****ကိုလူပေနှင့်သရဲဦးထုတ်****
အချိန်တွေကြာခဲ့ပြီမို့ဒဏ္ဍာရီအလားထင်ရှားသည့်
ဇာတ်လမ်းတစ်ခုကကျွန်ုပ်တို့ရွာတွင်ထင်ကျန်ရစ်၏။

အံမယ် အစချီလိုက်ပုံက အလာကြီးဟ(ကိုယ့်ဘာသာပြောခြင်း) ဒီလိုဗျ။ကျနော်တို့ရွာရဲ့မြောက်ဘက်သင်္ချိုင်းအနီးမှာ အုန့်နှဲပင်ကြီးတစ်ပင်ရှိတယ်။အကိုင်းအခက်အကြီးကြီးနဲ့အုံ့ဆိုင်းနေတော့သရဲတစ္ဆေတွေအတွက်ဗိမာန်ကြီးတစ်ခုလိုပါပဲ။ ရှိနေတာကလမ်းဘေးမှာဆိုတော့လမ်းပေါ်ကိုထက်ဝက်လောက်အုပ်မိုးနေတယ်။
စာဖတ်သူမိတ်ဆွေအနေနဲ့ရွာများလာဖြစ်ခဲ့ရင်အရိပ်ကောင်းလို့ဆိုပြီးဝင်မနားမိစေနဲ့ဗျို့။ကြိုသတိပေးတာ
နားမိလို့ကတော့(၁၀၀၀၀)လောက်ပြုတ်ပြီပဲ။ရွာထဲကလူတွေခံရပေါင်းများပြီဗျ အပင်အောက်ဝင်နားမိရင်ခေါင်းမူးခေါင်းကိုက်လေးကပါလာတာ။ဘာဆေးနဲ့မှမရဘူး။
အဲ့ သူ့ကိုသွားပြီးငှက်ပျောပွဲ အမဲသားနှပ်လေးနဲ့ထမင်းလေးပါယူပြီးသွားတောင်းပန်မှရတာကလားဗျာ။
ဇာတ်လမ်းကစတော့မယ်ဗျို့။ဒီဇာတ်လမ်းမှာသူက
အဓိကတရားခံကြီး။နောက်ဇာတ်ဆောင်တျောက်ကိုပြောပြမယ်။အာ့ကရွာအနောက်လမ်းတည့်တည့်ကဟိုဘက်ရွာနဲ့ကျနော်တို့ရွာကြားကမန်းကျည်းပင်ကြီးဗျ။
လားလား အာ့မန်းကျည်းပင်ကအုန့်နှဲပင်ထက်ကိုကြီးသေးတယ်ဗျ။ဒါမက်သူ့မှာသွားတောင်းပန်ရတဲ့ရာဇဝင်
မရှိသေးဘူး။သူကလည်းလမ်းဘေးပဲဆိုတော့အုန့်နှဲပင်လိုပဲလမ်းထက်ဝက်ကျော်ကျော်ကိုမိုးထားတာ။ဒီအပင်ကြီးဘယ်သူမှမခုတ်ရဲဘူး။အစောင့်ရှိလို့တဲ့လေ။
တစ်နေ့တော့ဗျာ ဒီမန်းကျည်းပင်ကြီးရဲ့အကြီးဆုံးသရဲ
ကပျင်းလာသလိုရှိတာနဲ့သူ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနေတဲ့အုန့်နှဲပင်ဆီအလည်ထွက်လာတယ်။
သိတဲ့အတိုင်းပဲ သင်္ချိုင်းဆိုတော့သရဲဖိုသရဲမတွေဝေဝေ
စည်စည်ဖြစ်နေတာကြည့်ပြီးသူပျော်လာတယ်။ဒီလိုနဲ့
အုန့်နှဲပင်လည်းရောက်ရော
"ဟာ သူငယ်ချင်း မင်းမလည်းကွာဒီမရောက်တာ
ဘယ်လောက်ရှိနေပလည်း လာမှလာတော့လည်းဆိုင်းမဆင့်ဗုံမဆင့်ကြီးကိုး"
" အေးကွာ ငါလည်းလာချင်ပါတယ် သိပ်နေမကောင်းချင်ဖြစ်နေတာနဲ့မလာဖြစ်တာ"
သရဲကြီးနှစ်ကောင်ပဋိသန္ထာရခရီးဦးကြိုနှုတ်ခွန်းဆက်လိုက်ကြတယ်။ဖြစ်ချင်တော့ဒီနေ့ကအုန့်နှဲပင်သရဲရဲ့
အပြုစားခံလူသားကလာတောင်းပန်တဲ့နေ့နဲ့ကြုံနေတယ်။
မန်းကျည်းပင်သရဲအတွက်ဘုရားပွဲတိုးတဲ့နေ့ကြီးပေါ့ဗျာ။
သူကလည်းငတ်ငတ်နဲ့အသားကုန်ဆွဲတာပေါ့။
မန်းကျည်းပင်သရဲစားနေတာကိုကြည့်ပြီးအုန့်နှဲပင်သရဲ
ကကရုဏာသက်နေတယ်။
"သြော် သူ့ခမျာ မစားရမသောက်ရတာဘလောက်များကြာနေပလည်း"လို့တွေးနေမိတယ်။တွေးရင်းနဲ့သူ့ပြု
စားနည်းကိုရှယ်ပေးမယ်လို့လဲဆုံးဖြတ်လိုက်တယ်။
အဲ့လိုနဲ့တနေကုန်စားသောက်ပြီးမန်းကျည်းပင်သရဲ
ပြန်လာတာပေါ့။တစ်လမ်းလုံးလည်းအုန့်နှဲပင်သရဲရဲ့
ပြုစားနည်းကိုအသုံးချကြည့်ဖို့ပုံစံအမျိုးမျိုးပလန်ချရင်း
ပြန်လာလိုက်တာသူ့မန်းကျည်းပင်ကိုရောက်မှန်းမသိ
ရောက်လာတယ်။မန်းကျည်းပင်ရောက်တော့သူ့လုပ်ငန်း
ကိုအကောင်အထည်ဖော်ဖို့အတွက်မနက်ဖြန်ဟာအကောင်းဆုံးလို့ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့
ဒီနေ့ရွာထဲမှာစုရုံးစုရုံးဖြစ်နေတာကိုကြည့်ပြီးကိုလူပေမျက်
မှောင်ကြုံ့မိသည်။ဒီလူတွေဘာလည်း ဘယ်သွားကြမှာလည်း နောက်ဆုံးမနေနိုင်တော့သူ့အနားကဖြတ်သွားတဲ့အမျိုးသမီးကြီးကိုမေးလိုက်
တယ်။
"ဟဲ့ လူပေ ညည်းဘာမှမကြားသေးဘူးလား အနောက်ရွာကတို့ကျောင်းအုပ်ဆရာကြီးသေတာဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီ။ဒီနေ့အလောင်းမြေချမှာဟဲ့ အဲ့ကိုသွားကြမလို့"
ကျောင်းအုပ်ဆရာကြီးဆိုပါလား။သူမသိ။သို့သော်သွားရမည်။အလောင်းကူထမ်းလျှင်အနည်းဆုံးအရက်တော့သောက်ရမည်မဟုတ်လား။တွေးရင်းပင်လူပေ့ခံတွင်းများချဉ်လာသည်။သွားရမည်။သွားမည်။

ညနေ၅ နာရီ
ဝါးးး မန်ကျည်းပင်သရဲအိပ်ရာနိုးနိုးချင်းလက်မှနာရီ အဲ့လေ ကောင်းကင်နေရောင်ကိုကြည့်ရင်းလန့်သွားမိသည်။
ဟာ ဘယ်အချိန်လည်းဟ ဟင် ညနေနေဝင်တော့မှာပါလား ဒီနေ့လုပ်မည်ဆိုသောပြုစားအတတ်
အတွက်လူမှလာပါဦးမည်လော။
အတွက်လူမှလာပါဦးမည်လော။
မန်းကျည်းပင်ဖျားဆီသို့တက်ပြီးလမ်းရဲ့အရှေ့သို့မျှော်ကြည့်သည်။မမြင်။သူအတော်ဝမ်းနည်းသွားပြီးမျှော်လင့်ချက်မကုန်စွာအနောက်သို့လှည့်ကြည့်မျသည်။
ဟာ..သူ့မျက်လုံးများအရောင်တောက်သွားသည်။
အနောက်မှာလူတစ်ယောက် အရှေ့ကိုဦးတည်လာနေသည်။အနောက်မှအရှေ့သို့သွားလျှင်ဧကန္တသူ့မန်းကျည်းပင်ရင်းမှဖြတ်ရမည်။မနေ့ကအုန့်နှဲပင်သရဲရဲ့ပြုစားနည်းကလည်းဘာမှခက်သည်မဟုတ်။
ခေါင်းမှချွတ်ပြီးပြုစားလိုသူကိုစွပ်ချရုံသာ။
တွေးရင်းခံတွင်းများပင်ချဉ်လာသည်။
ငါစားကံပါလို့သာရရသည် နတ်ကောင်းနတ်မြတ်များက
ငါ့ကိုမစလေပြီဟုပင်ထင်ပြိုက်ချင်သည်။
ဟော အပင်အောက်ရောက်လာပြီ။လာရော့လဟယ်

ခေါင်းမှဦးထုတ်ကိုချွတ်ပြီးစွပ်မည်အပြု
ဟင် ဒီလူရပ်နေပါလား ဟာဘာနံ့ပါလိမ့်
သူ့နှာခေါင်းကိုပွစိပွစိလုပ်ကြည့်မိသည်။
သူ့နှာခေါင်းကိုပွစိပွစိလုပ်ကြည့်မိသည်။
ဟာ ဘီယာနံ့ ဒါဘီယာနံ့ပဲ
ဟင်ငမိုက်သား ငါ့အပင်ကိုသေးလာပန်းနာဟ
ကဲဟယ် မှတ်ပလား
ခေါင်းစွပ်စွပ်ပေးလိုက်ပြီးစိတ်ထဲမှလည်း
အမဲသားတအိုးလုံးချက်ခုနစ်ရက်လောက်တောင်းပန်ခိုင်းပြိုက်မယ် ဟီးဟီး
အပင်အောက်မှာတော့။

အား မူးတယ်မူးတယ်။လူပေတျောက်လဲကျမတတ်မူးလာသောကြောင့်မန်းကျည်းပင်ကိုမှီထားလိုက်ပြီး။
ငါဘာများအစားမှားပါလိမ့်။သူသိသလောက်သူဘာမှမစားခဲ့။ဘီယာနဲ့အရက်သာတွင်တွင်သောက်ခဲ့သည်။ ဒါဖြင့်အစာအဆိပ်မရှိ။
သြော်သိပြီ သိပြီ ဒီအပင်အောက်မှာသေးပန်းမှမူးတာ
ဟင်း တွေ့ကြသေးတာပေါ့ကွာ လူပေတဲ့ကွ။

ပြောရင်းဖြင့်မန်းကျည်းပင်ကိုခေါင်းနဲ့ဝင်ဆောင့်သည်။
ကိုယ့်ခေါင်းကိုကိုယ့်ဘာသာကုပ်ဆွဲရင်းဆက်ဆောင့်နေသည်။ပါးစပ်မှလည်း
"လူပေတဲ့ကွ အေ့ ဘယ်ကောင်မှသောက်ဂရုမစိုက်လို့
သူများအသုဘမှာမသာဝင်ထမ်းပြီးသောက်လာတာ။
မင်းနဲ့ငါဘယ်သူပိုပေနိုင်မလည်း ဟင်"
လူပေမှာအမှန်ကမူးပြီးရမ်းနေခြင်းသာဖြစ်သည်။
သို့သော် သရဲမှာကား
" အမလေး သွားပါပြီ ငါ့ဦးထုတ်ကြီးစုတ်ပါပြီ
တော်ပါပြီကိုလူပေရယ်။ မင်းကိုပြိုင်မပေနိုင်ပါဘူး"
ပြောပြောဆိုဆိုဦးထုတ်ကိုဖြုတ်ယူလိုက်လေသည်။
လူပေမှာကားသရဲပြောသမျှကိုတခုမှမကြား
သူသိသည်ကခေါင်းမမူးတော့။
" အေ့ ဒါပဲကွ ဘယ်ကောင်ပြိုင်ပေရဲလည်း
ဟင် လာလေ "
ပြောရင်းဖြင့်မန်းကျည်းပင်ကိုကျောခိုင်းထွက်သွားလေသည်။
လမ်းတလျှောက်လည်းအော်ဟစ်သွားသေးသည်။

မန်းကျည်းပင်သရဲမှာကား ဦးထုတ်အစုတ်လေးကိုရင်ခွင်ပိုက် မျက်ရည်စက်လက်ဖြင့်ပြောလိုက်သည်ကား
"အမလေးကိုအုန့်နှဲရယ် မင်းကံနဲ့မင်းပါကွာ"
ပြီးပါပြီ####
လက်သစ်မို့စမ်းဖတ်ကြပါဦးဗျာ။
#လွမ်းမြေ့ရှင်
No comments:
Post a Comment