Monday, June 5, 2017

မေမေ ယုံပါနော်

မေမေ ယုံပါနော်
(စဆုံး/)
ရန်ကုန်တိုင်း ( . . . ) မြို့ ( . . . ) ရပ်ကွပ်လေးတွင် နေထိုင်လျှက်ရှိသော မိသားစုတစ်စုဧ။် ဖြစ်ရပ်မှန်လေး
ပါ။
ဇာက်လမ်းမှာ ပါဝင်သော အမည် ရပ်ကွပ် နေရာများကိုချယ်
လှယ်ထားပါသည်။
ရန်ကုန်တိုင်း အင်းစိန်မြို့ တွင် နေထိုင်လျှက်ရှိသော
ဦးအောင် ၊ နှင့် ဒေါ်ထွေးရီ ၊ ဆိုသော လင်းမယား နှစ်ဦးသည်
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ် ကျသည် ဇနှီးမောင်နှံ
ပင်ဖြစ်သည်။
ရပ်ကွက်ထဲရှိ လူးများ အားကျရသော ဇနှီးမောင်နှံလည်း
ဖြစ်သည်။
ဦးအောင် နှင့် ဒေါ်ထွေးရီမှာ ငယ်ရည်းစားများ ဖြစ်ကျပြီး
မိဘများ သဘောမတူသည် ကြားကပင် လက်ထက်ခဲ့ကျသည်
ကိုလမ်းကိုရွေးပြီး တစ်အိုးတစ်အိမ် ထူထောင်ခဲ့သည်မှာ
ယခုဆိုလျှင် သားတစ်ယောက် သမီးတစ်ယောက် ပင် ရှိနေခဲ့ပြီ
ဦးအောင် နဲ့  ဒေါ်ထွေးရီ တို့ လင်မယားမှာ သာမန်မီသားစု
တစ်စုပင်ဖြစ် သည်။
ဦးအောင် သည် သာမန် ဝင်တန်းတစ်ယောက် ဖြစ်ပြီး
ဒေါ်ထွေးရီ ကလည်း ကုန်စိန်းသည် တစ်ယောက်ဖြစ်သည်။
ဒီလိုနဲ့  သားသမီးနှစ်ယောက်ကို ရှာဖွေကြွေးမွေးလာတာ
အနှစ် နှစ်ဆယ်ပင် ကျော်ခဲ့ပြီ ဖြစ်သည်။
အကြီးသားမှာ နိုင်ဦး ဖြစ်ပြီး ဇာဇာ က နိုင်ဦးနဲ့ ဆိုလျှင်
သုံးနှစ်ကျော်ကျော်သာ ကွာသည်။
နိုင်ဦးမှာ ဆယ်တန်း တက်နေပြီး ဇာဇာက ခုနှစ်တန်းပင်
ဖြစ်သည် ။
ဒီလိုနဲ့ ဦးအောင် နဲ ဒေါ်ထွေးရီ ကောင်းစွာ အိပ်စက် နေချိန်မှာ ဒေါ်ထွေးရီ ထူးထူးဆန်းဆန်း အိမ်မက်ကို မက်လိုက်
ရသည်။
ဒေါ်ထွေးရီ အိမ်မက် ထဲကို ကလေးတစ်ယောက် ရောက်
လာပြီး မေမေ . . . မေမေ . . . သားမေမေတို့ နဲ့  နေချင်တယ်
ဟုပြောကာ လက်ထဲမှာ အထုပ်ကြီး တစ်ထုပ်ကိုလည်း ကိုင်ထားသည်။
ကလေးရဲ့  နောက်မှာ မက်တက်ရပ်နေသော လူကြီးနှစ်
ယောက်ကလည်း ထူးဆန်းနေသည်မှာ အမှန်ဖြစ်သည်။
ထိုလူကြီး နှစ်ယောက်မှာ ကလေးကို ဆောက်ရှောက်နေပုံ
ဟန်ဖြစ်သည်။
ထိုအချိန်မှာ ဒေါ်ထွေးရီ အိမ်မက်က လန့် နိုးသွားသည်ပင်
ထူးဆန်းလှသော အိမ်မက်ကြောင့် ပြန်၍ပင် အိပ်ဆက် မရတော့
ပါ အတွေးများနှင့်သာ မိုးလင်းခဲ့ရသည်။
လင်းကြက်များ တွန်၍ မနက်မိုးသောက် အလင်းရောက်ရှိခဲ့
ပြီ ဒေါ်ထွေးရီ ညကမက်ခဲ့သော အိမ်မက် အကြောင်းကို
ဦးအောင် အား ပြောပြ လိုက်တော့သည်။
ထူးထူးဆန်းဆန်း ပါလားကွ မင်းအိမ်မက်က ဟုတ်တယ်ရှင် ကျမလည်း အဲ့ဒါပဲ စဉ်းစားနေတာ။
တစ်နေ့ ဒေါ်ထွေးရီ မှာ ကိုယ်ဝန်ရှိလာခဲ့သည် တိုက်ဆိုင်
တာပဲလား တကယ်ပင်လားဆိုတာ ( . . .) လွဲ၍ မည်သူမှ မသိ
နိုင်ပါ။
ဒေါ်ထွေးရီ ကိုယ်ဝန်ရှိလာတော့ ဦးအောင်က ဝမ်းသာနေ
သော်လည်း နိုင်ဦး နှင့် ဇာဇာက မူ ထိုကလေး ကို ဖြတ်ချခိုင်း
တော့သည်။
အမေ. . . အမေဗိုက်ထဲက ကလေးကို ဖြတ်ချလိုက်ပါ
သား ညီအကို မောင်နှမ ထက်မလိုချင်တော့ဘူး ဖြတ်ချလိုက်ပါ
အမေ. . .။
အမယ်လေး ၊ .. .သား နိုင်ဦး မင်းဘယ်လို စကားပြော
လိုက်တာလည်း ဟုတ်တယ်အမေ အဲ့ကလေးကို မွေးမယ်ဆိုရင်
သား ကျောင်းဆက်မတက်တော့ဘူး။
ဟုတ်တယ် အမေ သမီးလည်း မလိုချင်ဘူး ဖြတ်ချလိုက်ပါ
ဒီအရွယ် ကြီးကျမှ ရှတ်စရာကြီး အမေရာ။
ဒေါ်ထွေးရီ မှာ နိုင်ဦး နဲ့  ဇာဇာ စကားကြောင့် အလွန်ခေါင်း
ရှုပ်သွားရသည်။
တစ်ရက်မှာ ဦးအောင် အလုပ်က အပြန် ကားတိုက်ခံရ၍
နေရာမှာပင် ပွဲချင်းပြီး သေသွားခဲ့သည်။
ဟီး . . .ဟီး . . ၊ ကိုအောင် ကိုအောင် အဖြစ်ဆိုးလှချည်
လားရှင် အမေ ၊ . . အဖေသေရတာ အမေဗိုက်ထဲက ဂျိုကောင်
ကြောင့် အဖေ သေရတာ။
ဟုတ်တယ် အမေ သမီးတို့ သာယာနေတဲ့ မိသားစု ဘဝလေးကိုဖြတ်တာ အမေ ဗိုက်ထဲက ဂျိုကောင်ပဲ။
အဟီး . . .နိုင်ဦး နဲ့ ဇာဇာ မှာ ဖခင်သေရတာ ဒေါ်ထွေးရီ ဗိုက်ထဲက ဂျိုကောင်ကြောင့် ဟု ပြစ်တင်ပြောဆိုကျတော့သည်။
ဒေါ်ထွေးရီ မှာ သားသမီး နှစ်ယောက်ကိုကြည့် ပြီး စိတ်မ
ကောင်း ဖြစ်သွားတော့သည်။
ဦးအောင် ရက်လည်နေ့ သို့ ရောက်ရှိလာခဲ့ပြီ နားရေးကို
လာကျသော လူတစ်ချို့ ကတော့ လင်သေလို့ ပူဆွေးသောက
ရောက်နေသော ဒေါ်ထွေးရီကို အားပေးစကား ပြောကျသည်။
တစ်ချို့ ကတော့ သိကျတဲ့ အတိုင်းပဲ မီးလောင်ရာ လေပင့်ကျတာပေါ့ဗျာ။
ဒေါ်ထွေးရီ ရှင့်ဗိုက်က ကြည့်ရတာ တစ်မျိုးကြီးပဲနော်
ရှင့်ယောက်ကျား သေတာ သွေးရိုး သားရိုးမှ ဟုတ်ရဲ့ လား. . ရှင်
လူတောင်မဖြစ်သေးတဲ့  ကလေးကို ဝိုင်းပြီး အပြစ်တင်နေ
လိုက်ကျတာဗျာ။
ဖခင် သေတဲ့ချိန်က စပြီး နိုင်ဦး နဲ့ ဇာဇာ မှာ ဒေါ်ထွေးရီဧ။် ဗိုက်ထဲက ရင်သွေးငယ်လေးကို မုန်းတီး နေကျတော့သည်။
ဦးအောင် ဆုံးတာ စနေနေ့  ရက်လည်ညမှာ ဒေါ်ထွေးရီ
အိမ်မက်ထဲကို ဦးအောင် ရောက်ရှိလာပြီး ထွေးရီ ထွေးရီ ထပါဦး
ဟင် ကိုအောင် ရှင် ရှင်မသေဘူး ဟုတ်လား ငါ သေသွားပါပြီ
ထွေးရီ ငါပြောတာလေးကို သေချာနားထောင်ပေးပါ။
ပြောလေ ကိုအောင် ကျွန်မ ဘာလုပ်ပေးရမလည်း ငါ ပြော
မယ် ထွေးရီ ငါသေနေ့ စီ့ လို့ သေရတာ ဘယ်သူကြောင့်မှ
မဟုတ်ဘူး။
နောက်ပြီး ဗိုက်ထဲက ကလေးကို မွေးပါ ကောင်းကောင်းမွန်
မွန် စောင့်ရှောက်ပါ။ သူဖြစ်ချင်တာကို ဖြည့်ဆည်းပေးပါ။
အရေးကြီးဆုံး အချက်က ပါးစပ် စီးစောင့်ပါ မဆဲမဆိုပါနဲ့ 
ဒုတ်ခ ရောက်လိမ့်မယ် ထွေးရီ . . . .ထွေးရီ ပါးစပ် စီးစောင့်ပါ..
ကိုအောင် . . . ကိုအောင် ၊ အိမ်မက်က ဒေါ်ထွေးရီလန့် နိုးသွား
တော့သည်။
ဒေါ်ထွေးရီ ဗိုက်က ရှစ်လကျော် ကိုးလအတွင်းသို့ ရောက်ရှိ
လာခဲ့တော့သည် တိုက်ဆိုင်မူ့ ပင်လား။
နိုင်ဦး ဆယ်တန်းအောင်စရင်း ထွက်မည့် နေ့ မှာ ဒေါ်ထွေးရီ
ဗိုက်ကအလွန် နာလာသည် ကလေးကို ထိန်းမရအောင် မွှေးချင်
လာတော့သည်။
အောင်စရင်း ထွက်မှာ မနက်လေးနာရီ ထိုညမှာ ကလေးမွေးချင်လာသည်က ထိုကလေး လေး အတွက် ကံဆိုးချင်း များလား။
ဇာဇာ က ရပ်ကွက်ထဲက လက်သည် အဒေါ်ကြီး ပြေးခေါ်
တော့သည် လက်သည် အဒေါ်ကြီး ရောက်လာ သော်လည်း
ကလေးက တော်တော်နဲ့ မွေးမရ အခက်တွေနေရသည်။
နိုင်ဦးမှာ အောင်စရင်း ကြည့်ရန် သချင်းတစ်စုနဲ့ အတူပင်ရှိနေ
သည် အောင်စရင်း ထွက်မဲ့နေဆိုတော့ ကျောင်းတုန်းကသချင်း
တွေနဲ့ စောစောဆုံဖြစ်ကျ သည်။
လက်သည် အဒေါ်ကြီးပင် တုန်လှုတ်လာသည် အဘယ်
ကြောင့် ဆိုသော သူ လက်သည် သတ်တန်း တစ်လျှောက်
ကလေး တစ်ယောက်ကိုပင် လေးဆယ်ငါးမိနစ် တစ်နာရီကြာ
အောင်ပင် မမွေးခဲ့ရ။
နိုင်ဦး တို့  သယ်ချင်းတစ်စုလည်း အောင်စရင်းထွက်ပြီမို့ 
သွား ကြည့်တော့သည်။
အူဝဲ . . .အူဝဲ ကလေးငိုသံနဲ့ အတူ လက်သည် အဒေါ်ကြီးဧ။် လက်ထဲကို ကလေး ရောက်ရှိလာတော့သည်။
ဒေါ်ထွေးရီ မှာ ပင်ပန်း၍ အိပ်ပျောသွားခဲ့သည်။
ထူးထူးဆန်းဆန်း အောင်စရင်း ကြည့်နေကျတဲ့ နိုင်ဦးတို့ 
သယ်ချင်းအားလုံးထဲမှာ နိုင်ဦးတစ်ယောက်သာ ကျသည် ကြံတဲ့
သူအားလုံး အကုန် အောင်ကျသည်။
ထိုအချိန်မှ စပြီး ကလေးဘဝ စတင်ပါပြီ
ကလေးဧ။် နာမည်မှာ ဇွဲ ဖြစ်သည်ဇွဲလေ ဆယ်နှစ်သား
 အရွယ် မှာ ထူးထူးချားချား ပင်ဖြစ်လာခဲ့သည်။
မေမေ ရေ မေမေ ဒီမှာ ဘာထုပ်ကြီးလည်း မသိဘူးမေမေ
ဟဲ့ သေနာ လေး ဘာလို့ ဒီလောက် အော်နေရတာလည်း
မေမေ ဟိုမှာ ဘာထုပ်ကြီးလည်းမသိဘူး။
ဒေါ်ထွေးရီ ကြည့်လိုက်တော့ ဟာ အမယ်လေး
ယောက်ကျားရေ ယောက်ကျား လာကြည့်ပါဦးတော် ဘာလည်း
ကွ ဒီမှာ ကြည့်ပါဦး ဟာ ရွှေတွေ ရွေတွေပါလား ငါတို့ ချမ်းသာ
ပြီ ချမ်းသာပြီ ဟား ဟား ။
ဒေါထွေးရီ ကိုတင့် ဆိုတဲ အလောင်းကစားသမားနဲ့ နောက်အိမ်ထောင် ပြုလိုက်သည်။
ဒေါ်ထွေးရီ နောက်အိမ်ထောင် ပြုလိုက်ခြင်း အတွက်
နိုင်ဦး နဲ့ ဇာဇာ မှာ မိခင်အပေါ မကြည်ဖြူကြပေ။
သား၊ သမီး၊ သားနဲ့ သမီး၊ ဒီမှာ လာကြည့်စမ်း၊ ဟာ ၊အမေ၊
သားတို့ ချမ်း သာပြီပေါ့နော်။ သမီးတို့ ၊ချမ်းသာပြီပေါ့နော် ၊အမေ
ဒါပေါ့ သားနဲ့ သမီးရ ဒါပေါ့။
ဇွဲလေးကိုပင် ရှိတယ်လို့ ပင်မထင်ကျ လူရာ မသွင်းကျ နိုပ်ဆက်ကျသည် ကျောင်းမထားပေး စာမသင်ခိုင်း အခိုင်းအစေ
တစ်ယောက်လိုသာ ဆက်ဆံကျသည်။
ထိုအရာတွေကို အပြစ်မမြင်ပဲ မိသားစုနဲ့ အစင်ပြေအောင်
နေသည် မိသားစု အပေါ်မှာ အမှားတစ်ခုမှမလုတ်ခဲ့ပူးပါ။
ဇွဲ လေးက ကျောင်းစာမသင်ရပဲနဲ့  အလိုလို ရေးတက်
ဖက်တက်နေသည်က ထူးဆန်း နေဧ။်
ဟိုဘက် ရပ်ကွက် က ခြံနဲ့ တိုက်ကိုပင် ဝယ်လိုက်
တော့သည် ထို ခြံနဲ့ တိုက်လေးကို ဇွဲမြင်တော့ စိတ်ထဲမှာ ပျော်
သွားမိသည်။
ထိုအိမ်လေး မှာ ဇွဲ က အပေါထက် လသာဆောင်နားက
အခန်းမှာ နေရ သည်။
အောက်ထက်ရှိ အခန်းသုံးခန်းကို ဒေါ်ထွေးရီနဲ့ ကိုတင့်က
တစ်ခန်း ၊ နိုင်ဦး က တစ်ခန်း၊ ဇာဇာက တစ်ခန်း၊ ကိုစီ နေရာယူ
ကျတော့သည်။
ဇွဲလေး က လသာဆောင်ဘေးက အခန်းကိုသာရသည်
သို့ ပေမဲ့  ဇွဲလေးကတော့ ပျော်နေရှာသည်။
ဒေါ်ထွေးရီ နဲ့ ကိုတင့်က ဖဲဝိုင်းတကာ ဖဲဝိုင်းလိုက်ရိုက်
နေသည်၊ နိုင်ဦး ၊တစ်ယောက်ကတော့ ဆေးစွဲနေပြီဖြစ်သည်။
ဇာဇာ ကတော့ သင်တန်းကို အကြောင်းပြပြီး ရည်းစားနဲ့ 
သာ အချိန်ဖြုန်း နေတတ်သည်။
ဇွဲ တစ်ယောက်တည်းသာ နေရသည် ဗိုက်ဆာရင်တောင်
တစ်ခါ တစ်လေ ဘာမှစားစရာ မရှိ။
ထူးဆန်းတာက ဇွဲ လေး ထမင်း မစားရလည်း ဘာမှမဖြစ်ပဲ
နေနိုင်သည်က ထူးဆန်းလွန်းလှသည်။
ဇွဲလေး မကြိုက်ဆုံး ကိစ္စကတော့ ဟုတ်ပါတယ် ဘာကြောင့်
မှန်းမသိဘူး ဇွဲလေးကို ဆဲလိုက်ပြီဆိုရင် ဇွဲမကြိုက်ပါ အဲ့ချိန်မျိုး
တွေတျရင် ဒေါသ အရမ်းထွက်ပြီး အခန်းထဲဝင်ကာ သောင်းကျန်းနေတက်သည်က အံ့ဩော်စရာပင်ဖြစ်သည်။

တစ်နေ့ မှာ နိုင်ဦး ဆေးသုံးပြီး အိမ်ပြန်လာတော့သည်
ဘသူမှမရှိဘူးလားကွ ဘယ်ရောက်ကုန်ကျပြီလည်း သေနေကျ
ပြီလား တောက် ခလွမ့်  ဝုန်း ဝုန်း နိုင်ဦး သောင်းကျန်း နေတဲ့
အသံကြား၍ ဇွဲလေး အခန်းထဲမှ ပြေးထွက်လာသည်။
ကိုလေး ကိုလေး ဘာဖြစ်လို့ လည်း ဟရောင် မင်းငါ့ကို
အကိုလို့  မခေါနဲ့  ကြားလား ဟရောင် မင်းနဲ့ ငါ ဘာမှ မတော်ဘူး။
ဇွဲလေး မျက်ဝန်းထဲမှ မျက်ရည် ကြည်လေးများက ပြည်လျှံလာတော့သည် သွား သွားဟရောင် ငါ့ရှေ့ က ထွက်သွား
ပါးပြင်ပေါ စီးကျလာသော မျက်ရည်များကို လက်နဲ့ပွတ်သက်ပြီး
အခန်းထဲ ပြန်ဝင်လာတော့သည်။
အမယ်လေး အမယ်လေး ကုန်ပါပြီတော် ကုန်ပါပြီ နိုင်ဦး. .
နိုင်ဦး သား ဒါ ဒါတွေကဘလို ဖြစ်တာလည်း ဟို ဂျိုကောင်လေး
ခွဲထားတာနေမှာပေါ့။
ဘာ ဟဲ့အကောင် ဇွဲ ထွက်လာခဲ့စမ်း၊ ဗျာ မေမေ ၊သေချင်းဆိုး
……… သဒေါင်းးစားလေး…………ဆဲနည်းပေါင်းစုံ နဲ့ ဆဲတော့
သည်။
ဇွဲလေး အသားတွေပင် တဆတ်ဆတ် တုန်လာသည် မေမေ
သားကို မဆဲပါနဲ့ နော် သား တောင်းပန်ပါတယ်မေမေ နင်ကများ
အာခံနေသေးတယ် အာခံဦးဟာ . .အာခံဦး ... မှတ်ထား ဇွဲဧ။်
ပါးဖွေးဖွေးလေး နှစ်ဖက်လုံး နီရဲ တက်သွားတော့သည်။
ဟာ နားညီးလိုက်တာကွာ အပြင်မှာနေတာ ပဲကောင်းတယ်
ပြန်မလာတာပဲကောင်းတယ် နိုင်ဦး အပြင်ပြန်ထွက်သွားသည်။
ရိုက် ရိုက်ပါ မေမေ သားကိုရိုက်ပါ ဆုံးမပါ မေမေ သားခံမှာ
ပါ ၊မေမေ ၊ သားကိုတော့ မဆဲပါနဲ့ နော် မေမေ သားကြောက်လို့ 
ပါ မေမေရယ်။
တီ . . .တီ . . .ဟလို . .ဟုတ် ဟုတ်လာမှာပေါ့ဗျ ဘယ်အ
လွတ်ခံပါမလည်း ထွေး ထွေးရေ ဖုန်းဆက်တယ်ကွ ဒီညဝိုင်း
ကောင်းမယ်တဲ့ကွ သွားမှာလား သွားမှာပေါ့ရှင် မသွားရင်
ရာစဝင်ရိုင်းသွားမှာပေါ့ ခုပဲသွားမယ်။
အဘယ်ကြောင့်မှန်းမသိ အိမ်ထဲမှာ ဇွဲကလွဲ၍ ကြံတဲ့လူတွေ
တစ်နာရီပြည့်အောင် မနေနိုင်သည်က ထူးဆန်းနေသည်ပင်
မဟုတ်ပါလား။
ဇွဲလေး ရင်ထဲမှာ အရမ်း ထိခိုက်သွားခြင်း ဖြစ်သည် မေမေရယ် သားရဲ့ ပါးကို မေမေ ကျေနပ်တဲ့အထိ ရိုက်ပါ မေမေ၊
သားခံနိုင်ပါတယ် မေမေ၊ သားအတွက်နဲ့ မေမေစိတ်ထိခိုက်ရ
မှာကိုတော့ သား အရမ်းကြောက် အမေ။
သား အတွက် ဘာမှ မလိုပါဘူး မေမေ လိုလည်းမလို
အပ်ပါဘူး မေမေ၊ ဒါပေမဲ့ မေမေ။ မေမေသာလက်ခံမယ် ဆိုရင်
သား တစ်ခုလေးလောက်ပဲ တောင်းဆို ပါရစေ မေမေ။
မေမေ့ ရင်ခွင်ထဲမှာ ငါးမီနစ်လောက်သာ နေခွင့်ရမယ်ဆို
သားလေး အရမ်းပျော် မီမှာပဲ။ မေမေရယ်။
ဇွဲလေး စမ်းချောင်းသဖွယ် တသွင်သွင် စီးကျနေသော
မျည်ရည် များနှင့်သာ စဉ်းစားမိနေခြင်းသာ ဖြတ်သည်။
ဟုတ်ပါတယ် တကယ်လို့ များ မိခင် ဒေါ်ထွေးရီ ရင်ခွင်
ထဲမှာ ခနလောက်သာ နေခွင့်ရမယ် ဆို သေချာတယ် ကမ္ဘာမှာ
အပျော်ရွှင်ဆုံး လူက ဇွဲလေးပင် ဖြစ်လိမ့်မည်။
မိခင် ဒေါ်ထွေးရီ နဲ့  ပထွေးဆိုသူက ဖဲဝိုင်းသို့  ထွက်သွား
ခဲ့ရာ နိုင်ဦး မှာ လည်း အိမ်ပြန်မ အိပ်တဲ့ ရက်က ပိုများ
နေသည်။
ဇာဇာကတော့ သူငယ်ချင်း တစ်ယောက်အိမ် မှာ ဒီည အိပ်မယ် လို့  သွားကတည်း ဒေါ်ထွေးရီ ကို ပြောသွား
ခဲ့သည်။
ထိုညလေးကို ဇွဲလေး တစ်ယောက်တည်း ဖြတ်သန်းရ
တော့မည်ဖြစ်သည်။
ဇွဲ ငိုနေတာကို ရက်ပြီး အိပ်ခန်းထဲ ပြန်ဝင် လာ ခဲ့လိုက်
တော့သည်။
ဇွဲလေး အိပ်ခန်းထဲမှာ ကိုကိုယ်ကိုပင် မေးခွန်း ထုပ်နေမိ
သည် မေမေ။ သားသား ကို ဘာလို့ အဲဒီလောက် မုန်းနေကျ
တာလည်း မေမေ။
သားသားမှာ အပြစ်ရှိရင် အပြစ်ပေးပါနော် မေမေ၊ သားကို
တော့ ပြစ်မထား ကျပါနဲ့  မေမေရယ်။
ဇွဲ ရဲ့ ဘဝက အလွန် သနားစရာလေးဖြစ်သည် အရွယ်နဲ့ 
မလိုက်အောင် အမုန်းဆိုတဲ့  လက်နက်ကြီးကို ထန်းထားရသည်
မှာ ဇွဲလေး အလွန်ခါးသီးနေပြီ ဖြစ်သည်။
ဇွဲလေး အဖြစ်ချင်ဆုံး အရာက အမုန်းလက်နက် ခါးခါးကြီး
အစား ချိုမြိန်တဲ့ ချစ်ချင်းတရားကိုသာ နေ့ ရက်တိုင်း တောင်းတ
နေသည် မှာ အမှန်ပင် ဖြစ်သည်။
ထိုည ဇွဲလေး အိပ်မပျောပါ အတွေးနယ်ကျွန့် နေခြင်းသာ
ဖြစ်သည်။
မေမေရယ် သားကြောက်လို့ ပါ မေမေ မြန်မြန်ပြန်လာခဲ့ပါ
တော့ မေမေရယ်ဟု ဇွဲလေး စိတ်ထဲက
တောင်းတနေမိသည်။
ကျီ . . . လေမတိုက်ပဲ ခြံတခါး ပွင့်သွားတော့ သည်
ဒေါက် . . . . ဒေါက် . . . . ဒေါက်ဒေါက် ဇွဲလေး အခန်းတခါး
ကို လာခေါက် နေခြင်း ဖြစ်သည်။
ဘယ်။ ဘယ်သူလည်း အခန်း ရှေ့ က မေမေလား
မေမေဇွဲလေး ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာ
သွားတော့သည်။
ချက်ချင်းဆိုသလို ဇွဲ အခန်းတခါး ပြေးဖွင့်ပေးလိုက်တော့
သည်။
အား . . . သခင်လေး . . . သခင်လေး မကြောက်ပါနဲ့ 
သေချာ ကြည့်ပါဦး သခင်လေး မမှတ်မိဘူးလား သခင်လေး
ဒီမိန်း မကြီး ဗိုက်ထဲ မှာ နေဖို့  ပြောတုန်းက ကျွန်တော်
မျိုးတို့ နှစ်ယောက်လည်းပါတယ်လေ။ သခင်လေး။
အိမ်မက်ပင်လားဟု ဇွဲ မျက်စီ များကိုပင် သေချာ
ပွတ်သက် ကြည့်လိုက် တော့သည် အမှန်တကယ် ဖြစ်နေ
သည့် က သေချာနေတော့သည်။
ခနနော် သခင်းလေး ဟဲ့ ငယ်ချွန့် ကြီး အခုချက်ချင်း
သခင်ကြီး စီကို ဆက်သွယ်။
အထိန်းတော် ကြီး သားတော်ကို ချလူ ပေးလိုက်စမ်း
သခင်လေး အဲ့ဒါလေး က သခင်လေး ရဲ့ ပစ္စည်း ပါ အဲ့တာ
လေးကို ခလောက်လိုက်ပါ သခင်လေး။
တန့်  တန့် တူ တန့် တူ သားတော် ခမည်းတော်ကို ကြည့်
စမ်း အာရုံကိုစုထား စိတ်ကို ငြိမ်ငြိမ်ထား အခု ဘာတွေ့ လည်း
သားတော် ဇွဲလေး ချက်ချင်း ဆိုသလို ဒူးထောက်
ချလိုက်တော့သည်။
ဖခမည်းတော်ဘုရား သားတော် လူပြည့်မှာပဲ နေချင်ပါ
တယ်ဘုရား သားတော်ကို ပြန်မခေါပါနဲ့ ဘုရား။
သားတော် စီက ဖခမည်းတော် ဂတိတစ်ခု တောင်းမယ်
သားတော် ကို ညစ်ညမ်း တဲ့ စကားမျိုး သုံးရင်တောင်
သားတော် ရဲ့ အသက် က တစ်ရက် တိုသွားပြီ ဆို
တာ သိတယ်နော်။
အခု ကိုထိ လက်ရောက်ပါ စော်ကားလာပြီ အဲ့ဒီတော့ ဖခည်းတော်တို့ ပါတ်က လက်မလွန်ခင် သားတော်ပြန်လာပါ
ဒီထက်ဆိုးလာရင်တော့ ဖခမည်းတော် ခွင့်လွတ်မှာ မဟုတ်တော့ ဘူး။
သားတော် ကို အချိန် အရပ် နှစ်ဆယ်ပေး မယ် မြန်မြန်
အဆတ်ဖြတ်ပါ ၊ သားတော်။
ဇွဲက ( . . )လား ဇွဲလေး မျက်ဝန်းဝမှ မျက်ရည်များစီးကျ
လာတော့သည်။ မေမေရယ် သားကိုလာပြန် ခေါနေပြီ သား
မေမေနဲ့  မခွဲချင်သေးဘူး မေမေ့ရင်ခွင်ထဲမှာ
ခနလောက် ဖြစ်ဖြစ် နေကြည့်
ချင်သေးတယ် မေမေရယ်။
ဇွဲလေး ငိုနေတာ မျက်လုံးများ ပင် မို့ တက်လာ တော့သည်
ဒေါ်ထွေးရီ နဲ့  ကိုတင့် ဖဲဝိုင်းမှာ ရန်ဖြစ်ကျတာ ကိုတင့်
ဓါးနဲ့ အထိုးခံ လိုက်ရတော့သည်။
ဖဲရှုံးပြီး ပိုက်ဆံမရှိတော့၍ အိမ်ကိုပေါင်သည် ထို့ ထက်
မက ထက်တောင်းသည် မရတော့၍ ခိုက်ရန် ဖြစ်ပွား
ခြင်းသာဖြစ်သည်။
ကိုတင့် ဆေးရုံတင်လိုက်ရသည် ဒေါ်ထွေးရီ အိမ်ကိုပြန်
လာသည် မျက်နှာ မကောင်း အမေ့ မျက်နှာ ကို အရိပ်
တကြည့်ကြည့်နဲ့  ကြည့်နေတဲ့ ဇွဲလေး ချက်ချင်း
ပင် ရိပ်စားမိသည်။
မေမေ မျက်နှာ မကောင်းပါလား မေမေ၊ မေမေ ဘာဖြစ်လာ
တာလည်း သားသား ကို ပြောပြပါလား မေမေ၊၊
သေချင်းဆိုးလေးက တစ်မျိုး စိတ်တိုနေရတဲ့ ကြားထဲ
မေမေ သားသားကို ပြောပြပါလား မေမေ သား သား
ကူညီနိုင် ရင် ကူညီပေးပ့မယ် မေမေ။
ဘာ သဒေါင်းစားကတော့ နင်က ဘယ်က ဝင်ငွေရှိလို့ 
လူလေးကြည့်တော့ လက်တောက် လောက်နဲ့ စကားကြီး
စကားကျယ်တွေ လာပြောဦး ပြောဦး သွားစမ်းဟာ
ဇွဲလေးမှာ ဘာအပြစ်ရှိလို့ လည်းဗျာ အခု
လောက်ထိ ရက်စက်နေရအောင်။
ဒေါ်ထွေးရီ ခြေထောက်ဖြစ် ကန်လိုက်၍ ဆွဲလေးမှာ
နှစ်ပါတ် သုံးပါတ် လည်ကာ ခွေခွေ လေး ဖြစ်နေသည်။
ထိုအချိန်မှ ချက်ချင်းဆိုသလို ချလူ လေးက
အသံ ထမည် လာသည်၊။
ဖခမည်းတော် စိတ်ဆိုးသွားပြီဆိုတာ သိလိုက်တော့သည်၊
ဇွဲလေး မှ မကယ်ရင် ဒေါ်ထွေးရီ ဒီထက်ပိုပြီး အသက်ရှင်နိုင်
တော့မှာမဟုတ်ဘူး။
လဲနေရာက ချက်ချင်းထပြီး မိခင် အရှေမှာ ကာနေလိုက်ပြီး
လက်ကို နောက်ပြစ်ပြီး ချလူလေးကို ကစား ပြနေသည်။
ဇွဲလေး ဘာပြောလိုက်လည်းမသိ အခြေ အနေက ပုံမှန်ပြန်
ဖြစ်သွားသည်။
မေမေ . .ဒေါ်ထွေးရီ ဒေါ်ထွေးရီ ရှိလား ဘယ်သူတွေလဲ
ခများသား မူးရစ်ဆေးဝါး အမူနဲ့ အဖမ်းခံလိုက်ရပြီ ။
ရှင် ဒေါ်ထွေးရီ မူးပြီးလဲကျသွားတော့သည် လင်က ဓါးထိုးခံ
ရ၊ သားက မူးရစ်ဆေးဝါး အမူနဲ့ အဖမ်းခံရ အိမ်က လည်း
ပေါင်ထားပြီ ဆိုတော့ စိတ်ဖိ့ စီးမူ့ နဲ့ မူးမေ့ချင်းလည်း
ဖြစ်နိုင်သည်။
ဇွဲလေး မိခင်ရှိရာပြေးပြီး ချက်ချင်းဆိုသလို မိခင်က
ိုပွေ့ ပြီး မိခင်ဧ။် ခေါင်းမနာအောင် လက်ကလေး နဲ့ အသာ
ခံထားပေးသည်။
မေမေရယ် သားသား ကို သူတိုလိုမျိုး မချစ်နိုင်ရင်တောင်မှ
နည်းနည်းလေးလောက်ပဲ စိတ်ပူပေးရင် ကျေနပ်ပါပြီ
မေမေရယ်။
ဇွဲလေး စဉ်းစားနေရင်း မှ မျက်ဝန်းထဲက မျက်ရည်
စလေး တစ်စက မေမေရဲ့ ပါးပြင်လေးပေါကို စီးဆင်းသွား
တော့သည်။
ဒေါ်ထွေးရီ သတိရလာသည် မေမေ သားသား စကားကို
နောက်ဆုံး အနေနဲ့ ဖြစ်ဖြစ်လက်ခံပေးပါ
မေမေရယ်။
ဇွဲလေး ပါးပြင်ပေါ သို့ မျက်ရည်များအဆက်
မပြတ် စီးကျလာတော့သည်။
မေမေ သားသား သွားရတော့မယ် သားသား မေမေနဲ့ ခွဲရ
တော့မယ် သားသား မေမေကိုသိပ်ချစ်တယ် ပြီးတော
့ မေမေစီက မေတ္တာကို သားသား
အရမ်းလိုချင်ခဲ့မိတယ်။
ဒါပေမဲ့ မေမေ သားသား အခုချိန်ထိ တစ်ယောက်တည်းနေ
လာရတယ် သားသားမှာ ကိုကိုနဲ့ မမ ရှိပြီးတော့ သားသား
နွဲ့ ဆိုးဆိုးခွင့်တောင်မရဘူး။
သူများတွေလိုမျိုး အရုပ်လှလှလေးတွေ တွေရင် လက်ကို
ဆွဲပြီး ကိုကို သားသားကို ဒီအရုပ်ဝယ်ပေး မမ သားသားကို
ဟိုဆော့စရာ လေး ဝယ်ပေးပါလို့  ပြောခွင့်မရှိခဲ့ဘူး။
မေမေ ၊သားသားလေးအရွယ် ဘေးခြံက ကောင်လေးက
မိုးလင်းရင် ကျောင်းသား ဝတ်စုံလေး ဝတ်ပြီး သူမေမေနဲ
့အတူကျောင်းသွားတက်တာ ကို တွေရတိုင်း။
သားသား လည်း မေမေနဲ့ အတူ ကျောင်းသွားရ ရင် သိပ်ကောင်းမှာပဲလို အိပ်ယာဝင်တိုင်း
စဉ်းစားမိတယ် မေမေ။
ပြီးတော့လေ မေမေ သူတို့ မိသားစု ထမင်းစားနေတာကို
မြင်ရရင် သားသား မျက်ရည် တွေက ထိန်းလို့ မတော့ဘူး
မေမေ အမြဲတမ်း ငိုမိတယ်။
မေမေရယ် သားလေး တစ်ယောက်လို သတ်မှတ် ရင် မေမေ ရင်ခွင်ထဲကို ခနလောက် ဝင်ခွင်ပြုပါလား မေမေ
ခနလေး ပါ တကယ်ကို ခနလေးပါ မေမေ။
သားသား။ မေမေ့ရဲ့ နွေးထွေး မူ့ လေးကို ခန လောက်
ပဲ ဖြစ်ဖြစ် ရချင်လို့ ပါ မေမေ
သား . . .သား . . .ရယ် ဒေါ်ထွေးရီ ဇွဲလေးကို ရင်ခွင်ထဲပွေ
ဖက်ထား လိုက်တော့သည်။
မေ့မေ့ကိုယ် ခွင့်လွတ်ပါ သားသားရယ် ငါ့သားလေး အရွယ်နဲ့ 
မလိုက်အောင် ခံစားနေရမှန်း ။
မေမေမသိခဲ့ဘူး မေမေ သားလေးပေါမှာ
မိခင်တာဝင်မကျေခဲ့ဘူး သားသားကို ဂရုမစိုက်ခဲ့ဘူး
သားလေးရယ် သားသားရင်ထဲမှာ ဘယ်လောက်တောင်မှ
ခံစားနေရပြီလည်း သားရယ်
မေမေ့ကြောင့် မေမေကြောင့် ငါ့သားလေးအခုလို
ခံစားနေရတာ။ ဟီး . . .မေမေ မငိုပါနဲ့ နော် သားသားအတွက်
နဲ့ မေမေ ဘယ်တော့မှ မျက်ရည်မကျရဘူး မေမေ။
သားလေးရယ် ဒေါ်ထွေးရီ ဇွဲလေးရဲ့ နံဖူးလေး ကို ကျင်နာ
စွာ နမ်းရှိုက်လိုက်တော့သည်။
တန် . . .တူ့  . . .ချလွမ် . . .ဇွဲလေးရဲ့ ချက်လူ လေးက
အချက်ပေးနေပြီ ဇွဲလေးရဲ့ ပါးပြင်ပေါ သို့  မျက်ရည်များက
အဆက်မပြတ် စီးကျလာတော့ သည်။
မေမေ၊ သားသား သွားရတော့မယ် မေမေ သားသားကို
ခွင့်လွတ်ပေးပါ မေမေနဲ့ အကြာရီး မနေပေးနိုင်တဲ့ အတွက်
သား . . . သား. . . သားလေး မသွားပါနဲ့ သားရယ် မေမေစီ
ကိုပြန်လာခဲ့ပါ ဇွဲလေးမှာ အိမ်ရှေ့ သို့ ရောက်နေခဲ့ပြီ။
မေမေ မေမေ ဒီမှာဘာထုပ်ကြီးလည်းမသိဘူး မေမေ
လာကြည့်ပါဦး မေမေ။
ထိုအသံနဲ့ အတူ
မေမေ မေမေကိုယ် သားသား
အရမ်းချစ်တယ် ဆိုတာ
မေမေ ယုံပါနော်။
ပြီး*ပါ*ပြီ*

No comments:

Post a Comment