Monday, June 5, 2017

အဝေးပြေးကားပေါ်က ဝိညာဉ်များ

သရဲစာအုပ် ၏ ဓာတ်ပုံ
အဝေးပြေးကားပေါ်က ဝိညာဉ်များ

အဖေအသည်းအသန်ဖြစ်နေလို့တဲ့ ညနေကအဒေါ်ဖြစ်သူဖုန်းဆက်တယ် အဖေကသွေးတိုးရောဂါအပြင် မကြာသေးမီကမှလေဖြတ်ထားသေးတာ သတင်းကြားကြားခြင်း ချက်ခြင်းပဲလိုက်သွားချင်ပေမယ့် ကျွန်မအလုပ်က မအားနိုင်ဘူး နောက်ဆုံးဖြစ်ချင်ရာဖြစ်အလုပ်ထွက်ရင်ထွက်ရပါစေတော့ ခွင့်စာတင်ပြီးအားချင်းခရီးထွက်ဖို့ပြင်ဆင်ရတော့တယ် ဒီနေ့အတွက်ကအရမ်းနောက်ကျသွားပြီမို့ကားလက်မှတ်မရနိုင်တော့ဘူး 

''စိတ်မလောပါနဲ့အစ်မရယ် အရမ်းကြီးမဖြစ်ဖို့ဆုတောင်းရမှာပေါ့ မနက်ဖြန်မှသွားလိုက်ပါ ''

''ငါစိတ်ညစ်တယ် မေသူရယ် မနေ့တနေ့ကတောင်ငါနဲ့စကားတွေအများကြီးပြောနေကြသေးတာ အခုတော့ချက်ခြင်းနဲ့လက်ငင်း ငါကဘေးနားမှာရှိနေပေးရမှာ ''

''မဟုတ်တာအစ်မရယ် အစ်မလည်းအဖေဆေးကုဖို့အတွက်ကြိုးစားအလုပ်လုပ်နေတာပဲဟာ ''

''အဖေတစ်ခုခုဖြစ်သွားရင် ငါဘယ်လိုလုပ်ရမလဲမသိတော့ဘူး မနေ့ကတောင်ဆေးတွေဝယ်ထားသေးတာ ''

''မနက်ဖြန်ဘာနေ့လည်း ကြည့်လိုက်ဦးမယ် ''

''ဟယ် အစ်မရေမနက်ဖြန်ကားထွက်ပါ့မလား ''

''ဘာဖြစ်လို့လဲမေသူ ''

''မနက်ဖြန်က ၁၂ ရက်နေ့ သဘက်ခါက ၁၃ သောကြာကြီး ''

''ဟင် ဒုက္ခပါပဲ ကားထွက်ပါ့မလား နိမိတ်မကောင်းလို့ဘာလို့မထွက်ကြဘူးမလား ''

''စုံစမ်းကြည့်ရအောင် ကားဂိတ်မှာလုပ်နေတဲ့အသိရှိတယ် ''

''အေးအေးလုပ်ပါဦးမေသူရယ် အစ်မတော့မကြံတတ်တော့ဘူး ''

မေသူက ခေတ္တဖုန်းဆက်ပြီးတော့

''အစ်မရေစိတ်မပူနဲ့ မနက်ဖြန်အရေးကြီးကားတစ်စီးထွက်မှာတဲ့ ခါတိုင်းအချိန်မဟုတ်ဘူး ဟိုကိုစောစောရောက်အောင် ရန်ကုန်ကနေအစောကြီးထွက်မှာတဲ့ ခုံနံပါတ်ပါတစ်ခါတည်းလုပ်ပေးတယ် ၁၅ /၁၆ တဲ့''

''ဟုတ်လားတော်သေးတာပေါ့ဟယ် အခုမှတစ်မျိုးစိတ်အေးရတယ် ''

''အင်းအင်း မနက် အစောပိုင်းသွားရမှာ အိပ်ရေးဝအောင်အိပ်အစ်မ ဘာမှတွေးမနေနဲ့အဆင်ပြေသွားမှာပါ ''

ကျွန်မလည်းအိပ်ဆေးလေးတစ်လုံးသောက်ပြီး အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်တယ် ဒါပေမယ့် ဟိုတွေးဒီတွေးနဲ့တော်တော်နဲ့အိပ်မပျော်ဘူး အဖေသက်သာပါစေပဲဆုတောင်းနေရတယ် မနက်မိုးလင်းခါနီးမှအိပ်ပျော်သွားတော့တယ်

ကားက နေ့လည် ၁၁ နာရီထွက်တယ် မေသူ့အသိကောင်မလေးက ဒီကားက အရေးကြီးမှာထားတဲ့ကုန်တွေကြောင့်ထွက်ဖြစ်တာဖြစ်ပြီး လိုက်စီးတဲ့သူအတော်နည်းကြောင်း ဒီနေ့သွားတဲ့လူတွေလည်း အရမ်းအရေးကြီးလို့ သွားကြတဲ့သူတွေဖြစ်ကြောင်းရှင်းပြတယ်

တကယ်လည်း ကားထွက်တော့ကားပေါ်ပါလာတဲ့လူက ၁၄ ၁၅ လောက်ပဲရှိမယ် ကားဆရာတယောက် စပယ်ယာတစ်ယောက် ဒါလူကုန် ကျွန်မကအမြဲတမ်းကားလက်မှတ်ကို နှစ်ခုံစာဖြတ်နေကြ ဘေးနားမှာယောကျာ်းလေးနဲ့အတူကျမှာကြောက်လို့ ခုကျွန်မဘေးက ၁၃ ၁၄ ခုံကလည်း အဒေါ်ကြီးတယောက်ထဲရယ် လူကတော့တော်တော်နည်းတယ် ကျွန်မနောက်ခုံမှာတော့ အသက်ခပ်လတ်လတ်အရွယ် ယောက်ျားတယောက် သူ့နောက်မှာတော့ ဘယ်သူမှမရှိတော့ဘူး ကားကစထွက်တော့ပုံမှန်ပါပဲ သွားရင်းနဲ့ နှစ်နာရီလောက်ပဲရှိအုန်းမယ် ခန့်မှန်းခြေပေါ့ ကျွန်မလည်းစိတ်တွေရှုပ်နေတာနဲ့ သတိမထားမိဘူး

ကားက ထပျက်တယ် ကားသမားရော ကားစပယ်ယာရော အတတ်နိုင်ဆုံးပြင်နေကြတယ် အကူညီတောင်းစရာ ကားလည်းမရှိဘူး ဒါနဲ့ပဲ
အနီးနားမြို့က လူတွေအကူညီတောင်းပြီးပြင်ခိုင်းရတယ် ကားပြင်ပြီးသွားတော့ အချိန်က ခါတိုင်းကားထွက်တဲ့အချိန်ဖြစ်နေပြီ အားလုံးပြီးတာနဲ့ ကားပြန်ထွက်ကြတယ် ကားသမားက ဘယ်နေရာမှ မရပ်ဘူးတျောက်လျောက်မောင်းတယ် သူတို့လည်းအရေးကြီးကိစ္စရှိပုံပါပဲ ညက အိပ်ရေးပျက်ထားတာကြောင့် ခဏလေးအိပ်ပျော်သွားတယ် နိုးလာတော့ ညရှစ်နာရီတောင်ရှိပီ ကျွန်မတော်တော်အိပ်ပျော်သွားတာပါလား တွေးနေတုန်းဗိုက်က တဂွီဂွီဆာလာတယ် ကျွန်မက ဗိုက်ထဲအစာမရှိရင် ကားမူးတတ်တာကြောင့် နည်းနည်းတော့စိုးရိမ်သွားတယ

သိပ်မကြာဘူး ကားသမားတွေလည်း ညစာစားဖို့ရပ်ကြတော့တယ် ကိုယ့်ပြသာနာနဲ့ကိုယ်မို့ဘယ်သူ့မှဂရုမစိုက်နိုင်ချိန် ကျွန်မဘေးက အန်တီကြီးကအတူခေါ်ပြီး ထမင်းစားဖြစ်ကြတယ် စကားတွေဘာတွေပြောကြတယ် နာရီဝက်ကြာတော့ ကျွန်မတို့လည်းစားသောက်အပြီး ကားပြန်ထွက်ကြတယ်

ကျွန်မလည်း အိပ်ဆေးနဲ့ကားမူးပျောက်ဆေးပါတွဲသောက်လိုက်တယ် ကားပြန်ထွက်တာနဲ့ သိပ်မကြာသေးဘူး အိပ်ဆေးတန်ခိုးကပြနေပြီ ဘေးမှန်ဘက်မှာ အနွေးထည်ကိုခေါင်းအုံးလုပ်ပြီး ကျွန်မမှိန်းနေလိုက်တယ် မျက်စိကမဖွင့်နိုင်အောင်အိပ်ချင်နေပေမယ့် နားထဲမှာအသံတွေကြားနေရတယ် စကားပြောသံတွေ ရယ်မောသံတွေ ကလေးငိုသံတွေကော ဒီလောက်ဆူညံနေတာ ကားပေါ်မှာဇာတ်လမ်းဖွင့်ထားလို့များလားလို့တွေးမိတယ် တဖြည်းဖြည်းကြာလာတော့ အသံတွေကတဖြည်းဖြည်းကျယ်လာတယ် ဇာတ်လမ်းထဲကအသံတွေအပြင် အပြင်လူတွေစကားသံတွေပါကြားလာရတယ် နားငြီးလွန်းလို့ဘယ်လိုမှဆက်အိပ်လို့မရတော့ဘူး
လူးလဲထပြီး နာရီကြည့်လိုက်တော့ ၁၁ နာရီခွဲတော့မယ် ဘယ့်နှယ့် လူတွေဒီချိန်ထိမအိပ်ကြသေးဘဲ စကားတွေများနေကြပါလိမ့် သူများတွေလည်းအိပ်ရင်အိပ်နေမှာပေါ့ အလိုက်ကန်းဆိုးကိုမသိဘူး ဘယ်သူတွေပြောနေကြတာလဲဆိုပြီး ထိုင်နေခုံကနေနည်းနည်းထပြီး ကြည့်လိုက်တယ် ထူးဆန်းလိုက်တာ ကားတစ်စီးလုံးအိပ်မောကျလို့

ကားသမားရယ် စပယ်ယာရယ်ပဲ နိုးနေတဲ့လူရှိတယ် သူတို့တွေလည်း စကားမပြောကြဘူး ဖွင့်ထားတာတဲ့ဇာတ်ကားက အသံတွေလည်းမဟုတ်ဘူး ခုနကစကားပြောသံတွေကို ကျွန်မနားနဲ့ဆက်ဆက်ကြားခဲ့တာပဲလေ အခုတော့အသံတွေမကြားရတော့ပြန်ဘူး အိပ်ဆေးအရှိန်ကြောင့်များလား အရမ်းလည်းအိပ်ချင်လာတာကြောင့် ပြန်အိပ်လိုက်တာ အိပ်လို့တောင်မပျော်သေးဘူး ဆူညံဆူညံသံတွေကြားနေရပြန်တယ် ဒုက္ခပါပဲ အသံတွေကိုနားထောင်ကြည့်တော့လည်း ဘာသံတွေမှန်းမသိဘူး စကားပြောသံတွေက ရှုပ်ထွေးနေတယ် လက်ကိုင်အိတ်ထဲက တစ်ရှုး နှစ်ရွက်လောက်ထုတ်ပြီး နားပိတ်ထားလိုက်တယ် အသံတွေတော့သိပ်မကြားရတော့ဘူ

အခုမှစိတ်အေးလက်အေး အိပ်နိုင်တော့တယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကာမှ အသက်တောင်ရှုလို့မရလောက်အောင်ကို နှာခေါင်းထဲကို အနံ့ဆိုးကြီးဝင်လာတယ် မြောင်းပုပ်နံ့လိုလို အသားစိမ်းငါးစိမ်းနံ့လိုလို အော်ဂလီတောင်ဆန်လာတယ်

ကားသမားတွေ အသားငါးတွေများတင်လာသလား ပုပ်မှာ အနံ့ထွက်မှာစိုးလို့ နေ့ချင်းအရောက်မောင်းတာဖြစ်မယ် တဖြည်းဖြည်းအနံ့က ပိုပိုဆိုးလာတယ် မခံမရပ်နိုင်အောင်ပါပဲ တခြားလူတွေကြည့်တော့ ဘာနံ့မှမရသလိုပဲ ကျွန်မလည်းပိတ်ထားတဲ့နှာခေါင်းကို ပြန်ဖွင့်ပြီးအသက်ရှုကြည့်တော့ ဘာနံ့မှမရတော့ပြန်ဘူး ဒီကားက ဘာတွေဖြစ်နေတာပါလိမ့် ခုနကတည်းက ထူးဆန်းနေတယ် နာရီကြည့်တော့ ည ၂ နာရီရှိပြီ ဒီနေ့က ၁၃ သောကြာရောက်ပီပဲ စိတ်ထဲ ထင့်ကနဲဖြစ်သွားမိတယ် ဒါနဲ့ပဲ ကျွန်မလည်း လက်ကိုင်အိတ်ထဲက ရှုဆေးဘူး ရှာနေတုံး စိတ်ထဲမှာတယောက်ယောက်က စိုက်ကြည့်နေသလိုခံစားလာရတယ် ဘေးဘီဝဲယာကြည့်တော့လည်းဘယ်သူမှစိုက်ကြည့်မနေကြဘူး စိတ်ထင်တာဖြစ်မှာပါလေဆိုပြီး ဆက်ရှာနေတုန်း ကျွန်မဘေးမှာကို တယောက်ယောက်လာစောင့်ကြည့်နေသလိုမျိုးကြီး ကြက်သီးလည်းထလာတယ် ဘာဖြစ်တာပါလိမ့် ကျွန်မစိတ်မလုံတော့ဘဲ ဘေးဘက်မှန်ထဲကြည့်လိုက်တော့ ကားထဲကမီးရောင်ကြောင့် ထင်ထင်ရှားရှားမြင်ရတယ်

ထူးဆန်းတာက မှန်ထဲမှာ ကျွန်မတယောက်ထဲမဟုတ်ဘဲ တခြားလူတယောက်ကိုပါမြင်နေရတယ် အဲ့ဒီ့လူက ကျွန်မကိုစိုက်ကြည့်နေတာ ပြုံးနေသလိုလိုပဲ ရုတ်တရက်ဆိုတော့ ကြောင်သွားပြီး အဲ့ဒီ့လူကိုပြန်ကြည့်နေမိတယ် သူကကျွန်မ ဟိုဘက်ဘေးကအန်တီကြီးဘေးကထိုင်ခုံမှာထိုင်နေတာ ကျွန်မတဘက်လှည့်ကြည့်တော့ ဟိုဘက်ခုံမှာအန်တီကြီးတယောက်ထဲ သူကလည်းအိပ်မောကျလို့ သူ့ဘေးမှာလည်းဘယ်သူမှမရှိဘူး ကျွန်မအတော်လေးလန့်သွားတယ် မှန်ထဲပြန်ကြည့်တော့ ခုနကလူမရှိတော့ဘူး အိပ်ချင်နေတာတောင်ဘယ်ရောက်သွားမှန်းမသိဘူး
ရင်တွေတဒိန်းဒိန်းတုန်လာတယ် ခုနကလူမျက်နှာကြီးမျက်လုံးထဲကမထွက်သေးဘူး စောနကအနံ့ဆိုးကြီးပြန်ရလာပြန်တယ် အနံ့ကြီးကတော်တော်ကိုဆိုးလာတယ် မှန်ထဲလည်းမကြည့်ရဲဘူး စောနကလူကြီးပြန်ပေါ်လာမှာစိုးလို့ ဒါပေမယ့်လည်းမနေနိုင်ဘူး ကြည့်ချင်မိပြန်တယ် စိတ်တင်းပြီး ဖြည်းဖြည်းချင်းမှန်ထဲကိုကြည့်လိုက်တော့
ခုနကလူကြီးကစိုက်ကြည့်နေပြန်တယ် လန့်မအော်မိရုံတမယ်ပဲ အဲ့ဒီ့အချိန်မှာပဲ နောက်ခုံမှာထိုင်နေတဲ့ အစ်ကိုက ဝုန်းဆိုရှူရှူး
ရှဲရှဲ နဲ့ ကျွန်မဘေးလာထိုင်တယ်

နဂိုကလန့်နေရတဲ့အထဲ သူရောက်လာတော့ ကျွန်မအော်တော့မဲ့ဆဲဆဲ သူကပါးစပ်ဖမ်းပိတ်လိုက်တယ်
ပြီးတော့မျက်လုံးကြီးပြူးပြီး

''ကျနော့ဘေးထိုင်ခုံမှာ လူမရှိဘဲ စကားပြောသံတွေကြားနေရတယ် ပြီးတော့နောက်ထိုင်ခုံကရောပဲ အပုပ်နံ့တွေလည်းရတယ် ဒီကားက မသန့်ဘူးထင်တယ် ''

''ဟုတ်တယ် ကျွန်မလည်းအနံ့ရတယ် ပြီးတော့ ဟိုဘက် ခုံကအန်တီကြီးဘေးမလူမရှိဘဲနဲ့ ဒီဘက်မှန်ထဲမှာ လူတယောက်ကိုမြင်နေရတယ် ''

''ဟုတ်လား ဘယ်မှာလည်း ''

သူကြည့်လိုက်တဲ့အချိန်မှာပဲ မှန်ထဲကလူကြီးက ကျွန်မတို့နှစ်ယောက်ကိုစိုက်ကြည့်နေတယ်

''အောင်းးးးးးမလေးးးးဗျ သရဲ သရဲ အားးးးး ''

သူလည်းမျက်စိကြီးမှိတ်ပြီးအတင်းအော်တော့တာပဲ ကားလည်းတုန့်ကနဲရပ်တော့မလိုဖြစ်သွားတယ် ကားပေါ်ကလူတွေလည်းလန့်နိုးလာတယ် ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဆိုပြီး ထကြည့်ကြတယ် ကားစပယ်က ဟာဘာဖြစ်တာလဲဗျို့ဆိုပြီးအော်ပြီးလာနေရင်းနဲ့ ကျွန်မတို့နားမရောက်ခင် တခုခုကိုမြင်ပြီးလန့်သွားတယ် မျက်လုံးကြီးက အပြူးသားနဲ့ မတ်တပ်ရပ်ပြီးကြည့်နေတဲ့တခြားလူတွေလည်း ပါးစပ်အဟောင်းသားနဲ့ကြည့်နေကြရင်း အန်တီကြီးတယောက်က ထအော်တော့တယ်

''သရဲးးးးးးးး ''
ကားနောက်ဆုံးထိုင်ခုံမှာ ခေါင်းပြားချပ်နေတဲ့လူတွေ သွေးတွေ သံတွေအလိမ်းလိမ်းနဲ့လူတွေ ထိုင်နေကြတယ်
ကျန်တဲ့လူတွေလည်း အော်သံကြားမှသတိရပြီးအကုန်လုံးအစုလိုက်အပြုံလိုက် ထွက်ပေါက်ကိုဒရောသောပါးပြေးကြတော့တယ် ကားသမားလည်းဘာဖြစ်မှန်းမသိဘူး

''ဆရာ ကားရပ် ကားရပ် ကားပေါ်မှာ သရဲတွေပါလာတယ် ''

ကားဆရာလည်း ကားရပ်လိုက်တော့တယ် ဒါပေမယ့် ကားတံခါးက လုံးဝဖွင့်မရဘူး အကုန်လုံးလဲကားမှန်တွေကိုထုကြရိုက်ကြနဲ အပြင်ဘက်မှာလည်းမှောင်ပိန်းလို့

''ကားတံခါးဖွင့်လို့မရဘူးဗျို့ လုပ်ကြပါအုန်းးး ''

''ကားဆရာရေ လုပ်ပါဦး ''

''စပယ်ယာအစ်ကိုကြီး မှန်ကိုရိုက်ခွဲလို့မရဘူးလား ''

''ရိုက်ခွဲစရာပစ္စည်းမပါဘူးအစ်မလေး''

''ဒုက္ခပါပဲ မှန်ပြတင်းလည်းဖွင့်မရဘူး ''

''ဟုတ်တယ် နောက်ပိုင်းကားတွေက မှန်အသေတွေဖြစ်ကုန်ပြီ ''

''လုပ်ပါဦး အကုန်သေကုန်တော့မယ် ''

ကျွန်မတို့ကသာသွေးပျက်ချောက်ခြားနေတာ သရဲတွေက သူတို့ဘာသာထိုင်နေကြတယ်

''မရဘူး အကုန်လုံး ခဏစိတ်အေးအေးထားပေးပါ မကြောက်ပါနဲ့ ခင်ဗျားတို့ကသာကြောက်နေတာ သူတို့ကဘာမှမှမလုပ်တာပဲဟာ ကြည့်ပါဦး ''

ကားစပယ်ယာပြောလိုက်မှ အကုန်လုံးအသံတိတ်သွားကြတယ်

ပြောနေတုန်းမှာပဲ သရဲတွေဆီကနေကြောက်စရာကောင်းတဲ့အသံကြီးတွေထွက်လာတယ် အားးအား မလုပ်ပါနဲ့ဆိုတဲ့အသံတွေကသွေးပျက်မတတ်ပါပဲ ယောက်ျားသားတွေလည်းလှုပ်လှုပ်လှုပ်လှုပ်ဖြစ်လာပြီး တံခါးဖွင့်နိုင်ဖို့ကြိုးစားနေကြတယ် အမျိုးသမီးတွေက ငိုသူကငိုလို့ ခုနကသူတို့ဟာသူတို့နေရင်းက အခုမှဘာဖြစ်တာပါလိမ့်လို့တွေးနေတုန်း ကျွန်မသတိထားမိတာက ရှေ့ဆုံးခုံမှာထိုင်နေတဲ့အန်တီကြီးက ဘုရားစာရွတ်နေပုံပါပဲ ကျွန်မကြားဖူးတာ သွှဲတွေ ဝိညာဉ်တွေက ဘုရားစာရွတ်တဲ့ဒဏ်မခံနိုင်ကြပါဘူး ဒါဟာသူတို့ကိုဒုက္ခပေးရာရောက်ပါတယ်

''အန်တီ ဟိုအန်တီကြီးဘုရားစာရွတ်နေတာလား''

အန်တီကြီးကခေါင်းဖြည်းဖြည်းချင်းငြိမ့်ပြတယ်

''ဟာ အန်တီမရွတ်နဲ့တော့ အဲ့ဒါသူတို့ကိုဒုက္ခပေးရာရောက်တယ် မရွတ်ရဘူး မေတ္တာပို့ အမျှဝေတာလောက်လုပ်ပါ ''

''ဟော ကျွန်မအကြံတစ်ခုရပြီကားဆရာ သူတို့က မကျွတ်မလွတ်လို့ကျွန်မတို့ကို ကိုယ်ထင်ပြတာပဲ သူတို့ကိုအမျှတန်းပေးဝေစေချင်လို့ဖြစ်မယ် အကုန်လုံးစုပြီး မေတ္တာပို့အမျှဝေကြမယ် ''

''ဟာကောင်းတယ် အလှူလေးနဲ့ရေစက်ချအမျှဝေမှဖြစ်မယ် ''

ဦးလေးကြီးတစ်ယောက်ကနေပြီး ကားခေါင်းခန်းထဲက ဘုရားပုံတော်နဲ့ ဆင်းတုတော်ကို ပါလာတဲ့မုန့်တွေ ရေချမ်းတွေကပ်ပြီး ဦးလေးကြီးက ရှေ့ကတိုင်တယ် ကားပေါ်ပါလာတဲ့ခရီးသည်တွေအားလုံး နောက်ကလိုက်ဆိုကြပြီး

'' ဤကောင်းမှုကြောင့် အခုကားပေါ်မှာပါလာတဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်အပေါင်းတို့ အမျှတန်းရကြပါစေအမျှပေးဝေပါ၏'' ဆိုပြီး အကုန်လုံးအမျှတန်းပေးဝေကြပြီးတာနဲ့ ရုတ်တရက် နောက်ခုံမှာထိုင်နေတဲ့ဝိညာဉ်တွေထံကနေ သာဓုခေါ်သံများသုံးကြိမ်တိုင်တိုင်ကြားရပါတော့တယ် အသံတွေဆုံးတာနဲ့ချက်ခြင်းပဲ ကွယ်ပျောက်သွားတော့တယ် အကုန်လုံးလဲဝမ်းသာသွားကြတယ် ကားစက်လည်းပြန်နိုးလို့ရပြီး ကားတံခါးလည်းပြန်ဖွင့်လို့ရသွားတယ် အပြင်မှာက မနက်လေးနာရီလောက်ရှိရော့မယ် အလင်းရောင်ဖျဖျ ဝင်လာနေပြီ ကားလည်းဆက်သွားဖို့ဆုံးဖြတ်လိုက်တယ် အပုပ်နံ့တွေဘာတွေမရတော့ဘူး

ဒါပေမယ့် အကုန်လုံး ရှေ့နားမှာပဲစုပြုံစီးကြတယ် သိပ်မမောင်းရဘူး မနက်မိုးလင်းသွားတယ် မနက်လင်းတော့မှ ကိုယ့်နေရာကိုယ်ပြန်ထိုင်ရဲတော့တယ် ကျွန်မနောက်ခုံကလူကပစ္စည်းတွေယူပြီး ကျွန်မဘေးမှာလာထိုင်တယ် သူလည်းအတော်လန့်သွားပုံပါပဲ

နှစ်နာရီကျော်ကျော်လောက်ဆက်မောင်းတော့မှ ကားကြီးဂိတ် ကိုရောက်တော့တယ် ကျွန်မလည်းပစ္စည်းတွေအမြန်ထုတ် ပြီးတော့ဆေးရုံကိုတန်းပြေးရတော့တယ် ခုလေးတင်သေမလိုဖြစ်ခဲ့ရတာကိုတောင်မေ့သွားတယ်

ဆေးရုံရောက်တော့ အဖေကဘာမှသိပ်မဖြစ်ဘူး ဒါနဲ့ကျွန်မလည်းအဖေနားမှာဆက်နေဖြစ်တယ် ဒါပေမယ့် အဲ့ဒီ့နေ့ကကိစ္စအရမ်းသိချင်တာနဲ့ ဖုန်းဆက်ပြီးစုံစမ်းကြည့်တော့ အဲ့ကားမောင်းတဲ့ကားဆရာကိုယ်တိုင်ကပြောပြတာ အဲ့ဒီ့နေ့ကကျွန်မတို့စီးလာတဲ့ကားက accident ဖြစ်ထားတဲ့ကားပါတဲ့ မှောက်တုန်းက နောက်ခြမ်းတခြမ်းလုံး ပိန်ချိုင့်ပြီး နောက်ဘက်ပိုင်းကလူတွေအကုန်လုံးပွဲခြင်းပြီးသေခဲ့ပါသတဲ့လေ

ပြီးပါပြီ


No comments:

Post a Comment