Monday, June 5, 2017

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ


Kyaw Min Khant ၏ ဓာတ်ပုံ
"မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"
[စ/ဆုံး]
_ _ _ _ _ _ _ _ _ _ _ _ _
{1}
"အ . . အမေ"
သမီးခေါ်သံကြောင့် ဒေါ်သောင်းကြည် လှည့်ကြည့်လိုက်တော့ တစ်ကိုယ်လုံးစိုရွှဲလျက် ကိုယ်ပေါ်မှ ရေများစက်စက်ကျနေသော သမီးကိုတွေ့လိုက်ရသဖြင့် ဒေါ်သောင်းကြည် စိုးရိမ်သွားကာ
"ဟင် သမီး သူဇာ တစ်ကိုယ်လုံးလဲ ရေတွေ စိုရွှဲလို့ပါလား သမီးဘယ်လိုဖြစ်လာတာလဲကွယ် အမေစိတ်ပူလိုက်တာ"
"အ အမေ သမီးကို လာခေါ်ပါ
သ သမီးချမ်းလှပြီ"
သမီးဖြစ်သူကို မျက်စိရှေ့တွင်မြင်နေရလျက်ပင် သမီးအသံက ဝေးသွားလိုက် နီးလာလိုက်နှင့်
"သမီး သမီးဘယ်မှာလဲ .....သမီး.........."
ဒေါ်သောင်းကြည် အိပ်ရာမှလန့်နိုးလာသည်။
!ဘုရား ဘုရား သမီးလေး ဒုက္ခရောက်နေပြီလား!
"ကိုကြိုင် ကိုကြိုင်ထပါအုံး"
ခေါင်းရင်းခန်းတွင် အိပ်နေသော ယောင်္ကျားဖြစ်သူကို အလျင်အမြန်ပြေးနိုးကာ
"ကျုပ်သမီးလေး ဒုက္ခရောက်နေပြီထင်တယ် အိမ်မက်တွေမကောင်းဘူး"
"ဟေ"
မိန်းမဖြစ်သူစကားကြောင့် ကိုစိန်ကြိုင် အိပ်ချင်နေသော မျက်လုံးများပြူးသွားကာ
"မိန်းမရယ် သမီးက အရီးထွေးတို့အိမ်သွားတာပဲ ဘာဒုက္ခဖြစ်ရမလဲ"
သူဇာသည် တစ်ဖက်ရွာမှ ဒေါ်သောင်းကြည်၏ အဒေါ်ဝမ်းကွဲဖြစ်သူ ဒေါ်ထွေးလှတို့ အိမ်တက်အလှူအတွက် ဒီမနက်အစောထဲကသွားရောက်လုပ်ကိုင်ကူကာ ညနေမှပြန်လာမည်ဟု ဆိုသဖြင့် ဒေါ်သောင်းကြည်ကိုယ်တိုင်က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ယခုမူ ညနေထဲက ပြန်မရောက်သဖြင့် အရီးထွေးအိမ်တွင်ပင် ညအိပ်ပြီဟု ထင်ကာ ဦးစိန်ကြိုင်ကလဲ စိတ်ချလက်ချ နေလိုက်ခြင်းဖြစ်လေသည်။
"မဟုတ်ဖူး ကျုပ်စိတ်ထဲ ထင့်နေတယ် သမီးလေး တစ်ခုခုများဖြစ်နေသလား မသိဘူးတော် အဟင့် ဟင့်"
ပြောရင်း ငိုနေသော ဇနီးသည်ကိုကြည့်ကာ
"မသောင်းရယ် သူဇာက ငါ့သမီးရင်း မဟုတ်ပေမယ့် ငါ့သမီးလိုပါပဲ ငါလဲစိတ်ပူရပါတယ် မနက်ကျ အရီးထွေးဆီလိုက်ပို့ပေးမယ် ကဲ ကဲ အိပ်လိုက် မနက်ကျလင်းလင်းချင်း သွားကြတာပေါ့"
~ ~ ~ ~ ~
"ဒီလိုနဲ့ မနက်​မိုးလင်း​တော့ လင်​မယားနှစ်​ယောက်​ တစ်​ဖက်​ရွာတို့ သွားကြ​လေ၏။"
ဟာ ဦးကြီးနဲ့ ဒေါ်လေး မနက်လင်းအားကြီး ဒါကဘယ်တုန်းဗျ
"သြော် မောင်သီဟပါလား အရီးလေးထွေးလှတို့ အိမ်တက်ကို သွားမလို့ကွဲ့ သမီးလေး သူဇာလဲ သွားတယ်လေ မောင်ရင်ရော လိုက်ခဲ့ပါ့လား"
သူဇာဆိုသော အမည်ကြောင့် သီဟ သိသိသာသာမျက်နှာ ပျက်ယွင်းသွားသည်ကို
ဦးစိန်ကြိုင်ရော ဒေါ်သောင်းကြည်ပါ သတိထားမိလိုက်ကြသည်။
"ဟာ မလိုက်တော့ပါဘူး ခင်ဗျ"
"ဒါနဲ့ မောင်ရင်ကရော"
"သြော် အမေက ဟော့ဒီ ဆွမ်းချိုင့်လေး ရွာဦးကျောင်းကိုအပို့ခိုင်းလို့ သွားပို့မလို့ပါ ဦးလေး"
ထိုအခါမှ ဒေါ်သောင်းကြည် သီဟလက်ထဲမှ ဆွမ်းချိုင့်ကို ငုံ့ကြည့်မိ ကာ
"သြော် အေးကွယ် သွားလေ
ဒေါ်လေးတို့လဲ သွားအုံးမယ်"
"ဟုတ်ကဲ့ ဒေါ်လေး"
ဦးစိန်တို့ လှည်းပေါ်တက်၍ ထွက်ခွာမည်အပြု
"ဦးစိန်နဲ့ ဒေါ်လေးသောင်း ဗျို့
ဦးစိန်တို့ နေ နေပါအုံးဗျ"
မနက်စောစောစီးစီး ဖုန်တထောင်းထောင်းထအောင် ပြေးလာသော သူကြီးတပည့်ဖြစ်သူ ဖိုးမောင်၏အော်သံကြောင့်
"ဟဲ့ ဖိုးမောင် ဘာတုံးဟဲ့ အမောတကောနဲ့"
"ဒေါ်လေး သူ သူဇာလေ ရွာတောင်ဘက် ညောင်ပင်သာကန်မှာရေနစ်လို့ ဒေါ်လေး"
"ဟေ"
"ဘာ" ဒီလိုနဲ့ နှစ်​ယောက်​​သား ပြာပြာသလဲနဲ့ အ​ပြေးတစ်​ပိုင်းသွားကြ​လေသည်။
~ ~ ~ ~ ~
ညောင်ပင်သာရေကန်ကြီးနားတွင် များပြားလှသော လူအုပ်ကြီးနှင့်အတူ
အုပ်ချုပ်ရေးမှူးနှင့် ရဲများကိုပါ မြင်လိုက်ရသဖြင့်
ဒေါ်သောင်းကြည် ထိတ်လန့်စွာ ထိုနေရာသို့ ပြေးသွားလေသည်။ ဦးစိန်ကြိုင်နှင့် ဒေါ်သောင်းကြည်တို့ ရောက်လာသည်ကိုမြင်သည်နှင့် ရွာလူကြီးဦးစိုးဝင်းမှ
"ကိုစိန်နဲ့ မသောင်း
ဒီမနက်ပဲ အလောင်းပေါ်လာလို့ ဆယ်ယူနေကြတာ ခင်ဗျားတို့ သမီးလေး မသူဇာ ဖြစ်နေတယ် စိတ်မကောင်းပါဘူးဗျာ"
"ဟင်"
"ရှင်"
အလောင်းဆိုပါလား !!
ဒေါ်သောင်း ထိုအလောင်းထံသို့ ပြေးသွားပြီး ငုံ့ကြည့်လိုက်တော့ တစ်ကယ်ပင်
သမီးလေး သူဇာ
"အမလေး သမီးလေး ဖြစ်ရလေ သမီးရယ် သူဇာ သမီး"
ရေကန်စပ်တွင် အညိုအမဲစွဲ၍ တစ်ကိုယ်လုံးတောင့်တင်းကာ လဲကျနေသော သူဇာ၏ အလောင်းကိုတွေ့လိုက်ရ၍
ဒေါ်သောင်းကြည် ယူကြုံးမရ အော်ဟစ်ငိုယိုရင်း နေရာမှာပင် သတိလစ်သွားလေတော့သည်။
"ဟဲ့ အသောင်း သတိထားအုံးလေ အသောင်း"
ဘေးမှလူများက ဒေါ်သောင်းကြည်အား ဖေးမ၍ လှုပ်နှိုးနေကြလေသည်။
"သမီးလေး သူဇာ ဘယ်လိုဖြစ်ရတာလဲ သမီးရယ်"
ဦးစိန်ကြိုင် မျက်ရည်များနှင့် သမီးနားထိုင်ချလိုက်လေသည်။
"မကိုင်နဲ့ ဦးလေး
အလောင်းကဒဏ်ရာတွေရှိတယ် မှုခင်းနဲ့ ပတ်သပ်နေတယ် ဆေးစစ်ချက်ယူနေတုန်းမို့ ခြေရာလက်ရာပျက်သွားမှာစိုးလို့ပါ"
ရဲအုပ်ကျော်ထိန်မှ ဦးစိန်ကြိုင်ကို တားလိုက်လေသည်။
"သူဇာလေး သနားပါတယ်
စိတ်ထားလေး ကောင်းကကောင်းနဲ့
အဖို့ပါလာရတယ်လို့"
"အေးဟယ် ငယ်ငယ်လေးရှိသေးတယ် သနားပါတယ်"
"သူဇာ့ အလောင်းက ဒဏ်ရာတွေနဲ့နော် အင်း...အသတ်ခံရတာဆိုရင်တော့ ဘယ်ကျွတ်ပါ့မလဲ"
"ဒါ အစိမ်းသေနော် ဒွေးလေ
အခြောက်ကြမ်းမှာပဲ"
သူဇာ့အလောင်းကိုကြည့်၍ရွာသားများတီးတိုးဝေဖန်နေကြသည်။
သီဟ တစ်ယောက် ချစ်သူအလောင်းကို စိုက်ကြည့်၍
"တောက်"
ကြိတ်မနိုင်ခဲမရစွာ တောက်ခေါက်လိုက်လေသည်။
ဒေါ်သောင်းကြည်အား လူတစ်စုက ခြေမချိုးလက်မချိုးဖြင့် ပြုစုကြသဖြင့် ပြန်သတိရလာလေကာ သမီးဖြစ်သူကို လှမ်းကြည့်၍ ရှိုက်ကြီးတငင်ငိုနေလေသည်။
☆ ထိုအချိန်တွင် အုံခဲနေသော လူအုပ်ကြားမှ ကြည့်ရှု့နေ​သော လူတစ်ယောက် တိတ်တဆိတ်ဖြင့် ခပ်သုပ်သုပ်ထွက်ခွာသွားသည်ကို မျက်စိလျင်သော ရဲအုပ်ကျော်ထိန် သတိထားမိလိုက်ကာ
ထိုထူးခြားချက်ကို ကောင်းစွာ မှတ်သားထားလိုက်လေတော့သည်၊၊
"ကဲ အလောင်းကို သယ်သွားပါရစေ
ကျွန်တော်တို့လိုအပ်တာတွေစစ်ဆေးချင်လို့ပါ အလောင်းပြန်သယ်ဖို့ကိုတော့ သေဆုံးသူ မိဘများနှင့် ရွာလူကြီးအပါအဝင် ရွာခံ3ဦးလောက် လိုက်ခဲ့ပေးပါ"
ရဲအုပ်ကျော်ထိန် ပြောစကားကြောင့်
ရွာလူကြီးဦးစိုးဝင်းမှ
"ရပါတယ် ဆရာတို့
ငပုတို့ ဖိုးမောင်တို့ လိုက်ခဲ့စမ်းဟေ့ နောက်နှစ်ယောက်ထပ်ခေါ်ခဲ့ချေအုံး"
"ဟုတ်ကဲ့ သူကြီး"
_ _ _
"ကဲ သေသူကို ရွာထဲတော့ ပြန်သယ်လို့မရတော့ဘူး ရွာပြင် သင်းချိုင်းဇရပ်မှာပဲ ထားခဲ့ရမှာပဲ ရွာဓလေ့မို့ ကိုစိန်တို့က နားလည်ပေးပါ"
ရွာလူကြီးဦးစိုးဝင်းစကားကြောင့်
ဦးစိန်ကြည်တို့ လင်မယား ရင်နာစွာဖြင့် ခေါင်းငြိမ့်လက်ခံလိုက်ရလေသည်။
သူကြီးမှဆက်၍
"ဦးစိန်တို့မှာလဲ ကိုယ်ခွဲမရှိတာမို့
အလောင်းကိုစောင့်ဖို့ တစ်ညကို ရွာသား2ယောက် တာဝန်ယူရမယ်
ကဲ ဒီညတော့ ဘတိုးနဲ့ မောင်မောင်တို့ စောင့်အိပ်လိုက်ကြ"
ရွာလူကြီးစကားကြောင့် ဘတိုးနှင့် မောင်မောင်တို့ မျက်နှာငယ်သွားကြလေတော့သည်။
~ ~ ~ ~ ~
လကွယ်ညသည် ပိန်းပိတ်အောင် မှောင်မိုက်နေသည်။
အုးးးးဝုးးးးဝူးးးး
တိတ်ဆိတ်လှသော ညသန်းခေါင်တွင်
ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြီးကြောင့်
တစ်ရွာလုံး လန့်နိုးကုန်ကြလေသည်။
"အီးးးးဟီးးးးဟီးးးး အဟင့် ဟီးးး"
ကျယ်လောင်လှသော ခြောက်ကပ်အက်ကွဲသည့် အော်ဟစ် ငိုယိုသံကြီးကြောင့် ရွာသူရွာသားများလဲ
လန့်နိုးလာကာ အိမ်တံခါးများ ဖွင့်ကြည့်ကြလေသည်။
"ကယ် ကယ်ပါအုံး ကယ်ကြပါအုံးးဟီးးးဟီးးး"
ရွာတောင်ဘက်ဆီမှ တရွေ့ရွေ့လွင့်မျောလာသော သူဇာ့ဝိဥာဉ်က သူမကိုထွက်ကြည့်နေသော လူများအား လက်လှမ်းကာ အော်ဟစ်နေလေသည်။
"အမလေး သူ သူဇာ သရဲမကြီးဟေ့"
"ပိတ် ပိတ် ဝုန်းးး"
တံခါးများကို ဝုန်းကနဲပြန်ပိတ်ကုန်ကြပြီး
ကြောက်လွန်းသဖြင့် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ကုန်လေတော့သည်။
"အမေ သမီးကိုကယ်ပါအုံး
သ သီဟ ငါ့ကိုကယ်ပါ အဟင့်ဟင့် ကယ်ကြပါ ကယ်ကြပါ အားးးး!! "
စူးရှ အက်ကွဲလှသော အသံနက်ကြီးဖြင့် အိမ်ပေါက်စေ့ ရပ်ကာ အော်ဟစ်နေသည့် သူဇာ့အသံကြောင့်
တစ်ရွာလုံး နေစရာပင်မရှိ
လောက်အောင် ကြောက်လန့်တုန်လှုပ် နေကြပြီ။
~ ~ ~ ~ ~
"တောက်! "
သူကြီး ယမ်းမီးပုံကျ ပေါက်ကွဲနေသည်။
"မင်းတို့ကို အလောင်းစောင့်ခိုင်းတာ ဘယ်သွားသေနေကြသလဲကွ ဟေ"
"ရွာ ရွာလယ်က ကိုအောင်ကြီး အရက်ဆိုင်မှာ သွားသေ အဲလေ သွားအိပ်ကြတာပါ သူကြီး"
"တယ် ငါလုပ်ထည့်လိုက်ရ
မင်းတို့ကို စောင့်ခိုင်းတာ ဘာလို့မစောင့်တုန်း ဒုက္ခရောက်ကုန်တော့မှာပဲ အလောင်းကောင်က လူစောင့်မရှိရင် ဖုတ်ဝင်တတ်တယ်ဆိုတာ မင်းတို့နားမလည်ဘူးလားကွ"
"နားလည်ပါတယ် သူကြီးရယ်
ကျွန် ကျွန်တော်တို့ကြောက်လို့ပါ"
"ဒီည ငါကိုယ်တိုင်စောင့်မယ်
မင်းတို့ပါ ငါနဲ့လိုက်ခဲ့ကြ ဒါပဲ​​ တော်​​တော်​အသုံးမကျတဲ့ကောင်တွေ"
သူကြီး သူ့ရွာသားများအား ငေါက်ငမ်းနေစဉ် ဒုရဲအုပ် ကျော်ထိန်တို့ အဖွဲ့ ရောက်လာကြလေသည်။
"ဟော လာပါ ကြွကြပါ ဆရာတို့"
"ကျွန်တော်တို့ သေသူရဲ့ဆေးစစ်ချက် အဖြရပါပြီ ဒီအတွက် သေဆုံးသူရဲ့ မိဘသားချင်းတွေကို ဆင့်ခေါ်ပေးပါအုံး သူကြီး"
"သြော် ခုပဲ အခေါ်လွှတ်လိုက်မယ် ဆရာတို့ ရေနွေးသောက်ကြပါအုံး
ဟေ့ ဖိုးမောင် လာအုံး"
"လာပါပြီ သူကြီး"
"ကိုစိန်နဲ့ မသောင်းကိုသွားခေါ်ချေကွဲ့
သတင်းထူးတယ်"
"ဟုတ်ကဲ့ သူကြီး"
~ ~ ~ ~ ~
"ဒီက ဦးစိန်နဲ့ ဒေါ်သောင်းတို့ရဲ့ သမီးဟာ
ရိုးရိုးရေနစ်သေဆုံးတဲ့ လူသေမှုမဟုတ်ပါဘူး လူသတ်မှုတစ်ခုဖြစ်ပါတယ်"
"ဟေ"
"ဘယ်လို"
"ရှင်"
ကျော်ထိန်စကားကြောင့် သူကြီး ဦးစိုးဝင်းနှင့် ဦးစိန်တို့လင်မယား အံ့သြသွားလေသည်။
ကျော်ထိန်မှ ဆက်ပြီး
"ရေနစ်သေဆုံးသူတွေလို အလောင်းရဲ့ အဆုပ်ဟာ ပွမနေဘူး ရေမတွေ့ရဘူး
သေဆုံးသူ အမျိုးသမီးရဲ့ မျက်နှာပေါ်က ညိုမဲဖူးယောင်နေတဲ့ ဒဏ်ရာတွေနဲ့
ဦးခေါင်း ဘယ်ဘက်ဂြိုလ်စောင်းမှာ 3လက်မလောက် ကွဲနေတဲ့ဒဏ်ရာတစ်ခု အပါအဝင် ၊ အလောင်းဟာ ရေမနစ်ခင်ထဲက အသက်ရှုရပ်ပြီးသေဆုံးနေခြင်းဖြစ်ကြောင်းကို မှုခင်းဆေးပညာအရ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိရပါတယ် ဒါကြောင့် မသူဇာကို သတ်ပြီးတော့မှ ရေနစ်သေဆုံးဟန် ကန်ထဲပစ်ချခဲ့တာပါ ဟော့ဒီက သူကြီးသာ အလောင်းတွေ့တွေ့ချင်း ကျွန်တော်တို့ကို အကြောင်းမကြားခဲ့ဘူးဆိုရင် ရိုးရိုးရေနစ်သေဆုံးမှုလို့ပဲ တစ်ရွာလုံးက ထင်ကြမှာပါ"
"သမီးလေး အဖြစ်ဆိုးလှချည်လား အဟင့် ဟီးးးကျွန်မသမီးလေးကို ဘယ်သူကများ ရက်ရက်စက်စက်သတ်ရက်တာလဲ လူသတ်သမားကို ဖော်ထုတ်ပေးပါ ဆရာတို့ရယ် အဟင့် ဟင့်"
ဦစိန်ကြိုင် လက်သီးတင်းတင်းဆုတ် အံတင်းတင်းကြိတ်လျက် မျက်ရည်မကျစေရန် မျက်တောင်ပုပ်ခတ်နေလေသည်။
"စိတ်မပူပါနဲ့ ဒေါ်သောင်းကြည်
လူသတ်တရားခံက ထွက်မပြေးသေးပါဘူး
ကျွန်တော်တို့ အမြန်ဆုံး ဖော်ထုတ်ပေးပါ့မယ်"
ရဲအုပ်ကျော်ထိန် သူကြီးဘက်လှည့်၍
"သူကြီး ဒီရွာက လူဦးရေ စာရင်းလေး စခန်းကို တင်ပြပေးပါ ပြီးတော့ ကျွန်တော်တို့ကို အသိမပေးပဲ ဒီရွာက ကျားကျား/မမ ဘယ်သူမှ ခရီးမထွက်ကြပါစေနဲ့ သူကြီးတာဝန်ယူပေးပါ"
"စိတ်ချ ကျုပ်အားလုံး တာဝန်ယူတယ် ကျုပ်ရွာမှာဒါမျိုးဖြစ်တာ ရွာနာတာပဲ အမှုမှန်ပေါ်ပေါက်ဖို့ ကျုပ်တို့လဲ ပူးပေါင်းဆောင်ရွက်ပါမယ်"
သူကြီးစကားကြောင့် ကျော်ထိန်ခေါင်းငြိမ့်လိုက်လေသည်။
ထိုစဉ် ဖိုးမောင်မှ
"သူ သူကြီး ကျုပ် တစ်ခုလောက် ဝင်ပြောလို့ရမလား ခင်ဗျာ"
ကျော်ထိန်မှ
"ပြောပါ ခင်ဗျား ဘာပြောချင်လဲ"
"ဒီလိုပါ သူဇာ မသေခင်တစ်ရက်က
သီဟနဲ့ ညောင်ပင်သာ ကန်နားမှာ စကားများနေကြတာ တွေ့ပါတယ်"
"သီဟဆိုတာ.."
ကျော်ထိန်အမေးကြောင့်
"ဟို ဟို"
ဒေါ်သောင်းတို့ရှေ့တွင် ပြောရမည်မို့ ဖိုးမောင် အားနာနေမိသည်။
"ဟို သူဇာ့ ချစ်သူပါ ဆရာ"
ဖိုးမောင်စကားကြောင့်
ရဲအုပ် ကျော်ထိန် ခေါင်းတဆတ်ဆတ်ငြိမ့်လျက်
"ကောင်းပါပြီ အမှုအတွက်လိုအပ်ရင် သံသယရှိသူ မည်သူ့ကိုမဆို ထည့်စစ်ရမှာပဲ ကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ်"
"ကောင်းပါပြီ ဆရာတို့"
~ ~ ~ ~ ~
"သူဇာ"
"ပြောလေ သီဟရဲ့"
သူဇာက ပြန်ဖြေရင်း ရေကန်ထဲသို့ လက်ထဲမှ သစ်ရွက်လေးများကို ဖဲ့ခြွေချနေသည်။
"ကိုတို့ လက်ထပ်ရအောင်"
"အခစ်ခစ်"
"ဘာရယ်တာလဲ သူဇာရဲ့"
"သြော် မစောလွန်းဘူးလားလို့ပါ သူဇာက မိဘကိုတောင် ပြန်မပြုစုရသေးဘူး
သူဇာ့မိဘတွေမှာ မှီခိုအားထားစရာ သူဇာပဲရှိတာလေ သီဟရဲ့
သူဇာ အိမ်ထောင်မပြုချင်သေးဘူး"
"သူဇာ့ကို ကိုယ်စိတ်မချလို့ပါ"
"ခစ်ခစ် သီဟကတော့လေ
ကလေးစကားတွေပြောနေပြန်ပြီ
ဘာစိတ်မချတာလဲ ပြော"
"ကိုပြောရင် သူဇာ စိတ်မဆိုးနဲ့နော်"
"အင်း မဆိုးဘူး"
"သူဇာ့ပထွေးနဲ့ ကိုစိတ်မချဘူး အဲ့လူကြီး အကြည့်တွေက သူဇာ့အပေါ် မရိုးသားဘူးလို့ ကိုထင်တယ်"
သီဟစကားကြောင့် သူမ အံ့အားသင့်သွားကာ
"ဘာ ဘယ်လို ပြောလိုက်တယ် သီဟ"
!!သူဇာတို့ မိသားစုဆက်ဆံရေးကို သီဟနားလည်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။
ခုတော့ သီဟလဲ ရွာထဲက လူတွေလိုပါပဲလား!!
"အဖေက သူဇာ့အပေါ် ငယ်စဉ်ထဲက ပြုစုစောင့်ရှာက်လာတာ
အဖေရင်းနဲ့မခြားဘူးလေ
ရှင် ဒီလိုစကားတော့ မပြောသင့်ဘူး ကိုသီဟ"
"ကို တစ်ကယ်ပြောနေတာ သူဇာ
ယောင်္ကျားချင်းသိတယ် ကို သူ့ကို သဘောမကျဘူး"
"တော်တော့ သီဟ
ရှင့်ကို အထင်ကြီးခဲ့မိတာ မှားတာပဲ
ကျွန်မကို ကျွေးမွေးပြုစု စောင့်ရှောက်လာတဲ့ ကျေးဇူးရှင်ကိုမှ ရှင်က စော်ကားတယ်
ရှင့်မှာ အဲ့လိုစိတ်မျိုးရှိနေတာ ကျွန်မ အံ့သြတယ် ရှင်မှာ အဲ့လိုအတွေးအခေါ်တွေရှိနေမယ်ဆိုရင် နောင်ကိုကျွန်မနဲ့ မပတ်သပ်ပါနဲ့ ဒါပဲ"
"သူဇာ နေအုံး သူဇာ ကိုပြောတာ နားထောင်အုံးလေ"
သူမနားမထောင်ချင်တော့ . . သီဟအနားမှ ပြေးထွက်လာခဲ့သည်။
"သူဇာ မင်း နောက်မှ နောင်တရလိမ့်မယ်"
ပြေးထွက်သွားသော သူဇာ့ကို ဒေါသဖြစ်စွာ သူလှမ်းအော်ပြောလိုက်လေသည်။
~ ~ ~ ~ ~
"အဲ့ဒါပါပဲဗျာ ဆရာတို့ ကျွန်တော် သူဇာ့ကို မသတ်ပါဘူး သူဇာက ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူပါ သူအခုလိုဖြစ်လိမ့်မယ်လို့တောင် ကျွန်တော်မသိဘူး သူသေဆုံးတဲ့ မနက်ကမှ သိရတာပါဗျာ"
ပြောရင်း သူဝမ်းနည်းလာသဖြင့် အသံတို့က အဖျားခတ်တုန်ခါသွားသည်။
"ကဲ ကိုသီဟ ခင်ဗျားကို ကျွန်တော် ယုံချင်ပါတယ် မသင်္ကာမှုနဲ့တော့ ချုပ်မထားချင်ပါဘူး
ကျွန်တော်ယုံကြည်အောင်တော့ ခင်ဗျား ရွာမှာပဲနေပေးပါ ကဲ ပြန်နိုင်ပါပြီ"
~ ~ ~ ~ ~
"သူဇာ သူဇာရေ အလှပဂေးလေးရဲ့ နေပါအုံးလို့ ဟားးဟားးဟားး"
ရွာထဲမှာယစ်ထုတ်သမား ငဇော်က မိဘပိုက်ဆံထိုင်ဖြုန်းပြီး တပည့်တပန်းများနှင့် လူ့ဘဝကို အိပ်လိုက်စားလိုက် သောက်လိုက်နှင့် တိရိစ္ဆာန်တစ်ကောင်လို ဖြတ်သန်းနေသူ သူမရှေ့မှ ပိတ်ရပ်ထားသော ငဇော့်ကို ရွံရှာမုန်းတီးစွာ ကြည့်ပြီး
"ဟဲ့ ငဇော် နင်ငါ့ရှေ့က ဖယ်စမ်း"
"ဟာ သူဇာရယ် နင်ကလဲ အာ့လို ရင့်ရင့်သီးသီးမပြောပါနဲ့ ငဇော်ဆိုတဲ့ ဒီကောင်ကလေ နင့်ကို ကလေးဘဝထဲက ချစ်နေခဲ့ရတာပါဟာ"
ငဇော်ပါးစပ်မှ စူးရှလှသည် အရက်နံ့က တစ်ထောင်းထောင်း ထနေသဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမမျက်နှာရှေ့ လက်ကို ခတ်ဆတ်ဆတ် ဝှေ့ရမ်းပစ်လိုက်ကာ
"နင့်ပါးစပ်ပိတ်ထားစမ်း ငါ့မှာချစ်သူရှိတယ် ဆိုတာ နင်မသိဘူးလား"
"ဘာရဲ ဘာရဲ ဟိုကောင် သီဟလား"
"ဟုတ်တယ်ဟဲ့"
အရက်မူးနေ၍အာလေးလျှာလေးဖြင့် ပြန်မေးနေသော ငဇော့်ကို သူမဒေါသဖြင့် အော်ပစ်လိုက်သည်။
"ဟားးဟားးဟားးဒီကောင့်လောက်ကို မပြောစမ်းနဲ့ ဆင်းရဲသား ကလေကဝက နင့်ကို တင့်တယ်အောင် မထားပေးနိုင်ဘူး နင့်ဘဝကိုလေ တင့်တယ်အောင် ထားပေးနိုင်တာက ဒီကောင် ဟော့ဒီကကောင် သိလား"
"ဟုတ်ဒယ် အဟေးးဟုတ်ဒယ်"
သူရင်ဘတ်သူ တစ်ဘုန်းဘုန်းပုပ်ကာ ပြောနေသော ငဇော့်စကားကို ဘေးက အရက်သမားများကပါ စပ်ဖြဲဖြဲမျက်နှာများနှင့် ဝိုင်းထောက်ခံကြလေသည်။
"တောက် နင်တို့ပါးစပ်တွေပိတ်ပြီး ငါ့ရှေ့က ဖယ်စမ်း"
"ဖယ်ဘူး ဖယ်ဘူး သူဇာလေးရယ် ငါ့ကို အားကိုးလိုက်စမ်းပါဟာနော် နော်"
"ဟင် နင်ကများ ကဲဟယ်"
"ဖြန်းး"
သူမလက်ကို ဇွတ်ကိုင်လာသောကြောင့်
ဒေါသစိတ်ကို ထိန်းမရတော့ပဲ ငမူးငဇော်၏ပါးပြင်ကို အားကုန်လွှဲ၍ရိုက်ချပစ်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။
"ဟာ အာစိ အာစိ နာသွားလား"
"ဟာ ဖယ်စမ်းပါကွာ"
သူ့မေးစိကိုကိုင်လှုပ်ကာ မေးနေသော တာတေ၏လက်ကို ပုပ်ထုတ်ပစ်လိုက်ပြီး
ပါးစပ်ဟ၍ သူ့ပါးပြင်သူ ပြန်တည့်လိုက်ကာ နောက်ကြောင်းပြန်လှည့်ထွက်သွားသော သူဇာ့ကျောပြင်ကို ကြည့်လျက်
"သူဇာ နင်မြဲမြဲမှတ်ထား
တွေ့မယ် ငါ့ဘာကောင်လဲဆိုတာ နင်ကောင်းကောင်းသိစေရမယ် တောက်"
"အာစိ အဲ့ကောင်မကို ကျွန်တော်တို့ ဘာသွားလုပ်လိုက်ရမလဲ"
"လုပ်ရမယ် အခုမဟုတ်သေးဘူး
တွေ့မယ် ငဇော့်အကြောင်း သိရမှာပေါ့ကွာ ဟားးဟားးဟားးး"
_ _ _ _ _ _ _ _ _ _ _
{2}
"ကျွန်တော်မသတ်ပါဖူး
ကျွန်တော် သူဇာ့ကို မသတ်ဖူး
အရက်မူးနေလို့ ပါးစပ်ကသာ ကြိမ်းဝါးခဲ့ပေမယ့်
ကျွန်တော် သူ့ကိုတစ်ကယ်ချစ်တာ
အဲ့လိုလုပ်မယ်လို့ တွေးတောင်မတွေးခဲ့မိပါဘူးဗျာ အီးးဟီးးဟီးး"
ကျော်ထိန်မှ
"ကဲ ကိုဇော် ရွာမှာပဲနေပေါ့ဗျာ
ကျွန်တော်တို့လဲ ရွာကို နေ့တိုင်းရောက်မှာပါ စိတ်ကွယ်ရာဆိုတာ ဘယ်အရာမှမရှိပါဘူးဗျာ
ခင်ဗျားပြန်နိုင်ပါပြီ"
"ဟုတ် ဟုတ်ကဲ့"
~ ~ ~ ~ ~ ~ ~
"ကျွန်တော်က သူဇာရဲ့ဖခင် ဦးစိန်ကြိုင်ပါ အဖေရင်းတော့ မဟုတ်ပါဘူး
မသောင်းကိုမေတ္တာစစ်နဲ့ချစ်လို့ လက်ထပ်ခဲ့ပြီးထဲက သူနဲ့အတူပါလာတဲ့ 7နှစ်အရွယ်သမီးလေးသူဇာကိုပါ
ကျွန်တော့်ရဲ့ သမီးလေး တစ်ယောက်လို ချစ်ခဲ့တာပါ ပိုဆိုးတာက ကျွန်တော်ဟာ ကလေးမရနိုင်တဲ့အတွက် သူဇာ့ကိုပဲ ကျွန်တော်သမီးရင်းလေးလို ငယ်စဉ်ထဲကနေ အခုအရွယ်ရောက်တဲ့ထိ ပြုစုစောင့်ရှောက်လာခဲ့ပါတယ် သမီးလေးအရွယ်ရောက်လာတော့ ရွာထဲကလူတွေရဲ့ တောင်ပြောမြောက်ပြော ပြောတဲ့ မကြားသင့်တဲ့ စကားတွေကို ကြားလာခဲ့ရပေမယ့် ကျွန်တော်တို့သားအဖ မေတ္တာတွေ တစိုးတစိမှ အရောင်ပြောင်း မသွားခဲ့ပါဘူး
သမီးလေးချစ်သူဖြစ်တဲ့ မောင်သီဟနဲ့တောင် အချိန်တန်ရင် လက်ထပ်ပေးဖို့ သမီးလေးကို ရွှေတိုငွေစလေး အတောင့်အရောင့်နဲ့ ထည့်လိုက်နိုင်ဖို့အတွက် မိဘတွေဖြစ်တဲ့ ကျွန်တော်တို့လင်မယား ငွေကိုရသလောက်ရှာဖွေပြီး စုဆောင်းထားခဲ့ပါတယ်
မထင်မှတ်တဲ့ တစ်ရက်မှာပဲ သမီးလေးက ခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရတာကို သိလိုက်ရတာပါပဲဗျာ"
မိမိ၏ ထွက်ဆိုချက်များအား ရဲအုပ်ကျော်ထိန်ဘေးမှ ရဲဘော်တစ်ဦး၏ တစ်ဂျောက်ဂျောက်စာရိုက်သံတို့
နှင့်အတူ ဇနီးသည်၏ ရှိုက်ငိုသံစည်းချက်တို့က
မှန်မှန်ထွက်ပေါ်နေခဲ့သည်။
"ကဲ ဦးစိန်ကြိုင် ပြန်လို့ရပါပြီ ကျွန်တော်တို့က တာဝန်အရ သေဆုံးသူနဲ့ ပတ်သပ်သူများကို အဓိက အရင် သေချာအောင် စစ်မေးရတာပါ စိတ်မပူပါနဲ့ မကြာခင်အချိန်မှာပဲ တရားခံကိုဖမ်းမိတော့မှာပါ"
ကျော်ထိန် အဓိပ္ပာယ်ပါပါ ပြုံးလျက်
ပြောလိုက်သော စကားကြောင့် ဦးစိန်ကြိုင် ခေါင်းငြိမ့်လျက် ဇနီးသည်ကိုတွဲကာ ထွက်ခွာသွားလေသည်။
~ ~ ~ ~ ~ ~
"အုးးဝူးးးးဝူးးးအူ"
👹👹👹👹👹👹👹
သန်ခေါင်ယံအချိန်အား ဖြိုခွင်းလိုက်သော ခွေးအူသံကြီးက ဝိဥာဉ်မလေး သူဇာရောက်လာတော့မည်ဟု အချက်ပြလိုက်သည့်နှယ် . . .
. . .
"အမေ အမေ သမီးကို ကယ်ပါအုံး ဟင့် ဟင့် သီဟရေ သူဇာ့ကို ကယ်ပါအုံး"
ညနက်သန်းခေါင်ယံအချိန်တွင်
သူဇာ၏ ခြောက်ကပ်အက်ကွဲသော အသံက သနားဖွယ်ရာ ရွာထဲသို့ တဖန်လွှင့်ပျံ့လာပြန်သည်......။
ထွက်ပေါ်လာသော သမီး၏ ကယ်ပါယူပါ တစာစာအော်ဟစ်နေသံကြောင့်
ဒေါ်သောင်းကြည် စိတ်မထိန်းနိုင်တော့ပဲ အိမ်တံခါးအား ဝုန်းကနဲတွန်းဖွင့်ကာ အပြင်သို့ ပြေးထွက်ခဲ့လေတော့သည်။
"မသောင်း သတိထားအုံးလေ မိန်းမ"
ဦးစိန်ကြိုင် အော်ဟစ်တားရင်း မသောင်းနောက်မှ ပြေးလိုက်သွားလေသည်။
"ဘုတ်"
အမှောင်ထဲတွင် ဒေါ်သောင်းကို တစ်ယောက်ယောက်က ဝင်တိုက်သဖြင့်
"ဟင် ဘယ်သူလဲ"
"အဒေါ် အဒေါ်သောင်းလား ကျွန်တော်ပါ သီဟပါ"
"မောင်ရင်က ဘာထွက်လုပ်တာလဲ"
သူတို့နောက်ဘက်မှ ဦးစိန်မေးသံကြောင့်
"ဒီ ဒီလိုပါ ဦးလေး ကျွန်တော် သူဇာ့ကို ကူညီပေးချင်လို့ သူဇာ့အသံကြားတာနဲ့ အရဲစွန့်ပြီးထွက်လာတာပါ"
"ဟိုမှာ ဟိုမှာ သမီး သူဇာ"
ဦးစိန်ကြိုင် ညွှန်ပြရာသို့ သူတို့ကြည့်လိုက်သောအခါ
မီးခိုးငွေ့လို မှုန်ဝါးဝါးအရာတစ်ခုက
သူတို့ထံသို့ တရွေ့ရွေ့လာနေသည်ကို မြင်လိုက်ကြရလေသည်။
"သမီးလေး အီးဟီးး အမေ့ကိုပြောစမ်း သမီးကို ဘယ်သူသတ်တာလဲ အမေ့ကိုပြော"
ဘဝခြားသွားသော ပရလောကသား သမီးဖြစ်သူကို ကြည့်၍ ဒေါ်သောင်း စိတ်မကောင်းခြင်းကြီးစွာ မျက်ရည်များကျလျက် မေးလေသည်။
သူဇာ့အကြည့်တို့က ဒေါ်သောင်းကိုကျော်၍ ဦးစိန်ကြိုင်ထံသို့ ကျရောက်လာသည်။
"သမီးလေး အဖေ့ကို ဘာပြောချင်လဲ ပြောလေသမီး"
"သမီးကို ကယ်ပါအုံး အဖေ အီးးဟီးး
သူ့ကို ဖမ်းပေးပါ သူ့အပြစ်တွေကို အမြန်ဆုံးဖော်ထုတ်ပေးပါ"
ဝိဥာဉ်မလေး သူဇာ့စကားကြောင့်
ဦးစိန်ကြိုင်တို့ နားမလည်နိုင်ဖြစ်သွားလေသည်။
"သမီးလေး သူဆိုတာ ဘယ်သူလဲ သေချာအောင်ပြောသမီး တရားခံကို အဖေရအောင်ဖော်ထုတ်ပေးမယ်"
"အ အဖေ သ သမီးပြောလို့မရဘူး အဟင့် ဟင့်"
သွေးမျက်ရည်များစီးကျလာလျက် သူဇာ့ဝိဥာဉ်သည် တဖြည်းဖြည်းချင်း လွင့်ပျယ်သွားလေသည်။
"ဟင် ဘယ်လို အဖေ နားမလည်ဘူး သမီး နေအုံးလေ သူဇာ" . . .
_ _ _
"ဗျို့ သူကြီး"
"ဟာ လာဗျို့ ရဲအုပ်တို့ ထိုင်ကြပါ
မမြိုင်ရေ ဆရာတို့အတွက် ရေနွေးချဟေ့"
"လာပြီတော်ရေ့ သမီးရေ ဧည့်သည်တွေကို ရေနွေးဗန်းချပေးလိုက်အုံး"
"ဟုတ်ကဲ့ အမေ"
အထဲမှ အသံများကို နားထောင်ရင်း ကျော်ထိန်မှ
"ရေနွေးနောက်မှလုပ်ပါ သူကြီးရယ် အရင်ဆုံး ထုံးစံအတိုင်း ဦးစိန်တို့လင်မယားကို အခေါ်လွှတ်ပေးပါဗျာ"
"ခေါ်ပေးပါမယ် ဆရာတို့ ဖိုးမောင်ရေ
သွားခေါ်စမ်းဟေ့"
"ခင်ဗျာ ဘယ်သူ့သွားခေါ်ရမလဲ သူကြီး"
"တယ် ငါ့လာမေးနေရသေးတယ် ဆရာတို့ ရောက်လာမှတော့ ကိုစိန်တို့ကိုခေါ်ရမှာပေါ့ ဟဲ့"
သူကြီးငေါက်လိုက်သဖြင့် ဖိုးမောင် ခေါင်းလေးကုတ်ကာ ထွက်ခွာသွားလေသည်။
"အဖေ ရေနွေးရပြီ"
"အေး ချ ချသမီး"
"ကဲ ဆရာတို့ အကြောင်းထူးလား"
"ထူးသမှ ထူးပေါ့ဗျာ
ဒါနဲ့ စကားမစပ် သေဆုံးသွားတဲ့ မိန်းကလေးက ညညဆို မခြောက်ဖူးလား သူကြီးရဲ့"
"ခြောက်သမှ ဆရာတို့ရယ် ညနက်1ချက်လောက်ဆို ခွေးတွေအူပြီး
သူဇာ့ဝိဥာဉ်ကလဲ ကယ်ပါ ယူပါ တစာစာနဲ့ တစ်ရွာလုံးလဲ အဲ့ဒီအချိန်ဆို အသံမကြားရခင်ထဲက နိုးနေကြပြီ"
သူကြီးစကားကြောင့် ကျော်ထိန် ပြုံးလျက်
"အဲ့ဒါ သူလဲ တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားနေတာဗျ"
ကျော်ထိန်စကားကို သူကြီးခေါင်းညိမ့်ထောက်ခံသည်။
. . .
"ဟော့ ကိုစိန်တို့ လာဗျာ သီဟလဲ ပါလာသကိုး ထိုင်ကြ ထိုင်ကြ"
ဝင်လာသော ဦးစိန်တို့ကို ရွာလူကြီးက ဖိတ်ခေါ်လိုက်သည်။
"ဆရာတို့ ကျွန်တော့ သမီးလေးကိစ္စ သတင်းထူးပြီလား"
"ထူးရုံဘယ်ကမတုန်းဗျာ အခုလာတာက တရားခံကိုဖမ်းဖို့ လာတာဗျ"
"ရှင် ဆရာ တရားခံက ဘယ်သူလဲဟင်
ကျွန်မသမီးကို သတ်တာ ဘယ်သူလဲ"
ကျော်ထိန်မဖြေပဲ အသာအယာပြုံးလျက်
ခါးကြားမှ လက်ထိတ်ကိုဖြုတ်ကာ အနီးရှိ သူကြီးဦးစိုးဝင်း၏ လက်ကောက်ဝတ်သို့ လျင်မြန်စွာ ခတ်ချလိုက်လေတော့သည်။
"ဟင်"
"ဟာ"
"ဟယ်"
မယုံကြည်နိုင်စွာဖြင့်
အာမေဋိတ်သံများထွက်ပေါ်လာကြသည်။
"ဟင် ဆရာတို့ ဒါ ဒါ ဘာလုပ်တာလဲ"
"သူကြီးဦးစိုးဝင်းကို သူဇာ့ကိုသတ်တဲ့အမှုနဲ့ ဖမ်းလိုက်ပါပြီ"
"ဟာ မဟုတ်ဖူး ကျုပ်မသတ်ဖူး
ကျုပ်သိလဲ မသိဘူး ကျုပ်ကိုယ်တိုင်တောင် ဆရာတို့ကို လာအကြောင်းကြားတာပဲ"
"ဦးစိုးဝင်း ခင်ဗျား ဥပဒေကို လက်တစ်လုံးခြား မလှည့်စားချင်ပါနဲ့ဗျာ ခင်ဗျား ငွေပေးပြီး စီရင်ခိုင်းခဲ့တဲ့ လှထွန်းကိုလဲ ကျွန်တော်တို့ ဖမ်းထားပြီးပါပြီ ကဲ ငြင်းမနေတော့ပဲ အားလုံးကိုဝန်ခံထွက်ဆိုလိုက်ပါ"
ကျော်ထိန့်စကားကြောင့် ဦးစိုးဝင်း ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။
_ _ _ _ _ _ _ _ _ _ _
{3}
လင်းသစ်စ နေခြည်နုတို့ဖြင့် သာသာယာယာရှိသော နွေဦးရာသီ၏ နံနက်ခင်းဖြစ်သော်လည်း ဆောင်းကြွင်း နှင်းကျန်တို့က မြူမှုန်ဖွေးလျက် အေးမြမြရှိနေဆဲပင်
"အမေ သမီး အရီးထွေးတို့ဆီ သွားလုပ်ကူပေးလိုက်အုံးမယ် အမတို့ကလဲ စောင့်နေကြမှာ"
"သွား သမီး မှောင်ရင်တော့ ပြန်မလာနဲ့တော့ အဲ့မှာပဲအိပ်လိုက်တော့ နှစ်ရွာစပ်က လူပြတ်တယ် သမီး ကြားလား"
"ဟုတ်ကဲ့ အမေ"
~ ~ ~ ~ ~
ညောင်ပင်သာကန်ရှေ့မှ ကုက္ကိုပင်အောက်အရောက်တွင်
သူဇာ့နောက်မှ ခြေသံလိုလိုကြားသဖြင့် လှည့်ကြည့်လိုက်ရာ
"ခွပ်"
သူမဦးခေါင်းပူကနဲဖြစ်သွားပြီး
မျက်လုံးများပြာမိုက်လျက် လဲကျသွားလေသည်။
သို့သော် သူမသတိမလွတ်စေရန် အားတင်းကာ ပြန်ကုန်းထလိုက်ပြီး မျက်နှာပေါ်သို့ စီးကျလာသည့် စေးထန်းနေသော သွေးများအား လက်ခုံနှင့် ဖိပွတ်လိုက်ကာ ထိုလူကို မော့ကြည့်လိုက်တော့
"ဟင် သူ သူကြီးပါလား ကျွန်မကို ဘာလုပ်တာလဲ"
"ဟဲ ဟဲ ဟဲ သူဇာ နင်က တစ်နေ့ထက်တစ်နေ့ လှလာလိုက်တာကွယ် ဟီးးဟီးး"
ဦးစိုးဝင်းပြောလျက် စောစောစီးစီး အဆီပြန်နေသော ရုပ်နှင့် သူ့ဇာ့ကို လှမ်းဖက်လိုက်လေသည်။
"ဟင် လွှတ်စမ်း ငါ့ကိုလွှတ် အားးကယ်ကြပါအုံး အမေရေ ကယ်ပါအုံး"
"ဟင် ဟဲ့ ဟဲ့ မအော်နဲ့လေ"
"ကယ် ကယ်ကြပါအုံးရှင်"
"ဟဲ့ မအော်နဲ့လို့ ကဲ"
"ဖြန်း ဖြန်း ခွပ်"
ဦးစိုးဝင်း အော်ဟစ်ရုန်းကန်နေသော သူဇာ့အား အသံမထွက်စေရန် ထိုးကြိတ်ညှင်းပန်းနေလေသည်။
"အမလေး ကယ်ကြပါ အဟင့် ဟင့် ကယ်ကြပါအုံး အားးး!"
"ဟာ ဒုက္ခပဲ ဒီလောက်တောင်ဖြစ်လှတာ အော်အုံး ကဲ အော်စမ်း အော်"
သူမအော်သံကြောင့် လူသိမှာ စိုးရိမ်သဖြင့်
နောက်ထပ်မအော်စေရန် သူဇာ၏လည်ပင်းကို အားအင်နှင့် ဖြစ်ညှစ်နေမိတော့သည်။
"ကယ် ကယ်ကြ အစ် အစ် အွတ်"
သူမအသံတိတ်သွားတော့မှ ညှစ်ထားသောလက်ကိုဖြေလျှော့လိုက်တော့ သူဇာမြေပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။
"ဟင် သူဇာ ဟဲ့ ကောင်မလေး သူဇာ
ဟဲ့ ဟာ ဒုက္ခပဲ သေပြီထင်တယ်"
ဦးစိုးဝင်း သူမနှာဖျားဝသို့ လက်တေ့လိုက်တော့ ဝင်သက်ထွက်သက်မရှိတော့ပေ။
"ဟာ သေ သေပြီ သူဇာသေပြီ"
သူ အလွန်ကြောက်လန့်ကာ
ပတ်ဝန်းကျင်သို့ ပြူးပြဲ၍ လှည့်ပတ်ကြည့်လိုက်သည်။
နှင်းမကွဲသေးသောမနက်ဝေလီဝေလင်းချိန်ဖြစ်နေသည်မို့လဲ အားလုံး အိပ်ရာထဲကွေးနေလိမ့်အုံးမည်။
သူဇာ တစ်ဖက်ရွာသို့သွားမည်ကို သိထားသော အကြံသမားမို့ သူ့တစ်ယောက်ထဲသာ ဒီနေရာမှာ ပုန်းခိုပြီးစောင့်နေခဲ့ခြင်းဖြစ်သည်။
~ ~ ~ ~ ~ ~ ~
ဦးစိုးဝင်းတစ်ယောက်
လူသတ်ထားမိသည်ဖြစ်၍ မည်သို့မှ နောက်ကြောမလုံပဲ နေမထိထိုင်မသာကြီးဖြစ်နေသည်။
"ကိုစိုး တော်ဘယ်သွားမို့တုန်း"
ထိုင်လိုက်ထလိုက် အကြိတ်အနယ်စဉ်းစားလိုက်ဖြစ်နေသော ယောင်္ကျားဖြစ်နေပုံကို သတိထားမိကာ မမြိုင်လှမ်းမေးလိုက်သည်။
"သြော် ဟို ဟို ရွာထဲခဏသွားမို့ပါကွာ"
သူထွက်လာသည်က သူ့ရွာနှင့် 1မိုင်ခန့်သာ ဝေးသော မဆယ်ဆိပ်ရွာသို့ဖြစ်လေသည်။
. . . . . . .
ဦးစိုးဝင်း ချပေးလိုက်သော ငွေပုံကြီးကို ကြည့်ကာ ဘိုးတော်လှထွန်း၏ မျက်လုံးများအရောင်စုံတောက်ပသွားသည်။
လှထွန်းကား ထောင်နှစ်ရှည်ကျဖူးသော ဝါရင့် ဒုစရိုက်သမား။ ထောင်ကလွတ်လာတော့ အောက်လမ်းပညာများကိုသင်ယူပြီး
ဆေးဆရာလိုလို ဘိုးတော်လိုလို ရုပ်ဖျက်အယောင်ဆောင်ပြီး ဥာဉ်ဆိုးကို မဖျောက်နိုင်ပဲ မကောင်းမှုများကို ဆက်လက်ကျူးလွန်နေသူဖြစ်သည်။
"စိတ်ချစမ်းပါ သူကြီးဦးစိုးဝင်းရယ် ကျုပ်က အောက်လမ်းနိုင်တဲ့ လှထွန်းပါ
ငွေသာရမယ်ဆို အကုန်လုပ်တယ်
ရော့ ဒါလေးကို ကိုယ်နဲ့မကွာဆောင်ထား ဘယ်တော့မှ ဝိဥာဉ်နှောင့်ယှက်လို့မရဘူး ဟားးဟားးဟားး"
သူ့လက်ထဲရောက်လာသည့် သေးငယ်လှသော ပုလင်းလေးကို စူးစိုက်ကြည့်ကာ ဦးစိုးဝင်း အကျေနပ်ကြီး ကျေနပ်နေလေသည်။
_ _ _
လယ်ထဲလွှတ်လိုက်သည့် ဖိုးမောင် အပြေးအလွှားပြန်ရောက်လာသဖြင့်
"ဟဲ့ ဖိုးမောင် ဘာတုန်းကွဲ့"
"သူ သူကြီး ညောင်ပင်သာကန်ကြီးထဲမှာ အလောင်းတစ်လောင်းတွေ့လို့ သူကြီး"
"ဟေ"
ဖိုးမောင်စကားကြောင့် ဦးစိုးဝင်း အလွန်ပင် အံ့အားသင့်သွားလေသည်။
. . . . .
ကျေးရွာအုပ်ချုပ်ရေး လူကြီးပီပီ
သေမှုသေခင်းဖြစ်သဖြင့်
ရဲများကို သူကိုယ်တိုင် အကြောင်းကြားလိုက်သည်။
ဒါမှလဲ တရားခံက သူဆိုတာ မရိပ်စားမိမှာ မဟုတ်လား။
သို့သော် မှင်သေသေဖြင့် သူကြီး၏ပိပိရိရိနေထိုင်မှုများကလဲ
မကောင်းမှု ဒုစရိုက်ကို ကြာရှည်စွာ ဖုံးကွယ်မပေးနိုင်ခဲ့ပါ။
အမှန်တော့ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပင် မဟုတ်ပါလား။
_ _ _
သူမအားရက်စက်စွာသတ်ဖြတ်ခဲ့သောတရားခံအားဖမ်းလိုက်နိုင်သဖြင့် သူဇာကျေနပ်သွားသည်ထင်၏ ။
ထိုညမှစ၍ သူမဝိဥာဉ်လဲ ခြောက်လှန့်ခြင်းမရှိတော့ပဲ ပကတိအေးချမ်းသော
ညောင်ကုန်းရွာလေးအဖြစ်သို့ ပြန်လည်ရောက်ရှိလာလေတော့သည်..........................။ ( ပြီးပါပြီ။ )
စာဖတ်​ပရိတ်​တတ်​ အားလုံးကို ​လေစားလျက်​....။
THE END.
THANK A LOT OF READING.
#Credit - Sue Yint Marn

No comments:

Post a Comment