Wednesday, June 7, 2017

BitCoin ဆိုတာ ဘာပါလိမ့်

BitCoin ဆိုတာ ဘာပါလိမ့်


ပိုက်ဆံကိုတော်လှန်မယ့် ( Bitcoin - ဘစ်ကွိုင် ) နည်းပညာ
ပိုက်ဆံကိုမေ့လိုက်ပါတော့၊
( Bitcoin - ဘစ်ကွိုင် ) နည်းပညာဟာ တော်လှန်ရေးတစ်ရပ်ပါ
အွန်လိုင်းကိုအခြေခံပြီး ဘစ်ကွိုင်ဆိုတဲ့နည်းပညာနဲ့ ငွေ အပေးအယူလုပ်လာပါပြီ။ 

ဒါဟာ ငွေကြေးသုံးစွဲမှု စနစ် သစ်ပဲပေါ့။
အနာဂတ်မှာ ဖူးပွင့်လာမယ့် ရင်းနှီးမြှုပ်နှံမှုပုံစံ အသစ်လို့လဲဆိုနိုင်ပါတယ်။
ပိုက်ဆံနဲ့ ပတ်သက်လို့  သင်ဘာသိထားသလဲ။ အားလုံးကို မေ့ပစ်လိုက်ပါတော့။ 

အထူးသဖြင့်တော့ ရင်းနှီးမြှုပ်နှံချင်သူတွေနဲ့ ဘဏ္ဍာရေး လုပ်ငန်းသမားတွေက 
ဒီ ဘစ်ကွိုင် နည်းပညာကို အများကြီး မျှော်လင့်ထားပါတယ်။
ဒါကြောင့်လဲ ဂူဂဲလ်လို အိုင်ဘီအမ်လို ကုမ္ပဏီကြီးတွေက ဒီ ဘစ်ကွိုင် နည်းပညာ နဲ့ 
ပတ်သက်တဲ့ ကွန်ပြူတာ application တွေ software တွေရေးဆွဲနေပါပြီ။ 
ကမ္ဘာကျော် ကုမ္ပဏီကြီးတွေရဲ့  စီမံခန့်ခွဲမှုအဖွဲ့တွေကတောင် အဖြေ ကိုနားစွင့်နေလေရဲ့။

ကွန်ပြူတာ ပညာရှင် ဂျက်ဖ်ဂါဇစ်(Jeff Garzik) ကတော့ ဒီ ဘစ်ကွိုင်ဟာ တိုကင်ပြားလေးတစ်ခုပါပဲတဲ့။ 

ဒါပေမယ့် အားလုံး သိအောင်ပြောရရင် တိုကင်လေးတစ်ခုကတင်ေ
ငွကြေး သန်းပေါင်း ထောင်ချီ သွား ပါလိမ့်မယ်တဲ့။ သူဟာ ဒီနည်းပညာကို ဖော်ထုတ်တဲ့သူ ငါးဦးထဲက တစ်ယောက်ပါ။
နောက်ပညာရှင် ဆာတိုရှိ နာကာမိုတို (Satoshi Nakamoto) ကတော့ ရှိသမျှ
 ငွေကြေးစနစ်တွေကို ဖျက်သိမ်းပစ်ဖို့ ပေါ်လာတဲ့နည်းပညာ မဟုတ်ပါဘူးတဲ့။ 
ဒါပေမဲ့ ပထမအဆင့်ပဲ ရှိသေးတာကိုတော့ သတိပြုပါလို့ဆိုပါတယ်။
ဂျက်ဖ်ဂါဇစ် ကတော့ ဒါဟာ နည်းပညာရဲ့အသီးအပွင့်ပါ။ လူတိုင်းခူးဆွတ်နိုင်ပါတယ်တဲ့။
ဘစ်ကွိုင်က ဘယ်လိုလုပ်မှာတဲ့လဲ? (Blockchain အလုပ်ဘယ်လိုလုပ်တယ် 

ဆိုတာပုံမှာဖော်ပြထားပါတယ်)
တကယ်ကတော့ စာရင်း စာအုပ်တွေ၊လယ်ဂျာတွေ၊ ငွေ အ၀င်ငွေအထွက်တွေ၊ 


အလျော့ အတင်းတွေ အားလုံး ဘာမှ တွက်နေချက်နေမှတ်နေစရာ မလိုတော့တဲ့ နည်းပညာဆန်းသစ်မှုပါ။
တကမ္ဘာလုံးကို ချိတ်ဆက် နိုင်ပ်ါတယ်။ သံကွင်းလို ချိတ်ဆက်ထားလို့ ဘယ်နေရာကမှ
 ဖြတ်တောက် ခိုး ယူလို့ လဲမရပါဘူး။ Block ဆိုတာ အတုံးတစ်တုံးလို့  ယူဆရင်
 အဲဒီ အတုံးထဲမှာ အချက်အလက်တွေအများကြီး သိုမှီးထားတယ်။ ဒီ အချက် အလက်တွေက ဆယ်နှစ်စာ၊

 နှစ်နှစ်ဆယ်စာ စသဖြင့်ရှိနေတယ်။ အဲသလို အတုံးတွေ တန်းစီ ချိတ်ဆက် ထားတော့ 
သံကြိုးအရှည်ကြီးလို ဖြစ်သွားတာပေါ့။ ဒီ နည်းပညာမှာ သံကြိုးရှည်ကြီးဟာ မှတ်ပုံတင်ထားတဲ့ စာချုပ်ကြီးတစ်စောင်ပါပဲ။
ကျွန်တော်တို့က ဘစ်ကွိုင်ကို သိမ်းထားတာ မဟုတ်ပါဘူးတဲ့။ 
သက်ဆိုင်ရာ သော့ ကို သိမ်းတာပါ လို့ ဆိုပါတယ်။ အဲဒီသော့တံနဲ့ ဖွင့်လိုက်မှ 
ကိုယ်ပိုင်ဆိုင်တဲ့ ဘစ်ကွိုင်လေးတွေကိုတွေ့ရမှာပေါ့။ တကယ်ကတော့
 စာချုပ်တွေကို နာမည်ပြောင်းပေးလိုက်တာပါပဲ။
တကယ်တော့ ဒစ်ဂျစ်တယ် ငွေကြေးလို့ ပြောတာနဲ့ မလုံလောက်နိုင်ပါဘူး။ 
စာရင်းပေါင်းချုပ်၊အမြတ်ငွေ တွက်ချက်မှု၊ ငွေဝင်ငွေထွက် 
စတာတွေကို ၁၀မိနစ်အတွင်းတွက်ချက်ပေးနိုင်တဲ့ တကမ္ဘာလုံးနဲ့ချီတဲ့ စက်ကြီးပါ။
ပွင့်လင်းမြင်သာမှုရှိသလို ဘယ်နေရာမှာမှ လာဘ်ပေးလာဘ်ယူလုပ်လို့ မရတော့ပါဘူး။
 ခြမစားနိုင်ပါဘူး။
ဒါပြီးရင် ဘာတဲ့လဲ။ တကယ့် ဘစ်ကွိုင်၂.၀ ပြိုင်ပွဲကြီးပေါ့။
ဂါဇစ်က ပိုက်ဆံဆိုတာကြီးရဲ့အလွန်မှာ ဘစ်ကွိုင် ၂.၀ ပြိုင်ပွဲစပါပြီတဲ့။ 
အခြေခံအကျဆုံး အတွေးအခေါ် ကတော့ တကမ္ဘာလုံးသိသာ ထင်ရှားတဲ့ပြောင်းလဲမှု၊ 
စာရင်းဇယားတွေနဲ့ တွက်ချက်နေရတဲ့ အလုပ်ရှုတ်မှုကနေ ရုန်းထွက်လိုက်တဲ့ ဘစ်ကွိုင်နည်းပညာ၊

 ဒီ နည်းပညာကို အတတ်ပညာရှင်တွေ၊ ဝေဖန်သူတွေက ပြန်လည်ဆန်းစစ်ပြီးရင်
 (စမတ်စာချုပ်) ဆိုတဲ့ အဆင့်ကိုရောက်မယ်။ ဆိုလိုတာက ငွေချေးမယ်။ အတိုးနှုန်း တွက်မယ်။ 
ဘယ်နှနှစ်အတွင်းပြန်ဆပ်ရင် အတိုးအရင်းဘယ်လောက်ဆိုတာကို ချေးဌားသူကပေးရမယ်။ 
ဒါမှ မဟုတ် ဘဏ်ကပေးရမယ်။ အဲ့ဒါမှ မဟုတ်ရင် ရှယ်ယာဝင်သူကရမယ် စတာတွေကို (စမတ်စာချုပ်) ကနေ တွက်ပေးပါလိမ့်မယ်။
စစ်ရဆေးရ၊ တရားရုံးသွားရ ဘာမှ မလုပ်ရတော့ဘူးပေါ့။ 
၁၀ မိနစ် အတွင်း အားလုံးကိုတထိုင်တည်းကြည့်နိုင်ပါပြီတဲ့။
နယူးယောက် ဥပဒေကျောင်း က ဘဏ္ဍာရေးဆိုင်ရာဥပဒေဌာနမှူး တွဲဘက် ညွှန်ကြားရေးမှူး 

ဟိုမန်ဘီရှာ ဒက်ဘ်ကတော့ တရားရုံးတွေမှာ စာချုပ်ရ၊ မှတ်ပုံတင်ရ၊တွက်ချက်တာတွေ ပြန်စစ်ရ 
မလုပ်ရတာ တစ်ခုနဲ့တင် ဒီ(စမတ်စာချုပ်) အဆင့်က တော်တော် ကောင်းနေပါပြီတဲ့။

ငြင်းနေခုန်နေရ သက်သာသွားသလို မလိုအပ်တဲ့ တရားရုံးစရိတ်တွေလဲ သက်သာ သွားစေပါသတဲ့။
တဆက်တည်း (စမတ်စာချုပ်) နဲ့ တွဲလျက် စမတ်ပစ္စည်းဆိုတာပါတယ်။ 

ဆိုပါတော့ ကား ထုတ်လုပ်တဲ့ကုမ္ပဏီပေါ့။ ၀ယ်သူ လက်ထဲကားရောက်တာတောင် ကိစ္စ ပြတ်သေးတာ မဟုတ်ဘူး။ အရစ်ကျရောင်းလိုက်ရင် ငွေကြေတဲ့ထိ ဒီ နည်းပညာကတွက်ပေးနေမှာပါ။

ဒီလို နည်းပညာတွေ တခြားအများအပြားရှိနေနိုင်ပါတယ်။ဒါပေမဲ့ ဘစ်ကွိုင်လို နည်းပညာကတော့
 စောင့်ကြည့် အကဲခတ်စရာ နောက်တစ်ဖွဲ့ မလိုတဲ့နည်းပညာပေါ့။
တစ်ချိုကတော့ ဒီနည်းပညာကို သံသယ ၀င်နေပါတယ်။ 
ဘယ်လောက်ထိ ယုံရမလဲပေါ့။ ဘစ်ကွိုင်ယုံကြည်သူများ အုပ်စုကတော့စီမံခန့်ခွဲတာတွေ၊ 
မရိုးမဖြောင့် တာတွေကို လူတို့ ဖန်တီးထားတဲ့ နည်းပညာဆန်းက မမှားမယွင်း ကျော်လွှားနိုင်ပါသတဲ့။ 
သူတို့ကတော့ ကုန်သွယ်မှုလုပ်ငန်းတွေရဲ့မလုံခြုံတာတွေကို ဒီနည်းပညာကေ
ကျာ်လွှားနိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။
ကဲ .. ဘစ်ကွိုင်(ဒါမှမဟုတ်) ငွေမှုန် နည်းပညာ ဆိုပါတော့။ စောင့်ကြည့်ကြရအောင်လား။

Htet Naing Linn Facebook မှကူးယူဖော်ပြသည်<<<Thank's

No comments:

Post a Comment