Monday, June 5, 2017

\အမှားတစ်ခုဧ။် နောက်ကွယ်\ {စဆုံး\} (ညမှဖတ်ရ)


Jpc Moe ၏ ဓာတ်ပုံ
\အမှားတစ်ခုဧ။်
နောက်ကွယ်\
{စဆုံး\}
(ညမှဖတ်ရ)
ဝူး ဝူး ဝူး ဝူး အူး ဟူး။
ညဥ့်နက်သန်းကောင် ဆွဲငင်စွာအူလိုက်သော ခွေးအူသံကြီးက
တိတ်ဆိတ်နေတဲ့အမှောင်ထုကို ဖြိုခွင်းသွားပြီး ညတစ်ညကို
အသက်သွင်းလိုက်သည်မှာ အမှန်ပင်ဖြစ်သည်။
ကိုအောင်မြင့်ရှင်မြန်မြန်ပြန်လာနော် သာလေးကသိပ်ပြီးတော့နေ
ကောင်းသေးတာမဟုတ်ဘူး အေးပါလှရီရာ ငါကိစ္စပြီးတာနဲ့ 
ပြန်လာပါမယ် အင်းအင်း ဒါဆိုလည်းအချိန်ရှိတုန်းသွားဦးရှင့်
အေအေသွားပြီမိန်းမရေ သားလေးကိုဂရုစိုက်နော် စိတ်ချပါရှင့်
အောင်မြင့်တစ်ယောက်ဟိုဘက်ရွာသို့ အလုပ်ကိစ္စနှင့် ထွက်ခွါ
သွားတော့သည်အောင်မြင့်ကနွားသက်သမားတစ်ယောက်ဖြစ်
သည် ဟိုဘက်ရွာရှိသူကြီးအိမ်တွင် နွားပေါ်ပေးရန်သွားချင်းသာ
ဖြစ်ဧ။်
အောင်မြင့်တို့ ရွာလေးသည် အိမ်ခြေငါးဆယ်ကျော်ခြောက်ဆယ်
လောက်ဖြင့်ဖွဲ့ စည်းထားပြီး ခြေတန်ရှည်အိမ်လေးများဖြစ်ကျ
သည့်အလျောက် တစ်အိမ်နှင့်တစ်အိမ် ပူးကပ်ဆောက်ထားချင်း
မျိုးမဟုတ်ဘဲ အတော်အတန်ဝေးကွာလှသည်
ရွာဧ။်တောင်ဘက်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ရွာဧ။်
မြောက်ဘက်တွင်မူလူအများသေဆုံးသွာသောအခါ မြုံ့ နှံကျ
သောသင်္ချိုင်းကုန်းသာဖြစ်လေဧ။်
ထိုရွာလေးမှတစ်ချားရွာကိုသွားလျှင် ရွာမြောက်ဘက်ရှိ သင်္ချိုင်း
ကုန်းဘေးမှ ငါးပေပါတ်လည်ရှိလမ်းကျည်းလေးမှသွားရသည်
ထိုမှာသာလျှင်လိုရာခရီးကိုရောက်ရှိ့ နိုင်မည်ဖြစ်ပေရာ
တစ်ဘက်ရွာသို့ သွားလျှင်ထိုလမ်းကိုသာအသုံးပြုကျတော့သည်
×
×
သူကြီး သူကြီး ကျုပ်ရောက်ပြီဗျ ဟောအေအေအောင်မြင့်လာကွ
ရေနွေးကြမ်းသောက်ခနနားပါဦး မနားတော့ဘူးသူကြီးကျုပ်သား
လေးကနေကောင်းသေးတာမဟုတ်ဘူးဗျ ကိစ္စပြီးတာနဲ့ ပြန်မှာ
ဟောအေအေဒါဆိုလည်းလာကွာ
အောင်မြင့်လည်းသူကြီးနောက်ကိုလိုက်ပါသွားပြီးဟေအောင်မြင့်
ဒီနွားဘဲကွ ဟုတ်ဟုတ်ကောင်းပြီသူကြီးဟု ပြောပြောဆိုဆိုနှင့်
နွားညိုကြီးဧ။် ဦးခေါင်းတည့်တည့်ကို ဆယ်ပေါင်တူးကြီးဖြင့်
ထက်ဆင့်ထုချလိုက်ရာ နွားညိုကြီးမှာသေမှန်းမသိအက်သက်
ပြောက်သွားတော့သည်
ထိုနောက်လုပ်စရာတွေ အကုန်လုပ်လိုက်ပြီးလက်စသတ်လိုက်
တော့သည် သူကြီးရေသူကြီးပြီးပြီဗျ အော်အေအေအောင်မြင့်
ရော့ရော့မင်းလုပ်အားခ ဟုတ်ဟုတ်သူကြီးဒါဆိုကျုပ်ပြန်တော့
မယ်ဗျအော်နေဦးရော့အောင်မြင့် ဒါမင်းအတွတ်ဟင်းစားကွ
သူကြီးကအောင်မြင့်အား အကောင်းဆုံးသောအသားတွဲတစ်တွဲ
ကိုအောင်မြင့်အားပေးလိုက်သောအခါ ကျေးဇူးပါသူကြီး
ဒါဆိုကျုပ်ပြန်တော့မယ်ဗျာအေအေ ဂရုစိုက်သွားဦး ဟာသူကြီး
ကလည်းဒီလမ်းတွေက ကျုပ်တွတ်မျက်စီမှိတ်သွားရင်တောင်
ကျုပ်ရွာကိုရောက်တယ်ဗျ ဟား ဟား အောင်မြင့်သူစကားကိုပင်
သူသဘောကျသွားပြီး ရီပြစ်လိုက်သည်။
သွားပြီဗျို့ အချိန်ကား နေဝင်ရီတရောအချိန်ပင်ဖြစ်သည့်လျောက်
မှောင်ရီပျိုးနေပြီဖြစ်သည် အောင်မြင့်အလုပ်ကနွားသက်ပေးတဲ့
အလုပ်ထိုအလုပ်မျိုးကိုတော်ယုံသတ္တိဖြင့်လုပ်ရဲမည်မဟုတ်
ထိုကြောင့်အောင်မြင့်က အကြောက်တရားဆိုတာဘယ်လိုမျိုး
လည်းဟု မေးနေသူပင်ဖြစ်တော့ဧ။်
အချိန်အတော်မျှလျှောက်လာခဲ့ရာ ရွာဝင်သင်္ချိုင်းနားသို့ ရောက်
လာတော့ဧ။် ထိုအချိန်မှာ လေပြင်းတစ်ချပ်ဝှေ့ ယမ်းသွားပြီး
အပုံ့ နံ့ တစ်ခုထောင်းကနဲထွက်ပေါ်လာတော့သည်ဟာ
ဘာအနံ့ ကြီးလည်းကွာ ထီ နံလိုက်တာကွာဟုရေရွပ်လိုက်ပြီး
ဆက်လျှောက်လာတော့သည်
ဂီ့း့  ဂီ့း့  ဝေါ့  ဝေါ့  ဝေါ့ 
ဖြောင့်း့  ဖြောင့်း့  ရှပ့့်  ရှပ့့်  ထိုအသံကို
အောင်မြင့်အတိုင်းသားကြားနေရသည် ခြေလှမ်းများကိုရပ်တန့် 
လိုက်ပြီးနောက်သို့ လှည့်ကြည့်လိုက်ရာဟင်ဘယ်သူမှလည်းမရှိ
ပါလားငါများနားကြားလွဲလားဟုတွေးရင်း
ဆက်လျှောက်လာတော့သည် ရှပ့် ရှပ် သေချာသည်အောင်မြင့်
နားကြားလွဲတာမဖြစ်နိုင်ဘူးဟုတွေးရင်း တစ်ယောက်ယောက်
နှောက်ရှပ်နေပြီဆိုတာသိလိုက်တော့ဧ။်ထို့ နောက်စိတ်နှင့်ကိုယ်
ကပ်ထားလိုက်ပြီး
ခြေလှမ်းများစတင်မည်အလုပ်မှာ အီးဟာအောင်မြင့်လက်မှာ
ကိုင်ထားတဲ့ အမဲသားတွဲကြီးက လေထဲမြောက်တတ်နေတော့
သည်ကဲကွာအောင်မြင့်လည်းလက်မှလွတ့်ထွက်သွားမည်ဆိုး၍
အားကုန်ဆောက်ဆွဲလိုက်ပြီး အမဲသားတွဲပြန်ပါလာတော့သည်
ထိုအချိန် ဟီ့း့  ဟီး ဟီး စားမယ် ငါစားမယ် ငါ့ကိုကျွေး
ကျွေး ငါစားချင်လို့  ဟီး ဟီး ဟီးအောင်မြင့်အသံလာရာစီသို့ 
ဝှေ့ ယမ်းကြည့်လိုက်ရာ မည်သူမှရှိမနေ တစ်ယောက်မှမတွေ
ဟာဘာလည်းကွ ဟေ့မင်းကဘယ်သူလည်းဘယ်ကလည်းကွ
ငါ ငါ ငါစားချင်လို့ ငါစားမယ် ထိုအချိန်အောင်မြင့်လက်ထဲက
အမဲသားတွဲ အလုခံရပြန်သည် ဟာအောင်မြင့်ပြန်လုသည်
ထိုနောက် အမဲသားတွဲကို လေထဲတွင်အောင်မြင့်တစ်ယောက်
ဒီဘက်ဆွဲလိုက် ဟိုဘက်ပါသွားလိုက်ဖြစ်နေသည်
ငါဘာလုပ်ရမလည်း ဒီမှာ မင်းဘာကောင်လည်းငါမသိဘူး ဒါမဲ့
ဒီအမဲသားတွဲက ငါအိမ်တွက်ဟင်းစားကွ မင်းစားချင်ရင် ငါ့အိမ်
လိုက်ခဲ့ ချက်ပြီးရင် မင်းအတွတ်ကျွေးမယ်ကွာ ခုလွတ့်ပေးဟု
ပြောလိုက်တော့ နားလည်သည့်ပုံစံမျိုးနှင့်ပင်အမဲသားတွဲမှာ
အောင်မြင့်လက်ထဲပြန်ရောက်သွားခဲ့ရာ
ထိုနောက်ရွာလမ်းအတိုင်းလျှောက်ခဲ့ရာ ခြံရှေ့ သို့ ရောက်သည်
နှင့်မိန်းမရေ ဟင်းစားပါတယ်ကွ ချက်ဖို့ ပြင်ပါဦး ခြံရှေ့ မှ အသံ
ကြား၍ကိုအောင်မြင့်ရှင်ပြန်ရောက်ပြီလား အေဟုတ်တယ်မိန်းမ
ဟင်းစားပါတယ်ကွ ရော့ချပ်ပါဦး အော်ဟုတ်ဟုတ် ကိုအောင်မြင့်
ပေးပေး ရှင်ရေမိုးချိုးလိုက်ဦးနော် အေအေမိန်းမထို့ နောက်
အောင်မြင့်ပြောလိုက်သောစကားကြောင့်အနောက်ကကပ်ပါလာ
သောအရိပ်သဖွယ် မဲမဲကောင်ကြီးမှာ ခြံရှေ့ ၌ရှိနေမည်ကို
အောင်မြင့်တစ်ယောက် မေ့ရော့နေလားဗျာ×××
အချိန်ကားဆယ်နာရီဝန်းကျင် ကိုအောင်မြင့်ရှင်အိပ်တော့မှာလား
နေပါဦးမိန်းမရယ်ခုလေးတင်ထမင်းစားပြီးတယ်ခနနေမှအိပ်မယ်
မင်းအိပ်ချင်ဝင်အိပ်တော့လေကွာ သားလေးရောသက်သာလား
အဖျားတော့ကျသွားပြီရှင့် ကိုတော့နည်းနည်းပူသေးတယ် ဒါဆို
ကျမသွားအိပ့်တော့မယ်နော်ကိုအောင်မြင့် အေအေသွားအိပ့်ချေ
ဒီလိုနဲ့ ကိုအောင်မြင့်အိပ်မပျော်တာနှင့် အိမ်ရှေ့ မှာဆေးလိပ်ထိုင်
သောက်နေသည် ဟာ ကိုအောင်မြင့်တစ်ယောက် သူ့ စကားကို
မေ့ရောနေသလားဗျာ
အချိန်ကား ၁၁နာရီဝန်းကျင် ကိုအောင်မြင့်တို့  ခြံရှေ့ ကနေအိမ်
ထဲကိုကြည့်နေတဲ့ သွေးပျတ်ဖွယ်ရာ မျက်ဝန်းတစ်စုံကို ဘယ်သူ
များမြင်နိုင်မှာလည်းဗျာ
ထိုအရိပ်မဲကကြီးခြံရှေ့ မှာခေါက်လို့ ခေါက်ပြန်လျှောက်နေတော့
သည် ဝူး ဝူး ဝူး
 ဂီး ဂီး ဂီး ဂီးးး
အူး အူးး အူးးးး ခွေးအူသံများကကြားရသူအဖို့ သွေးပျတ်စရာ
ဂီ့း့  ညစ်ငှက်များရဲ့ ငှက်ဆိုးထိုးသံများက တိတ်ဆိတ်ငြိမ်
သတ်နေတဲ့အမှောင်ထုကို အလွန်မတန်မှ ကျက်သရေမဲ့စေပြီး
ကိုအောင်မြင့်တစ်ယောက် မျက်လုံးများမှေးလာပြီးထိုနေရာလေး
တွင်အိပ်ပျော်သွားပြီးနောက်မှာတော့ ဘယ်သူကများကြိုသိနိုင်
မှာလည်း အူး အူးးး ဟူး ခြံရှေ့ ကအရိပ်မဲကြီးမှာ အလွန်မတန်
ဒေါသထွက်နေသောခြေလှမ်းများဖြင့်အိမ်ပေါ်ပြေးတတ်လာပြီး
အိပ်ခန်းထဲတွင်ဘာမှမသိဘဲကောင်းစွာအိပ့်မောကျနေသော
သားအမီနှစ်ယောက်စီသိုဦးတည်သွားပြီးနောက်
အွန့် မလှရီငုပ်တုပ်ထထိုင်လိုက်တော့သည် ထိုနောက်
မျက်တောင်နီကြီးဖြင့်ကလေးငယ်လေးအား အစိမ်းလိုက်စား
ပြစ်တော့မည်ပုံစံနှင့်စိုက်ကြည့်နေပြီး ဒုန်း ဝုန်းမလှရီအိမ်ရှေ့ သို့ 
ပြေးထွက်လာပြီးအောင်မြင့်တစ်ယောက်အိပ်ပျော်နေသောနေရာ
အရောက်မှာအောင်မြင့်ကိုယ်ပေါ်မှခွပြီးမတတ်ရပ်နေတော့သည်
လက်ကြီးနှစ်ဖက်ကိုလေပေါမြောက်လိုက်တော့သည်ဟင်း ဟင်း
ဖြောင်းကံကောင်းစွာ အိပ်ပျော်နေသောအောင်မြင့် ခြင်ကိုက်ရာ
ကိုလက်ဖြင့်ရိုက်လိုက်ရာ မလှရီနောက်သို့ တစ်ချတ်ဆုပ်သွား
ပြီး ထိုအချိန်မှာပဲကလေးအခန်းထဲပြေးဝင်သွားပြီးနောက်
ဟင့် အီးးးး ဗျစ် ဗျစ် ဂျွစ့် ဝုန်းအရိပ်မဲကြီးဧ။်ပြင်းထန်လှသော
ခြေသံကြောင့် အောင်မြင့်လန့် နိုးသွားပြီးဟင်မလှရီမင်းမအိပ်
သေးဘူးလားဘာလုပ်နေတာလည်း ဒီအချိန်ကြီး
ကိုအောင်မြင့်သူမိန်းမလှရီထင်ပြီးပြောနေချိန်တွင် မလှရီမှာဒုန်း
ဒုန်းဆိုပြီးအောင်မြင့်ကိုဝင်လုံးတော့သည် အမှတ်မထင်တိုက်
ခိုက်ခံရမူကြောင့် အောင်မြင့်ပါးတစ်ဖက်လက်ငါးချောင်းဖြင့်ကုပ်
ခံလိုက်ရပြီး သွေးများစီးကျလာတော့သည်
ထိုအချိန်မှာ အားးးဘေးနာရှိဓါးကိုဆွဲကိုင်လိုက်ပြီး မလှရီအား
ခုတ်ချပြစ်လိုက်ရာမလှရီတစ်ယောက် အသံနက်ကြီးဖြင့်
အော်ပြီး ဝုန်းဆိုတဲ့ခုန်ချသံနှင့်အတူ အိမ်အောက်ကိုဆင်းပြေးပြီး
ရွာမြောက်ပိုင်းသင်္ချိုင်းထဲပြေးဝင်ပျောက်ကွယ်သွားတော့သည်
ဟား ဟား ဟားးးး လျောင်ရီသံကြီးကလည်း အဆတ်
မပြတ်ထွက် ပေါ်လာတော့သည် အောင်မြင့်တစ်ယောက်အသိ
ပြန်ဝင်လာပြီး အိပ်ခန်းထဲပြေးဝင်လိုက်ချိန်မှာတော့ ခေါင်းလေး
မှာရှေ့ နောက်ပြောင်းနေပြီးဗိုက်ပွင့်၍အူများပင်ထွက်ကျကာ
အသက်ပြောက်နေသောသားလေးဧ။်မြင်ကွင်းကိုမြင်လိုက်ရချိန်
အွန့့် 
အဘယ်ကြောင့်မှန်းမသိ သို့ ပေမယ့်အောင်မြင့်လက်ကိုတစ်စုံ
တစ်ယောက်ကဆုပ်ကိုင်လိုက်သည်ကိုကောင်းစွာသိရှိလိုက်ရ
သည်ထိုအချိန်မှာတော့လက်ထဲရှိကိုင်ထားသော ဓါးမှာ
အောင်မြင့်ဗိုက်ထဲတွင်စိုက်ဝင်နေပြီဖြစ်သည်။
ပြီးပါပြီ
ဝေဖန်မူ့ ကိုကြိုဆိုပါတယ်ခဗျာ

No comments:

Post a Comment