Showing posts with label Blog နည်းပညာ. Show all posts
Showing posts with label Blog နည်းပညာ. Show all posts

Tuesday, August 22, 2017

pCloud Account Storageကို ပိုက်ဆံပေးဝယ်စရာမလိုပဲ မြှင့်နည်း

pCloud Account Storageကို ပိုက်ဆံပေးဝယ်စရာမလိုပဲ မြှင့်နည်း


pCloud account Storageတွေကို ပိုက်ဆံပေးဝယ်စရာမလိုပဲ Storageမြှင့်နည်းလေးပါ။
တစ်ချို့သူငယ်ချင်းတွေကတော့ pCloud accountတစ်ခုလျောက်လိုက်တဲ့ချိန်ကပေးထားတဲ့Storageကုန်သွားရင် နောက်ထပ် အကောင့်တစ်ခုလျှောက်ပြီးသုံးကြပါတယ် တကယ်လို့Uploadတင်ထားတဲ့Dataတွေကိုလိုချင်တဲ့ချိန်ကျတော့ ဟိုအကောင့်ထဲမှာဝင်ကြည့်လိုက်ရ ဒီအကောင့်ထဲမှာဝင်ကြည့်လိုက်ရလုပ်ရတော့ ကျနော်အတွကတော့ အလုပ်ရှုပ်ပါတယ် ကျနော်ကတော့ အကောင့်တစ်ခုထဲမှာပဲDataတွေကို Video, MP3, Photo, Software,PDFတွေကို Folderသီးသန့် နေရာတကျ စုစည်းပြီးတစ်နေရာထဲမှာပဲထားရတာကို နှစ်သက်ပါတယ် 
စနစ်တစ်ကျစုစည်းမှုလုပ်ရတာကိုလဲ ကျနော်က ဝါသနာပါတယ်ဗျ
အဲလိုပြောလို့ ကျနော်pCloudအကောင့်ကိုစိတ်ဝင်စားပြီHackချင်စိတ်ပေါက်လာပြီမလား? မလုပ်ပါနဲ့ဗျာ တားတားအကောင့်လေးတော့ ချမ်းသာပေးပါ ... ငိငိ
အဲလိုထားချင်တဲ့သူတွေကြတော့ မူလ Storageကပြည့်သွားရင် ပိုက်ဆံပေးပြီးတော့ဝယ်ချင်တဲ့သူကတော့ရှားမှာပါပဲနော် ပိုက်ဆံပေးဝယ်မယ်ဆိုရင်တောင် Paypal, Coinbit accountတွေလုပ်ပြီးငွေဖြည့်ပြီးမှ ဝယ်လို့ရတာပါ အခုကျနော်ပြောမည့်နည်းလေးက Paypal account, Coinbit acciuntတွေလဲလျောက်စရာမလိုပါဘူး ပိုက်ဆံပေးဝယ်စရာလဲမလိုပါဘူး ပိုက်ဆံပေးပြီးဝယ်မယ်ဆိုရင်တော့ 500GBကို 47 USD(မြန်မာငွေ32900)လို့ အကိုဇော်မျိုးထွဋ်ကပြောတယ် အသူဝယ်တာ
ကဲစကားပေါတာတော်တော်လေးများသွားပြီဗျာ 
ကဲ စမယ်နော်

1. 
မိမိpCloud accountကို Browserမှာ Loginဝင်လိုက်ပါ Loginဝင်ပြီးသွားရင်တော့ ပုံမှာအတိုင်းSettingနေရာ ရောက်အောင်သွားပြီး More Spaceကိုနှိပ်လိုက်ပါ။

2.
 အောက်ကပုံ အတိုင်းပေါ်လာရင်Invite Friendsကိုနှိပ်လိုက်ပါ။

3. 
Share Facebook, Twitter, E-mailတို့မှာShareရာလုပ်ပြီး ကိုယ့်သူငယ်ချင်းတွေကို Registeryလုပ်ခိုင်းလိုက်ပါ။ LinkကိုCopyယူပြီးတော့သူငယ်ချင်းတွေကိုပေးချင်ရင်တော့ Share Facebook Twitter,  E-mailဆိုတာရဲ့အပေါ်မှာLinkပေးထားပါတယ် အဲဒါကိုCopyယူပြီးသူငယ်ချင်းတွေကိုပေးလိုက်လဲရပါတယ်။ကိုယ်သူငယ်ချင်းတွေက အဲဒီLinkကနေ Registeryလုပ်ပြီးလို့ Verfilyလုပ်ပေးလိုက်ရင် ကျနော်တို့pCloudအကောင့်က 1GBတိုးလာပါပြီဝင်ကြည့်လိုက်ပါ။

4.
pCloud Accountလျှောက်နည်းပါ။

(1)pCloud Accountလျှောက်နည်းကတော့ အလွယ်လေးပါ Accountမလုပ်တက်ဘူးဆိုရင်လဲ Commentမှာပြောခဲ့ပါ။ ပြောပြပါမယ်
အကောင့်လုပ်နည်းကတော့ အလွယ်လေးပါ

https://my.pcloud.com/#page=register&invite=yreqZyU8ULy

အဲဒီLinkကိုနှိပ်ပြီးတော့သွားလိုက်ပါ အောက်ကပုံအတိုင်းတွေ့ရလျှင်  E-mailနေရာမှာ ကိုယ်ကြိုက်ရာMailကိုထည့်လို့ရပါတယ် Gmailမှ မဟုတ်ပါဘူး 
တစ်ချို့သူငယ်ချင်းတွေကပြောကြပါတယ် Gmailထည့်လိုက်ရင်Gmailမှာ AccountကိုVerfilyလုပ်ဖို့ Linkပို့မလာဘူးဆိုလား?  အဲဒီpCloud accountလျှောက်ထားတဲ့Gmailဆော့ဝဲထဲမှာ Linkလာမပို့ဘူးဆိုရင် အဲဒီpCloud accountလျှောက်ထားတဲ့Gmailကို BrowserမှာLoginဝင်ပြီးတော့ကြည့်လိုက်ပါ Verfily Linkကိုတွေ့ရပါလိမ့်မယ်။ Gmailနဲ့ အဆင်မပြေဘူးဆိုရင် တခြားTelenor mail, Mail.ruစတဲ့ အဆင်ပြေရာ Mailတွေကိုလဲ အထည့်ပေးလို့ရပါတယ်
(2)Chose Passward & Repeat Passwardမှာ ကနုယ့်ရဲ့pCloud Account Passwardကိုထည့်ပေးရပါမယ် အပေါ်ကြောင်းနဲ့အောက်ကြောင်းကို Passwardအတူပေးရပါမယ် 
(3)Acceptဆိုတာလေးကို အမှန်ခြစ်လုပ်ပေးပြီး Registerကိုနှိပ်လိုက်ပါ။
5.
AccountကိုVerfilyလုပ်နည်းပါ
pCloud Accountလျှောက်တဲ့ချိန်က ထည့်ထားတဲ့Mailမှာသွားလိုက်ပါ။
pCloud Teamက ပို့လာတဲ့စာကိုတွေ့ပါလိမ့်မယ် နှိပ်လိုက်ပါ။


6.
In older to use pCloud's full set of features, verfily your account by clcking the folowing link.
ဆိုတဲ့စာရဲ့အောက်က Linkကနှိပ်ပြီးသွားလိုက်ပါ။
7.
အောက်ကပုံမှာ အတိုင်းပေါ်လာပါလိမ့်မယ် အဲလိုပေါ်လာရင် accountကိုVerfilyလုပ်လို့ပြီးပါပြီ။
(Hackerသမားတွေ အကောက်ကပုံမှာ 2015cock.h@gmail.comကိုတွေ့လိုက်တာနဲ့ COC အကောင့်ဆိုပြီး Hackမနေကြနဲ့နော် လိုချင်ရင် လာတောင်းပါ Accountကော Passwardကောပေးပါမယ် ဒါပေမဲ့လို့Level1ကို Connectedလုပ်ထားပြီး မဆော့ဘူးနော် လိုချင်ရင်ရင်တော့ပြောခဲ့ပေါ့ ဟဲဟဲ)

8.
အောက်ကပုံမှာ ကြည့်လိုက်ပါ မူလ အကောင့်စလျောက်တော့ 11GBပါ အခု11GB မရတော့ဘူးနော်
သူငယ်ချင်းတွေက Invite Linkကနေဝင်လျောက်ပေးလို့တော့ မဟုတ်ဘူးဗျ ကွကိုယ်ပဲလျောက်တာ Gmail,Mail.ruစတဲ့ Mailတွေကတော့ နည်းပညာသမားတိုင်းလျှောက်တက်နေတာပဲလေ Mailအကောင့်တစ်လျောက် Invitetလုပ်ထားတဲ့Linkကနေ ဝင်ပြီးpCloudအကောင့်လျောက်လိုက်ပေါ့ဗျာ သူများတွေက ဝင်လျောက်မပေးလဲ ကိစ္စမရှိပါဘူး Mailအကောင့်တွေဆိုတာလဲ ကိုယ်ကိုလျောက်တက်နေတာပဲ ဟုတ်တယ်မလား အဲတော့ကိုယ်ကိုပဲ Invite Linkကနေဝင်ပြီးလျောက်လိုက်ပေါ့ဗျာ။

သတိ
pCloudအကောင့်ကို Verfily(အတည်ပြု)ပြီးမှ Storageက တက်လာနော် Verfilyမလုပ်ရင် မရပါဘူး။
နောက်တစ်ခုက ကျနော်ပေးတဲ့Invite Linkကနေဝင်ပြီး အကောင့်လျှောက်ရင်းနဲ့ ကျနော်ကိုကူညီပါ။
ကျနော်ကို ကူညီသညိ့အနေနဲ့ Invite Linkကနေဝင်လျောက်ရင် 10.9GB Freeရတယ်နော်
invite linkကနေဝင်လျှောက်တာမဟုတ်ရင်တော့ 10GBပဲရပါတယ် ကျနော်လျှောက်ကြည့်တာတော့ စမ်းကြည့်ပေါ့ဗျာ

အားလုံးပဲ အဆင်ပြေကြပါစေ။

Credit to KoHtike(KHMITC)

Thursday, July 27, 2017

မိမိကိုယ်ပိုင်ဆိုဒ်မှာ Zawgyi-Unicode Blog-page Font changer လေးထည့်ကြမယ်

မိမိကိုယ်ပိုင်ဆိုဒ်မှာ Zawgyi-Unicode Blog-page Font changer လေးထည့်ကြမယ်




ခုနောက်ပိုင်း ဘလော့ဂါတွေမှာUnicode ဖောင့်တွေအသုံးများလာကြပါတယ်၊၊တစ်ချို့ ဘလော့ဂါတွေ ဟာ ဇော်ဂျီလဲလက်မလွှတ်နိုင် ယူနီကုဒ်လဲ လက်မလွှတ်နိုင်ဖြစ်နေတတ်ပါတယ် (အနော့်လိုပေါ့ ...:D)။ အဲဒီလိုလူမျိုးတွေအတွက်မရှိမဖြစ်ရှိသင့်တဲ့ ဖောင့်Chooser ကတော့ Blog-page Font changer ပါပဲ၊ အဲဒါသူ့ နာမည်မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ထွင်ထားတဲ့နာမည်ပါ :P... အသုံးပြုနည်းကတော့ လွယ်ပါတယ် အောက်ကနည်းအတိုင်းပဲ လုပ်လိုက်ပေါ့ ။
 အသုံးပြုနည်း

  •   Dashboard ကနေ Layout ကိုသွားလိုက်ပါ
  • ပြီးရင် Sidebar က Add a gadget ကိုနိုပ်လိုက်ပါ ၊၊
  • HTML/JavaScript ကို ရွေးနိုပ်ပါ ၊၊
  • ဘောင့်စ် တစ်ခုတက်လာရင်အောက်က ကုဒ်လေးကိုထည့်ပေးလိုက်ပါ၊၊
  • ပြီးရင် Saveနိုပ်လိုက်ပါ ၊၊

<script type="text/javascript" src="http://kogeelay.googlecode.com/files/unicodeorzawgyi_KG.js"></script>

အပေါ်ကအပြာရောင်စကြောင်းနဲ့ လင့်လေးက Z&U box java direct လင့်လေးပါခင်ဗျ...ကိုယ်ပိုင် hosting နဲ့ လဲသုံးလို့ ရပါတယ် ၊၊ ကျွန်တော် ပေးထားတာနဲ့ လည်းအသုံးအြုနိုင်ပါတယ်၊၊ အကယ်၍ ကိုယ်ပိုင်hosting မှ တင်ချင်တယ်ဆိုရင်တော့ 
ဒီဖိုင်လေး ကိုဒေါင်းပြီးအခြား hosting ဆိုဒ်မှာတင်နိုင်ပါတယ် ၊၊ မရှင်းတာရှိရင် ကောင့်မန့် ပေးပြီးတော့ နောက်တစ်နေ့ ဒီပိုဒ်မှာပြန်လာcheck  နိုင်ပါတယ်ခင်ဗျာ ...အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ပြန်ဖြေပေးပါ့မယ် ၊၊ ကျွန်တော့် ဘလော့လေးကိုလာလည်တဲ့အတွက် အားလုံးကို Thank You ပါ ၊၊


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

No Copy No Select မိမိပိုစ့်တွေ ကာကွယ်ချင်သူများ အတွက်




ဟား ဟား ဒါလေးများ ငါတို့ သိတာ ကြာပေါ့ လုပ်ထားပြီးသား လို့တော့ အထင်တော် မမှားကြပါနဲ့အုံးဗျာ အရင်ဆုံး ငါတို့ သိထားတာ ထည့်ထားတာနဲ့ တူသလားလို့ အရင် ဖတ်ကြည့် စမ်းကြည့်ပါအုံး တစ်ကယ်လို့ သိပြီးသား ထည့်ပြီးသား ဆိုလဲ ဆောရီးပါ မသိသေးသူ တွေ အတွက်ပေါ့...

လုပ်ထားကြပါတယ် ဘလော့ အတော်များများ စာတွေကို Select လေး လုပ်ပြီး ကုးဖို့ အတွက် Right Click နှိပ်လိုက်မှ ကွန်ပြူတာက အလန့်တကြား ထအော်ပြီး ဘရောက်ဇာမှာ Popup ဝင်းဒိုးလေး ပေါ်လာပြီး Right Click လုပ်ခြင်း ခွင့်မပြု ဘာညာ နဲ့ အမိန့်ကြော်ညာတွေ စည်းကမ်း သတ်မှတ်ချက်တွေ ထွက်ပေါ်လာတာ.....

အဲလိုကြီး လုပ်မယ့် အစား ယဉ်ယဉ်ကျေးကျေးလေး အစကတဲက စာတွေကို Selected လုပ်လို့ မရအောင် လုပ်ထားကြရရင် မကောင်းဘူးလားဗျာ...

ဟောဒီမှာ Demo လင့်လေးမှာ သွားစမ်းကြည့်လိုက်ပါ အဲဒီက ပိုစ့်က စာတွေ Right Click နှိပ်ဖို့ အဆင့်ထိ မပြောနဲ့ စာတွေကိုတောင် Select လုပ်လို့ ရရဲ့လား ဆိုတာ...

ဒီတော့ ကူးချင်တဲ့ သူကပဲ ဟင် ငါတို့ ကွန်မကောင်းလို့လား မသိဘူး ၊ ငါတို့ ကွန်ပြူတာ ကြောင်နေလို့လား မသိဘူး ၊ ငါတို့ ဘရောက်ဇာ ဘာဖြစ်နေလဲ မသိဘူး ဆိုတဲ့ ဇဝေ ဇဝါ များစွာနဲ့ ကိုယ့်ကို အမြင်မကပ်တော့ဘူးပေါ့ဗျာ ...နို့မို့ သတိပေးစာ ပြူးတူးပြဲတဲ အသံတွေကလဲ မြည်သေး ဆိုတဲ့ အချိန်ကျရင် တော်တော် အဝှာကျယ်တဲ့ ဘလော့ဂ်ပါလားလို့ မေတ္တာ ပို့ခံရအုံးမယ် မဟုတ်လား...

ကဲ လုပ်ချင်တယ်ဆို အောက်က ကုဒ်လေးတွေကို ကူးလိုက်ဗျာ...

<script type="text/javascript">
var omitformtags=["input", "textarea", "select"]
omitformtags=omitformtags.join("|")
function disableselect(e){
if (omitformtags.indexOf(e.target.tagName.toLowerCase())==-1)
return false
}
function reEnable(){
return true
}
if (typeof document.onselectstart!="undefined")
document.onselectstart=new Function ("return false")
else{
document.onmousedown=disableselect
document.onmouseup=reEnable
}
</script>

အပေါ်က ကုဒ်လေးတွေ ကူးပြီးပြီ ဆိုရင်တော့(ကျွန်တော်ကတော့ ကုဒ်တွေ ကူးစေချင်လွန်းတဲ့ အတွက် ဒီနည်းကို သုံးမထားပါဘူး :P) ....

၁/blogger dashboard ကိုသွားလိုက်ပါ

၂/ပြီးရင် Desing --&-- Page Elements. ကို ဆက်သွားပါ...

၃/နောက်တော့ sidebar က 'Add a Gadget' ဆိုတာကို နှိပ်လိုက်ပါ

၎/'HTML/Javascript' ဆိုတာ ရွေးချယ်ပြီး ကုဒ်တွေ ထည့်ပြီး Save လုပ်ပြီးရင် ပြီးပါပြီဗျာ..

အဲဒီနေရာမှာ တတ်နိုင်ရင် အဲဒီ Gadget ကို အပေါ်ဆုံးမှာ ထားနိုင်ရင် အကောင်းဆုံးပါပဲ.. အားလုံးပြီးရင် ကိုယ့်ဆိုဒ်ထဲ သွားကြည့်လိုက်ပါအုံး စာတွေကို Select လုပ်လို့ ရသေးလားဆိုတာကို...

အားလုံး အဆင်ပြေကြပါစေ အဆင်မပြေခဲ့သော် အောက်က ကွန်မန့်ထဲ မေးထားခဲ့ နိုင်ပါတယ်..။

Monday, July 24, 2017

မိမိတို့ဘလော့ကို PASSWORD ခံထားကြမလား

မိမိတို့ဘလော့ကို PASSWORD ခံထားကြမလား ( လန်းးထာာာာာာနော် )



 မင်္ဂလာပါနော်....သည်နည်းပညာလေးကတော့ အရမ်းကို  ဖလမ်းးးးဖလမ်းးးးထနေတာပါဘဲဗျာ...
သူကတော့   မိမိတို့ဘလော့တွေကို  ပါတ်ဝပ်ခံပေးတဲ့နည်းလမ်းလေးတစ်ခုပါ....  အသုံးတော့နည်းပါလိမ့်မယ်  ဒါပေမယ့်   ဥပမာ.... မိမိဖွင့်ထားပြီး   ဘယ်သူမှ ၀င်မကြည့်စေလိုသောအခါ
ဆိုဒ်မျိုးတွေမှာ  အသုံးဝင်ပါလိမ့်မယ်.... ကိုယ်ပေးထားတဲ့ ပါတ်ဝပ်ကို  ကိုယ်ကြည့်စေခြင်တဲ့ သူကိုသာ ပေးကြည့်ပေါ့...ေိေိ... နည်းပညာ မျှဝေနေတဲ့ ဆိုဒ်တွေတော့ မသုံးသင့်ပါဘူးး တော်ကြာ  လေ့လာဖို့ဝင်လာပါတယ် ပါတ်ဝပ်ခံထားတော့  သေပြီဆရာပေါ့နော်...ေိေိ
ဘာဘဲဖြစ်ဖြစ်  ဗဟုသုတအနေနဲ့  ပြန်လည် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်....
အောက်မှာ လေ့လာလိုက်ပါနော်...


   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

  </body>   ဆိုတာလေးကို ရှာလိုက်ပါနော်...


တွေ့တာနဲ့ အောက်မှာ ကျနော် ပေးထားတဲ့ ကုဒ်တွေကို သူကအပေါ်ကနေ ကပ်ပြီး ထည့်ပေးလိုက်ပါ။

<script>
var password = 'မိမိထားလိုသော ပါတ်ဝပ်ရေးပါ'
password=prompt('Please enter the password to enter this site:','');
if (password != 'ပါတ်ဝပ်ကိုထပ်ရေးပေးပါ ') {
location.href='မိမိဘလော့ဆိုဒ်ရဲ့  လိပ်စာထည့်ပါ'}
</script>
အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်နော်....


ပြီးတာနဲ့  မိမိတို့ ကုဒ်ထည့်ထားသောတက်ပလက်ကို  ရဲရဲ သာဆေ့ပေးလိုက်ပါနော်...အာမခံပါတယ်.ေိ
မိမိတို့ ဘလော့ကို ဖွင့်ကြည့်လိုက်ပါ  တခဏတာအတွင် အောက်ကပုံလို ဘောက်လေးကျလာမယ်.. ပါတ်ဝပ်တောင်းတဲ့ဘောက်လေးပါ  မိမိတို့ ထည့်ထားသော ပါတ်ဝပ် နံပါတ်ကို ထည့်ပေးမှသာ ထိုဆိုဒ်ကို
ဆက်လက် ကြည့်ရှုခွင့် ပြုမှာ ဖြစ်ပါတယ်နော်....

အကယ်လို့ ပြန်ဖျက်လိုပါက  </body> 
ကိုပြန်ရှာပါ  သူ့အပေါ်က ထည့်ပေးထားသော အပေါ်ကကုဒ်တွေကို  ပြန်ဖျက်လိုက်ပါ  အိုကေနော်...

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ 


                                                           ကူးယူဖော်ပြသည်

ဘလော့ကို ပိုမိုမြန်ဆန်စေဖို့ နည်းလမ်းလေး ( ရှယ်နော်)

ဘလော့ကို ပိုမိုမြန်ဆန်စေဖို့ နည်းလမ်းလေး ( ရှယ်နော်)




အားလော့လုံးမင်္ဂလာပါဗျာ.. ဘလော့ခရီးသည် မိတ်ဆွေအပေါင်း ရွှင်ပျော် ချမ်းသာကြပါစေလို့ မေတ္တာပို့သလိုက်ရပါတယ်... သည်တစ်ခါ တင်ပေးမဲ့ နည်းပညာလေးကတော့ အတော်လေး အသုံးဝင်ပါတယ်.. ကျွန်တော်တို့ ဘလော့တွေမှာ loading time အချိန်ကြာမြင့် မှ
ဘလော့ပွင့်ကျလာတာမျိုး ရှိကြပါတယ်.. အဲတာကတော့ အဓိက မိမိတို့ဘလော့မှာ Widget တွေ
အရမ်းများနေရင် သော်၎င်း  video တွေ ဖလက်တွေ အရမ်းများနေသော်၎င်း ဖြစ်တတ်ပါတယ်..
ဒါကြောင့် မိမိတို့ဘလော့မှာ Widget တွေကို လိုသည်ထက်ပိုမတင်သင့်ကြောင်း ပြောပါရစေ..
သည်နည်းလေးဟာ မိမိတို့ဘလော့ကို အသင့်တင့် ပိုမိုမြန်ဆန်စေတဲ့ နည်းပညာလေးဆိုမမှားပါဘူးးးးး
ကုဒ်လေးတွေကို ထည့်ပေးလိုက်ရုံပါဘဲ... ကဲ စမယ်နော်..

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Expand  Widget  Template  ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

 </head>  ဆိုတာကိုရှာလိုက်ပါ တွေ့တာနဲ့ သူ့အောက်မှာကပ်လျက် ပေးထားတဲ့ကုဒ်တွေကို
        ထည့်ပေးလိုက်ပါ...
ထည့်ရမဲ့ကုဒ်တွေကတော့............


<script charset='utf-8' src='http://ajax.googleapis.com/ajax/libs/jquery/1.3.2/jquery.min.js' type='text/javascript'/>

<script src='http://beautifulbloggerwidgets.googlecode.com/files/lazyload-min.js' type='text/javascript'/>

<script charset='utf-8' type='text/javascript'>

$(function() {

$(&quot;img&quot;).lazyload({placeholder : &quot;http://beautifulbloggerwidgets.googlecode.com/files/grey.gif&quot;,threshold : 200});

});

</script>
ကုဒ်ကလည်းမများတာမို့ လွယ်ကူစွာလည်းထည့်နိုင်ပါတယ်.. စမ်းကြည့်လိုက်ပါနော် အရင်ကထက်တော့
ပိုမိုမြန်ဆန်လာတာတော့ ကျွန်တော် လက်တွေ့ သုံးထားပါတယ်...
 ပြီးတာနဲ့  Save Template လိုက်ပါနော်........

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
ကူးယူဖော်ပြသည်

How To Do Your Blog Import-Export-Delete

How To Do Your Blog Import-Export-Delete




မင်္ဂလာပါ ကျွန်တော် သည်နေ့ အားလုံးနဲ့ မိတ်ဆက်ပေးခြင်တဲ့ နည်းပညာလေးကတော့ ဘလော့ကာပိုင်း ဆိုင်ရာ နည်းပညာရပ်တွေထဲက  BLOGGER များအတွက် အလွန်ကို အရေးပါစေတဲ့ နည်းပညာလေးတစ်ရပ်ဘဲ ဖြစ်ပါတယ်..။ သည်နည်းလမ်းလေးကို ကျွန်တော့်ရဲ့ ၀က်ဆိုဒ်မှာလည်း တင်ပေးဖူးပြီးသားဖြစ်ပါတယ်.. ခုတော့ နည်းပညာဆောင်းပါးတစ်ပုဒ်အနေနဲ့ ကျွန်တော် ပြန်လည် ရေးသား တင်ပြလိုပါတယ်.. တကယ်တမ်းလည်း  ဘလော့ကာတွေအတွက် မရှိမဖြစ် သိထားသင့်တဲ့ နည်းလမ်းလေးဆို မမှားပါဘူး... ဘလော့တခု ၀က်ဆိုဒ်တခု လုံးရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါတယ်.... ဘာလည်းဆိုတော့ ကျွန်တော်တို့  ဘလော့တွေ မှာ
ဘလော့တခုလုံး ( ပို့စ်များအပါအ၀င်  )  ကိုဒေါင်းယူနည်း-ပြန်သွင်းနည်း  ဆိုတဲ့ ဘလော့တခုရဲ့ အရေးပါဆုံး ကဏ္ဍလေးဘဲဖြစ်ပါတယ်... ဘာကြောင့် အရေးပါရသလဲဆိုတော့ ကျွန်တော်တို့ ဘလော့ကာ တော်တော် များများ တွေ့ဖူးကြမယ်လို့ထင်ပါတယ်... မိမိတို့ ဘလော့တွေမှာ Spam မိတာဘဲ ဖြစ်ဖြစ် တခြား အကြောင်းကြောင့် ဖြစ်ဖြစ်.... Hacker တွေကြောင့် ဖြစ်ဖြစ်.... ဘလော့တခု ဆုံးရှုံး ကြရတာကိုပေါ့... အဲလိုခါမှာ ခဲလေသမျှ သဲရေကြ ဖြစ်ကြရပါတယ်.. ကျွန်တော်တို့ ကာလရှည်ကြာ ကြိုးစားထားသမျှ တွေ   ကုန်ဆုံးကြရတော့ အရမ်းကို ထိခိုင်စေပါတယ်...
ဒါကြောင့် ခုကျွန်တော် ရေးသားတဲ့ နည်းလမ်းလေးကတော့ မိမိတို့ ဘလော့ မည်သည့်အကြောင်းကြောင်းကြောင့် ဖြစ်စေ ဆုံးရှုံးခဲ့ပါက ချက်ချင်း ဆိုသလို မူလအဆိုင် ဟန်မပျက် ပြန်လည်  တည်ဆောက်နိုင် တဲ့နည်းလမ်းလေးဖြစ်ပါတယ်... ကဲ အောက်မှာ သေခြာ ရှင်းပြထားပါတယ်နော်...

နည်းလမ်းကတော့  How To Do Your Blog Import-Export-Delete  ဆိုပြီးပေးထားပါတယ်....
 မိမိတို့ ဘလော့မှာ တင်ထားသမျှ POST တွေအားလုံးကို ဘယ်လို ဒေါင်းယူမယ် ဘယ်လိုပြန်သွင်းမယ် နောက် မလိုအပ်တဲ့ခါ ဘလော့ကို အပြီးပိုင် ဖျက်မယ်  ဆိုတဲ့ နည်းလမ်း ၃ သွယ်ကို
ကျွန်တော် အသေးစိတ် ရေးသားဖေါ်ပြသွားမှာပါ....ဆက်လက် လေ့လာလိုက်ကြရအောင်ဗျာ....

    မိမိဘလော့မှာ  Export လုပ်ယူနည်း    

ပထမဆုံးအနေနဲ့  မိမိတို့ရဲ့ blogger မှာ အကောင့်ဝင်လိုက်ပါနော်.. ၀င်ပြီးတာနဲ့... ဘလော့ကာ Setting ကိုသွားလိုက်ပါ..အောက်က ပုံတိုင်းတွေ့မြင်ရပါမယ်...


အိုကေ ရောက်တာနဲ့  Setting ထဲက အော်ကဆုံးမှာ ရှိနေတဲ့  0ther  ဆိုတာကိုကလစ်ပေးလိုက်ပါ။


အပေါ်ဆုံး မှာတွေ့မြင်ရမှာဖြစ်ပါတယ် Export  Blog ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဒေါင်းဖို့ ဘောက်လေး ကျလာမှာဖြစ်ပါတယ်

ပုံမှာ ပြထားသလို Download Blog ဆိုတာကလစ်ပြီး ဒေါင်းထားလိုက်ပါ.. မိမိ ဘလော့ရဲ့ ပို့စ်များခြင်း နည်းခြင်းအပေါ်မူတည်ပြီး  စောင့်ရမှာဖြစ်ပါတယ်.. များရင် အချိန်ကြာပါမယ်..ဒေါင်းထားလိုက်ပါ။
ပြီးတာနဲ့  ဒေါင်းထားတဲ့ Folder လေးထဲ ၀င်ကြည့်လိုက်ပါ   မိမိတို့ဘလော့ရဲ့ ဘလော့တခုလုံးရဲ့ xml  ဖိုင်လေးကို အောက်ကတိုင်းတွေ့မြင်ကြရမှာဖြစ်ပါတယ်...
ဒါဆို အဲ  xml  ဖိုင်လေးကို သေခြာ မှတ်ထားလိုက်ပါနော်... ဒါက ဘလော့တခုလုံးရဲ့ အသက်သွေးကြောလေးပါ... သူရှိနေသမျှ  ဘယ်ချိန် မိမိဘလော့ ပျက်ပါစေ  ပါသွားပါစေ ချက်ချင်းဆိုသလို ပြန်လည် အသက်သွင်းနိုင်မှာဖြစ်ပါတယ်...။ ဆက်လက်ပြီး အဲဖိုင်လေးကို ဘလော့ အသစ်တခုမှာ ထည့်သွင်းနည်း ရှင်းပြပါမယ်....

     မိမိဘလော့မှာ  Import Blog လုပ်နည်း    

ဒါကတော့ မိမိတို့ အပေါ်က ဘလော့တခုလုံးကို ဒေါင်းယူ သိမ်းဆည်းထားခဲ့တဲ့... ဖိုင်လေးကို ဘလော့ အသစ်တခုခု မှာ မူရင်းဘလော့မှာရိခဲ့တဲ့ တိုင်းပြန်လည် မူမပျက် ထည့်သွင်းနည်းဘဲ ဖြစ်ပါတယ်...
ပထမဆုံး မိမိတို့ ထည့်လိုတဲ့ဘလော့ရဲ့  Setting >> Other  ဆိုတဲ့နေရာကိုသွားလိုက်ပါ... အပေါ်က နည်းတိုင်းပါဘဲ... ရောက်တာနဲ့ အောက်ကပုံတိုင်းကြည့်လိုက်ပါ

ပုံမှာတွေ့ရတဲ့တိုင်း Impotr  Blog  ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဘောက်လေးတခုတက်လာမှာဖြစ်ပါတယ် အဲဘောက်လေး မှာဘဲ ထည့်သွင်းခြင်း လုပ်ကြရမှာပါ
အိုကေ ဘော်ကလေးတက်လာတာနဲ့ အပေါ်က Browse  ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဇယားတခုထွက်လာမယ်  အဲသည်နေရာမှာ စောစောက မိမိတို့ ဒေါင်းယူသိမ်းဆည်းခဲ့တဲ့  xml ဖိုင်လေး ရှိတဲကေ နရာကို အရောက်သွားလိုက်ပါ  ရောက်တာနဲ့ အဲ ဖိုင်လေးကို  Double  ကလစ်လိုက်ပါ

သည်မှာ ကျွန်တော်တို့ သူက စာလိမ် လိုမျိုး စာလုံးတွေ ပေးထားပါမယ်  (သို့) နံပါတ် တွေဖြစ်ကောင်းဖြစ်ပါမယ်  အဲတာကို သူပေးထားသည့်အတိုင်း ပြန်လည် ရေးချပေးရမှာ ဖြစ်ပါတယ်
ပြီးတာနဲ့  အောက်က Import Blog  ဆိုတာကလစ်ပြီး  စောင့်ဆိုင်းနေယုံပါဘဲ..... သည်နေရာမှာ
သတိပြု ဖို့ တချက် ပြောလိုက်ခြင်ပါတယ်.. မကြာခဏ  ကြည့်ပေးပါ ဘာကြောင့်လည်းဆိုတော့ စာလိမ် စာလုံးလေးတွေကို တခါတလေမှာ မပြီးဆုံးမှီ  ပြောင်းပြောင်း ပေးတတ်ပါသေးတယ.် သူပြောင်းလိုက်တာနဲ့ သူပေးထားသလို ပြန်ရေး ပြီး ပြန်လ်ုပပေးရမှာဖြစ်ပါတယ်... ဒါကလည်း ကျွန်တော်တို့ ဒေါင်းထားတဲ့ ဘလော့ရဲ့  MB...GB..အပေါ်မှာ မူတည်ပါတယ်.. ပို့စ်တွေ အရမ်းများတဲ့ ဆိုးဒ်တခုကို ဒေါင်းထားပြီး ပြန်သွင်းတာဆို အချိန် တော်တော် ကြာကြာ စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ် အဲလို ကြာတာနဲ့အမျှ  စာလိမ်လေးတွေ ပြောင်းပေးတတ်ပါတယ် အသစ် အသစ်လေးတွေ ထပ် ကျကျလာတတ်လို့ပါ... နားလည်မယ်ထင်ပါတယ်နော်  ပြီးတာနဲ့ မိမိတို့ ရဲ့ ဘလော့ကာ တခုလုံးအတွက်
အစားသွင်းခြင်းကိစ္စ အောင်မြင်ပါပြီ.... နောက်ထပ် ဘလော့ကို အပြီး ဖျက်နည်းလေးပါ...

    မိမိဘလော့ကို အပြီးဖျက်ပြစ်နည်း    

ကဲ ဒါကတော့ မလိုအပ်ဘဲ ဖွင့်ထားတဲ့ ဘလော့တခုကို ဖျက်ပြစ်တဲ့နည်းလေးပါ... နည်းလမ်းတွေကတော့
သွားပုံလာပုံခြင်းက တနေရာတည်းမှာပါ.. ခုရေးသားတဲ့ နည်းလမ်း ၃ သွယ် မှာ တနေရာတည်းကို ဦးတည် သွားရောက်ပြီး လုပ်ဆောင်ရတာတွေပါ....
Blogger Sing In >> Blogger  Setting >> Other  ဆိုတဲ့တိုင်း အပေါ်ကလိုဘဲ သွားလိုက်ပါ...

အပေါ်မှာေ တွ့ရတဲ့တိုင်း  Delete  Blog  ဆိုတာကိုကလစ်ပေးလိုက်ပါ ဘောက်လေးတခုကျလာမယ်

ကျလာတဲ့ ဘော်ကလေးထဲက Delete This Blog ဆိုတာကလစ်ပေးလိုက်တာနဲ့ မိမိတို့ မလိုအပ်တဲ့ ဘလော့လေးကို ဖျက်သိမ်းပေးလိုက်ပါတယ်... ကဲ ဒါဆို ဘလော့တစ်ခုအတွက် သိပ်ကို အရေးပါတဲ့ အခန်းကဏ္ဍ လေးတွေကို သိလောက်ပါပြီနော်... နောက်နောင်ကိုလည်း ဘလော့ကာဆိုင်ရာ နည်းပညာလေးတွေကို ဆက်လက် ရေးသားတင်ဆက်ပေးပါ့မယ်....အဆင်ပြေပါစေ..။

ကူယူဖော်ပြသည်

မိမိ Blogger မှာ တင်သမျှ ပိုစ့်တွေကို Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း

မိမိ Blogger မှာ တင်သမျှ ပိုစ့်တွေကို Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း





မင်္ဂလာဗျာ.. ကျနော် ဘလော့နည်းပညာပိုစ့်တွေကို   ရေးလည်း ရေးထ မရှိပါဘူး။ ကျနော်ထက် ကျွမ်းကျင်တဲ့ ဘလော့ကာဆရာတွေ အများကြီးမို့လို့ပါ.... ဒီပိုစ်ကိုလည်း ကျနော်ရဲ့ ချစ်အကိုကြီး သင်ဆရာ မြင်ဆရာဖြစ်တဲ့ ဘလော့ခရီးသည် က ညီရေးပေးပါလို့ တကူးတက တောင်းဆိုးထားလို့ မတတ်တစ်ခေါက်နဲ့ သိတာလေးတွေကို အရှင်းလင်းဆုံး ရေးထားပေးလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။
ဒီပိုစ့်လေးက ကျနော်တို့ ဘလော့ကာ  ညီအကို သူငယ်ချင်း တွေအတွက် အရေးပါ အရာရောက်တဲ့ ပိုစ့်လေးဆိုလည်း မမှားပါဘူး။  ကျနော်တို့ Blogger မှာ တင်သမျှ ပိုစ့်တွေကို ပြန်ပြီ ရှယ်စရာမလိုပဲ့ Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း ဖြစ်ပါတယ်။

           အောက်မှာ ပုံလေးတွေနှင့် တကွ သေခြာ ရှင်းပြထားတာ မို့ တစ်ဆင့်ချင်း  ပြုလုပ်သွားရုံနဲ့                  အဆင်ပြေလိမ်မယ်လို့  ယုံကြည့်ပါတယ်ဗျာ။  

ပထမဆုံးအနေနဲ့   အောက်က လင့်ကို  ကလစ်ပြီ ဝင်လိုက်ပါ


                               

 
အဲမှာ အပေါ်က ပြထားတဲ့အတိုင်း Start Free Trial ဆိုတဲ့ စာတန်းလေးကို  ကလစ်ပါ။


ဒီမှာတော့  Facebook နဲ့ Sing Up  အရင်ပြုလုပ်ရမှာဖြစ်ပါတယ် ၊ ဘောက်ရဲ့ အောက်နားလေးက Okay ဆိုတာလေးကို ပြန် ကလစ် ပေးပါ။


 Facebook နဲ့ Sing Up ဝင်ပြီး www.symphonytools.com ဆိုဒ်မှာ အကောင့်ရပါပြီ ။


ဒီအဆင့် မှာ အပေါ်က Naxt Step ဆိုတာကို နှိပ်ပြီလည်း ဝင်လို့ရသလို့  အောက်က Add Profiles and Blogs နှိပ်ပြီ ဝင်လို့ ရပါတယ်။ ကျနော်ကတော့ Add Profiles and Blogs နှိပ်ပြီ အရင်ဝင်လိုက်ပါတယ်။
အဆင်ပြေသလို့ပေါ့ ဗျာ။


Connect Your Social Profiles  ဆိုတဲ့ ဘောက်လေး တက်လာရင်  Blogger မှာ တင်သမျှ ပိုစ့်တွေကို Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း ရဲ့ အရေးကြီးတဲ့ Blog/ Rss/ Website  ကို အရင် ပြုလုပ်ရပါမယ်။ ဒီနေရာမှာ အထူးသတိထားဖို့ လိုအပ်တယ်ဗျာ။ Blog/ Rss/ Website ဆိုတာကို အရင် ကလစ်ပါ။

Register a New Blog ရဲ့ ဘောက်လေးမှာ Website Link  နေရာလေးမှာ မိမိဘလော့ ဆိုဒ်လင့်ကို ထည့်သွင်းပေးပြီး Next ဆိုတာကို ဆက်ပြီး ကလစ်သွားပါ။


ဒီမှာတော့  This Website  အစရှိနေသော စာတန်းလေးကို အမှတ် ခြစ်ပေးပြီး  Next ကိုဘဲ့ ဆက်ပြီး ကလစ်သွားလိုက်ပါ။


        အခုဆိုရင်တော့ ကျနော်ဆိုဒ် Register ပြုလုပ်ထားတဲ့  Blog/ Rss/ Website ရဲ့ 
        ဘောက်လေး ကို  တွေ့ရပါပြီ၊ အဓိကတော့ ဒီဘောက်လေးရှိနေဖို့ပါ  ဒါမှလည်း လုံးဝ  အဆင်ပြေမှန်၊


ပြီးရင်တော့ ဒီမှာ Add Profiles and Blogs  ဆိုတာကို နှိပ်ပြီ  ပြန်ဝင်ရပါမယ်။


 ဒီ Connect Your Social Profiles ရဲ့  ဘောက်လေးမှာ Facebook ,Twitter,LinkedIn သုံးခုမှာ
မိမိ နှစ်သက်ရာ အကောင့်တွေကို ဝင်နိုင်ပါတယ်။ ကျနော်ကတော့  Facebook ကို အရင် ဝင်လိုက်ပါတယ်။


ဒီမှာတော့ Facebook  နဲ့  Log In ဆိုတာကလစ်ပြီး  အောက်နားလေးက Okay ဆိုတာလေးကို ပြန်နှိပ်ပေးရပါမယ်။


ပြီးရင်ဒီဘောက်လေး ပေါ်လာရင်  အောက်နားလေးက Okay ဆိုတာလေးကို ပြန်နှိပ်ပေးလိုက်ပါ။


ဒီမှာလည်းဘဲ  Okay  ပေါ့နော်။


ပြီးရင်တာ့ Connect Your Social Profiles  ရဲ့ ဘောက်လေးမှာ မိမိ Facebook မှာ ရှိနေတဲ့ ,Page,နဲ့ Group တွေကို တွေ့ရပါပီ ။ Page,နဲ့ Group တော့မှာတော့ မိမိ အင်မင် ဖြစ်ထားဖို့လိုတယ်  နောဆိုရင် မရဘူး၊ အပေါ်က ပုံစံအတိုင်းလည်း တွေ့ရမှာ မဟုတ်ပါဘူး။ ခုမြင်တွေ့နေရတဲဟာတွေကတော့ ကျနော် ကိုယ့်ပိုင်  Facebook ,Page,Group, တွေပါ  အဲ့ဒါတွေကို Select ကို နှိပ်ပြီ  Selected ဖြစ်အောင် ကလစ်ပြီး အမှတ်လေး ဖြစ်အောင်  လုပ်ပေးရပါမယ်။


ကိုယ့် ရှယ် ချင်သလောက်ကို  Select ကို နှိပ်ပြီ  Selected လုပ်ပြီးရင်တော့ အောက်ဆုံးက Done ကို နှိပ်ပေးလိုက်ပါ။


ခုနားက Join ထားတဲ့ Facebook ,Page,Group တွေကို အပေါ်မှာ အခု တွေ့ရပါပြီ၊၊
ဒီလိုပဲ့ Twitterနဲ့ ,LinkedIn တွေကိုလည်း  မိမိ အကောင့်နဲ့  Log In  ဝင်ပြီ  ထည့်သွားနိုင်ပါတယ်၊၊
Twitter,နဲ့ LinkedIn တွေရဲ့ Join နည်းကို မရေးတော့ပါဘူး  အတူတူမို့လို့ပါ။

ပြီးရင်တော့ အပေါ်မှာ တွေ့နေရတဲ့ Next Step ကို ပြန်ဆက်နှိပ်ပေးရပါမယ်။

အပေါ်ကဆုံးက Welcome to your ....      Features ရှိနေတဲ့ စာတန်းလေးရဲ့ အောက်က Next Step  ကို ဆက်ကာ ဆက်ကာ နှိက်သွားပေးရမှာ ဖြစ်ပါတယ်။


ဒီမှာလည်းဘဲ့  .. Next Step  ပေါ့နော်။


 Next Step   ကိုဘဲ  ပြန်နှိပ်ပါ။


Next Step  တွေကိုပဲ့ ဆက်နှိပ်ပြီးရင်တော့ Done  တစ်ချက်နှိပ်ပြီးရင်တော့ ပြီးပါပြီ။


Auto Post your biogs to facebook and Twitter ရဲ့ ဘောက်မှာ အောက်က် Setup Syndcation ဆိုတာကို ပြန်ကလစ်ပေးလိုက်ပါ။


၁။ Choose a biog :  မှာ   မိမိဘလော့နာမည်ကို ရွေးပေးပြီး
၂။ Choose where to publish posts  မှာတော့ Sing Up ဝင်ထားတဲ့ Facebook ရဲ့ email အကောင့်ကို Verify ဖြစ်အောင် အရင်လုပ်ပေးဖို့ email  သို့ အရင်ပြန်သွားပါ။


ဒါမှ မဟုတ်  Account Settings >email Settings  ကိုသွားပြီး  မိမိအသုံးပြုချင်တဲ့ email  အသစ် တစ်ခုကို ချိန်းပြီး အစားထိုးပြီး ပြုလုပ်နိုင်ပါတယ်။ အဓိကတော  email  Verify ဖြစ်ဖိုပဲ့ လိုပါတယ်။


ကဲ့ email အကောင့်ကို ပို့လာတဲ့ စာအိပ်လေးမှာ Click here to Verify  your email. address. ဆိုတဲ့ စာတန်းလေးဖြင့်  ကလစ်ပေးရပါမယ်။

 Thanks your  email is Verified  စာတန်းအောက်က Continue ဆိုတာကို ထပ်ပြီ ကလစ်ပေးပါ။


ပြီးရင်တော့ Auto Post your biogs to facebook and Twitter ရဲ့ ဘောက်မှာ အောက်က  Setup Syndcation ဆိုတာကို ပြန်ကလစ်ပေးလိုက်ပါ။


၁။ Choose a biog :  မှာ မိမိ ဘလော့နာမည်ကို ရွေးပေးပြီး
၂။  အောက်ဆုံးက စာတန်း ဖြစ်တဲ့ Setect Profiles to publish To ကို ပြန် ကလစ်ပေးလိုက်ပါ။


 ခုမြင်တွေ့နေရတဲ့ Facebook ,Page,Group, တွေကို Select ကို နှိပ်ပြီ  Selected ဖြစ်အောင် ကလစ်ပြီး အမှတ်လေး လုပ်ပြီးရင်တော့  Done ပေါ့နော်..ဒါဆိုတော့ အဆင်ပြေပါပြီ။


ဒါကတော့ ကျနော်အခု   ပြုလုပ်တဲ့ Blogger မှာ တင်သမျှ ပိုစ့်တွေကို ပြန်ရှယ်ဖို့ အတွက် Facebook ,Page,Group တွေ ဖြစ်ပါတယ်။  ဒီလို့ ဖြစ်နေရင်တော့ ကိုယ့် ဘလော့မှာ နေ့စဉ် တင်နေတဲ့ ပိုစ့်တွေဟာ ကိုယ်တိုင် အချိန်ပေးပြီး ပြုလုပ်စရာ မလိုပဲ့ အော်တိုဘဲ့  Facebook ,Page,Group တွေ  ရောက်နေမှာပါဗျာ။


အသုံးမပြုချင်ဘူးဆိုရင်လည်း   Account Settings ကိုသွားပြီး  Delete Account  ကို နှိပ်ပြီး Save နဲ့ ဖျက်လိုက်ရုံပါဘဲ့။

ဒီလောက်ဆိုတော့ ဘလော့ နည်းပညာ ညီအကို သူငယ်ချင်းတွေ နည်းလည် သဘောပေါက် လုပ်တတ်လိမ့်မယ်လို့  ယုံကြည်ပါသည်။

တစ်ကယ့်လို့  နားမလည် ခဲ့ပါက ကျနော်ကို  တိုက်ရိုက် မေးမြန်းနိုင်ပါတယ် ကူညီပေးဖို့ အသင့်ပါပဲ့။
 အားလုံး အဆင်ပြေကြပါစေလို့ ။


၊၊မျှော်လင့်လျှက်ပါ။  ကူးယူဖော်ပြသည်