အခြား income stream များ

ကိုယ့် blog ဆက်အသက်ရှင်နိုင်ဖို့အတွက် donation တောင်းတာမျိုး၊ နောက် blog ကို အပြတ်ရောင်းလိုက်တာမျိုးနဲ့လဲ ငွေရှာလို့ရပါသေးတယ်။


ကူယူဖော်ပြသည်

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၃)

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၃)


Ok .. ကြော်ငြာထည့်တဲ့နည်းလမ်းနဲ့ Affiliate Marketing နည်းလမ်း ပြီးသွားပြီဆိုတော့ ဒီတစ်ခါ အခုနောက်ပိုင်းခေတ်စားလာတဲ့ နည်းသစ်တစ်ခုကို ပြောပြပါမယ်။

Sponsored Content နည်းပါ။

Sponsored Content ရေးသားးခြင်းဖြင့် ပိုက်ဆံရှာတဲ့နည်းထဲမှာ Form အကွဲတွေအများကြီးပါပါတယ်။ အဓိကအားဖြင့်တော့ ဆိုင်တစ်ဆိုင်ဆိုင်ကို သွားစားပြီး ကောင်းကြောင်းရေးသားးပေးတာ၊ ပစ္စည်းတစ်ခုခုကို သုံးကြည့်ပြီး ကြိုက်တဲ့အတွက်ကောင်းတယ်လို့ ရေးပေးတာ၊ သတင်းသဘောမျိုး ထည့်သွင်းပေးဖို့ အခကြေးငွေ ယူပြီး ရေးပေးတာ အစရှိတဲ့နည်းတွေပါပါတယ်။

ကိုယ့် blog မှာ Traffic တွေ ရလာပြီ လူတွေကလဲ လာဖတ်နေပြီဆိုရင် Sponsored Content စ လက်ခံလို့ ရပါပြီ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ရိုးသားးဖို့ပါ။ မကောင်းတဲ့ပစ္စည်းတစ်ခုကို ကောင်းတယ်လို့ ရေးပေးရင်တော့ ကြာတဲ့အခါ လူတွေက ကိုယ့် blog ကိုပါ ဖတ်မှာ မဟုတ်တော့ဘူး။

ဒါကြောင့် ကောင်းလဲကောင်းတယ်၊၊ ကိုယ်လဲ ကြိုက်တယ် သုံးနေတယ်ဆိုတဲ့ ပစ္စည်းမျိုးတွေကိုပဲ Sponsoredေ၇းပေးသင့်ပါတယ်။


Sponsored Content ဖန်တီးရာမှာ စာရေးသားခြင်းအပြင် Video ရိုက်ကူးပေးတာ၊ Review လုပ်ပေးတာ၊ ကိုယ်ဖန်တီးတဲ့ Video ထဲမှာ Product Placement အဖြစ် ပြသွားတာ အစရှိတာတွေလဲ ပါပါတယ်။ အခုနောက်ပိုင်းမှာ ကြော်ငြာ Agency တွေအနေနဲ့လဲ Blogger တွေကို ရှာဖွေပြီး ရေးခိုင်းတာမျိုးတွေ ရှိလာပြီ ဖြစ်တဲ့အတွက် ကိုယ့်မှာ Traffic ရှိတဲ့ blog တစ်ခုနဲ့ Audience ရှိပြီးသား Social Channel တစ်ခု ရှိပြီဆိုရင် လုပ်လို့ရပါပြီ။


ဒါကတော့ အခုနောက်ပိုင်းသုံးလာတဲ့ Blog Monetization နည်းပါ။ အခြား နည်းတွေများကြီး ရှိပါသေးတယ်။ နောက်တစ်ပို့စ်မှာ တခြားကျန်နေသေးတဲ့ Blog Monetization နည်းတွေရေးပေးပါဦးမယ်။

By Aung Mon Chan  ကူးယူဖော်ပြသည်

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၂)

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၂)


အရင်တစ်ပတ်တုန်းက Blog Monetization မှာ အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ ကြော်ငြာထည့်တဲ့နည်းလမ်းကို ပြောပြခဲ့တယ်။ ဒီတစ်ပတ်မှာတော့ ပိုက်ဆံအများဆုံးရတဲ့ နည်းလမ်းကို ပြောပြပေးမယ်။

Affiliate Marketing နည်းလမ်းဖြစ်ပါတယ်။

Affiliate Marketing ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင် ကော်မရှင် ရတဲ့ နည်းပါပဲ။

ဥပမာ - ကိုယ့်မှာ blog တစ်ခုရှိတယ်။ ကိုယ့် blog က Website ရေးသားနည်းတွေ သင်ပေးတဲ့ blog ဆိုပါတော့။ Blog post တွေထဲမှာ website တွေရေးဖို့အတွက် လိုအပ်တဲ့ Tools တွေ၊ Hosting နဲ့ Domain provider တွေအကြောင်း ထည့်ရေးထားတယ်။ ရေးထားတဲ့အထဲမှာမှ သက်ဆိုင်ရာ website တွေကို လမ်းညွှန်ပေးထားတဲ့ Link တွေပါမယ်ပေါ့။

ဖတ်တဲ့သူက ဖတ်ရင်းနဲ့ ပေးထားတဲ့ Link ကို ကလစ်နှိပ်ပြီး ညွှန်ထားတဲ့ website ကိုရောက်သွားမယ်။ ပြီးရင် အဲဒီမှာ ဝယ်မယ်ပေါ့။

ဝယ်တဲ့ပမာဏရဲ့ percent တစ်ခုကို ကိုယ်က ရပါတယ်။

Affiliate Marketing နည်းဟာ ပိုက်ဆံအများဆုံးရတဲ့ နည်းတွေထဲက တစ်ခုပါပဲ။ တစ်လကို ဒေါ်လာ (၆) သောင်းအထိ ရနေတဲ့ blogger တွေ တွေ့ဖူးပါတယ်။ ဒါကြောင့် blog ရေးခြင်းဖြင့် ပိုက်ဆံရှာမယ်ဆိုရင် သုံးသင့်တဲ့ နည်းတစ်ခုပါ။

Related: Sponsored Content နည်းဖြင့် ပိုက်ဆံရှာခြင်း

Affiliate Marketing လုပ်ဖို့အတွက် သက်ဆိုင်ရာ website တွေမှာ Affiliate Program တွေ ရှိပါတယ်။ တော်တော်များများမှာ ရှိတယ်။ Amazon, Ebay, Alibaba အစရှိတဲ့ နာမည်ကျော် site တွေရှိသလို နာမည်မကြီးတဲ့ဆိုက်တွေလဲ ရှိတယ်။ နာမည်ကြီးဆိုက်တွေမှာတော့ Affiliate အဖြစ်လျှောက်မယ်ဆိုရင် နည်းနည်းချေတယ်ဗျ။ Blog traffic တောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။

အဲ Affiliate လုပ်ချင်တဲ့ Blogger တွေနဲ့ Affiliate ပေးချင်တဲ့  ကုမ္ပဏီတွေကြား ချိတ်ပေးတဲ့ ဆိုက်ဒ်တွေလဲ ရှိသေးတယ်ဗျ။

ဥပမာ ဒီ ဆိုက်ဒ်နှစ်ခုကို ဝင်ကြည့်ကြည့်လိုက်…
www.cj.com
www.clickbank.com

အဲလိုဆိုက်မျိုးတွေပါ။

Affiliate Marketing လုပ်ဖို့အတွက်လိုအပ်တာကတော့

  • Traffic ရှိတဲ့ Blog တစ်ခုရှိရပါမယ်။ Blog traffic ဟာ ကြုံသလိုလာကြည့်နေကြသူတွေ မဟုတ်ဘဲ အမြဲဝင်ကြည့်နေတာမျိုးဆို ပိုကောင်းသလို တူရာတူရာလူတွေ စုထားတဲ့ Community ပုံစံမျိုး ဖြစ်နေတာဆိုရင် ပိုကောင်းပါတယ်။
  • Online Payment ရှိရပါမယ်။
  • Online Payment ရှိတဲ့ နိုင်ငံကလူတွေ ဖတ်နေတာမျိုး ဖြစ်မှ အဆင်ပြေပါမယ်။

အကယ်၍ မြန်မာနိုင်ငံမှာလဲ နောက်ပိုင်းမှာ Affiliate Program တွေ Network တွေပေါ်လာမယ်ဆိုရင်တော့ အဆင်ပြေပြီပေါ့။ လောလောဆယ်တော့ နည်းနည်းခက်နေတာတွေ ရှိနေပါသေးတယ်။

နောက်တစ်ပို့စ်မှာ မြန်မာနိုင်ငံမှာလုပ်လို့ရတဲ့ Blog ဖြင့်ပိုက်ဆံရှာခြင်း နည်းလမ်းကို ရေးပေးပါဦးမယ်။

By Aung Mon Chan  ကူယူဖော်ပြသည်

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၁)

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၁)


ဒီနေ့တော့ Facebook Tips တွေမပြောတော့ဘဲ Blogging အကြောင်း ပြောပြမယ်။

ကျွန်တော့်ကို တစ်ချို့တွေက မေးကြတယ်။ Blog ရေးရင်းနဲ့ ပိုက်ဆံရှာလို့ ရတယ်ဆိုတာ ဟုတ်လား။ ဘယ်လိုရှာရတာလဲ၊ ဘယ်လောက်လောက် ရသလဲပေါ့။ သူတို့ကိုလဲဖြေရင်း ကျွန်တော့် blog ဖတ်တဲ့သူတွေလဲ အကျိုးရှိစေဖို့ ပြန်ရေးပေးလိုက်တာပါ။

Make Money Blogging in Myanmar (Part 1) 

Blog ရေးရင်း ပိုက်ဆံရှာလို့ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒီအများကြီးထဲကမှ နည်း (၃) နည်းကို ပြောပြပါမယ်။ အလွယ်ဆုံးနည်း၊ ပိုက်ဆံအများဆုံး ရတဲ့နည်း နဲ့ နောက်ပိုင်းမှပေါ်လာတဲ့ နည်းလမ်း အသစ် တို့ပါ။ အရင်ဆုံးသိထားရမှာကတော့ Blog နဲ့ ပိုက်ဆံရှာဖို့အတွက် Blog ကိုလာဖတ်တဲ့ Traffic ပမာဏတစ်ခုတော့ အနည်းဆုံး ရှိထားရမယ်။

အလွယ်ဆုံးနည်း - ကြော်ငြာလက်ခံ/ထည့်သွင်း နည်း

Blog မှာ ဖတ်ရှုသူတွေ များလာပြီဆိုရင် ကြော်ငြာစတင်ထည့်သွင်းလို့ ရပါပြီ။ ကြော်ငြာထည့်တဲ့နေရာမှာလဲ အမျိုးမျိုးရှိပါတယ်။
  • -       Ad Networks (Google Adsense တို့လို နိုင်ငံခြား Network, iMyanmar Ads တို့လို ပြည်တွင်း Network မျိုးတွေပါ)
  • -       တိုက်ရိုက်ထည့်သွင်းတဲ့ Ad (ကုမ္ပဏီတွေကို တိုက်ရိုက်ချိတ်ဆက်ပြီး ရောင်းတဲ့ Ad)
  • -       ကိုယ့်ပစ္စည်း၊ ကိုယ့် Service ကို ကိုယ်ရောင်းတဲ့ Ad မျိုး

စသဖြင့်ရှိပါတယ်။

Related: Affiliate Marketing နည်းဖြင့် ပိုက်ဆံရှာခြင်း

Ad Network တွေမှာဆိုရင် မြန်မာနိုင်ငံထဲက Network တွေက ပိုက်ဆံပေးတာ နည်းပါတယ်။ MyOpenware ဆို ပေးတာနည်းတဲ့အပြင် ချေလဲ ချေသေးတယ်။ နိုင်ငံခြားက Google Adsense လို Network မျိုးတွေကလဲ လျှောက်ရတာ အရမ်းခက်ပါတယ်။ ဒါကြောင့် Ad Network ကနေ ထည့်သွင်းဖို့ကို အားမပေးပါဘူး။ ကိုယ့်မှာ Google Adsense လို Network မျိုး ရှိနေရင်တော့ တစ်မျိုးပေါ့။ (တစ်ခုသတိထားရမှာက မြန်မာလိုရေးတဲ့ Blog တွေမှာ Google Adsense ထည့်မရပါဘူး၊ ဘာသာစကားကို support မလုပ်လို့ပါ)

စမ်းကြည့်ချင်တယ်ဆိုရင်

နိုင်ငံခြားက Network တွေနဲ့ ထည့်သွင်းမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ဘဏ်အကောင့်၊ ဒါမှမဟုတ် Paypal ရှိမှရပါမယ်။

တိုက်ရိုက်ထည့်သွင်းတဲ့ Ad ကတော့ ပိုက်ဆံ ပိုရတယ်၊ နည်းနည်းပိုခက်မယ်ပေါ့။ တစ်ခါတစ်လေ ကုမ္ပဏီနဲ့ အလွယ်တကူ တည့်ပြီး ကြော်ငြာရသွားတာမျိုးလဲ ရှိတယ်။ ကုမ္ပဏီတွေ နဲ့ တိုက်ရိုက်မလုပ်ဘဲ Agency တွေနဲ့ ချိတ်ထားပြီး ကြော်ငြာလိုက်ရှာလဲ ရပါတယ်။ အဓိကက ကြော်ငြာတိုက်ရိုက်ရောင်းတဲ့အခါ Traffic ရှိရမယ်၊ ကိုယ်ရောင်းမယ့် ကုမ္ပဏီနဲ့ ကိုယ့် blog နဲ့ အကြောင်းအရာကိုက်ညီရမယ် ဒါလေးတွေတော့ လိုပါတယ်။

ကိုယ့်ပစ္စည်းကိုယ့် service ကိုေ၇ာင်းတာကတော့ အလွယ်ဆုံးပဲ၊ ကိုယ်ပေးတဲ့ Service တွေကို ကြော်ငြာတစ်ခုလုပ်ပြီး ထည့်ထားရင် အလိုလို ကိုယ့်ဆီက လာဝယ်နေကြတော့ ပိုက်ဆံရနေတာပေါ့။

Related: Sponsored Content နည်းဖြင့် ပိုက်ဆံရှာခြင်း

ကြော်ငြာဒီဇိုင်းလုပ်ဖို့အတွက် အသုံးအများဆုံး Size က 300 x 250 px ဖြစ်ပါတယ်။ ဒီ size ကတော့ Sidebar မှာ ထည့်ရမှာပေါ့။ တစ်ခုသတိထားရမှာက .. ခေတ်က မတူတော့ဘူး။ အရင်ကလို desktop မှာ ဖတ်ကြတဲ့ခေတ်မဟုတ်တော့ဘူး။ အခုခေတ်က Mobile ခေတ်ဖြစ်တဲ့အတွက် Mobile Responsive ဖြစ်တဲ့ ဒီဇိုင်း သုံးရမယ်။ Blog ဒီဇိုင်းကိုရော Ad ဒီဇိုင်းကိုပါ Mobile အခြေပြုပြီး စဉ်းစားထားဖို့ပါ။

ကြော်ငြာ design ကို photoshop နဲ့ လုပ်လဲရပါတယ်။ အွန်လိုင်းကလုပ်မယ်ဆို www.canva.com က အကောင်းဆုံးပါ။

ဒါဆို ကြော်ငြာထည့်ပြီး ပိုက်ဆံရှာတဲ့အပိုင်း ပြီးသွားပြီ။ နောက်နေ့မှာ ပိုက်ဆံအများဆုံး ရတဲ့ နည်းလမ်းဖြစ်တဲ့ Affiliate Marketing နည်းလမ်းအကြောင်း ရေးပေးပါမယ်။

ကူးယူဖော်ပြသည်

Website Domain ၀ယ်တော့မယ်ဆိုရင်

Website Domain ၀ယ်တော့မယ်ဆိုရင်


 Website တစ်ခုကို တည်ထောင်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ Domain တစ်ခုကိုတော့ ၀ယ်ရမှာ ဖြစ်ပါတယ်၊ ဒီလို ၀ယ်ယူတဲ့နေရာမှာ .com နဲ့ဝယ်ရမလား၊.com.mm နဲ့ဝယ်ရမလားဆိုပြီး လာမေးကြပါတယ်၊
ပြီးတော့ ဒီ ၂ ခုကရောဘာတွေကွာခြားလဲဆိုတာပါ ခန ခန လာမေးကြပါတယ်၊ ဒီတော့ .com နဲ့ .com.mm ဘာကွာလဲဆိုတာကို ပြောပြပေးချင်ပါတယ်၊

.com နဲ့ .com.mm မှာက မတူညီတာတွေကတော့ အများကြီးပါပဲ၊ .com.mm ကို Top Level Domain လို့ သတ်မှတ်ပါတယ်၊ www.brandyou.com.mm , www.work.com.mm , www.ads.com.mm အစရှိတဲ့ Website တွေဟာ Top Level Domain တွေ ဖြစ်ပြီး www.myanmarleader.com , www.aungmonchan.com တို့ဆိုရင် Top Level Domain စာရင်းမဝင်ပါဘူး။
.com ဆိုတာကို Communication, Computer တို့လို့ ထင်ရင် မှားသွားပါမယ်။ သူက Commercial လို့ အဓိပ္ပါယ်ရပါတယ်။ Commercial လို့ဆိုတဲ့ ဆိုဒ်က အကျိုးအမြတ် အတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ .net ကတော့ network and computer ဖြစ်ပြီး နည်းပညာဆိုင်ရာ များကို သီးသန့် Show လုပ်ဖို့အတွက် ရည်ရွယ်ပါတယ်။ .org ကျတော့ Organization ကို ကိုယ်စားပြုပြီး Non Profit Organization တွေအတွက် အသုံးပြုဖို့ ရည်ရွယ်ပါတယ်၊

Domain  အနောက်က .com/ .net/ .org တွေ ပြောင်းပေမယ့် technical အရ ပြောင်းလဲမှု မရှိပါဘူး။ အမေရိကန်မှာဆိုတော့ .com/ .net/ .org တို့ကို Top Level Domain လို့သတ်မှတ်ပါတယ်။ Government site များရဲ့  Top Level Domain ဆိုရင် .gov နဲ့ အများစု ဆုံးကြ ပါတယ်။ သို့သော် UK လိုနိုင်ငံတွေကတော့ .co.uk ဆိုတာနဲ့ ဆုံးမှ Top Level Domain လို့သတ်မှတ်ပါတယ်။ ဂျပန်မှာဆိုရင် .jp , မြန်မာမှာ ဆိုရင် .mm နဲ့ ဆုံးမှ Top Level Domain လို့ သတ်မှတ် ပါတယ်။ ပိုအသေးစိတ် ပြောရင်ရင် Country Top Level Domain လို့ ဆိုလိုခြင်း သဘော ဖြစ်ပါတယ်။ .com ကို Top Level Domain မဖြစ်ဘူးလို့ပြောတာ မဟုတ်ပါဘူး။ နိုင်ငံအလိုက် သူ့ထက် ပိုပြီးတော့ ကြီးတဲ့ တစ်ဆင့် ကျန်နေလို့ဖြစ်ပါတယ်၊ နိုင်ငံတွေအလိုက် Domain ဆုံးတာတွေကို ကြည့်ချင်တယ်ဆိုရင်တော့ Domain List မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်၊

ဒီလိုမျိုး နိုင်ငံ Domain တွေကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းက အမေရိကန်က ဖြစ်ပါတယ်၊ ဒိုမိန်းအမည်တွေကို ကိုယ်ယူချင်သလို၊ ပေးချင်သလိုမဟုတ်ပဲ အားလုံး Standard တစ်ခုတည်း ယူကြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ကိုဆိုရင် .mm နဲ့ ဆုံးဖို့ သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ .mm နဲ့ ဆုံးတဲ့ ဆိုဒ်ကိုဝင်ရင် မြန်မာပြည် Website ဆိုတာ လူတိုင်းသိနိင်ပါတယ်။ .com ဝယ်သင့်လား .com.mm ဝယ်သင့်လား ဆိုတာကတော့ ကိုယ့်ဆိုဒ်က ကမ္ဘာ့ ဈေးကွက်ကို ရည်ရွယ်တယ်၊ မြန်မာပြည် တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုရင် .com နဲ့ပဲ သုံးသင့်ပါတယ်။ မြန်မာပြည်က visitor များကိုပဲ ရည်ရွယ် တယ်ဆိုရင်တော့ .com.mm က ပိုသင့်တော်ပါတယ်။ ဒီတော့ ကမ္ဘာ့ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာပြည် visitor အဓိကထားလာတဲ့ ဆိုဒ်ကို ရွေးချယ်ပြီး ကြော်ငြာ ထည့်မယ်ဆိုရင် .com.mm ကိုပိုပြီးတော့ Prefer ဖြစ်ပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ Top Ranking ကိုစစ်ဆေးပြီး .com က .com.mm ထက် ပိုသာနေရင်တော့ .com ကိုပဲ ရွေးချယ်ပြီး ကြော်ငြာ ထည့်သွား မှာပါ။ ဒီတော့ .com နဲ့ .com.mm ကွဲပြားခြားနားချက်ကို သိပြီလို့ ထင်ပါတယ်၊

Online ကနေ ဝင်ငွေရှာမယ်ဆိုရင်

Online ကနေ ဝင်ငွေရှာမယ်ဆိုရင်


ကျွန်တော့်ကို မိတ်ဆွေတွေက လာလာမေးကြပါတယ်။ Online မှာ ပိုက်ဆံဘယ်လိုရှာမလဲ လို့ မေးကြတယ်။ တစ်ချို့ကလဲ ပိုက်ဆံရှာနည်းလေး ပြောပြပါလို့ တောင်းဆိုတတ်ကြတယ်။ တစ်ချို့ကတော့ Make Money Online ဆိုတာ သဘာဝမကျဘူး၊ နည်းလမ်းအမှန်မဟုတ်ဘူးလို့ ပြောကြပါတယ်။ ကျွန်တော့ရဲ့ အမြင်နဲ့ အတွေ့အကြုံအရ ပြောရရင်တော့ “Online မှာ နည်းမှန်လမ်းမှန် ပိုက်ဆံရှာရင် ရပါတယ်” လို့ပဲ ဖြေချင်ပါတယ်။ ဒါဆို ဘယ်လို ပိုက်ဆံရှာရမလဲ? ကျွန်တော်သိထားတဲ့ နည်းလမ်းအချို့ကို ပြောပြပါမယ်။


Freelancing
Freelance လုပ်ခြင်းဟာ သဘာဝအကျဆုံး အွန်လိုင်းက ပိုက်ဆံရှာနည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု တစ်ခုကို အခြေခံပြီး Project အလိုက် (သို့မဟုတ်) နာရီပိုင်းအလိုက် Freelance လုပ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ဆိုရင် တစ်နေ့ကို ဒေါ်လာ ရာဂဏန်းအထိ Freelance လုပ်ရာကနေ ရရှိနေတာမျိုးတွေ ရှိပါတယ်။ Freelance လုပ်တဲ့နေရာမှာ ကွန်ပျူတာကျွမ်းကျင်မှ၊ Code တွေရေးတတ်မှ အစရှိသဖြင့် သတ်မှတ်ထားတာမျိုး မရှိပါဘူး။ Accountant တစ်ယောက်လည်း လုပ်နိုင်ပါတယ်၊ ဘာသာစကားတစ်ခုခု ပြောတတ်၊ ရေးတတ်တယ်ဆိုလဲ Translator အဖြစ်၊ စကားပြန်အဖြစ် လုပ်နိုင်ပါတယ်၊ Data တွေ ထည့်သွင်းတတ်တယ်ဆိုလဲ Data Import လုပ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ ကျွမ်းကျင်မှုတစ်ခု ရှိဖို့ အဓိကပါ။
နိုင်ငံခြားက Freelance Website တွေမှာ ဝင်ပြီး စမ်းသပ်ကြည့်ချင်တယ်ဆိုရင် www.freelancer.com,www.fiver.com, www.elance.com စသည်တို့မှာ ဝင်စမ်းကြည့်နိုင်ပါတယ်။ ဒီ site တွေမှာတော့ အနည်းဆုံး Paypal သို့မဟုတ် Visa/Mastercard တော့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ website အဖြစ် အောင်အောင်မြင်မြင်မရှိသေးပါဘူး။ နီးစပ်ရာအချင်းချင်း ချိတ်ဆက်လုပ်ကြတာတော့ ရှိပါတယ်။

Blogging
Blog ရေးသားခြင်းနဲ့လဲ အွန်လိုင်းက ပိုက်ဆံရှာလို့ရပါတယ်။ ဆိုပါတော့ ကိုယ့်ရဲ့ blog ဟာ Industry တစ်ခုခုမှာ အောင်မြင်တဲ့ blog ဖြစ်လာပြီး Traffic တွေများလာပြီဆိုရင် အဲဒီ blog ကိုမူတည်ပြီး ဝင်ငွေ ရရှိနိုင်တဲ့ နည်းလမ်းတွေရှိလာပါတယ်။ အဲဒါတွေကတော့
·       ကြော်ငြာများလက်ခံခြင်း
·       Product Review များ၊ Sponsor Content များ ရေးသားပေးခြင်း
·       Affiliate Marketing လို့ခေါ်တဲ့ ကော်မရှင်ရယူပြီး ပစ္စည်းများရောင်းချပေးခြင်း
အစရှိတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ Blog တစ်ခု Traffic များများ ရဖို့ဆိုတာကတော့ SEO တို့ Social Media တို့ Industry ရဲ့ အရွယ်အစားတို့ အစရှိသဖြင့် လိုအပ်ချက်လေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ website တွေကတော့ ဒီအချက်တွေကို ကောင်းစွာလုပ်နိုင်ကြပြီး အောင်မြင်သွားကြတာတွေရှိပါတယ်။ ဥပမာအားဖြင့် ကိုသက်နိုင်စိုးရဲ့www.myanmarmobileapp.com လိုမျိုး site တွေပါ။

Online မှ ဈေးရောင်းခြင်း
Online Shopping တွေကိုလဲ ဝင်ငွေရှာတဲ့ နည်းလမ်းတွေထဲ ထည့်ရမှာပါပဲ။ တခြားနိုင်ငံတွေမှာတော့ Amazon, Ebay, Alibaba အစရှိသဖြင့် website တွေသုံးပြီး ရောင်းဝယ်ကြပေမယ့် ဒီမှာတော့ အများစုက Facebook ကတဆင့် အရောင်းအဝယ်လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းဟာလဲ ကောင်းမွန်တဲ့ အွန်လိုင်းငွေရှာနည်းတစ်နည်းပါပဲ။ တစ်ချို့တွေ ဆေးတွေဘာတွေ ရောင်းတာမျိုးကျတော့ ကျွန်တော် အားမပေးချင်ဘူး၊ ဆေးဝါးဆိုတာက ဘာပဲဖြစ်ဖြစ် တည့်တဲ့သူရှိမယ်၊ မတည့်တဲ့သူရှိမယ်။ မတည့်တဲ့သူကို ရောင်းမိလို့ တစ်စုံတစ်ခုဖြစ်ခဲ့ရင် နှစ်ဦးနှစ်ဘက်မကောင်းဘူးမဟုတ်လား။ တခြား ဖက်ရှင်အစရှိသဖြင့် ပစ္စည်းတွေရောင်းတာကတော့ ကိစ္စမရှိပါဘူး။

Digital Marketing နဲ့ Social Media Marketing Service များ ဆောင်ရွက်ခြင်း
ဒီနည်းလမ်းကတော့ နောက်ဆုံးပေါ်နည်းလမ်းပါ။ Online ပေါ်မှာ Social Network တွေပေါ်မှာ သုံးစွဲသူတွေ များလာတာနဲ့အမျှ Brand တွေအနေနဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Online မှာ ကြော်ငြာဖို့ တစ်နေ့ထက်တစ်နေ့ ပိုလိုအပ်လာပါတယ်။ ဒီအခါ ဒီနည်းပညာတွေကို ကျွမ်းကျင်သူတွေကို ခန့်ထားတာမျိုး၊ Service အပ်နှံတာမျိုးတွေ လုပ်ရပါတယ်။ ဒါကြောင့်လဲ Digital Marketing တွေ Social Media Marketing တွေ ခေတ်စားလာပြီး အလုပ်ဖြစ်လာတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ အထက်ကနည်းလမ်းတွေထက်စာရင် ပညာရပ်နဲ့ ပိုပြီးဆက်နွယ်တယ်လို့ ဆိုရပါလိမ့်မယ်။

မလုပ်သင့်တဲ့ Online ငွေရှာခြင်းနည်းလမ်းများ
Online ကနေ Bitcoin ရှာတာတို့၊ လောင်းကြေးထပ်တာတို့၊ Invest လုပ်တာတို့ အစရှိသဖြင့် မလုပ်တာအကောင်းဆုံးပါ။ အများစုက Scam တွေဖြစ်နေတတ်ပါတယ်။ အားလုံးလို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်မြင်ဖူးသမျှ အဲလိုဟာမျိုးတိုင်းက Scam တွေပါ။ ဒါကြောင့် ဝေးဝေးရှောင်တာ ကောင်းပါတယ်။ PTC လို ကလစ်နှိပ်ပြီး ပိုက်ဆံရတာမျိုး၊ Data Import လုပ်ခိုင်းမယ် ဆိုပြီး ပိုက်ဆံကြိုတောင်းထားတာမျိုးတွေ၊ ကြော်ငြာကြည့်ပြီး ပိုက်ဆံပေးမယ်ဆိုတာမျိုးတွေကလဲ လိမ်ရင်လိမ်၊ မလိမ်ရင်လဲ နာရီပေါင်းများစွာ လုပ်ပါမှ မဖြစ်စလောက် ရတာမျိုးတွေပါ။ အဲဒါမျိုးတွေကိုလဲ မလုပ်ဖြစ်အောင် ရှောင်ကြပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ကျွန်တော်တားနေတဲ့ကြားက ကုမ္ပဏီတစ်ခုမှာ ပိုက်ဆံကြိုပေးပြီး Data သွင်းလိုက်ကြတာ နှစ်လလောက်ကြာတော့ ကုမ္ပဏီလစ်ပြေးသွားလို့ အကုန်ဆုံးပါလေရော။ ဒါကြောင့် အဲဒါမျိုးတွေကိုလဲ သတိထားကြပါ။ MLM ကတော့ သိကြပြီးသားဖြစ်မှာပါ။ တစ်ချို့တစ်လေ နည်းလမ်းကျတဲ့ MLM ရှိနိုင်ပေမယ့် အများစုက အဆုံးအရှုံးကြီးနိုင်တာတွေချည်းပဲမို့ မလုပ်တာအကောင်းဆုံးပါပဲ။

တကယ်တော့ Online ကနေ ငွေရှာတယ်ဆိုတာ မဖြစ်နိုင်တဲ့အလုပ်မဟုတ်ပါဘူး၊ မလုပ်သင့်တဲ့အလုပ်လဲ မဟုတ်ပါဘူး။ Online မှာပဲ တစ်ချို့တွေ အလုပ်လုပ်နေရင်း ဒေါ်လာသောင်းဂဏန်းရှာနိုင်နေကြတာတွေ ရှိပါတယ်။ တစ်ချို့တွေ မီလျံနာ၊ ဘီလျံနာတွေထိ ဖြစ်သွားကြတယ်၊ တစ်ချို့တွေလဲ အောင်မြင်ကျော်ကြားသူတွေဖြစ်လာကြတယ်။ တကယ်ကတော့ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားလုပ်မယ်ဆိုရင် အွန်လိုင်းဈေးကွက်ဟာ တကယ်ကောင်းတဲ့ဈေးကွက်ပါ။ စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်း နေရာစုံကို ပျံ့နှံ့နိုင်တယ်။ အလွယ်တကူဈေးကွက်တင်နိုင်တယ်၊ အိမ်ကနေ အလုပ်လုပ်နိုင်တယ်။ ဒီအချက်တွေဟာ တကယ်ကောင်းပါတယ်။ ကိုယ့်အနေနဲ့ အမှန်အမှား၊ အတုအစစ် ခွဲခြားပြီး လုပ်နိုင်ဖို့သာ လိုအပ်တဲ့အကြောင်း တင်ပြပေးလိုက်ပါတယ်။

အောင်မွန်ချမ်း (Myanmar Leaders)
www.myanmarleaders.com
www.aungmonchan.com

Yllix ကြော်ငြာဆိုဒ်တွင် ငွေရှာနည်း

Yllix ကြော်ငြာဆိုဒ်တွင် ငွေရှာနည်း


Yllix ဆိုတာ Adsense ထက် ပိုပြီး ပိုက်ဆံအပေးကောင်းဆုံးကြော်ငြာဆိုဒ်တစ်ခုလို. ညွန်းလိုက်ရင် မမှားပါဘူး။

Monetize your website traffic with yX Media


Adsense လောက်လည်း apply လုပ်ရတာ မခက်ပါဘူး။ စောင်.စရာလည်းမလိုဘူး။ ချက်ချင်းလုပ် ချက်ချင်းရ။ Adsense က စည်းကမ်းသိပ်ကျဉ်းကြပ်တယ်။ 
မိမိဘလော.ကသာ မြန်မာစာနဲ. ရေးထားရင် ပိုတောင်ဝေးသေး၊ လက်မခံပါဘူး။ ဒါပေမယ်. Yllix ကျတော. ဘယ်ဘာသာစကားနဲ.ပဲ ရေးရေး၊ ဘာအကြောင်းပဲဖြစ်ဖြစ် သူတို.တွေစိတ်မ၀င်စားပါဘူး။ သူတို. စိတ်ဝင်စားတာ တစ်ခုပဲ ရှိပါတယ် အဲဒါကတော. good traffic ဆိုတာပါပဲ သင်.ဘလော.ကသာ လူကြည်.များတဲ. ဘလော.ဆိုရင် သူတို.က လက်ခံပြီးသား။
လိမ်ညာပြောနေတာမဟုတ်ပဘူး။ ဒီက တကယ်ပဲ ရက်အနည်းငယ်အတွင်းမှာ၂၅ ဒေါ်လာထိထုတ်ပြီးသားပါ။ အောက်မှာ သက်သေအထောက်အထားလေးကြည်.နိုင်ပါတယ်။


ဒီလိုအွန်းလိုင်းဝင်ငွေတွေကို မိမိကိုယ်တိုင်ရှာဖို. စိတ်ဝင်စားတယ်ဆိုရင် အောက်က ပုံကို နှိပ်ပြီး register လုပ်လိုက်ပါ။ 
နာမည်နဲ. အီးမေးလ်လေး ထည်.လိုက်ပါ။
မေးလ်အ၀င်သွားစစ်ရန် လိုအပ်ပါတယ်။

မေးလ်ထဲမှာ emilyလာတဲ. မေးလ်တစ်ခုရောက်နေပါတယ်။

အကောင်.အိုင်တီကို အရင်ကူးလိုက်ပါ။ ပြီးရင် Activation link ကို နှိပ်လိုက်ပါ
Paste ချလိုက်ပြီး Activateကို ဆက်နှိပ်လိုက်ပါ။
I full understand ရှေ.မှာ အမှန်ခြစ်ပေးလိုက်ပါ။ Complete Registrationကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။
မိမိလိပ်စာထည်.ပေးလိုက်ပါ။continue နဲ. ဆက်သွားလိုက်ပါ။
ဖုန်းနံပါတ်ထည်.ပေးလိုက်ပါ။ continue နဲ. ဆက်သွားလိုက်ပါ။
paypal ဒါမှ မဟုတ် သင်.အတွက်အဆင်ပြေမယ်. ငွေထုတ်နည်းလမ်းကို ရွေးပေးလိုက်ပါ။
paypalကို ရွေးခဲ.ရင် အကောင်.ရေးပေးခဲ.ပါ။ မရှိရင်လည်း မိမိအီးမေးလ် ရေးထည်.ပေးလိုက်ပါ။ ပြီးတော. မိမိအနည်းဆုံး ထုတ်ချင်တဲ. ငွေပမာနကို ထည်.ပေးလိုက်ပါ။ continue နဲ. ဆက်သွားလိုက်ပါ။
 ပြီးသွားပါပြီ။
 ဒါကတော. register လုပ်ပြီးပြီးချင်း မြင်ရတဲ. စာမျက်နှာပါပဲ။
ခုဆိုရင် ပိုက်ဆံရှာဖို. Yllixထဲက ကြော်ငြာတွေကို  မိမိဘလော.ပေါ်မှာပေါ်အောင် ကုခ်တွေ ယူသွားထည်.ဖို.လိုအပ်ပါတယ်။ ဒါကြောင်. Ad Tags ပေါ်တချက်နှိပ်လိုက်ပါ။
ကြော်ငြာပုံစံ အမျိုးမျိုးရှိပါတယ်။
Banner Ad Tag - ဘင်နာပုံစံကြော်ငြာ။
Slider Ad Tag -  အောက်ကနေ လိမ်.တက်လာတဲ. ကြော်ငြာ။
Popup Ad Tag - ဘလော.ပေါ်တစ်ချက်နှိက်လိုက်တိုင်း ၀င်းဒိုးအသစ်နဲ. တက်လာတဲ. ကြော်ငြာ။
Layer Ad Tag - မြင်ရတဲ. ဘလော.ကို တစိတ်တပိုင်းထိ ကာပြီး တက်လာတဲ. ကြော်ငြာ။
Fullpage Ad Tag - ဘယ်နေရာကိုပဲနှိပ်နှိပ် ကြော်ငြာကို ကျော်ပြီးမှ မိမိကြည်.ချင်ရာကို ကြည်.နိုင်တဲ.ကြော်ငြာ။
မိမိ ကြိုက်နှစ်သက်ရာ ကြော်ငြာပုံစံကို ရွေးပြီး အသုံးပြု နိုင်ပါတယ်။
ကြော်ငြာကုခ်တွေယူပြီး ဘလော.ထဲသွင်းနည်းတွေကျတော. အလားတူတွေပါပဲ။ ဒါကြောင်. Banner Ad Tag တစ်ခုကိုပဲ တင်ပြသွားပါမယ်။

 Banner Ad Tag ကို နှိပ်။
Rating မှာတော. မိမိဘလော.က ၁၈+ လား ဆိုတာမေးပါတယ်။ မှန်အောက်ရွေးပေးလိုက်ပါ။
Format ကျတော. ကြော်ငြာဆိုဒ်လေးပါ။
Get Ad Tag ကို နှိပ်လိုက်ပါ။ ရလာတဲ.ကုခ်တွေကို ညာကလစ်နှိပ်ပြီး ကော်ပီကူးလိုက်ပါ။

 ပြီးရင် ဘလော.ကာထဲသွားပြီး pasteချလိုက်ပြီး saveလိုက်ပါ။
မိမိဘလော.ပေါ် ကြော်ငြာဘယ်လိုပုံစံပေါ်မလဲသိချင်ရင် ဘလော.ထဲက View Blog ကိုနှိပ်ပြီး  သွားကြည်.လိုက်ပါ။
စစချင်းမှာတော. yllix က သင်.ဘလော.ရဲ. traffic ကို များလား နည်းလား စမ်းသပ်ဖို. ရိုးရိုးကြော်ငြာလေးတင်ပေးထားမှာပါ။
တကယ်ဝင်ငွေစရမယ်.အချိန်ကျတော. ရိုးရိုးကြော်ငြာကနေ Premium ads အဖြစ်ပြောင်းသွားတဲ.အခါမှာ ရမှာပါ။ Premium ads ကို မြင်ဖူးချင်ရင် အောက်ကပုံကိုကြည်.လိုက်ပါ။
Premium ads ကို ရဖို. သင်.ဘလော.ကို လူကြည်.များဖို.လိုပါတယ်။ ဒါပေမယ်. ဒီကနည်းလမ်းကောင်းတစ်ခုရှိပါတယ်။ စိတ်မပူပါနဲ.။
google chrome browser ကို ဖွင်.လိုက်ပါ။ အောက်ကလင်.ကို နှိပ်လိုက်ပါ။
https://chrome.google.com/webstore/detail/zenmate/fdcgdnkidjaadafnichfpabhfomcebme?hl=en
ပြီးရင် added to chrome ကို နှိပ်ပြီး install လုပ်လိုက်ပါ။ ပြီးတာနဲ. မိမိအီးမေးလ် နဲ. ကြိုက်ရာစကားဝှက်ထည်.ပေးလိုက်ပါ။

ပြီးတာနဲ. မိမိဘလော.စာမျက်နှာကို သွားကြည်.လိုက်ပါ။
အပေါ်ထိပ်ညာဘက်ထောင်.နားမှာရှိတဲ. zenmate အိုင်ဂွန်ကိုနှိပ်။ ကြိုက်တဲ. နိုင်ငံအလံကိုရွေး။ပြီးတာနဲ. မိမိဘလော.မှာရှိတဲ. လင်.မှန်သမျှကို တစ်ခုချင်းစီ နှိပ်လိုက်ပါ။

နိုင်ငံပြောင်းပြီး တစ်ရက်ကို အကြိမ် ၃၀ လောက်နှိပ်ပေးလိုက်ပါ။ ဒီကတော. အကြိမ် ၅၀ လောက်နဲ.တင် သူတို.Premium adsပြောင်းတင်ပေးလိုက်ပါတယ်။ စမ်းကြည်.လိုက်ပါ။Premium ads ဖြစ်သွားတာနဲ. ၀င်ငွေတွေစမြင်ရပါမယ်။ ၅ ဒေါ်လာ ဒါမှမဟုတ် ၁၀ဒေါ်လာနှင်.အထက်ရပြီဆိုတာနဲ. payment ထဲသွားပြီး ထုတ်လိုက်ရုံပါပဲ။
  ငွေရှာသူတို့ဆုံဆည်းရာ Blog မှကူးယူဖော်ပြသည် <<< Thank's
ဒီဘလော့ကြောင့် သင်တစ်ခုခုရသွားမယ်ဆိုရင် ကျနော်စုစည်းရအရမ်းဝမ်းသာကျေနပ်သလို 
လာလည်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ
ဘေးကကြော်ငြာတွေကို နှိပ်သွားလည်းရပါတယ်ခင်မျာ :D

Sunday, July 23, 2017

Pop Ads မှာ ငွေရှာနည်း

Pop Ads မှာ ငွေရှာနည်း



  • ခုတင်ပေးချင် တာကတော့ Popads မှာ ငွေရှာနည်း ဖြစ်ပါတယ် အမှန် တကယ်ကို ငွေရ ပါတယ်။
  • ဒါပေမဲ့ ကိုယ့်မှာ website or blog တစ်ခုခု ရှိဖို့တော့ လိုပါတယ်။
  • ပထမဦးဆုံး Popads မှာ ငွေရှာဖို့ ဒီနေရာကို နှိပ်လိုက်ပါ window အသစ်ပွင့်လာပါမယ်။
  • ဒါမှမဟုတ် ဒီ Link ကို Copy ယူလိုက်ပါ https://www.popads.net/users/refer/1235801
    Copy ယူပြီး Browser ထဲမှာ ဖွင့်လိုက်ပါ။

ဒါဆိုအောက်ကပုံကို တွေ့ရပါမယ်။



အဲ့ဒီပုံကို တွေ့ပြီ ဆိုရင် မြားထိုးပြ ထားတဲ့ SIGN UP ကိုနှိပ် လိုက်ပါ။

ဒါဆိုအောက်က ပုံတွေ့ရပါမယ်။



  • အဲ့ဒီပုံကို တွေ့ပြီ ဆိုရင်တော့ Username မှာ သင့်ရဲ့ နာမည်ထည့်ပါ။
  • Email နေရာမှာ သင့်ရဲ့ gmail ကိုထည့်ပါ။
  • Account Type မှာ Publisher ကိုရွေးပါ။
  • ပြီးရင် Password နဲ့ Confirm Password ကိုဖြည့်ပေးလိုက်ပါ။
  • ပြီးရင် First Name, Last Name, Phone Number ကိုဖြည့်ပေးပါ။
  • ပြီးရင် I have read and accepted Terms and Conditions ရှေ့မှာ အမှန်ခြစ်ခဲ့ပါ။
  • ပြီးရင်တော့ Register ကိုနှိပ်လိုက်ပါ။
  • Register ကိုနှိပ်ပြီး သွားရင် မိမိတို့ gmail ထဲကို mail တစ်စောင်ပို့ပေး ပါလိမ့်မယ် အဲ့ဒီ mail ထဲ
    သွားပြီး အကောင့်ကို active လုပ်လိုက်ပါ active လုပ်ပြီးရင်www.popads.net ကိုပြန်လာပါ။

ပြန်လာပါ အောက်ပါအတိုင်းတွေ့ရပါမယ်။



အဲ့ဒီမှာ ခုနက မိမိလုပ် ခဲ့တဲ့ Username နဲ့ Password ကိုဖြည့်ပြီး SIGN IN ၀င်လိုက်ပါ ဒါဆိုအောက်
က ပုံအတိုင်း တွေ့ရပါမယ်။



ဒီပုံအတိုင်း တွေ့ပြီ ဆိုရင် ဘယ်ဖက်မှာ ရှိနေတဲ့ New Websites ဆိုတာကိုနှိပ်လိုက်ပါ။

ဒါဆိုအောက်က ပုံအတိုင်း တွေ့ရပါမယ်။



အဲ့ဒီ အတိုင်း တွေ့ပြီ ဆိုရင် Site Name မှာ မိမိ Blog နာမည်ကို ထည့်ပါ နာမည်ပဲ ထည့်ရမှာပါ
ပြီးရင် Site URL မှာ မိမိ Blog လိပ်စာကို ထည့်ပါ ဥပမာ http://your.blogspot.com အဲ့ဒါပြီး ရင်
Descriptions နေရာမှာ မိမိ Blog နဲ့ ဆိုင်တဲ့ အကြောင်းအရာကို ရေးပါ ကွန်တော်က Android a
pk sharing လို့ပဲ ရေးလိုက်ပါတယ်။

ပြီးရင် အောက်ပုံကို တစ်ချက်ကြည့်ပေး



Keywords ဆိုတဲ့ နေရာမှာတော့ မိမိ Blog ကိုရှာတွေ့မဲ့ key လေးကို ရေးပေးပါ။
ဥပမာ မိမိတို့ လုပ်ထားတဲ့ blog က application တွေဝေမျှပေးတဲ့ blog ဆိုရင် Apk Sharing, apk
download, download free apk အစရှိ တာတွေကို လျှောက်ထည့်ပေးလိုက်ပါ။

အနည်းဆုံး ၃ ခုထည့်ပေးရပါတယ်။
ပြီးရင် Category နေရာမှာ မိမိ blog နဲ့ ဆိုင်တာ တစ်ခုခုရွေး ပေးလိုက်ပါ ရွေးတဲ့ အခါမှာ Adult ပါ
တာတွေကို မရွေးပါနဲ့ မဟုတ်ရင် blog မှာ 18+ နဲ့ ဆိုင်တာတွေ ထွက်လာလိမ့်မယ် ဒီလောက်ဆို
သဘောပေါက်ပါတယ်နော်။

ပြီးရင် Allow Campaigns with အောက်က Adult content ဆိုတာကိုလည်း အမှတ် မချစ်ခဲ့ပါနဲ့ ပြီး
ရင် Add Website ဆိုတာကိုနှိပ်လိုက်ပါ။

ပြီးရင် 24 နာရီလောက် စောင့်ခိုင်းပါတယ် အကောင့်ကို Log Out လုပ်လိုက်ပါ Log Out လုပ်နည်း
ကို အောက်မှာကြည့်ပါ။



Log Out လုပ်ဖို့ Session expiry ကနေ Log Out လုပ်နိုင်ပါတယ်
Log Out လုပ်ပြီးသွားလို့ 24 နာရီပြည့်ပြီ ဆိုရင် popads ကို SIGN IN ၀င်လိုက်ပါ

ပြီးရင် အောက်ကပုံကို ကြည့်ပေး



SIGN IN ၀င်ပြီဆိုရင် ဒီပုံ အတိုင်းပဲ တွေ့ ရမှာပါ အဲ့ဒီမှာ ဘယ်ဖက်က Publisher's Panel အောက်
က Website ဆိုတာကို နှိပ်လိုက်ပါ ဒါဆိုအောက်က ပုံကို တွေ့ရပါမယ်။



ဒီပုံစံလေး အတိုင်း Status အောက်မှာ Approved ဖြစ်သွားပြီ ဆိုရင် ရပါပြီ approved ဖြစ်ပြီဆိုရင်
ဘယ်ဖက်က Publisher's Panel အောက်က Code Generator လေးကိုနှိပ်လိုက်ပါ ဒါဆိုအောက်
ကအတိုင်း Code တွေကိုတွေ့ရပါမယ်။



Code တွေကို အစိမ်းရောင်နဲ့ ဘောင်ခတ် ပြထားပါတယ် အဲ့ဒီထဲက Code တွေကို Copy ယူလိုက်ပါ
ပြီးရင် Blogger ကို Sign in ၀င် Dashboard ကနေ Lay Out ထဲသွား ပြီးရင် Add a gadget ကိုနှိပ်
ပြီးရင် Html / Java Script ထဲမှာ Paste လုပ်ပြီး ထည့်ထား လိုက်ပါ ပြီးရင် Save လိုက်တော့ ဒါဆိုရ
ပါပြီ။

ပြီးရင် မိမိတို့ရဲ့ blog ကို ဖွင့်ကြည့် လိုက်ပါ blog မှာဘာကြော်ငြာ တစ်ခုမှ တွေ့ရမှာ မဟုတ်ပါဘူး
ဒါပေမဲ့ မိမိတို့ရဲ့ blog တစ်နေရာ ရာကို တစ်ချက် ကလစ်မိပြီ ဆိုရင် Browser မှာ window အသစ်
တစ်ခု ပွင့်လာပြီး ကြော်ငြာကို ပြပေးပါတယ် ဒါပါပဲ။ ဒီလိုနည်းနဲ့ပဲ popads ကအလုပ်လုပ်ပါတယ်။

ကိုယ့်မှာ $5 ပြည့်လို ငွေထုတ်မယ် ဆိုရင် အောက်က ပုံကို အရင်ကြည့်ပါ။



ဘယ်ဖက်မှာ ရှိနေတဲ့ Account Manager အောက်က Billing ဆိုတာကို နှိပ်လိုက်ပါ ဒါဆို အောက်
က ပုံအတိုင်း တွေ့ ရပါမယ်။



ဒီပုံ အတိုင်း တွေ့ရပါမယ် Amoumt ဆိုတဲ့ နေရာမှာ $5 ထုတ်မယ် ဆိုရင် 5 လို့ ဖြည့်ပါ $6 ထုတ်
မယ်ဆိုရင် 6 လိုရေးပါ။

Type ဆိုတဲ့ နေရာမှာတော့ Paypal နဲ့ ထုတ်မယ် ဆိုရင် paypal ကိုရွေးပါ။ ပြီးရင် အဲ့ဒီအောက်မှာ
မိမိတို့ paypal အကောင့် လုပ်ထားတဲ့ gmail ကို ထည့်ပေး လိုက်ပါ။ ပြီးရင် Withdraw ကိုနှိပ်
လိုက်ရင် ရပါပြီ

တစ်ခုတော့ ပြောချင် ပါတယ် ငွေထုတ်တဲ့ အခါ မိမိတို့ရဲ့ gmail ထဲကို mail တစ်စောင်ပို့ပေးပါတယ်
အဲ့ mail ထဲမှာပါတဲ့ link တွေ ကိုတော့ သွားမဖွင့် လိုက်ပါနဲ့ ငွေထုတ်တာ ပျက်သွားမှာ စိုးလို့ပါ။

ပထမ တစ်ခါ ငွေထုတ်ရင် 28 နာရီလောက် စောင့်ရ ပါတယ် ပြီးမှ paypal ထဲကို လွဲပေးပါတယ်။
ဒုတိယ တစ်ခါ ထုတ်တုန်း ကတော့ 4 နာရီပဲ စောင့်လိုက် ရပါတယ်။ တစ်ခါနဲ့ တစ်ခါ တူချင်မှ တူ
ပါလိမ့်မယ်။

အားလုံးပဲ အဆင်ပြေပါစေ။