Saturday, July 8, 2017

Height အရပ်ရှည်နည်း

Height အရပ်ရှည်နည်း




1. ကျနော်သားအတွက် အရပ်ရှည်စေခြင်လို့ လမ်းညွှန်မှုလေးပေးပါခင်ဗျား၊ ကလေးက အသက် ၁ဝ နှစ် ပြည့်ပါတော့မယ်၊ ဆေးအနေနဲ့ ဘယ်လိုအမျိုးစားတွေနဲ့ အထောက်ကူဖြစ်နိုင်ပါသလဲခင်ဗျ၊ စားဆေး၊ ထိုးဆေး ရှိတယ်လို့ ကြားလို့ပါ။ ကလေးရဲ့ ယခုအရပ်အမြင့်က ၄'-၂" ပါ၊ ဖခင် 5'-၄"၊ မိခင် 5'-၁" ရှိပါတယ်၊ မျိုးရိုးကတော့ အရပ်အရမ်းမနှိမ့်ပါ။ ကလေးရဲ့နှစ်ဖက်အဖိုး၂ ယောက်လုံး ဖခင်ထက်အရပ်ရှည်ကြပြီး၊ အဖွား၂ယောက်လုံးလဲ မိခင်ထက် အရပ်ရှည်ကြပါသည်၊ ကျနော်တို့ ၂ ယောက်သာပုနေသောကြောင့်၊ ကလေးလဲ အရပ်ပုမှာကြောက်လို့ ကူညီလမ်းပြပေးပါခင်ဗျ၊ အသက်တူကလေးများနဲ့ ယှဉ်လျှင်ပုနေပါသည်၊ ကျန်းမာရေးကောင်းပါသည်၊ အရပ်အမြင့် ၄'-၂"၊ လက်ရှိပါင်ချိန် ၆၈-၇ဝ ပါ၊
2. မင်္ဂလာပါ ဒေါက်တာ။ ကျနော့်သမီးက ၁၆ နှစ်ပါ။ အရပ်က ၅ ပေ၊ ၁၃၈ ပေါင်။ အရပ်ရှည် စေချင်လို့ပါ။ ကိုယ်အလေးချိန် ကျဖို့ကို ရေကူးပါတယ်။ ကိုယ်ကာယလဲ ကစားနေပါတယ်၊ ဒါပေမဲ့လို့ အရပ်ပုနေလို့ ဆေးတိုက်ချင်လို့ပါ။ အရပ်ရှည်စေမဲ့ ဆေး ရှိပါသလား။
3. ကျွန်တော့်သူငယ်ချင်းအတွက်မေးတာပါ။ အသက်က (၂၃) နှစ် ယောက်ျားလေးပါ။ သူကအရပ် (၅) ပေ သာသာလောက်ပဲရှိပါတယ်ဆရာ။ သူ့မိဘတွေကတော့မပူပါဘူးဆရာ။ သူကအရပ်ရှည်အောင်ဆိုပြီး Mega ten နဲ့ Tall and tallဆိုတဲ့ဆေးနှစ်မျိုးသောက်နေတာ တစ်လလောက်ရှိပါပြီဆရာ။ အဲဒီ့ဆေးတွေက တကယ် အရပ်ရှည်လား။ ပြီးတော့စွဲသောက်ရမှာလား။ အရပ်ရှည်အောင် ဘယ်လိုနေထိုင်ရမယ် ဘာဆေးတွေကို သောက်ရမလဲ သိချင်လို့ပါဆရာ။
4. ကျွန်တော့်နာမည် (့) လို့ခေါ်ပါတယ်။ အရပ်နဲနဲထပ်ရှည်လာအောင် ဘာဆေးတွေ သောက်ရမလဲ၊ ဘာတွေ လုပ်ရမလဲ။ ကျွန်တော် အသက် ၂ဝ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော့် အရပ်က ၅ ပေကနေ မတက်လာဘူး။
5. ကျနော်က အရပ် နဲနဲရှည်တယ်။ ကျနော့်ချစ်သူက အရပ်ပုတယ်ခင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေ ဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ခြေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ ရပါသလား။
6. ဘားဆွဲရင် လက်ပဲရှည်လာမယ်၊ အရပ်မရှည်လာနိုင်ဘူးတဲ့။ အဲဒါမှန်ပါသလားခင်ဗျာ။

“လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။

လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။

လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။

လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။

• မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။
• ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။
• ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။
• ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။

ဒိနောက်ပိုင်းမှာ နဲနဲ ရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ Inter-vertebral discs ခေါ်တဲ့ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက Growth Hormone ကြီးထွားစေတဲ့ဟော်မုန်းကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။

Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး

(၁) Hanging တွဲလဲခိုနည်း၊

(၂) Yoga stretch ယောဂ ဆန့်တန်းနည်း၊

(၃) Swim ရေကူးနည်း နဲ့

(၄) Pelvic Shift တင်ပါးလှည့်ပေးနည်း။

(၁) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(က) Standing Forward Bend မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီတန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကိုကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။

(ခ) Downward Facing Dog ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ Adho Mukha Svanasana သက္ကတဘာသာ(သင်္သကရိုက်ဘာသာ) နဲ့လဲနာမည်ရှိတယ်။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။

(ဂ) Head to Knee ဒူး-ခေါင်း နည်း။ Janu Shirshasana position လို့ခေါ်တယ်။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်းလုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်ပေးပါ။ ကွေးနေတုံးမှာ ပေါင်တွေတင်းထားပါ။ ရှေ့ကိုကိုင်းပြီးရင် လက်ကို တဖြေးဖြေးချင်း အောက်ချပြီး ခြေထောက်ကိုဆုပ်ကိုင်ပါ။ ရှေ့ဆန့်ပါ။ နောက်တဖက်ကိုလဲ အဲလိုဘဲလုပ်ပါ။ ဖြေးဖြေးလုပ်ပါ၊ အသက်ပြင်းပြင်းရှူပါ။

သိပ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ ဥပမာ စစ်ပွဲတွေ၊ အာဟာရ ချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယ-ကမ္ဘာစစ်ကာလ ဂျပန်တွေ အရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာ ရှိတယ်။ လူငယ်တွေ နွားနို့သောက် များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင် စားသတဲ့။ ဈေးချိုတဲ့ Bumper rice ဆန်ထက်တောင် ပေါ်ပြူလာ ဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ ယောက်ျားလေး-မိန်းကလေးတွေက စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက် ပိုရှည်လာကြတယ်။

• လူတွေမှာ ကျောလျှားရှည်သူနဲ့ ပေါင်တံရှည်သူ မတူဘူး။ Long-legged beauty, Long Elegant Legs, Sexy Legs, Hot legs ဆွဲဆောင်မှုရှိတဲ့ ပူလောင်စေတဲ့ နာမဝိသသေနတွေ အများကြီး ရှိတယ်။
• ကျောရှည်သူက ထိုင်နေရင် မပုသလိုဘဲ။ ပေါင်ပိုရှည်သူ ထိုင်ရင် မရှည်သလို ထင်ရတယ်။
• အမျိုးသမီးတွေ အရပ် ၄ ပေ ၁၁ လက္မထက်နိမ့်ရင် တင်ပါးဆုံကွင်း ကျဉ်းလို့ ကလေးမွေးဖွါးရာမှာ ခက်နိုင်တယ်။
• ရှည်ရင် အားကစားမှာ ကျွမ်းဘား၊ ပြိုင်ကားမောင်းတာတွေမှာ အားသာကြတယ်။
• အရပ်ရှည်သူတွေက ဖက်ရှင်မယ်လုပ်လို့ရတယ်။ ရုပ်ရှင်မင်းသမီးဖြစ်နိုင်တယ်။ ဘောလုံး ဂိုးဖမ်းသူဟာ ရှည်တာ တပမ်းသာတယ်။
• အရပ်ရှည်တာက နှလုံးကျန်းမာရေးကောင်းတယ်လို့ ဆိုတာရှိသလို ကင်ဆာဖြစ်မှာတော့ စိုးရတယ်လို့ဆိုတာလဲ ရှိတယ်။ သိပ်ရှည်နေသူတွေမှာတော့ နှလုံး-သွေးကြောအတွက် မကောင်းပြန်ဘူး။
• ဘားဆွဲရင် လက်ရှည်တယ်ဆိုရင် ခါးလဲရှည်နိုင်တာပေါ့။ ဘားတန်းဆွဲရင် ခါးကလဲ ဆန့်ရတယ်။ ခြေကလဲ ဆန့်ရတယ်။

နောက်အကြံကောင်းတွေကတော့ အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ ဗီတာမင် (ဒီ)၊ (ပရိုတင်း)၊ ဗီတာမင် (အေ)၊ (ကယ်လ်စီယန်) နဲ့ ဓါတ်ဆားတွေ ပါသင့်တယ်။

အရပ်ရှည်ဆေးတွေကြော်ညာပြီးရောင်းတာရှိပေမဲ့ ကျွန်တော်တော့ ထောက်ခံချက် မပေးနိုင်ပါ။

Dr. တင့်ဆွေ 

what is bitcoin ?

what is bitcoin ?


မြန်မာနိုင်ငံမှာ အင်တာနက်ရှိယုံ ဖြင့် အွန်လိုင်းပေါ်မှ Extra Money Income ရအောင် အချိန်ပိုင်း freelance အလုပ်လေးတွေ လုပ်ကိုင်နိုင်ပါတယ်
နိုင်ငံခြားမှာတော့ ဒီအလုပ်တွေက တွင်ကျယ်နေတာ ကြာပါပြီ အခုဆိုမြန်မာနိုင်ငံမှာလဲ
လုပ်ကိုင် လာကြပြီဖြစ်ပါတယ် ဒါပေမဲ့ နည်းနေပါသေးတယ်....

ဒီပို့စ်ကတော့ ဘစ်ကွိုင်နဲ့ လုံးလုံးမှ မရင်းနှီး မနီးစပ်သေးတဲ့ သူတွေအတွက်ပါခင်မျာ

ဘစ်ကွိုင်ဆိုတဲ့ အွန်လိုင်း ဒစ်ဂျစ်တယ် ကာရန်စီကိုနိုင်ငံခြားအနောက်နိုင်ငံက ကုန်သည်တွေ ငွေပေးချေမှုမှာလွယ်ကူသည့်အတွက် တော်တော်များများ အသုံးပြုကြပါတယ် ဘစ်ကွိုင်ကိုလဲ အွန်လို်င်းမှ ရှာဖွေစုဆောင်းသူများလဲ အမြောက်အများ ရှိကြပါတယ် ဘစ်ကွိုင်ကို အမျိုးမျိုးသောရှာဖွေနည်းမျိုးစုံနဲ့
ရှာဖွေ စုကြပါတယ်.....ဥပမာ ဘစ်ကွိုင်ဖရီး စတိုရှီအနည်းစီပေးတဲ့ ဆိုဒ်များ..ပီတီစီ ဆိုဒ်များ...မိုင်းတွင်းတူးသည့် Miner Poolများ ...ဂိမ်းဆော့ပြီးရှာဖွေနိုင်သည့်ဆိုဒ်များ....Inverstmet ရင်းနှီးမြုပ်နှံမှုလုပ်သည့် ဆိုဒ်များ...ဘစ်ကွိုင် ၀ယ်ရောင်း buy/sell သည့် Trade ဆိုဒ်များ ...အမျိုးစားမျိုးစုံနဲ့ ရှာဖွေစုကြပါတယ် ...မိမိမှာ ကွန်ပြူတာ၁လုံးသို့မဟုတ် ဖုန်း၁လုံးရှိတာနဲ့ ဘစ်ကွိုင်စုဆောင်းတာကို လုပ်နိုင်ပါတယ်....ကျနော်တို့နိုင်ငံမှာလဲဘစ်ကွိုင်စုဆောင်းသူတွေ တဖြေးဖြေးများပြားလာပါပြီ.....ဘစ်ကွိုင်ကဘယ်လိုငွေချေမှုမှာအသုံးဝင်ခဲ့လဲဆိုတာ အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါသည်ခင်မျာ


ဘစ်ကွိုင် Bitcoin ဆိုတာ(online digital currency) အမျိုးစားတစ်ခုဖြစ်ပါတယ်
ဘစ်ကွိုင်ကို Nakamoto က  (6.11.2008) ခုနှစ်မှာ စတိုရှီနဲ့ ငွေပေးချေမှုကိုစတင်တီထွင်ခဲ့ပါတယ်
2009 ခုနှစ်စပိုင်းမှာ open source system နဲ့ ငွေပေးချေမှုကိုလူတစ်ဦးနဲ့ တစ်ဦး  ကြားခံ မလိုဘဲ တိုက်ရိုက် peer to peer စနစ်ဖြင့်စတင်အသုံးပြုနိုင်ခဲ့ကြပါတယ်....




အဆို ပါ ဘစ်ကွိုင် ကိုင်ပိုင်ငွေချေမှုစနစ်Virtual ငွေကြေးကိုအသုံးပြုချင်းဖြင့် အမေရိကန် ဘဏ္ဍာရေးစနစ်မှာ အုပ်ချုပ်ရေးမှူးမလိုအပ်ဘဲနဲ့ အလုပ်ဖြစ်စေခဲ့ပြီး မြန်ဆန်တွင်ကျယ်လာခဲ့ပါတယ်
Bitcoin ကိုပထမဆုံးသော cryptocurrency ဟုစတင်ခေါ်ဝေါ်သုံးစွဲခဲ့ကြလေတယ်....







ထိုသို့ အစောပိုင်းတွင် ဘစ်ကွိုင်ကို ငွေပေးချေမှု တစ်ခုထဲတွင် ကုန်သည်များတွင်တွင်ကျယ်ကျယ် အသုံးများသထက် များပြားလာခဲ့တယ်....ဥရောပမှာ အကြွေးဝယ်ကဒ်နဲ့ ၀ယ်တာတွေထက်ကို မက်လုံးပေးပြီးတော့ 3% 4% ဒစ်စကောင့်အသုံးပြုကာ ဘစ်ကွိုင်နဲ့ ငွေချေတာကိုကုန်သည်တွေအသုံးပြုလာကြတယ်....
ဘစ်ကွိုင်ကို ကုန်သည်များအရေတွက် များပြားစွာ လက်ခံလာသည့်အတွက် ဘစ်ကွိုင်ရဲ့ cryptocurrency
လက်လီလက်ကားဝယ်ယူမှုကြောင့် နေ့စဉ် ဈေးအတက်ကျများ
ဟုန်တိုးပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ် ဥရောပ ဘဏ် အာဏာပိုင်အဖွဲစည်းကတော့ bitcoin အသုံးပြုသူများကို လူအခွင့်အရေး သို့မဟုတ် chargebacks နဲ့ကာကွယ်ထားသည်မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်... ဘစ်ကွိုင်နဲ့ပက်သက်လို့ ငြင်းခုံမှုတွေ အမြောက်များ ပေါါ်ပေါက်ခဲ့ပါတယ်




နောက်ပိုင်းတွင် ဘစ်ကွိုင်အသုံးပြုသူများပြားစွာပေါ်ပေါက်လာတော့ မီဒီယာတွေနဲ့ ဘဏ္ဍာရေးစနစ် အားပြိုင်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံး Bitcoin ကို အမေရိကန် ဘဏ္ဍာရေးစနစ်မှာ တရားဝင် ၀န်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်




bitcoin ရဲ့ ယူနစ်စနစ်ကို XBT of BTC ( BitcoinSign ) ဟုတ်သတ်မှတ်ထားပါတယ် ယူနစ်တွေထဲမှာအကြီးဆုံးပေါ့
နောက်ထပ် အသုံးပြုတာကတော့
( mBTC ) millibitcoin 0.001 ပါ
( μBTC ) microbitcoin 0.000001 ပါ
( Satoshi ) Satoshi 0.00000001 Bitcoin ဘစ်ကွိုင်ရဲ့ တစ်ရာသန်းကို ကိုယ်စားပြုတဲ့ အသေးငယ်ဆုံးပမာဏ ကိုဖော်ပြတဲ့ ဟာပါ စတိုရှီဆိုတာကတော့.............


2014 ခု အောက်တိုဘာလ 7 ၇က်နေ့မှာ bitcoin ဖောင်ဒေးရှင်းကို ထောင်ပြီးတော့ ISO 4217
နဲ့ဖြန့်ချီပြီး ဘစ်ကွိုင်မှ ငွေကြေးကို ကုဒ်တွေ evouncher တွေနဲ့အသုံးပြုပြီး BTC ,XBT ကို ဖန်တီးသတ်မှတ်ခဲ့ကြပါတယ်.......





Bitcoin ကိုအွန်လိုင်းမှ payment တွေတော်တော်များများ ချေလို့ရပါတယ် ဘစ်ကွိုင်နဲ့ တခြား ကာရန်စီ အမျိုးစားများကိုလဲ လဲလှယ် exchange လုပ်လို့ရပါတယ်
ဥပမာ bitcoin to perfect money , bitcoin to paypay ,bitcoin to Giftcard
itune Giftcard တွေ Playstore Giftcard တွေ website domain တို့ တခြား ဂစ်ကဒ်ပေါင်းစုံ လဲဝယ်ယူလို့ရပါတယ်
နိုင်ငံခြား အွန်လိုင်း e-Commerce ဆိုဒ်တွေမှာ ဘစ်ကွိုင်ကိုတော်တော်များများ ငွေချေဖို့ လက်ခံထားပါတယ်
စသည်ဖြင့်ပေါ့ကျနော်ကတော့ ကျနော်တို့ဆီမှာ အသုံးများတဲ့ ဟာတွေလောက်ဘဲ ရေးပြသွားတာပါ
တခြားနိုင်ငံတွေမှာသုံးတဲ့ ကာရန်စီ မျိုးစုံကိုလဲ ဘစ်ကွိုင်မှ လဲလှယ်လို့ရပါတယ်
ရွှေလိုမျိုးပေါ့ ကြိုက်တဲ့ဟာနဲ့ လိုက်လဲလို့ရပါတယ် ဒေါ်လာ ယူရို ပေါင် စသည်ဖြင့်ကျနော်အကြမ်းဖျင်းလောက် ပြောပြတာပါ



We accept Bitcoin Here လို့ ဘစ်ကွိုင်ပုံလေးနဲ့ပြထားရင် ဘစ်ကွိုင်နဲ့ငွေချေပေးလိုက်ယုံပါဘဲ
အ၇မ်းလွယ်ကူတဲ့ ငွေချေစနစ်ပါ သူတို့ သူတို့ အကောင့်ရဲ့ QR code ကုဒ်လေး ကို ပြပေးထားပါလိမ့်မယ်
ကျနော်တို့က အကောင့်ထဲကနေ မိုဘိုင်းဖြင့် ကုဒ်စကန်နာနဲ့ဖတ်ပြီးတော့ တန်းပို့လိုက်ယုံနဲ့ ငွေပေးချေမှုပြီးဆုံးပါတယ် seller အတွက်လဲ ငွေပေးချေမှုကိုလက်ခံဖို့ QR code သို့မဟုတ် ဘစ်ကွိုင်လိပ်စာ တစ်ခုဘဲလိုပါတယ်
Buyer အနေနဲ့လဲ စကမ်ဖတ်ပေးပြီးငွေပေးချေမှုကို လွယ်ကူစွာ လုပ်ဆောင်ယုံပါဘဲ




အွန်လိုင်းမှာငွေချေဖို့အတွက် တခြား ကာရန်စီ တွေကိုသုံးရင် မြန်မာနိုင်ငံကို ခွင့်ပြုထားတဲ့ကာရန်စီ အမျိုးစားတွေက နည်းပါတယ် အကောင့်တွေ ဗယ်ရီဖိုင်းဖြစ်ဖို့လဲ တော်တော်လေး လက်ဝင်အောင်ခက်ခက်ခဲခဲ ပြုလုပ်ရပါတယ် ဖိစ်ခ fees တွေ ဈေးကြီးပါတယ်




ဘစ်ကွိုင်ကတော့ ဘယ်လောက်များများနည်းနည်း အထွက် ဖိစ်ခ က satoshi 20000 အပြင်မကျပါဘူး
အကောင့်ဖွင့်ရလွယ်ကူပြီးတော့ သုံးရတာလဲ လွယ်ကူလွန်းပါတယ်
မြန်မာနိုင်ငံမှာလဲ ဘစ်ကွိုင်ကို မြန်မာ အိတ်ချိန်းဆိုဒ်မှာ မြန်မာငွေနဲ့ တရားဝင်ဝယ်ရောင်းပေးလုပ်ထားပါတယ်



1 btc = 234 $ ပါ ယနေ့ ပေါက်ဈေးကတော့ပြီးခဲ့တဲ့လက $300 ကျော်ပါ သူလဲ ရွှေလိုပါဘဲ နေ့တိုင်းဈေးအတက်ကျရှိပါတယ်
ယခင်က ဘစ်ကွိုင် 1btc ကို $ 1100 ကျော်ထိရောက်ခဲ့ဖူးပါတယ်.....

ဘစ်ကွိုင်ရဲ့ငွေကြေးတည်ငြိမ်မှုမရှိခြင်း အွန်လိုင်းလောင်းကစား များပေါါ်ပေါက်လာခြင်း web မှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနဲ့ဒုစရိုက်မှုများတွင် ဘစ်ကွိုင်နဲ့အွန်လိုင်းငွေပေးချေမှုများကြောင့် တရားမ၀င်ကုန်ပစ္စည်းများ တင်သွင်းမှုတွေနဲ့ ဘဏ္ဍာရေး ပြသနာများပေါ်လာပြီး အမေရိကန်ရဲ့ ရွှေဈေး ခေါင်ခိုက်အောင်တက်သွားချိန်တွင် ကုန်ကျစရိတ်များစွာ နဲ့ ဘစ်ကွိုင် မိုင်းတူးသည့်ကုပ္ပဏီများ စိတ်ဓါတ်တွေကျကာ မျှော်လင့်ချက်တွေ အရောင်မှိန်ခဲ့ပါတယ်။









2015 နွေဦးပေါက်အချိန်တွင်
ဘစ်ကွိုင်ဈေးဟာ တရှိန်ထိုး ထိုးကျသွားခဲ့တာပါ မိုင်းတွင်းတူးတဲ့ ကုပ္ပဏီများ အကျိုးမြတ်များစွာ ဆုံးရှုံးခဲ့ကြပါတယ်....



web black market များ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ဘစ်ကွိုင်ဖြင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများကို အမေရိကန်အာဏာပိုင်များ လိုက်လံ ပိတ်ပစ်ပါတယ်



ဘစ်ကွိုင်နဲ့ ငွေချေမှုပြုလုပ်များတဲ့ ဆိုဒ်တွေကို အင်တာနက်ဖောင်ဒေးရှင်း ဖွဲ့ ကာ ဘလက်မားကတ်များကို
အမေရိကန် အာဏာပိုင်များက စောင့်ကြည့်ခဲ့ပါတယ် သတင်းဆိုးများစွာဖြင့် ဘစ်ကွိုင်ဈေးထိုးကျမှုကြောင့် သုံးစွဲသူအများပြား ကြောက်လန့်က အတင်းထိုးရောင်းမှုကြောင့် ဘစ်ကွိုင် ဈေးအဆမတန်ထိုးကျသွားခဲ့ပါတယ်... ၀ယ်သူနည်းပြီး ရောင်းချသူအမြောက်များကြောင့် ဈေးကွက်မတည်ငြိမ်မှုပေါ်ပေါက်ခဲ့တာပါ



၂၀၁၅ ဇန်န၀ါရီ လမှာ Business Value ကို IBM ၏Institute မှ network ချိတ်ဆက်ပြီး BitTorrent , Telehash နှင့် Bitcoin အပါဝင် လွတ်လပ်စွာရရှိသောနည်းပညာကိုအသုံးပြုမှု အင်တာနက်ပေါ်ရှိ Device များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဗဟိုချုပ်ကိုင်မှုလျော့ချ မှု peer-to -peer Telemetry ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်



မေလေ 2015 ခုနှစ် မှာ NASDAQ OMX Group က Nasdaq ပုဂ္ဂလိကေစ်းကြက္ Pre- IPO ကုန္သြယ္ရွယ္မ်ားကို ကိုယ်စားပြုလွဲပြောင်း ရန်နဲ့ ရောင်စုံ ဒင်္ဂါးခေါ် ဘစ်ကွိုင်တန်ဖိုးကို အသုံးပြုမဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်...အခုလက်ရှိမှာ ဘစ်ကွိုင်ဈေးးကျနေတာပါ
ဒါပေမဲ့ အခု ၂၀၁၅ မှာ $240 ကနေ $320 ၀န်းကျင်ကို တက်လိုက်ကျလိုက်သွားနေပါတယ် တနေ့ထဲ ထိုးမကျပါဘူး အများကြီးနဲ့ တိုးလဲမတက်ပါဘူး ၁ ဘီတီစီကို $5 မှ $10 ကြား နေ့စဉ်ပြောင်းလဲရှိနေပါတယ်
ဘစ်ကွိုင်ကိုများသောအားဖြင့် ရိုှးရင်းစွာ ဈေးတက်ရင်ရောင်းထုတ်ပြီး ဈေးနဲနဲ ပြန်ကျရင် ၀ယ်စုတဲ့လူ များပါတယ် buy and sell လုပ်ကြပါတယ် ထရိတ်လုပ်တာ ရဲ့အခြေခံပေါ့...


ဒီနေ့ $ 240 နဲဝယ်ထားရင် မနက်ဖြန် $250 ထိတက်သွားတယ်ဆို $10 လာမြတ်ပါမယ်
မြန်မာငွေနဲ့ဆို ၁၀ ဒေါ်လာကို ၁၃၀၀၀ ကျော်မြတ်နိုင်ပါတယ် ....အကယ်လို့ 2btc ၀ယ်စုထားတဲ့သူဆိုရင် ၂၆၀၀၀ မြတ်ပါမယ် ဈေးအတက်ကျကတော့ မနက်ပိုင်းအစောပိုင်းတွေမှာ ကျတက်ပြီးတော့ ညပိုင်းလောက်မှာ ဘစ်ကွိုင်ဈေး ပြန်တက်လေ့ရှိပါတယ် မြန်မာနိုင်ငံ ရဲ့ အချိန်အရ ပြောပြတာပါ....
ဘစ်ကွိုင်အကြောင်းကတော့ ဆက်ရေးရင်တော်တော်ရှည်သွားမယ်ခင်မျ smile emoticon အားလုံး ဘဲဒီလောက်ဆို ဘစ်ကွိုင်လာလဲဆိုတာ အကြမ်းဖျင်းလောက် သိလောက်ပြီထင်ပါတယ်ခင်မျ......လိုရင်းလေးရောက်ရင်ဘဲရေးပေးလိုက်တာပါ.....
အခုလောလောဆယ် ဘစ်ကွိုင်ကို စုဖို့အတွက် ဝေါလက် ၁ခုလိုအပ်ကြောင်းဆက်ပြောမှာပါ အကြမ်းဖျင်းပေါ့း)
နောက်ပြီးရင် ဘစ်ကွိုင်ကို အွန်လိုင်းပေါ်ဘယ်လိုရှာဖွေ ရမလဲ ဆိုတာဆက်လုက်ရေးပြပေးပါ့မယ် 

သင်ဘစ်ကွိုင် ရှာဖွေစုဖို့အတွက် ဘစ်ကွိုင် ဝေါလက်တစ်ခု တော့ ရှိရပါမယ် ကိုယ်က ဝေါလက်ကို web ကနေအသုံးများမှာလား ဒါမှမဟုတ် application ကဘဲသုံးမှာလား ဆိုတာခွဲခြားပါ တကယ်တော့ ၂ ခုလုံးသုံးလို့ရပါတယ် ကိုယ့်စိတ်ကြိုက်အားသန်ရာပေါ့ ရွေးပြီးတော့ ဝေါလက်၁ခု အကောင့်ဖွင့်လိုက်ပါ
ဘစ်ကွိုင် ဝေါလက် ၁ခုအကောင့်ဖွင့်ပြီးရင် ဘစ်ကွိုင် လိပ်စာ ၁ခုရပါမယ် အဲ့လိပ်စာကိုမှတ်ထားရမှာပါပြီးရင်ငွေထုတ်သွင်းကို အဲ့လိပ်စာ နဲ့လုပ်ရပါတယ် ကိုယ့်ဆီ ကို ဘစ်ကွိုင် ပို့မယ်ဆိုရင် ကိုယ့်လိပ်စာ Btc address ပေးထည့်ပေးရပါတယ် ဒါမှ ကိုယ့်ဝေါလက်ထဲကိုရောက်မှာပါ
ဒါမှကိုယ်စုလို့ရမဲ့ ဘစ်ကွိုင်တွေကို ကိုယ့်ဝေါလက်ထဲမှာ သိမ်းထားလို့ရမှာပါ ....တနည်းပြောရင် ဘစ်ကွိုင်ဝေါလက်ဆိုတာ အွန်လိုင်း ပိုက်ဆံအိတ် တမျိုးဆိုတာမျိုးပါ....မိမိပိုက်ဆံတွေကို အွန်လိုင်းမှာသိမ်းထားရတဲ့ ပုံစံမျိုးပေါ့..

ပုံထဲက ဝေါလက်ကတော့ Coin base ဝေါလက်ပါ လူသုံးလဲများပါတယ် လုံခြုံရေးပိုင်းလဲကောင်းပါတယ်
ကျနော်ကတော့အသုံးများတာ Blockchain ကိုအသုံးများပြီးကြိုက်ပါတယ်
Coinbase မှာမြန်မာနိုင်ငံကို ဘဏ်နဲ့ချိန်ပြီးတော့ အသုံးပြုခွင့်မပေးထားပါဘူး ထုတ်သွင်းတော့အကုန်သုံးလို့ရပါတယ် အထဲမှာတင် buy and sell ရောင်းဝယ်လို့မရသေးတာပါ
ဘစ်ကွိုင် wellet တွေမျိုးစုံ ထွက်ပါတယ် တခုနဲ့တစ်ခု အပြိုင်ဆိုင်ဝန်ဆောင်မှုတွေမတူအောင်ပေးထားကြပါတယ် ကိုယ်အသုံးတည့်မဲ့ အသုံးများမဲ့ ဟာကို ရွေးပြီးတော့ အသုံးပြုနိုင်ပါတယ်
ဒီပို့စ်မှာတော်တော်ရှည်သွားပြီခင်မျ .....ဝေါလက်အသုံးပြုနည်းနဲ့ အကောင့်ဖွင့်နည်းကို နောက်၁ပို့စ်မှာပြည့်ပြည့်စုံစုံ ရေးသားပေးပါ့မယ်..

coinbase အကောင့်လုပ်နည်း..( wallet )

coinbase အကောင့်လုပ်နည်း..( wallet )

            

  bitcoin ရှာဖို့ wallet address ရှိမှရှာလို့ရမှာပါ မရှိရင် ရှာလို့မရပါဘူး အကောင့်လုပ်တိုင်း email အကောင့်လိုအပ်သလိုမျိုးပေါ့ wallet address ရှိမှရှာလို့ရမှာ wallet အကောင့်များထဲမှ coinbase အကောင့်ရယူနည်းကို ပုံနဲ့ လုပ်ပြသွား
မှာပါ အကောင့်လုပ်ရန် ဒီမှာ နှိပ်ပါ ...
1 မှာ first name ထည့်
2 မှာ last name ထည့်
3 မှာ Email address ထည့်
4 မှာ password ထည့်
5 မှာ အမှန်ခြစ်လိုက်ပါ
6 ကိုမနှိပ်ခင် ပြန်စစ်ကြည့်ပါ အဆင်သင့်ဖြစ်ပြီဆိုရင် 6 ကိုနှိပ်လိုက်ပါ

ဒီလိုပုံကိုထပ်တွေ့ရမှာပါ ဒါက confirm လုပ်ခိုင်းတာပါ ကိုယ်ဖြည့်ခဲ့တဲ့ အီးမေးထဲသွားလိုက်ပါ
 စာတစ်စောင်ပို့လာပါပြီ...အဲစာကိုဖွင့်လိုက်ပါ
အဲလင့်ကို နှိပ်ပြီး confirm လုပ်ရမှာပါ...နှိပ်လိုက်ပါ
တကယ်လို့ကိုယ်က confirm လုပ်ခိုင်းတဲ့ page မှာဖွင့်ထားတုန်းဆိုရင် အကောင့်ထဲတခါထဲရောက်သွား
မယ် မဖွင့်ထားပဲ ပိတ်ထားမယ်ဆိုရင်တော့ အကောင့်ပြန်ဝင်ခိုင်းမှာပါ..

 ၁ မှာကိုယ်အကောင့်လုပ်တုန်းကဖြည့်ခဲ့တဲ့ အီးမေးကိုထည့်ပါ
၂ မှာ ကိုယ်ပေးခဲ့တဲ့ password ထည့်ပါ
၃ ကိုနှိပ်လိုက်ပါ..အကောင့်ထဲဝင်တိုင်းဒီလိုပဲ ၀င်ရမှာဖြစ်ပါတယ်..
ဒီလိုပေါ်ပြီဆိုရင် အကောင့်ရရှိသွားပါပြီ..ဆက်လက်ပြီး အကောင့် address ကိုသွားကြည့်ရအောင်
1 မှာအနီရောင်နဲ့ဝိုင်းပြထားတာက ကိုယ့်ရဲ့နာမည်ပဲဖြစ်ပါတယ်...အကောင့်ထွက်မယ်ဆိုရင် အဲပေါ်ကို mouse နဲ့ထောက်လိုက်ပါ..ပေါ်လာတဲ့စာတွေထဲမှာ အောက်ဆုံးတစ်ကြောင်းဖြစ်တဲ့ sign out ကိုနှိပ်လိုက်ရင် အကောင့်ထွက်သွားပပြီ

၂ ကတော့ ကိုယ့်ရဲ့bitcoin ပါ အခုမြင်နေရတာကိုတော့ တပြားမှမရှိသေးတဲ့ ပုံပါ ပြောပြရတာ ခတ်လန့်လန့်ပဲဗျ...အရမ်းများတော့ သူများလာဖောက်မှာကြောက်လို့လေ ဟီးးးးD)

အနီရောင်နဲ့ပြထားတဲ့ Tool ကိုတော့ ကိုယ့်ရဲ့ address ကိုကြည့်ဖို့ပါ တခြားလုပ်လို့ရတဲ့ fitter တွေလည်း
ပါပါတယ် နှိပ်လိုက်ပါ...

တွေ့လား..အဲဒါပဲ wallet address ဆိုတာ အဲဒါရှိရင် bitcoin တွေကိုကြိုက်သလောက်ကြုံးပေတော့ ......

BTC Wallet တစ်ခုဘယ်လိုဖွင့်မလဲ

BTC Wallet တစ်ခုဘယ်လိုဖွင့်မလဲ

BTC ဆိုတာကတော့ online ရွှေတစ်မျိုးပါပဲ။ Online Payment အနေနဲ့ အသုံးပြုပါတယ်။ BTC ဆိုတာ Bitcoin ရဲ့အတိုကောက်ပါ။

BTC ရဲ့တန်ဖိုးကို >>ဒီမှာ<< ကြည့်နိုင်ပါတယ်။

အခု အဲဒီ BTC ကိုသိမ်းဖို့အတွက် Wallet ဖွင့်ပုံဖွင့်နည်းကိုပြောပြပါမယ်။ BTC Wallet တွေအများကြီးရှိပါတယ်။ အခုဟာကတော့ Blockchain မှာဖွင့်မှာပါ။

1. အရင်ဆုံး wallet ဖွင့်ရန် >>ဒီကို<< သွားပါ။ ပြီးရင် Wallet ကိုနှိပ်ပါ။

**************************************************************************
2. Start A New Wallet (သို့) Create My Free Wallet ကြိုက်တာနှိပ်ပါ။

**************************************************************************
3. ပြီးရင် Email နဲ့ Password (၂ ကြိမ်) ထည့်ပြီး Continue ကိုနှိပ်ပါ။

**************************************************************************
4. အောက်ပါပုံအတိုင်းပေါ်လာရင် အစိမ်းဝိုက်ပြထားတာကို Print နှိပ်ပြီးထုတ်၍ဖြစ်စေ၊ Copy လုပ်ပြီးသိမ်းထားပါ။ Password မေ့တာတို့ ဘာတို့ အတွက် Wallet ကို Recovery လုပ်ရင်လိုအပ်ပါတယ်။
ပြီးရင် Continue ကိုနှိပ်ပါ။

**************************************************************************
5.  Email ထဲသို့ Blockchain မှ Email Verify လုပ်ရန် link ပို့ထားပါလိမ့်မည်။ အဲဒီ link ကိုနှိပ်လိုက်ပါ။
အစိမ်းဝိုက်ပြထားတာကတော့ Log in ဝင်ရင်ထည့်ရမည့် Identifier ဖြစ်ပါတယ်။

**************************************************************************
6. Email Verified ဖြစ်သွားပါပြီ။ Login Now ကိုနှိပ်ပါ။

**************************************************************************
7. ခုနကမှတ်ခိုင်းထားတဲ့ Identifier က Auto ထည့်ပြီးသားပေါ်နေပါလိမ့်မယ်။ မပါလျှင်ထည့်ပေးရပါမည်။
ပြီးရင် Password ထည့်ပြီး Open Wallet ကိုနှိပ်ပါ။

**************************************************************************
8. အစိမ်းပြထားတာကတော့ ကိုယ့်ရဲ့ BTC Address ပါ။ BTC လွှဲတာ လက်ခံတာဆိုရင် BTC Address သုံးရပါတယ်။

အပေါ်က My Transaction ကတော့ အလွှဲအပြောင်းလုပ်ထားတဲ့ Transaction အားလုံးပြန်ကြည့်တဲ့နေရာပါ။

Send Money ကတော့ကိုယ်က BTC ပို့ရင်အဲဒီကနေသွားပို့ရပါတယ်။

Receive Money ကတော့ BTC လက်ခံထားတာတွေပြန်ကြည့်တဲ့နေရာပါ။

Import/Export ကတော့မိမိ Wallet ကို Back up / Restore ပြန်လုပ်ရတာပါ။

Account Setting ကတော့မိမိ အကောင့်နဲ့ပတ်သက်ပြီးပြောင်းချင်တာတို့ Security Setting ထည့်တာတို့လုပ်လို့ရပါတယ်။

**************************************************************************
9. Account Setting ကိုဝင်လိုက်ရင် Password ပြန်ထည့်ပေးရပါတယ်။ ပြီးရင် Continueကိုနှိပ်ပါ။ Setting ထဲမဝင်ချင်ရင် Cancel ကိုနှိပ်ပြီးပြန်ထွက်လို့ရပါတယ်။

**************************************************************************
10. ပုံပါအတိုင်း မိမိပြောင်းလိုတဲ့ Setting ပြောင်းလို့ရပါပြီ။

**************************************************************************

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။ ဆက်လက်ကြိုးစားပါဦးမည်။