Monday, June 5, 2017

ညာဉ်ချစ်ကြိုး

သရဲစာအုပ် ၏ ဓာတ်ပုံဝိညာဉ်ချစ်ကြိုး #lin

Part_1

မေမီ စီးလာတဲ့ အဝေးပြေးကားကြီးက ဂိတ်ဆုံးသို့ရောက်ပေပြီ ဘေးဘီပတ်ဝန်းကျင်ကိုကြည့်လိုက်တာနဲ့ မြူတွေဆိုင်းနေသည့် အေးအေးချမ်းချမ်းမနက်ခင်းလေးက ရှမ်းပြည်ရဲ့အငွေ့အသက်လေးတစ်ခု မေမီဒီနေရာကိုရောက်လာရတဲ့အကြောင်းရင်းကတော့ ဒီမြို့ကဆရာဝန်ကြီးရဲ့အဆက်အသွယ်နဲ့ နာတာရှည်ရောဂါသည်တစ်ယောက်ကိုပြုစုဖို့ မေမီ့ကိုဌားရမ်းခဲ့ခြင်းဖြစ်သည် ကားပေါ်ကဆင်းလာတော့ တချို့ကလာကြိုသူတွေနှင့် တချို့က အဌားကားများနှင့်အသီးသီးသွားကုန်ကြလေပြီ မေမီ့ကိုတော့ ဘယ်သူလာကြိုမယ်မသိ

'' ဒီမှာဗျ ဒီကသူနာပြုဆရာမလေး မမေမီသော် ဟုတ်လားဗျ ''

ဦးလေးကြီးတစ်ယောက် ရှမ်းဖြစ်ဟန်တူသည် စကားသံကဝဲဝဲနှင့်

''ဟုတ်ကဲ့ရှင့် ကျွန်မ မေမီသော်ပါ ''

''ကျွန်တော် ဆရာမလေးကိုလာကြိုတာပါဗျ ကားကဒီဘက်မှာ ဆရာမလေး ''

''ဟုတ်ကဲ့ ရောက်နေတာကြာပြီလားရှင့် ''

''မကြာသေးပါဘူးဗျ မနက် ၅နာရီလောက်မှရောက်တာပါ ''

'' သြော် သြော် ဟုတ် ဒါနဲ့ဒီကဦးလေးကို ဘယ်လိုခေါ်ရမယ် ''

'' ကျွန်တော့်နာမည်က စိုင်းအောင်ပါဗျ ဦးစိုင်းအောင် ''

''ဟုတ်ကဲ့ ကျွန်မတို့သွားမယ့်နေရာကဝေးလားဟင် ဦးစိုင်းအောင် ''

'' မြို့ရဲ့တောင်ဘက်ပိုင်းမှာပါ သိပ်အဝေးကြီးမဟုတ်ပါဘူး ဆရာမလေး ''

ကားကြီးဝင်းထဲကထွက်လာတာနဲ့ ဘေးပတ်ဝန်းကျင်မှာ တောင်တန်းတွေကာရံနေတဲ့ စိမ်းစိမ်းစိုစိုမြို့လေးတစ်မြို့ က မေမီ့ကိုဆီးကြိုလျက် ၁၅ မိနစ်ကျော်လောက်ကားမောင်းလာပြီးမှာတော့ အနည်းငယ် တောင်ကုန်းကျတဲ့နေရာလေးဆီ ဦးတည်နေတယ်

'' ဟိုးးရှေ့က ဆရာမလေးအလုပ်လုပ်ရမယ့် နေရာပါ ''

ဦးစိုင်းအောင်ပြောတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ အတော်ဝေးဝေးကကိုလှမ်းမြင်နေရတဲ့ ခမ်းနားလှတဲ့အိမ်ကြီးတစ်လုံ

''ရှင် အဲ့ဒီ့အိမ်ကြီးလား အဲ့ဒါကျွန်မကြားဖူးတဲ့စော်ဘွားတွေနေတဲ့ဟော်နန်းဆိုတာလား ''

'' ဟော်နန်းတော့ မဟုတ်ဘူး ဆရာမလေး ဒါပေမယ့် အဲ့ဒီ့အိမ်သားတွေကတော့ စော်ဘွားကြီးရဲ့အဆက်အနွယ်တွေပဲ ဆွေကြီးမျိုးကြီးတွေပေါ့ဗျာ ''

''သြော် ''

ကျွန်မအလုပ်လုပ်ရမယ့်နေရာဆိုတာက ခမ်းနားလွန်းပါဘိ နှစ်ဆောင်ပြိုင်တိုက်ကြီးမှာဟည်းလို့ အိမ်ကြီးရဲ့အဝင်လမ်းကကိုအတော်ရှည်သေးတယ် ခြံဝန်းထဲရောက်သွားတာနဲ့ မေမီအရမ်းကြိုက်တဲ့နှင်းဆီခြံကြီးက ဆီးကြိုလျက် တစ်ခြံလုံးနီးပါး နှင်းဆီရောင်စုံကို အကျအနစိုက်ပျိုးထားသည် မေမီတို့ကားလေး ဆင်ဝင်အောက်ထိုးအရပ် အိမ်ထဲမှ ဝတ်စုံဆင်တူဝတ်ထားတဲ့ အမျိုးသမီးနှစ်ဦးက ပြေးလာကြိုတယ်

''ကဲ ဆရာမလေးအထဲကိုလာ ကျွန်တော်ဆရာမလေးကို အလုပ်အကြောင်း အိမ်နဲ့ပတ်သတ်တဲ့အကြောင်းတွေ ပြောပြစရာရှိသေးတယ် နင်တို့ကဆရာမလေးအထုပ်တွေ အခန်းဆီသွားပို့ ''

''လာဆရာမလေး ဧည့်ခန်းကို ''

ဧည့်ခန်းမှာ ခမ်းနားလှတဲ့ကျွန်းထိုင်ခုံကြီးတွေ အစီအရီချထားတယ် နံရံမှာတော့ မိသားစုဓာတ်ပုံတွေချိတ်ထားတယ် အကုန်လုံးက ရှမ်းရိုးရာဝတ်စုံကိုပဲဝတ်ဆင်ထားကြတယ်

'' ဒီအပေါ်ဘက်ကပုံကတော့ စော်ဘွားကြီးရဲ့မြစ်တော် ဒီအိမ်ကြီးရဲ့သခင်မကြီးဒေါ်နန်းစောမြ နဲ့သူ့ကြင်ယာတော်ပါ
အောက်ဘက်ကပုံကတော့ အကြီးဆုံးသမီး ဒေါ်နန်းကလျာနဲ့ သူ့အမျိုးသားဦးအောင်သိုက်ပ
ဘေးဘက်ကပုံကတော့ ဒုတိယသား ဦးစိုင်းအောင်မြတ်ပါ
တတိယပုံကတော့ အငယ်ဆုံးသမီး ဒေါ်နန်းကြည်ဖြူပါ

အဲဒီဘက်အောက်ကတော့ ဒေါ်နန်းစောမြရဲ့မြေး ငါးယောက်ပါ ဒါကတော့ ဒီအိမ်သားတွေနဲ့မိတ်ဆက်ပေးတာပေါ့ သူတို့ကအခုအိမ်မှာမရှိကြဘူး လုပ်ငန်းခွင်ထဲမှာရောက်နေကြတယ် ''

''လုပ်ငန်းခွင် ''

''ဟုတ်တယ်ဗျ သခင်မကြီးဒေါ်နန်းစောမြပိုင်ဆိုင်တဲ့ လိမ္မော်ခြံတွေ လက်ဖက်လုပ်ငန်းတွေနဲ့ အထည်ဆိုင် တွေမှာ သားသမီးတွေ မြေးတွေက အသီးသီးတာဝန်ယူထားကြတယ် ဒီဘက်အိမ်ဆောင်ရဲ့အပေါ်ထပ်က ဧည့်သည်တွေအတွက်အဆောင်ဖြစ်ပြီး အောက်ထပ်ကအလုပ်သမားတွေအတွက်ပါ အလုပ်သမားကတော့ သိပ်များများစားစားမရှိဘူး ကျနော်ရယ် ခုနကမိန်းကလေးနှစ်ယောက်ရယ် ဒရိုင်ဘာရယ်ဒါပဲရှိတယ် ''

''ရှင် ဒီလောက်အိမ်အကြီးကြီးမှာ အလုပ်သမားကဒါလောက်ပဲပေါ့ ''

''ဟုတ်တယ် ခြံထဲကအလုပ်သမားတွေကတော့ခြံထဲမှာပဲ အိမ်တစ်လုံးနဲ့ထားတယ် ဒီအိမ်ကြီးကျနော်တို့တွေပဲရှိတယ် ဟိုဘက်အဆောင်ကတော့ အိမ်သားတွေနေကြတယ် သူတို့က သူတို့ဘာသာနေကြတာမို့ ဆရာမလေးအနေနဲ့အနေခက်စရာမရှိလောက်ပါဘူး ဆရာမလေးရဲ့တာဝန်က သခင်မကြီးဒေါ်နန်းစောမြကိုပြုစုပေးဖို့ပဲ ''

'' ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ ''

''ဒါဆို ဆရာမလေးနေရမယ့်အခန်းကျတော်လိုက်ပြပါမယ် ''

ဧည့်ခန်းဆောင်ကနေ ညာဘက်အပေါ်ထပ်အဆောင်အတိုင်းတက်သွားတော့ အိမ်ကြီးနဲ့အနောက်ဘက်မှာခြံကြီးတစ်ခြံရှိနေတာကိုသတိထားမိတယ်

'' ဦးစိုင်းအောင် ဟိုနောက်ကဘာခြံလဲဟင် ''

'' လိမ္မော်ခြံပါဗျ ဒါကတော့ စီးပွားရေးအတွက်မဟုတ်လဲ ဥယျာဉ်သဘောမျိုးစိုက်ထားတဲ့ခြံပါ နောက်နေ့ ဆရာမလေးသွားချင်ရင် ကျနော်နောက်နေ့လိုက်ပို့ပေးပါမယ် ''

'' ဟုတ်ကဲ့ ''

''ဒါဆရာမလေးနေရမယ့်အခန်း ရေမိုးချိုးပြီးနားလိုက်ပါဦး နေ့လည်လောက်ကျ ဆရာဝန်ကြီးကလာပြီး ဆရာမလေးကို လူနာအကြောင်းရှင်းပြပေးပါလိမ့်မယ် ''

''ဟုတ်ကဲ့ရှင့် ''

မေမီကိုအခန်းကိုတစ်ချက်ကြည့်ပြီး စိတ်ထဲကကြိတ်တွေးမိလိုက်တယ်

'' ခဏတစ်ဖြုတ်လာတည်းတဲ့ဧည့်သည်ထားဖို့ အခန်းတောင် ဟိုတယ်က ဈေးကြီးတဲ့အခန်းနီးပါးပါလားလို့ ''

မနက်စောစောပိုင်းကအနည်းငယ်အေးနေတာကြောင့် ရေနွေးလေးနဲ့စပ်ပြီးချိုးလိုက်တယ် မေမီရေချိုးပြီးတော့ ၁၁ နာရီခွဲသာသာပဲရှိသေးတာကြောင့် အစောကတွေ့ခဲ့တဲ့ နှင်းဆီခြံကြီးဆီဆင်းကြည့်ချင်စိတ်ပေါက်လာပြီး စင်္ကြံအတိုင်း ခြံထဲကိုဆင်းသွားလိုက်တယ် နှင်းဆီတွေက တစ်ကန့်ကိုတစ်ရောင်ဆီ စီစီရီရီလေးစိုက်ထားတာ အရမ်းကိုလှလွန်းတယ် နှင်းဆီခြံထဲကနေ အိမ်ကြီးဘက်ကိုလှမ်းကြည့်လိုက်တော့မှ အိမ်ကပိုကြီးသယောင်ထင်ရတယ် ဧည့်ခန်းဆောင်ကြီးက အိမ်ရှေ့မှာသတ်သတ်တစ်ဆောင် ဧည့်ခန်းဆောင်နဲ့ကပ်လျက်မှာ မေမီတည်းတဲ့နှစ်ထပ်ဆောင် အပေါ်ထပ်က ဧည့်သည်တွေထားဖို့ အိပ်ခန်းဆောင်တွေဖြစ်ပြီး အောက်ထပ်တစ်ထပ်လုံးကတော့ အလုပ်သမားတွေနေဖို့အဆောင်တဲ့လေ နှစ်ထပ်ပေါင်းကို အခန်း ၁၂ ခန်းရှိတယ် တစ်ဘက်က အိမ်သားတွေနေတဲ့အဆောင်ကတော့ အရမ်းကိုခမ်းနားလွန်းပါတယ်

'' ဟာ ဆရာမလေး ဘယ်လိုလုပ်နှင်းဆီခင်းထဲရောက်နေတာလဲ ''

'' ကျွန်မကနှင်းဆီပန်းအရမ်းကြိုက်တယ် အဲ့ဒါကြောင့်မနေနိုင်ဘူးဆင်းလာကြည့်တာ ''

'' သြော် ဆရာမလေးနေ့လည်စာစားတော့မလား ''

''စားတာပေါ့လေ မနက်ကတည်းကဘာမှမစားရသေးဘူး ''

'' ဒါ့ဆိုမီးဖိုချောင်သာလိုက်ခဲ့ဗျာ ''

'' နန်းမြင့်ရေ ဆရာမလေးထမင်းစားဖို့ပြင်ထားလိုက်ဟေ့ ''

''ခဏလေးတော့စောင့်ပါနော် ဆရာမလေး ''

'' ရပါတယ်ရှင့်ကိစ္စမရှိပါဘူး ဒါနဲ့လေ ကျွန်မပြုစုရမယ့် လူနာက အခုဘယ်သူပြုစုနေလဲဟင် ''

'' အိမ်ကအလုပ်သမားတွေပါပဲ ဆရာမလေးပြောသလို အိမ်အကြီးကြီးမှာ အလုပ်သမားက အနည်းငယ်ဆိုတော့ တာဝန်တွေမနိုင်ဘူးပေါ့ သခင်မကြီးကိုက အချိန်ပြည့်တစ်ယောက်က တာဝန်ယူစောင့်ရှောက်ပေးမှဖြစ်မှာ ပြီးတော့ ကျနော်တို့တွေက ဆေးပညာလည်းမတတ်ကျွမ်းကြဘူးလေ ''

''သြော် ဟုတ်ကဲ့သဘောပေါက်ပါပြီ ''

မနက်စာနဲ့နေ့လည်စာပေါင်းစားလိုက်ရတဲ့ထမင်းဝိုင်း အမယ်များကလည်း စုံလင်လှသည် တချို့ဟင်းများကတော့ မေမီမကြားဖူး ရှမ်းဟင်းတွေဖြစ်ကြသည် မေမီနေ့လည်စာစားပြီးတာနဲ့ ဆရာဝန်ကြီးအလာကိုမစောင့်တော့ဘူး ဦးစိုင်းအောင်ကို လူနာရှိရာ အခန်းကိုလိုက်ပို့ပေးခိုင်းလိုက်သည် လူနာရဲ့အခန်းက မေမီ နေတဲ့ဧည့်ခန်းဆောင်နဲ့ကပ်လျက် အစွန်ဆုံးအခန်းဖြစ်သည် မေမီ့အခန်းနဲ့တော့ စင်္ကြံတံတားလေးတစ်ခုသာခြားသည

လူနာအခန်းထဲရောက်တော့ ဆေးပိုက်တွေ ဆေးပုလင်းတွေအပြည့်နဲ့ ဆေးနံ့တွေလှိုင်နေတဲ့အခန်းကျယ်ကြီးထဲက ခုတင်ပေါ်မှာ လဲလှောင်းနေတဲ့လူနာတစ်ဦး သူမ သည် ဆွေကြီးမျိုးကြီးအနွယ်ဝင် ဒီအိမ်ကြီးရဲ့အရှင်သခင်မဖြစ်တဲ့ အဘွားဒေါ်နန်းစောမြသာ

မေမီရောက်သွားတော့ ဘေးနားမှာရေပတ်တိုက်ပေးနေတဲ့အလုပ်သမားကောင်မလေးတစ်ယောက်ရှိသည် မေမီက သူလုပ်နေတဲ့အလုပ်ကိုဆက်လက်တာဝန်ယူလိုက်သည် အဘွားဒေါ်နန်းစောမြမှာ လေဖြတ်နေသည်ဟုသိရသည်

မေမီကရေပတ်တိုက်နေရင်း အဘွားကိုမိတ်ဆက်စကားဆိုလိုက်တယ် သူမစကားပြန်မပြောနိုင်ပေမယ့် နားလည်တဲ့အမူအရာထုတ်ပြတယ်

'' ဦးစိုင်းအောင် အဘွားက ဒီလိုဖြစ်တာဘယ်လောက်ကြာပြီလဲ ''

''ခြောက်လကျော်ကျော်လောက်ရှိပြီ ''

'' ဦးစိုင်းအောင် ဆရာဝန်ကြီးလာပြီရှင့် ''

''သြော် အေးအေး ''

ဆေးအိတ်လေးကိုင်ထားတဲ့ကောင်မလေးရဲ့နောက်ကပါလာသူက ဆရာဝန်ကြီး ဦးနေမင်းအောင် ဆရာဝန်ကြီးနဲ့ရန်ကုန်မှာ တစ်ခါတွေ့ဖူးတာကြောင့်မျက်မှန်းတန်းမိလိုက်သည် တန်းမိဆို ဆရာဝန်ကြီးက ဆရာဝန်အချင်းချင်းကပင်လေးစားရသူတစ်ယောက် ဖြစ်သည်

ဆရာဝန်ကြီးက လူနာနဲ့ပတ်သတ်တဲ့ဆေးမှတ်တမ်းတွေနဲ့ လူနာကိုပေးရမယ့်ဆေး အစားအသောက်ပုံစံတွေနဲ့ သိသင့်တာအားလုံးရှင်းပြသွားတယ် သူကိုယ်တိုင်လည်း အားရင်အားသလိုလာကြည့်ပေးမှာဖြစ်ပြီး အဘွားက သူ့အပေါ်ကျေးဇူးတွေရှိခဲ့ဖူးလို့ သေချာဂရုစိုက်ပေးဖို့ကိုလည်း တောင်းဆိုသွားခဲ့တယ် အရေးကြီးရင်ကြီးသလို သူ့ဆီဆက်သွယ်နိုင်ကြောင်းပြောခဲ့ပြီးပြန်သွားတော့တယ်
'' ဆရာမလေး သခင်မကြီးကလေ စာဖတ်ရတာအရမ်းသဘောကျတာ အားရင်အားသလို သူ့စာကြည့်ခန်းထဲက မဖတ်ရသေးဘူးလို့ အမှတ်အသားလုပ်ထားတဲ့စာအုပ်လေးတွေရှာဖတ်ပြပေးပါ ဒီမှာဒါက စာဖတ်ခန်းသော့ ''

'' ကျွန်မလည်း စာဖတ်တာအရမ်းဝါသနာပါပါတယ် စိတ်ချပါ တစ်နေ့တစ်မျိုးမရိုးရအောင်ဖတ်ပြပေးလိုက်ပါမယ် ''

'' ဟုတ်ကဲ့ ဒါဆိုကျွန်တော့ကိုခွင့်ပြုပါဦး ''

ဦးစိုင်းအောင်ထွက်သွားတော့ နေ့လည် ၁ နာရီကျော်နေပြီ စာဖတ်ခန်းက အဘွားအခန်းရဲ့ဘေးတင်

အပြင်ကကြည့်ရုံနဲ့တင်အခန်းအနေအထားက အတော်ကျယ်တယ်
ကျွန်မစာဖတ်ခန်းသော့ကိုဖွင့်ပြီးအခန်းထဲဝင်လိုက်တော့ လားလား စာအုပ်စင်ကြီးလေးငါးစင်ရှိတယ် အခန်းထဲမှာစာဖတ်ဖို့အတွက်စားပွဲခုံအကြီးကြီးတစ်လုံးလဲရှိတယ် စာအုပ်တွေလဲအပြည့် စာအုပ်စင်ရဲ့တစ်ကန့်ခြင်းဆီမှာ စာအုပ်အမျိုးအစားတွေရေးထားတယ် အခန်းကခပ်မှောင်မှောင်ဖြစ်နေတာကြောင့် ပြတင်းတံခါးကို သွားဖွင့်လိုက်တော့ အလင်းရောင်နှင့်အတူ လေအေးတစ်ချက်ပါဝှေ့ကနဲဝင်ရောက်လာတယ် စာကြည့်တိုက်ထဲက အမျိုးအစားတော်တော်များများဟာ စွန့်စားခန်းနဲ့ မှုခင်းဝတ္တုနဲ့ ဂမ္ဘီရ စာပေတွေဖြစ်ကြတယ် အဘွားဒေါ်နန်းစောမြက စွန့်စားခန်းတွေကိုသဘောကျပုံပါပဲ အဲ့ဒီ့ထဲမှာမေမမီသွားတွေ့တာက ဆရာကြီးရွှေဥဒေါင်းရဲ့ ဇော်ဟိတ်ဝတ္တုတိုများ မေမီ့ငယ်ငယ်က အဖေအမြဲဖတ်ပြနေကြဖြစ်တဲ့ မေမီ့အသဲစွဲလေ စာအုပ်စင်ပေါ်က ခပ်ထူထူဝတ္တုတစ်အုပ်ကို ယူချလိုက်ပြီး အခန်းတံခါးကိုသေချာပြန်ပိတ်လိုက်တယ် စာအုပ်ထဲမှာကိုယ်တိုင် မြောသွားမိရင် သတိရလို့ကြည့်လိုက်တော့
အဘွားက အိပ်မောကျနေပြီ
ညစာစားချိန်ရောက်တော့ ကောင်မလေးတယောက်ရောက်လာတယ်

'' မမ ညစာစားဖို့ဆင်းခဲ့ပါတဲ့ အိမ်သားတွေလူစုံနေပြီ သခင်မကြီးကို ညီမကြည့်ထားပါမယ် ''

' ဟုတိပါပြီ ''

မေမီအောက်ထပ်ကိုဆင်းသွားတော့ ထမင်းစားခန်းဘက်ကနေ စကားပြောသံတွေကြားနေရတယ် အခုမှအိမ်သားတွေနဲ့စုံရမှာမို့ ရင်တုန်နေမိတယ် မေမီထမင်းစားခန်းထဲရောက်တာနဲ့ အသံတွေအကုန်တိတ်ပြီး အကြည့်တွေက မေမီ့ဆီရောက်လာတယ် အဲ့ဒီ့ထဲက အမျိုးသမီးတယောက်က မေမီ့ကို နေရာမှာလာထိုင်ဖို့လှမ်းခေါ်လိုက်တယ် သူမ မျက်နှာကိုကြည့်လိုက်တာနဲ့ ဒါအဘွားဒေါ်နန်းစောမြရဲ့ သမီးကြီး ဒေါ်နန်းကလျာ

'' ဆရာမလေးက ဒီနေ့မှရောက်လာတာကို ကောင်းကောင်းမကြိုဆိုရသေးဘူး အလုပ်တွေများနေကြတော့အခုမှလူစုံတယ် ကဲဆရာမလေးနဲ့အိမ်သားတွေကိုမိတ်ဆက်ပေးမယ် ကျွန်မကတော့ မေမေကြီးရဲ့သမီးအကြီးဆုံးဒေါ်နန်းကလျာ ဒါက အန်တီ့အမျိုးသား ဟိုဘက်မှာထိုင်နေတာက အန်တီ့သမီးအငယ် သားအကြီးကတော့ အလုပ်များလို့ သူ့ရုံးခန်းမှာပဲ နေတယ် တစ်ခါတလေမှပြန်လာတတတ်တယ် သူပြန်လာရင်ဆရာမလေးနဲ့မိတ်ဆတ်ပေးအုံးမယ် ဒီဘက်ကတော့ အန်ကယ်ဦးစိုင်းအောင်မြတ်တို့ မိသားစု ဟိုဘက်ကတော့ အန်တီအငယ်ဆုံး ဒေါ်နန်းကြည်ဖြူပဲ ''

သူမမိတ်ဆက်ပေးပြီးတော့ မေမီသူတို့ကိုတစ်ချက်အကဲခတ်လိုက်သည် ဒေါ်နန်းကလျာကတော့ လှပေမယ့် မာနကြီးပုံရသည် ဒေါ်နန်းကြည်ဖြူကတော့ ပြုံးစစနှင့်တမျိုးလှသည် မိသားစုဝင်အကုန်လုံးက အဘွားဒေါ်နန်းစောမြ၏ မျိုးဆက်တွေမို့ အကုန်ချောလှကြသည် သို့သော်လည်းဆွေကြီးမျိုးကြီးဆိုတဲ့အတိုင်း ခပ်ချေချေတွေချည်းဖြစ်ပုံရသည် သမီးမိနန်းကလေးချည်း လေးယောက်နဲ့ အကြီးဆုံးမမြင်ဖူးသေးသောသားဆိုသူနဲ့ ဒေါ်နန်းကြည်ဖြူမွေးထားတဲ့ သားကအငယ်ဆုံးအခုမှဆယ်တန်းမို့ ဘော်ဒါဆောင်မှာထားသည်ဟုသိရသည်

မြေးမိန်းကလေးတွေကတော့ မာနကြီးပုံရသည် မေမီလည်းသိပ်အာရုံမထားပါ ဒီကိုလာတာ အဖွားဒေါ်နန်းစောမြကိုပြုစုဖို့ပဲမဟုတ်လား ညစာစားပြီးတော့ အသီးသီးအဆောင်ကိုပြန်ကုန်ကြတော့ မေမီလည်း အဖွားအခန်းထဲကိုပြန်လာခဲ့တယ် ဝေယျာဝ္စတွေလုပ်ပေးပြီးတော့ အခန်းထဲကစားပွဲခုံပေါ်မှာရှိတဲ့ဖတ်လက်စ စာအုပ်လေးတစ်အုပ် အဖွားကိုဖတ်ပြရမလားဆိုတော့ သူမ မျက်တောင်တစ်ချက်ခတ်ပြတယ် ဖတ်ပြဆိုတဲ့သဘောပေါ့ တစ်ခုခုမေးလို့ သူမမျက်တောင်တစ်ချက်ခတ်ပြရင် လက်ခံတာဖြစ်ပြီး လက်မခံရင် မျက်စိအကြာကြီးမှိတ်ပြတတ်ပါတယ်ဆိုပြီး ဆရာဝန်ကြီးကိုယ်တိုင်မှာကြားခဲ့သည်လေ စာအုပ်တစ်ဝက်တစ်ပျက်ကို ဆုံးခန်းတိုင်သည်ထိ မေမီဖတ်ပြလိုက်တယ် စာအုပ်လည်းဖတ်ပြပြီးရောအဖွားက အိပ်ပျော်နေပြီ ဒါနဲ့
စာအုပ်ကိုအသာအယာပိတ်ပြီး အဘွားကိုယ်ပေါ်ကို စောင်လေးတစ်ထည်ထပ်ခြုံပေးလိုက်ပြီး မေမီ့အိပ်ခန်းကိုပြန်လာခဲ့လိုက်တယ် အချိန်ကည ၈ နာရီတောင်မရှိသေးဘူး သစ်သားခုတင်အကြီးကြီးပေါ်မှာ ခင်းထားတဲ့ မွေ့ရာအထူသားကြီးပေါ်ပစ်လဲချလိုက်တယ် မနက်အစောကြီးထရမှာမို့ စောစောအိပ်မယ်လုပ်ကာမှ အိပ်ရာပြောင်းတော့လူက အိပ်မရဘူး ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ အိပ်ကိုမပျော်နိုင်တော့ဘူး ညည့်ကတဖြည်းဖြည်းနက်လာတော့ ပတ်ဝန်းကျင်မှာပုစဉ်းရင်ကွဲအော်သံတွေတောင် တိတ်စပြုနေပြီ အဲ့ဒီ့အချိန်ဘယ်နေရာက မှန်းမသိ

'' အဟင့် ဟင့် '' ဆိုတဲ့ငိုရှိုက်သံထွက်ပေါ်လာတယ် ပထမနားကြားမှားတာများလားဆိုပြီးတော့ သေချာနားထောင်ကြည့်တယ် ရှိုက်သံကပျောက်မသွားဘူး နားထောင်ရင်းနဲ့ ကြက်သီးတွေအလိုလိုထလာတယ် အသံက ကိုယ်နဲ့နီးနီးလေးက ကြားနေရတာကိုး ပြီးတော့ ဒီအဆောင်မှာကိုယ်တစ်ယောက်တည်း အောက်ထပ်က အလုပ်သမားကောင်မလေးတွေများလား အသံက ပိုပိုကျယ်လာသယောင် နားထောင်ရင်းက အလိုလိုကြောက်လာမိတာကြောင့်စောင်ကြီးခေါင်းမူးခြုံပြီး နားကို အတင်းပိတ်ထားလိုက်တော့တယ် ဘယ်တုန်းကအိပ်ပျော်သွားသည်တော့မသိ နံနက် alarm သံကြားမှနိုးတော့သည် ကျွန်မအိပ်ရာထတော့ မြူတွေဆိုင်းနေပြီးဝေလီဝေလင်းသာ ရှိသေးသည် အဖွားအခန်းထဲကိုအရင်သွား ဝေယျာဝစ္စတွေလုပ်ပေးပြီးချိန်မှာ မိုးစင်စင်လင်းနေပြီ အိမ်သားတွေလည်း ကားကိုယ်စီနဲ့အလုပ်သွားကုန်ကြပြီ အဖွားကို ဆေးပုလင်းပြောင်းချိတ်ပေးပြီးတော့ အိမ်အကူကောင်မလေး ရောက်လာကာမှ ကျွန်မမနက်စာစားဖို့အောက်ဆင်းလာခဲ့တယ် အဖွားအခန်းရဲ့စင်္ကြံကနေ အောက်ဘက်အဆောင်ကိုလျှောက်လာခဲ့ပြီး ဧည့်ခန်းဆောင်ဘက် ဖြတ်လျှောက်လာခဲ့တော့ ညက ငိုသံကြားတဲ့ကိစ္စကိုသတိရသွားတယ် မေမီ့အခန်းရဲ့အောက်ထပ်အခန်းက လူမနေတဲ့ပုံပဲ ဒါပေမယ့်ညကအသေအချာကို ကြားတာ မေမီ အခန်းကိုလှည့်ပတ်ချောင်းနေတုန်း အိမ်ရှေ့ဆင်ဝင်အောက်ကိုကားတစ်စီးဆိုက်လာတယ် ကားတောင်မရပ်သေးဘူး ဦးစိုင်းအောင်အရင်ပြေးထွက်ကြိုတာကိုပါတွေ့လိုက်ရတယ် ဘယ်သူလာတာပါလိမ့် မေမီ ဧည့်ခန်းဆောင်ဘက်ဆက်လျှောက်လာလိုက်တော့ ကားပေါ်ကနေလူတစ်ယောက်ဆင်းလာကိုတွေ့လိုက်ရတယ် လူပုံက အရက်ရှည်ရှည်ထောင်ထောင်မောင်းမောင်း အသားဖြူဖြူနဲ့ သူ့လက်ထဲမှာကိုင်ထားတဲ့အိတ်ကို ဦးစိုင်းအောင်က လှမ်းယူလိုက်ပြီး သူ့နောက်က ထပ်ချပ်မကွာလိုက်လာတယ် အိမ်ထဲဝင်လာတယ်ဆိုပေမယ့် သူ့လက်ထဲက စာရွက်ကိုအကြည့်မပျက်ဘူး လာနေက ကျွန်မနားရောက်လာတော့

'' သခင်လေး ဒီကမိန်းကလေးက သခင်မကြီးကိုပြုစုဖို့ ရန်ကုန်ကနေရောက်လာတာပါဗျ ''

''ဆရာမလေး ဒီကပုဂ္ဂိုလ်က ဒီအိမ်ရဲ့ြေုမးအကြီးဆုံး ကိုစိုင်းကောင်းခန့် ပါ ''

ကျွန်မက နှုတ်ဆက်ဖို့ဟန်ရေးပြင်လိုက်သော်လည်း သူကလက်ထဲကစာရွက်ကိုကြည့်ရင်း ကျွန်မကိုတစ်ချက်ပဲ မော့ကြည့်လိုက်တယ် တစ်ချက်ဆိုမှ တစ်ချက်လေး ကြည့်ပြီး အင်းတစ်လုံးပဲပြောပြီး အထဲဝင်သွားတယ် ဟင် ဒီလိုက ဘယ်လိုပါလိမ့် အေးပေါ့လေ ဒီအိမ်ကြီးရခိုင်ရဲ့ မြေးအကြီးဆုံးဆိုမှတော့ ဒီလောက်တော့ ကြီးကျယ်မှာသေချာနေတာပဲဟာ ကျွန်မလည်းဆက်တွေးမနေတော့ဘဲ ထမင်းစားဆောင်ဘက်ဆက်သွားလိုက်တော့ အဆောင်ထဲမှာ ကားဒရိုင်ဘာ ဦးလေးနဲ့ အိမ်အကူကောင်မလေးတစ်ယောက်ထမင်းစားနေကြတယ် ကကျွန်မဝင်လာတာမြင်တော့ ကောင်မလေးက ပြာပြာသလဲ ထကြိုပြီး ထမင်းစားဖို့ပြင်ပေးနေတယ် ကားဒရိုင်ဘာကတော့ မော့တောင်မကြည့် သူ့ဟာသူစားမြဲစားနေသည် တကယ်တမ်းမေမီလည်းသူကိုမကြည့်စေချင်ပါ စရောက်ကတည်းက ဒီလူရဲ့ပုံပန်းကိုသိပ်သဘောမကျလှ ဘယ်လောက်ပဲရုပ်ရည်နဲ့ စိတ်ဓာတ်ကိုခွဲတာမကောင်းဘူးပြောပြော သူ့ပုံစံကိုမကြိုက်တာတော့သေချာနေသည် ဘာပဲဖြစ်ဖြစ်လေဆိုပြီး ထမင်းစားသောက်ပြီး အပေါ်ထပ်ပြန်တက်လာခဲ့တယ် အပေါ်ထပ်တက်လာတော့ စောစောက သူတို့ရဲ့သခင်လေးဆိုသူက အဖွားအဆောင်ရဲ့ တစ်ဘက်ကအစွန်ဆုံးအခန်းကိုဝင်သွားတာတွေ့လိုက်ရတယ်

'' ဟွန် သူကဒီမှာနေတာလား ငါနဲ့တော့တွေ့အုံးတော့မှာပဲ ကိုကြီးကျယ်နဲ့ ''

တစ်ယောက်ထဲစိတ်ထဲကနေကြိတ်ရေရွတ်လိုက်မိတယ် 
သရဲစာအုပ် ၏ ဓာတ်ပုံဝိညာဉ်ချစ်ကြိုး 2
#lin
Part_2

မေမီအခန်းထဲပြန်ရောက်တော့ ကောင်မဘေးက အဖွားကိုရေပတ်တိုက်ပေးဖို့ပြင်နေတယ် မေမီကူပြီးလုပ်ပေးလိုက်တော့မြန်မြန်ပြီးသွားတယ် 
သူမခြေတွေလက်တွေကိုနှိပ်ပေးနေရင်းက အဘွားအကြောင်းကိုသိချင်လာမိသည် ဒီလောက်ချမ်းသာတဲ့အိမ်ဖြစ်ပါလျက်နဲ့ လူနာကိုဆေးရုံမပို့ဘဲ အိမ်မှာပဲဆေးပစ္စည်းအစုံအလင်နှင့်ကုသနေရခြင်းမှာဘာကြောင့်ပါလိမ့် ပြီးတော့ ပြုစုဖို့အတွက်သူနာပြုကိုတောင် ရန်ကုန်ကနေဌားတယ် မေမီကိုယ်တိုင်ကချက်ဆိုနားခွက်ကမီးတောက်တတ်တဲ့သူပါလေ ချမ်းသာကြွယ်ဝတဲ့အိမ်ကြီးတစ်အိမ်မှာ မိသားစုဆွေမျိုးများလာခဲ့ရင် အမွေပြသာနာတွေကပေါ်ပေါက်စမြဲပင် အဘွားကလက်ဖဝါးတွေက နူုးညံ့ပုံပေါ်ပေမယ့် အသားမာများဖြင့်ကြမ်းတမ်းနေသည် ညည့်လည်းအတော်နက်လာပြီဖြစ်လို့ အဖွားအနားယူဖို့ မေမီအခန်းပြန်မယ်လုပ်တော့ မနေ့ညက ငိုသံကြီးသွားစဉ်းစားမိပြန်တယ် မနေ့ကပြန်တာဒီချိန်ပဲ စဉ်းစားရင်းနဲ့ပြန်တောင်မပြန်ရဲတော့ဘူး အခန်းထဲမှာလဲ လူတယောက်အိပ်စာဆိုဖာကြီးက အသင့်ရှိနေတာမို့ ဒီအခန်းထဲမှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်တယ် ဒီတစ်သက်တော့အိပ်ပျော်နိုင်ပါ့မလားလို့ထင်ရတယ် အိပ်မပျော်ရတဲ့အထဲအိပ်ရာက ဟိုပြောင်းဒီပြောင်းနဲ့ အိပ်မပျော်တော့ ဟိုတွေးဒီတွေးရင်းက ငိုသံကိုလည်းနားစွင့်နေမိသေးသည် ည ၉ နာရီလောက်ကြတော့ လေတွေတဝုန်းဝုန်းတိုက်လာတယ် မနက်က အင်တတာနက်ထဲမှာ မုန်တိုင်းသတင်းတွေ့မိသေးတာပဲ ရှမ်းပြည်ဘက်ပါပါပုံပဲ လေကကြမ်းသထက်ကြမ်းလာတယ် မိုးတွေခြိမ်းပြပီး လျှက်စီးတွေလက်နေပေမယ့် မိုးမရွာဘူး လေတွေတအားတိုက်လာတော့ ချမ်းလာလို့ စောင်ထပ်ယူဖို့ အခန်းထောင့်းက စောင်ဗီရိုဆီကိုထလာလိုက်တယ်စောင်ဆွဲထုတ်နေတုန်း

'' ဂျိန်း ဂျိန်းး ဆိုတဲ့ အခန်းပြတင်းပေါက် ပိတ်သံကြားနေရတယ် အခန်းကနေအသံကြားတဲ့ဆီလှမ်းကြည့်လိုက်တော့ မေမီ့အိပ်ခန်းအောက်က အခန်း ပြတင်းပေါက်ကြီးကပွင့်နေတာလေတိုက်တော့ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာ ဒီအခန်းကမနက်ကကြည့်တော့အပြင်က ပိတ်ထားတာပါ ဘယ်လိုလုပ်အခန်းထဲက တံခါးကပွင့်နေပါလိမ့်ဆိုပြီး ကြောင်ကြည့်နေတုန်း ဝုန်းး ဆိုအခန်းတံခါးကအပွင့် လျှပ်စီးကအလက်နဲ့ လင်းကနဲဖြစ်သွားခိုက် အခန်းထဲမှာမိန်းကလေးတစ်ယောက်ရပ်နေတာကို ရှင်းရှင်းကြီးမြင်လိုက်ရတယ် ဖြတ်ခနဲဆိုအတော်လေးလဲလန့်သွားတယ် လျှပ်စီးအရောင်နဲ့တွေ့လိုက်တာမို့လို့ မျက်စိထဲဓာတ်ပုံရိုက်ထားလိုက်သလိုပဲ ဘယ်လောက်မှမဝေးတဲ့အကွာအဝေးမို့ မိန်းကလေးပုံပန်းကို မှတ်မိနေတယ် အိမ်အကူအဝတ်အစားတွေဝတ်ထားတယ် ဒါပေမယ့် ဒီကောင်မလေးကို အိမ်မှာတစ်ခါမှမမြင်ဖူးတာတော့သေချာတယ် နောက်တစ်ခါလျှပ်စီးလက်တော့မရှိတော့

အမလေးလူမှဟုတ်ရဲ့လား ဆိုဖာဆီအပြေးပြန်သွားပြီး စောင်ကိုခေါင်းမူးခြုံထားလိုက်တော့တယ် အရေးထဲမီးကလည်းပျက်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

''ဟာ ဆရာမလေး ညကဒီမှာအိပ်တာလား အခန်းမှာအိပ်လဲရသားနဲ့ ''

'' ရပါတယ် အခန်းထဲမှာတယောက်ထဲမအိပ်ချင်လို့ ''

'' ဆရာမလေး မျက်နှာသစ်ပြီးရင်ရှမ်းခေါက်ဆွဲစားဖို့ကျနော်သွားစီစဉ်လိုက်မယ် ဒီမှာက သခင်မကြီးအတွက်ဆန်ပြုတ်ရည်ပါ ''

''ဟုတ်ကဲ့ ကျွန်မစီစဉ်ပေးလိုက်ပါမယ် ''

ခဏကြာတော့ မနက်စာရှမ်းခေါက်ဆွဲပူပူနွေးနွေးလေးကိုစားပြီး အပေါ်ထပ်ပြန်တက်လာတော့ နေ့လည်ဘက်ဆေးတစ်မျိုးပြောင်းသွင်းလိုက်တယ် ဆေးအရှိန်ကြောင့်အဘွားအိပ်ပျော်သွားတော့ ကောင်မလေးနဲ့စကားနဲနဲပြောရင်းက ရောကောသောကော အိမ်ကမိသားစုတွေအကြောင်းပါနဲနဲထပ်စပ်စုလိုက်တယ် အစက ကောင်မလေးကသိပ်မဖြေချင်ဘူး နဲနဲပါးပါးလှည့်ပတ်မေးကာမှ ဒီအိမ်ကြီးရဲ့တစ်ချို့သောအကြောင်းအရာလေးတွေသိခွင့်ရလိုက်တယ်

သူမပြောတာတော့ အဘွားဒေါ်နန်းစောမြရဲ့အမျိုးသားက ငယ်ငယ်ရွယ်ရွယ်မှာသေဆုံးခဲ့တော့ ကလေးငယ်တွေနဲ့အိမ်စီးပွားရေးလုပ်ငန်းကို တစ်ယောက်ထဲဦးဆောင်ခဲ့ရကြောင်း အခုကတော့ သမီးကြီးဒေါ်နန်းကလျာက အိမ်စီးပွားရေးတစ်ဝက်လောက်ကိုလက်ဝါးကြီးအုပ်လုပ်ကိုင်နေပြီး သူ့သားအကြီးကိုသာ အမွေဆက်ခံရမယ့်သူဖြစ်စေချင်ပါသတဲ့ သေချာပေါက်သခင်လေးက အမွေရမှာဖြစ်ပေမယ့် အန်တီကြီးက အကဲပိုလွန်းသည်တဲ့လေ ပြီးတော့ အိမ်ကလူတွေရဲ့အကျင့်စရိုက်တွေကိုလဲ တစ်ယောက်မကျန်ပြောပြတယ် ပြောနေကြတုန်းမှာ ဦးစိုင်းအောင်ရောက်ချလာပြီး ကောင်မလေးကို ဆက်မပြောဖို့အရိပ်အကဲပြလိုက်ပြီး ပ ထုတ်လိုက်တယ်

'' ဦးစိုင်းအောင်ရှင့် ကျွန်မကဒီအိမ်မှာ ခဏတစ်ဖြုတ်နေရမှာမဟုတ်ပါဘူး အဘွားနေကောင်းကျန်းမာလာတဲ့ထိ ဒီအိမ်မှာနေရအုံးမှာပါ ဒီတော့ ကျွန်မအနေနဲ့ဒီအိမ်နဲ့ပတ်သတ်တာတွေသိထားသင့်တယ်ထင်လို့ပါ တခြားဘာသဘောမှမပါဘူးနော် ''

'' ကျွန်တော်လည်းနားလည်ပါတယ်ဆရာမလေး ''

'' ဒီအိမ်ကလူတွေက တစ်ခုခုထူးခြားနေသလိုပဲ မွေးချင်းမောင်နှမတွေဆိုပေမယ့် သိပ်တရင်းတနှီးမရှိကြဘူး ''

'' ဆရာမလေး ကျနော်တစ်ခုတော့ပြောထားချင်တယ် ဒီအိမ်က ပြောရ ရင်သွးအေးစစ်ပွဲဖြစ်နေကြတာပဲ ဒီအိမ်ကြီးရဲ့အမွေကိုရဖို့ မောင်နှမအချင်းချင်း သွေးကွဲနေကြတာ ဖြစ်ချင်တော့ သခင်မကြီးနေကောင်းနေစဉ်က သေတမ်းစာကလည်းပျောက်နေတယ် ဘယ်နေရာမှာရှိလဲဆိုတာ သခင်မကြီးပဲသိတယ် ဒီတော့ ဘယ်သူကအမွေဆက်ခံရမလဲ ဆိုတာသေချာမသိရသေးဘူး အကုန်လုံးကသူပြန်နေကောင်းလာဖို့မျှော်လင့်နေကြတာ ဒါမှလည်းပြသာနာတွေ ဖြေရှင်းနိုင်မှာ ''

'' ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ ''

ဦးစိုင်းအောင်ပြန်သွားတော့ မေမီလည်း လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ် ဒီအိမ်အကြောင်းစိတ်မဝင်စားတော့ဘူး အဘွားပြန်နေကောင်းလာအောင်ပြုစုပေးဖို့က မေမီ့တာဝန်ပဲလေ အဘွားအတွက်ဆေးတွေကကုန်သလောက်ဖြစ်နေပြီမို့လို့ ဦးစိုင်းအောင်ကို မြို့ထဲက ဆရာဝန်ကြီးဆေးခန်းလိုကိပို့ခိုင်းရတယ် အိမ်ကြီးနဲ့မြို့ထဲနဲ့က တစ်မိုင်လောက်ဝေးသေးတယ် လမ်းတလျှောက်ခြံတွေ ဆိုင်ခန်းတွေ အလုပ်ရုံတွေက ဒီမိသားစုပိုင်တော်တော်များသည် ဒါတောင်တခြားမြို့တွေနဲ့မြို့ပေါ်မှာ ကျန်သေးတာတွေအများကြီးတဲ့

ဆရာဝန်ကြီးဆေးခန်းမှာဆေးယူပြီးပြန်လာတော့ စိတ်ထဲမသိုးမသန့်ဖြစ်မိသည် ညက အခန်းကိစ္စ

'' ဦးစိုင်းအောင် ကျွန်မမေးစရာရှိလို့ ''

'' ဟုတ်ကဲ့ ဘာများလဲဗျ ''

'' အိမ်မှာလေ အလုပ်သမား မိန်းကလေးက နှစ်ယောက်ပဲလားဟင် အခြားမရှိတော့ဘူးလား ''

'' သူတို့နှစ်ယောက်ထဲပါဗျ ကျနော်ရယ် ဒရိုင်ဘာရယ် ဒါပဲ ဘာဖြစ်လို့လဲဗျ ''

မေမီညက ကိစ္စအကြောင်းပြောပြဖို့စဉ်းစားသော်လည်း ဘယ်လိုပြောရမယ်မှန်းမသိ အိမ်အကူမိန်းကလေးနှစ်ယောက်ဆိုရင် ညကမိန်းကလေးကဘယ်သူပါလိမ့် သရဲတွေဘာတွေများလား ဒီအိမ်ကြီးမှာ သရဲတွေ့တယ်ဆိုတာမျိုးပြောမိလျင် မေမီ့ကို ရန်ကုန်ကန်လွှတ်မှာပဲ လက်ရှိက ကိုယ့်ဘက်က မသေချာသေးတာမို့မပြောဘဲ နေလိုက်ဦးမယ်လို့တွေးလိုက်တယ်

'' ဘာမှမဖြစ်ပါဘူး အလုပ်သမားက အရမ်းနည်းတော့ သူတို့ပင်ပန်းမှာပဲလို့ ထင်လို့ပါ ''

'' ဒီလိုပါပဲ ဆရာမလေးရယ် သူ့တာဝန်နဲ့သူအဆင်ပြေပါတယ် ''

'' ဟုတ် ဟုတ် ''

မေမီတို့ပြန်ရောက်တော့နေ့လည်စာစားချိန်ကြီး အဖွားကို ဆေးတိုက်ပြီး အောက်ထပ်ဆင်းမလို့လုပ်တော့ စင်္ကြံ ကနေ သခင်လေးတက်လာတာတွေ့လိုက်ရတယ် သူက တစ်ဘက်အဆောင်ကိုအတက် အလုပ်သမားကောင်မလေးက အောက်ထပ်အဆင်းမှာ ဝုန်း ဆိုဝင်တိုက်မိကြတယ် ကောင်မလေးက ချက်ခြင်းပဲပြာပြာသလဲတောင်းပန်ပေမယ့် သူက ဒေါကြီးမောကြီး ဆူပူနေတယ်ကြာတော့ မေမီမကြည့်နိုင်တော့ဘူး

'' ဒီမှာရှင့် သူလည်းမမြင်လို့ဝင်တိုက်မိတာပဲလေ တမင်လုပ်တာမှမဟုတ်တာ ရှင်ပြောပုံက သိပ်ကိုတစ်ကိုယ်ကောင်းဆန်လွန်းတယ်နော် ''

'' ဆရာမလေး ရပါတယ် ညီမ ဘာမှမဖြစ်ပါဘူး''

'' တော်စမ်း နင်ဝင်ပြောရမယ့်နေရာမဟုတ်ဘူး ''

'' ဒီမှာ ဒါက ကျုပ်တို့ အိမ်တွင်းရေးကိစ္စပဲ ဆရာမဝင်ပါဖို့မလိုပါဘူး ''

သူက စေ့စေ့ကြည့်ပြီး လှည့်ထွက်သွားတော့တယ် မေမီ့မှာသာဒေါသထွက်ရမလို ရန်ပဲလိုက်တွေ့ရတော့မလို

'' ဆရာမလေး ထားလိုက်ပါရပါတယ် သခင်လေး စိတ်ဆိုးတာလည်း သူ့အကြောင်းနဲ့သူပါ ''

'' ဘာအကြောင်းလည်း နန်း အစ်မကိုပြောပြလှိုရမလား ''

'' ဒီမှာတော့အဆင်မပြေဘူး အခန်းထဲရောက်မှပြောပြမယ် သခင်မကြီး အိပ်မောကျနေတယ်မလား ''

'' အေး လာ လာ ''

'' ပြော နန်းဒီမှာဘယ်သူမှမရှိကြဘူး ''

'' ဒီလို အစ်မရဲ့ အရင်တုန်းက သခင်လေးမှာချစ်သူတစ်ယောက်ရှိတယ် သူက ဒီအိမ်ရဲ့ အလုပ်သမားတစ်ယောက်ပါပဲ သူနဲ့သခင်လေးတို့ချစ်ကြိုက်နေကြတော့ အဆင့်အတန်းခြင်းမတူဘူးဆိုပြီး ဝိုင်းကန့်ကွက်ကြတယ် သခင်လေးက အဲ့ကောင်မလေးကိုတော်တော်ချစ်တာ တနေ့ အဲ့အကြောင်းကို ဒေါ်နန်းကလျာသိသွားတယ် ထူးဆန်းတာက သူဘာမှမပြောဘူး ဘာမှလည်းမလုပ်ဘူး လူတွေထင်ကြတာက ဒေါ်နန်းကလျာက သူ့သားကိုတော်ရုံမိန်းကလေး အကပ်တောင်ခံတာမဟုတ်ဘူး အခုဟာက ဒီအိမ်က အစေခံအဆင့်အတန်းဆိုတော့ ပိုဆိုးမယ်ထင်တာ ဒါပေမယ့်မဟုတ်ဘူး သူသာသခင်လေးကိုမေတ္တာအစစ်အမှန်ရှိတယ် ဆိုရင်ကန့်ကွက်စရာမရှိဘူးတဲ့ အဲ့လိုတောင်ပြောတာ တစ်ရက် အိမ်ကစုပေါင်းလှူထားတဲ့ ရိပ်သာကြီးပြီးသွားတော့ ရေစက်ချတရားနာတယ် အဲ့ဒါက တောင်ပေါ်မြို့လေးမှာဆောက်ထားတာဆိုတော့ တစ်အိမ်လုံးသွားကြတာ တစ်ချို့အလုပ်သမားတွေလိုက်သွားကြပြီး အိမ်မှာ အဲ့ဒီ့ကောင်မလေးပဲ ကျန်ခဲ့တယ် အိမ်သားတွေအကုန်ပြန်ရောက်တော့ အိမ်မှာဘယ်သူမှမရှိကြဘူး နောက်ပိုင်းကြားတာတော့ သခင်လေးနဲ့ကြိုက်နေတဲ့ကောင်မလေးက အိမ်က အဖိုးတန်ရတနာတွေကိုခိုးပြီး သူချစ်သူနဲ့ ထွက်ပြေးသွားတာတဲ့လေ အဲ့ဒီ့မှာသခင်လေးကြေကွဲတာပဲ သူ့ကအရမ်းချစ်တာကို သူ့ကိုသစ္စာဖောက်သွားတာလေ သူတို့မျိုးရိုးက သူခိုးဆို အပ်တိုတစ်ချောင်းတောင်ခိုးတာမကြိုက်ဖူးဆိုတော့ ပိုခွင့်မလွှတ်နိုင်တာပေါ့ အဲ့ဒီ့ကတည်းက သခင်လေးက မိန်းကလေးတွေနဲ့မပတ်သတ်တော့ဘူး မိန်းကလေးနဲ့ပတ်သတ်လာရင် အလိုလိုဒေါသကြီးလာတာ ''

''ဟာ ဒါတော့ ဝါးလုံးရှည်နဲ့ပတ်ရမ်းတာပဲလေ မတရားလိုက်တာ ''

'''နန်းတို့ကနားလည်ပါတယ် ဘာမှမဖြစ်ပါဘူး ဆရာမလေးလည်း သက်သက်ရန်ငြိုးဖွဲ့မနေဘဲ နားလည်ပေးလိုက်ပါ ပြီးတော့ သူက ဒီအိမ်မှာအကြာကြီးနေမှာမဟုတ်ပါဘူး တစ်ခါတလေပဲလာနေတာပါ 'သူပြောစရာရှိတာပြောပြီး အောက်ထပ်ပြန်ဆင်းသွားတယ် ဒီအိမ်နဲ့ပတ်သတ်ပြီးမေမီ ဘာမှမသိသေးပါလား စောစောက ကိစ္စကြောင့်စိတ်က သိပ်မကြည်ချင်တော့ စိတ်ပြေလက်ပျောက်စာအုပ်ဖတ်ဖို့ စာကြည့်ခန်းထဲမှာ စာအုပ်သွားယူပြီး အဖွားကိုဖတ်ပြနေမိတယ် တစ်ချက်က အဖွားဒေါ်နန်းစောမြက စာအုပ်ဖတ်ရတာအတော်လေးနှစ်သက်တာပင် မေမီစာအုပ်တစ်အုပ်ပြီးသွားတော့

'' မဆိုးပါဘူး စိတ်ဝင်စားဖို့ကောင်းအောင်လည်းဖတ်ပြတတ်သားပဲ ''

'' သြော် သခင်လေးပါလား ဘယ်တုန်းကရောက်နေတာလဲ ''

'' မကြာသေးပါဘူးဗျ ဆရာမစာအုပ်ဖတ်တာခိုးနားထောင်သလိုဖြစ်သွားရင် sorry ပါပဲ ''

'' ရပါတယ် ကျွန်မအတွက်အနှောက်အယှက်မှမဖြစ်ဘဲ ''

'' ကျွန်တော်စကားပြောစရာရှိလို့ အပြင်ဘက်ဝရန်တာခဏထွက်ခဲ့ပေးပါ ''

'' ကဲ ဘာများလဲသခင်လေး ''

'' စောစောက ကိစ္စကိုတောင်းပန်ချင်လို့ပါ ကျနော်စကားပြောရိုင်းသလိုဖြစ်သွားတယ် ရုတ်တရက်ဆိုတော့ စိတ်တိုသွားပါတယ် ကျနော်ဘာကြောင့်စိန်တိုတယ်ဆိုတာကိုတော့ ဆရာမလေးလည်းသိပြီးသလောက်ဖြစ်မှာပါ ''

'' သခင်လေးရဲ့ ချစ်သူနဲ့ပတ်သတ်တာကိုလား အဲ့ဒါကတော့အနည်းအကျဉ်းလောက်သိထားပေမယ့် ဘာပဲဖြစ်ဖြစ် သခင်လေးလွန်တယ်လို့ထင်ပါတယ် လူတစ်ယောက်ကသစ္စာဖောက်တာနဲ့ လူတွေအကုန်လုံးကိုသစ္စာဖောက်လို့သတ်မှတ်လို့မရဘူးလေ ''

'' ဒါတော့ ကျနော်လည်းနားလည်ပါတယ် တချို့ကိစ္စတွေက ကိုယ်တိုင်ခံစားဖူးမှသိတာပါ ကျနော်တစ်ခါသစ္စာဖောက်ခံရတော့ တော်ရုံမိန်းမဆိုမယုံရဲတော့သလောက်ပဲ ဒါမယ့် ဒီကိစ္စမှာကျနော်လွန်ပါတယ် ''

'' ကျွန်မက ကိစ္စမရှိပါဘူး ခုနကမိန်းကလေးကိုသာတောင်းပန်လိုက်ပါ ''

'' သူ့ကိုလည်းတောင်းပန်ပြီးပါပြီ ''

'' ဒါနဲ့ သခင်လေးကိုတစ်ခုမေးချင်တယ် အဲ့ဒီ့မိန်းကလေးကိုတော်တော်ချစ်ခဲ့ပုံပဲနော် ''

သူကအချိန်အတော်ကြာစဉ်းစားပြီးမှ

'' ဟုတ်တယ်ဗျ သူ့နာမည်က နှင်းနု တဲ့ လူကနှင်းပွင်းလေးတွေလိုပဲ ဖြူဖွေးနုဖတ်ပြီး အရမ်းကိုလှတယ် ရိုးလည်းရိုးသားတယ် အဟင်း ဒါကကျနော်ထင်ခဲ့တာပါလေ သူဒီအိမ်ကိုရောက်လာကတည်းက ကျနော်သူ့ကိုအတော်လေးချစ်မိခဲ့တာ မေမေ့အကြောင်းသိပေမယ့်လို့ ဂရုမစိုက်ခဲ့ဘူး သူကိုပဲချစ်တာကိုး မေမေက တိုးတိုးတိတ်တိတ်ဟို မိန်းကလေးနဲ့စီစဉ်မယ်ဆိုပြီး တိုင်ပင်သံတွေကြားခဲ့ပေမယ့် ခါးခါးသီးသီးကိုငြင်းပစ်ခဲ့တာ နှင်းနု မှနှင်းနုပဲပေါ့ နောက်ဆုံးမေမေလည်းလက်လျော့လိုက်ပြီး ကျနော်တို့ကိုလွှတ်ထားလိုက်တော့တယ် သူကိုမြင်ရင် ကာကွယ်ပေးချင်တဲ့စိတ် ပွေ့ဖက်ပေးချင်တဲ့စိတ်တွေပဲရှိခဲ့တယ် ကျနော်သတိမမူမိတာက သူနဲ့အလုပ်သမားကောင်လေးတယောက်ရင်းနှီးနေတာတွေ့ပေမယ့် သံသယမဝင်ခဲ့ဘူး သူကလည်းကျနော့်ကိုအတော်ချစ်တာကိုး ဒါပေမယ့် မထင်မှတ်ထားတဲ့အချိန်မှာပဲ သူကျနော့်ကိုသစ္စာဖောက်သွားခဲ့တယ် အိမ်က ပစ္စည်းတွေကိုခိုးပြီး အဲ့ကောင်လေးနဲ့ထွက်ပြေးသွားတယ်တဲ့လေ ကျနော်သေအောင်စိတ်နာခဲ့တာ ဒါပေမယ့်မယုံခဲ့ဘူး ကျနော်သူ့ကိုချစ်တုန်းပဲလေ မုန်းပစ်ချင်ပေမယ့် သေအောင်စိတ်နာပေမယ့် မျက်နှာချင်းဆိုင်တွေ့ပြီး သူကိုယ်တိုင်ပြောတဲ့စကားကိုနားထောင်ချင်သေးတယ် အမှန်တွေဖြစ်ခဲ့ရင်တောင် သူကျနော့်ကိုတောင်းပန်ပါတယ်ဆိုတဲ့စကားပဲပြောရင်တောင် မျက်စိမှိတ်ပြီးခွင့်လွှတ်မိမလားပဲ ဒါမေပယ့်သူ့ကိုအစအနတောင်မတွေ့ခဲ့ဘူး ဘယ်လောက်ပဲရှာရှာ ''

''သြော် ''

ကျွန်မပြောနိုင်တဲ့တစ်ခွန်းတည်းသောစကားပါ ပြသာနာတိုင်းမှာအကြောင်းအရင်းရှိတယ်ဆိုတာအမှန်ပါလားလို့တွေးမိသွားတယ်

'' ဒါဆိုကျနော့်ကိုခွင့်ပြုပါဦး ဆရာမလည်းအလုပ်ရှိသေးတာကို ''

'' ဟုတ်ကဲ့ပါ ''

အမှန်တော့ ဒီနေ့ဆရာဝန်ကြီးလာမယ့်နေ့ နေ့လည် ပိုင်းလောက်လာမယ်ကြားထားတယ် အဖွားကအခုဆိုအတော်လေးသက်သာနေပြီ ခြေတွေလက်တွေ ဆုပ်နိုင်ကိုင်နိုင်နေပြီ အခြားလူအကူအညီနဲ့ ငုတ်တုတ်ထိုင်နိုင်ပြီ အဖွားအတွက် လေ့ကျင့်ခန်းနဲနဲပါးပါး လုပ်ပြီးတော့ ရေနွေးယူဖို့မေမီအောက်ထပ်ဆင်းလာတော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်ကြီးရဲ့ကား ဆိုက်လာတယ်
သရဲစာအုပ် ၏ ဓာတ်ပုံ
Part_3

'' ဟင် စောသားပဲ ''

ဒါပေမယ့်ကားပေါ်က ဆင်းလာသူက ဆရာဝန်ကြီးမဟုတ်

'' ဟင် သူပါလား ''

'' Hey long time no see baby ''

'' ရှင်က ဒီကိုဘာလာလုပ်တာလဲ ''

'' လူနာလာကြည့်တာလေ ''

'' ရှင်လာနောက်နေတာလား ဒီကိုဆရာဝန်ကြီးလာမှာလေ ''

'' အေးလေ ဆရာဝန်ကြီးမအားလို့ ကို့ကိုလွှတ်လိုက်တာ ဘာလဲအဆင်မပြေဘူးလား ''

'' အဆင်ပြေစရာလား နေပါဦး ရန်ကုန်ကနေဘယ်လိုဖြစ်ပြီးရောက်လာတာလဲ ''

'' ဒီနယ်မှာတာဝန်ကျတာလေ ဘာလဲမင်းနောက်လိုက်လာတယ်ထင်လို့လား တိုက်ဆိုင်တာပါကွာ ဒါနဲ့နော်ကိုယ်တို့ရေစက်အတော်ပါတာပဲ ဒီမှာမှလာတွေ့ရတယ်လို့ ''

'' အဲ့ဒီ့ရေစက်က ရှင်တမင်လုပ်ထားတာမလား ''

'' ဘာပဲဖြစ်ဖြစ်ပါ ဒီကိုဆရာဝန်အနေနဲ့လာတာ မင်းကသူနာပြု ဟုတ်ပြီလား ဒီတော့ ကိုယ့်ကိုလေးလေးစားစားဆက်ဆံ ''

'' အဲ့ဒီအဆင့်အတန်းခဲံတာတွေက ပါလာပြန်ပြီ အေးပေါ့လေရှင်က ဆရာဝန်ဆိုတော့ပြောအားရှိတာပေါ့ ''

လူနာခန်းရောက်တာနဲ့ သူက လူနာကိုစမ်းသပ်စစ်ဆေးတာတွေလုပ်နေ၏

'' အတော်လေးတိုးတက်လာတာပဲ အေးလေ အနီးကပ်သူနာပြုက ဘယ်သူမှတ်လို့ ''

'' အလုပ်မှာအလုပ်ကိစ္စပဲပြောတာကောင်းမယ်ဆရာ ''

'' ဒါဆိုဒီမှာစမ်းသပ်ပြီးရင် ကိုယ်တို့ကိစ္စပြောလို့ရတယ်ပေါ့နော် ''

ရိတိတိပြုံးလိုက်သေးတယ် ပြီးတော့မှ လူနာကိုစမ်းသပ်စစ်ဆေးပြီး ဆေးအသစ်တွေထပ်ပေးပြီးတော့

'' ခဏလောက်စကားပြောရအောင် အပြင်ထွက်ခဲ့ ''

'' ဘယ်လိုဖြစ်လို့ ဒီနေရာအထိရှောင်ထွက်သွားတာလဲ ရန်ကုန်မှာနေရင် ကိုယ်နဲ့မျက်နှာချင်းဆိုင်နေရမှာစိုးလို့လား ''

'' အင်း ''

'' ဟင်းးး အဲ့ဒီ့ကိစ္စကအထင်လွဲတာပါလို့ပြောပြီးပြီလေ ကောင်းပြီ မင်းကဒီလိုပြတ်သားမှတော့ ငါလည်းပြတ်သားတော့မယ် ငါလည်းမင်းကိုအစက ပြန်လိုက်မယ် ''

'' ဘာ ရှင် ဘာပြော . . .''

'' ဟာ ဥာဏ်ထူးအောင် ''

'' ဟေ ကောင်းခန့်ပါလား ဒါမင်းအိမ် ''

'' အေးလေ မင်းရောက်တာကြားတယ် အလည်ခေါ်မို့ပဲငါလည်းမအားတာနဲ့ မင်းကအခုငါ့အဖွားတာဝန်ခံဆရာဝန်အနေနဲ့လာတာပေါ့ ''

'' အေးဆို ဟားဟား ''

'' ဒါနဲ့ ဆရာမနဲ့သိတာလား ''

'' မသိဘူးရှင့် ''

'' သူလား ငါ့အရင်ရည်စားလေ နောက်လည်းငါ့ရည်းစားပဲဖြစ်မှာပါ အခုသူ့ကိုရဖို့ပြန်ကြိုးစားတော့မှာ ''

'' ဆုတောင်းလိုက်ဦး ဒါနဲ့ရှင်နဲ့သခင်လေးနဲ့က အသိတွေလား ''

'' ကျောင်းနေဖက်တွေ ဆယ်တန်းတုန်းက ဘော်ဒါတူတူတက်ခဲ့တယ်လေ ''

''ဒါနဲ့သူငယ်ချင်း လာလက်စနဲ့တစ်ညအိပ်သွားကွာ ''

'' အိပ်ရမလား မေမီ အိပ်မလား ''

'' ဘာ ဘယ်လိုတွေမေးနေတာလဲ ရှင့်ဟာရှင် အိပ်ချင်အိပ်မအိပ်ချင်နေ ကျမကိစ္စမပါဘူး ဟွန်း ''

မေမီဒီကိုရောက်လာရတဲ့အကြောင်းထဲမှာ သူ့ကြောင့်လဲပါတယ် အမှန်ကသူ့ကိုစိတ်ဆိုးပြီး ပြတ်ပြီလို့တစ်ခွန်းတည်းပြောပြီးရှောင်နေခဲ့တာ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ ရီရီမောမောစကားတွေတောင်ပြောနေကြသေးတယ် ညနေဘက်ဆေးတိုက်ပြီးတော့ အဖွားကိုလေ့ကျင့်ခန်းထပ်လုပ်ပေး ပြီးမှ ညစာစားဖို့ အောက်ထပ်ဆင်းလာခဲ့တယ် အောက်ထပ်မှာမိသားစုတွေလူစုံနေပေမယ့် ဟိုကိုယ်တော်တွေကိုတော့မတွေ့ဘူး မတွေ့တာပဲကောင်းပါတယ်လေ

'' ဒါနဲ့ ဆရာမလေး ဒီမှာနေရတာအဆင်ပြေရဲ့လား ကျွန်မတို့ကလည်းအလုပ်များတော့ဂရုမစိုက်နိုင်ဘူး အားနာလိုက်တာ ''

'' ရပါတယ် အန်တီ မေမီအဆင်ပြေပါတယ် ''

'' ဒါနဲ့ အခုနလောအဖွားအခန်းထဲမှာပဲအိပ်တယ်ဆို ''

'' ဟုတ်တယ် ''

'' အိပ်ရတာအဆင်မပြေရင် ခုတင်ထားပေးမယ်လေ ''

''ရပါတယ်အန်တီဆိုဖာပေါ်အိပ်ရတာလဲအဆင်ပြေပါတယ် ''
ထမင်းစားပြီးတော့ ဧည့်ခန်းမှာမိးစုတွေနဲ့အချိန်အတော်ကြာစကားပြောနေကြပြီးမှ အပေါ်ပြန်တက်ခဲ့တော့တယ် မေမီအဖွားအခန်းထဲရောက်ပြီးအတော်ကြာမှ အိမ်ရှေ့ကားသံသဲ့သဲ့ကြားလိုက်ရတယ် သူတို့ပြန်ရောက်လာပြီထင်ရဲ့ နှစ်ယောက်သားစကားပြောလာကြတာ အကျယ်ကြီး လူနာခန်းနားရောက်မှ အသံတိတ်သွားပြီး

'' မေမီ မအိပ်သေးဘူးလား sorry နော် ကိုယ်ပြန်လာတာနောက်ကျသွားတယ် ''

'' ဘာ ရှင်နော် နေနှင့်ဦးအဘွားနိုးမှာစိုးလို့ ပြန်မပြောတာ ''

'' အေးပါ အေးပါ အိပ်တော့နော် good night ''

နောက်ဖြစ်အောင်လာနောက်သွားသေးတယ် သူတို့ပြန်ရောက်လာတာည ၉ နာရီတောင်ရှိပေါ့ ဟင် ၉ နာရီဆိုမှ ရန်ကုန်ကသူငယ်ချင်းက ည ၉ နာရီလောက်ဖုန်းဆက်မယ်ပြောထားတာပဲ အခုမှဖုန်းသတိရတယ်

'''' ငါ့ဖုန်းဘယ်နားထားမိပါလိမ့် ခုနက ထမင်းစားမဆင်းခင်တုန်းကတောင် ကိုင်ထားသေးတာ အခန်းထဲ သတိရပြီ စောနကအခန်းထဲမှာ ထားခဲ့မိတာပဲ '''''

လူနာခန်းကနေ အခန်းဘက်ကိုသွားယူဖို့ စင်္ကြ လေးတစ်ခုပဲခြားပေမယ့် သွားရမှာချိတုံချိတုံ သူငယ်ချင်းနဲ့က အရေးကြီးပြောစရာရှိတာမို့မယူလို့ကလဲမဖြစ် နောက်ဆုံးစိတ်ကိုတင်းပြီး ဓာတ်မီးကောက်ယူလိုက်ပြီး အခန်းပြင်ထွက်လိုက်တယ် ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ အခန်းတော်တော်များများမီးပိတ်ထားပြီ ကော်ရစ်တာမီးတွေပဲရှိတော့တယ် ဓာတ်မီးကိုသေချာကိုင်ပြီး အခန်းဆီကိုသုတ်သုတ်ပဲသွားလိုက်တယ် တိတ်ဆိတ်နေတော့ ပိုလန့်တယ် အခန်းတံခါးကိုဖွင့်ပြီး မီးခလုတ်ဖွင့်လိုက်မှစိတ်သက်သာရာရတယ် ခုတင်ပေါ်မှာ ဖုန်းက

'' မေမီသော် မေ့ချင်အုံးဟ ခုတော့ခံရပြီ ဒီခေါင်းကလည်း တကယ်ပဲ ''

''' အမေရေ ခုချိန်သာ မီးပျက်ရင်တော့ ငါ တော့ . . . .'''

ပြောလို့မှအဆုံးသေး မီးပျက်သွားတယ်

'' အီးးးးး သောက်မီး ကြောက်ပါတယ်ဆိုမှ သေချင်တယ် ကယ်တော်မူကြပါ တစ်အိမ်လုံးမှောင်မည်းနေတာပဲ ဟီးးးး ''

လကက်တုန်ခြေတုန်နဲ့ဓာတ်မီး ကိုထိုးပြီး အခန်းထဲကပြေးထွက်လာလိုက်တယ် အပြင်ဘက်ရောက်မှ အရေးပေါ်မီးလုံးတွေလင်းလာတယ် လင်းလာတယ်ဆိုပေမယ့် မှိန်ဖျော့ဖျော့ အလင်းရောင်ရှိတယ်ဆိုရုံပဲ ဘာပဲဖြစ်ဖြစ်မှောင်နေတာထက်တော့ သာပါသေးတယ်လေ ဆိုပြီး အခန်းတံခါးကိုပြန်ဆွဲပိတ်နေတုန်း ဧည့်ခန်းအစွန်ဘက်ဆီကနေ လူတစ်ယောက် လျှောက်လာနေတာကိုတွေ့လိုက်ရတယ် လာနေတာမြင်ပေမယ့် သဲသဲကွဲကွဲမမြင်ရဘူး ခြောက်ခန်းတွဲမှာ မီးအရောင်က နှစ်နေရာပဲရှိတယ် တဖြည်းဖြည်းနီးလာတော့ အလုပ်သမားမိန်းကလေးတစ်ယောက်ထင်တယ် ကျမလည်းလှမ်းအသံပြုလိုက်တယ်

'' ဘယ် ဘယ်သူလဲ နန်းမေလား ဘယ်သူလဲလို့ ''

ကျွန်မအနားမရောက်ခင်တစ်ခန်းကျော်လောက်မှာ မီးသီးရှိတယ် အမှောင်ထဲမှာဆိုတော့သိပ်မမြင်ရဘူး သူမီးအရောင်နားရောက်တဲ့အချိန်ထိစောင့်ကြည့်နေလိုက်တယ် တဖြည်းဖြည်း အလင်းရောင်နဲ့နီးလာတာနဲ့အမျှ မေမီ့ရင်ခုန်သံတွေပိုပိုကျယ်လာတယ် သူအလင်းရောင်နားအရောက်

'' အားးးး အမေ့ ''

တကယ်တမ်းအော်လိုက်ပေမယ့် အသံကထွက်မလာဘူး အစေခံမိန်းကလေးအဝတ်အစားတွေနဲ့ တစ်ကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်တွေနဲ့ အကီ င်္ျပေါ်မှာလည်း သွေးကွက်တွေ အော်လို့မရတော့ ပြေးလို့လည်းမရဘူး ခြေထောက်တွေကလှမ်းလို့တောင်မရဘူး

'' အမေရေ ကယ်ပါဦး ကြောက်ပါတယ် ကျမကိုဒုက္ခမပေးပါနဲ့ တောင်းပန်ပါတယ်နော် ဒုက္ခမပေးပါနဲ့ ကိုယ့်လမ်းကိုသွားပါ အီးးး ဟီးးး ''

သူ့ကိုလုံးဝမကြည့်ဘဲမျက်စိစုံမှိတ်ပြီး လက်အုပ်ချီပြီးတော့ကိုတောင်းပန်နေမိတာ ပါးစပ်ကလည်းဘုရားစာတွေကောက်ရွတ်နေလိုက်တယ်

'' အားးး အစ်မ ဘုရားစာမရွတ်ပါနဲ့ ကျမတောင်းပန်ပါတယ် ဒုက္ခမပေးပါဘူး အစ်မကိုအကူအညီလေးတောင်းချင်တာပါ ''

သူ့ဆီကအသံကကြောက်စရာမကောင်းဘဲ ပကတိလူသားတစ်ယောက်အသံလို

'' ဒီအိမ်ကြီးမှာ နှင်းနုကိုမြင်နိုင်ကြားနိုင်တာဆိုလို့ အစ်မတယောက်ပဲရှိတာပါ ကူညီပါ အစ်မရယ် နှင်းနုကိုကူညီပါ ''

နှင်းနုဆိုပါလား တစ်နေရာမှာကြားဖူးသလိုလို

'' ဟမ် နှင်းနုဆိုတာ သခင်လေးရဲ့ချစ်သူမဟုတ်လား ရှင်က ဒီအိမ်ကထွက်ပြေးသွားတယ်ဆို အခုသေသွားပြီလား ''

''အဲ့ဒီကိစ္စကိုပဲပြောချင်တာပါ သခင်လေးကအထင်လွဲနေတာပါ သူအမှန်တိုင်းသိရမှ နှင်းနုလည်း ဒီဘဝက ကျွတ်လွတ်နိုင်မှာပါ ''

သူက စကားပြောရင်းစိတ်အားထက်သန်စွာ မေမီ့နားကိုတိုးလာတယ်

'' မလာနဲ့ အနားကိုမလာပါနဲ့မေမီကြောက်လို့ပါ ''

'' ဒါနဲ့ ဘာကိုအထင်လွဲတာလည်း ဒီအိမ်ကပစ္စည်းခိုးပြီးထွက်ပြေးတဲ့ကိစ္စကိုလား ''

'' ကျွန်မက ခိုးတယ်တဲ့လား အဲ့ဒါက သူမဖန်တီထားတဲ့ဇာတ်လမ်းပါ အစ်မ အမှန်မဟုတ်ပါဘူး ''

'' သူမဆိုတာက ''

'' သခင်လေးရဲ့အမေ ဒေါ်နန်းကလျာပါ ''

'' ဟင် ''

'' ဟုတ်တယ် အစ်မ သူက သခင်လေးနဲ့ကျမကိုဘယ်လိုမှသဘောမတူပါဘူး သခင်လေးမသိပေမယ့်လို့ ကျမကိုချော့တစ်ခါခြောက်တလှည့် သခင်လေးနဲ့မတွေ့ဖို့ ခြိမ်းခြောက်ပါတယ် ကျမနဲ့ဘယ်လိုမှသဘောမတူနိုင်ဘူးလေ ဒီအကြောင်းတွေကိုသခင်လေးမသိခဲ့ဘူး သခင်မကြီးက ကျမကိုဒီအိမ်ကနေနှင်ထုတ်တယ် သခင်လေးကို မိန်းကလေးတစ်ယောက်နဲ့ပေးစားတော့မှာဆိုပြီးတော့ အလုပ်သမားကောင်လေးနဲ့လည်းတွဲသွားတွဲလာလုပ်ခိုင်တယ် ကျမထွက်သွားဖို့နေနေသာသာ သခင်လေးက ကျွန်မနားကကိုမခွာဘူး သူကျမကိုမကျေနပ်တော့ဘူးလေ တနေ့ အဘွားဆောက်ထားတဲ့ရိပ်သာ ရေစက်ချပွဲကို တစ်အိမ်လုံးသွားကြတယ် ဒေါ်နန်းကလျာက ရန်ကုန်သွားတယ် အိမ်မှာ အလုပ်သမားအနည်းအကျဉ်းပဲကျန်ခဲ့တယ် ကျမလည်းအိမ်အလုပ်တွေလုပ်နေရင်း ညဘက်အိပ်မလို့လုပ်တုန်းမှာ လူတယောက်က ကျမအခန်းထဲဝင်လာပြီး ကျမကိုအတင်းဖမ်းပြီးကြိုးတုတ်တယ် အဲ့ဒီ့နောက် သခင်မကြီးက ခါးပတ်ကြီးကိုင်ပြီး အခန်းထဲကိုဝင်လာတော့တယ် ကျမသိတယ် သူအရမ်းစိတ်ဆိုးနေပြီး ကျွန်မကိုရိုက်တော့မယ်ဆိုတာကို ကျမပါးစပ်ကိုပါမအော်နိုင်အောင် အဝတ်စီးထားတယ် ပြီးတော့ သူ့ပါးစပ်ကနေ နင်က ငါ့သားနဲ့တူသလား တန်သလား ရာရာစစနင့်လိုအောက်တန်းစားက ငါ့သားကိုမှန်းရဲရသလားဆိုပြီး တော့ ခါးပတ်နဲ့လှိမ့်ရိုက်တော့တာပါပဲ ကျမလည်းအသားကုန်အော်တာပေါ့ ဒီအဆောင်ကအလုပ်သမားတွေအကုန်နိုးလာကြပေမယ့် ဘယ်သူမှအခန်းထဲမဝင်ရဲသလို တားလဲမတားရဲခဲ့ဘူး အစ်မမြင်လား ဒီဒဏ်ရာတွေကို သေတဲ့အထိတောင်မပျောက်ဘူး သေလောက်အောင်အရိုက်ခံခဲ့ရတာ နာရီဝက်လောက်သူရိုက်အပြီးမှာ ကျမခေါင်းမထောင်နိုင်တော့ဘူး သူကျမကိုနောက်ဆုံးတစ်ချက်ရိုက်တယ် ခါးပတ်အဖျားနဲ့မဟုတ်ဘဲ ခါးပတ်ခေါင်းနဲ့ သူကအရိုက် ကျမကခေါင်းထောင်လိုက်တဲ့အချိန် ဒုန်းးး ဆိုတဲ့အသံပဲကြားလိုက်ရတယ် ကျမဘာမှမသိတော့ဘူး သတိပြန်ရလာတော့ ကျွန်မကသေနေပြီလေ သူလက်လွန်ပြီးရိုက်လိုက်တာ တကယ်တမ်းလက်လွန်တာလား သေအောင်ရိုက်တာလားတောင်မသိပါဘူး လဲကျနေတဲ့ကျွန်မအနားမှာ ဒေါ်နန်းကလျာနဲ့ လူတစ်ယောက်ဝင်လာတယ် အဲ့ဒီ့လူက အစကကျမကိုကြိုးတုတ်တဲ့လူပဲ ဦးစိုင်းအောင်လေ ''

'' ဟင် ဘုရားရေ ဦးစိုင်းအောင်ကကြံရာပါပေါ့ ''

'' ဟုတ်တယ် ကျမကိုသူကိုယ်တိုင်မြေမြုပ်ခဲ့တာပဲ ''

'' ဘာ ဘယ်လို ''

'' ကျွန်မသေသွားပြီဆိုတာသိတော့ ဦးစိုင်းအောင်က ကြံစည်လိုက်တယ် ကျွန်မသေတာအပြင်ကအလုပ်သမားတွေမသိဘူး ဒေါ်နန်းကလျာက တိတ်တိတ်လေးထွက်သွားပြီး အလုပ်သမားတွေအကုန်လုံးကို သူ့အခန်းဆီမြှားခေါ်သွားတယ် ဦးစိုင်းအောင်က ကျမကိုကားပေါ်မှာတင်ပြီး မြို့ပြင်မှာသွားမြုပ်လိုက်တယ် နှင်းနုနေခဲ့လို့မရဘူး ဦးစိုင်းအောင်နဲ့ကားပေါ်ပြန်လိုက်လာတယ် သူတော့ဘယ်သိမလဲ ကျမကသေသွားပြီလေ မမြင်နိုင်တော့ဘူး အိမ်ပြန်ရောက်တော့ အလုပ်သမားတွေဆီက ကျွန်မကိုအပြစ်ရှိလို့ရိုက်တာ ဒီကိစ္စဘယ်သူမှမသိစေနဲ့ဆိုပြီးနှုတ်ပိတ်ထားတာ အကုန်လုံးလည်းပြန်သွားရော ကျွန်မနဲ့တွဲခိုင်းတဲ့ကောင်လေးကိုပါ ပိုက်ဆံပေ့းခြိမ့း်ခြောက်ပြီး ရွာပြန်လွှတ်လိုက်တယ် အစက ဘာလို့မှန်းမသိဘူး မနက်ကျတော့ ကျမက အိမ်ကပစ္စည်းတွေခိုးပြီး ကောင်လေးနဲ့ထွက်ပြေးသွားတယ်ဆိုပြီး လုပ်ကြံအကွက်ဆင်လိုက်ကြတယ် ''

'' အမလေး ဘုရားရေ တကယ်ပဲလား ဦးစိုင်းအောင်ကိုလူကောင်းမှတ်နေတာ ''

'' ဒီကိစ္စတွေကို ဘယ်သူမအမှန်အတိုင်မသိကြဘူး အဲ့ဒီ့ညကအလုပ်သမားအချို့ကိုလည်း ဖြုတ်ပစ်လိုက်ကြတာ အဓိက ကတော့ သခင်လေးက ကျွန်မကိုအထင်လွဲ နာကျည်းနေတယ် သူ့ကိုပြောပြချင်ပေမယ့် နှင်းနုမှာပြောပြဖို့အခွင့်အရေးမရှိဘူး ဟိုနေ့ကနှင်းနုသတိထားမိတယ် အစ်မက နှင်းနုကိုမြင်နိုင်တယ်ဆိုတာကို အဲ့တော့အစ်မကူညီပေးပါနော် ကျေးဇူးပြုပြီးးးး . . . .''

'' မေမီ မှောင်မှောင်မည်းမည်းကြီးထဲဘာလုပ်နေတာလဲ ဘယ်သူနဲ့စကားပြောနေတာလဲ ''

နောက်မှာဓာတ်မီးတစ်လက်နဲ့ရောက်လာတဲ့ ကိုဥာဏ်ထူးအောင် သူရောက်လာတော့ကောင်မလေးမရှိတော့

''ချွေးစေးတွေလည်းပြန်နေတယ် ဘာဖြစ်တာလဲ ''

'' အမ်းးး ဖုန်းအခန်းထဲမှာကျန်ခဲ့လို့လာယူတာ မီးပျက်သွားတာနဲ့ ''

'' ဟားဟား အခုထိကြောက်တတ်တုန်းပဲလား ကိုယ်ရောက်လာပြီမကြောက်နဲ့တော့ လာအဖွားအခန်းပြန်လိုက်ပို့မယ် ''

မေမီ ဘာတွေမြင်ခဲ့ကြုံခဲ့သလဲသာသိရင် ဒင်းဘယ်လိုနေမယ်မသိ

'' ဒီမှာထိုင်ဦး ရေခပ်ပေးမယ် မေမီဘာတွေဖြစ်နေတာလဲ မင်းပုံစံက ထူးဆန်းနေတယ် ဘာဖြစ်လာတာလဲခုနက ဘာတွေ့လာတာလဲ ''

'' ဘာ ဘာတွေ့ရမှာလဲ ''

'' သြော် မင်းပုံစံက သရဲတွေ့လာတဲ့ပုံစံမို့ပါ ''

'' နေဦး မင်းတကယ်တွေ့လာတာလား ''

'' ပြောရင်ယုံမှာမို့လို့လား ''

'' ဘုရားရေ တကယ်တွေ့လာတာပဲ သူမင်းကိုဘာလုပ်လိုက်သေးလဲ ရေမန်းတွေဘာတွေတိုက်ရမယ် ''

'' နေဦး အဲ့ထက်အရေးကြီးတာရှိတယ် ကို ကိုစိုင်းကောင်းခန့်ရဲ့ကောင်မလေးအကြောင်းသိလား ''

'' သိတယ်လေ သူ့ကိုသစ္စာဖောက်ပြီး နောက်တယောက်နဲ့လိုက်သွားတယ်ဆိုလား အတော်ချစ်ပြီး အတော်စိတ်နာခဲ့ပုံပဲ ဒါနဲ့ဘာလို့မေးတာလဲ ''

'' အဲ့ဒါမဟုတ်ဘူး အမှန်ကဒီလို . . . . . .''

မေမီစောစောကကြုံတွေ့ရသမျှကို တစ်လုံးမချန်ပြန်ပြောပြလိုက်တော့ သူကပါးစပ်အဟောင်းသားနဲ့

'' ဒါဆို ကောင်းခန့်ဘယ်လိုလုပ်မလဲ သူ့အမေက သူ့ချစ်သူကိုသတ်ပြီး သူစိတ်နာအောင်လိမ်ထားခဲ့တာပေါ့ အန်တီကလျာက ကြောက်ဖို့ကောင်းလိုက်တာ ကောင်မလေးက မတရားအသတ်ခံရလို့မကျွတ်မလွတ်တာပေါ့ ဒုက္ခပဲဘယ်လိုလုပ်ကြမလဲ ကောင်းခန့်သိမှဖြစ်မှာဆိုပေမယ့် ဘယ်လိုပြောပြရမလဲ ''

'' မသိဘူး မေမီလည်း အဲ့ဒါစဉ်းစားနေတာ ဘယ်လိုပြောရမလဲ ''

'' ခုတော့ အိပ်လိုက်ပါတော့ မနက်ကျမှတိုင်ပင်ရအောင် ကို စိတ်ငြိမ်ဆေးပေးမယ် မေမီအတော်လန့်သွားမှာပဲ ''

'' ကိုထူး မေမီ့ကိုယုံပေးတာ ကျေးဇူးတင်ပါတယ် ''

'' ယုံရတယ်လေ မှတ်မိသေးလား အရင်တာဝန်ကျတဲ့ဆေးရုံမှာသရဲရှိတယ်လို့ပြောဖူးတယ်လေ ကို တကယ်အခြောက်ခံခဲ့ရတယ် အဲ့ဒီ့ထဲက ယုံသွားတာ ကဲ အထဲဝင်ပြီး အိပ်တော့ မနက်မှဆက်ပြောမယ် ''

အိပ်ဆိုလို့သာ အိပ်ရတယ် အဖြစ်ပျက်တွေက သရဲမြင်ရတာထက်ပိုကြောက်ဖို့ကောင်းနေတယ် သရဲထက်သက်ရှိလူက ပိုကြောက်ဖို့ကောင်းတယ် ဦးစိုင်းအောင်ကို လူကောင်းလို့ထင်ထားပေမယ့် ကြံရာပါ လူယုတ်မာဖြစ်နေတယ် ဒီအိမ်ကြီးက အမြင်တင့်သလောက် အိမ်ထဲမှာသွေးအေးစစ်ပွဲတွေဖြစ်နေတာ ဆရာမလေးမသိချင်ပါနဲ့ဆိုတဲ့ ဦးစိုင်းအောင်ရဲ့စကားကိုခုမှသဘောပေါက်တော့တယ်
အိပ်ပျော်ဖို့မနည်းကြိုးစားလိုက်ရတယ် ဒီအိမ်ရောက်ပြီးတည်းက တစ်ခါမှကောင်းကောင်းမအိပ်ရသေးဘူး

xxxxxxxxxxx

Alarm သံကြားမှနိုးလာတယ် မေမီနိုးပြီးသိပ်မကြာဘူး ကိုထူးရောက်လာတယ်

'' မေမီ ဒီမှာတော့တိုင်ပင်လို့မကောင်းဘူး ခဏနေနှင်းဆီခြံထဲက ဒန်းလေးဆီလာခဲ့ ''

'' အင်းပါ ''

မေမီအဖွားရဲ့ဝေယျာဝစ္စတွေပြီးတော့ နှင်းဆီခင်းထဲလိုက်သွားလိုက်တယ်

'' ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ ''

'' မသိသေးဘူး ကို ညက ကောင်းခန့်ကိုစကားစကြည့်သေးတယ် သူက ဝိညာဉ်တွေ သရဲတွေလုံးဝမယုံဘူးတဲ့ ယုတ္တိမရှိဘူးတဲ့လေ အဲ့တော့ ဒီကိစ္စကိုဘယ်လိုပြောကြမလဲ တစ်ဖက်လူက သူ့အမေကိုယ်တိုင်ဖြစ်နေတော့ပိုဆိုးတယ် တို့ပြောတာကိုယုံပါ့မလား ''

'' သက်သေလိုတာပေါ့ နှင်းနုကိုရိုက်တဲ့ညက အလုပ်သမားတွေမေးကြည့်ရင်ရမယ် ဒီကိစ္စသိတဲ့လူတော့ရှိမှာပဲ ဒေါ်နန်းကလျာကိုကြောက်လို့သာ ဒါမယ့် ခုဟာက အလုပ်သမားဟောင်းတွေမရှိကြတော့ဘူး ဒီအိမ်က အလုပ်သမားတွေကိုလည်းမေးလို့မရလောက်ဘူး ဘယ်သူက ဘယ်သူ့လူမှန်းမသိဘူး ခက်တယ် ''

'' ကျနော်ကတော့ သခင်မကြီးဒေါ်နန်းစောမြရဲ့လူပါ ''
သရဲစာအုပ် ၏ ဓာတ်ပုံ
Part_4

ဘယ်အချိန်ထဲက နှင်းဆီခင်းထဲရောက်နေမှန်းမသိတဲ့ ဒရိုင်ဘာဦးလေးကြီး 

'' ဆရာမလေးတို့ပြောတာတွေ အကုန်ကြားတယ် ညကကိစ္စရော ''

'' ရှင် ''

'' ညက ကျနော် အရေးပေါ်မီးထွန်းပြီးပြန်လာတော့ ဆရာမလေးနဲ့ ဆရာတို့ပြောနေကြတာကြားမိတယ် ကျနော်တလျှောက်လုံးတွေးလာခဲ့တာ နှင်းနုက အဲ့လိုလူမျိုးလုံးဝမဟုတ်ဘူးပေါ့ မယုံခဲ့ဘူး အခုတော့အဖြစ်မှန်တွေအကုန်သိရပြီ ဆရာမလေးတို့ကို ကျနော်ကူညီပါမယ် အဲ့နေ့က အဖြစ်အပျက်ကျနော်မသိပေမယ် ဖြစ်ကြောင်းကုန်စင်သိတဲ့လူကို ကျနော်သိတယ် ''

'' တကယ် တကယ်လား ဦးလေး ''

'' သူကို တခြားမကူညီနိုင်ရင်တောင် ကျွတ်လွတ်သွားအောင်ကူညီပေးချင်တယ် ''

''ကျေးဇူးပါပဲ ဦးလေးရယ် ''

'' ဒါဆိုဘယ်လိုစီစဉ်ကြမလဲ ခုသွားမလား ''

'' ခုကိုယ်ကဆေးရုံပြန်သွားရမယ် ညနေပိုင်းမှအားမှာ အဲ့တော့မှသွားကြတာပေါ့ ''

'' ဟာ ဆရာလေးတို့ ဘာတွေစကားလက်ဆုံကျနေကြလဲ မနက်စာစားကြမယ်လေ ''

ဦးစိုင်းအောင်ကြီး ခါတိုင်းသဘောကောင်းပြီး ခင်ဖို့ကောင်းတဲ့လူအဖြစ်မြင်ပေမယ့် အခုမှာတော့ မေမီသူ့ကို သိပ်ကြောက်ရွံ့နေမိတယ်

'' ဒီလိုပါပဲ ဒီကဦးလေးကို သူ့အကြောင်းမေးကြည့်နေတာ ''

'' သြော် ဟုတ်ပါပြီ ထမင်းစားကြမယ်လေ ''

မေမီတို့ပြောနေတဲ့ ကိစ္စများကြားသွားမလားလို့ စိုးထိပ်နေမိတယ် သူတို့ကတော့ လုပ်ကြံဇာတ်လမ်းတစ်ခုကို သေချာလှလှပပ ဖန်တီးထားကြလေရဲ့

မေမီ့စိတ်တွေ ညနေအမြန်ရောက်ဖို့သာ ဆုတောင်းနေမိတယ် ဒီကိစ္စတွေအမြန်ပြီးသွားစေချင်တယ် မေမီတို့ပြောမှာ သူမယုံမှာလည်းကြောက်တယ် ဘာလိုလိုနဲ့ ညနေ ၃နာရီခွဲပြီ အိမ်ရှေ့ကားဆိုက်သံတော့ကြားလိုက်ရတယ်

'' ၃ နာရီတောင်ခွဲနေပြီ ''

'' လာအမြန်သွားမယ် သူကအခု လိမ္မော်ခြံဘက်မှာတဲ့ ဦးလေးသွားလိုက်ပြီလား ''

'' အင်း နေ့လည်လောက်ကထွက်သွားတယ် ''

ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း ဦးလေးကမျက်မြင်သက်သေသွားခေါ်ပြီး ကျွန်မတို့ကအရင် ကိုစိုင်းကို အကျိုးအကြောင်းပြောပြထားကြမယ် သက်သေရောက်လာခဲ့ရင်သူလည်း ယုံကြည်လောက်မှာပါ

လိမ္မော်ခြံဘက်ကို အရှိန်နှုန်းမြန်မြန်နဲ့မောင်းနေပေမယ့် စိတ်ထဲမှာနှေးနေသလို

'' စိတ်အေးအေးထားပါကွာ ''

နာရီဝက်လောက်မောင်းလာအပြီး မြို့ပြင်ဘက်က လိမ္မော်ခြံကိုရောက်လာတယ် မေမီ့လက်တွေတုန်နေတာ ကိုယ့်ဟာကိုပဲသိတယ် ခြံထဲက နားနေတဲလေးထဲမှာ ကိုစိုင်းတစ်ယောက်ထဲ ကွန်ပျုတာတစ်လုံးနဲ့အလုပ်ရှုပ်နေတယ်

'' ဟာ ထူးကြီးတို့ ဘာလာလုပ်တာလဲ လာလည်တာလား ''

'' မဟုတ်ဘူး ဟျောင့် ငါတို့မင်းကိုပြောစရာရှိလို့ ''

'' ဘာများလဲ မျက်နှာတွေလည်းမကောင်းကြပါလား ''

'' ငါတို့ပြောစရာရှိတယ် ငါတို့စကားကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါတို့အမှန်တွေပြောနေတယ်ဆိုတာ သိပေး ok ''

'' ဘာလဲ လန့်တောင်လန့်လာပြီ ''

ကိုထူးက စကားပလ္လင်ခံပြီးတာနဲ့ ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တော့တယ် ကိုစိုင်းတယောက် ကြောင်ပြီး ဘာစကားမှမပြောနိုင်ဘူး မဖြစ်နိုင်ဘူးဆိုတာပဲ ထပ်တလဲလဲပြောနေခဲ့တယ် အဲ့ချိန်မှာ ခြံထဲကို ကားတစ်စီးဝင်လာတယ် ဒရိုင်ဘာဦးလေးနဲ့ ကောင်လေးတယောက်
သူတို့ လျှောက်လာတာမြင်တော့ ကိုစိုင်းမျက်နှာတွေပြောင်းလဲလာတယ် အံ့သြတဲ့အကြည့်တွေနဲ့

'' သခင်လေး ဒီကောင်လေးကိုမှတ်မိလား ''

'' နှင်း နှင်းနုနဲ့ ထွက်ပြေးသွားတဲ့ မဟုတ်ဘူး မဟုတ်ဘူး ဒီကိစ္စတွေက တကယ်မဟုတ်ဘူးလို့ ငါ့ကိုပြောပါကွာ ''

'' နှင်းနုကို ဦးစိုင်းအောင်သယ်ထုတ်သွားတာ ကျနော်မြင်ခဲ့တယ် သခင်မကြီးက အခန်းထဲခေါ်မပြောခင် နောက်ဆုံးကျနော့်ကို ကျန်နေခဲ့ခိုင်းပြီး ဒီအဖြစ်ပျက်တွေဘယ်သူ့မှမပြောရဘူးတဲ့ ပြောရင် ကျနော့်မိသားစုကို ဒုက္ခပေးမယ်လို့ပြောပါတယ် နှင်းနုသေသွားတာကိုတော့မသိခဲ့ဘူး ခုမှသိရတာပါ ''

သခင်လေးက ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့တယ် မြေပြင်ပေါ်မှာထိုင်လျက်သားနဲ့

''ငါအိမ်ကိုသွားမယ် ဒီကိစ္စအမေ့ပါးစပ်က ဖွင့်ပြောတာကိုကြားချင်တယ် ''

ပြောပြောဆိုဆို ထထွက်သွားတော့သည်

'' လိုက်သွားလေ ကိုထူး သူ့ကိုကားမမောင်းခိုင်းနဲ့ အန္တရယ်များတယ် ရှင်မောင်းပေးလိုက် ''

ကိုထူးတို့နှစ်ယောက်က ကားတစ်စီးနဲ့ရှေ့က မေမီတို့ကနောက်က အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ မိသားစုတွေစုံစုံလင်လင်ထိုင်နေကြတယ် အလုပ်သမားကောင်လေးကိုတွေ့တာနဲ့ မျက်နှာအကြီးအကျယ်ပျက်သွားတယ်

'' အမေ သူ့ကိုသိလား သူဘယ်သူဆိုတာသိလား ''

'' ဘယ်သူလဲ သားရဲ့ ဘာတွေဖြစ်နေတာလဲ ''

'' အမေတော်တော်သရုပ်ဆောင်ကောင်းတာသိလား သားကိုလာလှည့်ပတ်မနေနဲ့တော့ တည့်တည့်ပဲမေးမယ် အမေ နှင်းနုကို မသတ်ခဲ့ဘူးလို့ သားကိုပြောပါ မသတ်ခဲ့ဘူးမလား '''

''ဘာတွေပြောနေတာလဲ သားရယ် အထင်မှားနေတဲ့ပုံပဲ အမေ အမေမသတ်ပါဘူး ''

''တော်ပါတော့ နှင်းနုမှာဘာအပြစ်ရှိလို့လဲအမေရာ တကယ်တမ်းအပြစ်ရှိတာသားပါ အမေကျနော့်ကို နှစ်ခါပြန်သတ်တာ ကျနော့်ချစ်သူကိုသတ်တယ် ပြီးတော့စိတ်နာအောင် ဇာတ်လမ်းဖန်တီးတယ် အမေသိလား ကျနော်အမေ့ကိုအရမ်းချစ်ခဲ့တယ် ဒါပေမယ့် အခုမုန်းတယ် စိတ်နာတယ်ရွံလည်းရွံတယ် တသက်လုံးခွင့်မလွှတ်နိုင်ဘူး ''

'' သား သား အမေ့ကိုခွင့်လွှတ်ပါသားရယ် သေစေလိုစိတ်မရှိခဲ့ပါဘူး ခြေချော်လက်ချော်ဖြစ်သွားတာပါ အမေမှားပါတယ် မုန်းတော့မမုန်းပါနဲ့ အမေတောင်းပန်ပါတယ် ဘယ်လိုလုပ်ရင်သားဆီက ခွင့်လွှတ်မှုကို ရနိုင်မလဲ ''

'' အမေ့အပြစ်ကြွေးကို ဆပ်ပါအမေ ဒါမှခွင့်လွှတ်နိုင်လိမ့်မယ်ထင်တာပဲ မဟုတ်ရင်တော့ အမေ့ဆီမှာကျနော်ဆိုတဲ့သားတစ်ယောက်မရှိခဲ့ဘူးလို့သဘောထားလိုက်ပါ ''

မိသားစုအားလုံးလဲ အံ့အားတသင့်ဖြစ်ကုန်ကြတယ် ကိုစိုင်းကတော့ အပေါ်ထပ်တက်သွားပြီ အဖြစ်မှန်တွေလည်း အကုန်သိကုန်ပြီမို့ မေမီတို့တာဝန်က ပြီးပြီ မေမီလည်းအပေါ်ထပ်တက်ကာ အဖွားနားမှာလုပ်စရာရှိတာလုပ်နေလိုက်တယ် ညမှောင်တဲ့အထိ တစ်အိမ်လုံးလဲ တိတ်ဆိတ်ငြိမ်သက်လို့

'' ဒေါက် ဒေါက် ဒေါက် ''

'' ဆရာမ ကျနော်နှင်းနုနဲ့တွေ့ချင်တယ် ဖြစ်နိုင်မလား ''

'' ဒါတော့ ကျွန်မလည်းမသိဘူး တွေ့ကြည့်ကြတာပေါ့ ''

နှစ်ယောက်သားအောက်ထပ်ကို ဆင်းလာတော့ ဘာမှတစ်စုံတစ်ရာမတွေ့သေးဘူး အခန်းနားရောက်တော့ လေပြေလေးတစ်ချက်ဝှေ့လာအပြီး မေမီတို့ ရှေ့မှာ သူမပေါ်လာတယ် သခင်လေးက သူ့ကိုမြင်တာနဲ့ ဒူးထောက်ပြီး ငိုတော့တာပဲ

'' မငိုပါနဲ့ ကိုရယ် နှင်းနုကျေနပ်တယ် ကို အခုလိုအမှန်တွေသိသွားလို့ နှင်းနုကို မနာကျည်းတော့ဘူးဆိုရင်ကို နှင်းနုကျေနပ်ပါတယ် နှင်းနုလိုလူကို ချစ်ခင်ပေးတဲ့အတွက်လည်းအရမ်းကျေးဇူးတင်တယ် အခုနှင်းနု လွတ်ရာကျွတ်ရာသွားလို့ရပြီ ကိုလည်း ပျော်ပျော်ရွင်ရွင်နေမယ်လို့ ကတိပေးပါ နော် ''

သခင်လေးက ငိုနေတဲ့ကြားက ခေါင်းကိုငြိမ့်ပြလိုက်တော့ သူမမျက်နှာပြုံးရောင်လွှမ်းသွားပြီး ကကျွန်မဘက်ကိုလှည့်ကာ

'' မမကိုလည်း အရမ်းကျေးဇူးတင်ပါတယ်နော် ချစ်တဲ့သူနဲ့ပေါင်းဖက်ခွင့်ရပါစေလို့ ဆုတောင်းပေးပါတယ် ''

မေမီ စကားပြန်မပြောလိုက်ရသေးခင်မှာပဲ သူမပုံရိပ်က ပျောက်သွားတော့တယ်

'' သူ သူမရှိတော့ဘူး ကိုစိုင်း ''

'' ရပါပြီ ကျနော် ဒီလောက်ဆိုကျေနပ်ပြီ ''

သူလည်း အခန်းထဲကိုပြန်ဝင်သွားတယ် သူ့ပုံစံက အဆင်ပြေပုံပါပဲ

မနက်လင်းတော့ အိမ်အောက်ထပ်က ဆူညံ ဆူညံသံတွေ ကြားရလို့ လှမ်းကြည့်လိုက်တော့ အန်တီဒေါ်နန်းကလျာက ကားပေါ်တက်သွားတာကို အကုန်လုံးက ဝိုင်းငိုနေကြတာ ကြားတာတော့ သူ့အပြစ်ကို ရဲစခန်းမှာကိုယ်တိုင်သွားဝန်ခံတာတဲ့လေ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဘာလိုလိုနဲ့ ဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တာတောင် သုံးလကျော်သွားခဲ့ပြီ အဖွားဒေါ်နန်းစောမြလည်း ကျန်းမာရေးပြန်ကောင်းလို့ လမ်းတောင် ကောင်းကောင်းလျှောက်နိုင်နေပြီ ကိစ္စတွေက ဘာမှမဖြစ်ပျက်ခဲ့သလို အကုန်အဆင်ပြေနေကြတယ် ကျွန်မနဲ့ ကိုဥာဏ်ထူးအောင်တို့လည်း လက်ထပ်တော့မယ် ပြီးရင်တော့ ဒီမြို့လေးမှာပဲ အခြေချတော့မယ်

'' ဆရာမလေး ဒီမှာ မင်္ဂလာလက်ဖွဲ့ ''

'' ရှင် ဒါဘာတွေလဲ ''

'' ဖွင့်ကြည့်ပါ ''

သူပေးတဲ့ လက်ဆောင်ဘူးကိုဖြည်ကြည့်လိုက်တော့ တလက်လက်တောက်ပနေတဲ့ ရတနာတစ်ဆင်စာ

''အမလေး ဒါကြီးတော့မလုပ်ပါနဲ့ ကျမလက်မခံရဲပါဘူး ''

'' ကျနော့်လက်ဖွဲမဟုတ်ဘူး အဖွားရဲ့လက်ဖွဲ့ ကျနော့်လက်ဖွဲ့က သတ်သတ် ဒါကမယူလို့မရဘူး အဖွားပေးတာမို့လို့ ''

'' ဒါပေမယ့် ''

'' ဒါပေမယ့် မနေနဲ့တော့ သမီး ဒါကအဖွားလက်ဖွဲ့တာ သမီးလည်းအဘွားမြေးပဲ လက်ခံရမယ် ''

'' ဒါဆိုလည်း ကျေးဇူးပါပဲ အဘွား ''

'' အေးအေး ဘွား မြို့ထဲသွားအုံးမယ်စကားပြောနေကြ''

ချိုင်းထောက်မပါပဲနဲ့တောင် အေးအေးဆေးဆေးသွားနိုင်နေတဲ့အဖွားကို မျက်စိတဆုံး လိုက်ကြည့်နေမိတယ်

'' ဒါနဲ့ သခင်လေးရဲ့လက်ဖွဲ့က ''

'' ဒီလမ်းအဆုံးက ခရမ်းရောင်တိုက်ကြီးလေ ''

'' အဲ့ဟာ တကယ်လား ''

'' တကယ်ပေါ့ အစက ကျနော်တို့နေဖို့အတွက်ရည်ရွယ်ပြီး ဆောက်ထားပေမယ့် ခုမနေဖြစ်တော့ပါဘူးလေ ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲကိုဂုဏ်ပြုပါတယ် ''

'' ဟင် စကားပြောပုံကလည်း တစ်နေရာရာကိုထွက်သွားတော့အတိုင်းပဲ တကယ်တော့မသွားပါဘူးနော် ''

'' မသွားသေးပါဘူး ကျနော်သွားရင် ဒီအိမ်ကြီးရဲ့လက်အောက်ကဝန်ထမ်းတွေ ပြာယာခတ်ကုန်မှာပေါ့ အလုပ်တွေအကုန်လွဲပြီးရင်တော့ ခရီးထွက်မယ် တစ်နေရာပြီးတစ်နေရာစိတ်ပြေလက်ပျောက်သွားချင်တယ် ''

'' ကောင်းပါတယ် အဲ့လိုကတော့ သူကပျော်အောင်နေပါလို့မှာထားခဲ့တယ်မဟုတ်လား ''

'' ဆရာသမားလာပြီ သွားလိုက်ပါဦးမယ် ''

'' ဟုတ်ကဲ့ပါဗျာ ''

အထုပ်အပိုးတွေသယ်ပြီး ကားပေါ်တင်ကာ အိမ်ကြီးထဲကနေထွက်လာခဲ့တော့ အရင်တုန်းကလို ဒီအိမ်ကြီးဆီမှာ ခမ်းနားကြီးကျယ်မှုတွေမတွေ့ရတော့ဘဲ နွေးထွေးတဲ့မေတ္တာတရားတွေကိုသာတွေ့နိုင်တော့မှာပါ
တချို့သော အချစ်တွေက ဘဝတွေဘယ်လောက်ခြားနေပါစေ ကြိုးတစ်ချောင်းလိုခိုင်မာနေစမြဲပင်

ပြီးပါပြီ 


No comments:

Post a Comment