Monday, June 5, 2017

သားစားစုန်း


Kyaw Min Khant ၏ ဓာတ်ပုံ
[သားစားစုန်း] (စ/ဆုံး)
~~~~~~~~~~~~~~~~~
👹👹👹👹👹👹👹👹👹
အ​မေ့စီပြန်​လာ​ပေးပါ သား​လေးရယ်​.....
ကျွန်တော့ မိန်းခလေး နာမည်​က ခင်လေးတဲ့။ သူရဲ့ ထူးဆန်းတဲ့ အပြု အမူကြောင့် ထင် တယ် သူကို ကျွန်တော် မြင်မြင်ချင်း စိတ် ဝင်စားမိ တာ။ သူက အသားဖြူဖြူ ၊ မျက်နာသွယ် သွယ်နဲ့ အရပ် ၅ပေ ၅ လက်မလောက်ရှိတဲ့ လှပ တဲ့ ကချင်မလေး ပါ ။ သူကို ကျွန်တော် ချစ်လွန်းလို့ ခင်လေး လို့တောင်မခေါ် ရက် ပဲ "ခင်"လို့ အဖျားစွတ် ခေါ် ပါတယ်။ သူကလဲ ကျွန်တော့ကို "ကို" တဲ့ သူထက် အသက်၃နှစ်လောက် ငယ်ပေမယ့် လူကြီးဆန်လွန်းတဲ့ ကျွန်တော့ကို "ကို" လို့ ခေါ်တာ မဆန်းပါဘူး။ ကျွန်တော်က ဆရာဝန်ပါ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ တဲ့ နယ်မြို့လေးတွေ မှာ တာဝန် ထမ်းဆောင်ရတဲ့ ဆရာဝန်ပေါ့။ ခင်လေးနဲ့ကျွန်တော် ရီးစားသက်တန်း ၁ နှစ်လောက် ကြာပီးတော့ ကျွန်တော့တို့ မဂ်လာဆောင်ခဲ့ကြတယ်။ လင်မယား၂ ယောက်သိပ်ချစ်ကြတာပေါ့ ။ လက်ထပ်ပီးမကြာပါဘူး ကျွန်တော် ကချင်ပြည်နယ် ပူတာအို ဘက်က အရမ်းခေါင်တဲ့ကျေးရွာလေးမှာ တာဝန်ကျ ပါတယ်။
ခင်= ဟင် တကယ်လား ကို ။ ပူတာအို မှာ တာဝန် ကျတာ တကယ် လားဟင်။
ကျွန်= တကယ်ပေါ့ ခင်ရဲ့ ။
ခင်=ပျော်လိုက်တာ ကိုရယ်။ ဖေတို့မေတို့နဲ့ တွေ့ရတော့မယ်
ကျွန်=သိနေတယ် လေ ကို့ မိန်းမလေးပျော်နေမယ် ဆိုတာ ။ သဘက်ခါ ကြရင် ကို တိုေ့ပြာင်း ကြမယ် ။ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားနော်ခင် ။
ခင်= အင်းပါ ကို ရဲ့။
သူက မြေရပ်မြေ ကချင်ပြည်နယ် ကို ပြန်ရတော့မယ် ဆိုတော့ ပျော်နေ လေ ရဲ့.......
ဒါနဲ့ကျနော်က ရဲနောင်ပါ။ ကျနော်မိန်းမ ခင်လေးက သိပ်ထူးဆန်းတယ်။ လက်သည်းရှည်ကြီးတွေ ပိုင်ဆိုင်ထားပြီး ဘာဝတ် ဝတ် အနက်ရောင် ကိုမှ နှစ်သက် စွဲ လန်းစွာ ဝတ် တတ်တယ်။ ဘာစားစား သူလက်သည်းရှည် ကြီးတွေ နဲ့ ထိုးစိုက်ပီး စားလေ့ ရှိ တယ်။
ကျွန်= ခင် အဲ့လို့မစားရဘူးလေ ကွာ မစားကောင်းဘူး ခင်ရဲ့။
ခင်= အင်းပါ ကို ရယ် ခင်နောက်ဆင်ခြင်ပါမယ်။
အဲ့ဒါသူပြောနေကြစကား ။ပြော တုံးခဏ ပီးရင်ပြန်လုပ်တာ ပဲ။
အဲ့လို့နဲ့ ကျွန်တော်တို့ လင်မယား ပူတာအို ဘက်က အဲ့ ရွာလေးကို ရောက်ခဲ့တယ် ။ ရွာ လူ ကြီး နဲ့ တွေ့ ပီး ရွာ စွန် လောက် မှာ နေရာ ချပေး တယ် ။ ကျွန်တော် တို့အတွက် သစ်သားအိမ် ကလေးဆောက်ပီးသား ပါ။ ရောက်တဲ့ ရက်မှာ ပဲ လင်မယား ၂ ယောက်ပင်ပန်းလွန်းလို့ခြေ ပစ်လက်ပစ် အိပ် လိုက်ကြတယ်။
နောက်တစ်ရက် ရောက်တော့ ရွာလူကြီး ကလာခေါ် ပီး ရွာ ဆေးပေးခန်းလေးကို ပြတယ် ။ သိပ် အကြီးကြီး လဲ မဟုတ် သလို သိပ် သေးသေး လေးလဲ မဟုတ်ပါဘူး။ ဆေး ပေးခန်း မှာ သူနာပြု ဆရာမလေး တစ်ယောက် နဲ့ ဆရာ လေးတစ်ရောက်ရှိတယ် ။ ဖော်ရွေ ကြပါတယ် ။ ရွာသူရွာသားတွေ ကတော့ သိပ်ထူးဆန်းတာပဲ ။ စကားလဲ မပြောကြဘူး ။ ကျွန်တော့ ကို မခင်မင် သေးတော့ ရွံ့နေတဲ့ပုံပါ။ အဲ့လို့ နဲ့ တစ်ပတ်လောက်ကြာတော့ ခင်လေးက ကို ခင် တို့ မေမေ တို့အိမ် သွားရအောင်လေ ။ ကို လဲ လိုက်ခဲ့ပေါ့။ ကျွန်တော် ကလဲ အင်း လိုက်ခဲ့ပါမယ် လို့ ကတိပေး ပီး သူနာ ပြု ဆရာလေးနဲ့ ဆရာ မလေးကို အစစ လွှဲ ထားကာ လင်မယား ၂ ယောက် မြစ်ကြီး နားက ယောက်ခ အိမ် ချီ တက်ခဲ့ကြပါရော ။ ကျနော် ယောက်ခမ ကြီးလဲ သိပ်ထူးဆန်းတယ် ။ ခင်လေး လိုပဲ လက်သည်း ရှည်ကြီးတွေ နဲ့ ပြီးတော့ မဲနက်နေတာပဲ...။
ယောက်ခမ တို့အိမ်မှာ ၂ ရက်လောက် နေပီး တော့.... ကျနော် တို့ ပြန်ခဲ့ ကြတယ် ။ ရွာ လေးက ခေါင်ပေမဲ့ သာယာ လို့နေလို့ထိုင်လို့ သိပ်ကောင်း တယ် ။
တစ်ရက် ပေါ့ ကျနော် ဆေးပေး ခန်းက အပြန် အိမ်ရောက် တော့ ကျနော် မိန်းမ ခင်လေး တစ်ယောက် အိမ် နောက်ဖေး မှာ ကုပ်ကုပ် ကုပ်ကုပ်နဲ့ ။ ဘာလုပ်နေလဲ သွားကြည့် တော့ အမဲ သားတွေ အစိမ်းလိုက် စားနေ လေရဲ့ ။ ကျနော် မျက်လုံးပြူး သွားတယ်။ အံ့သြ သွားပီး ရုတ် တရက် ဆွံ အ သွား တယ် ပြီး မှ ။
ကျွန်= ခင် ဘာလုပ်နေတာ လဲ ။
ခင်= အယ် ကိုပြန်လာတာစောတယ်နော် ။ ဒီမှာလေ ဗိုက်ဆာလို့ အမဲ သား ကို နှမ်းဆီလေးနဲ့ တို့စားနေတာ ကို ရဲ့ ။
သူကြည့်တော့လဲ ပြုံးပြုံးလေး ။
ကျွန်= အစိမ်းတွေ မစားရဘူးလေ ခင်ရဲ့ ။အစာမကြေဖစ်မှာပေါ့။
ခင်=အော် ကိုရယ် ခင်ငယ်ငယ် ထဲက စားတာ စားနေကြပါ ကိုရဲ့ ဘာမှမဖစ် ပါဘူး။
အဲ့တော့ လဲ ကျွန်တော် အထွန့်တက်ခွင့်မရှိတော့ ။.............
ကျွန်တော် တို့အိမ် ဘေး မှာ အမယ်အိုကြီး တစ်ယောက်နေတယ်။ သူလဲထူးဆန်းတယ် ရွာသားတွေ နဲ့ ခပ်ကင်းကင်းနေသလို့ ရွာသူရွာသားတွေ ကလဲ သူကို မရှိသလိုပဲ သတ်မှတ်ထားကြတယ် ။ အဲ့ အမယ် ကြီး ဘု ရား တရားအရမ်းလုပ်တယ် ထင်တယ် လက်မှာ ဆို အမြဲ ပုတီးအနက်ကြီးကိုင်လို့ ။ မနက်၊ညတွေ ဆို ဂါထာတွေ ရွတ်နေလား မသိ ။တိုင်းရင်းသားမို့လို့ စကားမပီ လား မဆိုနိုင် ။ ကျနော် လဲ နားမလည်ဘူး။ သူက ကျွန်တော် တို့ လင်မယား နဲ့ မေးပြော ခေါ်ထူးယုံပါပဲ။
အဲ့လို့ နဲ့ အဲ့ရွာလေးမှာ နေတာ ၁ နှစ်လောက်ကြာတော့ ခင်လေး မှာ ကိုယ်ဝန်ရှိလားရော ။ ကျနော် မှာ ပျော်​ လိုက်တဲ့ ဖြစ်ခြင်း။ ခင်လေးလဲ အရမ်းပျော် နေတာ ။ ဘေးအိမ်က အမယ်ကြီး လဲ ခင်လေးကိုယ်ဝန်ရှိချိန်က စပီး ခင်လေး အနားက မခွာတော့ဘူး။ တကယ့်အမေအရင်းလို့ ပဲ။ ပုတီးကြီး စိပ်လို့ ခင်လေး အတွက် ဆုတောင်းပေးနေတာ ထင်ပါတယ် ။ အဲ့မှာ ထူးဆန်း တာက ကျနော့်မိန်းမ ခင်လေး။ အမယ်ကြီး ကိုသိပ်သဘောမကျ တဲ့ ပုံ မျိုး ပဲ။ ကျနော့ မှာ အားနာ လိုက်တာ အမယ်ကြီးကို။
ကျွန်=အမေ ကျနော်မိန်းမကိုယ်စားကျနော်တောင်းပန်ပါတယ်နော် သူကကိုယ်ဝန်ကြီး နဲ့ ဆိုတော့ တခါတလေ စိတ်နောက်တယ်ထငိပါတယ် အမေရယ်။
အဘွားကြီး= အော်ရပါတယ် သားရယ် အမေဗွေ မယူ ပါဘူး။
အဲ့လို့မျိုးကျွန်တော့ မှာ တောင်းပန်ရပါတယ်။
အဲ့လိုနဲ့ ခင်လေး နေစေ့ လစေ့ ဖစ်လာတဲ့ တစ်ရက် ရွာ ဆေးပေး ခန်းလေး ထဲ မှာ ပဲ ကျတော် ကိုယ်တိုင် ကျနော့ သားလေးကိုအောင်အောင်မြင်မြင်မွေး ထုတ်ပေး နိုင်ခဲ့ပါတယ်။ကျနော် အရမ်း ပျော်နေ ပါတယ် ။ အမယ်အိုကြီးလဲ အရမ်းပျော်နေပါတယ်။ ခလေး ကို အမယ် အိုကြီးက ချီမယ် လုပ်တော့ ခင်လေးအတင်းပြန်တောင်းပါတယ် ။သိပ်ထူးဆန်းတာပဲ။ အမယ်အိုကြီးကတော့ ပြုံးပြီးတော့ပဲ ပြန်သွားပါတယ်။ မနက်ဖက် အမယ်ကြီး ဘုရားရှိခိုးရင် ခင်လေး မခံ နိုင်ဘူး ဟို တွန့် ဒီတွန့် နဲ့ ။ ကျွန်တော် မင်္သကာတော့ပါ။
ကျွန် = ခင် ဘာဖစ်လို့လဲ နေမကောင်း ဘူးလား။
ခင်= မဟုတ်ပါဘူးကို ရယ် ဘာဖစ်လို့လဲ မသိ တစ်ကိုယ် လုံး ယား လာ လို့ ပါ။
ကျွန်= မတည့်တာတွေ စားမိလား ရေချိုး လိုက်ပါလား ခင်ရယ်။
ခင်= အင်း ချိုး လိုက်မယ်ကို။
ကျွန်=ပေးပေး ခလေး ကို ကိုယ်ကိုပေး။
ခင်=ဟင့်အင်း ဟင့်အင်း ခလေးပါခေါ်သွားမယ်။
ကျွန်တော် အံသြရပြန်ပါသည်။ ခင်လေး သည် သားလေးကို မျက်စိ အောက်က အပျောက်မခံ ပါ ။ကျနေိာ ခင့် ကို ကြောက်လာ မိပါတော့သည်။ ကျနော့ ငယ်ငယ်က အမေတို့ ပြော ပြဖူးသော သူများခလေးသာမက ကိုယ့် ခလေးပါ စားသောက် တတ်သော သားစားစုန်းမ များခင်လေးဖစ်နေမလား ။ မဖစ်တော့ခြေ။👹👹👹👹
ကျနော့်သည်အရေးကြီးသော ကိစ္စ အားလုပ်ရပေတော့မယ်။ ထမင်းစားသော အချိန် ခင်လေး မသိစဉ်တွင်သူမ သောက်သော ရေခွက်ထဲ သို့ အိပ်ဆေး ခတ် ပါတော့သည်။ ကျနော့် မိန်းမ သည် ထမင်းစား ပီး သည် နှင့် ခလေးအား ဖက်ခါ အိပ်ပါတော့သည်။ ကျနော လဲ ခင်လေး အားကြိုး ဖြင့်တုတ် ထားခဲ့ပြီး သားလေး အား ဘေး အိမ် ရှိ ဘုရား တရားအမြဲ လုပ် ၍ ခင်လေးကြောက်သော အမယ်အိုကြီး ထံ ခလေးကို အပ်ပါတယ် ။ အမြဲ အိုကြီးက ပြုံးပြလျက်သူ စောင့်ရှောက်ထား မည်ဖြစ်ကြောင်း ပြောပြီး တံခါး ကို ပိတ်လိုက်ပါတော့သည်။ ကျနော် လဲ အိမ် ရှိရာသို့ပြန်လာပြီးခင်လေး အား အမှန် အတိုင်း ပြော ရန် နိုးရ ပါသည် ။ ခင်လေးနိုးလာသော အခါ ခလေးကို အရင်မေး ပါသည်။
ကျွန်= မညာနဲ့ တော့ခင် ရယ် သားလေးကို ချမ်းသာပေးပါ ။ စား ချင်လျင် ကို ကို သာစား ပါတော့ ခင်ရယ် နော်။
ခင်=ကို ဘာတွေ ပြော နေတာ လဲ သားလေး ရောလို့ ။
ကျွန်=သားလေးကို အဘွားအိမ်ကို ပို့လိုက်ပီ။ ကဲ ခင် ကို ကိုသတ်ပါတော့။
ဟူ၍ မျက်စီ မှိတ် သောအခါ ။ခင်လေး မှာ အသဲ အသန် အော် ငို လျက် ကိုယ်ကျိုးနဲပါပီ ကိုရယ်။ အမလေး သားလေး ရဲ့ ငါ့ သားလေး အသက် မှ ရှိပါ အုံးမလား ။ ကို ခင်တောင်းပန် ပါတယ် ကို ရယ် သားလေးကိုပြန် သွား ခေါ် ပေးပါနော်။
ကျနော် ကြောင်သွားပါတယ် ကျွန်တော် ရူးတော့မယ် ခင်လေး ဘာတွေ ပြော နေလဲ ကျွန်တော် နား မလည်ပါ။ ဝမ်းနည်း စွာ ရင် ကွဲ ပက်လက် ငိုကြွေးနေသော ချစ်ဇနီး အားသနား လာသလို သားလေး အား လဲ သူစိမ်းတစ်ယောက် လက် ထဲ တွင် ထားခဲ့ ရသည်ကို စိတ်ပူပန်မိ လာပါတော့သည်။ ချက်ချင်းပင် ဇနီးသည် လက် မှ ကြိုးကို ဖြတ် က အမယ်အိုကြီးအိမ်ရှိ ရာသို့ လင်မယား၂ယောက် ပြေး လာမိ ပါတော့သည်။
အလာကောင်းပေမယ့် အခါ နှောင်းခဲ့ ပါပီ ။ အမယ် အိုကြီး မှာ မရှိ တော့ပါ။ ဦး ခေါင်း မှ လွဲ ၍ ကိုယ် ခန္ဓာ တစ်ခုလုံး အသားမကျန် ပဲ အရိုး သာ ဖစ် နေသော သား ငယ် လေး ၏ အလောင်းကိုသာ တွေ့မြင်ရပါတော့သည်။ ကျနော့ ခြေ များမခိုင်ချင်တော့ပါ။ ကျနော့ဇနီးမှာမူ အရုပ် ကြိုးပျက်လဲကျပီး အဲ့ အဘွားကြီးပေါ့ အိမ်​မက်ထဲ အထိ လာတောင်းတာ အဲ့ အဖွားကြီး ပေါ့ အောင်မလေး သား လေး ရဲ့ ဟု ဆို ကာ အသက် ပါသွား တော့သည်။
အသက် ဝိညာဉ် ကင်မဲ့နေသော ချစ်ဇနီး ၏ အလောင်းကိုထွေးပိုက်ရင်း ကျနော့ အမှားတစ်ခု အတွက် ဘယ်သောအခါ မှ ပြန်မရနိုင် တော့သော အရာများအားတွေးတောကာ ကျနော် သည် သားရဲ တစ်ကောင် လို အော်ဟစ် ငို ကြွေး မိ​လေ​ ​တော့သည်။...........................(ပြီးပါပြီ)။
စာဖတ်​သူများအားလုံးကို အစဉ်​​လေးစားလျက်​.......။ ။
အမှားပါရင်​ ခွင့်​လွတ်​ပါ။
#Credit

No comments:

Post a Comment