Monday, June 5, 2017

ဖုတ်​၀င်​တဲ့အ​လောင်း​ကောင်

"​ဖုတ်​၀င်​တဲ့အ​လောင်း​ကောင်​"
အချိန်​ကားတ​ပေါင်းလပြည့်​​ကျော်
နွေရာသီဆို​တော့ဥဩငှက်​ရဲ့လွမ်း​ဆွတ်​ဖွယ်
တေးသံကိုကြားရတဲ့အချိန်​။
နေပူချိန်​ပြင်းပြီးသစ်​ရွက်​တို့​ကြွေချိန်​​ပေါ့။
ကြို့တန်းရွာမှာ​မတ်​ပဲများစိုက်​ပျိုးပြီးချိန်​​ပေါ့။
မတ်​ပဲ​တွေ​ခြွေ​လှေ့ကြတဲ့အချိန်​လို့​ပြောရင်
မမှားဘူးဗျ။
မတ်​ပဲ​တွေကလည်း​တော်​​တော်​ဖြစ်​ထွန်းကြတယ်​။
အဲ့ဒီ​နေ့ကကိုထွန်းလွင်​တို့ရဲ့မတ်​ပဲ​တွေ​ခြွေ​လှေ့တဲ့​နေ့
ပေါ့ဗျာ။
ပုံမှန်​ဆို​ည​နေ​လေးနာရီ​လောက်​က​နေ​ခြွေ​လှေ့
ရင်​ည၇နာရီ​လောက်​ဆိုအပြီးဗျ။
ဖြစ်​ချင်​​တော့
လှေ့​နေတာမကြာ​သေးဘူး
စက်​ကရပ်​သွားတယ်​။
အဲဒီ​တော့စက်​ပိုင်​ရှင်​က
"​ဟေ့ထွန်းလွင်​စက်​ဘာလို့ရပ်​သွားတာတုံး"
"ဟာဘယ်​လိုဖြစ်​လဲကျွန်​​တော်​သိပါ့မလား
လာကြည့်​​လေ"ကိုထွန်းလွင်​ကပြန်​​ပြောလိုက်​တယ်​။
အဲ့​တော့စက်​ပိုင်​ရှင်​ကသူ့စက်​ကိုသွားကြည့်​တယ်​။
"ဟာကိုထွန်းလွင်​​ရေစက်​ကဆီပြတ်​သွားတာဗျ။"
"အာ့ဆိုဆီဝယ်​ရမှာ​ပေါ့"
"​ဟေ့​ကောင်​​​အောင်​ကြီးဆီသွားဝယ်​အုံး။ဆိုပြီး
ပိုက်​ဆံ ၅၀၀၀​ပေးလို​က်​တယ်​။
ဆီဝယ်​ကပြန်​​ရောက်​လာလို့ဆီဖြည့်​ပြီး
အလုပ်​ပြန်​ဆကြတယ်​။
၁၀း၀၀​လောက်​မှာအလုပ်​ပြီးလို့
ကိုထွန်းလွင်​အားလုံးကိုပိုက်​ဆံရှင်းလိုက်​တယ်​။
ဖြစ်​ချင်​​တော့​ကျော်​ကြီးဆိုတဲ့​ကောင်​က
အိမ်​အပြန်​မှာ
နှစ်​ပုလင်းသုံးပုလင်း​လောက်​၀င်​ဆွဲလိုက်​​သေးတယ်
သူလည်းလူမှန်းသူမှန်းမသိ​အောင်​ကိုမူးပြီးအိမ်​ပြန်
ခဲ့တယ်​။
သိတဲ့အတိုင်းပဲမတ်​ပဲစိုက်​တဲ့လယ်​ဆိုတာ
ရွာ့အပြင်​ဘက်​မယ်​ဘဲရှိတာကိုး။
ရွာထဲကိုအ၀င်​မှာ
တစ်​လမ်းလုံး​ကျော်​ကြီးဆဲဆို​လာတယ်​။
တစ်​လမ်းလုံးမှာရှိတဲ့သူ​တွေအကုန်​လုံးကိုစိန်​​ခေါ်လာတယ်​။
"သတ္တိရှိတဲ့​ကောင်​ထွက်​ခဲ့။ကျော်​ကြီးတဲ့ကွဘယ်​​ကောင့်​မှမ​ကြောက်​ဘူး"
အတန်​ကြာရွာနား​ရောက်​​တော့မယ်​ဆိုရင်​သချိုင်း
ကုန်းကိုဖြတ်​ရ​သေးတယ်​။အဲ့ဒီမှာပဲဇာတ်​လမ်းက
စ​တော့တာပဲ။
ကျော်​ကြီးတစ်​​ယောက်​လူမှန်းသူမှန်းမသိ​အောင်
မူးလာတဲ့​ကောင်​သချိုင်းကုန်းနားအ​ရောက်​ခဲနဲ့​ပေါက်​ခံရပါ​လေ​ရော။
ဘယ်​သူ​ပေါက်​လဲဆိုတာမြင်​​တောင်​မမြင်​ရဘူး။
ကြိုတန်းသချိုင်းကုန်းဆိုတားးလဲသိတဲ့အတိုင်းပဲ
သူ့ရာဇ၀င်​နဲ့သူ။ညကျလူ​တောင်​ဖြတ်​မသွားကြဘူး။
တစ်​​နေရာရာသွားချင်​တယ်​ဆိုရင်​မှန်​​တောရွာဘက်​လမ်း​ကဘဲသွားတာများတယ်​။
ကျော်​ကြီးခဲနဲ့​ပေါက်​တဲ့သူကိုလိုက်​ရှာတယ်​။
ဒါ​ပေမယ့်​အရိပ်​အ​ရောင်​​တောင်​မ​တွေ့ရဘူး။
ကျော်​ကြီး​ဒေါသကိုဆွသလိုဖြစ်​သွားတာ​ပေါ့
အဲ့ဒီ​တော့​ကျော်​ကြီးက"ဘယ်​​ကောင်​တုန်းကွ။သတ္တိ
ရှိတဲ့​ကောင်​​ပေါ်တင်​​ပေါက်​"အဲ့လို​ဒေါသ​ပေါက်​ကွဲပြီး
ဆဲဆိုပစ်​လိုက်​တယ်​။
သူအိမ်​ကိုပြန်​လာခဲ့တယ်​။
ဒါ​ပေမယ့်​သူ့​နောက်​မှာ​ခြေသံကိုကြား​နေရတယ်​။
သူလှည့်​ကြည့်​​တော့ဘာမှမရှိဘူး။
အဲ့လိုနဲ့သုံး​လေးခါ​လောက်​လှည့်​ကြည့်​ဖြစ်​လိုက်​တယ်​။
အဲ့လိုနဲ့အိမ်​လည်း​ရောက်​​ရော
"မိန်းမ​ရေ.....​ဟေ့မိန်းမ"
ဘာတုံး""မ​အေး​မော်​ရဲ့တုံ့ပြန်​မှုဖြစ်​သည်​။
"​ဟေ့ငါအိပ်​​တော့မယ်​ "
"သွား​တော့ဘာ​တော်​ကြိုက်​တဲ့​နေရာ​သေ"
အဲ့လိုနဲ့​ကျော်​ကြီးအိပ်​​ပျော်​သွားခဲ့တယ်
ခဏကြာ​တော့
အားးးးး
"ဟဲ့ကို​ကျော်​ကြီးဘာဖြစ်​တာလဲ"
"ထုပ်​တန်း​ပေါ်မှာထိုင်​​နေတယ်​"
မလာနဲ့ငါ့ဆီမလာနဲ့
"ကို​ကျော်​ကြီးရယ်​ဘာမှမရှိပါဘူး"
ရှိတယ်​လာ​နေပြီ
အားးးးး
ခဏကြာ​တော့​ကျော်​ကြီးတစ်​​ယောက်​တိတ်​သွားသည်
"ကို​ကျော်​ကြီး
ကို​ကျော်​ကြီး"
"လာကြပါအုံးကို​ကျော်​ကြီးဘာဖြစ်​လဲမသိဘူး
လာကြပါဦးရှင်​"အားလုံး​ရောက်​လာခဲ့သည်​။
သို့​သော်​​ကျေိာကြီးက​တော့အသက်​မရှိ​တော့။
ကျော်​ကြီးအသုဘချတဲ့​နေ့မှာ​တော့
သူ့ရဲ့​နောက်​ဆုံးခရီးစည်​စည်​ကားကားဖြစ်
ခဲ့ပါတယ်​။
ကျော်​ကြီးအသုဘချတဲ့ချိန်​မှာ​တော့
ရွာဥက္ကဋ္ဌကအ​​ခေါင်းထမ်းတဲ့ကာလသား​တွေကို
ထိမ်းရတာ​ပေါ့။
ကာလသား​တွေကရဲ​ဆေးတင်​ထားတဲ့အချိန်​နဲ
ဆို​တော့အ​ခေါင်းထမ်းရဲကြတာ​ပေါ့။
ခဏကြာ​တော့အသုဘအခမ်းအနားစပြီ။
ကာလသား​တွေကအ​ခေါင်းထမ်းတဲ့အခါမှာ
အရက်​ရှိန်​​ကြောင့်
ယိုင်​ထိုး​နေတယ်
ရွာလူကြီးက​လဲအ​လောင်း​ကောင်​ရွာထဲပြုတ်​ကျမှာကို​ကြောက်​​နေရတယ်
အဲ့လိုနဲ့အ​ခေါင်းဟာဟိုဘက်​ဒီဘက်​ယိုင်​ထိုး​နေတယ်​။
သချိုင်းကုန်း​ရောက်​​​တော့
ကာလသား​တွေကိုဘယ်​လိုမှထိမ်းမရ​တော့ဘဲ
ဖြစ်​​နေကြသည်​။
ခဏကြာ​တော့
ဝုန်းးးးးး
အသံကြီးကျယ်​​လောင်​စွာနှင့်
အ​ခေါင်းကြီး​မြေ​ပေါ်ကျခဲ့သည်​။
အ​လောင်း​ကောင်​မှာလည်း
မြေကြီး​ပေါ်မှာအထင်းသားကြီးမြင်​​နေရသည်​။
"လူများအားလုံးဟာကနဲဖြစ်​သွားသည်​။
"ဟာဟာ​ဟေ့​ကောင်​​တွေဘယ်​လိုလုပ်​​နေတာလဲ
မင်းတို့​ကောင်​​တွေကွာ
ခုချက်​ချင်းအ​လောင်းကိုပြန်​​ကောက်​ထညိ့ကြ"ရွာလူကြီးက​​ဒေါကန်​​နေသည်​။
အ​လောင်းကိုပြန်​​ကောက်​ထည့်​၍သဂြိုလ်​ခဲ့ကြသည်​။
မနက်​မိုလင်း​သောအခါ
ဇော်​မင်းတို့အိမ်​မှကျွဲကြီး
ဗို​​က်​​ပေါက်​ကာ
သေ​နေ​လေသည်​။ကျွဲမှာလည်းဗိုက်​ထဲတွင်
အူ၊အသည်း၊နှလုံးဟူ၍ဘာမှမရှိ​တော့
ဟောင်း​လောင်း​ပေါက်​အတိုင်းပင်​။
ဒီလိုနဲ့ဆွမ်းသွပ်​အပြီး
နောက်​​နေ့မှာလည်းဖြစ်​ပြန်​​ရော
နေမျိုးအိမ်​ကနွားကြီး​ယခင်​အတိုင်းပင်​​သေ​နေပြန်​သည်​။
ဥက္ကဋ္ဌထံရွာသားတို့ကသွား​မေး​တော့
"​အေး​နေဦးအ​ခြေအ​နေ​စောင့်​ကြည့်​ရဦးမယ်​။"လို့ရွာလူကြီးက​ပြောလိုက်​တယ်​။
နောက်​​နေ့မှာ​တော့မနက်​၄း၀၀နာရီ​လောက်
ရောက်​​တော့ပဲပြုတ်​သည်​မကြိုင်​က
မနက်​ခင်းကိုပဲပြုတ်​အိုးထ​တည်​​နေရင်းမှာ
တစ်​ဖက်​အိမ်​ဖြစ်​တဲ့မယ်​လတ်​တို့အိမ်​ကကျွဲကြီးဗိုက်​ထဲမှ​သွေးများကိုခတ်​​သောက်​​နေ​သော
လူတစ်​​ယောက်​ကို​တွေ့သွားတယ်​။
နောက်​​နေ့နံနက်​မယ်​လတ်​တို့အိမ်​ကကျွဲက
သေ​နေသည်​။
ဒေါ်ကြိုင်​လည်းရွာလူကြီးကိုညကအ​ကြောင်း
သွား​ပြောတဲ့အခါရွာလူကြီးက
"​သေချာ​နေပြီ ဖုတ်​၀င်​တာပဲဖြစ်​ရမယ်​။"ဆိုပြီး​"ဟေ့​ကောင်​​တွေ​ဝေကြီးတို့​ကောင်​​တွေ
ကျော်​ကြီး​မြေပုံကိုသွားကြည့်​ကြစမ်း​ထူးခြားတာနဲ့ငါ့ကိုသတငိးပို့"ဆိုပြီးသွားကြည့်​ခိုင်း​လိုက်​တယ်​။ခဏကြာ​တော့​ဝေကြီးတို့အဖွဲ့ပြန်​​ရောက်​လာတယ်​။"သူကြီး​ရေသူကြီး"ထူးခြားတယ်
ကျော်​ကြီး​မြေပုံက​ခြေရာလက်​ရာပျက်​ပြီး
တစ်​​ယောက်​​ယောက်​ကတူးပြီးပြန်​ဖို့ထားသလိုမျိုးကြီးသူကြီး။"​အေဟုတ်​ပီအဲ့ဒါဆိုငါထင်​တဲ့အတိုင်းဖုတ်​၀င်​​နေတာကိုး"
"​ဟေ့​ကောင်​​တွေ
ရွာ​ဦး​ကျောင်းဆရာ​တော်​ဆီက
ပရိတ်​​ရေစိမ်​ထားတဲ့သံ​တောင်းခဲ့။"ဆိုပြီးခိုင်းလိုက်​တယ်
ခဏကြာ​တော့သချိုင်းကုန်းကိုလည်း​ရောက်​​ရော
"​​ဟေ့​ကောင်​​တွေအ​ခေါင်းကို​ဖော်​လာခဲ့"
"ဟုတ်​ကဲ့ပါ"​ဝေကြီးအ​ခေါင်းကိုဒီပရိတ်​​ရေစိမ်​ထားတဲ့သံ​တွေနဲ့လိုက်​ရို​က်​"
"ဟုတ်​"
"​ဟေ့​ကောင်​​တွေအ​ခေါင်းကိုမီးရှို့ကြ"
မီးချို​လိုက်​ပြီးခနကြာ​တော့
အားးးးး
အသံနက်​ကြီးနဲ့​အော်​သံကိုကြားလိုက်​ရတယ်​။
အားလုံးပြှီးစီး​တော့ပြန်​လာခဲ့ကြတယ်
နောက်​​နေ့မှသူကြီးက​ပြောပြတယ်
"ဟို​ကောင်​​တွေ​ကြောင့်​အ​လောင်း​ကောင်​ပြုတ်​ကျသွားရင်းက​နေဖုတ်​၀င်​တာ"ဟု​ပြောပြသည်​။
အားလုံးကျန်းမာကြပါ​စေ။
သည်းခံ ပြီးဖတ်​​ပေးပါ။
ShineKo

No comments:

Post a Comment