Wednesday, June 7, 2017

Egopay အွန်လိုင်းဘဏ်အကောင့် လုပ်ရအောင်

Egopay အွန်လိုင်းဘဏ်အကောင့် လုပ်ရအောင်

EgoPay ဆိုတာကလည်း PayPal, Payza တို့လို အွန်လိုင်း Payment system တစ်ခုပါပဲ။ သူရဲ့ အဓိက ထူးခြားချက်ကတော့ မြန်မာကနေ အိုင်ပီလိပ်စာ ချိန်းစရာမလိုဘဲ အဆင်ပြေပြေနဲ့ အသုံးပြုလို့ ရပါတယ်။ 
PTC ဆိုဒ်တွေမှာလည်း EgoPay ကို အခုနောက်ပိုင်းမှာ ထည့်သွင်းပြီး အသုံးပြုလာကြပါပြီ။

သူ့ကို အသုံးပြုမယ်ဆိုရင် သူ့ကို Credit card, Debit card တွေ ချိတ်ပေးပြီး Verify လုပ်ပေးဖို့ မလိုပါဘူး။ Card တွေကိုလည်း ချိတ်ပေးလို့ မရပါဘူး။ အဲဒါကြောင့် သူ့ကို ငွေထည့်မယ်ဆိုရင် Card တွေကနေ ငွေထည့်တာ ငွေထုတ်တာကို လုပ်လို့ မရပါဘူး။ သူ့ကိုငွေထည့်တာ၊ ငွေထုတ်တာကို လုပ်ဖို့အတွက်ဆိုရင် Payza, OkPay တစ်ခုခုကနေ ငွေသွင်း၊ ငွေထုတ် လုပ်ရပါမယ်။

တကယ်လို့ Payza အကောင့်မရှိလို့ ငွေသွင်းငွေထုတ်လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်အီးမေးလိပ်စာ naingaungsoe128@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။

EgoPay အကောင့်လုပ်ဖို့အတွက် ဒီလင့်ကို သွားလိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Create EgoPay Account ဆိုတာကို နှိပ်လိုက်ပါ။


EgoPay မှာ အကောင့်နှစ်မျိုးရှိပါတယ်။ Personal နဲ့ Business အကောင့်တွေဖြစ်ပါတယ်။ Business ဆိုရင် ငွေသွင်းငွေထုတ်မှာ ပေးဆောင်ရတဲ့ fee ပိုပြီး များပါတယ်။ ကျွန်တော်ကတော့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Personal အကောင့်ကိုပဲ ရွေးလိုက်ပါတယ်။

Email: EgoPay မှာ အသုံးပြုမယ့် အီးမေးလိပ်စာကို ထည့်ပေးပါ။

Password: EgoPay မှာ အသုံးပြုမယ့် Password ကို ထည့်ပေးလိုက်ပါ။ Password ကို စာလုံးအကြီးအသေး၊ သင်္ကကေတေ၊ ဂဏန်းတွေပါ ရောထည့်ပေးပါ။

Confirm Password: အပေါ်မှာ ထည့်ပေးခဲ့တဲ့ Password ကို ပြန်ထည့်ပေးလိုက်ပါ။

PIN code: PIN ကုဒ် (၅)လုံးကို ရိုက်ထည့်ပေးပါ။ မှတ်မိဖို့ လိုပါတယ်။ အကောင့်ကို ၀င်တိုင်း PIN code ကို တောင်းမှာ ဖြစ်ပါတယ်။

Confirm PIN code: အပေါ်မှာ ထည့်ပေးခဲ့တဲ့ PIN code ကို ပြန်ရိုက်ထည့်ပေးပါ။

Choose security color: ကိုယ့်အကောင့်လုံခြုံရေးအတွက် အရောင်တစ်ခုကို ရွေးချယ်ပေးပါ။ မှတ်မိဖို့ လိုပါတယ်။

Please type the words shown: ဘေးကအကွက်ထဲမှာ ပြထားတာတွေကို ပြန်ရိုက်ထည့်ပေးပါ။

Yes, I have read.... : ဘေးမှာ Check box မှာ ကလစ်ပြီးတော့ အမှန်ခြစ်ပေးပါ။

နိုင်ငံကိုတော့ ကိုယ်အဆင်ပြေတဲ့နိုင်ငံကို ရွေးချယ်ပေးလိုက်ပါ။

ပြီးရင် Sign Up ကို နှိပ်ပေးပါ။


အဲဒါပြီးရင် အကောင့်လုပ်လို့ ပြီးသွားပြီးဆိုတဲ့ စာတန်းတက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့အီးမေးလိပ်စာကို မှန်ကန်ကြောင်း ပြဖို့လိုပါသေးတယ်။


ကိုယ့်ရဲ့ အီးမေးထဲကို ၀င်လိုက်ပါ။ EgoPay ကနေပို့ထားတဲ့ အီးမေးကို ဖွင့်လိုက်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း လင့်ကို နှိပ်လိုက်ပါ။


အဲဒါဆိုရင် ကိုယ်ရဲ့အကောင့်ကို Activate လုပ်ပြီးပြီးဆိုတဲ့ စာတန်းတက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့အကောင့်ကို Login ၀င်လို့ ရပါပြီ။ Email နဲ့ Password ကို ရိုက်ပြီး Next ကို နှိပ်လိုက်ပါ။


ပြီးရင် ကိုယ်ရဲ့ PIN code ကို ရိုက်ထည့်ပေးပြီး Sign In ကို နှိပ်လိုက်ပါ။


ပြီးရင် အပေါ်က ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ရဲ အချက်အလက်တွေကို ထည့်ပေးဖို့ လိုပါသေးတယ်။

Security question: လုံခြုံရေးမေးခွန်းကို ကိုယ်တိုင်ပဲ ရိုက်ထည့်ပေးပါ။

Security answer: လုံခြုံရေးမေးခွန်းရဲ့ အဖြေကိုလဲ ကိုယ်တိုင်ပဲရိုက်ထည့်ပေးပါ။ သေချာတော့ မှတ်ထားလိုက်ပါ။ ကိုယ့်အကောင့်ရဲ့ ပက်ဝက်ကို မေ့သွားတယ်ဆိုရင် အဲဒီအဖြေကို သိမှ Password reset လုပ်လို့ ရပါလိမ့်မယ်။

First Name: ကိုယ့်နာမည်ကို နောက်ဆုံးတစ်လုံးချန်ပြီး ဖြည့်လိုက်ပါ။

Last Name: ကိုယ့်နာမည် နောက်ဆုံးတစ်လုံးကို ဖြည့်လိုက်ပါ။

Address: ကိုယ့်ရဲ့လိပ်စာကို ထည့်ပေးပါ။

Country: ကိုယ့်နိုင်ငံကို ထည့်ပေးပါ။

City: မြို့နာမည်ကို ထည့်ပေးပါ။

State: တိုင်း၊ ပြည်နယ်ကို ဖြည့်ပေးပါ။

Phone: ဖုန်းနံပါတ်ကို ဖြည့်ပေးပါ။

ပြီးရင်တော့ ကျန်တဲ့အချက်အလက်တွေကိုတော့ သူ့အတိုင်းထားပြီး Save ကို နှိပ်လိုက်ပါ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ EgoPay အကောင့်ကို Register လုပ်ပြီးသွားပါပြီ။


EgoPay ကတော့ အကောင့်လုပ်ပြီးတာနဲ့ Verify လုပ်စရာမလိုဘဲ ချက်ချင်းအသုံးပြုလို့ ရပါတယ်။ EgoPay အကောင့်ကို ငွေဖြည့်မယ်ဆိုရင် Payza, Okpay တို့ကနေပဲ ငွေဖြည့်ဖို့အတွက် ပိုပြီး အဆင်ပြေပါတယ်။ သူတို့ရဲ့ ငွေဖြည့်ရင် ပေးဆောင်ရမယ့် Fee နဲ့ ကြာမယ့်ရက်ကို ကြည့်နိုင်ပါတယ်။

EogPay ကို လက်ခံတဲ့ PTC ဆိုဒ်တွေမှာ Egopay အကောင့်လုပ်ခဲ့တဲ့ အီးမေးလိပ်စာကို ထည့်ပေးထားပြီး EgoPay အကောင့်ကို Verify လုပ်စရာမလိုဘဲ ငွေကို အဆင်ပြေပြေနဲ့ ထုတ်လို့၊ သွင်းလို့ ရပါပြီ။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

No comments:

Post a Comment