Monday, June 5, 2017

(ကျွန်တော့်တို့ရဲ့အဖြစ်)

(ကျွန်တော့်တို့ရဲ့အဖြစ်)
ကျွန်တော်တောရဲ့အလှူဆိုတာ ခင်ဗျာတို့သိတဲ့အတိုင်းပဲလေဗျာ တအားစီတာလေဗျာ အလှူရှိပြီဆို ရွာလုံးကြွတ် မီးခိုးတိတ်စားတာလေဗျာ ဟိုဘက်ရွာဒီဘက်ရွာကအလှူဆို ဒီဘက်ရွာကသွားကူရတာတွေလဲရှိတယ်လေဗျာ ရှမ်းရွာတွေအချင်းချင်း တစ်ရွာနဲ့တစ်ရွာ ကူညီရတာ ရှမ်းဓလေ့ပဲဗျာ့ ကျွန်တော်တို့ရွာမှာ ကိစ္စရှိလဲ ဟိုဖက်ရွာကလာကူကျတယ်ဗျို့ သူများရွာ သွားကူပြီဆို ဘယ်အပျိုဖြန်းမလေးကလှကြောင်း ဒီအပျိုဖြန်းမလေးကလှကြောင်း ဝေဖန်ရေးလေကန်ရေးတွေပြီးရင် သူတို့နဲ့မိတ်ဖွဲ့ ပြီးရင် သူတို့အိမ်သွားလည် သူတို့မိဘတွေကလဲ ကျွန်တော်တို့ ဧည့်သည် တွေလာရင် လက်ခံစကားပြောပေးရတယ်ရဗျ အပျိုကတော့ လူပျိုပြန်မှ ထိုင်တဲ့နေရကထရတာဗျ ပြီးရင်လက်ဖက်သုတ် ခေါပုတ် ရှမ်းအစားအစာတို့နဲ့ဧည့်ခံရသေးတယ်
ကျွန်တို့လဲ ဗိုက်ကားအောင်စားသောက်ပြီးမှ ပြန်လာတာဗျို့ ။
ဒီတစ်ခါလဲကျွန်တော့်အကို ရွာကိုပေါက်ချလာပြန်ပြီဗျို့
ကျွန်တော့်အကိုအကြောင်းသိချင်ရင် ကျွန်တော်ရေးခဲ့
တဲ့ (ပြေးခဲ့ရတဲ့ည) ထဲမှာရေးထားတယ်လေ သူကရန်ကုန်သားလေဗျာ
သရဲ တို့တစ္ဆေတို့ မှင်စာတို့ ပြိတ္တာ တို့ကို မယုံဘူး မ
ကြောက်ဘူးလေဗျာ သရဲ မြင်ဖူးချင်တဲ့သူလေ ။ကျွန်တော်
တို့ရွာကိုသူ ရောက်လာပြီဟေ့ဆိုရင် ထန်းရည့်သောက်
လိုက် အပျိုဖြန်းမအိမ် ကိုအိမ်လည်သွားလိုက်နဲ့ ပြီးရင်
သရဲရှာမယ် ပြိတ္တာကြည့်မယ်ဆိုပြီး ပြဿနာ အလွန်ရှာတာ
ဗျာ သူလာရင် ကျွန်တော်အလွန်စိတ်ညစ်တာဗျို့။
ဒီတစ်ခါလဲသူဘာစိတ်ကူးပေါက်ပြီး ရန်ကုန်ကနေ ရွာကို ပေါက်ချလာပြီလဲ မသိဘူး ခေါင်ရည်သွား
သောက်မယ်ဆိုပြီး ကျွန်တော့်ကို အထင်းအဓမ ခေါ်နေ
တာမနက်ကထဲဗျို့ ကျွန်တော်လဲညနေကျမှ သွားမယ်
ဆိုပြီး မနည်းနှစ်သိပ်ထားရတယ် ညနေလဲရောက်
ကောခေါင်ရည်ဆိုင်လိုက်ရပါလေရောဗျာ ခေါင်ရည်ဆိုင်
မှာ ရွာထဲကကောင်တွေပြော နေသံကြားတဲ့ ဟိုဖက်ရွာ
နမ့်ဟူးရွာမှာအလှူ မှာ ကျွန်တော်တို့ရွာက ကာလသားတွေ ကာ
လသမီးတွေ သွားကူရမှာတဲ့ဗျာ တာကို ကျွန်တော့်အကို
ကြားတော့ သူပါလိုက်ပြီး သွားကူမယ်တဲ့ဗျို့ အလှူက ပွဲ
လဲပါသေးတယ်တဲ့ သူကတော့ဟန်ကျနေပြီလေ အ
ပျို့ဖြန်းမအိမ်လဲ လည်မယ် ပွဲလဲကြည့်မယ်တဲ့ဗျာ ။
နောက်တစ်နေ့ အလှူမှာ မနက်ခင်းပိုင်း အလှူမှာ ဝိုင်း
ကူလုပ်ကြ စားကျသောက်ကျ ညနေပိုင်းအပျိုအိမ်လျောက်လည် နဲ့တကယ့်ကို ပျော်စရပဲဗျို့
ကျွန်တော်အကို ရန်ကုန်သားကတော့် အပျော်ကြီးပျော်နေ
ပြီလေ ညခင်းဖက်ပွဲကြည့် ဦးမှာတဲ့ဗျာ ဒါဆိုရင်တော့ခက်ပြီလေ ဘာကြောင့်လဲဆိုတော့
ကျွန်တော်ကသရဲကြောက်တတ်တယ်လေဗျာ ပြီးတော့လဲရွာရဲ့ သင်္ချိုင်းကိုဖြတ်ပြီးပြန်ရမှာလေ
တာကိုပြောတော့ သူက သရဲတောင်ထက်ကြည့်ဦးမယ်တဲ့ ကျွန်တော့်တစ်ယောက်ထဲပြန်လို့မှာမဖြစ်တာ သူပါပါမှ ပြန်ရမှာကိုဗျ ။
အဲ့ဒီအလှူပွဲရဲ့ ပွဲကလဲကောင်းချက်ဗျို့ ပွဲကြည့်ရင်းနဲ့ တစ်နာရီ ထိုးလောက်ကျတော့ လူကလဲအရမ်းအိပ်ချင်နေပြီလေ ကျွန်တော်နဲ့ သူနဲ့ပြန်မယ်လဲလုပ်ကော အဖော်တွေလဲမရှိတော့ဘူး နှစ်ယောက်ထဲပြန်ရမှာဆိုတော့ သင်္ချိုင်းနဲ့ခက်နေပြီဗျို့
သူကဇွတ်အဓမဗျ ပြန်မယ်ဆိုတာကြီးပဲ သူပြန်တော့ ကျွန်တော်ပါလိုက်ပြန်ရပြီလေ ဟိုဖက်ရွာကအထွက်တုံးကတော့ အဟုတ်ဗျ လမ်းကိုတန်းနေတာပဲ သူကစီးကရက်လေးဖွာလို့ဗျို့
လေလေးတအေးအေးနဲ့ ရှေ့ကနေမတ်မတ်နဲ့ဗျို့ သူကသရဲမကြောက်ဘူးဆိုတော့ သူ့အားကိုနေရတာပေါ့ ဒီလိုနဲ့ ရွာရဲ့သင်္ချိုင်းကိုစမြင်နေ
ဗျို့ အဝူးးးးးးဝူးးးးးးးးးးဝူးးးး ဂိန်ဂိန်
သုသန်ထဲကဆွဲဆွဲငင်ငင်အူလိုက်တဲ့ခွေးသသိုက်ကြောင့် ညောင်အိုပင်ကြီးမှ အစာရှာထွက်နေသော ဇီကွက်တစ်ကောင်ရဲ့ "ဂီး" ဆိုအော်သံက ည၁နာရီခွဲအချိန်ကို ကြက်သရေယုတ်ပြနေပြီလေ သရဲ မကြောက်တတ်သော ကျွန်တော့်အကို ကျွန်တော်နဲ့ဘေးချင်းယှဉ် လျောက်လိုက်ပြီး ကျွန်တော်ကို ရှေ့ကသွားခိုင်းသလိုလို
 "ဟေ့ကောင်စိုင်းနောင် မင်းဒီသင်္ချိုင်းကို ဖြတ်လျောက်မှာလားး" " ဟာမင်းဟာ ဒီသင်္ချိုင်းကို ဖြတ်မလောက်လို့မင်း ချောက်ထဲကဆင်းသွားမှာလား"
" တာ……တာာဆိုလဲမင်းမင်းရှေ့ကသွားလေကွာ"
"အကိုမင်းသရဲမကြောက်ဘူးဆို မင်းရှေ့ကသွားမှပေါ့ကွ"
"အေးလေ ငါက သ သရဲ မ မကြောက်ဘူးလေ တာကြောင့် ငါနောက်က လိုက်မယ်ပြောတာလေ"
" ဟာ့ မင်းအသံကလဲ သရဲမကြောက်ဘူးသာပြောတာ အသံက အပျိုဖြန်းမအိမ်မှာတုံးကနဲ့ မတူတော့ပါလား"
"ဟီးး ဟီးး အ အခုက ဆောင်းတွင်း လေကွာ အေးအေးလို့ နည်းနည်းတုန်နေ နေတာပါကွ"
ဝူးးးးးးးးဝူးးးးးအူးးးးဝူးးးးးအူးးးးးးးဝူးးးးးူးး
"ဟေ့ကောင် စိုင်းနောင်ရေ့ ခွေးအူတယ်ဟ"
" မင်းမကြောက်ဘူးဆို အူပါစေလေ လာမှာသာလာ ငါအိပ်ချင်ပြီ"
ကျွန်တော်တို့ သင်္ချိုင်းနားနီးလေ ကြောက်ပါတယ်ဆို မှသေနာခွေးတွေက စွတ်အူလေဗျို့
သုသုန်ထဲဝင်ကော ညောင်အိုပင်ရဲ့ လူသွားလမ်းဖက်ကိုင်း
နေတဲ့ညောင်ကိုင်းမှာ မဲမဲအရာတစ်ခု တန်းလန်းပဲလုပ်နေသလား ဇောက်ထိုးပဲဆွဲနေသလားမသိ ဒါကိုသူကမမြင်တော်မူဘူးဗျို့
နောက်ကနေ စိုက်စိုက်နဲ့နဲ့
"အကို မင်းမြင်လားလား"
"အေးမြင်တယ်လေကွာ ဟိုဖက်ရွာက ရှမ်းမလေးတစ်ယောက်ကွာ ငါ့မျက်စိထဲကကိုအခုထိမထွက်သေးဘူးကွ"
"အဲ့တာကိုပြောတာမဟုတ်ဘူး ဟိုမဲမဲနဲ့ ဟာကဘာလဲဟ"
"အဲ့တာအနက်လေကွာ"
"အမဲမှတော့ အနက်ပေါ့ကွ ငါပြောတာ ဟို ညောင်ခိုင်းရဲ့တန်းလန်းဆွဲနေတဲ့ဟာကိုပြောနေတာဟ
"ဟေ ဟုတ်ဟုတ်တယ်ဟ အဲ့တာဘာ ဘာကြီးလဲဟ လုပ်လုပ် ပါဦးကွာ တို့ရှေ့မှာတန်းလန်းကြီးကွ လုပ်ဦးလေးကွာ"
"ငါဘာလုပ်တတ်မှာလဲကွ "
ကျွန်တော်ကြောက်လို့ သေတော့မယ်ဗျို့
"အ အ တို နာတို့ယေ ဟို ဖက်နားလေးက ချောင်နားယေးက တွားမယ်ရေတွာ"
"အေးအေးငါ့ညီယေးက ငယ်တဲ့သူဆိုတော့ ဆူးတွေညှောင့်တွေ ဆူးမှာဆိုးလို့ ဟိုသင်္ချိုင်းဖက်ကလမ်းနာကပ်တွားနော်"
"အတိုက အသက်ကြီးတဲ့သူဆိုတော့ ဆူးတွေဆူးရင် ဆူးပါစေ အတိုချောက်ဖက်က သွားမယ်နော်"
ကြည့်ဦး ကျွန်တော့်ကိုသုသုန်ဖက်က သွားခိုင်းတယ်လေ သူ့ကျတော့ ဟိုဖက်ကသွားမယ်တဲ့လေ နှစ်ယောက်သားလည်ပင်းလေးဖက်ပြီး ဟိုတန်းလန်းလုပ်နေတဲ့ ဟာကြီးကို မကြည့်ပဲ အသာလေး သွားရင်းနဲ့ ဇောချွေးပြန်နေတဲ့ချွေးလေးကိုမသိမသားသုတ်ပြီး တရွေ့ရွေ့သွားနေတဲ့ အချိန်
"ဂီးးးဂီးးးးဂီးးး" " အောက်မယ်လေးဗျ သေနာငှက်ဆိုးရဲ့"
"ညီလေးဘာဖြစ်တာလဲဟင်"
"နာနဲနဲလန့်တွားယို့"
လေတွေကလဲတိုက်လာပြီဗျို့ တိုက်လာပြီ သွားရင်းနဲ့ သုသန်ထဲက တန်းလန်းအရာလေးကျောာ်ယုံရှိသေး ငှက်ဆိုးတစ်ကောင်ရဲ့ အော်သံကြောင့် နှစ်ယောက်သား ချုံပုတ်ပေါ်ခုန်တတ်ရတော့မလိုလိုဖြစ်နေတုံး လေတွေတိုက်ပြီး တန်းလန်းအရာကြီးက လှူပ်ရမ်းပြနေပြီဗျို့ ကျွန်တော်တို့လဲအကြည့် ထိုသင်္ချိုင်း
ထဲက တန်းလန်းလုပ်ပြနေတဲ့အရာကြီးက ညောင်ခိုင်းကနေ ခုန်ချလိုက်ပါတောဗျို့
"ဖရော……ဖုန်း"
"အောင်မလေးအတိုရေ သရဲတန်းလန်းကြီး ခုန်ချပြီဟေ့ ပြေးကျပါဟ လုပ်ကျပါဦးဟ"
နှစ်ယောက်သား သွေးရူးသွေးတန်းနဲ့ သူကရှေ့မပြေးဘဲ ဘေးကချုံပုတ်ပေါ်ခုန်တက်တယ်လေ " စိုင်းနောင်ရေ့ ငါ့ပြေးလို့မရတော့ဘူးဟ လုပ်ပါဘူးဟ ဆွဲထားပြီဟ "
ချူံပုတ်ပေါ်က ခုန်ချနေတာမရပဲ ပြန်ပြန်ပြီနောက်ပြန်လဲကျနေတာဗျို့
"ညီလေးရေ့ အကို့ကိုမထားနဲ့ပါနဲ့ကွာ အတို ပြေးလို့မရတော့ဘူးဟ လာကူညီပါဦးကွာ "
ကျွန်တော့်အကိုလဲ အဲ့တာကျတော့ကြောက်ချက်ဗျို့ အော်လိုက်တာမှ ငယ်သံပါ ပါကောဗျို့
" ဟေ့ကောင်မင်းကို ဆွဲတာမဟုတ်ဘူး မင်းပုဆိုးနဲ့ ချုံပုတ်နဲ့ညိနေတာကွ ပြန်ဖြုတ်လိုက်လေကွာ"
"ဟေ့ ဟုတ် ဟုတ်လားကွ ငါ့ကိုစောင့်ပါဦးပါကွာ ငါ့ဖိနပ်တွေလဲ ဘယ်ရောက်ကုန်ပါလိမ့်ကွာ လုပ်ပါဦးကွာ"
"ဟေ့ကောင်မင်းဖိနပ်စုတ်ကိုမရှာနဲ့တော့ပြေးမယ်ကွာ မင်းဖိနပ်စုတ်ကိုထားခဲ့တော့ ငါဖိနပ်စုတ်လဲ ဘယ်တေလွဲရောက်ကုန်လဲမသ်ပါဘူးဟ"
တကယ်တော့ဖိနပ်တွေက အစုတ်မဟုတ်ဘူး အကောင်းတွေဗျ
နှစ်ယောက်သားသွေးရူးသွေးတန်းတွေနဲ့အော်ဟစ်နေကျတာ သုသုန်တစ်ခုလုံးကိုဆူဆူတွေပါညံလို့ဗျို့
သူ့ပုဆိုလဲ ချုံပုတ်နဲ့ညိတာမဖြုတ်ပဲနဲ့ ဒီအတိုင်းထားခဲ့ပြီး ပြေးတာများဗျာ မြင်းပြိုင်ပွဲက မြင်းထက်တောင် မြန်သလားအောက်မေ့ရတယ်ဗျို့ ကျွန်တော့်တောင်မစောင့်ဘူးဗျာ မြန်လိုက်ချက် ။
နှစ်ယောက်သားရွာထဲပြေးဝင်တာများ တစ်ရွာလုံးခွေးတွေဆူညံကုန်တဲ့အပြင်ဖုန်တန်းကလဲ မှောင်ထလို့ဗျို့
အိမ်လဲရောက်ကော နှစ်ယောက်သား စောင်ချုံပြီးအိပ်လိုက်တာ မနက်မိုးလင်းလို့ အမေမနဲ နိုးယူရတယ်ဗျို့
တကယ်တော့ ဘယ်နွားကျောင်းသားက လက်သရမ်းပြီး စာချောက်ရုပ်ကို ကြိုးနဲ့ ချည်ပြီး သင်္ချိုင်းထဲက ညောင်ခိုင်းမှာတန်းလန်းဆွဲထားခဲ့လဲမသိဘူး စာချောက်ရုပ်က လေတိုက်ပြီး ကြိုးပြတ်ကျတော့ တန်းလန်းလုပ်နေတဲ့ သရဲကခုန်ချပါတယ်ဆိုပြီးပြေးလိုက်ကျတာ သရဲမကြောက် ပါဘူးဆိုတဲ့ ကျွန်တော့်အကို ချုံပေါ်ခုန်တတ်မှု
ကြောင့် သူ့ခြေထောက်မှာ ဆူးတွေထွင်လိုက်ရတာမနည်းပဲဗျာ
ငှက်မသိတော့ ဇရပ်ကိုချိုးထင် အတတ်မသိတော့သမက်ကိုသခိုးထင်သလိုမျိုးဗျာ………။
ခင်မင်လေးစားစွာဖြင့် စိုင်းနောင်

No comments:

Post a Comment