ထန်းတောထဲသရဲကြီး ၁
✌
✌
✌
✌
✌
✌
✌
`ဦးညိုကြီးအသတ်ခံရပြီဗျို့ ဦးညိုကြီး ထန်းတောထဲကသူ့တဲထဲမှာ အသတ်ခံရပြီး သေနေပြီဗျို့´
မနက်စောစောစီးစီးကြားရတဲ့သတင်းကတော့
အ မင်္ဂလာသတင်းပါပဲဗျာ။ မနက်စောစောကြွက်ထောင်က
ပြန်လာတဲ့ ဖိုးတာတီး က ရွာထဲကိုပြေးလာပြီး ရွာထဲကလူတွေကိုအော်ကာသတင်းပေးနေခြင်းဖြစ်သည်။ ဖိုးတာတီးက
ရွာလူကြီးအိမ်ကိုဆက်ပြေးလေသည်။ `ဗျို့ ဥက္ကဌ. ဥက္ကဌ
ရွာထိပ်က ထန်းတောထဲမှာနေတဲ့ ဦးညိုကြီး အသတ်ခံရလို့
သေနေပြီဗျ´။ ဥက္ကဌ ဦးသာရ အံ့သြသွားလေသည်။ `ဟေ
တာတီး ဟုတ်ကောဟုတ်ရဲ့လားကွာ ´ `ဟာ------------ဥက္ကဌကလည်း သေချာတယ်ဗျ။ ဦးညိုကြီးရဲ့ ပါးစပ်မှာ ဓားနဲ့ခုတ်ထားတဲ့ဒဏ်ရာ၊ပြီးတော့လည်ပင်းမှာလည်း
ဓားနဲ့ရစ်လှီးထားတဲ့ဒဏ်ရာ၊ ပြီးတော့နှလုံးနေရာတရဲည့်တည့်မှာလည်း စကေဘာနဲ့ထိုးထားတဲ့ဒဏ်ရာတွေနဲ့ သေနေတာ
ကျုပ်ကိုတိုက်တွေ့ခဲ့တာဗျ။´ ထိုစဉ် ဥက္ကဌကတော် ဒေါ်ချစ်စု က`ဒီလိုဆို တော်ဘာဆက်လုပ်မလဲကိုသာရ´ `ဘာဆက်လုပ်ရ်လဲကွာ ဒါရဲကိုအကြောင်းကြားရမှာပေါ့က။ွဖုန်းပေးစမ်း´
ရဲတွေရောက်လာပြီ။စစ်ဆေးစရာရှိတာတွေစစ်ဆေးပြီး အလောင်းကိုဆေးရုံသို့သယ်သွားလေသည်။ ထန်းတောမှာရွာထပ်တွင်ရှိနေပြီ ၆ဧကလောက်ကျယ်ဝန်းသော
ထန်းတောကြီးဖြစ်သည်။ ဦးညိုပိုင်ဆိုင်သောထန်းတောကြီး။
ဦးညိုက ထန်းတောထဲတွင်တဲထိုးနေပြီ ကြက်များမွေးထားသည်။ ကြက်ကောင်ရေ ၁၅၀ ခန့်မျှရှိသည်။
ဦးညိုကဆွေမျိုးမရှိပေ။ဦးညိုကိုသဂြိုလ်တော့ သူပိုင်ဆိုင်သောထန်းတောကို ရွာက စောင့်ရှောက်ထားမည်ဆိုတဲ့အကြောင်း သူနဲ့ထန်းတောမဆိုင်တော့တဲ့အကြောင်း
သွားလိုရာကိုလွတ်လွတ်လပ်လပ်သွားနိုင်ကြောင်း
ရွာဥက္ကဌက ပြောကြားလေသည်။ ထိုအချိန် ဒေါသတွေ
ဖုံးလွှမ်းနေသောမျက်လုံးဖြင့် ကြည့်နေသော မျက်ဝန်း
တစုံကို မည်သူမျှသတိထားမိမည်မဟုတ်ပါလော။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီနေ့ကတော့ ဦးညို ဆုံးလို့ ၇ ရက်ပြည့်တဲ့နေ့ဖြစ်လို့ သူ့ထန်းတောထဲကတဲမှာ ရွာကလူတွေက သူ့အတွက်ဆွမ်းသွတ်ပေးခြင်းဖြစ်သည်။ ညနေရောက်တော့ ရွာက ကာလသားတွေ
က `ကဲ ညီနောင်တို့ ဒီနေ့ညက ဖဲဝိုင်းနောက်ဆုံးညနော်၊
မိုးလင်းထိဝိုင်းဖြစ်မှာဗျ၊ ကဲဝိုင်းစလိုက်ကြစို့´ ဖဲဝိုင်းစတင်လေသည်။ ရုတ်တရက် ခွေးများအူနေပြီ။ `ဟ ဘာတုန်းဟ
သရဲခြောက်တာများလား ´ `အေးကွ ဦးညိုကြီးလာတာလား
မသိဘူး´ ကာလသားတွေတယောက်တပေါက်ပြောစဉ်
`ဂျိမ်း------´မိုးချုန်းသံကြီးကြားရလေသည်။ ခွေးတွေကလည်း
အရမ်းအူနေပြီမဟုတ်လား။ `၀ူး---------အူး-----------၀ုတ် ၀ုတ်´
ထန်းရွက်တွေများလည်း လေတိုက်ခတ်မှူကြောင့် တချောချာ
မြည်နေသည်။သေချာသည်က ဦးညိုကြီး တဲရှေ့မှာ မတ်တတ်ရပ်နေသည်မဟုတ်ပါလော။ ဥက္ကဌဦးသာရနဲ့ ရပ်မိရပ်ဖတွေလည်းကြောက်နေကြပြီဖြစ်သည်။ အညှီနံ့တွေအပုတ်တွေနံစော်လာသည်။ငှက်ဆိုး တွေလည်းအော်လာသည်။
ဦးသာရက ဖဲကစားနေသည့် ဖိုးတုပ်ကိုလှမ်းပြောလိုက်သည်။ `ဟေ့ကောင်ဖိုးတုတ် မင်းက ရွာပေါင်းစုံ အပြေးပြိုင်ပွဲမှာ ပထမရထားတာပဲ။ မင်း အဲဒီသရဲကို မြှားခေါ်သွား
ရွာသူရွာသားတွေကိုလည်းကယ်တင်ရာရောက်တယ်။´
`ဟာ ရွာလူကြီး ကျုပ်ကြောက်တယ်ဗျ မသွားရဲဘူး သရဲက
ကျုပ်ကိုသတ်လိုက်ရင်ဘယ်လိုလုပ်မလဲ´ `ဒါတော့မပူနဲ့မောင်ဖိုးတုပ် ရော့ ဒီဆွဲကြိုးနဲ့ ဟောဒီ ဦးညို ရဲ့ပုဆိုးကိုယူသွား
မင်းနောက်ကိုသရဲဦးညိုကြီးလိုက်လာလိမ့်မယ်။ မင်းရွာလယ်ကဘုန်းကြီးကျောင်းကိုရောက်အောင်သာပြေး။ ဘုန်းကြီးကျောင်းရောက်တာနဲ့ ဟောဒီပုဆိုး ဆရာတော်ကိုပေးလိုက်
ဆွဲကြိုးကိုမင်းယူထား၊ဒီဆွဲကြိုးက ရှမ်းပြည်ကအထက်လမ်းဆရာကြီးလာတုန်းက မိစ္ဆာနိုင်အစွမ်းတွေနဲ့ပြည့်ဝနေတဲ့
ဆွဲကြိုးပဲ´အဘပု ဆိုသူက. ဖိုးတုပ်ကို ဆွဲကြိုးနဲ့ သွေးစွန်းနေသည့် ပုဆိုးကိုပေးလိုက်သည်။ ဖိုးတုပ် ဇောချွေးတွေပြန်နေပါပြီ။ ကြောက်ကြောက်လန့်လန့်ဖြစ်နေသောဖိုးတုပ် အားတင်းပြီးသတ္တိမွေးကာ ပုဆိုးနဲ့ဆွဲကြိုးယူပြီး တအားကုန်
ပြေးပါတော့သည်။ ဦးညိုက ဖိုးတုပ်ပြေးသည်ကိုမြင်သည်နှင့်
ခွေးနက်ကြီးများနဲ့အတူ ဖိုးတုပ်နောက်သို့လိုက်ပါတော့သည်။
`အမလေးကယ်ကြပါဗျို့ ကျုပ်နောက်ကသရဲကြီးနဲ့ခွေးနက်ကြီးတွေလိုက်နေပြီဗျ´ တဲထဲကလူတွေကလည်း ဖိုးတုပ်ကို
ကြည့်နေကြသည်။ `ပြေးဖိုးတုပ်ရေ ပြေးကွ ဆရာတော်ကိုသာဒီရောက်အောင်ပင့်ခဲ့တော့´ အစွယ်ကြီးတွေထွက်နေသောဦးညိုကြီးက လက်သည်းအရှည်ကြီးတွေရှိသောလက်နဲ့ ဖိုးတုပ်ကိုလှမ်းဖမ်းလိုက်ပါသည်။ ဖိုးတုပ်ကိုမမိပါ။ ဖိုးတုပ်နဲ့သရဲဦးညို တို့သိပ်မဝေးပါ လက်တကမ်း
လောက်သာဝေးပါတော့သည်။ဖိုးတုပ်ကလည်း တအားကုန်ပြေးနေသည်။

ညဖြစ်နေသော်လည်း လမ်းဘေးမီးတိုင်များရှိနေ၍ အလင်းရောင်ရသည်။ ဘုန်းတော်ကြီးကျောင်းသို့ရောက်ခါနီး
လှမ်းမြင်လိုက်ရသည်က ကိုရင်လေးတပါး ကျောင်းပေါ်တက်သွားသည်။ ကျောင်းတံခါးဝသို့ရောက်သောအခါ ဖိုးတုပ်က
ကျောင်းဝန်းထဲသိုပြေးဝင်သွားသည်။ ဦးညိုကြီးကတော့
ကျောင်းပေါက်ဝတွင် တရှူးရှူးတရှဲရှဲ နဲ့ဒေါသတွေဖြစ်ကာ
ကျန်နေခဲ့တော့သည်။ `ကိုရင်လေးဘုရား ကိုရင်လေးဘုရား
ဘုန်းကြီးနဲ့တွေ့ချင်လို့ပါဘုရား တပည့်တော်တို့ဒုက္ခရေနာက်နေပါပြီဘုရား´ ဘုန်းကြီးက ဖိုးတုပ်အော်သံကြားတော့
ကျောင်းအောက်ဆင်းလာလေသည်။ `တကာလေး ဘာဖြစ်လာလို့တုန်းကွဲ့´ `မှန်ပါဘုရား သရဲဦးညိုဒုက္ခလာပေးနေလို့ပါဘုရား´ `အေးကွယ် ကဲဒကာလေးကျောင်းပေါ်တက်´
`မှန်လှပါ အဘပုက ဆရာတော်ကို ဒီပုဆိုးလေး ပေးလိုက်ပါဆိုလို့ပါဘုရား´ ဆရာတော်က ပုဆိုးကိုကြည့်လိုက်တော့
သွေးစွန်းနေသည်ကိုတွေ့မြင်သောအခါ `ကိုရင် ဘုန်ကြီး
လွယ်အိပ်ယူခဲ့စမ်း´ ကိုရင်လေးက ဆရာတော်ဘုရား၏လွယ်အိပ်ကိုယူလာကာ ဆရာတော်ကိုပေးလိုက်သည်။ `ကဲဒကာဖိုးတုပ် ရော့ ဒီဆေးလုံးကိုငုံထား လာထန်းတောသွားကြမယ်။´ ဆရာတော်နဲ့ဖိုးတုပ်တို့ထန်းတောသို့လာကြသည်။ ဦးညိုကြီးက ကျောင်းဝိုင်အပြင်၌
ဖိုးတုပ်ကိုစောင့်နေသည်။ ဖိုးတုပ်နဲ့ဆရာတော် ကျောင်းဝိုင်းကထဲထွက်လာတော့ ဖိုးတုပ်ကို လက်ဝါးကြီးနဲ့ လှမ်းဖမ်းလိုက်သည်။ ဖမ်း၍မရ ။ ဦးညိုလက် ဓာတ်လိုက်သလိုခံစားသွားရသည်။ ဦးညိုက ဇွဲမလျော့ပေ ဖိုးတုပ်နောက်ကို လိုက်နေသည်။ အန္တရာယ်တော့ပြု၍မရပေ။
ထန်းတောရောက်သောအခါ ဆရာတော်ကြွလာ၍ အားလုံးက ကန်တော့ကြသည်။ ဦးသာရ က အကြောင်းစုံ
လျှောက်ထားတော့မှ ဆရာတော်က. `ဟဲ့ သရဲငညို နင်ဘာကြောင့်လူတွေလာနှောက်ယှက်နေတာလဲ ပြောစမ်း´
ထိုအခါ ဦးညိုက မီးခိုးအသွင်ပြောင်းပြီး တာတီးကိုယ်ထဲကို
ဝင်ပူးပါတော့တယ်။ `ဟေ့ကောင် ဖိုးတုပ် မင်းကိုသတ်မယ်
မင်းကိုငါသတ်မယ် ´ ဆရာတော်က `ဟဲ့ ငညို ဘာကြောင့်နင်ဖိုးတုပ်ကိုသတ်ချင်ရတာလဲ´ ဖိုးတုပ်မှာကြောက်နေသည်။
တဆပ်ဆပ်နဲ့လည်းတုန်နေသည်။ ထပြန်မည်ဟန်ပြင်လိုက်သောအခါ။ ဦးညိုဝင်ပူးနေသော ဖိုးတာတီး က`ဟေ့ကောင်
မင်းမပြေးနဲ့ မင်းကိုငါသတ်မယ် မင်းငါ့ကိုသတ်တယ်´
ဟူသောအသံနက်ကြီးဖြင့်ပြောလေသည်။ ဖိုးတုပ်အလွန်
တုန်လှူပ်သွားသည်။ ဆရာတော်က `ကဲ ငညို မင်းပြောချင်တာကိုသာပြော ငါတို့နားထောင်နေတယ်´ ဦးညိုဝင်ပူးနေသောတာတီးက `ဟိုကောင်ဖိုးတုပ် င်ါမွေးထားတဲ့
တိုက်ကြက်ဖ ကို င်ါမသေခင် ညကလာခိုးတယ်။ ငါက လေးခွနဲ့ပစ်တော့ သူကငါ့ကို ဓားနဲ့ခုတ် စကေဘာနဲ့ထိုးသတ်တယ် ဒီတခါ ဖိုးတုပ် မင်းအလှည့်ရောက်ပြီ´
ဆရာတော်က `ဟဲ့ သရဲ တိတ်စမ်း ဒါတရားဥပဒေအရ အရေးယူရမယ့်ကိစ္စ နင်နဲ့ဘာမှမဆိုင်ဘူး´ `ဂတုံး စကားပြောရင်
ဆင်ဆင်ခြင်ခြင်ပြောစမ်း ငါ့ကိုသတ်တဲ့ကောင်ကို ငါအရှင်မထားဘူး´ အားလုံးက ဖိုးတုပ်ကို မေးမြန်းကြလေပြီ။
ဖိုးတုပ်ကလည်းသူသတ်ခဲ့ကြောင်း ၀န်ခံလေသည်။
အဲဒီနောက် ညတွင်းချင်းရဲတွေခေါ်ပြီး ဖိုးတုပ်ကို ဖမ်းသွားလေသည်။ ဦးညိုကလည်း ၀င်ပူးရာထွက်သွားလေသည်။
ဝင်ပူးခံရသော တာတီးမှာ မေ့သွားနေတော့သည်။
အဲဒီနောက်မှာတော့ ညတွင်းချင်းပဲ ဦးညိုအတွက်
ကုသိုလ်လုပ်ဖို့ အဘပုက.ိဆရာတော်ကို လျှောက်ထားလိုက်သည်။ ဆရာတော်ကလည်း တရားဟော
ရွာသားတွေကလည်း အလှူငွေလှူ ရေစက်ချ ပြီး
ဦးညိုကို အမျှပေးဝေလိုက်သည်။ ဦးညိုလည်း သာဓု ခေါ်ကာ
ကောင်းရာသုကတိရောက်သွားလေသည်။

ကြိုးစားလျက်
ပျားကောင်(ပျဉ်းမနား)
ပျားကောင်(ပျဉ်းမနား)
No comments:
Post a Comment