Monday, June 5, 2017

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး       






  (အပိုင်း ၁)  new version စာရေးသူ -ထီးကလေး၊ (ရင်နှင့် ရင်း၍ ရေးသည်။) ``ဟေ့ ထီးလေး ´´ ကျွန်ုပ်၏နာမည်ကို ရုတ်တရက် အဝေးမှ လှမ်းခေါ်လိုက်တယ်။ အသံလာရာဆီသို့ ကျွန်ုပ်လှမ်းကြည့်လိုက်တော့    ``မျှားလေး လာလေဟာ ´´ မျှားလေးနဲ့ကျွန်ုပ်ဟာငယ်ပေါင်းတွေပေါ့ ။တစ်ယောက်ကျန်နေသေးတယ် ။သူက      ``အမယ် မင်းတို့နှစ်ယောက် တိတ်တိတ်လေးဘာတွေ တိုင်ပင်နေကြတာလဲ ပြောစမ်းပါဦး´´ ခေါင်းရင်းခြံဘက်အပေါ်နားက အသံတစ်ခု ထွက်ပေါ်လာတာနဲ့ ကျွန်ုပ်နဲ့မျှားကလေး လှမ်းကြည့်မိလိုက်တယ် ``ဟဲ့သေနာကောင် လမ်းကလေး နင်ပြုတ်ကျ သေချင်လို့လား ´´ သူက လမ်းကလေး ကျွန်ုပ်တို့က အိမ်နီးနားချင်း သိပ်ခင်ကြနဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သလို ငယ်ငယ်လေးထဲက ကျောင်းအတူတူတတ်လာတာ အခု နောက်ဆုံးနှစ်အထိပါပဲ ။ လမ်းကလေးက ကျွန်ုပ်နဲ့ ခြေရင်း ခေါင်းရင်း မျှားကလေးကတော့ လမ်းထိပ်နားဘက် နည်းနည်းလှမ်းတယ်။ ``ငါ ထီးလေးဆီလာမို့ဟ ငါ့အဖေက အိမ်စောင့်ဆိုပြီး ခြံတံခါးပိတ်ခဲ့တယ် ဒါကြောင့် ငါ ခြံစည်းရိုး ကျော်တတ်လာတာ´´ ``ဒါနဲ့နေပါဦး မျှားလေး နင်ကရော´´ ``အော် ငါတို့စာမေးပွဲဖြေပြီးသွားရင် အပန်းဖြေခရီးထွက်ရင် ကောင်းမလားလို့ နင်တို့နဲ့လာတိုင်ပင်တာ´´ ``ဟာ အဲ့အကြံ မဆိုးဘူး ထီးကလေး မင်းဘယ်လိုသဘောရလဲ ´´ ရွှန်းရွှန်းဝေတဲ့ မျက်လုံးတစ်စုံနှင့်အတူ ငြိမ်သတ်နေတဲ့ ထီးကလေးကို သူငယ်ချင်းဖြစ်သူ လမ်းကလေးက လှမ်းမေးလိုက်တယ် ။ ``ကောင်းတာပေါ့ကွ ငါလဲ ခရီးထွက်ချင်နေတာ အခုအစီအစဉ်က အရမ်းမိုက်တယ် ဒါနဲ့နေပါဦး ဘယ်ကိုသွားမှာလဲ´´ ``ချောင်းသာတ်ု့ ငွေဆောင်တို့ဘက် သွားရင် ကောင်းမလားလို့´´ သူငယ်ချင်းမဖြစ်သူ မျှားကလေး စကားအဆုံး၌ လမ်းကလေးက မျက်မှောင် ကျုတ်လိုက်ပြီ ``ဟာ နင်ကလဲ တစ်ခါလဲ ချောင်းသာ တစ်ခါလဲ ငွေဆောင်နဲ့ရိုးနေပြီး အဲ့ဒီံသွားချင်ဘူး´´ ``အေးပါဟ ငါလဲ စကားအဖြစ်ပြောတာ ထီးလေး နင်ရော ဘယ်သွားချင်လဲ ´´ ``တန်ခိုးနဲ့တို့အားလုံး တိုင်ပင်မယ်လေ တော်ကြာ ဒီကောင်ကြီးက သူကို မတိုင်ပင်ပဲ လုပ်လို့ စိတ်ဆိုးနေဦးမယ်´´ ``အေးဟုတ်သားပဲ ဒါဆ်ုလဲ တို့နက်ဖြန် ကန်သင်း ရောက်မှ တိုင်ပင်ကြတာပေါ့´ ဒီကောင်တွေက ဒီအတိုင်းပဲ အားရင် ကျွန်တော့်ဆီ လာပြီး ရှိတာအကုန်လုံး စားသောက်ပြီးမှ ပြန်လေ့ရှ်တယ် ။ ကျွန်တော့ကိုတော့ သိပ်ခင်ကြတယ်။ သူငယ်ချင်း၅ယောက်မှာ တန်ခိုးက အသတ်ကြီးဆုံး တစ်ဇွတ်ထိုးသမား သို့ပေမယ့် ကျွန်တော့တို့အတွက်ဆို သူက အမြဲအနစ်နာခံပေးတယ်။ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပေးတယ်ပေါ့လေ။ နောက်တစ်ယောက်က ငါးကလေး သူကအသတ်ငယ်ဆုံး အစ်မ ညီမတွေနဲ့ပဲ သူကကြီးပြင်းလာရတော့ မိန်းမလျာစိတ် နည်းနည်းပေါက်နေပြီ။      ဒီလိုနဲ့  နောက်နေ့ မနက်ကျောင်းမှာ ဆုံးဖြစ်ကြပြီး ကျွန်ုပ်တို့ မနေ့ကပြောဖြစ်သမျှ တန်ခိုးနဲ့ငါးကလေး ကိုပြန်ပြောပြတော့ ``အေးဟ ငါလဲ မင်းတို့ကို ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်သေးတာ ငါလဲ စိတ်ဝင်စားတယ် ။ ဒီလိုလုပ်လေး တို့ ၅ယောက် facebook ပေါ်မှာ တစ္ဆေ သရဲ Group ထောင်ထားတယ် မဟုတ်လား´´     ``အေးလေ အဲ့ဒါနဲ့ငါတို့ကိစ္စနဲ့ဘာဆိုင်လို့လဲ´´ ``ဆိုင်တာပေါ့ကွ ငါးကလေးရ ငါတို့ တစ္ဆေ သရဲ ကဝေ စုန်း မှော် သိုက် လိုက်သူများနှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများဆိုပြီး နာမည်ပေးထားတယ် ။ ငါတို့ တကယ့် တစ္ဆေ အစစ်ကို လိုက်ပြီး တကယ့် အစစ် တစ္ဆေပုံတွေပဲ Facebook ပေါ်ရှာတင်မယ် ပြီးတော့´´ '``ဘာလဲ ငါကလဲ အဲ့ဒါတွေ ယုံကြည်မရှိတော့ သေချာသိချင်တယ် လို့ပြောဦးမလို့လား´´ ``ဟုတ်ပါ့ ´´ သူငယ်ချင်းဖြစ်သူ တန်ခိုးဟာ အလွန်ခေါင်းမာပြီး ဘာမဆို လက်တွေ့ကျကျမှ လက်ခံယုံကြည်တဲ့ သူတစ်ယောက်ဖြစ်ပြီး တစ္ဆေသရဲဆိုသည်ကို လုံးဝ အယုံကြည်မရှိသူ တစ်ယောက်လဲ ဖြစ်သည်။ တန်ခိုးပြောမည့် စကားအား သူငယ်ချင်း ဖြစ်သူ လမ်းကလေး ကြိုတင်သိနှင့်နေလျက် ဦးစွာ ပြောလိုက်သည်။ ထိုအချိန် မျှားကလေးကား တစ်ခုခုကို သတိရသလိုနှင့် ``ဟာ ဒါဆို ငါ့အဖေ ပြောဖူးတဲ့ ငါ့တို့အမွေဆိုင် အိမ်ကြီးရှိတယ် ´´ မျှားကလေး ပြောလိုက်သော စကာစအား ကျွန်ုပ်နှင့်အတူ လမ်းကလေး၊ ငါးကလေး၊ တန်ခိုးတို့ ငြိမ်သတ်စွာ စိတ်ဝင်တစားဖြစ်ခါ ``ပြောပါဦးဟ မျှးကလေးရ စိတ်ဝင်စားလာပြီ´´ ``ဟုတ်တယ် ငါ့အဖေ ပြောတယ် အဲ့ဒီအိမ်ကြီးမှာ သရဲခြောက်တယ်တဲ့ အရမ်းသောင်းကြမ်းတာပဲတဲ့´´ မျှားကလေး၏ အဆုံး၌ လှောင်သဖွယ်အပြုံးနှင့် တန်ခိုးက ``တော်လိုက်တော့ မျှားကလေး နင့်အဖေနဲ့အမေ နင့်ကို အဲဒီအိမ်သွားမှာဆိုးလို့ ပြီးတော့ အမွေဆိုင်အိမ်ဆိုတော့ သိတယ်မဟူတ်လား ပြသနာလေးဘာလေး နည်းနည်းပါးပါးရှိတယ် ဒါကြောင့်ပါဟာ´´ ``ငါလဲ အဲ့လိုပဲ ထင်တာဟ တန်ခိုးရ ဒါကြောင့် ငါလဲ အဲ့ဒီအိမ်ကို သွားပြီး လေ့လာချင်တာ ကြာပေါ့ ´´ ``ကဲ ဒါဆို ကောင်းပြီ ငါတို့ အဲ့ဒီအိမ်ကို စာမေးပွဲပြီးတာနဲ့ လေ့လာရေး ထွက်ကြမယ် ဘယ်လိုလဲ ´´ သုံးယောက်သား အတိုင်ဖောက်ညီစွာ ပြောနေသော ကျွန်ုပ်တို့၏ စကားအဆုံး၌ သူငယ်ချင်းဖြစ်သူ ငါးကလေးက ``ဟူတ်မှလဲ လုပ်ပါအေ နင်တို့ဟာက တကယ်ဆို ခြောက်စရာကြီး´´ ``တကယ်ဆိုလဲ သူတ်ု့က လူကို ဒုက္ခမပေးနိုင်ဘူးလို့ငါကြားဘူးတယ် ´´ ``ငါကတော့ ကိုယ်တွေ့မဟုတ်ရင် ဘာမှ အယုံအကြည်မရှိဘူး´´ ``ငါတို့က ခေတ်လူငယ်တွေပဲ ဘာမှ မသိပဲ စွတ်ကြောက်နေရင် အပိုပဲ သေချာ သရဲရှိ မရှိ အရင် လေ့လာပြီးမှ လက်ခံသင့် မခံသင့် ဆုံးဖြတ်မယ် ဒါပဲ ´´ ``ကဲ ကဲ မျှားကလေး နင်က အဲ့အိမ်အတွက် တာဝန်ယူ ပြီးတော့ နင့်မိဘတွေကို အဲ့ဒီအိမ်ကို သွားမယ် ဆိုတာကို မပြောမိစေနဲ့ ထုံးစံအတိုင်း တို့အပန်းဖြေခရီး ချောင်းသာလို့ပဲ ပြောထားမှ ဖြစ်မဟ် ´´ ``အေးပါဟ ဒါပေမယ့် အဲ့ဒီအိမ်သော့ က ငါ့ဖေဘယ်မှာ ဝှက်ထားလဲ ငါမသိဘူး ´´ မျှားကလေး၏ စကားကား မသေချာသည့် ပုံစံဖြစ်ပေါ်နေလျက် ကျွန်ုပ်တို့လေးယောက် သံပြိုင်ထွက်လာသည်က            ``ဟာ ! နင်ကလဲ ´´ ``ဒါပေမယ့် မပူပါနဲ့ ငါရအောင် ရှာမှာပေါ့ဟ´´ ``ကဲ ကဲ အတန်းတတ်ရဦးမယ် မဟုတ်လား သွားကြရအောင်´´ မျှားလေးကတော့ ပြောတာပဲ သရဲခြောက်တယ်တဲ့ ဘယ်လို ခြောက်တာလဲ တကယ်ရော ဟုတ်ရဲ့လား မယုံပါဘူး သရဲကတော့ မခြောက်ဘူး မဟူတ်ဘူး ခြောက်တယ် သို့ပေမယ့် အဲ့အိမ်မှာက တကယ်ရော ခြောက်တာဟုတ်ပါ့မလား လူကြီးတွေက အကြာင်းတစ်ခုခုကြောင့် လိမ်ထားတာလား ဝေခွဲမရ ။ စာမေးပွဲ နောက်ဆုံးနေ့မှာတော့     ``ဟေ့ယောင် ထီးလေး ကြည့်စမ်းပါ ငါ့ကား ဘယ်လိုလဲ လန်းရဲ့လား ´´ `` ဟင် မင်းကားကလဲ လိုင်းကားဆွဲမလို့လား ´´ ``ငတုံးရဲ့ တို့ခရီးထွက်ရင် ဒီလို ကားမျိုးမှ ဖြစ်မှာပေါ့ဟ တကူးတက ငါ့ယောက်ဖဆီက ငါ့ကားအသစ်ဆက်ဆက်လေး ခဏပေပြီး သူ့ကားကြီးဆွဲလာတာ´´ တန်ခိုး မောင်းလာတဲ့ ကားက မိသားစုကားလေး တော်တော်တော့ ဟောင်းနေပြီ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို စဖို့တော့ အချိန်နီးကပ်လာပြီ ဆိုပါတော့ စာမေးပွဲပြီးတော့ ကျွန်တော်တို့ ၅ယောက် ဆုံဖြစ်ပြန်တယ် ``မျှားကလေး နင်အိမ်သော့ ရှာလို့ရလား´´ ``မျှားကလေးပါဟ ပစ်ရင် ပစ်သလောက်သွားတယ် ဒီမှာတွေ့လား´´ မျှားကလေး ထုတ်ပြလိုက်တဲ့ သော့က အခုချိန် ကြည့်ချင်တယ်ဆိုရင် ရှေးဟောင်းပြတိုက် တစ်ခုခုမှာ သွားကြည့်မှပဲ တွေ့နိုင်မယ့် သော့ပုံစံမျိုး ``ဘာကြီးတုန်းဟ နင်ဟာက သော့မှ ဟုတ်ရဲ့လား ´´ ``သေချာလို့လားဟာ မျှားကလေး´´ ``သေချာတာပေါ့ ငါ့အဖေ ဖိုထိုးတဲ့အခန်းထဲမှာ သေချာကိုဝှက်ထားတာ ဒါမှ ဒါပဲ´´ တန်ခိုးက ``ပြစမ်း ´´ ``ဟုတ်လို့လား တန်ခိုးကြည့်စမ်းပါဦး မင်းက ရှေ့မှီ နောက်မှီ ကောင်ဆိုတော့ ´´ ``ငါလဲ သေချာမသိဘူးကွ ဒီသော့က ဂမ္ဘီရတော်တော်ဆန်တယ် သော့ခေါင်းမှာ ဘီလူးရုပ် သော့ဖင်ဘက်မှာ နဂါးရုပ် ငါတို့မြင်ဖူးနေကြ သော့ပုံစံလဲ မဟုတ်ဘူး ´´ ``ဘာပဲ ဖြစ်ဖြစ် တန်ခိုး အိမ်ကြီးဆီ ရောက်ရင်တော့ သော့ခလောက်နဲ့ယဉ်ပြီး ဖွင့်ကြည့်ရမှာပဲ ´´ စကားကို ဖြတ်ပြောလိုက်သူက ငါးကလေး ``ဟေ့ နင်တို့နော် ငါကကြောက်တတ်တယ် ´´ ``ဟာကွာ မင်းကလဲ ယောက်ျားမဟူတ်တဲ့အတိုင်းပဲ ´´ ၅ယောက်သား စကားကောင်းနေလိုက်တာ ညနေ၅နာရီတောင် ကျော်သွားခဲ့ပြီ ခရီးထွက်မယ့် ရက်ကလဲ တစ်ဖြည်းဖြည်းနီးကပ်လာခဲ့ပြီ တစ်နေ့ ညနေမှာ သော့ပိုင်ရှင် မျှားကလေး ကျွန်တော့အိမ်သို့ရောက်လာခဲ့တယ် ``ထီးကလေး´´ ``မျှားလေး လာလေဟာ´´ ``ငါဒီသော့ကို ခိုးထားတဲ့နောက်ပိုင်းမှာ ငါအိပ်မက်တွေ မကောင်းဘူးဟ´´ ``ဘယ်လို မကောင်းတာလဲ´´ ``ဒီလိုဟ မိသားစု ၃ယောက်ကို ဓားနဲ့ရက်ရက်စက်စက် ထိုးသတ်တယ် ပြီးတော့ အော်သံတွေကိုလဲ ငါ အပြင်မှာ ကြားနေရသလိုပဲ အိပ်မက်ထဲမှာ ကြားနေရတယ် အဲ့ဒီလိုမက်တိုင်း ဘယ်နေရာလဲတော့ မသိဘူး ငါ့စိတ်ထဲမှာ လူတွေ အများကြီးရှိတဲ့နေရာထဲကို ရောက်နေသလိုပဲ အဲ့ဒီ လိုလူတွေကလဲ တကယ့်လူအစစ်တွေလိုလဲ မဟူတ်ဘူး တစ်ခုခု ထူးခြားနေတယ် ´´ '``ဟုတ်ပါ့မလား´´ ``နင်မယုံလဲနေပါ ဒါက နင်မှ မဟူတ်ပါဘူး ဘယ်သူမှ ယုံနိုင်မဲ့ အိပ်မက်မျိုးမှ မဟူတ်တာ အော် ဒါနဲ့ နင့်အဖေက အထက်လမ်းလိုက်နေတာမဟုတ်လား ဒီသော့လေးကို ပြကြည့်ပါလား´´ `` ဟာ နင်ကလဲ သော့ကို ပြလိုက်လို့ တို့အစီအစဉ်တွေ သိကုန်မှ ဟူတ်ပါ့ဖြစ်နေမယ်´´ ``ဒါလဲ ဟုတ်တာပဲ ´´ ``ခဏပြစမ်း ငါ ကိုင်ကြည့်မယ်´´ ကျွန်တော်က အထက်ဂိုဏ်း ဆေးတတ်ထားတယ်။ ဘာတွေထူးခြားသလဲတော့ မသိ ဆေးစက်လေးတွေက စေတီပုံ လေးတွေ ဆိုတော့ သဘောကျလို့ အဖေ့ကို ထိုးခိုင်းထားတာ ကျွန်တော်မျှားကလေးဆီက သော့ကို လှမ်းယူလိုက်တယ် ကျွန်တော့လက်ထဲ ဖျင်းကလဲ ဖြစ်သွားပြီး ``ဟာ နင်ကလဲ သော့လေးတောင် အောက်ကျအောင် ယူရတယ်လို့ ရော့´´ ကျွန်တော့လက် ဖျင်းကနဲ့ဖြစ်သွားတာကို မျှားကလေးကမသိ ကျွန်တော့ကိုသာ အပြစ်ပြောတော့သည်။ ကျွန်တော် မျှားကလေးပြန်ကောက်ပေးတဲ့သော့ကို ယူပြီး သေချာ ကြည့်တယ် သော့က ထူးခြားတယ် သော့တံတစ်ချောင်းလုံးမှာလဲ စာတွေ ရေးထားသလိုပဲ နှစ်အတော်ကြာပြီနဲ့တူတယ် သံချေးတွေတောင် တတ်နေခဲ့ပြီ ``ဟဲ့ ဘာတွေ တွေးနေတာလဲ ´´ ``ဟမ် အော် သော့က ထူးခြားတယ်ဟ ငါတွေးကြည့်နေတာ ဒါနဲ့နေပါဦး ခြံကဘယ်နားမှာ ရှိတာလဲ နင်ရော လမ်းသိပါ့မလား ´´ ``ခြံက …………မြို့အလယ် တည်တည့်ပဲ ငါသွားတတ်တယ် ငယ်ငယ်က ငါ့ဒေါ်လေးနဲ့ တစ်ခေါက် အိမ်အရောင်းဝ်လုပ်မလို့ဆိုပြီ ခေါ်သွားလို့ ခြံရှေ့ထိတော့ ရောက်ဘူးတယ် နင်ကလဲဟာ ဘာတွေ ပူနေတာလဲ ပါးစပ်ပါရင် ရွာရောက်ပါတယ်´´ ``ရွာရောက်တော့ ရွာလည်မှာ ဆိုးတာဟ´´ နှစ်ယောက်သား စကားပြောကြရင်း ည၇နာရီထိုးတော့ ကျနော့ကို မျှားကလေးနှုတ်ဆတ်ပြီး အိမ်ပြန်ခဲ့ချေပြီ ကျွန်တော် တစ်ညလုံး စဉ်းစားမရ အိပ်လို့လဲ မပျော် သော့ကိုသာ မျက်စိထဲပြန်မြင်နေပြီး လက်ဖျင်းကနဲဖြစ်သွားတာကို ပြန်တမ်းတနေမိတယ် ``ဟေ့ယောင် ထီးကလေး ဟေ့ယောင် ထတော့ ´´ ``ဟင် ၈ နာရီပဲရှိသေးတယ် ´´ ကျတော့အိပ်ခန်းကို လာနှိုးသူက လမ်းကလေး ``ဦးနဲ့အန်တီ ငါ့ကိုသွားနှိုးဆိုလို့ငါလာနှိုးတာ ထတော့ နက်ဖြန် တို့ခရီးထွက်ဖို့လိုအပ်တာတွေ သွားဝယ်ရောက်အောင် ´´ ``အေးအေး ငါ မျက်နှာသစ် နေတုန်း မင်း ဟိုသုံးကောင်ဆီ ဖုန်းဆက်ထားလိုက်´´ ကျွန်တော့မျက်နှာသစ်ပြီးတော့ အောက်ထပ်စင်းလာခဲ့တယ် ``ဟင် တန်ခိုး မင်းလက်က ဘာဖြစ်တာလဲ´´ ``မသိပါဘူးကွာ ငါ့ဦးလေးပြောတာတော့ ပင့်ကူးရှက်လို့ ယောင်နေတာလို့ပြောတာပဲ ´´ ``အမယ်လေး ဖြစ်ရတယ် တန်ခိုရယ် ´´ ``မင်းကားမောင်းနိုင်မှာ မဟုတ်ဘူး ငါပဲ မောင်းမယ် လာအခု တို့ပလာဇာ သွားပြီး လိုအပ်တာတွေ ဝယ်ရမယ်´´ ပလာဇာ ရောက်တော့ ငါးကလေးက သူ့အိမ်မှာမရှိတဲ့အတိုင်းပဲ တရားစာအုပ် ပရိတ်စာအုပ်တွေ ဝယ်လို့ တန်ခိုးကတော့ နည်းနည်းသောက်တတ်တော့ ဘီယာတွေဝယ်တယ် လမ်းကလေးကတော့ အစားအသောက်သမား မျှားကလေးကတော့ အထွေထွေ လိုအပ်တာတွေ ဝယ်တယ် ။ ကျနော်လဲ စားဖို့သောက်ဖို့ပဲ လိုအပ်တာတွေ ဝယ်စုပြီး လူစုခွဲ အိမ်ပြန်ကြပြီး။ မနက်ဖြန်က ကျွန်တော်တို့လေ့လာရေး ခရီးစဉ် ထွက်ကြတော့မည်လေ ………



မနက်ဖြန်ဆို အလွတ်လပ်ဆုံး ခရီးစဉ်ကို ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့သွားရတော့မယ် ။ပျော်တဲ့စိတ်နဲ့အတူ ကျနော် အိပ်မပျော်နိုင် ကျန်တဲ့သူငယ်ချင်းများလဲ ဖုန်းဆက်ကြည့်တော့ ဒီအတိုင်းပါပဲ ကျွန်တော်ကြိုတင် တွေးတော ပျော်နေမိပြီ  ဒီလိုနဲ့ပဲ ည ၂နာရီလောက်မှာ ကျနော် အိပ်ပျော်သွားခဲ့တယ်။ ``!!#$$%&==%(&=@=%=´´ ဖုန်းမည်သံကြားလို့ ဖုန်းနံပါတ် အိပ်ချင်မူးနဲ့ကြည့်လိုက်တော့  ``အေး မျှားလေးပြော နင်ရောက်နေပြီလား´´ ``ငါ့အဖေ အခုလေးတင်ပဲ နှလုံးအောင့်လို့ ဆေးရုံတင်လိုက်ပြီ ငါအခု ဆေးရုံကနေ နင်တို့ဆီ အကြောင်းကြားနေတာ´´ ``ဟင် ဦး……ဦး ဘာဖြစ်တာလဲ´´ ``မသိဘူးဟ အိပ်နေရင်း အောင့်တယ် အောင့်တယ် ပြောလို့ ဆေးရုံတင်ထားတယ် ´´ ``အေးအေး ငါအခုပဲ လာခဲ့မယ် ´´ ပြောပြီး ကျွန်တော် နာရီ ကြည့်လိုက်တော့ မနက် ၅ နာရီ ၃၀ ကျွန်တော် မြန်မြန်လေး မျက်နှာသစ်လိုက်တယ် သူငယ်ချင်းတွေ အားလုံးခေါ်ပြီး ဆေရုံကို လိုက်သွားခဲ့ပြီ ဆေးရုံရောက်တော့ ကုတင်ပေါ်မှာ မျှားကလေးရဲ့ အဖေကို တွေ့လိုက်ရတယ် ဘေးမှာ မျှားလေးနဲ့အတူ သူ့မေမေ ``လာလာ သားတို့ ထိုင်ကြ´´ ``ဦး သတ်သာရဲ့လား အန်တီ´´ ``ဆရာဝန်ကြီးကတော့ ပြောတယ် သားရေ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူးတဲ့ ရုတ်တရက် နှလုံးလေဟပ်သွားတာ´´ ``တော်သေးတာပေါ့´´ ``သားတို့သမီးတို့ ဒီနေ့ ခရီးထွက်မယ် မဟူတ်လား ပြင်ဆင်ကြတော့လေ ´´ ``ဟုတ် အန်တီ ကျွန်တော်တို့ မုန့်သွားစားမလို့ဦးလဲ သတ်သာနေပြီဆိုတော့ မျှားလေးကို ခဏခေါ်သွားမယ်နော်´´ ``အေးအေး ´´ ဆိုင်တစ်ဆိုင်မှာ ကျွန်တောတို့ ၅ယောက်ထိုင်ဖြစ်ကြတယ် ။တန်ခိုးက ``မျှားလေး နင့်အဖေ နေမကောင်းဘူးဆိုတော့ တို့ ဒီနေ့အစီအစဉ်ကို ရွှေ့လိုက်မလား´´ ``ဟုတ်တယ် တန်ခိုး မင်းပြောတာ ကောင်းတယ်´´ လမ်းကလေးနဲ့ ငါးလေးက ထောက်ခံလိုက်တယ် ကျွန်တော်က ``ဟုတ်တယ် မျှားလေး မနက်ဖြန်မှပဲ တို့သွားကြတာပေါ့လေ ဦးကလဲ အခုမှ နေကောင်းခါစဆိုတော့ ´´ ``အေးပါဟယ် နင်တို့သဘောပါ ငါ့ကြောင့် အစီစဉ် ရွှေ့လိုက်ရတာ နင်တို့ကိုလဲ အားနာမိတယ်´´ ``ဘယ်ဟုတ်ပါ့မလဲဟာ တို့တွေက မောင်နှမတွေလို ချစ်ကြတဲ့သူငဟ်ချင်းတွေပဲ´´ ကျွန်တော်ရဲ့ စကားအဆုံးမှာတေတ့ အစနောက်သန်တဲ့လမ်းကလေးက ``ဟုတ်တာပေါ့ တန်ခိုးရ မင်းအရေးကလဲ ငါ့အရေးပဲ မင်းပြသနာကလဲ ငါ့ပြသနာပဲ မင်းမိဘလဲ ငါ့မိဘပဲလေ အော် ကျန်သေးတယ် မင်းကောင်မလေးလဲ ငါ့ကောင်မလေးပဲနော်´´ လမ်းကလေးရဲ့ စကားကြောင့် ငြိမ်သတ်နေတဲ့ ကျနော်တို့ဝိုင်းလေး ရယ်သံလေးတွေ ထွက်ပေါ်လာပါတော့တယ်။ အားလုံးစားသောက်ပြီး ဆေးရုံခဏဝင်တယ် ပြီးတော့ ကိုယ်ဆီ လမ်းခွဲ အိမ်ပြန်ခဲ့ကြပြီ နေ့လည် လမ်းကလေး ကျွန်တော့ဆီ ရောက်လာပြီး  ``ထီးလေး ဟိုအိမ်ကြီးကိုသွားတာတော့ ဟုတ်ပါပြီ တကယ် သရဲခြောက်တယ်ဆိုရင် တို့တွေ ဘာလုပ်ကြမလဲ´´ ``တစ္ဆေတစ်ကောင်ရဲ့မျက်နှာကို တို့တွေ မြင်ဘူးသွားတာပေါ့ လမ်းကလေးရာ´´ ``ဟုတ်တယ်နော် ငါတို့တွေ့ဖူးနေတဲ့သရဲပုံတွေထဲ ကလိုမျိုး ရုပ်ဟူတ် မဟူတ် တို့တွေ သေချာသိနိုင်မှာ´´ `>>>>>>><<<<<<<´´ ဖုန်းသံမည်လာတော့ ``ငါးလေးပြော မင်းအခုဘယ်မှာလဲ´´ ``အေး တို့တွေ ဆုံနေကြဆိုင်ကို ညနေ၅နာရီလောက် တို့တွေဆုံရအောင်လို့ ခရီးအတွက် ပြင်ဆင်ချိန် နည်းနည်းပိုရတာပေါ့´´ ``အေးအေး ငါတို့လာခဲ့မယိ´´ နွေရာသီရဲ့ညနေဆည်းဆာလေးက သာယာလိုက်တာ ကျွန်တော်တို့ဆုံနေကြဆိုင်လေးမှာ ဆုံဖြစ်တော့  မျှားလေး အဖေ သတ်သာသွားကြောင့် သိခဲ့ရပြီ ပြီးတော့ မျှားလေးက  ``တို့အခုသွားမယ့် နေရာက လွတ်လပ်တယ် ဒါပေမယ့် တို့တွေဆီမှာ ခေါင်းဆောင်ဦးတည်မယ့်သူတစ်ယောက်တော့ လိုတယ် ´´ မျှားလေးရဲ့စကားကို ငြင်းပယ်သူမရှိ ``ဒီတော့ တန်ခိုး နင် ခေါင်းဆောင်မလား´´ ``ဟက်အေး ငါ တာဝန်မယူချင်လို့မဟုတ်ပါဘူး ခေါင်းဆောင် တာဝန်ကို ငါယူပါ့မယ် သို့ပေမယ့် ခေါင်းဆောင်တော့ မလုပ်ချင်ဘူး ´´ ``ဒါဆို လမ်းကလေး နင်ရော´´ ``ငါ့မမေးနဲ့အကောင်းဆုံးက တို့သွားမယ့် ခရီးက နင်ပြောပုံအရ တစ္ဆေခြောက်တယ် ဒီတော့ အထက်ဂိုဏ်းနဲ့ပတ်သတ်နေတဲ့ ထီးကလေးကို ခေါင်းဆောင် ပေးလိုက်မယ် အားလုံးသဘောတူလား´´ ``ထီးကလေးဆို ဘာပြောစရာရှိမှာလဲ သူဦးတည်ရာကိုပဲ တို့တွေအားလုံး လိုက်ကြမယ် ဒါဆို တို့တွေ အားလုံး ၅ကိုယ် ၁စိတ် ဖြစ်ပြီးပေါ့´´ ငါးကလေးနဲ့အတူ  အားလုံးက ကျွန်တော် မငြင်းနိုင်လောက်အောင် ဝိုင်းပြောတော့သည်။ ``ကဲ ဒါဆို တို့တွေအတွက် ရက္ခာတွေ ပြည့်စုံပြီးနော် လိုအပ်မယ့် ပစ္စည်း အစားသောက်တွေ အဝတ်စားတွေလဲ အဆင်သင့်လုပ်ပီးပီ ဆိုတော့ တို့တွေ မနက် ၅နာရီ တန်ခိုးတို့အိမ်မှာ ဆုံကြမယ် ´´ ``တန်ခိုး မင်းကားကို စစ်ထားရဲ့လား´´ ``ငါးလေးရာ စစ်စရာမလိုအောင် ကောင်းပြီးသားကွ ငါ့ယောက်ဖ လက်ထွက်´´ စကားမစပ် မျှားကလေးက  ``ငါ့ညီမ ဝမ်းကွဲလဲ မနက်က အဖေအကြောင်းကြားပြီး ရောက်နေတယ်ဟ သူ့ပါ ငါခေါ်မှာနော် ဟိုရောက် ရင် မိန်းကလေးဆိုလို့ ငါတစ်ယောက်တည်းဖြစ်နေမှာ ´´ ``အေးအေး ကောင်းတဟ် မျှားလေး နင်လဲ အဖော်ရတာပေါ့´´ ``ဒီလိုလုပ်ပါလား လမ်းကလေး´´ ``မင်းညီလေးလဲ လိုက်ချင် ခေါ်လာခဲ့ပါလား တို့တွေ လူများတော့ ပျော်စရာ ပိုကောင်းတာပေါ့´´ ``ဒါဆို ငါ့အစ်မပါ ခေါ်လိုက်မယ်လေ´´ ``ခေါ်ခဲ့လေ ငါးလေးရ မင်းအစ်မ မဖြူဆိုတာ တို့နဲ့ ငယ်တည်းက သူငယ်ချင်းပေါင်းနေကြတာ ဘာပြောစရာ ရှိမှာလဲ ခေါ်ခဲ့´´ ``ငါ့ညီတော့ မခေါ်တော့ဘူးကွာ ဒီကောင်က ချီးထုတ်´´ ``ကဲ ကောင်းပြီး ဒါဆို တို့တွေ အားလုံးပေါင်း မိန်းကလေး ၃ ယောက် ယောကျားလေး ၄ ယောက် အရမ်းပျော်ဖို့ကောင်းမယ့် ခရီးစဉ်ပဲဟေ့´´ အားလုံးကြိုတင် ရင်ခုန်ခြင်းများနဲ့ အတူ မနက်ဖြန် မြန်မြန်ရောက်အောင် ဒီည စောစော အိပ်လိုက်တော့မယ်  ***************-************* မနက် ၄နာရီ ကျွန်တော် နိုးနေခဲ့ပြီ ရေချိုး မျက်နှာသစ်ပြီးတော့ ၄ နာရီ ၃၀ ဖေဖေနဲ့မေမေကို နှုတ်ဆတ်ပြီး တန်ခိုးအိမ်သို့ ကျွန်တော် ဦးတည်မည်အလုပ် အဖေနဲ့အမေက  ``သား အစစ အရာရာ ဂရုစိုက်နော် ချောင်းသာဆိုပြီး သွားချင်တဲ့နေရာတွေလဲ လျောက်သွားမနေနဲ့ဦး ဟိုရောက်လဲ ဖုန်းဆက်ဦး ´´ ``ဟုတ် စိတ်ချပါမေမေရ သားကလေးမဟုတ်တော့ပါဘူး ´´ ``အေးပါ ရော့ သား မင်းအတွက် လက်ဖွဲ့ ´´ ``ဒါက ဘယ်နေရာမှာ အသုံးဝင်လဲ ဖေဖေ ´´ ``အဓိဂကတော့ လူချစ်လူငယ်ပေါတယ် ဒီလောက်ပါပဲ သွားပါ ´´ ``ဟုတ် ဖေဖေ ကျေးဇူးပါ´´ အဖေက လက်ဖွဲ့တစ်ခုပေးတယ်။ ကျွန်တော် ကျောပိုးအိပ်ထဲ ထည့်လိုက်ပြီး ခေါင်းရင်းအိမ်က လမ်းကလေးကို ဝင်ခေါ်ခါ တန်ခိုးအိမ်သို့ ခြေဦးတည်ခဲ့ပြီ  ``ဟော့ ဟိုမှာ လာပါပြီတော် ငထီးနဲ့ငလမ်း´´ ``မင်းတို့ ဝီရိယ ကောင်းလှချည်းလား´´ ``ကောင်းပါ့ကွာ ငါးကလေးဆို ငါ့ဆီ မနက် ၄နာရီထဲကရောက်နေတာ ´´ ``အော် ဒါနဲ့ဒါ ငါ့ညီမ ဝမ်းကွဲ သူဇာဝင်းလို့ခေါ်တယ်´´ ``သူဇာရေ သူက ထီးကလေး တို့အဖွဲ့ရဲ့ခေါင်းဆောင်ပေါ့ သူက လမ်းကလေး သူက တန်ခိုး သူက ငါးကလေး ဒီအစ်မက ငါးကလေးရဲ့ အစ်မ မဖြူတဲ့သူက တို့လိုပဲ ´´ ``ဟုတ်ကဲ့ရှင့် တွေ့ရတာ ဝမ်းသာပါတယ် ´´ သိပ့်မွှေးလှတဲ့ မျှားကလေးရဲ့ ညီမပါ ကျွန်တောတို့ခရီးစဉ်မှာ အတူ ပျော်ပျော်ပါးပါး လိုက်ပါလာချေပြီ။ ကျွန်တော်တို့ ရန်ကုန်ကနေ ထွက်လာတော့ မိုးတောင် စင်စင်လင်းနေပြီ ဆိုင်တစ်ဆိုင်မှာ မနက်စာ အတူတူ စားဖြစ်တယ်  ``မျှားလေး အိမ်သော့က နင့်ဆီမှာနော်´´ ``ဟုတ်တယ်လေ ဒီမှာ ´´ ``ပြီးရော တော်ကြာ အိမ်သော့မပါပဲ ဖြစ်နေမှာဆိုးလို့´´ ``¥¥¥¥¥¥¥¥®®®®®®´´ ငါးကလေးအစ်မရဲ့ ဖုန်းမြည်သံ  ``ခဏနော် အစ်မ ဖုန်းပြောလိုက်ဦးမယ် ´´``ပြောပြော မဖြူရေ ´´ မဖြူ ဖုန်းပြောပြီး ကျွန်တောတို့ဆီ ပြန်လာတော့ ``ကလေးတို့ရေ အစ်မ မန်နေဂျာက အရေးကြီးလို့ အလုပ်ကို မြန်မြန်လာပါတဲ့´´ ``ဟာဗျာ အစ်မ ခွင့်တိုင်ထားတယ် မဟုတ်လား´´ ``ဟူတ်တယ် ငါ့မောင်ရေ မတတ်နိုင်ဘူး အစ်မတော့ မင်းတို့ချောင်းသာနဲ့ဂွမ်းပီ ပြန်ဒိုးရတော့မယ်´´ ``အစ်မက ဘာနဲ့ပြန်မို့လဲ ´´ ``ကျနော် ပြန်လိုက်ပို့ပေးမယ်လေ´´ ``ရပါတယ်ဟယ် အစ်မ အဝေးပြေးကား တစ်စီးစီး တားစီးသွားမယ် တော်ကြာ ကလေတွေကို မကူညီနိုင်တဲ့အပြင် ဒုက္ခပေးမိနေဦးမယ် ´´ မဖြူပြန်မယ်ဆိုတာကိုတော့ တားမရနိုင်တော့ပါ ခရီးစဉ်ကိုလဲ အပျက်မခံနိုင်တာကြောင့် အဝေးပြေးကားပဲ တာစီးတော့မယ်ဆိုတဲ့ မဖြူရဲ့ အပြောကို ကျွန်တော်တို့ ဥပေက္ခာပြုထားလိုက်တော့သည်။  **************************** ``ကဲ အားလုံးပဲ စားသောက်ပြီး ခရီးဆက်ကြမယ် ငါးလေး မဖြူကို တို့ ပြန်လိုက်မပို့ပေးနိုင်တာ မင်းနားလည်ပေးပါနော် ´´ ``ဟာ ထီးကလေး မင်းကလဲ မဟုတ်တာ ငါ့အစ်မကြောင့် မင်းတို့စိတ်အနှောက် ယှက်သွားမှာကို ငါက တောင်းပန်ရမှာ ထားလိုက် သူ့အတွက် သူကအေးဆေးတို့ပဲ ခရီးဆက်ကြရအောင်´´ တစ်ဖွဲ့လုံးနားလည်မှု့ယူပြီးနောက် လိုရာခရီးသို့ ဆက်ကြပြီ တန်ခိုးက  ``ထီးလေး ငါ ကားဆက်မမောင်းနိုင်တော့ဘူးကွ လက်က ပြန်ကိုက်လာပြန်ပြီ´´ ``မင်း အယောင်က မကျသေးပဲကို ကဲ ဖယ် ငါမောင်းမယ်´´ မောင်းလက်စ ကားကို ရပ်ပြီး ကျနော် မောင်းပါတော့သည်။ လမ်းတစ်လျောက်လုံး မျှားကလေးညွှန်ရာသို့ ကျွန်တော် မောင်းနှင်လာခဲ့တယ် ။  ``မမ ညီမလေးတို့က ချောင်းသာဆို အခု အစ်ကိုထီးလေးမောင်းနေတဲ့လမ်းကျောနဲ့ တစ်ခြားဆီပဲလေ´´ သူဇာက မျှားကလေးကိုမေးလိုက်တော့ ``ချောင်းသာသွားမှာ မဟုတ်ဘူး သူဇာရ တို့ငယ်ငယ်ကြားဘူးတဲ့ မြို့လယ်က ခြံကြီးမှာ သွားအနားယူမလို့ ´´ ``အော် ဟုတ်တယ် ဖိုးဖိုးရှိတုန်းကဆို အဲ့ခြံကြီးက သာယာတဲ့အကြောင်း ခဏခဏပြောတာ ကြားဘူးတယ်´´ ``ဟင် မျှားကလေး´´ တန်ခိုးက မျှားကလေးနာမည်ကို တမ်းတလိုက်သည်။ မျှားကလေးပြောတော့ တစ္ဆေ ခြောက်တယ် ။သူဇာပြောတော့ သာယာတဲ့အကြောင်း  ဘာပဲ ဖြစ်ဖြစ်လေ ဟိုရောက်ရင်တော့ တိတိကျကျ သိရမှာပေါ့  ကျွန်တော့တို့ခရီနှင်လာတာ နေ့လည်စာစားချိန်တောင် ရောက်လာခဲ့ပြီ နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာစားပြီး မဆုံးသေးတဲ့ ခရီးကို ဆက်မောင်းနေရသူက ကျွန်တော် ထီးကလေးပေါ့  ``မျှားလေး ရောက်ဖို့တော်တော်လိုသေးလား´´ ``သိပ်မလိုတော့သလိုပဲ´´ ``ဟင် ဘာကြီးတုန်းဟ နင်သေချာမသိဘူးလား´´ ``သိတော့ သိတယ်ဟ ငါငယ်ငယ်ကရောက်ဖူးတဲ့ပတ်ဝန်းကျင်နဲ့အခု ပတ်ဝန်းကျင်နဲ့ နည်းနည်းပြောင်းလဲ နေသလားလို့ ´´ ကျွန်တော်လဲ မောင်းလက်စကားကို ထိုးရပ်ပစ်လိုက်တယ်။ ``ကား ဘာဖြစ်တာလဲ´´ အားလုံးက မေးကြတော့သည်။ ``ကား ဘာမှ မဖြစ်ဘူး ဖြစ်တာက ငါ   အပေါ့သွားချင်လို့´´ ``ဟာ သွားသွား´´ ပေ၁၀၀ လမ်းမရဲ့ ပတ်ဝန်းကျင်က အထီးကျန်ဆန်လှသော်လဲ တစ်နည်းအားဖြင့် လွတ်လပ်မှု့တွေ စုစည်းထားတဲ့နေရာလို့ဆိုရင် မလွဲနိုင်ချေ။ ကျွန်တော် အပေါ့သွားပြီး ကားရှိရာသို့ပြန်လာပြီး လိုရာ ခရီးသို့ ဆက်လာတာ နေ့လည် ၃ နာရီ ၃၀  ``ဟာ မှတ်မိပြီ မှတ်မိပြီ သိပ်မလိုတော့ဘူး အရှေ့နားဆို မြို့ထဲ ရောက်ပြီ´´ ``သေချာတယ်နော် မျှားကလေး´´ လမ်းကလေးက မယုံသော လေသံဖြင့် မေးလိုက်တယ်  ``သေချာပါတယ်ဟ ဒီသစ်ပုတ်နားမှာ ဒေါ်လေး ကားပျက်ခဲ့တာ ငါမှတ်မိတယ် ´´ နှစ်အတန်ကြာနေပြီ ဖြစ်တဲ့ သစ်ပုတ်ပင်ကြီးကို အဝေးမှ လှမ်းမြင်နေရသည့်က လွမ်းမောစဖွယ်  ``ဟုတ်တယ် ထီးလေးမောင်း အာ့သစ်ပုတ်ပင် ကျော်တာနဲ့ သချိင်္ု င်္င်းတစ်ခုရှိတယ် အာ့နေရာကျော်သွားရင် အိမ်ကြီးဆီရောက်ဖို့ လယ်ကွက် ၄ခုဖြတ်ရမယ် အာ့တာဆိုရောက်ပြီ´´ တစ်ဖွဲ့လုံးပြုံးပျော်ရွှင်နေသော လေသံများဖြင့်  ``ပျော်လိုက်တာကွာ မြို့ပြနဲ့ဝေးလာတာနဲ့အမျှ လေတွေကို လတ်ဆတ်နေတာပဲ အေးနေတာမှ မိုက်ရော´´ ပေ၁၀၀လမ်းမ ဘေးပတ်ဝန်းကျင်တွေမှာတော့ လယ်ကွင်းတွေသာ တွေ့ရသည်။ သစ်ပုတ်ပင်ကြီးကို နီးနီးလေးသာထင်ရပေမယ့် တကယ်တမ်းကျတော့ တော်တော်လေးကို မောင်းနေရတယ်။  တဖြည်းဖြည်းမောင်းလာတာ ညနေ ၅နာရီ နေရောင်လေး က ပူနွေးနွေး   ``ဟ ကားဘာဖြစ်တာလဲ ´´ ``ဟင် တန်ခိုး ကားစက်ရပ်သွားပြီကွ ´´ ``ဘာမှ မပူနဲ့ ကားပွဲစားသား ငါးကလေးပါတယ် ´´ ငါးကလေးကတော့ ကားအကြောင်းရင်းနှီးပြီးသားသူမို့ ကျွန်တော်တို့ နည်းနည်းစိတ်အေးရပြီ ကားပေါ်က အားလုံးစင်းပြီး  ``ဖြစ်ပြီပေါ့ မင်းတို့က လူပဲ ရေသောက်တယ် ကားမှ ရေမသောက်တာ အခုဆီပိတ်ပြီ´´ ``အာ့တာ ဘယ်လို လုပ်ရမလဲ ´´ ``ငါက ပြသနာပဲသိတာ အဖြေမသိဘူး´´ ``ဟာ သွားပြီး ရောက်ခါနီးနေမှ ဟိုးမှာ တွေ့လား ပြပြလေးမြင်နေရတဲ့ သင်္ချိုင်းအဟောင်းကျော်တာနဲ့ အိမ်ကြီးဆီ ရောက်တော့မှာ ´´ ``အခု ဘယ်လို လုပ်ကြမလဲ ´´ ``ငါလဲ မသိတော့ဘူး ´´ ``လုပ်ကြပါဦး တစ်ခုခုကြံကြပါဦး´´ ``ဟေ့ယောင် ငါးလေး လုပ်ကြည့်ပါဦး´´ ``ငါမလုပ်တတ်ဘူး ဆီပိတ်တာတောင် ငါ့အဖေနဲ့တစ်ခါပဲ သူပြောလို့ သိနေတာ ဘယ်လို လုပ်ကမလဲ ငါမသိဘူး တကယ်ပြောတာပါကွာ´´ ``ဘာမှ ပြောမနေကြနဲ့တော့ ဒီနားမှာပဲ အကူညီ တောင်းရတော့မယ် ´´ ``လုပ်ပါဦးဟ မှောင်တော့မယ် ´´ ``ဘာမှ မပူပါနဲ့ ဒီနားက ရွာတွေက မနက်ဆို ထော်လာဂျီနဲ့ မြိုးတတ်ပြီး ဟင်းသီးဟင်းရွက် သွားရောင်းကြတယ် အဆင်မပြေရင်တော့ မနက်ထိစောင့်ရမှာပဲ ´´ ``ဟင် မမ ဒါဆို သူဇာတို့က ဒီည လမ်းပေါ်မှာ အိပ်ရတော့မှာပေါ့´´ ``မတတ်နိုင်ဘူး သူဇာရေ ဒီလိုပဲ စခန်းသွားရတော့မယ် ´´ ``ဖုန်းတွေလဲ ဆက်မရဘူး လိုင်းကိုပျောက်နေတာပဲ´´ ``အေးပါဟာ မထူးပါဘူး ဒီလိုပဲ အကူညီရအောင် ဆက်စောင့်နေလိုက်ကြတာပေါ့´´ တစ်ယောက်တစ်ပေါက်နဲ့ပြောလာလိုက်ကြတာ မှောင်ရီပျိုးစချိန်တောင် ရောက်လာပြီ အခုထိ ခွေးတစ်ကောင် ကြောင် တစ်မြှီးတောင် အကူညီ ရှာမရ  မထူးပါဘူး မျှားကလေးပြောသလို မနက်ကျရင်တော့ အကူညီရမှာပဲလို့ တစ်ဖွဲ့လုံးတွေးပြီး မနက်ဖြန် မြန်မြန်ရောက်အောင်ပဲ မျှော်နေလိုက်တော့သည်။။။


တဖြည်းဖြည်း အမှောင်ထုက အုပ်စိုးလာခဲ့ပြီ တစ်ဖွဲ့လုံးရဲ့ မျက်နှာမှာလဲ အပျော်စိတ်လေးတွေက ပျောက်ကွယ်လုနီးပါ ``ထီးလေး ငါ့အပြစ်ပါကွာ ငါ  ကားကို သေချာ မစစ်ခဲ့မိတာ ငါ့အမှားပါကွာ ငါ့ကို မင်းတို့ ခွင့်လွတ်ပေးကြပါ´´ ``ဟာကွာ တန်ခိုးမင်းကလဲ မင်းမမှားပါဘူးကွ ငါမှားတာပါ ကားကို မောင်းပြီး ငါ ဂရုစိုက်ဖို့မေ့နေခဲ့တာ´´ ``ထီးလေး တန်ခိုး မင်းတို့မမှားပါဘူးကွာ ငါကအသုံးမကျတာပါ ကားတွေကြားမှာ မွေးလာပြီး ကားလေး ဆီပိတ်နေတာတောင် ငါမလုပ်တတ်ခဲ့ဘူး ငါ့ကို ခွင့်လွတ်ပေးပါ´´ ``ကဲပါဟယ် နင်တို့ဘဟ်သူမှ မမှားပါဘူး ဒါက ဖြစ်တတ်တာပဲ ခရီးရှည်ဆိုတော့ ဒါမျိုးဖြစ်တတ်တာပဲဟာ နင်တို့ဘယ်သူမှ မမှားဘူး ´´ ``အေးပါ မျှားလေးရာ ဘာပဲဖြစ်ဖြစ်တို့အကူညီ တစ်ခုခုတော့ရမှ ဖြစ်မယ် ´´ ``ကဲ မှောင်လဲမှောင်နေပြီ ကားပေါ်ပြန်တတ် ညနေစာ စားပီးတစ်ခုခုကြံကြတာပေါ့လေ´´ ညနေစာစားပြီး နာရီ ကြည့်မိတော့ ၇ နှာရီ ၂၀ အမှောင်ထုက ကြီးထက်ကြီးလာပြီ။ဆောင်းတွင်း အငွေ့သတ်လေးက လက်ကျန်ရှိသေးတော့ နေ့ဘက်ပူပြင်းသလောက် ညဘက်မှ အေးစိမ့်စိမ့်လေးတော့ ကျန်နေသေး။ အထီးကျန်ဆန်နေတဲ့အဝေးပြေးလမ်းကြီးမှာ ကျွန်တော်တို့ကားလေးတစ်စီးသာ ထင်ထင်ရှားရှား တည်ရှိနေ သူငယ်ချင်းတွေကတော့ ခရီးပင်ပန်းမှု့ကြောင့် တစ်ချို့တစ်လေက ငိုက်နေခဲ့ပြီ ကျွန်တော် ကားတံခါးကို ဖွင့် ခြေလှမ်းလေး ချမလို့အလုပ် ``ထီးလေး ဘယ်သွားမို့လဲ´´ တန်ခိုးရဲ့ မေးခွန်းကို ကြားလိုက်ရပြီ ``ပတ်ဝန်းကျင်အခြနေလေး လေ့လာမလို့ကွ´´ ``ငါလဲ လိုက်မယ်´´ ``လာလေ´´ တန်ခိုးနဲ့အတူ ကျွန်တော် ကားပတ်ဝန်းကျင်ကို လျောက်ကြည့်နေတော့သည်။ ``တန်ခိုးရေ ပတ်ဝန်းကျင် အခြေနေကတော့ တွေ့တဲ့အတိုင်းပဲ ငြိမ်သတ်နေတာပဲ ကားအသွားလာလဲ ပျက်တယ်´´ ``အေးကွ မျှားကလေးပြောသလို မနက်ထိတော့ မြို့တတ်လာမယ့် ရွာသားတွေကိုပဲ မျှော်နေရတော့မှာပေါ့´´ ကျွန်တော်တို့နှစ်ယောက် စကားလက်ဆုံကြနေစဉ် ``ထီးလေးရေ ငါးလေးနဲ့မျှားလေးတို့ညီမနှစ်ယောက်ကတော့ အိပ်နေကြပြီ မင်းတို့ရော မအိပ်သေးဘူးလား´´ ``အိပ်မှာပေါ့ကွ ပတ်ဝန်းကျင် အခြေနေလေ့လာနေတာ´´ ``ဒါဆို ငါလဲ မင်းတို့နဲ့အတူ ဒီမှာ ရှိနေပေးမဟ်´´ ``အေးကောင်းတာပေါ့ လမ်းကလေးရာ´´ ၃ယောက်သားစကားတစ်ပြောပြောနဲ့နေလာလိုက်တာ အချိန်ကား ၁၁ နှာရီ ၃၀ ကျွန်တော် ဘေးကို ကြည့်လိုက်တော့ တန်ခိုးတစ်ယောက်က ဇာတ်ကျိုးပြီး အိပ်ငိုက်နေခဲ့ပြီ ။တန်ခိုးအိပ်ငိုက်နေတာကို စနောက်မလို့ မတ်တပ်ရပ် ကားကို မှီထားတဲ့ လမ်းကလေးကို မော့ကြည့်လိုက်တော့ သူက ငိုက်ပြီး ပါးစပ်က သရေတောင် ကျနေသေး။ တော်တော်အားကိုးရတဲ့ကောင်တွေ သူတို့လဲ ခရီးတစ်လျောက်လုံးပင်ပန်းနေကြပြီလေ သူတို့နှစ်ယောက်ကို ကျွန်တော် ကားထဲ ဝင်အိပ်ဖို့ပြောပြီး အပြင်မှာ ကျွန်တော်ထီးကလေး တစ်ယောက်တည်း ဆက်စောင့်နေလိုက်တယ်။ ၁၂ နှာရီ ၁၀ မိနစ်လောက်ကျတော့ ``နင်တို့ အဲ့ဒီ့ကို မသွားရင် ကောင်းလိမ့်မယ်နော် ´´ ကားပြတင်းပေါက်ကနေ အသံတစ်ခုထွက်ပေါ်လာတာကို ကြားတော့ ကျွန်တော် ကြည့်လိုက်မိတယ် ``အော် သူဇာက အိပ်ရင်ယောင်တတ်တာပဲ ကြည့်စမ်းပါဦး ကလေးကျနေတာပဲ အိပ်မောကျလို့´´ သူဇာရဲ့ယောင်သံပါပဲလေ။ ကျွန်တော် တစ်ယောက်တည်း ကားပတ်ဝန်းကျင်မှာ ရှိနေခဲ့ပြီး။ထိုအချိန် မျှားကလေး တစ်ရေးနိုးလာပြီး ကျွန်တော့ဆီရောက်လာခဲ့တယ်ီ ``ထီးကလေး နင်အိပ်သေးဘူးလား´´ ``အိပ်ခါနီး ဘေးပတ်ဝန်းကျင်တွေကို လိုက်ကြည့်နေတာဟေ့´´ ``ရော့ ဒါလေး နင် ယူထားလိုက်´´ မျှားကလေး လက်လှမ်းပေးရာသို့ ကျွန်တော် ကြည့်လိုက်တော့ ``နင်ပဲ ယူထားလေဟာ နင်က အိမ်ပိုင်ရှင်ပဲ´´ ``ရော့ပါ နင်ပဲ ယူထားပေးပါ ငါ့ဆီမှာဆို မိတ်ကပ်ဘူးထုတ်တာနဲ့ပိုက်ဆံအိပ်ထုတ်တာနဲ့သော့ပါပျောက်နေမှာဆိုးလို့´´ ``ကဲ ဒါဆိုလဲ ပေးပေး´´ ကျွန်တော် မျှားကလေးဆီက သော့ကိုယူထားလိုက်တော့သည်။တစ်ခါကလိုတော့ လက်မှာ ဘာခံစားမှု့မှမရှိပါ ။ ကျွနိတော့ကို သော့ပေးထားပီး မျှားကလေးကတော့ ကားပေါ်တတ် ပြန်အိပ်လေတော့တယ်  ကျွန်တော်လဲ အိပ်ချင်လာတာနဲ့ ကားထဲ ပြန်ဝင်ပြီး သော့ကို ကျောပိုးအိတ်ထဲ ထည့်ထားလိုက်တယ် ။အရှေ့စူးစူးမှာ မြင်နေရတာက သစ်ပုတ်ပင်ကြီး အပေါ်က ဗျိုင်းအဖြူလေးတွေ တိတ်ဆိတ်လိုက်တာနော် ။ ***************************** ``ဟေ့ ထီးလေး ထတော့ဟ´´ ``ဟင် ……ဝါးးးးဟာ မိုးတောင် စင်စင်လေးနေပြီကို ´´ ``မျှားလေး အကူညီရပီလား´´ ``ဟက်အေး အခုထိတော့ ဘာမှ မတွေ့ရသေးဘူး´´ တန်ခိုးက စိတ်မရှည်သော လေသံများနှင့် ``ဟာကွာ ကြာပါတယ်ကွာ ထီးလေးမင်း မျက်နှာ ဆင်းသစ် ငါကားကို ပြန်စက်နှိုးကြည့်မယ်´´ ကျွန်တော်လဲ ရေသန့်ဘူးနဲ့ကားအောက် မျက်နှာ ဆင်းသတ်နေစဉ် ကားစက်နှိုးသံကို ကြားလိုက်ရတော့သည်။ ``````ဟေးးးးး´´´´´´´ တစ်ဖွဲ့လုံးရဲ့ပျော်သံတွေကို ကြားလိုက်ရတယ် ``ထီးလေးရေ ပြန်ကောင်းသွားပြီဟ´´ ``ပျော်လိုက်တာ´´ ``ကဲ အားလုံးပြန်တတ် ခရီးဆက်ကြမယ် ´´ ကားက ပြန်ကောင်းလာခဲ့ချေပြီ ``ကြည့်စမ်းပါဦး အခုကျတော့လဲ  ညကသူပျက်တာ မဟုတ်တဲ့အတိုင်းပဲ သွက်နေတာပဲ´´ မောင်းလာလိုက်တာ သစ်ပုတ်ပင်ကြီးကို ကျော်လာခဲ့ပြီ ။တော်တော်နှစ်ကြာနေခဲ့ပြီ ဖြစ်တဲ့အပင်အိုကြီးမှာ သမိုင်းကြောင်းတွေတော့ ရှိခဲ့ကြမှာပဲလို့ ကျွန်တော် တွေးမိတယ် ``ဟိုးမှာ တွေ့လား အခုမြင်နေရတဲ့ သချိင်္ုင်းအဟောင်း အဲ့ဒီ့ကို ကျော်ပီးရင် လယ်ကွင်း၎ ခုဖျက်ရမယ် ပြီးရင် အိမ်ကြီးကို ငါတို့လှမ်းမြင် ရတော့မယ်´´ ``မိုက်တယ်ဟေ့ အဲ့ရောက်ရင်တော့ အေးဆေးအနားယူလိုက်တော့မယ်´´ သချိုင်္င်းဟောင်းကြီးကိုတော့ တစ်ဖြည်းဖြည်းကျော်လာနိုင်ခဲ့ပြီ လယ်ကွင်း ၂ ခုကျော်ကျော်လောက်ကို ဖျက်ပီးနောက် ကားက တွန့်ဆုတ် တွန့်ဆုတ် ပြန်ပြန်ဖြစ်နေခဲ့တယ် ``ထီးလေး မောင်းရတာ အဆင်ပြေရဲ့လား ကားက ပျက်ချင်နေပြန်ပြီနဲ့ထင်တယ် ´´ ``ပျက်တော့မပျက်လိုက်ပါနဲ့ဟယ် ရှေ့နားဆို အိမ်ကြီးဆီ ရောက်တော့မယ်ဟ´´ ကားကို ကျွန်တော် ထိန်းမောင်းလာခဲ့ရပြီ ``ထီးလေး ဘယ်ဘက်ကို ချိုးလိုက် နည်းနည်းလေးဆက်မောင်း ဟိုးမှာတွေ့လား´´ မျှားလေး လက်ညိုးညွှန်ရာဆီ ကျွန်တော် ကြည့်လိုက်တော့ အုပ်အနီရောင်တွေနဲ့အိမ်ကြီးကို လှမ်းတွေ့လိုက်ရသည်။ ``ဟာ ရောက်ပြီဟေ့ အားလုံးပဲ ဟိုမှာ တွေ့လား ´´ ```ဟေးးးးးးးမိုက်တယ်ကွ ´´ အဝေးကနေ လှမ်းမြင်နိုင်တဲ့ အိမ်ကြီး အိမ်ကောင်းတစ်ခုပါပဲ လမ်းကြမ်းတာကြောင့် ကားမှာ တစ်ရွှေ့ရွှေ့မောင်းနှင်လာခဲ့တာ အိမ်ကြီးရဲ့ခြံရှေ့သို့ရောက်လာခဲ့ပြီ။   ။ ***************************** ``ကဲ ဆင်းကြဟေ့ ရောက်ပြီ´´ ``ဟာ မိုက်တယ်နော် အိမ်ကြီးက အကြီးကြီးပဲ ရှေးဆန်တယ်´´ ``ဟင် မျှားကလေး ခြံတံခါးက ပိတ်ထားတယ်လေ ဘယ်လိုဖွင့်မှာလဲ´´ ``ဟို သော့…´´ ``ဟာ ကြည့်ပါဦး ဒီသော့ဂလောက်နဲ့ဘာဆိုင်လို့လဲ ´´ ခြံတံခါးကို အထဲမှ သော့ခတ်ထားသည်။ ကျွန်တော်တို့လဲ ဘယ်လို ဖွင့်ရမှန်းမသိ တစ်ဖွဲ့လုံး ခြံထဲကို တစ်စေ့တစ်စောင့် လိုက်ကြည့်နေစဉ် `` ဟာ တူမရီး´´ ခြံထောင့်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ် ``ဟုတ် ဦးလေး ……ဦးလေးက ဘဟ်သူလဲ´´ ``ငါ့တူမရီးက ဦးလေးကို ဘယ်မှတ်မိပါ့မလဲ ဦးတင်အောင်လေ တူမရီးခပ်ငယ်ငယ်က ဆရာနဲ့တစ်ခါပါလာတယ် တူမရီး ၃ နှစ်အရွယ်လောက်တုန်းကပေါ့  ကြည့်ပါဦး ငယ်ရုပ်က မပျောက်ဘူး ပိုချောလာတယ် ´´ ဦးလေးက မျှားကလေး ငယ်ငယ်တုန်းက တွေ့ဖူးကြောင်း မျှားကလေးရဲ့အဖေက သူ့ဆရာဖြစ်ကြောင်းသိလိုက်ရသည်။ ``လာလာ ခြံထဲဝင် သူငယ်ချင်းတွေလဲ ပါလာတာပဲ လာမယ်ဆိုလဲ တူမရီးရယ် ဖုန်းတွေ ဘာတွေ ကြိုဆက်မှပေါ့ ဦးလေး လာကြိုမှာပေါ့ လာလာ ´´ ပြောပြောဆိုဆိုနှင့် ကျွန်တော်တို့ကို ခြံတံခါး သော့ဖွင့်ပြီး ဝင်ခိုင်းလိုက်တယ် အိပ်တွေ ကိုယ်ဆီနဲ့ခြံထဲဝင်လာခဲ့ပြီ ခြံထဲရောက်ရောက်ခြင်းပဲ တန်ခိုးက ``ထီးလေး လုပ်ပါဦးကွာ ငါ့လက် အရမ်းကိုက်နေပြီး လုပ်ပါဦး အားးး´´ ရုတ်တရက် တန်ခိုး လက်က ကိုက်ခဲလာပါတော့တယ် ``ပေးပေး မင်းအိတ်တွေ ပေး´´ ``လုပ်ကြပါဦးဟာ ငါ့လက်ကတော်တော်လေး ကိုက်နေပြီ´´ ``ဦးလေး လုပ်ပါဦး ကျွန်တော့လက် အရမ်းကိုက်နေပြီ ´´ ``ပြစမ်း ပြစမ်း ငါတူရီး လက်´´ ဦးတင်အောင်က တန်ခိုးရဲ့လက်ကို သေချာကြည့်ပြီး ``လာလာ အိမ်ထဲမှာ ငန်းဆေးရှိတယ် လိမ်းလိုက်ရင်း သတ်သာသွားလိမ့်မယ်´´ ခြံက တော်တော်လေးကျယ်ဝန်းလှတယ် အိမ်ထဲရောက်ဖို့တောင် ၅မိနစ်လောက် လျောက်နေခဲ့ရပြီ ။ ``တန်ခိုး မင်းလက်က တော်တော်လေး ကိုက်နေလား´´ ``ဟုတ်တယ် လမ်းလေးရ အိမ်ထဲရောက်ခါနီးလေး ပိုကိုက်လာလေ ဖြစ်သလိုပဲ ´´ ``လာပါ တူရီးရာ အိမ်ထဲရောက်လို့ ဆေးလိမ်းလိုက်တာနဲ့ မင်းလက် ချက်ချင်းသတ်သာသွားလိမ့်မယ် ´´ တစ်ခြံလုံး ပန်းတွေချည်းပါပဲ ပန်းခြံလိုမျိုး အလှပန်းတွေ စိုက်ထားတာ တွေ့ရတယ် အိမ်ရှေ့ တံခါးဝရောက်လာတော့ အပြင်ကနေ တံခါး သော့ခတ်ထားတာ တွေ့လိုက်ရတယ် မျှားကလေးက ``ထီးလေး သော့ပေး တံခါးဖွင့်ရအောင် ´´ ကျွန်တော့ဆီက သော့တောင်းတာနဲ့ကျွန်တော် နောက်ကျောမှာ ပိုးထားတဲ့အိတ်ထဲကနေ သော့ယူမလို့ဖွင့်လိုက်တော့ ``ဟာ´´ ``ဘာဖြစ်တာလဲ သော့ ပျောက်တာလား´´ ``မဟုတ်ဘူး ဒီမှာကြည့်စမ်း´´ ``ဟင် ´´ ကျွန်တော့ ကျောပိုးအိတ် အပေါ်ဘက်သော့ထည့်ထားတဲ့ အိတ်တစ်ခုလုံး မီးကျွမ်းထားသလို မီးကွင်းကြီးဖြစ်နေခဲ့ပြီ ``ထီးလေးရာ မင်းအိတ်မရှိလဲ ငါ့ဆီက ငှားပေါ့ကွ ငါပေးမှာပေါ့ အခုတော့ အဆုတ်ကြီးယူလာရတယ်လို့ ´´ ``ငါ အစုတ်ယူလာတာ မဟုတ်ဘူး လမ်းကလေးရ အသစ်စက်စက် ပဲရှိသေးတာ ´´ ``ဒါနဲ့ အိမ်သော့ရော´´ ``သော့ ကဒီမှာ သော့ရယ် ငါ့အဖေပေးလိုက်တဲ့ လက်ဖွဲ့ရယ် အပေါ်အိတ်ထဲမှာပဲ အတူတူထည့်ထားတာ ´´ ``ပေးပေး သော့ပေး´´ သူငဟ်ချင်းတွေကတော့ ကျွန်တော့ အိတ်ကို နဂိုတည်းက မီးကျွမ်းတယ်ပဲ ထင်ပြီး သိပ်ဂရု မစိုက်ကြဘူး တကယ်တော့ ကျွန်ောတ့အိတ်ဟာ အသစ်စက်စက် ``လုပ်ပါဟ တံခါးမြန်မြန်ဖွင့်ပါ ငါလက်ကတော်တော်လေး ကိုက်နေပြီ´´ ``ဟင် ဒါ တံခါးသော့မှ မဟုတ်ပဲ တံခါးသော့နဲ့က တစ်ခြားဆီပဲ´´ ``ဦးလေးကို ပြစမ်း တူမရီ´´ ``ဒီမှာ ဦးလေး´´ ``ဟာ ဒါ ဒီတံခါးသော့ မဟုတ်ဘူး ဒီသော့က ဆရာတစ်ခါပြလို့ ဦးလေးမြင်ဖူးတဟ် ဘယ်မှာ သုံးတာလဲတော့ မသိဘူး´´ ``ဟာ ဒါဆို ဘာနဲ့ဖွင့်ရမှာလဲ ´´ ``နေဦး နေဦး ဦးလေးမှာ သော့တစ်ချောင်းတော့ အပိုရှိမယ် ထင်တယ် ခဏနော် ဦးလေး သွားယူလိုက်ဦးမယ် ´´ ``မြန်မြန်လာပါဦးလေးရယ် ကျွန်တော် လက်က တော်တော်လေး ကိုက်နေလို့´´ ဦးတင်အောင်က ပြောပြီး ခြံထောင့်ကို အပြေးထွက်သွားခဲ့တယ် ။ကျွန်တော်တို့လဲ တန်ခိုးလက်ကိုပဲ ဝိုင်းပြီးစိတ်ပူနေမိပြီ ခဏကြာတော့ ဦးတင်အောင် ပြန်ရောက်လာခဲ့တယ် ``ဒီသော့ ဖြစ်မယ် ဦးလေးဖွင့်ကြည့်လိုက်မယ် ဆရာဆီမှာ သော့က တစ်ချောင်း ဦးဆီမှာက တစ်ချောင်း ပဲရှိကြတာ ´´ သော့က မဖွင့်တာ နှစ် လ ဘဟ်လောက်ရှိမလဲ မသိ သော့အုံထဲကို ဦးတင်အောင် အတင်းထိုးထည့်ဖွင့်နေရတော့သည်။ ``ဟော ရပြီ´´ တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုက်နက် ပေါ်လစ်အရောင် လွမ်းမိုးနေသော နံရံများကို စတွေ့လိုက်ရတယ် မဖွင့်တာ ကြာပြီ ဖြစ်တဲ့အိမ်ထဲမှ လင်းနို့များက တစ်ဖျတ်ဖျတ် ပျံထွက်ကုန်ပြီ ®®®®®®®®®®®®®®®®®® ကျွန်တော်တို့လဲ ဦးတင်အောင် ဦးတည်ရာသို့ အိမိကြီးထဲ လိုက်ပါလာခဲ့လေသည်။ ရှေးဟောင်းဧည့်ခန်းဆောင် တစ်ခုထဲ ဦးတင်အောင် ဝင်သွားပြီ ခဏအကြာ ပြန်ထွက်လာတော့ ``ကဲလာ ငါ့တူရီး ဦးလေး ဆေးလိမ်းပေးမယ် ´´ ပုလင်းသေးသေးလေးထဲကနေ ဆေးအရှည်တွေကို ဦးတင်အောင်က သူ့လက်ဖဝါးထဲ ထည့်ပြီး တန်ခိုးရဲ့လက်ကို သုတ်လိမ်းပေးလိုက်လေသည်။ ``ဟာ ဦးလေး ကျေးဇူးပဲ ဟာ မယုံနိုင်စရာပဲထီးလေး ငါ့လက် အရောင်ရော အကိုက်ခဲရော ဘာမှ မရှိတော့ပါလား´´ ``အေးကွယ့် ဒါက ငန်းဆေးလို့ခေါ်တယ် ငါ့တူမရီး အဖေ တစ်ခါက ငါ့တူရီးလိုပဲ ဖြစ်ခဲ့ဘူးတယ်လေ ဒီဆေးကို မယ်မယ်ကြီးက လိမ်းပေးလိုက်တာ ချက်ချင်းသတ်သာသွားတာပဲ´´ မျှားကလေးက် ``မယ်မယ် ဆိုတာ ဘယ်သူလဲ ဦးလေး တင်အောင် ´´ ``မဟ်မယ် ဆိုတာ ငါ့တူမရီး အဖေရဲ့ မွေးစား အမေဆိုပါတော့ သမီးလေးတို့ ညီမနှစ်ယောက်ရဲ့ ဖွားအေ ပေါ့လေ´´ `````အော် ´´´´´ ``ကဲပါ ခရီး ပင်ပန်းလာကြတယ် မဟုတ်လား နားလိုက်ကြဦး နောက်မှပဲ ဦးလေး မင်းတ်ု့ကို ရှေးဖြစ်နောက်ဟောင်းလေးတွေ ပြောပြမယ် ဟုတ်ပြီးလား´´ ``ဟုတ်ကဲ့ ဦးလေး´´ ``ဒါနဲ့ဦးလေးက ဒီခြံထဲမှာပဲ နေတာလား´´ ``အေးပေါ့ကွယ့် ဟ်ုးဘက်က ခြံထောင့် တဲလေးမှာပဲ နေတယ် နောက်အားမှ လျောက်လာကြပေါ့´´ ``ကဲကဲ အခုတော့ အားလုံး နားဖို့ ကိုယ်ဖာသာ စီစဉ်တော့ ဦးလေး ပန်းပင်လေးတွေ ရေလောင်းရဦးမယ် ´´ ဦးတင်အောင် အိမ်ကြီးထဲကနေ ထွက်သွားခဲ့တယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံးလဲ အိမ်ကျယ်ကြီးဆီ လိုက်ကြည့်ပြီးမှ ကိုယ့်နေရာ ကိုယ်ယူဖို့ အိမ်အပေါ်ထပ် အရင် တတ်လာကြတော့သည်။  ။
အိမ်ကြီးလှေကားတွေက ပြောင်တင်းလို့ သက်ရက်လှသည်။ ကျွန်တော်တို့ခြောက်ယောက် တစ်ဖြည်းဖြည်းချင်းတတ်လာခဲ့တယ် ။လှေကားက နှစ်ဖက်ခွဲတတ်ရတယ် ။တန်ခိုးနဲ့မျှားကလေး လမ်းကလေးက ညာဘက် ခြမ်းကိုလမ်းခွဲသွားခဲ့တယ် ။ကျွန်တော်နဲ့သူဇာ ငါးကလေးကတော့ ဘဟ်ဘက်ခြမ်းကို ဦးတည်နေခဲ့တယ်။ ``ထီးလေး အခန်းတွေက အများကြီးပဲနော် တည်းခိုခန်းတောင် ဖွင့်စားလို့ရတယ် ´´ ``အေးအေးနောက်မှ မျှားလေးအဖေဆီက မင်းပြန်ဝယ်ပြီး ဖွင့်စား´´ ``အစ်ကို ထီးလေး သူဇာတို့ဘယ်ခန်းမှာ နေရမှာလဲ ´´ ``တို့အားလုံးတိုင်ပင်ပြီးမှ စီစဉ်ကြမယ်လေ´´ ``ဟုတ်´´ အခန်းအားလုံးက အခန်းသော့ တပ်ထားတယ် ။အလွယ်တကူ ဖွင့်ရုံပါပဲ။ ``မျှားလေးရေ တန်ခိုး ဟေ့ကောင် လမ်းကလေး ဒီကိုလာကြဦးဟ မင်းတို့ကလဲ ခွဲခြားခွဲခြားလုပ်နေပြီ´´ ငါးကလေး အော်ခေါ်လိုက်တဲ့အသံက ပဲ့တင်ထပ်လို့ ``လာပါပြီကွ ငါတို့လဲ လိုက်ကြည့်နေတာ´´ ``ထီးလေး တို့တွေ ဘယ်လိုနေကြမလဲ တစ်ယောက်တစ်ခန်းနေကြမလား နှစ်ယောက်တစ်ခန်းနေကြမလား´´ တန်ခိုးက ကျွန်တော့ကို မေးလိုက်တယ် မျှားလေးက ``ဒီလိုလုပ်လေ ငါနဲ့သူဇာနဲ့က ဒီအလယ်ခန်းမှာနေမယ် ထီးလေးနဲ့ငါးကလေးက ဟိုဘက်ထောင့်က အခန်းမှာနေလိုက် တန်ခိုး ……နင်နဲ့လမ်းကလေးက ဒီအခန်းမှာနေလေ ဖြစ်မလား´´ ``ဖြစ်ပါတယ်ဟ နင်တို့ညီမနှစ်ယောက်က အလယ်ခန်းမှာ ဆိုတော့ ပိုကောင်းတယ်´´ ``ကဲ ကဲ ကိုယ့်နေရာ ကိုယ်ယူဟေ့´´ သတ်မှတ်ထားတဲ့အခန်းတွေမှာ ကိုယ်ဆီ နေရာယူဖို့ ဝင်ကုန်ကြပြီ အခန်းထဲရောက်လာတော့ ငါးကလေးက ``ထီးလေး ကြည့်စမ်းပါဦး ကုတင်နဲ့အိပ်ယာခင်းတွေ ရှိနေတယ် ။ပြီးတော့ အားလုံးကလဲ လူနေတဲ့အတိုင်းပဲ သတ်သတ်ရပ်ရပ် တစ်ခန်းမှာ ဆယ်ယောက်လောက်တောင် နေလို့ရတယ် အကျယ်ကြီးပဲနော် ´´ ``ဒီအိပ်ယာခင်းတွေကို သိမ်းပြီး တို့ပါလာတဲ့ဟာတွေပဲ ခင်းအိပ်လိုက်မယ်လေ တော်ကြာ သူများဟာတွေနဲ့မကောင်းပါဘူး ´´ ``အေးလေ မင်းပြောသလိုပဲ လုပ်လိုက်မယ်´´ အချိန်က နေ့ခင်း ၁ နာရီ ခွဲခါနီးပါ ။ ရှေးဟောင်းအိမ်ကြီးလို့ပြောစရာ မလိုအောင် အေးချမ်းလှသည်။ တိတ်ဆိတ်မှု့က ကြီးဆိုးလျက် ကျွန်တော်လဲ ညက အိပ်ရေးပျက်ထားတာကြောင့် ကုတင်ပေါ်ခဏလှဲနေရင်း မှေးမှေးနဲ့အိပ်ပျော်သွားချေပြီ။ ကျွန်တော် အိပ်ယာ ပြန်နိုးလာတော့ ညနေတောင် စောင်းတော့မယ် အချိန်က ၄ နာရီ ``ဟင် ငါတော်တော် အိပ်ပျော်သွားပါလား ဟိုကောင်တွေ ဘယ်ရောက်နေလဲ မသိဘူး´´ ကျွန်တော့ဘေးကုတင်က ငါးကလေးကို မတွေ့တော့ ကျွန်တော် ``ငါးလေး ´´ ``ဟေး ထီးလေး မင်းနိုးလာပြီလား ငါရေချိုးခန်းထဲမှာ ဟိုကောင်တွေလဲ ရေမိုးချိုးနေကြတယ်တဲ့ ´´ ``အေးအေး မင်းပီးရင် ငါလဲ ချိုးမယ် မြန်မြန်လုပ် ´´ ငါးကလေးက ရေချိုးခန်းထဲမှကနေ ``မမိုက်ပါဘူး ထီးကလေးရာ ရေပန်းလဲ မရှိဘူး ကိုယ်ဟာကိုယ် ခပ်ချိုးနေရတယ် ´´ ``အမယ် သူများအိမ်လာပြီး ရေပန်းလိုချင်သေးတယ် မင်းရေချိုးရတာပဲ ကံကောင်းတယ် မှတ် စကားများမနေနဲ့ မြန်မြန်ချိုး ´´ ``အေးပါဟ ´´ ကျွန်တော်တို့အားလုံး ရေမိုးချိုးပြီး အောက်ထပ်မှာ ဆုံကြတယ် ``မျှားလေး နင်တို့ညီမနှစ်ယောက် နေရတာ အဆင်ပြေရဲ့လား ´´ ``ပြေပါတယ်ဟ အေးရာ အေးကြောင်းပဲ ငါ့မှာ ဒီလောက်ကောင်းတဲ့အိမ်ကြီးရှိတာ အစတည်းကသိရင် ငါဒီမှာပဲ ပြောင်းနေတာ ကြာပြီ´´ ``ဟုတ်ပါပြီ နင်ယောကျားရမှ ဒီမှာပြောင်းနေ ဟုတ်ပလာ´´ ``ယောက်ျားမယူဘူး တန်ခိုးရေ အပျိုကြီးလုပ်မှာ အော်ဒါနဲ့ နင်တို့နှစ်ယောက်ရော နေရတာ အဆင်ပြေရဲ့လား ´´ ``ပြေပါ့ ငလမ်းက အိပ်တာ ဟောက်တောင် နေတယ် ´´ ``အမယ် ငါ့ပြောနေသေး မင်းလဲ ဟောက်တာပါပဲ´´ ``လာဟေ့ တို့ခြံထဲသွားရအောင် ကားပေါ်က ခေါက်ခုံတွေ သွားချကြမယ်´´ ကျွန်တော်တို့ ကားရှိရာကို သွားကြပြီ ။ကားပေါ်က အသင့်ပါတဲ့ခေါက်ခုံတွေကို နေလို့ထိုင်လို့ ကောင်းမယ့် ခြံတစ်နေရာမှာ ခင်းလိုက်တယ် ။လေပြေလေးတွေက တစ်ဖြူးဖြူး ``အော် …တို့ဦးတင်အောင်တို့အိမ်ဘက်လျောက်ကြည့်ရင် မကောင်းဘူးလား´´ ``ကောင်းတာပေါ့ဟ ´´ ``လာ သွားကြမယ်´´ ကျွန်တော်တို့ပြောနေစဉ် အိမ်ဘေးမှ ဦးတင်အောင်ထွက်ခါ ``ဟ ငါ့တူရီတို့ ဦးလေးဆီလာမလို့ပြောနေကြတာပဲ ´´ ``မင်းတို့ညနေစာ အတွက်ရော ´´ ``ဒါတော့မပူနဲ့ဦးလေးရေ ကျွန်တော်တို့ရိက္ခာအပြည့်ပါတယ် ´´ ``ဦးလေးရောက်လာပြီဆိုတော့ ထိုင်ဦးဗျ ကျွန်တော့တို့ကို ဒီအိမ်ကြီးနဲ့ပတ်သတ်ပြီး ဦးလေးသိသလောက် ပြောပြပါလား´´ ``ဟုတ်တယ် ဦးလေးတင် ပြောပြပါနော် အဖေက ဒီလောက်ကောင်းတဲ့အိမ်ကြီးကို ပစ်ထားပြီး သမီးကိုပြောတယ် သရဲခြောက်တယ်တဲ့ အဲ့တာ ဟုတ်လား ဦးလေး´´ ဦးတင်အောင်က ခပ်ပြုံးပြုံး ``သရဲခြောက်တယ်ဆိုတော့လဲ ဆရာပြောသလို သရဲခြောက်တယ်ပေါ့လေ´´ ``ဟင် ဦးလေး စကားက ဘယ်လိုကြီးတုန်း´´ ``သမီးလေး မျှားကလေးအဖေနဲ့ဦးလေးတို့က ဆရာတပည့်တွေပေါ့ ။ ဆရာက သိပ်ကို စိတ်ကောင်း စေတနာကောင်းရှိတဲ့သူတော်တစ်ယောက်ပါ ဦးလေးကိုလဲ သားသမီးအရင်းတစ်ယောက်လို ချစ်ရှာတယ် ဆရာသာ ဦးလေးကို အခုလို ဒီအိမ်ကြီးမှာ နေခွင့်မပေးထားရင် ဦးလေး အခုအချိန်လောက်ဆို လမ်းဘေးမှာသေတာကြာပြီပေါ့ ။ဦးလေးက ဆရာ့ကို ကိုဟ့်အဖေ တစ်ယောက်လို သဘောထားတယ် ဆရာနဲ့ဦးလေးက အသတ်ခြင်းသိပ်မကွာဘူးလေ။ ဒါပေမယ့်ဆရာ့ မွေးစားအမေ မယ်မယ်ကြီး ဒေါ်မြနှင်းဆီက သိပ်ကို မာနကြီးတယ် ။သူက ဒီမြို့လေးရဲ့မျက်နှာဖုံးဆိုလဲ မမှားနိုင်ဘူးပေါ့။ ဒေါ်မြနှင်းဆီ အမျိုးသားက အထက်လမ်းလို အောက်လမ်းလိုလိုတွေ လိုက်စားတယ် ။ဒါကို မယ်မယ်ကြီးကလဲ အားပေးအားမြောက်လုပ်တယ်လေ ´´ ဦးတင်အောင်က အဝေးကို မျှော်ကြည့်နေနဲ့မျက်ဝန်းနှင့်အတူ ကျွန်တောတို့ကို သူ့ရဲ့ငယ်ဘဝအကြောင်း ပန်လည်တမ်းတ ပြောနေရှာတယ် ကျွန်တော်တို့ကလဲ ဦးတင်အောင်ရဲ့စကားတွေကို စိတ်ဝင်တစား နားထောသ်နေလျက်ပေါ့ ``ဟုတ် ဦးလေးတင်အောင် ဖေဖေက ဒီကို တစ်ခါခါ ရောက်လာတတ်လား´´ ``ဆရာ ဒီကိုရောက်မလာတာဆို နှစ်ပေါင်းနှစ်ဆယ် ပြည့်တော့မယ်´´ ``ရှင် …ဦးလေး ဒါဆိုဖေဖေက ဦးလေးကို  အခု ပစ်ထားတာလား ရန်ကုန်ကို ခေါ်မထားပဲ´´ ``အဲ့လိုမဟူတ်ပါဘူး တူမရီးရဲ့ဦးလေးက ဒီခြံကြီးကို သံယော်ဇဉ်ရှိလွန်းလို့ နေခဲ့တာ´´ ````ဒါနဲ့ဆက်ပြောပါဦး ဦးလေး´´ ``ဒေါ်မြနှင်းဆီ အမျိုးသားက အောက်လမ်းလိုလို အထက်လမ်းလိုလိုဆိုတာ ကို´´ ``ဟုတ်တယ် တူရီးရေ ဦးထင်ခလို့ခေါ်တယ် သူက သိပ်ကိုခတ်ထန်တယ် အရမ်းလဲ ရက်စက်တယ် ဦးလေးကို ဆရာက ဒီအိမ်ပေါ်ကိုခေါ်လာရင် သူတို့လင်မယားနှစ်ယောက်က မကြိုက်ဘူး မောင်းထုတ်ကြတယ် ဦးလေးကို အိမ်ထဲမလာရဘူးလို့ပြောတယ် ဆရာက ဦးလေးကို အဲ့လို မပြောဖို့သူမိဘတွေကိုပြောတယ်လေ ။ဦးလေးလဲ မယ်မယ်ကြီးတို့ဦးထင်ခတို့မရှိမှ ဆရာခေါ်လို့အိမ်ထဲဝင်ရဲတယ် ။မှတ်မှတ်ရရ ဦးလေးအိမ်ထဲကို ရောက်ဖူးတာဆိုလို့ ၄ ၅ ခေါက်လောက်ပဲရှိမယ် ။ လကွယ်ညတိုင်း ဦးထင်ခက အခန်းတစ်ခန်းထဲမှာ အဓိဌာန်ဝင်တယ်ဆိုလား တစ်ညလုံး ရှိနေတတ်တယ် ။အဲ့ချိန်ဆို ဦးလေးနေတဲ့ခြံထောင်က တဲလေးမှာတောင် ဒီအိမ်ကြီးထဲက အော်သံလိုလို ငိုသံလိုလိုတွေအမြဲကြားရတယ် ။ဦးလေး စရောက်ခါစက အရမ်ကြောက်တာပေါ့။ နောက်တော့လဲ တစ်ဖြည်းဖြည်းရင်းနှီးလာသလို ကြောက်စိတ်တွေလဲ မရှိတော့ဘူးပေါ့လေ။ ´´ မျှားကလေးက ပြောမဆုံးသေးတဲ့ ဦးတင်အောင်ရဲ့ စကားကို ဖျက်ပြောလိုက်တယ် ``အဲ့အခန်းက ဘယ်ခန်းလဲ ဦးလေး´´ ``ဟင်…ဒါတော့ ဦးလေးလဲ အသိကျမသိဘူးကွယ့် အိမ်ထဲမှာက အခန်းတွေ များသလို မြေအောက်ခန်းတွေလဲ အများကြီး ဦးထင်ခက လုပ်ထားတယ် ။ ဆရာပြောတာ ကြားဘူးတာတော့ အဲ့ဒီ့မြေအောက်ခန်းတွေထဲက တစ်ခန်းကဆိုလား အဲ့ခန်းကနေ တည့်တည့်ထွက်သွားရင် မြို့ထဲကို တန်းရောက်တယ်လို့ဆရာပြောလို့ဦးလေးသိရတယ်´´ ``ဟာ ဒါဆို ဒီအိမ်ကြီးက တော်တော့်ကိုထူးဆန်းပြီး ပဟေဠိလဲဆန်တာပဲနော်´´ ``ဟုတ်တယ် ငါ့တူရေ ပဟေဠိဆန်တာက ဦးထင်ခတို့အတွက်တော့ ကောင်းတာပေါ့လေ ဒါပေမယ့် ပရ……´´ ဦးထင်ခက ပြောလက်စ စကား ပရ ဆိုတဲ့နေရာမှာ ရပ်ပြီး မျက်စိမျက်နှာပျက် ``ဦးလေး ဆက်ပြောလေ ပရ ဆိုတာ ပရလောကကိုပြောတာလား´´ ဦးတင်အောင် မဖြေပဲ ``ပရ ……ပရ အင်းးးးဟို ´´ ``ပြောပါဦးလေးရ သမီးတို့က မကြောက်တတ်ပါဘူး အားလုံးကလဲ ပရလောကဆိုတာ အပြည့်ဝလက်ခံ ယုံကြည်ချင်လို့ဒီအိမိကြီးဆီရောက်လာကြတာပါ´´ ဦးတင်အောင် ဆက်မပြောတော့ပဲ ``ထားပါတော့ ငါ့တူတို့ရေ မှောင်လဲ မှောင်လာပြီး ဦးလေးလဲ ခြံထဲမှာ အလုပ်လေးတွေရှိသေးတယ် နောက်မှ ဆက်ပြောပြပါ့မယ်နော် ´´ လူကြီးက အလုပ်ရှိသေးတယ်ပြောတော့လဲ ကျွန်တော်တို့ လူငယ်တွေက နားလည်ပေးစွာ ခွင့်ပြုလိုက်ရတယ် ``ဦးလေး မနက်ဖြန် တကယ်ပြောပြရမယ်နော် ´´ ``စိတ်ချ စိတ်ချ ဦးလေးပြောပြပါ့မယ်´´ ပြောပြောဆိုဆိုနှင့် ဦးတင်အောက် ထိုင်ရာမှ ထပြီး အိမ်ဒေါင့်ထဲ ပြန်သွားခဲ့ချေပြီ။ ကျွန်တော်တို့လဲ ညနေစာစားဖို့ အိမ်ကြီးထဲကို ပြန်ဝင်ခဲ့ကြပြီ။            ******************* ``ကဲ အားလုံပဲ ညစာ စားကြမယ်ဟေ့´´ ``ဟဲ့ လမ်းလေး အဲ့ဒီလို့အော်မပြောကောင်းဘူး ဟဲ့´´ ``သူဇာ နင်ကလဲဟယ် ကြောက်တတ်လိုက်တာ ငါက နင်တို့ကိုပြောတာပါ´´ ``ကဲ ကဲ လာ စားဖို့သောက်ဖို့ပြင်ကြရအောင် ´´ ``တို့ကြီးပဲ စားမှာလား ဦးလေးတင်အောင်ပါ တစ်ခါတည်းခေါ်လေ ´´ ``ဟုတ်ပါ့ နေနေ ငါသွားခေါ်လိုက်မယ်´´ ဦးတင်အောင်ကို ကျွန်တော်တို့နဲ ညနေစာ အတူတူစားဖို့ မျှားကလေး သွားခေါ်ရင်း အိမ်အပြင်ကို ထွက်သွားခဲ့တယ် ။ ``ဦးလေး ……ဦးလေး ´´ ``ဟာ ဘယ်ပျောက်သွားပါလိမ့်နော် ´´ မျှားကလေး ခဏအကြာမှာတော့ အိမ်ထဲပြန်ရောက်လာခဲ့တယ် ``မျှားလေး ဦးလေးပါလာပြီးလား´´ ``မတွေ့ပါဘူးဟယ် အပြင်ထွက်သွားတာလား မသိဘူး´´ ``ဟာ နင်ကလဲ သူ့အိမ်ပြန်သွားတာနေမှာပေါ့ ´´ ``သူ့အိမ်ရောက်ခဲ့သေးလား´´ ``ဟက်အေး အိမ်ကိုသွား မကြည့်ခဲ့ဘူး´´ ``လာပါဟာ နင်ထမင်းလာစား ဒီနေ့မကြုံတော့လဲ နောက်နေ့မှပေါ့ ´´ ကျွန်တော်တို့အားလုံး ထမင်းလက်ဆုံ စားကြတယ်။ ``စားပီးရင်တော့ ခြံထဲမှာ အေးဆေး ဘီယာလေးနဲ့အပန်းဖြေရမယ်ဟေ့´´ ``လုပ်ပီ အရက်သမားကတော့´´ ``ဟာ နင်တို့ကလဲ ငါတို့က ပျော်ပွဲစားထွက်လာတာလေ ဒါလေးနည်းနည်းပါမှ ပိုမိုက်မှာပေါ့ဟ´´ တန်ခိုးကတော့ သူ့စီစဉ်နဲ့သူတော့ ဟုတ်နေပြီ။ အားလုံးထမင်းစားပြီးတော့ ``အပြင်ကိုလာကြပါလားဟ လေတိုက်တာများ လက်ဆတ်ပြီးအေးနေတာပဲ´´ ``လာလာ ခုံတွေ ချ ´´ ``ဦးတင်အောင်ကို သွားခေါ်ပါလား တို့ညနေက အကြောင်းလေး ပြန်မေးရအောင် ´´ ``ဟာ နောက်နေ့မှ မေးပါလမ်းလေးရာ လူကြီး စောစောနားပါစေ ´´ ``အေးအေး´´ တန်ခိုးကတော့ အသင့်ပါလာတဲ့ ဘီယာဘူးတွေ တစ်ဘူးပြီး တစ်ဘူး သောက်နေလျက် ``ဟာ ဒါနဲ့မေ့နေလိုက်တာ အိမ်တွေကို ဖုန်းဆက်ကြဦးလေ တော်ကြာ စိတ်ပူနေဦးမယ် ´´ ``ငါတို့ညီမနှစ်ယောက်ကတော့ ရောက်ရောက်ချင်း ရောက်ကြောင်း အသိပေးပြီးပြီ  လိုင်းတွေကလဲ မိ တစ်ချက် မမိ တစ်ချက်နဲ့ပါဟာ ညဆိုရင်တော့ မိမလားမသိဘူး ထီးလေးဆက်ကြည့်ပါလား´´ မျှားလေးပြောတာနဲ့ကျွန်တော် ဘောင်းဘီအိတ်ထဲက ဖုန်းထုတ်ပြီး ဖုန်းတိုင်တွေကြည့်လိုက်တော့ ``ဟင် ကြည့်ပါဦး တစ်တိုင်မှ မရှိဘူး မနက်မှပဲ ဆက်လိုက်တော့မယ်ဟာ ငါ့အိမ်က ငါ့ကို စိတ်ချပြီးသားပါဟ နင်တို့လို မဟုတ်ဘူး´´ ``အောင်မာ ´´ ``မသာကာ ငါ့စိတ်မချလို့ ဖုန်းဆက်မရရင်လဲ နင်အိမ်ကို ဖုန်းဆက်မေးမယ်ဟာ နင်အိမ်က ပြောမယ် မျှားလေးကတော့ ဆက်တယ် အေးဆေးပါပဲ ဘာညာပေါ့ ဟုတ်တယ် ဟုတ်´´ ``အဲ့ဒါလဲ ဟုတ်သားပဲ´´ ``တန်ခိုး မင်းတော့ ကောင်းနေပြီပေါ့´´ ``ဘာပြောကောင်းမလဲ လမ်းလေးရာ ရှယ်ပဲပေါ့ မင်းသောက်ဦးမလား ´´ ``တော်ပီ ငါကဒီတစ်ဘူးတောင် ကုန်အောင် မနည်းသောက်ရဦးမယ်´´ ``ဟေ့ကောင် ငါးလေး မင်းက ငါနဲ့အိပ်တာနော် အုပ်အော်ဆွဲမယ်တော့ မကြံနဲ့´´ ``အေးပါကွာ ဘီယာလောက်နဲ့ ဆွဲစရာလားကွ ငထီးရ´´ ကျွန်တော်တို့အားလုံး ခြံထဲမှာ လေညင်းခံခဲ့တာ ၂ နာရီလောက်တော့ ကြာနေခဲ့ပြီ ။အချိန်ကား ည ၉နာရီ ကျော်လောက်ရှိကြပြီ ``မမ သူဇာ အိပ်ချင်ပြီ သွားအိပ်တော့မယ် ´´ ``လာလာ ငါလဲ အိပ်မှာပေါ့ ´´ ``ထီးလေး ငါလဲ အနားယူလိုက်တော့မယ် ´´ ``အေးအေး မနက်ကျရင် စောစောထကြနော် good night´´ ``ထီးလေး ငါလဲသွားအိပ်တော့မယ် ´´ တန်ခိုးက အာလေး လျှာလေး အသံနဲ့ ကျွန်တော့ကို ပြောတယ်။ ``အေးအေး လမ်းလေး မင်းပါလိုက်သွားတော့လေ ´´ ``အေးအေး ထီးလေး ဒီညတော့ မင်းနည်းနည်းနောက်ကျမှ အိပ်နော် ´´ ``အေးပါ တန်ခိုးရ စိတ်ချပါ ´´ ``အေးထီးလေးရာ နောက်ညကျရင် ငါနောက်ကျမှ ပြန်အိပ်မယ် မင်းနဲ့ငါ တစ်လှည့်စီပေါ့´´ ပြောပြောဆိုဆိုနှင့် ခြေလှမ်းမှန်မှန် တန်ခိုး အပေါ်တတ်ကို တတ်သွားခဲ့ပြီ။သူ့နဲ့အတူအိပ်တဲ့ လမ်းကလေးကပါ ။ ``ဟာ တံခါးက ဖွင့်မရပါလား´´ ``တန်ခိုး ငါတို့ အခန်းက ဒီခန်းဟုတ်ပါတယ်နော် ´´ ``ဖယ် စမ်း အား ဟုတ်ပါဘူးဟ ငလမ်းရ မင်းမူးနေတာလား ငါတောင် သိတယ် အဲ့ဒါ အခန်းလွတ်ကြီး ဟို မှာ မီးရောင်ထွက်နေတဲ့အခန်းက မျှားကလေးတို့ညီမနှစ်ယောက် အခန်း အဲ့ဒီဘေးခန်းက တို့အခန်း´´ ``ဟုတ်ပါရဲ့ ငမူးကတောင် မှတ်မိသေး´´ ``ဘာငမူးလဲ လာ ကြောင်တောင်တောင်နဲ့´´ ခြံထဲမှာ ကျွန်တော်နဲ့အတူ ငါးကလေးအတူရှိနေခဲ့တယ် ။ ၁၀ နာရီ ခွဲလောက်ကျတော့ ``ထီးလေး ငါအိပ်ချင်နေပြီ ´´ ``အေးအေး သွားအိပ်တော့လေ ´´ ``အေးကွာ   ဝါးးးး နေ့ခင်းက သိပ်မအိပ်ဖြစ်ဘူးဟ စိတ်ထဲလွတ်လပ်နေတာနဲ့ အိပ်မရဘူး´´ ``အေးအေး သွားသွား´´ ငါးကလေး လဲ အိပ်ချင်လာပြီပေါ့ ကျွန်တော်ကတော့ နေ့လည်က အိပ်ထားတဲ့အရှိန်နဲ့အတူ ငါက ခေါင်းဆောင်ပါလားဆ်ုတဲ့ စိတ်က အိပ်ချင်စိတ်ကို လွမ်းမိုးထားနိုင်ခဲ့ပြီ။ ကျွန်တော်တစ်ယောက်တည်း ခြံထဲမှာ စာအုပ်ဖတ်နေလိုက်တယ် ။အချိန်နည်းနည်း ကြာတော့ လေအေးတွေ တိုက်ခတ်မှု့ကြောင့် အေးစိမ့်စိမ့်ဖြစ်လာခဲ့တယ်။ အိမ်ရဲ့ အောက်ဝရမ်တာလေးမှာပဲ ခုံလေးချပြီ ထိုင်နေခဲ့ပြီ။ ဒီလိုနဲ့ပဲ ညဥ့်နက်လာချေပြီ။ ကျွန်တော်နာရီ ကြည့်မိတော့ ၁၁ နာရီ ၃၀ ခဏ လမ်းလျောက်လိုက်တယ် ။ လေတွေကလဲ အေးလိုက်တာ ။ ကျွန်တော် ဝရမ်တာက ခုံမှ ပြန်ထိုင်လိုက်တယ် ။ဘေးနားက စာအုပ်လေးကို ကောက်ကိုင်လိုက်တယ်။ စာရွက် နှစ်ရွက်လောက် ကျော်ပြီးတဲ့နောက် ``ရှက် ……ရှက် ´´ အသံကြားတာကြောင့် ကျွန်တော် အိမ်ထဲလှမ်းကြည့်လိုက်တော့ ``အော် သူဇာပဲ ´´ စိတ်ထဲက ရည်ရွတ်ပြီ ``ဟာ သူဇာ လာထိုင်လေ ´´ ကျွန်တော် သူဇာ့ကို နေရာပေးထိုင်ခိုင်းလိုက်တယ် ။ သူဇာကတော့ အဝေးကိုမျှော်ကြည်နေတဲ့မျက်ဝန်းတစ်စုံကလွဲလို့ စကားတစ်ခွန်းမှ မပြော ၅ မိနစ်နီးပါး ``သူဇာ အိပ်မပျော်ဘူးလား စောစောက သူဇာပဲ အရင် အိပ်ချင်လာပြီးတော့ ´´ ``ဟုတ်တယ် ´´ ခပ်ထန်မာကျောလှသော လေသံနဲ့သူဇာက ကျွန်တော့ကို ပြန်ပြောလိုက်တယ် ။သူဇာ့ လေသံကြောင့် ကျွန်တော် သူဇာ့ မျက်နှာကို လှမ်းကြည့်မိလိုက်တယ် ။ ``ဘာလို့ အိပ်မပျော်ရတာလဲ သူဇာ ´´ ``ပျော်လွန်းလို့ကို             အိပ်မရတာ´´ သူ့ဇာ့လေသံက ပျက်သားစွာ ``ဟုတ်တယ် ငါသိပ်ပျော်တာပဲ´´ သိမ့်မွေးလှတဲ့သူဇာက ငါဆိုတဲ့အသုံးနှုန်းကို သုံးပြီး ``အစ်ကိုတို့လဲ ပျော်တာပေါ့ သူဇာရဲ့ ´´ ``မဟူတ်ဘူး ငါက နင်တို့ပျော်သလို ပျော်တာ မဟုတ်ဘူး ´´ ``ဒါဆို သူဇာက ဘယ်လိုပျော်တာလဲ ´´ ``မသိဘူး ပျော်တာပဲ သိတယ်´´ လေသံကပျက် ၊ မျက်နှာထားက ခပ်မာမာ ၊ မျက်ဝန်းတစ်စုံက အရှေ့စူးစူး၊ နှုတ်ခမ်းက စေ့ထားတယ်။ ခြေနှစ်ဖတ်ကို ချိတ်ထားပြီး တွဲလောင်းချ လွဲနေလျက် ဒီလိုတွေ ပြောပြီး ထိုင်ရာကနေ ထသွားခဲ့တယ်။ ``အော် ငါ့နဲ့နော် ယောင်တဲ့သူကိုမှ လျောက်မေးနေရတယ်လို့´´ သူဇာ အိပ်ပေါ်ထပ် ပြန်တတ်သွားတာကို ကြည့်ရင်း ကျွန်တော် ရည်ရွတ်မိတယ်။ ``နှစ်ခါ ရှိပြီ ဒီကောင်မလေး ထထ ယောင်တာဆို မျှားလေးတောင် သိရဲ့လား မသိဘူး သူ့ညီမ ယောင်တတ်တာ´´ ``အေးပေါ့လေ လူတစ်ကိုယ် စိတ်တစ်မျိုးဆီပေါ့´´ ကျွန်တော် စိတ်ထဲက ရည်ရွတ်ရင်း နာရီ ကြည့်လိုက်တော့ ၁၂ နာရီ ၄၅ ``ဝါးးးးးးငါလဲ အိပ်တော့မယ် မနက်ကျမှ သူဇာ ယောင်တတ်တာကို ပြောပြရဦးမယ် ´´ ကျွန်တော် စာအုပ်လေးကိုင်ပြီး အိမ်ပေါ်ထပ် ပြန်တတ်လာခဲ့ပြီ တိတ်ဆတ်လှတဲ့ ညာဥ့်နက်ထဲမှာ ``တောက်……တောက်တောက်´´ဟူသော နာရီလက်တံလေးများရဲ့အသံကို ထင်ရှားစွာ ကြားနေခဲ့ရပြီ ။အိပ်ခန်းတံခါးလေးကို အသာဆွဲဖွင့်လိုက်တယ် ။ အိပ်မောကျနေတဲ့ ငါးလေးကိုတွေ့လိုက်ရတယ် ။ ``မဖြစ်သေးပါဘူး တန်ခိုးဒီည နည်းနည်းကောင်းသွားတယ် ငါသွားကြည့်ဦးမှ ´´ တန်ခိုးတို့ အိပ်ခန်း သွားကြည့်တော့လဲ နှစ်ယောက်သား အိပ်မောကျနေတာက အပြစ်ကင်းစင်လှတဲ့ ကလေးငယ်တွေလိုပဲ။ တန်ခိုးတို့ အိပ်ခန်းက ပြန်လှည့်ထွက်ပြီး မျှားကလေးတို့ညီမနှစ်ယောက်ခန်းကို ဖွင့်မလို အလုပ် ………… *****************************ိ မျှားကလေးတို့ ညီမနှစ်ယောက်အခန်းကို ကျွန်တော်ဖွင့်ကြည့်မလို့ အလုပ် ``မဖြစ်သေးပါဘူး သူတို့က မိန်းကလေးတွေ ငါဖွင့်ကြည့်လို့တော်ကြာ နိုးသွားမှ ချောင်းတယ် ထင်ပြီး ဒုက္ခရောက်နေမယ်´´ ကျွန်တော် ရည်ရွတ်ပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်ခဲ့ချေပြီ။ အချိန်က ၁ နာရီ ကျွန်တော် အိပ်ယာပေါ် လှဲလိုက်တယ် ။နည်းနည်းလေးအေးတာကြောင့် ကိုယ်ပေါ်ကို စောင်လေး ခြုံလိုက်တယ်။ မှေးမှေးဖြစ်လာခဲ့ပြီ။ ထိုအချိန် ``ဟင် စကားပြောသံပါလား ဟိုညီမနှစ်ယောက် အပေါ့လေးသွားပြီး စကားပြောနေကြတာ ဖြစ်မယ် ´´ ``ငါသွားမေးရင် ကောင်းမလား အော် ထားလိုက်ပါလေ ´´ ကျွန်တော်တွေးမိပြီး အိပ်မလိုသာ ပြင်တော့သည်။ စကားပြောနေသော အသံက ရပ်သွားလိုက် တိုးသွားလိုက် ရီလိုက် စနောက်လိုက်နဲ့ကျီစယ်နေသော ဟန်များသာ…………… ကျွန်တော် အိပ်ဖို့သာ ပြင်တော့တယ် ။ မနက်မှ သူဇာ ယောင်တတ်လားဆိုတာ မေးမယ်။ ဘာကြောင့် ညနက်မှ စကားတွေ ထပြောကြသလဲဆိုတာ မေးတော့မည်ဟု တွေးကာ ကျွန်တော် စိတ်ချ လက်ချ အိပ်ပျော်သွားခဲ့လေတော့သည်။ 



ဟာ ငါးလေး မင်းနိုးနေပြီလား´´ ``အေး မင်းလဲ ထပြီး မျက်နှာတွေ ဘာတွေ သစ်လိုက်ဦး ပြီးရင် အောက်စင်းပြီး မနက်စာစားရအောင်´´ ``ဟိုကောင်တွေရော ´´ ``အောက်ထပ်ရောက်နေပြီ ငါက မင်းမနိုးသေးလို့စောင့်ပေးနေတာ´´ ``အေးအေး ငါးလေးရေ  ကျေးဇူး´´ ကျွန်တော် ရေချိုးခန်းထဲ ဝင်ပြီး ရေချိုး မျက်နှာသစ်ပြီးတော့ ငါးလေးနဲ့အတူ အောက်ထပ်စင်းသွားခဲ့တယ်။ ``ဟာ နင်တို့နှစ်ယောက်ကလဲကြာလိုက်တာ လာလာ ဒီမှာအားလုံးပြင်ပြီးပြီ´´ ``အေးပါဟ လာပါပြီ  အားလုံးဝိုင်းစားလိုက်ကြတာပေါ့´´ စာပွဲဝိုင်းမှာ ကျွန်တောနဲ့ငါလေး ဝင်ထိုင်လိုက်တယ် ပြီးတော့ ကျွန်တော် သူဇာ့ မျက်နှာကို လှမ်းကြည့်လိုက်တယ် ။ မျက်နှာလေးက တည်ငြိမ်အေးချမ်းလို့ ညက တွေ့လိုက်ရတဲ့မျက်နှာထားနဲ့တစ်ခြားဆီပါပဲ ။ ကျွန်တော် သူဇာ့ကို ကြည့်ပြီး တွေးနေမိပြီ ``ဟေ့ယောင် ထီးလေး စားလေ ဘာတွေ ကြောင်ကြည့်နေတာလဲ´´ ``အော်……အေး…ဘာ…ဘာမှ မဟုတ်ပါဘူးကွ´´ သူဇာက ကျွန်တော့ကို မုန့်စားနေရင်း ``အစ်ကို ထီးကလေး ဒီမှာ ကိတ်မုန့်တွေရှိတယ်လေ ရော့ ´´ လေသံကလဲ ညနဲ့ တစ်ခြားစီ ကျွန်တော်စိတ်ထဲ ရည်ရွတ်မိတယ်။ ``အင်းးးးးယောင်တတ်တဲ့သူတွေက အသံရော မျက်နှာထားရော ပြောင်းသွားတတ်လား မသိဘူး  ကြည့်စမ်းပါဦး ညက သူမဟုတ်တဲ့အတိုင်းပဲ ´´ သူဇာယောင်တတ်လားဆိုတာ မေးမလို့အလုပ် ``ဟို ……ဟိုလေ…သူ……သူဇာ ´´ ``ပြောလေ အစ်ကို ထီးကလေး´´ ``ဟို ……ငါ့…ငါ့ညီမ……´´ ကျွန်တော် ဒီအချိန်ပိုင်းလေးမှာ အသိစိတ်က တွေးမိလိုက်တယ်။ ***အင်းးးးးးး လူအများကြီးကြားမှာ ငါမေးလိုက်ရင် သူဇာ ရှက်သွားမလား ခပ်နောက်နောက်ကောင် လမ်းကလေးက စမှာသေချာတယ် ငါ မမေးတော့ပါဘူး*** ကျွန်တော်တွေးနေတုန်း တန်ခိုးက ``ဟေ့ယောင် ထီးလေး မင်း ဒီနေ့ဘယ်လိုဖြစ်နေတာလဲ နေမကောင်းဘူးလား ´´ ``ဟင် ဟာ ကောင်းပါတယ်ကွ ´´ ``မင်းကြည့်ရတာ ကြောင်တောင်တောင်နဲ့ ဘာလဲ အိပ်ရေးမဝလို့လား´´ ``ဘယ်ကသာကွာ ဝပါတယ်ကွ မုန့်တွေထည့်စားဖို့ ပြောမလို့ပါကွ´´ ``ဒါများ ပြောစရာတောင် မလိုပါဘူးကွ စားနေတာပဲ စားစား မင်းလဲစား ´´ ``အေးအေး´´ ကျွန်တော် သူဇာ့ကို မေးသင့် မမေးသင့် စဉ်းစားနေမိတာ ``ဟဲ့ ထီးကလေး တို့အားလုံး မနက်စာစားပီးရင် ဒီမြို့ထဲ လျောက်လည်ရအောင် နင်လိုက်မှာလား´´ ``ငါ မလိုက်တော့ဘူးဟာ အိမ်ပဲစောင့်နေလိုက်တော့မယ် ´´ ``ဟာကွာ မင်းကလဲ လိုက်ခဲ့ပါလား ´´ ``ထားလိုက်ပါ လမ်းကလေးရာ  ဒီကောင်ကြီး နေမကောင်းလို့ ဖြစ်ပါလိမိ့မယ်´´ ``ငါနေကောင်းပါတယ်ကွ အိမ်မှာပဲ ဦးလေးတင်အောင်နဲ့စကားပြောချင်လို့´´ ``အေးပါဟယ် တို့လဲ မကြာပါဘူး ´´ ``အစ်ကိုထီးလေး နေမကောင်းရင် ခဏနားနေလိုက်ဦးလေ သူဇာ့ အိတ်ထဲမှာ ဆေးတွေ ပါတယ် ယူပေးမယ်နော် ´´ ``ကျေးဇူးပဲ သူဇာရေ´´ ``အော်…ဒါနဲ့ ဦးလေးတင်အောင်ကို မတွေ့ပါလား ´´ ``ရှိမှာပေါ့ဟ ခြံထဲမှာ သူ့ပန်းပင်တွေ ပြုစုနေမှာပေါ့´´ ``နင်ဘာလုပ်မလို့လဲ မျှားလေး သွားခေါ်ပေးရမလား´´ ``နေ…နေပါဟာ ငါက ထီးလေးတစ်ယောက်တည်း အိမ်မှာ ပျင်းနေမှာဆိုးလို့ မေးကြည့်တာ´´ ``ကဲ စားကြ စားကြ နေမြင့်တော့မယ်´´ သူတို့အားလုံး စားသောက်ပြီးတော့ ကျွန်တော့ကို လက်ပြနှုတ်ဆတ် ထွက်ခွာသွားခဲ့တယ်။ ကျွန်တော်တစ်ယောက်တည်း အိမ်အောက် ဝရမ်တာလေးမှာ ညက အကြာင်းကို ဘယ်လိုမှ စဉ်းစားမရ ``ဟာာာာာာ ရှုတ်ပါတယ်ကွာ ဦးလေးတင်အောင်ကို ဒီအိမ်ကြီးအကြောင်း သွားမေးရမယ်´´ ကျွန်တော် တွေးမိပြီး ထစဉ် ``ဟေးးးးတူရီး မင်းတစ်ယောက်တည်းလား´´ ``အော်…ဟုတ် ဦးလေး……အခုပဲ ဦးလေးဆီ ကျွန်တော်မေးစရာလေးရှိလို့ လာမလို့´´ ``ပြောပါဦး ငါ့တူရီက ဘာများမေးမလို့တုန်း´´ ကျွန်တော့ကို ဦးတင်အောင်က အိမ်ပေါ်မတတ်ပဲ အောက်ကနေ လှမ်းပြောနေတော့ ``ဦးလေး ဒီလာပါလား ´´ ``အေးအေး ဦးလေးက ခွင့်ပြုချက်မရပဲ အိမ်ကြီးပေါ်မတတ်တာ အကျင့်ပါနေလို့ ငါ့တူရီရ ´´ ``ကဲ မေးပါဦး ဘာမေးမလို့တုန်း´´ ဦးတင်အောင်က လွတ်နေတဲ့ခုံမှာ မထိုင်ပဲ ကျွန်တော့ အရှေ့မှာ လက်နှစ်ဖက် အနှောက်ပစ်ပြီးပြောနေတယ် ``ဟာဗျာ ဦးလေးကလဲ ဒီမှာထိုငိပါ´´ ``အေးအေး တူရီးကျေးဇူးပဲ´´ ``ဒီလို ဦးလေးရ အိပ်ရင်းနဲ့လမ်းထလျောက်တတ်တာမျိုးကို ဦးလေးသိပြီးသားဖြစ်မှာပါနော် ဟုတ်´´ ``အင်းးးးးဒါက လူတစ်ရာမှာ တစ်ယောက်ဖြစ်တတ်တဲ့ အယောင်မျိုးပေါ့´´ ``ဟူတ် ဦးလေး ဒါနဲ့ပတ်သတ်ပြီး ကျွန်တော့ကို ဦးလေး သိသလောက်ပြောပြပေးပါလား ကျွန်တောလဲ ဗဟုသုတ ရတာပေါ့လေ ´´ ဦးတင်အောင် အရှေ့ဘက်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ် ``အဲ့ဒီလိုယောင်ရင် ညဘက် လမ်းထလျောက်တယ် သူက အင်္ဂလိပ်လိုတော့ ဦးလေးလဲ မတတ်ဘူး မြန်မာ အယူဆကတော့ အိပ်မောကျအချိန် တစ်နည်းအားဖြင့် အဲ့အချိန်က အဲ့လိုယောင်တတ်တဲ့သူက ခဏသေသွားတယ်´´ ``ဟုတ် ဦးလေး´´ ``ဒါပေမယ့် ဘေးလူက သူ့ကိုမြင်ရင် သူကတော့ အိပ်မောကျနေတာပဲပေါ့ တကယ်တမ်းကျတော့ သူဝိဥာဉ်ကို တစ်ယောက်ယောက်က ထိန်းချုပ်နိုင်တဲ့ အချိန်ကောင်းပဲလေ´´ ``ဟုတ် ဦးလေး အဲ့လို ယောင်လာပြီဆိုရင် အသံတို့ မျက်နှာတို့ ပြောင်းသွားတာမျိုး ရှိလား´´ ``ဦးလေး သမီးရှိတုန်းကလဲ အဲ့လို ယောင်တတ်တဲ့ရောဂါမျိုးရှိခဲ့ဘူးတာပေါ့ သူလဲ ညည လမ်းထလျောက်တယ် ဒါပေမယ့် မျက်လုံးလေးက မှေးမှေးလေးဖြစ်နေတယ် အသံကတော့ နဂိုအသံ ဒါမှမဟုတ်ရင် အိပ်ချင်မူးတူး အသံမျိုးလောက်တော့ဖြစ်တယ် ရုပ်ကတော့ မပြောင်းလဲပါဘူး´´ ``````````ဗျာ´´´´´´´´ ဦးတင်အောင် စကားကြောင့် ကျွန်တော့စကားတွေ စွန့်အ သွားချေပြီ။ ဦးတင်အောင် ပြောတာ အမှန်ပဲလား ဒါဆိုရင် ညက သူဇာ ဘာဖြစ်သွားတာလဲ ``ငါ့တူရီး ဘာတွေ တွေးနေတာတုန်း´´ ``ဗျာ……အော် ဦးလေးပြောတာကို တွေးနေတာပါ´´ ``နေပါဦး ဒါနဲ့ငါ့တူက ဘာလို့ဒီအကြောင်းမေးရတာလဲ´´ ``ဘာမှ မဟုတ်ပါဘူး ဦးလေးရ ကျွန်တော်သိချင်လို့မေးကြည့်တာပါ´´ ``အေးအေး ဦးလေးလဲ ခြံထဲမှာ လုပ်စရာလေးတွေ ရှိလို့ သွားဦးမယ် ´´ ``ဟုတ်ကဲ့´´ ဦးလေးတင်အောင် ကျွန်တော့ကို နှုတ်ဆတ်ပြီး ခြံထဲစင်းသွားခဲ့တယ်။ ကျွန်တော် ဘယ်လိုမှ စဉ်းစားမရ ။ဒါဆိုသူဇာညက ယောင်တာ မဟုတ်ဘူးပေါ့ ။ညကတင်မက ကားပျက်တုန်းကလဲ အိမ်ကြီးကို မသွားဖို့ လေသံမာမာနဲ့ပြောခဲ့သေးတယ်။ ``ဟာာာ ဦးတင်အောင် ပြောသွားတာ ဟူတ်ချင်မှလဲ ဟုတ်မှာပါလေ တစ်ယောက်နဲ့တစ်ယောက် တူပါ့မလား´´ ကျွန်တော်တစ်ယောက်တည်း ဝေခွဲမရ။ကျွန်တော် အိမ်ထဲပြန်ဝင်လာခဲ့တယ်။ လှေကား အပေါ်ကိုမျှော်ကြည့်လိုက်တယ် ။ ကျယ်ဝန်းလှတဲ့ အိမ်ကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်း ရှိနေတာက လွမ်းမောစရာ။အိမ်ရောက်တည်းက အပေါ်ထပ်တောင် နံ့အောင်လိုက်မကြည့်ရသေးတာနဲ့ အပေါ်ထပ်မတတ်ခင် အောက် လှေကား ညာဘက်ခြမ်းကို ကျွန်တော် ဦးတည်ပြီး လျောက်လာခဲ့တယ် အလင်းရောင်က မရှိသလောက် အခန်းအားလုံးက သော့တန်းလန်းနဲ့ ။ ဆက်လျောက်သွားလိုက်တယ်။ တောင်ဘက်ကို ဦးတည်ထားတဲ့နောက်ဖေးဘက်က နွေရဲ့လေပြေလေးတစ်ချက် ကျွန်တော့ကို တိုက်ခတ်သွားတယ်။ လေနဲ့အတူ အမွှေးအနံ့လေးတစ်ခုပါ ပါလာခဲ့တယ်။ တံခါးအားလုံးက ကျွန်းတွေချည်ပါပဲ ။ကျွန်တော် ရှေ့ဆက်လျောက်လာခဲ့တယ်။်နောက်ဘက်က လာတဲ့ အလင်ရောင်လေးကို မြင်နေရပြီ ``ဂျလောက် ……ဂျစ် ´´ ရှေ့ဦးတည်သွားတော့ အနောက်မှာ ကျန်ခဲ့တဲ့တံခါးတစ်ချက်က သူ့အလိုလို ပွင့်သွားတယ်။ ``ဟ လေတိုက်လို့လား ´´ စိတ်ထဲရည်ရွက်ရင်း ပွင့်နေတဲ့တံခါးလေးကို ပြန်ပိတ်လိုက်တယ် ။ ပိုပြီးစူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပြီ။ တံခါးပြန်ပိတ်ပြီး အလင်းရောင် ထင်ထင်ရှားရှားတွေ့ရမယ့် နေရာထိ ကျွန်တော် ဦးတည်လာနေခဲ့တယ်။ ထို့အချိန် ``အမလေးဗျ ………´´ နောက်ဖေးအပေါက်မှ ဦးတင်အောင် ဝါးခနဲ ပေါ်လာတာကြောင့် ကျွန်တော် အနောက်ကို ဖင်ထိုင်ရက် လဲကျသွားခဲ့တယ် ``ဟာ ဦးလေးရာ လန့်လိုက်တာဗျာ ကျွန်တောတကယ့်ကို လန့်သွားတယ် ဦးလေးက အနောက်ဘက်မှာ ဘာလုပ်နေတာလဲ ´´ ``ဟာကွာ ငါ့တူရီးကလဲ ယောကျားမဟူတ်တဲ့တိုင်းပဲ ´´ ``ယောကျားတော့ ယောကျားပေါ့ဗျ ရုတ်တရက်ဆိုတော့ လန့်သွားတာ´´ ``ဦးလေးက ဒီနေ့နောက်ဖေးက ဘူးစင်ကို ပြန်ဆောက်နေတာ ခြေသံ သဲ့သဲ့ကြားလို့ ဝင်ကြည့်လိုက်တာ မင်းဖြစ်နေတာပဲ´´ ``ဟာ တော်သေးတာပေါ့ဗျာ ရင်ထဲကိုအေးပြီး လန့်သွားတာ အသတ်ရှုတောင် မဝတော့ဘူး´´ ``ကဲ ထ ထ သွား အိမ်ရှေ့မှာသွားနေဦး ဘယ်သူမှလဲ မရှိဘူး တံခါးကြီးဖွင့်ထားပြီးတော့ မင်းသူငယ်ချင်တွေ ပြန်လာခါနီးနေပြီ´´ ကျွန်တော် အိမ်ရှေ့ကို ပြန်လျောက်လာခဲ့တယ်။ အချိန်ကား နေ့လည် ၁၁ နာရီ ထိုး ``ဟိုကောင်တွေကလဲ ကြာလိုက်တာ ထမင်းစားချိန်တောင် ရောက်နေပြီ´´ ``မလာသေးတော့လဲ ငါတစ်ယောက်ပဲ အိမ်ကြီးကို ဆက်လေ့လာရတာပေါ့´´ ပြောပြောဆိုဆိုဖြင့် ကျွန်တော် လှေကားရင်း အောက်ဆုံးထစ်မှာ ငုတ်တုတ်ထိုင်လိုက်တယ်။ အိမ်အပေါ်ထပ် အခန်းတစ်ခန်းမှ အသံတစ်ခုကြားလိုက်ရပြန်တယ်။ ဒါနဲ့ကျွန်တော် လှေကားပေါ်ခပ်သွက်သွက်လေး တတ်လာခဲ့တယ်။အသံကြားလိုက်ရတဲ့နေရာကို လှမ်းကြည့်လိုက်ောာ့ အခန်းလွတ် တစ်ခန်း တံခါးက မသိမသာလေး ပွင့်နေတယ်။ ဆက်လျောက်သွားလိုက်တယ်။ ကျွန်တော် တံခါးကို ဖွင့်မလို့အလုပ် ************-***---*********** ``ထီးလေးရေ ထီးလေး ´´ ငါးကလေးရဲ့အသံ တန်ခိုးတို့အုပ်စုက ကျွန်တော့နာမည်ကို လှမ်းခေါ်လိုက်တယ်။ လှေကားပေါ်ကနေ ကျွန်တော်ကြည့်လိုက်ပြီး။ ``ငါဒီမှာကွ´´ ``ဘာလုပ်နေတာလဲ ရော့ ရော့ မင်းအတွက်လိုအပ်မယ် ထင်တဲ့ဟာတွေ ငါဝယ်လာခဲ့တယ်´´ ကျွန်တော် အောက်ထပ်ကို ပြန်စင်းသွားခဲ့ပြီ။ ``ဘာတွေလဲကွ´´ ``ကြည့်ပေါ့ကွ အစုံပဲ ´´ ``မျှားလေး နင် တို့ မြို့နံ့သွားပြီးလား´´ မျှာလေးက သက်ပြင်းတစ်ချက် ချပြီ ``ဟွန်းးးး´´ ``မနံ့ပါဘူးဟယ် ဒီမြို့က လူတွေက ကြောင်တောင်တောင်တွေနဲ့ဈေးဝယ်လို့လဲ မကောင်ဘူး´´ ``ဘာဖြစ်လို့လဲဟ´´ ``ဘာဖြစ်ရမတုန်း ငါတို့သွားတာ ငါးယောက်တည်းလေ မြို့ကစားကွင်းထဲ ခဏလေ့လာမလို့ဝင်တာ အပေါက်စောင့်က ငါးယောက်ပါလို့ပြောတာကို ခုနှစ်ယောက်ဆိုပြီး ဝင်ကြေးတောင်းတယ် ကြည့်စမ်း ဘယ်လောက်ခံပြင်းဖို့ကောင်းလိုက်သလဲ´´ ``အေးလေ နင်တို့နဲ့နောက်ဝင်လာတဲ့သူတွေနဲ့ရောနေလို့ဖြစ်မှာပေါ့ဟ´´ မျှားကလေးက သက်ပြင်းထပ်ချလိုက်တယ် ``တန်ခိုးရေ ထပ်ပြောပြလိုက်ပါဦး´´ ``ဟုတ်တယ် ထီးလေးရေ ရေသန့်ဘူးဝင်ဝယ်တာ ငါတစ်ယောက်တည်း အာ့တာကို ဆိုင်က ဆိုင်ရှင်မိန်းမက ငါ့ချစ်သူအတွက် လက်ဆောင်ဆိုပြီး အသည်းသကြားလုံးပေးတယ်လေ ´´ ငါက ``အန်တီက လာနောက်နေတယ် အဲ့ဒါ ကျွန်တော်တို့သယ်ရင်းတွေဗျ မောင်နှမတွေလို ချစ်ကြတဲ့သူငယ်ချင်းတွေ ဘယ်ကသာ ချစ်သူဟူတ်ရမှာလဲ´´ ``အော်……အန်တီ မသိလို့နော် ဆော်ရီး´´ ဒီလိုပြောပြီ ငါဝယ်လို့ပြီးလို့ပြန်ထွက်တော့ ဘာထပ်ပြောတယ် ထင်လဲ ``ဟဲ့ ………ကောင်လေး ကောင်မလေးကို ခေါ်သွားဦးလေ နင်ကလဲဟယ် တစ်ကိုယ်ကောင်းဆန်တယ် သူတစ်ယောက်တည်း ခပ်တည်တည်နဲ့ထွက်သွားတယ်´´ တဲ့ကွ တန်ခိုးရဲ့စကားကြောင့် ကျွန်တော် ``ဟင် ……ဟုတ်……ဟုတ်လို့လား´´ တန်ခိုးက ``မင်းကို နောက်ရမှာလား တကယ့်ကို စိတ်အနှောက်ယှက် ဖြစ်ရတယ် ဘယ်လို လူတွေမှန်းလဲ မသိဘူး ကြောင်တောင်တောင်တွေနဲ့´´ လမ်းကလေးက ဝင်ပြီး ``ဒါတင်မကသေးဘူး ငထီးရေ တို့ အအေးဆိုင် ဝင်ထိုင်တော့လဲ အအေး ခုနှစ်ခွက် လာချပေးတယ် ရှိတာဖြင့် လူလေး ငါးယောက်ကို ´´ ``ဟုတ်တယ် အစ်ကိုထီးလေး ရန်ကုန်ကလို မဟုတ်ဘူး ပြောရဆိုရလဲ လက်ပေါက်ကက်တယ်´´ ကျွန်တော်တစ်ခုခုကို သံသယ ဖြစ်မိပြီ ``အေးပေါ့လေ သူတို့က စ  နောက်တတ်လို့နေမှာပါ ကဲလာပါ မင်းတို့လဲ ပင်ပန်းလာပြီ ခြံထဲမှာ ခဏသွားထိုင်ရအောင် ´´ ကျွန်တော် တစ်ဖြည်းဖြည်း သံသယဖြစ်နေခဲ့ပြီ။ အားလုံး စိုးရိမ်မှာကြောင့် စကားလမ်းကြောင်းလွှဲပြီး ခြံထဲက ခုံတွေဆီ ကျွန်တော် ဦးဆောင်ခေါ်လာခဲ့ရတော့သည်။ ***************************** ခြံထဲမှာ ထိုင်နေစဉ် ```®®®®´´ ကျွန်တော့ဆီ ဖုန်းဝင်လာတာနဲ့ကိုင်လိုက်တယ် ။ ``ဟလို အမေ ´´ ``အေးသား မင်းကလဲ ရောက်တာတောင် ဖုန်းမဆက်ဘူး ´´ ``ဒီမှာ လိုင်းမမိလို့ပါ မေမေရ´´ ``ဟင် ပုသိမ် ချောင်းသာနဲ့ရန်ကုန်ကို လိုင်းကမမိဘူးလား´´ ``ဟုတ်တယ် မေမေရေ ဒီမှာ တိုင်တွေ အသစ်လဲနေတာ တွေ့တယ် ´´ ``အေးအေး ဘယ်တော့ ပြန်လာမလဲ ´´ ``မေမေကလဲ မနေ့ကမှ ရောက်တာ ပြန်လာခိုင်းနေပြီလား´´ ``ဟင် …နင်တို့သွားတာ ဒီနေ့နဲ့ဆို ၃ ရက်တောင် ရှိနေပြီလေ´´ ``အန်……ဟုတ်တယ် မေမေရေ လမ်းမှာ ကားပျက်သွားလို့ ´´ ``အေးအေး ပြန်လာမယ့်နေ့ဖုန်းဆက်ဦး´´ မေမေနဲ့ဖုန်းပြောရတာ အော်ပြောနေရသည်။ လိုင်းကတစ်ချက်ချက် ချသွားတာကြောင့် ``ကဲ တို့တွေ ထမင်းစားပြီး တစ်ရေးလောက် အိပ်မယ် ညကျမှ ဒီမှာ တို့ အပျော်တမ်း ကစားဖို့ ငါကြံထားတယ်´´ ``အေးအေး လာကြ ထမင်းစားကြမယ်´´ ``ကျွန်တော်တို့ ထမင်းစားပြီးတော့ နေ့လည် ၁၂ နာရီခွဲနေပြီ။ အားလုံးစားသောက်ပြီ ကိုယ့်အခန်း ကိုယ်ပြန်ရန် အပေါ်ထပ်တတ်လာကြတယ်။ တန်ခိုးက ``ထီးလေးရယ် ညက နည်းနည်းမူးနေတဲ့ငါက အခန်းမမှားပဲ ဒီကောင် လမ်းကလေးက အခန်းမှားပြီး တံခါးသွားဖွင့်နေသေး ´´ ``အေးကွ ငါလဲ မျက်စိမှောက်သွားတာ´´ လှေကားတတ်နေရင်း စကားပြောဖြစ်တယ်။ ``ဟင် အခုမှ သတိရတယ် ထီးလေး မနေ့က ငါ အခန်းမှားဖွင့်တဲ့အခန်းက ဖွင့်လို့မရဘူးကွ အထဲကနေ လော့ချထားတယ်နဲ့တူတယ်´´ ``ဟူတ်လို့လား အခန်းအားလုံး သော့တန်းလန်းကြီးတွေနဲ့လေ´´ တဖြည်းဖြည်း အိမ်ပေါ်တတ်ကိုရောက်လာတော့ မျှားကလေးတို့ညီမနှစ်ယောက်က ကိုယ့်အခန်းကိုယ့် အရင်ဝင်သွားကြပြီ ကျွန်တော်နဲ့အတူ တန်ခိုး လမ်းကလေး ငါးကလေးသာ အနောက်မှာ ``ဒီမှာ……ဒီမှာ ဒီအခန်းပဲ´´ လမ်းကလေးညွှန်ပြရာ အခန်းကိုကြည့်လိုက်တော့ တံခါးက သော့တန်းလန်းနဲ့ပါပဲ ``ဟင် မင်းပြောတော့ ဖွင့်လို့မရဘူးဆို အခုကျတော့ သော့တန်းလန်းနဲ့´´ ``ဟုတ်ပါ့ လမ်းကလေးရာ မင်းလာနောက်မနေနဲ့ ´´ ´`ငါမနောက်ဘူး ငါးလေးရ ငါတကယ်ဖွင့်လို့မရတာ´´ ``ဟေ့ယောင် လမ်းလေး မူးနေတာက ငါနော် ´´ ကျွန်တော် ပိုပြီး မသင်ကာဖြစ်မိပြီ ။သူတို့အနှောက်ယှက်ဖြစ်မှာ စိုးတာကြောင့် ``ကဲပါကွာ လာကြပါ မင်းတို့နှစ်ယောက် အိပ်ချင်းမူးတူးနဲ့မှားတာပါ လာလာ ကိုယ့်အခန်းထဲ ကိုယ်ဝင်ပြီး နားလိုက်ကြဦး ညနေမှ ခြံထဲမှာ ပြန်ဆုံကြမယ်´´ လမ်းကလေးက မျက်စိ မျက်နှာပျက်ပြီး ``ထီးလေး မဟူတ်သေးဘူးနော်´´ ``လာပါကွာ နောက်မှ အေးဆေးပြောကြတာပေါ့´´ ``လာလာ ငလမ်း လူနောက်´´ ပြောပြောဆိုဆိုနှင့် တန်ခိုးတို့ အခန်းထဲ ဝင်သွားကြပြီ။ ကျွန်တော်နဲ့အတူ ငါးကလေးကလဲ အခန်းထဲဝင်ပြီး ခုတင်အပေါ်မှာ ခြေပစ်လက်ပစ် လှဲလိုက်တယ်။ ထမင်းစားပြီး ဗိုက်လေးသွားလား မသိ ငါးကလေးကတော့ အိပ်ပျော်နေခဲ့ပြီ။ ကျွန်တော် အိပ်မပျော်နိုင်ပဲ တွေးနေမိတယ် ``အင်းးးးးဒါဆို အိမ်ကြီးမှာတော့ တစ်ခုခုထူးခြားနေတာ သေချာနေပြီ ငါဘာလုပ်သင့်သလဲ ဟိုကောင်တွေကို ပြောလို့တော့ မဖြစ်သေးဘူး ´´ `` ဟာ……ဟုတ်ပီ ဖေဖေပေးလိုက်တဲ့ လက်ဖွဲ့………´´ အဖေပြောတာတော့ လူချစ်လူခင်ပေါများစေတယ်တဲ့ ဘာပဲဖြစ်ဖြစ်လေ အခုချိန်မှာ ကျွန်တော် ဦးဆုံးသတိရမိတာကတော့ ဖေဖေပေးလိုက်တဲ့ ကျူတ်ဆွဲကြိုး လက်ဖွဲ့ကလေးကိုပါ ။ မီးကျွမ်းသလိုဖြစ်သွားတဲ့ ကျောပိုးအိတ် အပေါ်အိတ်ကို ဖွင့်ပြီး ကျွန်တော် လက်ဖွဲ့လေးကို ထုတ်လိုက်တယ်။ သော့ကတော့ မျှားကလေးဆီကို ပြန်ပေးထားခဲ့တယ်။ သူတို့နှစ်ခု ရောထည့်ထားတာကြောင့် ကျွန်တော့ကျောပိုးအိတ် မီးကျွမ်းသွားသလား ဆိုတာ အခုမှ ကျွန်တော်ဆက်ဆက်မိလာပြီ။ ရေနစ်သူအတွက် ကောက်ရိုးတစ်မှင်ကလဲ အသုံးဝင်တာပဲလို့တွေးပြီး အဖေပေးထားတဲ့ ကျူတ်ဆွဲကြိုးလေးကို လညိပင်းမှာ ဆွဲလိုက်ချေပြီ။ စိတ်ထဲမှာ အားကိုးတစ်ခု ရသွားသလို ခံစားမိတယ် ။ လုံခြုံသွားသလိုလဲ ခံစားခဲ့ရတယ်။ အခုန စိုးရိမိစိတ်တွေ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့တယ်။ နာရီကြည့်မိတော့ ၃ နာရီ ကျော်နေပြီး ။အိပ်မပျော်တာနဲ့ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်လိုက်တယ်။ ``အိပ်……အိပ် ငါးလေးရေ ဒီည မင်းနဲ့တန်ခိုး နောက်ကျမှ အိပ်ရမယ့် အလှည့် အိပ်ထားကွ´´ စိတ်ဖိဆီးမှု့တွေ ကင်းသွားပြီး ။စိတ်ထဲကနေ ငါးကလေးအိပ်နေတာကို နောက်နေမိတော့တယ်။   


စိတ်ဖိဆီးမှု့တွေ ကင်းသွားပြီး ။စိတ်ထဲကနေ ငါးကလေးအိပ်နေတာကို နောက်နေမိတော့တယ်။    ။ အခန်းရဲ့ ပြတင်းပေါက်လေးကို ဖွင့်လိုက်တယ်။ နွေညနေခင်းရဲ့လောက အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ သိပ်ကို သာယာလိုက်တာ ။ အောက်ဘက်ကို ကြည့်လိုက်ရင် ပန်းပင်လေးတွေကို မြင်နေရတယ်။   ``ဒေါက်……ဒေါက်……´´ ဟင် ဘယ်သူ တံခါးခေါက်နေတာလဲ ``ဘယ်သူလဲ ……ဘယ်သူလဲလို့´´ ကျွန်တော့မေးခွန်းကို ပြန်မဖြေပဲ တံခါးသာဆက်ခေါက်နေလျက် မထူးဘူး တံခါးကို ကျွန်တော် ဖွင့်လိုက်တယ်။ ``ဟာ လမ်းလေး မင်းကလဲကွာ မေးနေတာကို ပြန်မဖြေဘူး´´ ``ဟားဟား မင်းကလဲ     အိမ်မှာ တို့တွေပဲ ရှိတာ ငါတို့တွေ မဟုတ်လို့ ဘယ်သူတွေ ဖြစ်ရမှာလဲ ´´ ``ဒါတော့ ဒါပေါ့ကွ အခု ဘာဖြစ်လို့လဲ´´ ``ဘာမှ မဖြစ်ပါဘူးကွ မင်းတို့နှစ်ယောက် အိပ်နေတုန်း ထင်လို့ ငါလာစတာ´´ ``ငါက အိပ်ကို မအိပ်ရသေးတာ ဟိုမှာကြည့် ငါးကလေးကတော့ အိပ်နေတာ သိုးလို့´´ ``ဒါဆို မင်းနဲ့ငါ နှစ်ယောက်တည်းပြောစရာရှိတယ် အောက်ထပ်ကို စင်းရအောင်´´ ``အမယ် ကြီးကြီးကျယ်ကျယ် ဘာပြောမှာမ်ု့လဲ´´ ``လာပါ အောက်မှာ အေးဆေးပြောရအောင်´´ လမ်းကလေးခေါ်ရာသို့ ကျွန်တော် လိုက်ပါလာခဲ့ပြီ။ ``ကဲ ထိုင်ပါဦး ဘာများအရေးကြီးပြောစရာရှိလို့လဲ´´ ``ထီးလေး မင်းကို ငါ နောက်နေတာ မဟုတ်ဘူးနော် ညက ငါတကယ် အဲ့တံခါးကို ဖွင့်လို့မရခဲ့တာ သော့တန်းလန်းနဲ့လဲ မဟုတ်ဘူး အထဲမှာ တစ်ယောက်ယောက် ရှိနေပြီး လော့ချထားတဲ့အတိုင်း´´ ``လမ်းလေးရာ မင်းတွေ့တိုင်းအပဲလေ အခုကျတော့ တံခါးက သော့တန်းလန်းနဲ့ပဲ´´ ``ဟုတ်တယ် ထီးလေး ငါလဲ အဲ့ဒါကိုပဲ စဉ်းစားမရတာ တို့လာတဲ့ရည်ရွယ်ချက်ကလဲ ဒီအိမ်ကြီးမှာ သရဲခြောက်တယ်ဆိုလို့ ဟုတ်မဟုတ် သိချင်လို့ရောက်လာခဲ့တာ မျှားကလေးပြောသလိုမျိုး တကယ်ခြောက်နေတာများလား´´ ``မဟုတ်လောက်ပါဘူးကွာ တို့တွေ အခုရောက်နေတာ နှစ်ရက်ပြည့်တော့မဟ် ဘာထူးခြားမှု့ရှိလို့လဲ ´´ မသေချာသေးတဲ့ဖြစ်ရပ်တွေကို လမ်းကလေးမသိစေချင်သေးတာကြောင့် ကျွန်တော် ကြုံတွေ့ထားသမျှ လျှိုက်ဝှက်ထားချေပြီ။ ``ဘာပဲ ဖြစ်ဖြစ် ထီးလေး ငါတို့ သတိရှိရှိနေတာ အကောင်းဆုံးပဲ …အော် ဒါနဲ့မင်းလည်ပင်းက ကျူတ်ဆွဲကြိုးက အရင်မတွေ့ပါဘူး ဘယ်ကရတာလဲ´´ လမ်းလေး ကျွန်တော့လည်ပင်းက ကျူတ်ကိုတွေ့သွားခဲ့ပြီ။ ``ငါ့အဖေ ပေးလိုက်တာပဲကွာ အန္တရယ်ကင်းတယ်တဲ့´´ ``အော် ကောင်းတယ်ကွာ အထဲမှာ ဘာတွေလဲ´´ ``ဟင် ဒါတော့ ငါလဲ မသိဘူး´´ ကျွန်တောတို့ နှစ်ယောက် စကားပြောစဉ် ``ဟာ ဟေ့ယောင်တွေ မင်းတို့နစ်ယောက်တည်း ဘာတိုင်ပင်နေကြတာလဲ ´´ အပေါ်ထပ်မှနေ၍ ငါးကလေးနဲ့တန်ခိုးက လှမ်းမေးလိုက်လေသည်။ ``မင်းတို့နိုးရင် ရေးမိုးချိုးပြီး အောက်စင်းလာခဲ့ကြလေ …မျှားလေးတို့ပါ တစ်ခါတည်း ခေါ်လာခဲ့ဦး´´ အချိန်ကား ညနေ ၅ နာရီ နီးပါး ။တန်ခိုးတို့အုပ်စု စားသောက်ဖွယ်ရာတွေနှင့် အတူ ခြံထဲကို ရောက်လာခဲ့တယ်။ ``ဟဲ့ ထီးလေး တို့တွေဒီကိုရောက်လာတဲ့ရည်ရွယ်ချက် နင်မေ့နေပြီလား´´ ``မမေ့ပါဘူးဟ တို့အပန်းဖြေခရီးထွက်လာကြတာလေ´´ ``ဟာ ကြည့် လာနောက်မနေနဲ့ ´´ ``မှတ်မိပါတယ်ဟ နင်တို့ သိတဲ့အတိုင်းပဲလေ ဒီလောက်ကောင်းတဲ့အိမ်ကြီးမှာ အခုထိ ဘာထူးခြားမှု့တွေ ရှိလာလို့လဲ´´ ``ဟုတ်တယ်နော် မမ သူဇာတို့ ရောက်နေတာ ကြာပြီ အခုထိ ကျွတ် ကျွတ် ဆိုတာတောင် မကြားရဘူး´´ ကျွန်တော် သူဇာ့ မျက်နှာကို လှမ်းကြည့်မိလိုက်တယ် ။ပြောနေတဲ့ပုံက သူဘာမှ မသိတာ ကျိန်းသေနေတဲ့ပုံစံ ``တို့တွေ အခု ဦးတင်အောင်နေတဲ့အိမ်ဘက် လမ်းလျောက်ရအောင် ´´ ``ကောင်းသားပဲ မျှားလေးရ တို့ ဟိုနေ့က အိမ်ကြီးအကြောင်းမေးထားတာ မဆုံးသေးဘူး ထပ်မေးရဦးမယ်´´ ကျွန်တော်တို့အားလုံး ထိုင်ရာမှ ထမလို့ လုပ်စဉ် ``ဟေးးးးတူမရီးတို့ လူစုံတပ်စုံပါလား ထမင်းရော စားပီးကြပြီလား´´ ဦးတင်အောင်ရဲ့ ခြံထောင့်မှ စကားပြောလိုက်သံကို ကြားတော့ ``ဟာ ဦးလေး အတော်ပဲ လာ ထိုင်ပါဦး မနေ့က အကြောင်းလေး ဆက်ပြောပြပါဦး´´ လွတ်နေတဲ့ခုံမှာ ဦးလေးတင်အောင် ဝင်ထိုက်လိုက်တယ်။ ဦးတင်အောင် ထိုင်လိုက်ခြင်း ချက်ချင်းမှာပဲ ကျွန်တော့လည်ပင်းက ဆွဲကြိုးကိုတွေ့သွားခဲ့တယ်။ ``မောင်ထီးလေး မင်းလည်ပင်းက ဆွဲကြိုးကျူတ်က ဝင်းနေတာပဲနော် ဘာနဲ့လုပ်ထားတာလဲ ပလက်တီနမ်နဲ့လား´´ ``မဟုတ်ပါဘူး ဦးလေးရ ရိုးရိုး စတီးနဲ့ပါ´´ ``အော် အေးအေး ဒါနဲ့မောင်တန်ခိုးက ဘာမေးမလို့´´ ``ဟိုဟာလေ ဟိုနေ့က ဦးလေးပြောပြနေတဲ့ဒီအိမ်ကြီးအကြောင်း ဆက်ပြောပြပါဦးလို့´´ ဦးတင်အောင် သက်ပြင်းတစ်ချက် ချလိုက်တယ် မျှားကလေးရဲ့မျက်နှာကိုလဲ လှမ်းကြည့်လိုက်သေး ပြီးတော့ ``သမီးလေး ဆရာကြီး နေကောင်းရဲ့လား မမကြီးရော ´´ လေသံလေးက ဝမ်းနည်းဆိုနစ်နေသော အသံမျိုး၊ တစ်ခုခုကိုလဲ ပြန်လည်တမ်းတနေမိသလို ``ဟုတ် ဦးလေးတင် ကောင်းပါတယ်´´ ``အေးကွယ် ဆရာနဲ့ဦးလေးမဆုံဖြစ်တာ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီ တစ်ခါခါလေ ဦးလေးဆရာ့ကို သိပ်လွမ်းတာပဲ ´´ ``ဟာဗျာ ဦးလေးကလဲ လာလည်ပေါ့ဗျ ´´ ငါးကလေးက ဝင်ပြောလိုက်တယ် ။ဦးတင်အောင်ရဲ့မျက်နှာမှာတော့ ဝမ်းနည်းဆို့နစ်မှု့များဖြစ်ပေါ်လာသည်ကို ကျွန်တော်တို့ အားလုံးရိပ်စားမိခဲ့ပြီ။ ``လာချင်တာပေါ့ ငါ့တူရယ် ဒါပေမယ့် ဒီအိမ်ပိုင်ရှင် ဦးထင်ခက ဦးလေးကို ခြံထဲကနေဘယ်မှ မသွားရဘူးလို့ သူမသေခင် အချိန်ပိုင်းလေးမှာ ဦးလေးကို အမိနိ့ပေးခဲ့တယ် ´´ တန်ခိုးက ``ဟာ ဦးလေးကလဲ အခုသူလဲရှိတော့တာမှ မဟုတ်ပဲ လာပေါ့´´ ``မဟုတ်သေးဘူး တူကြီးရ ဦးလေးတို့က သစ္စာဆိုထားကြသူတွေပဲ ဒါကြောင့် ဦးထင်ခမရှိတော့ပေမယ့် သူ့သစ္စာတရားကို ဦးလေးလိုက်နာနေရဦးမှာပဲ´´ ``အော် ဒါနဲ့ဦးလေး သမီးဖေဖေမသိအောင် အိမ်တံခါးသော့ကို ခိုးယူလာတယ် ဒီရောက်တော့ တံခါးသော့လဲမဟုတ်ဘူး အဲ့သော့က ဘယ်နေရာမှာ သုံးတာလဲ ဦးလေးသိလား´´ လမ်းကလေးက ``နေပါဦး မျှားလေး နင်က အဲ့သော့ကို ဘာလို့ ဒီအိမ်သော့လို့ထင်ရတာလဲ´´ ``ငါ့ဖေဖေ သူဖိုထိုးတဲ့အခန်းထဲမှာ တစ်ယောက်တည်း ဖိုထိုးနေရင် အဲ့သော့ကိုသူ အမြဲတမ်းကြည့်တတ်တယ် ´´ ``တခါတုန်းကဆို ငါစာမေးပွဲအောင်လို့ ဖေဖေရှိတဲ့ဖိုခန်းထဲကို ငါသွားတယ်လေ ဖေဖေငါ့ကိုနောက်ကျော ပေးထားလို့မမြင်ဘူး သူ့အဲ့သော့ကိုကြည့်ပြီး မီးဖိုထဲကို ထည့်မလို့လုပ်လိုက် ပြန်ကြည့်လိုက်နဲ့တစ်ခုခုကို ဝေခွဲမရဘူးဖြစ်နေတယ်´´ ``အဲ့ဒါနဲ့နင်ဒီအိမ်သော့လို့ထင်တာနဲ့ဘာဆိုင်လို့လဲ´´ ``ဆိုင်တာပေါ့ ထီးလေးရ သော့တွေအားလုံးကို ဖေဖေက ဒီအတိုင်းထားတာ ဝှက်မထားဘူး ဒီသော့တစ်ချောင်းကျမှ သူ့မှာ ထားစရာနေရာ မရှိဘူး ဟိုဝှက် ဒီဝှက်နဲ့ ပြီးတော့ ငါဒီအိမ်ကြီးအကြောင်းမေးတိုင်း ဖေဖေက ဘယ်တော့မှဖြေဘူး စကားတွေလွဲပစ်တယ် ငါအတင်းမေးမှ သူဖြေတာက အဲ့အိမ်သော့ပျောက်နေတယ်တဲ့ ဖေဖေဆီမှာ မရှိဘူးတဲ့ မသိချင်ပါနဲ့သမီးရယ် မကောင်းပါဘူး အဲ့အိမ်ကြီးက သရဲခြောက်တယ်တဲ့ ဒါမျိုးပဲ အမြဲပြောလို့ အားလုံးကို ငါဆက်စပ်ကြည့်ပြီး ဒီသော့ပဲ ဖြစ်မဟ်ထင်လို့ ယူလာတာ ဒါပေမယ့် ဒီအိမ်သော့လဲ မဟုတ်ဘူး´´ ``အော်´´  မျှားကလေး သေချာပြောပြတော့မှ သော့မှားယူလာတဲ့အကြောင်းကို ကျွန်တော်တို့ သိသိကျကျ သိလိုက်ရပြီ။ မျှားကလေး စကားဆုံးတော့ သူ့ရဲ့ကြည့်တွေက ဦးတင်အောင်ဆီမှာ ``အဲ့ဒါ ဦးလေးများသိမလားလို့ ဒီအိမ်ကြီးနဲ့များ ပတ်သတ်နေမလားဆိုတာ သိချင်တာ´´ ဦးတင်အောင်က ``ဟိုနေ့က သမီးလေးပြတဲ့သော့လား´´ ``ဟုတ် ဦးလေး အဲ့သော့ကိုမြင်ဘူးလား´´ ``အင်းးးးးးဦးလေး အဲ့သော့ကို မြင်ဖူးတာမှ ဦးလေးဒီအိမ်ကြီးကို စရောက်တဲ့နေ့ကစပြီး ဦးထင်ခ မဆုံးပါးချိန်အထိ ဦးလေးအဲ့သော့ကို မြင်ဘူးတာပေါ့ ´´ ``ဟုတ် ဦးလေး ဆက်ပြောပါဦး ဘယ်လိုမြင်ဘူးတာလဲ´´ ``ဒီလို သမီးရဲ့ ဦးထင်ခက သမီးလေးအခုပြောတဲ့သော့ကို သူ့ခါးကြားက တစ်ခါမှ ချတာ မတွေ့ဖူးဘူး ဘဟ်အချိန်မဆို သူ့ခါးထဲမှာ အဲ့သော့ကို အမြဲချိတ်ထားတယ်   ပိုက်ဆံသေတ္တာသော့တွေကိုတော့ မယ်မယ်ကြီးဆီမှာထားတယ်လေ အဲ့သော့ကို ဘာလို့သူခါးကမချလဲဆိုတာ သမီးလေးဖေဖေ ဆရာပြောပြလို့တစ်ခါကြားဘူးတယ်´´ ``ဟုတ် ဦးလေး ပြောပြပါဦါ်´´ ``ဒီလိုသမီရဲ့ဆရာပြောတာတော့ အဲ့သော့က သူ့မွေးစားအဖေ ဦးထင်ခ အသတ်ထက် ပိုပြီးတန်ဖိုးရှိတယ်တဲ့  ပြီးတော့…………´´ ဦးတင်အောင် စကားမဆုံးခင် ``အား   ဘယ်လိုဖြစ်တာလဲဟ´´ တန်ခိုးရုတ်တရက် ထအော်လိုက်တာကို ကြားလိုက်ရတယ်။ ``ဟာ တန်ခိုးဘာဖြစ်တာလဲ´´ ``ငါ ……ငါ့…ငါ့လက်က ဆစ်ခနဲ ကိုက်သွားတယ် တစ်ကိုဟ်လုံးကို တုန်ခါသွားတာပ်ဲကွာ´´ တန်ခိုးသူ့လက်ကိုကိုင်ပြတယ် လက်ကတော့ အယောင်မရှိပါဘူး ။ ``အော်ကွာ မင်းလက်က အကင်းမသေ  သေးတော့လဲ တစ်ချက်ချက် သွေးလေလျောက်တော့ နာတာ နေမှာပေါ့ ´´ ``အေးကွ တော်တော်လေးကို ကျင်စပ်သွားတယ်´´ ``ကဲ ကဲ ငါတူတို့မှောင်နေပြီ ဦးလေးလဲ ပြန်အနားယူတော့မယ် ငါ့တူတို့လဲ ထမင်းစားလိုက်ကြဦး နောက်မှ  ဦးလေး ဆက်ပြောပြမယ် ဟုတ်ပလား´´ ``ဟုတ် ဦးလေး သမီးတ်ု့နဲ့ ထမင်းတူတူလာစားပါလား´´ ``နေပါ့စေ သမီးလေးရယ် ဦးလေးက တစ်ယောက်တည်းနေ တစ်ယောက်တည်းစားတာ နေသားကျနေတော့ တစ်ယောက်တည်းပဲ စားပါရစေနော် ဘဟ်လိုမှ မထင်ပါနဲ့´´ ``ဟုတ်ကဲ့ဦးလေး ဒါပေမယ့် သမီးတို့ပြန်မယ့် နေ့ရောက်ရင်  ဦးလေး သမီးတို့နဲ့တစ်နေ့လုံးအဖော် လုပ်ပေးရမယ် ပြီးတော့ ထမင်းလဲ အတူတူ စားရမယ်နော် ´´ ``စားမှာပေါ့ သမီးရ ကဲ အခုတော့ ဦးလေးကိုခွင့်ပြုဦး´´ ဦးတင်အောင် ကျွန်တော်တို့ကို နှုတ်ဆတ်ထွက်ခွာသွားချေပြီ။ ကျွန်တော်တို့လဲ တန်ခိုးလက်ကိုပဲ ဂရုစိုက်ကျန်နေခဲ့တော့သည်။ ``တန်ခိုး မင်းလက် သတ်သာရဲ့လား´´ ``အေးကွ အခုတော့ ဘာမှ မဖြစ်တော့ဘူး´´ ``ကဲ လာဟေ့ တို့တွေ ညစာစားကြရအောင်´´ ညနေဆောင်းရဲ့လေပြေလေးတွေက အေးလိုက်တာ။ ပန်းရနံ့လေးတွေက သင်းသင်း နွေရဲ့လေပြေလေးတွေ တစ်ချက်တိုက်ခတ်လိုက်ရင် ရင်ထဲကို အေးလို့ဥသြငှက်လေးတွေကလဲ သီချင်းတွေဆို သာယာလိုက်တဲ့ညခင်းလေးပါ။ ထမင်းဝိုင်းမှာ စကားပြောဖြစ်ကြတယ်။ ``ကဲ ထီးလေးရေ တို့ပါလာတဲ့ ထမင်းတွေလဲ နက်ဖြန်ဆို မလောက်တော့ဘူး ´´ ``မျှားလေးရေ ဒီချက်ရေး ပြုတ်ရေးကိုတော့ နင်တို့ ညီမနှစ်ယောက် တာဝန်ယူလိုက်တော့ ဘယ်လိုလဲ ဖြစ်မလား´´ ``ဖြစ်ပါတယ်ဟ ´´ ``သူဇာက မနက်စောစော နိုးတတ်တယ် အစ်ကိုထီးလေး သူဇာ တာဝန်ယူပါ့မယ်´´ ``ကောင်းတာပေါ့ သူဇာရဲ့ အော် ဒါနဲ့မနေ့ညက သူဇာတို့ ညီမနှစ်ယာက် တစ်ရေးနိုး စကားပြောဖြစ်ကြသေးလား´´ သူဇာက မျက်မှောင် တစ်ချက်ကျုတ်ပြီး ``ဟင့်အင်း မပြောဖြစ်ပါဘူး ရောက်ရောက်ချင်းနေက ခရီးပန်းတာနဲ့ သူဇာ တစ်ခါတည်းအိပ်ပျော်သွားတာ မနက်မှ တစ်ရေးနိုးပဲ´´ ကျွန်တော့ရင်ထဲ ဖျန်းကနဲဖြစ်သွားခဲ့တာကိုတော့ ဘယ်သူတွေ သိနိုင်မှာလဲ ``ဘာလို့မေးတာလဲ အစ်ကိုထီး´´ ``အော် ……ဟို …´´ ကျွန်တော် ဖြေရခတ်နေပြီ။ လမ်းကလေးက ကျွန်တော့ကို မချိပြုံး ပြုံးပြလိုက်တယ်။ လမ်းကလေး ပြောချင်တဲ့ အပြုံးအဓိပ္ပာယ်ကတော့ သူဇာနဲ့ကျွန်တော် စကားပြောတိုင်း မပွင့်မလင်း စွန့်အ နေသည်ကို တစ်မျိုးထင်နေပုံရတယ်။ ``ဘာမှ ဟုတ်ပါဘူး သူဇာရ ´´ ``ထီးလေးရေ ငါ့ညီမအကြောင်းငါသိဆုံး သူက အိပ်ရင် အပေါ့အလေးတောင် ထသွားတတ်တဲ့သူ မဟုတ်ဘူး´´ ``အေးပါ အေးပါ ငါက ချက်ရေးပြုတ်ရေးမှာ အားကိုလို့ရအောင် မေးကြည့်တာ´´ လမ်းကလေးကတော့ တစ်မျိုးထင်နေတာ သေချာနေပြီ။ ရှင်းပြဖို့ကလဲ ခတ် ။ ကျွန်တော် သိထားတဲ့ မသေချာသေးတဲ့ဖြစ်ရပ်တွေကိုတော့  သေချာအောင် စုံစမ်းပြီးမှ ဒီကိစ္စကို ရှင်းပြရတော့မှာပဲလို့ တွေးပြီး ဖြေသိမ့်နေလိုက်တော့သည်။ ***************************** စားသောက်ပြီးတော့ အိုက်စပ်စပ်လေးဖြစ်တာကြောင့် ခြံထဲမှာ ကျွန်တော်တို့တွေ ထိုင်ဖြစ်တယ် အချိန်ကား ည ၇ နာရီ ``ထီးလေးရယ် ငါနေ့ခင်းက အဖြစ်ပျက်ကိုပဲ ခံပြင်းလို့မဆုံးဘူး´´ ``ဘယ်အဖြစ်ပျက်တုန်း´´ ``လူ ငါးယောက်တည်း သွားတာကို ခုနှစ်ယောက်ဆိုပြီး အတင်းငြင်းတဲ့ ကစားကွင်းက လူကိုလေ´´ ကျွန်တော် နောက်ကျော မလုံတော့ပါ ။ လောကမှာ သိတဲ့သူက ပိုခံစားရတယ်ဆိုတာ တကယ်ပါလား။ သူတို့တွေက မသိသေးတော့ ကြောက်စိတ် ကင်းမဲ့စွာ ပြန်ပြောနေလျက် ``နင်ကတော်ပါသေးတယ်ဟာ ငါ့ကိုများ ကောင်မလေးကို ခေါ်သွားဦးလေတဲ့ ဟားဟား …… တကယ်သာ ငါ့မှာချစ်သူရှိနေရင် အခုချိန် ငါနဲ့အတူ ပါလာမှာပဲလို့ တွေးမိသေးတယ် ´´ တန်ခိုးကလဲ ရီလျက်ပြန်ပြောပြနေသေး ``ကဲ ဒီည ဘယ်သူတွေ နောက်ကျမှ အိပ်အလှည့်လဲ ´´ ``သိဘူး´´ ``ဘာ မသိတာလဲ ငါးလေး မင်းနဲ့တန်ခိုးနဲ့နော်´´ ``သိပါတယ်ကွ ငါက စတာပါ´´ ``လမ်းကလေး မင်းနဲ့ငါ အပေါ်ထပ်မှာ ဘီယာဘူးတွေ သွားယူရအောင် လိုက်ခဲ့ပါလား´´ ``ဟာကွာ မင်းနောက်ကျမှ အိပ်ရမှာနော် သောက်လို့မဖြစ်ဘူးထင်တယ်။´´ ``မင်းကလဲ ငါ့တာဝန် ငါသိပါတယ် ငါမူးအောင် မသောက်ပါဘူး တစ်ဘူးလောက်ပါပဲ´´ ``ဟာ မလိုက်ဘူး မင်းကို အားပေးအားမြောက် ပြုတယ်ဆိုပြီး ငါ့ကို ဝိုင်းဆူနေကြလိမ့်မယ် မလိုက်ဘူး ကိုယ်ဟာကိုယ် သွားယူ´´ လမ်းကလေးကို တန်ခိုး အဖော်ခေါ်မရတာနဲ့ ``ငါသိပါတယ်ကွာ မင်းသရဲကြောက်လို့မလိုက်ရဲတာ မဟုတ်လား …ငကြောက်´´ ``အောင်မာ ဘာကြောက်စရာရှိလို့လဲ လူသေလို့ သရဲဖြစ်တာ မင်းသာ အပေါ်ထပ်ကို တတ်ရမှာကြောက်လို့ ငါ့ကို အဖော်ခေါ်တာ´´ ``ဟာဟ လုံးဝ မကြောက်တတ်တာ ငါ့ဟာငါ သွားယူမယ် မလိုက်ရင်နေ´´ ပြောပြောဆိုဆိုဖြင့် တန်ခိုးထိုင်ခုံမှ ထသွားခဲ့တယ်။ အိမ်လှေကားထပ်ပေါ် လေချွန်ပြီး သာသာယာယာလေး တတ်သွားတယ် ။ ပြီးတော့ အခန်းထဲဝင်ပြီး ဘီယာဘူးတွေ ထားတဲ့နေရာမှ ဘီယာတစ်ဘူးကောက်ကိုင်လိုက်စဉ် ``တောက်……ဂျက်´´ တံခါးသော့တံကို လက်နဲ့ပုတ်လိုက်တဲ့အသံမျိုးကြားတော့ ``ဟေ့ယောင် လမ်းလေး လာမခြောက်နဲ့ကွာ လာ ဝင်ခဲ့ မင်းသောက်ချင်ရင် ဟိုကောင်တွေ မသိအောင် ဒီမှာပဲ မော့သွားလိုက်´´ အခန်းထဲမှ စကားလှမ်းပြောနေလျက် ``ဟေ့ယောင် ဝင်ခဲ့လေ ……ဟာ …ဒီကောင်ကွာ´´ စိတ်မရှည်တတ်တဲ့ တန်ခိုးက ခေါ်မရတာနဲ့ အခန်းပြင် ထွက်ကြည့်လိုက်တယ်။ ``ဟင်´´ ``ဘယ်သူမှ မရှိပါလား´´ ပိုသေချာအောင် အပေါ်ထပ် ဝရမ်တာကနေ လမ်းကလေးရှိတဲ့နေရာကို လှမ်းကြည့်လိုက်တော့ လမ်းကလေးတစ်ယောက့် မျှားကလေးတို့နဲ့ စကားပြောပြီး ရီးမောနေတာကို တွေ့လိုက်ရပြီ။ တန်ခိုး စဉ်းစားမရ ဘီယာဘူး နှစ်ဘူး ကိုင်လာပြီး အောက်ထပ်ကို တွေဝေသော အတွေးများနဲ့ တစ်လှမ်းချင်း ဆင်းလာခဲ့ပြီ။ အိမ်အပေါက်ဝ ရောက်တော့ ``ဟာ …ဟေ့ယောင် မင်းကလဲ အခန်းထဲမှာပဲ ချနေတာလား ဘာလုပ်နေတာလဲ ကြာလိုက်တာ´´ လမ်းလေးက လှမ်းမေးလိုက်တယ် ဘာမှ ပြန်မဖြေပဲ ခုံမှာ ဝင်ထိုင်လိုက်တယ်။ ``တန်ခိုး ဘာဖြစ်နေတာလဲ´´ ``အခုန ထသွားတာ အကောင်း ဘာလဲ နင့်ဘီယာဘူးတွေ ကုန်သွားလို့လား´´ တန်ခိုး ပြန်မဖြေ တော်တော်လေး ကြာမှ ``မဟုတ်ပါဘူးဟ ငါဒီည နောက်ကျမှ အိပ်ရမှာလေ ဒါကြောင့် စိတ်ငြိမ်အောင် ကျင့်နေတာ´ ``ဖြစ်ရတယ် တို့က မင်းများသရဲ ဝင်ပူနေတာလားလို့´´ လမ်းကလေးရဲ့ စကားကြောင့် တန်ခိုး ကျွန်တော့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ သေချာနေပါပြီ ဒါဆို တန်ခိုး တစ်ခုခုကို သိနေပြီဆိုတာ ``တန်ခိုး……သားရီး ငါလဲ ဒီည မင်းနဲ့အတူတူ နောက်ကျမှ အိပ်မယ်´´ ကျွန်တော် တန်ခိုးကို အားပေးသောအသံနဲ့ မာန်ပါပါဖြင့် ပြောလိုက်တယ်။ ``ရပါတယ် ထီးလေးရာ မနေ့ညကလဲ မင်းပင်ပန်းနေပါပြီ ရပါတယ် ငါးလေးနဲ့ပဲ ငါနောက်ကျမှ အိပ်ပါ့မယ် နောက်ညတွေလဲ မင်းကိုပဲ အားကိုရဦးမှာ ဒီညတော့ တို့နှစ်ယောက်ပဲ နောက်ကျမှ အိပ်လိုက်ပါ့မယ်´´ ``အေးအေး တန်ခိုး မင်းအများကြီး မသောက်နဲ့နော် ´´ ``အေးပါ ထီးလေးရ အခုကစပြီး ငါအများကြီးမသောက်တော့ဘူးလို့ မင်းတို့အားလုံးကို ဂတိပေးပါတယ်။ ´´ အချိန်ကား ၉နာရီ ကျော်လာခဲ့ပြီ မျှားကလေးတို့ ညီမနှစ်ယောက်လဲ အိပ်ချင်လာပြီ ဆိုတာကြောင့် အိပ်ခန်းလိုက်ပို့ပေးပြီး ကျွန်တော် ပြန်စင်းလာခဲ့တယ်။ ခြံထဲမှာ တန်ခိုး ငါးလေး လမ်းလေး တို့နဲ့အတူ ကျွန်တော် ထီးလေး ``လမ်းလေး မင်းကို ငါမေးမယ်နော် မင်းအမှန်တိုင်းဖြေပေး မိန်းကလေးတွေ မရှိတုန်း မေးမလို့´´ ``ဟာ…ဟာ…တန်ခိုး မင်းမဟုတ်တာတွေတော့ လာမမေးနဲ့နော် ငါရှက်တယ်´ နောက်တောက်တောက် လေသံဖြင့် လမ်းလေးက ပြန်ပြောလိုက်တယ် ``မနောက်နဲ့လမ်းလေးရ ငါအတည်မေးမှာ´´ ``ကဲ မေးပါဦး ဘာများမေးမလို့လဲ´´ ``အခုန ငါအပေါ်တတ်သွားတုန်းက မင်းလိုက်လာသေးလား´´ ``ဟင် မလိုက်ပါဘူးကွ´´ ``အလိမ်နဲ့နော်´´ ``အော်ကွာ မင်းကလဲ မယုံရင် ထီးလေးနဲ့ငါးလေးကိုသာ မေးကြည့် မင်းထသွားတည်းက ငါဒီကောင်တွေနဲ့အတူ ထိုင်ရာကတောင် ထတာ မဟုတ်ဘူး´´ တန်ခိုးက ကျွန်တော့ မျက်နှာကို ကြည့်လိုက်ပြီး ``ဟုတ်လား ထီးလေး´´ ``ဟူတ်တယ်ကွ ´´ တန်ခိုး မျက်မှောင်ကျုတ်ပြီး စဉ်းစားနေသောဟန်ဖြင့် ``ဒါဆို…………ဒါဆို ´´ တန်ခိုး တစ်ခုခုကို ပြောမလို့ရွယ်လိုက်စဉ်မှာပဲ ကျွန်တော်ဟန့်တားလိုက်တယ်။ ``တန်ခိုး´´ တန်ခိုး ကျွန်တော့မျက်နှာကို လှမ်းကြည့်လိုက်တော့ မျက်လုံးနဲ့ဆက်မပြောဖို့ ကျွန်တော် တားလိုက်ရတယ်။ ဒါနဲ့တန်ခိုးဆက်မပြောတော့ပဲ ``အော် ထီးလေး မင်းအိပ်ချင်နေပြီပေါ့ သွားအိပ်ကြတော့လေ ငါကတော့ ၁၂ ကျော်လောက်မှ အိပ်မယ် ´´ တန်ခိုးရဲ့စကားနဲ့အမူယာကို သိပ်အလေးမထားမိတဲ့ လမ်းကလေးနဲ့ငါးလေးကတော့ ``တတာ့ ငါးလေးရေ မင်းတော့ တန်ခိုးကို အဖော်ဆက်လုပ်ပေးလိုက်ဦး ငါနဲ့ထီးလေးကတော့ သွားအိပ်တော့မယ်´´ လမ်းကလေးက ပြောပြီး ထလိုက်တယ် ပြီးတော့ ``ဟင် ထီးလေး လာလေ မင်းမအိပ်သေးဘူးလား´´ ``အော်အေး……အိပ်မှာပေါ့ကွ´´ ကျွန်တော် တန်ခိုးနဲ့ငါလေးကို နှုတ်ဆတ်လိုက်ပြီး လမ်းလေးနဲ့အတူ အိမ်ပေါ်တတ်သွားချေပြီ။ ®®®®®®®®®®®®®®®®®® လမ်းကလေးကတော့ ခန်းထဲဝင်သွားခဲ့ပြီ။ ကျွန်တော်လဲ လမ်းကလေးမြင်အောင် ဟန်ပြ အခန်းထဲဝင်ချင်ယောင်ဆောင်ပြီး ပြန်ထွက်လိုက်တယ်။ အပေါ်ထပ် ဝရမ်တာကနေ တန်ခိုးရှိရာသို့ ကျွန်တော် ကြည့်လိုက်တယ်။ တန်ခိုးက ဘီယာကိုမော့သောက်နေပြီး ။သူ့ဘေးက ငါးလေးကတော့ စာအုပ်ကို စိတ်ဝင်တစား ဖတ်နေလျက် ကျွန်တော် ငါးမိနစ်လောက် ကြည့်ပြီး ငိုက်လာတာနဲ့ အခန်းထဲဝင်ပြီး အိပ်ပျော်သွားခဲ့တယ်။ ထီးလေးတစ်ယေက်ကတော့ နေ့ခင်းကမအိပ်ထားသည့် အရှိန်ကြောင့် နှစ်ခြိုက်စွာ အိပ်မောကျနေလေတော့သည်။ ***************************** အချိန်ကား ညဥ့်နက်လာချေပြီ။ ``တန်ခိုး ငါအိပ်ချင်လာပြီ´´ ``ဒါဆို ငါလဲ အိပ်တော့မယ် ဘယ်ချိန်ရှိပြီလဲ ´´` ``၁၂ ကျော်နေပြီ´´ ``အချိန် ဘယ်နည်းတော့မလဲ ဒီလောက်ဆို ဟိုကောင်တွေလဲ အိပ်မောကျနေရောပေါ့ ငါတို့လဲ အိပ်တော့မယ် ´´ နှစ်ယောက်သား အိမ်ပေါ်ထပ်ကို အတူ တိတ်လာခဲ့တယ်။ ငါးကလေးကတော့ ထီးလေးနဲ့အတူ အိပ်သည်မို့ ထီးလေးရှိတဲ့ထောင့်ဆုံးခန်းကို ဝင်သွားချေပြီ။ တန်ခိုးလဲ အခနိးထဲဝင်ပြီး ။ကုတင်ပေါ် လှဲလိုက်တယ်။ နောက် ``မဖြစ်သေးပါဘူး ဒီည ထီးလေးနည်းနည်းပင်ပန်းသွားတယ် ငါပဲ ရှိတာ ငါအိပ်လို့မဖြစ်သေးပါဘူး´´ တစ်ယောက်တည်း ရည်ရွက်ရင်း အခန်းတံခါးဖွင့်ကာ ဝရမ်တာလေးမှ အိမ်အောက် ကိုကြည့်မိလိုက်တယ်။ ``ဟင်……အရမ်းလှတဲ့ မိန်းကလေးပါလား´´ စိတ်ထဲကရည်ရွတ်ရင်း မြန်မာဆန်ဆန် နဲ့မိနိးကလေးတစ်ယောက်ကို တန်ခိုးတွေ့လိုက်ရတယ်။ အချိနိကြာကြာ မိန်းကလေးလှုပ်ရှားနေတာကို သူလိုက်ကြည့်နေမိတယ် ``ဟင် ………မဟုတ်သေးပါဘူး´´ အချိန်ကြာမှ အသိဝင်လာပြီး ``ဘယ်က မိန်းကလေးလဲ´´ မျက်လုံးကို ပွတ်သပ်ပြီး ပြန်ကြည့်တော့ ခြံထောင်က စံပယ်ပန်းရုံကိုသာ တွေ့လိုက်ပြီ။ ``ဟင် …စံပယ်ရုံကြီးပါလား ငါမူးနေတာလား မနေ့ကလောက်တောင် မသောက်ထားပါဘူး ငါမမူးပါဘူး ငါသေချာမြင်တာရော ဟူတ်ရဲ့လား ငါ့စိတ်ထဲက ချစ်သူလိုချင်လို့ ငါမြင်မိ မြင်ရာတွေ မြင်နေတာများလား´´ တစ်ယောက်တည်း အတွေးများဖြင့် စဉ်းစားမရပဲ မနက်မှ အားလုံးနဲ့တိုင်ပင်ပြီး ထူးခြားတာတွေကို ကြုံနေရပြီးဖြစ်ကြောင်း တစ်ခြား သူတွေရော ကြုံနေရလားဆိုတာ မေးတော့မည်ဟူ တွေးကာ တန်ခိုးတစ်ယောက် အတွေးများစွာဖြင့်သာ အိပ်အခန်းထဲ ဝင်သွားပါလေတော့သည်။ 


တစ်ယောက်တည်း အတွေးများဖြင့် စဉ်းစားမရပဲ မနက်မှ အားလုံးနဲ့တိုင်ပင်ပြီး ထူးခြားတာတွေကို ကြုံနေရပြီးဖြစ်ကြောင်း တစ်ခြား သူတွေရော ကြုံနေရလားဆိုတာ မေးတော့မည်ဟူ တွေးကာ တန်ခိုးတစ်ယောက် အတွေးများစွာဖြင့်သာ အိပ်အခန်းထဲ ဝင်သွားပါလေတော့သည်။ *********-*********-******-** မနက် ၄  နာရီ ၃၀ အချိန်မှာတော့ သူဇာ တစ်ယောက် ဝီရိယရှိစွာ ထမင်းချက်တာဝန် ကို စတင်ယူပါတော့တယ်။ အသင့်ပါလာတဲ့ ထမင်းပေါင်းအိုကို အိပ်ခန်းထဲမှ မီးထိုးပြီ အိပ်မပျော်တာကြောင့် ဝရမ်းတာ၌လေညင်းခံရန်ထွက်လာခဲ့ချေပြီ။ လက်ဆတ်လှတဲ့လေတွေကို သူမရှုရှိုက်ရင်း မျက်လုံးတစ်စုံကို မှိတ်လျက် နှုတ်ခမ်းလေးကားပြုံးနေခဲ့သည်။ ထမင်းကျက်ချိန်နီးမှသာ သူမ အိပ်ခန်းထဲသို့ ပြန်ဝင်သွားချေခဲ့ပြီ။ ``ဟင် …၅နာရီတောင် ထိုးတော့မှာပါလား…မမတို့အိပ်နေတုန်း အိမ်ကြီးထဲ လိုက်ကြည့်ဦးမှ´ သူမရည်ရွက်ကာ အပေါ်ထပ် ဝရမ်တာမှ ဘယ် ညာ ကြည့် တိုက်ခတ်လျက်ရှိနေတဲ့ လေတွေကို တစ်ဝကြီး ရှု့ရှိုက်လိုက်စဉ်…… ``ဟင်……ဘုန်းကြီးတွေပါလား …အတော်ပဲ ဆွမ်းသွားလောင်းဦးမှ´´ အပေါ်ထပ်မှ မြင်လိုက်သည့် မြင်ကွင်းကြောင့်  သူဇာ ဆွမ်းလောင်းရန် အိပ်ခန်းထဲမှ ဆွမ်းခူးပြီး အောက်ထပ်သို့ ခပ်သွက်သွက်လေး ပြေးဆင်းသွားခဲ့တယ်။ ခြံပြင်ရောက်ဖို့ ငါးမိနစ်နီးပါး လျောက်ရတဲ့ခြံပြင်ကို သူမခဏအတွင်းရောက်သွားပြီ… ခြံတံခါးကို ဖွင့်ခါ သဘက်ကလေး ပုခုံးပေါ်တင်ကာ ခြံရဲ့ ဘေး ဘယ် ညာကြည့်လိုက်ပြီ…… ``ဟင်…ဦးဇင်းတွေ ဘယ်ရောက်သွားပါလိမ့် …အခုန ငါသေချာတွေ့လိုက်တာ ဦးဇင်း ၃ပါးပါ´´ သူမ စဉ်းစားရင်း ``ငါပဲ မျက်လုံးမှားတာလား´´ စိတ်ထဲကရည်ရွက်ပြီ ခြံထဲသို့ တစ်လှမ်းချင်းပြန်ဝင်လာခဲ့လေသည်။ **************************** သူမ စဉ်းစားမရပဲ ခြံထဲက ခုံလေးမှာ ထိုင်နေခဲ့တယ်။ စားပွဲအပေါ်မှာ ဆွမ်းပန်းကန်တင်ပြီ မျက်မှောင်ကျုတ် တွေးတောနေစဉ်… ``ဟေ့ သူဇာ ´´ အသံလာရာဆီသို့ သူမမော့ကြည့်လိုက်ပြီး ``ဟင်…အစ်ကို ထီးလေး နိုးနေပြီလား´´ ``နိုးပြီး…သူဇာရော ထမင်းချက်ပြီးပြီလား´´ ``ဟုတ်ကဲ့ အစ်ကိုထီးလေး ပြီးပြီ´´ သူဇာ စားပွဲအပေါ်မှာ တင်ထားတဲ့ ထမင်းပန်းကန်ကို မြင်တာနဲ့ ကျွန်တော် ထီးကလေးက ``သူဇာ ထမင်းပန်ကန်က ဘာလုပ်မလို့လဲ´´ သူဇာက ကျွန်တော့ကို တစ်ချက်လှမ်းကြည့်ပြီး ``အစ်ကိုကို့ သူဇာ ပြောစရာရှိလို့ အပေါ်တတ်လာခဲ့မယ်´´  ထမင်းပန်းကန်လေးကိုင်ကာ ကျွန်တော် ထီးကလေးဆီသို့  သူမရောက်လာပြီ  ကြုံတွေ့သမျှ ပြောပြလေတော့သည်။ ``သူဇာ ပြောတာ တကယ်ပဲလား´´ ``တကယ်ပါ အစ်ကို သူဇာတို့  အခုလှမ်းမြင်နေရတဲ့လမ်းကနေ ဦးဇင်း ၃ ပါးကြွလာလို့ ဒီနားက ဘုန်းကြီးကျောင်း အာရုံဆွမ်းခံကြွတယ်ထင်တာနဲ့ ဆွမ်းသွားလောင်တာ…´´ ``ဟုတ်ပြီ သူဇာ ဒါဆို သူဇာ ရေမိုးသွားချိုးလိုက်ဦး မိုးလင်းမှ တို့အားလုံး တစ်ခုခု တိုင်ပင်ကြတာပေါ့´´ ``ဟုတ် အစ်ကိုထီးလေး´´ သူဇာ ပြောပြီးလှည့်အထွက် အိပ်ခန်းထဲမှ လမ်းကလေးထွက်လာခဲ့ပြီး။ သူဇာက ``လမ်းလေး နင်နိုးလာပြီလား´´ ``နိုးပြီးပေါ့ နင်က ငါလာလို့အခန်းထဲပြန်ဝင်မလို့လား´´ ``ရှင်´´ ``ဟေ့ယောင် လမ်းလေး မင်းဘာတွေ လျောက်ပြောနေတာလဲ သူဇာ့ကို အားနာစရာကြီး သူဇာ သွားသွား အစ်ကိုလမ်းလေးနဲ့စကားပြောလိုက်ဦးမယ်´´ လမ်းကလေးက ကျွန်တော်နဲ့သူဇာကို အစတည်းကမှ တစ်မျိုးထင်နေခဲ့တာ အခုမြင်ကွင်းကို သူတွေ့သွားတော့ ပိုပြီးထင်မိတာ လမ်းကလေးအမှားမဟုတ်ပါဘူးလေ ``ထီးလေး မင်းနဲ့သူဇာက´´ ``ဟာ …ဟေ့ယောင် သူဇာ့ကို ထမင်းချက်ပြီးပြီးလား မေးပြီး စကားပြောနေကြတာပါကွာ မင်းထင်သလို မဟုတ်ပါဘူး´´ လမ်းကလေးက ပြုံးချိချိ မျက်နှာဖြင့် ခေါင်းလေး တစ်ငြိမ့်ငြိမ့်လုပ်ခါ ``အေးလေ ဒါဆိုလဲ ပြီးတာပဲ´´ ``မနက်မိုးလင်းတာနဲ့ မင်းတို့အားလုံးကို ငါပြောစရာရှိတယ် လမ်းလေး´´ ``ဘာပြောမလို့လဲ´´ ``လူစုံမှ ပြောကြတာပေါ့ ´´ ``အေးအေ ဒါဆို ငါမျက်နှာ သွားသစ်လိုက်ဦးမယ်…မျက်နှာတောင် မသစ်ရသေးဘူး အပြင်မှာ စကားပြောသံတွေ ကြားလို့ထွက်ကြည့်တာ ´´ လမ်းကလေး အိပ်ခန်းထဲသို့ ပြန်ဝင်သွားချေခဲ့ပြီ။ ကျွန်တော်ကြုံတွေ့ထားသမျှနဲ့သူဇာပြောပြသမျှကို ဆက်စပ်ကြည့်တော့ ဖြစ်ရပ်တွေက ခြားနားလှတယ် ။ ဒါနဲ့ကျွန်တော် စဉ်းစားနေရင်း လည်ပင်းက ကျူတ်ဆွဲကြိုးလေးကို ကိုင်မိတယ်။ ``အင်းးးးးအခုဆို တန်ခိုးလဲ တစ်ခုခုကို ကြုံတွေ့ထားသလို သူဇာကလဲ ကြုံနေရပြီ ´´ ``ဘာပဲဖြစ်ဖြစ်လေ လာမယ့် ဘေးပြေးတွေ့လိုက်တာ အကောင်းဆုံးပဲပေါ့´´ ရည်ရွက်ရင်း ကျွန်တော် အိမ်အောက်ထပ်ကို ဆင်းသွားခဲ့ပြီ။ သူဇာ ရေးချိုးပြီး ရေချိုးခန်းထဲမှ ထွက်လာကာ အိပ်နေတဲ့မျှားကလေးကို ``မမ မထသေးဘူးလား အပြင်မှာ အစ်ကို ထီးလေးတို့ နိုးနေကြပြီ။´´ မျှားကလေးက အိပ်ချင်မူးတူးလေသံဖြင့် ``အေးအေး ထပြီး ထပြီ ´´ ``ဟုတ်မမ ဒါဆို ညီမလေး အောက်မှာ မနက်စာ စားဖို့စောင့်နေမယ်နော် ´´ ပြောပြောဆိုဆိုနှင့် သူဇာတစ်ယောက် အောက်ထပ်ကို ဆင်းသွားခဲ့တယ်။ တစ်ဖက်စောင်းအိပ်နေတဲ မျှားကလေးက သူဇာ့ကုတင်းဘက်ကို တစ်ချက်လှမ်းကြည်ပြီ ``ဟဲ့ကောင်မလေး…မနက်စာစားဖို့ပြင်မယ်ဆို သွားလေ ငါ့ကိုစောင့်မနေနဲ့ ´´ ။ ခဏကြာတော့ တံခါးဖွင့်အောက်ဆင်းသွားတဲ့ အသံမကြားတာကြောင့် ပြန်လှည်ကြည့်လိုက်တယ် ။သူမကို ကျောပေး ဆံပေးကို နောက်ကျောကနေ အရှေ့ဘက်ကို လက်နဲ့သပ်ချနေတဲ့ မိန်းမတစ်ယောက်ကို သူမ မကွဲမပြား တွေ့လိုက်ပြီး ``ဟင်…´´ မျက်လုံးတစ်စုံကို ချက်ချင်းပွက်သပ်လိုက်တယ်။ ``ဟင် သူဇာလဲ မဟုတ်ပါလား အခုနက ငါသချာတွေ့လိုက်ပါတယ် သူဇာ့ကုတင်းမှာ ဘယ်သူထိုင်နေတာလဲ……ဟာ …ဟုတ်ပီ´´ သူမမျက်နှာမှာ ကြောက်စိတ်မပေါ်ပဲ တစ်ခုခုကို သိရလို့သူကျေနပ်သွားဟန် ***************************** ``အစ်ကိုထီးလေး မနက်စာပြင်ပြီးပြီ လာတော့လေ´´ အားလုံးပြင်စဉ်ပြီးသွားတာကြောင့် မနက်စာ စားရန် ခြံထဲမှ ထီးကလေးကို သူဇာ လှမ်းပြောလိုက်စဉ် အိမ်ပေါ်ထပ်မှ ငါးလေးနဲ့လမ်းကလေးဆင်းလာပြီး ``ငါတို့ကိုရော မခေါ်ဘူးလား´´ ``ဟာလာလေ အခုပဲ လာခေါ်မလို့´´ ``နင်က ထီးလေးကို ဦးစားအရမ်းပေးတယ်နော် သူဇာ´´ သူဇာက ပြုံးလိုက်ပြီ ``ပေးရတာပေါ့ဟ အစ်ကိုထီးလေးက ငါတို့ရဲ့ခေါင်းဆောင်တာဝန်ယူထားတာလေ ပြီးတော့ ငါတို့အပေါ်သိပ်ဂရုစိုက်တာ နင်တို့လဲ သိသားပဲ´´ ``ဟုတ်ပါတယ် ဟုတ်ပါတယ် နင်ပြောတာ မှန်ပါတယ် ´´ ထိုအချိန် ခြံဝန်းထဲမှ ထီးကလေး သူဇာ့ခေါ်သံကြောင့် အိမ်ထဲဝင်လာခဲ့ပြီး ``ဟာ……မနက်စာက ရှယ်ပဲဟေ့ နန်းကြီးသုတ် ဟိုကောင်တန်ခိုးသိပ်ကြိုက်တာ အော် ငါးလေး မင်းလဲရောက်နေပြီ မျှားလေးနဲ့တန်ခိုးရော´´ ``မမ ကတော့ နိုးနေပြီ အစ်ကိုထီလေး အစ်ကိုတန်ခိုးကတော့ ညက ညဥ့်နက်သွားတယ်နဲ့ထင်တယ် အိပ်တုန်းဖြစ်မှာပေါ့´´ ``ဒါဆိုလဲ တန်ခိုး အိပ်ပါစေ မျှားကလေးကို သူဇာ သွားခေါ်လိုက်လေ´´ မနက်စာဝိုင်းမှာ ကျွန်တော် ထီးကလေး နဲ့အတူ လမ်းကလေး၊ ငါးကလေးတို့ မျှားကလေးအလာကို စောင့်နေကြတော့သည်။ ``မမရေ မမ နိုးနေပြီလား…သူဇာ ဝင်ခဲ့မယ်နော်´´ ``အေးအေး ဝင်ခဲ့လေ´´ မျှားကလေးရဲ့ခွင့်ပြုချက်ကြောင့် သူဇာ အခန်းထဲကို ဝင်လာခဲ့တယ်။ အခန်းထဲရောက်တော့ ပြုံးစိစိလုပ်ခါ ခေါင်းဖီးနေတဲ့မျှားကလေးကို တွေတော့ ``ဟင် မမ ခေါင်းဖီးနေရင်း ဘာတွေ သဘောကျနေတာလဲ ´´ ``ဘာမှ မဟုတ်ပါဘူး သဘောကျလို့ လာလာ အောက်သွားကြမယ်´´ မျှားလေး ဘာမှ ပြန်မပြောပဲ သူဇာ့ကို ပုခုံးဖက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ ``ဟ ……မျှားလေး နင်ဘာဖြစ်နေတာလဲ ပြုံးစိစိနဲ့´´ ``ငါသရဲခြောက်ခံရသလိုပဲ´´ ``ဟင်´´ အားလုံးက အံ့သြတစ်ကြီး ``ဟင်´´ဆိုတဲ့ အာမေဋိသာ ပြန်ပြောနိုင်တော့သည်။ *****--*******-**-*-*-*-******* ဒါနဲ့ကျွန်တော်ထီးကလေးက ``ပြောစမ်းပါဦး ဘယ်လိုအခြောက်ခံရတာလဲ´´ ``ဒီလိုဟ´´ မျှားကလေးမှာတော့ သူမ မကွဲမပြား မြင်လိုက်ခဲ့ရသည့် မြင်ကွင်းအား ပြန်ပြောနေတော့သည်။ ``ဟူတ်လို့လားဟာ မျှားလေး နင်မနောက်နဲ့နော် ´´ ``ငါတကယ်ပြောတာ ဒါကြောင့်ငါသဘောကျနေတာ ´´ ``ဟင် ……နင်က မကြောက်ပဲ သေဘာကျနေတယ် ဟုတ်လား ဘာဖြစ်လို့လဲ´´ ``ဘာဖြစ်ရမှာလဲ ငါတို့ဒီအိမ်ကြီးဆီ ရောက်လာတဲ့ရည်ရွယ်ချက်က  သရဲ တစ္ဆေ ဆိုတာကို သေချာ တွေ့ဖူးချင်တယ် ပြီးတော့ ဟုတ်မဟုတ်ဆိုတာ သိချင် တယ် ဒါကြောင့်လာခဲ့တာလေ အခု ငါကတော့ နည်းနည်း မြင်လိုက်ရသလိုပဲ´´ မိန်းကလေးဖြစ်တဲ့ မျှားကလေးက ကြောက်စိတ် မရှိပြောနေခဲ့တယ်။ အားလုံးကလဲ သူမစကားကို ယုံရခတ် ``ကဲပါ…စားကြ နန်းကြီးသုတ်တွေပါလား တန်ခိုးအကြိုက်ပဲ ဟင်…ဒါနဲ့သူမနိုးသေးဘူးလားထီးကလေး ´´ ``ညက ညဥ့်နက်တယ်နဲ့တူတယ်ဟ အိပ်ပါစေ တို့ပဲ အရင်စားကြတာပေါ့´´ တန်ခိုး အိပ်ယာ မထသေးတာကြောင့် ကျွန်တော်တို့ ၅ယောက် မနက်စာ အရင် စားနှင့်နေခဲ့တယ်။ ``ကဲ……စာလို့သောက်လို့တော့ ပြီးကြပြီ တို့ ခြံထဲမှာ ခဏ ထိုင်ပြီး ဒီနေ့အတွက် အစီစဉ်လေး စွဲလိုက်ကြရအောင်´´ ``အေးအေး မျှားကလေး ငါတော့ တန်ခိုးကို သွားနိုးလိုက်ဦးမယ် ´´ မျှားကလေးတို့ကတော့ ခြံထဲကို ဆင်းသွားခဲ့ပြီ ။ ကျွန်တော် ထီးလေးကတော့ တန်ခိုးကို နိုးဖို့် အိပ်အပေါ်သို့ တတ်သွားခဲ့တယ် ။ အခန်းရှေ့ရောက်တော့ ထီးလေး အခန်းတံခါးကို ခေါက်လိုက်တယ်။ အထဲမှ ``ဘယ်သူလဲ …´´ မပီဝိုးတဝါး တန်ခိုးရဲ့အသံကိုကြားတော့ ``ငါပါကွ…´´ ``ထီးလေး ဝင်ခဲ့လေကွာ´´ ကျွန်တော် အခန်းတံခါးဖွင့်ခါ ဝင်လာခဲ့ပြီ။ ``ဟေ့ယောင် ထတော့လေကွာ ငါတို့တောင် မနက်စာ စားပြီးပြီး မင်းညကအိပ်တာ နောက်ကျလို့ မနှိုးတာ ထတော့ တို့တွေ ဒီနေ့ဘာအစီစဉ် လုပ်မလဲ အောက်မှာတိုင်ပင်ကြရအောင်´´ ``အေးအေး ထပြီ ထပြီ´´ ``ထထ မင်းကြိုက်တဲ့ နန်းကြီးသုတ် အောက်မှာ အုပ်ထားတယ် စားပြီးခြံထဲကို ဆင်းလာခဲ့´´ ``အေးအေး ငါမျက်နှာ သစ်လိုက်ဦးမယ်´´ ``ဒါဆို ငါတို့ခြံထဲမှာပဲ ရှိမယ်သိလား မင်းစားသောက်ပြီးတာနဲ့ ခြံထဲကို ဆင်းလာခဲ့နော် ´´ တန်ခိုးကို နိုးပြီး ကျွန်တော် ငါးလေးတို့ရှိတဲ့ ခြံထဲကို ဆင်းသွားခဲ့တယ် ။တန်ခိုးတစ်ယောက်ကတော့ မျက်နှာသစ် ချေလက် သန့်စင်ပြီး အောက်ထပ် မနက်စာ စားနေကြ စားပွဲဝိုင်းကို ဦးတည်လာနေခဲ့ပြီ။ စာပွဲဝိုင်းအနားသို့အရောက်… ``ဟင် …ဒီကောင်တွေကွာ နောက်စရာမရှိ ကြံဖန်ပြီးနောက်တယ် ကြည့်ပါဦး ပြောတော့ ငါကြိုက်တဲ့နန်းကြီးသုပ်တဲ့ အခုစားပီးသား ပန်းကန်တွေတောင် သိမ်းမသွားဘူး တကယ့်ကောင်တွေပဲ´´ တန်ခိုးတွေ့လိုက်ရတဲ့မြင်ကွင်းကတော့ စားပွဲအပေါ်မှာ စာပြီးသားပန်းကန်တွေကိုသာ သူတွေ့လိုက်ရတယ် ။ ပြေပြောဆိုဆို ဘေစင်မှာ ပန်းကန်တွေ ဆေးနေရင်း ``ငါ…ညက အကြောင်း ထီးကလေးကို ပြောပြမှ ဖြစ်မယ် သူတို့ကရော ဘာမှ မသိကြဘူးလား အခုဆို ငါတို့ဒီအိမ်ကြီးရောက်လာတာ ၃ရက်မြောက်ပြီ ထူးခြားတာဆိုလို့ ညက အဖြစ်ပျက်ကတော့ တော်တော်လေးထူးဆန်းနေပြီ ……တစ်ခုတော့ရှိတယ် ငါကသောက်တတ်တဲ့သူဆိုတော့ သူတို့ငါ့စကားကိုယုံပါ့မလား……မတတ်နိုငိဘးး ယုံချင်ယုံ မယုံချင်နေ ပြောထားဖို့ကတော့ ငါ့တာဝန်ပဲလေ´´ စ်တ်က ရည်ရွက်ခါ ပန်းကန်းတွေ ဆေးနေလျက် ပန်းကန်အားလုံးဆေးကြောပြီး ထီးကလေးတို့ရှိနေသည့် ခြံထဲသို့ ထွက်လာခဲ့တော့သည်။ ``ဟော့ …လာပါပြီ ကိုတန်ခိုးကြီး´´ ``တန်ခိုး အသုပ်ကောင်းရဲ့လား ´´ တန်ခိုးက မဲ့ပြုံးပြုံးကာ ``ကောင်းပါ့ တော်တော်လေးကောင်းတယ်´´ ``ကောင်းမှပေါ့ အစ်ကို တန်ခိုးရ သူဇာ့လက်ရာလေ ´´ ``အော် လက်စသတ်တော့ ညည်းလုပ်တာကို …ငါက လမ်းကလေး လုပ်တယ်ထင်လို့´´ ``ဘယ်ကသာ သူဇာ မနက်တည်းက နိုးပြီး အားလုံးစီစဉ်ထားတာ ´´ ``လုပ်ထားဦးပေါ့လေ ငါအိပ်ယာထနောက်ကျလို့ ငါခံရတာပဲ´´ တန်ခိုးပြောသော စကားများနှင့် သူဇာ ပြောသော စကားတို့က အလွဲကြီး လွဲနေခဲ့သည်ကို ကျွန်တော်တို့ အားလုံး သတိမထားမိခဲ့ချေ။ တန်ခိုး ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ် ။ အသက်ကို ခပ်ပြင်းပြင်းရှုပြီး ``မင်းတို့အားလုံးကို ငါပြောစရာရှိတယ်´´ ``အေးပြောလေ ဘာပြောမလို့လဲ ´´ ``ဒီလိုကွ ငါညက အပေါ်ကနေ မအိပ်ချင်တာနဲ့ဝရမ်တာထွက်ပြီး ဟိုးက စံပယ်ပန်းရုံကြီးနားမှာ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်တယ် တော်တော်လေးကို ယဉ်တယ် မြန်မာဆန်ဆန် မိန်းကလေးတစ်ယောက်´´ တန်ခိုးရဲ့စကားကို ကျွန်တော်တို့ အားလုံး စိတ်ဝင်တစား နားထောင်နေခဲ့တယ်။ ``ဒါတင်မကသေးဘူး ညက ငါဘီယာဘူး သွားယူတုန်းကလဲ ငါနောက်ကနေ တစ်ယောက်ယောက်လိုက်လာသလိုပဲ ဒါပေမယ့် ငါလှည့်မကြည့်ခဲ့ဘူး လမ်းကလေး ငါ့နောက်ကို လိုက်ပြီး စ နေတာထင်လို့ ငါဘီယာဘူး ထုတ်နေတုန်း တံခါးသောကို လက်နဲ့ဖျက်ရိုက်သွားတဲ့အသံမျိုးကြားရသေးတယ် အဲ့ထိလဲ ငါလမ်းကလေးပဲ ထင်နေခဲ့တာ မသင်ကာလို့ထွက်ကြည့်တော့ လမ်းကလေးက မင်းတို့နဲ့အတူရှိနေခဲ့တယ်´´ ``ဟင် …´´ ``ဟုတ်တယ် မင်းတို့ရော ဘာမှ မကြုံကြဘူးလား ´´ မျှားကလေးကလဲ မနက်က သူကြုံတွေ့ခဲ့သမျှ ပြန်ပြောလေတော့သည်။ ``ဟာ…………ဒါဆို ထီးလေး တစ်ခုခုတော့ထူးနေပြီ…ငါတို့ဘာလုပ်ကြမလဲ …´´ ကျွန်တော်စဉ်းစားလိုက်ပြီး ``ငါတို့တွေ ဒီအိမ်ကြီးဆီ ရောက်လာတဲ့ရည်ရွယ်ချက်ကလဲ မျှားကလေးပြောခဲ့တဲ့အတိုင်းပဲ ဒါကြောင့်ငါတို့ ပြန်ဖို့နဲ့ဆက်ပြီး လေ့လာဖို့ နှစ်ခုပဲရှိတယ် ……ဒီတော့ ဘယ်လမ်းကို ရွေးမလဲ ´´ ``ထီးလေး ငါကတော့ မပြန်ချင်သေဘူး ဆက်ပြီး သေချာအောင် လေ့လာချင်သေးတယ် ´´ ``လမ်းလေးနဲ့ငါးလေးကရော …´´ ``ငါတို့က နှစ်ကိုယ်တစ်စိတ် သူငယ်ချင်းတွေပဲ မင်းတို့လိုပဲပေါ့´´ ``သူဇာကရော ……မမက နေချင်သေးတော့လဲ သူဇာက မမသဘောအတိုင်းပါပဲ´´ ``တန်ခိုး …မင်းကရော …´´ ``ငါက အစတည်းက ဒါတွေ သိပ်အယုံကြည်ရှိတာ မဟုတ်ဘူး ငါလဲ ဆက်ပြီး လေ့လာချင်သေးတယ် ´´ အားလုံးရဲ့ လေသံတွေက ထပ်တူဆိုတော့ ကျွန်တော်တို့အားလုံး ဆက်လေ့လာဖို့သာ စီစဉ်ကြတော့သည်။ ``ဒီ ဖြစ်ရပ်တွေကို ငါတို့ဦးတင်အောင်ကို သွားပြောပြရင် မကောင်းဘူးလား ထီးလေး´´ ``ကောင်းတာပေါ့ သူဒီမှာနေတာ ကြာပြီ ဒါတွေ သူသိလား သွားမေးရမယ် ´´ ကျွန်တော်တို့အားလုံး ဦးတင်အောင်ဆီ သွားမလို့လုပ်စဉ်မှာပဲ ``ဟေ့ ငါ့တူမရီးတွေ နိုးနေကြပလား´´ ``ဟာ …ဦးလေး ´´ ဦးတင်အောင် ခြံထောင့်မှ ထွက်လာခဲ့တယ်။ ``မင်းတို့စကားပြောနေတာ ဦးလေးတွေ့တယ် အနှောက်ယှက်ဖြစ်မှာ ဆိုးလို့ ဝင်မလာတာ အခုဘယ်သွားကြမလို့လဲ´´ ``ဦးလေးဆီလာမလို့ပဲ´´ ``ဟေး……´´ ``ဟုတ်တယ် ဦးလေး ဒီမှာ ခဏလာထိုင်ပါဦး ကျွန်တော်တို့ ပြောစရာလေးတွေရှိလို့´´ ``အေးအေး လာပါပြီကွယ် ´´ ကျွန်တော်တို့ခေါ်ရာသို့ ဦးလေးတင်အောင် ရောက်လာကာ လွတ်နေသော ခုံ၌ဝင်ထိုင်ပြီ ``ဘာပြောကြမလဲတုန်း ငါ့တူတို့ရဲ့´´ ``ဒီလို ဦးလေး´´ မျှားကလေးက လူ၅ယောက်တည်းသွားခဲ့သည်ကို ၇ ယောက်ဟု ပြောကြောင်းနှင့်အတူ တန်ခိုး နဲ့သူဇာတို့ကလဲ သူတို့ အတွေ့ကြုံတွေကို ဦးတင်အောင်အား ပြောပြလိုက်တော့ ``ဟင်…ဟုတ်လို့လား ငါ့တူတို့ရဲ့ …ဦးလေးဒီခြံကြီးထဲမှာ တစ်ယောက်တည်းနေလာတာ နှစ် ၂၀ နှစ်ကျော်ပြီ တစ်ခါမှ ဒီလိုမျိုးတွေ မကြုံပါဘူး´´ ``ဦးလေးက အိမ်ထဲကိုမှ မရောက်ဖူးတာ သေချာဘယ်လိုလုပ်သိပါ့မလဲ´´ ``ငါ့တူရီး မောင်တန်ခိုးပြောတဲ့ မိန်းကလေးဆိုတာလဲ ဦးလေးတစ်ခါမှ မမြင်ဖူးဘူး ပြီးတော့……´´ ဦးတင်အောင် ပြောလက်စ စကားရပ်တန့်သွားခဲ့စဉ် ``ပြီးတော့…ဘာဖြစ်လဲ ဦးလေးဆက်ပြောပါ ´´ ``အင်းး………ပြီးတော့ ဒီအိမ်ကြီးမှာ သေခဲ့တဲ့သူတွေကလဲမနည်းဘူး …´´ ``ဟင်´´ ``ဗျာ ´´ ``ရှင်´´ ``ဟုတ်တယ် ငါတူတို့ ဒါပေမယ့် ဒီလိုတွေ သေကြတာ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ဝန်းကျင်တုန်းကပါ …ဒါကို အစွဲပြုပြီး ဒီအနီးနားတစ်ဝိုက်က လူတွေက ဒီအိမ်ကြီးကို သရဲခြောက်တယ်လို့ ပြောကြတယ်လေ …ဦးလေးနေလာတာ နှစ်မနည်းတော့ဘူး ဒါပေမယ့် မောင်ရင်လေးတို့ ပြောသလိုမျိုးတော့ ဦးလေး တကယ်မကြုံဘူးတာ အမှန်ပဲ´´ ``ဦးလေး …ဒီအိမ်ကြီးမှာ လူတွေ သေတာ မနည်းဘူးဆိုတော့ ဘယ်လိုတွေ သေကုန်ကြတာလဲ´´ ဦးတင်အောင် အန်ကိုကြိတ်လိုက်တယ် ။တစ်ခုခုကို နာကျည်းမုန်းတီးနေသော အမူယာနှင့်… ``ရက်စက်ယုတ်မာ လိုက်ကြတာ သိပ်ကိုလဲ အကြင်နာတရား ကင်းမဲ့တယ် လူမဆန်ကြဘူး …´´ မာန်ပါပါဖြင့် ဦးတင်အောင် မည်သူ့ကို ရည်ညွှန်းပြီးပြောမှန်း မသိ ပြောနေခဲ့တယ်။ ``ဘယ်သူတွေက ရက်စက် ယုတ်မာကြတာလဲ ဦးလေး´´ ဦးတင်အောင် စကားကို ငါးကလေး ဖြတ်မေးလိုက်စဉ်မှာပဲ ``အားးး´´ ``ထီးလေး လုပ်ပါဦး ငါ့ လက်ကို တစ်ယောက်ယောက်က ဆွဲညစ်ထားသလိုပဲ လုပ်ကြပါဦး´´ ရုတ်တရက် တန်ခိုးထအော်လိုက်တယ်။ ``တန်ခိုး…တန်ခိုး……ဘာဖြစ်တာလဲ´´ ``လုပ်ပါဦး ငါ့လက် အရမ်းကိုက်တာပဲ ဦးလေး လုပ်ပါဦး ကျွန်တော့လက်အရမ်းကိုက်နေပြီ´´ ``လာလာ အိမ်ထဲက ငန်းဆေးပြန်လိမ်းလိုက် လာကြ …လာကြ´´ ဦးတင်အောင်နဲ့အတူ ကျွန်တော်တို့ အိမိကြီးထဲ ပြန်ဝင်လာချေပြီ။ ဧည့်ခန်းမှာ ဦးတင်အောင် တန်ခိုးနဲ့ကျွန်တောတို့ကို ထိုင်ခိုင်းလိုက်တယ် ``သမီးလေး ဟိုထောင့်က ငန်းဆေး ပုလင်း မည်းမည်းလေး သွားယူခဲ့ပေး´´ သူဇာ့ကို ဦးတင်အောင်စေခိုင်းလိုက်တယ် ။ဦးတင်အောင်ကတော့ တန်ခိုးလက်ကို ကိုင်ထားပြီး ပြာယာခတ်နေလျက် ကျွန်တော်တို့လဲ ဘာလုပ်ရမှန်းမသိတာကြောင့် ဦးတင်အောင် ဦးဆောင်သမျှ အနောက်မှာသာ ကြည့်နေရတော့သည်။ ``ဒါလား …ဦးလေး…´´ဧည့်ခန်းထောင့်မှ နေ၍ သူဇာက ပုလင်းအမည်းလေးကိုင်ကာ ဦးတင်အောင်ကို လှမ်းပြလိုက်တယ်။ ``အေးအေး ဟုတ်တယ် သမီး …မြန်မြန်လာ´´ ကမန်းကတန်းဖြင့် သူဇာ လာလိုက်စဉ် ``အမလေး…အား…´´ သူဇာ ချော်လဲသွားပါတော့သည်။ ``ဟာ ……သူဇာ ´´ မျှားကလေး သူဇာ့ဆီသို့ အပြေးသွားလိုက်ပြီး ``သူဇာ ညီမလေး ဘာဖြစ်သွားသေးလဲ ´´ ``သူဇာ …ဘာမှ မဖြစ်ဘူး မမ ပုလင်းတော့ ကွဲသွားပြီး´´ ဦးတင်အောင် ယူခိုင်းလိုက်တဲ့ ဆေးပုလင်းကတော့ သူဇာ ချောလဲတာကြောင့် ကွဲသွားချေပြီ။ ``ဟာ……တူမရီး …ဆေးပုလင်းကွဲသွားပြီ…´´ သူဇာ လဲကျရာ နေရာသို ဦးတင်အောင်သွားပြီး သူဇာ့ကို ဆွဲထူခဲ့တယ်။ ကွဲသွားသော ပုလင်းထဲမှ ဆေးကျန်လေးနဲ့တန်ခိုးလက်ကို လိမ်းပေးပြီး ကြမ်းပြင်ပေါ်မှ မှောက်သွားတဲ့ဆေးတွေကိုတော့ နှမျောတသ ကြည့်နေလျက် ``ဟာ…ထီးလေး ငါ့လက် ဘာမှ မဖြစ်တော့ပြန်ဘူး…ထူးဆန်းလိုက်တာ´´ ``ဟုတ်တယ် ငါ့တူ…ဒီဆေးကို မယ်မယ်ကြီးတို့မိသားစုက နတ်ဆေးလို့တောင် ခေါ်တာ အခုတော့ ပုလင်းလဲ ကွဲသွားပြီး´´ သူဇာက ``မမ သမီးအပြစ်ပါ သမီး အသုံးမကျလို့ ဆေးပုလင်းကွဲရတာ…´´ ဝမ်းနည်းသော လေသံနှင့်အတူ သူဇာက ပြောနေလျက် ``သူဇာ မမှားပါဘူး ဒါက အလောတကြီးမို့ အခုလို ဖြစ်ကုန်တာပါ ´´ ``ဟုတ်ပါတယ် သူဇာရယ် ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့…´´ ``ဟူတ်ပါတယ် ငါ့တူမရီးရယ် သမီးလေး မမှားပါဘူး´´ အားလုံးရဲ့နားလည်ဖြေသိမ့်မှု့ကြောင့်သူဇာကိုလဲ မည်သူမှ အပြစ်မတင်တော့ချေ။ ``ကဲ…မောင်တန်ခိုး ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး မင်းလက်က အကင်းမသေးတာ မဟုတ်ပါဘူး ဆေးကသာ နှစ်တွေကြာလို့ အာနိသင်လျော့နေတာ နေမှာ ဒါကြောင့် တစ်ခါတစ်ခါ ပြန်ပြန်ကိုက်တာ နောက်မဖြစ်တော့ပါဘူး´´ ``ဟုတ်ကဲ့ ဦးလေး တင်အောင် ကျေးဇူးတင်မိပါတယ်´´ ``ကဲ… ဒါဆို ဦးလေးကို ခွင့်ပြုဦး´´ ကျွန်တော်တို့ကို နှုတ်ဆတ်ပြီး ဦးတင်အောင် အိမ်ထဲမှ ထွက်သွားချေပြီ။ မျှားကလေးက ခုံမှာ ထိုင်လိုက်ပြီး ``ငါ ဦးတင်အောင်ကို မသင်ကာဘူး ထီးကလေး ´´ ``ဘာဖြစ်လို့လဲဟ´´ ``နင်တို့ သတိထားမိလား ငါတို့ ဦးတင်အောင်ဆီ သွားမလို့လုပ်တိုင်း သူ ငါတို့ဆီကို ရောက်ရောက်လာတယ် ´´ ``ပြီးတော့ အိမိကြီးအကြောင်းမေးတိုင်း တန်ခိုးလက်က ကိုက်လာတယ် …အိမိကြီးအကြောင်းကို ငါတို့နားထောင်ခွင့်ကို မရဘူး ´´ ``ဟုတ်တယ်ဟ ငါလဲ နင်ပြောမှ သတိထားမိတယ်´´ မျှားကလေးရဲ့စကားကို လမ်းကလေးက ထောက်ခံလိုက်တယ် ``တိုက်ဆိုင်တာနေမှာပါ မျှားလေးရာ ဦးတင်အောင်က ရိုးသားမှု့ရှိပါတယ် ´´ ``အိုးးးးး………ဘာပဲဖြစ်ဖြစ် ငါ ဦးတင်အောင်ကို မသင်ကာဘူး ဦးတင်အောင် နေတဲ့နေရာကို ငါသွားကြည့်မယ် ´´ ပြောပြီး လှည့်ထွက်မလို့အလုပ် ကျွန်တော်လှမ်းတားလိုက်ချေပြီ။ ``နေဦး… မျှားလေး ငါတို့လဲ လိုက်မယ် ´` မျှားကလေးနဲ့အတူ ကျွန်တော်တို့အားလုံး ဦးတင်အောင်နေထိုင်ရာ အိမ်ထောင့်ဘက်သို့ဦးတည်လာခဲ့တယ်။ထိုအချိန် ဘူးစင်အောက်မှာ မြေသြဇာ ထည့်နေတဲ့ ဦးတင်အောင်ကို တွေ့လိုက်ရတယ် ``ငါ့တူတို့ ဘယ်သွားကြမလို့လဲ´´ မျှားကလေးက လေသံမာမာဖြင့် ``ဦးလေး အိမ်ကိုလာကြည့်တာ´´ ``အော်…ငါ့တူမကြီးက ဦးလေးကို မယုံဘူးပဲ ဟိုမှာတွေ့လား ခြံထောင့်က ဆေးအဖြူသုတ်ထားတဲ့တဲလေးက ဦးလေးနေတာပဲ …ကဲလာ အိမ်ထဲထိ လိုက်ပြမယ်´´ ဦးတင်အောင် ခေါ်ရာသို့ ကျွန်တော်တို့အားလုံးလိုက်ပါလာခဲ့ပြီ။ ဦးတင်အောင် တဲလေးထဲ ရောက်တော့ ``ကဲ…ဒါဦးလေးနေတဲ့အိမ်ပဲ ဧည့်ခံစရာဆိုလို့ အကြမ်းရည်ပဲရှိတယ် ငါ့တူတို့ရေ ´´ ဦးတင်အောင် တဲလေးထဲရောက်တော့ ကျွန်တော်တို့တွေ လိုက်ကြည့်နေမိတယ် တန်ခိုးက ခေါင်းရင်းနံရံမှာ ချိတ်ထားတဲ့မိသားစု သုံးယောက်ဓာတ်ပုံကိုတွေ့တော့ ဦးတင်အောင်ကို ``ဒါဘယ်သူတွေလဲ ဦးလေး´´ ဦးတင်အောင် လှမ်းကြည့်လိုက်ပြီး ဝမ်းနည်း တမ်းတသွားသော နှလုံးသားစကားလေးတစ်ခွန်း ထွက်ပေါ်လာခဲ့တယ်။ ``အဲ့ဒါ …ကမ္ဘာပေါ်မှာ ဦးလေးကို အပျော်ရွှင်ရဆုံး နေ့ရက်လေးတွေကို ဖန်တီးပေးသွားတဲ့ ဦးဇနီးနဲ့ဦးချစ်သမီးလေးပေါ့…´´ ``ဦးလေးက မိသားစုရှိခဲ့တာလား´´ ``သိပ်ရှိခဲ့တာပေါ့ ငါ့တူရယ် ´´ ``ဒါဆို သူတို့ကရော ´´ ``သူတို့ ဦးလေးကို ခွဲခွာသွားခဲ့တာ ၂၅နှစ်ထောင် ရှိပြီ။´´ ဦးတင်အောင်နဲ့ထပ်တူ ကျွန်တော်တို့လဲ ဝမ်းနည်းလိုက်ရပြီ။ ``စိတ်မကောင်းစရာပဲ ဦးလေးရေ သမီး ဦးလေးကို အထင်မှားခဲ့တာအတွက် သမီးကို ခွင့်လွတ်ပါ ´´ ``သမီးလေး မမှားပါဘူး ဦးလေးနားလည်ပါတယ် ဦးလေးက သမီးတို့ကို စောင့်ရှောက်ပေးရမယ်လေ သမီးလေးတို့က ဒီအိမိကြီးဆီလာလည်တဲ့အိမ်ပိုင်ရှင်တွေပဲ …ဦးလေးမှာ တာဝန်ရှိပါတယ် ´´ ``ဟုတ် …ဦးလေးတင် ကျွန်တော်တို့လဲ စိတ်မကောင်းဖြစ်မိပါတယ် ´´ ``ဦးလေးမိသားစု အကြောင်းလေး နောက် ကြုံရင်ပြောပြပေးပါလား´´ စိတ်မကောင်းစရာ အကြောင်းမို့ ဦးလေးတင်အောင်ကို ကျွန်တော်တို့ အတင်းမမေးတော့ပါ။ ``ကဲ မျှားလေးနင်လဲ ကျေနပ်တော့ ´´ ``အေးပါဟယ် ´´ ``ဒါဆို တို့ဦးလေးကို စိတ်ရှုပ်အောင် မလုပ်တော့ပါဘူး လာပြန်နားလိုက်ကြရအောင် ´´ ကျွန်တော်တို့အားလုံး ဦးတင်အောင်ကို နှုတ်ဆတ်ခါ အိမ်ကြီးဆီသို့ ဦးတည်လျောက်လာနေစဉ် အိမ်ရှေ့ခြံတံခါးမှ လူတစ်ယောက် အိမ်ထဲက်ုကြည့်ပြီး ``ဗျို့……အိမ်ရှင်တို့´´ ကျွန်တော်တို့ အားလုံး သွက်သွက်လေး လျောက်သွားလိုက်တယ် ။ တံခါးဆီရောက်တော့ …… ``ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျ´´ ``ခင်ဗျားတို့က အိမိရှင်တွေလား ´´ ``ဆိုပါတော့…´´ ``ဒါဆို အတော်ပဲ ကျုပ်ကိုတစ်ရက် နှစ်ရက်လောက် ဒီမှာ တည်းခွင့်ပြုပါလား´´ ``ဟင် ဒါတော့ မဖြစ်ဘူးထင်တယ် ´´ ``လုပ်ပါဗျာ ကူညီပါ ´´ ကျွန်တော်တို့အားလုံး တစ်ယောက် မျက်မှာ တစ်ယောက် ကြည့်မိလိုက်ပြီး တန်ခိုးက ``ဒါနဲ့…အစ်ကိုက ဘယ်ကလဲ…´´ ``ကျုပ်က နယ်ဘက်ကပါ ကျုပ်ဆရာနဲ့ ပယောဂါလိုက်ကုရင်း ဆရာနဲ့လမ်းကွဲပြီး ဒီအိမ်ဘက်ရောက်လာလို့´´ ထိုသူပြောနေပုံက ရိုးသားစွာ တန်ခိုးက ကျွန်တော့မျက်နှာ လှမ်းကြည့်ပြီ ``ထီးလေး ငါ တံခါးဖွင့်ပေးလိုက်မယ်နော်´´ ကျွန်တော်လဲ တန်ခိုးစကားကို မငြင်းပယ်တော့ပဲ ခေါင်းငြိမ့်ပြလိုက်လေတော့သည်။ ``ကဲဗျာ…လာ ခြံထဲမှာ ထိုင်ပြီး အေးဆေးပြောကြတာပေါ့… ဆက်ပြောပါဦး ခင်ဗျား အကြောင်းခိုင်ခိုင်မာမာ သိရရင် ကျွန်တော်သူငယ်ချင်းတွေနဲ့အတူ ခင်ဗျားကို ဒီမှာ တည်းဖို့စဉ်းစားပေးမယ် ´´ ထိုသူက ရိုးသားစွာ ``ဟာဗျာ ကျုပ်က လူကောင်းပါဗျ ကျုပ်ဆရာနဲ့နယ်တကာလှည့်ပြီး ဆေးလိုက်ကုနေတာ ဆရာက ကျွန်တော့ကို ခရီးသွားရင်း မအိပ်ရဘူးပြောထားတာ နှစ်ခါရှိပြီ ဒီတစ်ခါ သူံးခါဖြစ်သွားတော့ ဆရာက ကျွန်တော့ကို အပြစ်ပေးတဲ့အနေနဲ့မျက်စိမှောက်သွားအောင် အခုလို ထားခဲ့တာပဲ ကျုပ်ပြောတာ အမှန်တွေပါ´ ``ဒါနဲ့ ခင်ဗျား နာမည်က …´´ ``အောင်ကိုလို့ခေါ်တယ်ဗျ……ကျွန်တော်က ဝါးခယ်မ နယ်ဘက်ကဗျ တစ်ကောင်ကြွက် ကျုပ်ဆရာဆီမှာ တပည့်ခံပြီး ဆရာနဲ့အတူပဲလိုက်နေတာ ´´ အောင့်ကို ပုံစံအကဲခတ်ကြည့်ရသလောက်ကတော့ ပွင့်ပွင့်လင်းလင်းနဲ့ရိုးသားမှု့ရှိမယ့်ဟန် ``ကဲ …ဒါဆို ကောင်းပြီ ကျွန်တော်တို့လဲ အဖော်ရတာပေါ့ ခင်ဗျားကို တည်ခွင်ပြုလိုက်မယ် အော် …မိတ်ဆတ်ပေးရဦးမယ် ´´ ကိုအောင်ကို နဲ့ကျွန်တော် အားလုံးကို မိတ်ဆတ်ပေးလိုက်တယ်။ ``ကဲ လမ်းလေး တို့အရှေ့က အခန်းမှာ နေရာ ချထားပေးလိုက်ပါဦး´´ လမ်းကလေးက ကိုအောင်ကိုအား နေရောပေးဖို့ အပေါ်တတ်သွားချေပြီ။ ``ထီးလေး…နင်နဲ့တန်ခိုးပြောနေလို့ ငါဘာမှ ဝင်မပြောတာ သူကို လက်ခံလိုက်လို့ဖြစ်ပါ့မလား´´ ကျွန်တော်ထီးကလေးကတော့ ရဲဝင့်ပျက်သားစွာ °`ငါ တာဝန်ယူတယ် မျှားလေး သူကြောင့် နင်တို့အားလုံး စိတ်အနှောက်ယှက် မဖြစ်စေရပါဘူး´´ ``နင် တာဝန်ယူမှတော့ တို့အားလုံး ပြောစရာ မရှိတော့ပါဘူး´´ ``ဒါပေမယ် အခုရောက်လာတဲ့ အောင်ကို ကိုတော့ ငါမယုံသေးဘူး စောင့်ကြည့်ရဦးမယ် ´´ ``ကဲပါ …မျှားလေးရာ  ငါတို့အားလုံးရှိပါတယ်ဟ စိတ်ချ တန်ခိုးနဲ့ထီးလေးနဲ့တာဝန်ယူသလို ငါ ငါးကလေးကလဲ ထပ်ပြီး သူနဲ့ပတ်ငတ်သမျှ တာဝန်ယူတယ်´´ ``စကားကောင်းနေလိုက်ကြတာ ဧည့်သည်လဲ ရောက်နေတယ်ဆိုတော့ တို့အားလုံး ထမင်းလက်စုံလေး စားလိုက်ကြရအောင်………´´။ သူဇာပြောလိုက်မှပဲ နေ့လည်စာ စားဖို့အချိန်ကို သတိရလိုက်မိတော့သည်။



`စကားကောင်းနေလိုက်ကြတာ ဧည့်သည်လဲ ရောက်နေတယ်ဆိုတော့ တို့အားလုံး ထမင်းလက်စုံလေး စားလိုက်ကြရအောင်………´´။ သူဇာပြောလိုက်မှပဲ နေ့လည်စာ စားဖို့အချိန်ကို သတိရလိုက်မိတော့သည်။ **************************** သူဇာနဲ့မျှားကလေးက ကျွန်တော်တို့အားလုံး အတွက် ညနေ့လယ်စာ ပြင်ပေးနေလျက် ကျွန်တော်တို့ယောက်ျားလေးတွေကတော့ စားဖို့သာရွယ်နေတော့သည်။ မကြာခင်မှာပဲ ကိုအောင်ကိုနဲ့လမ်းကလေး အိမ်ပေါ်ထပ်က ဆင်းလာခဲ့တယ်။ ``လာဟေ့ ကိုအောင် ထမင်းဝိုင်းစားလိုက်ကြရအောင်´´ ``ဟာဗျာ…အားနားစရာကြီး´´ ``လာပါဗျ ဒီအိမ်ကြီးမှာ ကျွန်တော်တို့သူငယ်ချင်းတွေပဲ ရှိကြတာ အခု ကိုအောင်ကို ရောက်လာတော့ ကျွန်တော်တို့အတွက်လဲ အဖော်ရတာပေါ့´´ ``ကျေးဇူးပါဗျာ …ကျုပ်ကို ခင်ဗျားတို့ ဒီမှာ တည်းခွင့်ပေးတဲ့အတွက်ရော အခုလို ရင်းရင်းနှီးနှီးရှိတဲ့အတွက်ရော ကျုပ်တကယ်ဝမ်းသာမိပါတယ်´´ ``ကျုပ် ဘဝမှာ မိသားစုဆိုတာကို အရမ်းလိုချင်ခဲ့တာ ကျွန်တော့အဖေ အမေ ဘယ်သူမှန်းတောင် မသိခဲ့ရပါဘူး ကျုပ်ကို အခုလို ကူညီထားတဲ့ ကိုထီးလေးတို့ သူငယ်ချင်းအားလုံးကို ကျုပ် ပြန်ကူညီခွင့်ရချင်တယ် ´´ ``ကျွန်တော်တို့က ရန်ကုန်ကဗျ အခုအိမ်ကြီးက မျှားကလေးရဲ့အိမ်လေ ကျွန်တော်တို့ နောက်ဆုံးနှစ်  စာမေးပွဲပြီးလို့ အပန်းဖြေခရီထွက်လာကြတာ ´´ ``ကျုပ်က စာမတတ်ဘူးဗျ ကျောင်းလဲ မနေဖူးဘူး ကိုထီးလေးတို့က ပညာတတ်လေးတွေဆိုတော့ ကျွန်တော့ ဘဝမှာ အခုမှပဲ ပညာတတ်လူတွေနဲ့အတူတူနေခွင့်ရဖူးတာ အရမ်းကို ဝမ်းသားမိပါတယ်ဗျာ´´ ``ဟုတ်ကဲ့ကိုအောင်ရေ …ဟင်းတွေ အေးကုန်တော့မယ် စားလိုက်ကြဦး´´ သူ့ဘဝအကြောင်းပြောပြနေတဲ့အောင်ကိုက သနားစရာ ကျွန်တော်တို့ အားလုံးထမင်းစားပီးတော့ ``မျှားလေး နင်တို့ ဒီနေ့ဘယ်သွားဖို့ရှိသေးလဲ´´ ``ဟက်အေး …ဒီနေ့တော့မသွားတော့ဘူး ဧည့်သည်လဲ ရောက်နေတယ်ဆိုတော့ ´´ ``ဟာဗျာ ကျုပ်ကို ဧည့်သည်လို့ မသတ်မှတ်ပါနဲ့လား…ကျုပ်ကို ခင်ဗျားတို့ရဲ့ သူငယ်ချင်းအဖြစ်သတ်မှတ်ပေးပါ´´ ``ဟုတ်ကဲ့ ကိုအောင် ´´ ``ထီးလေး ငါ ဦးတင်အောင်ကြီး အိမ်ဘက်ကို လျောက်ဦးမယ် ဘယ်သူလိုက်မလဲ´´ ``ငါကတော့ ဗိုက်လေးနေတယ် တန်ခိုးရေ မလိုက်တော့ဘူး´´ ``အေးအေး ငါဦးတင်အောင် အိမ်ဘက်မှာရှိမယ်သိလား အလုပ်ရှိရင် လှမ်းခေါ်လိုက်နော် ´´ ထီးကလေးတို့အဖွဲ့ကိုပြောပြီး တန်ခိုးဦးတင်အောင်အိမ်ဘက်ကို ထွက်သွားခဲ့တယ်။ ခြံကြီး နောက်ဖေးထောင့်မှာ ဦးတင်အောင် အပင်စိုက်ရန် မြေတူးနေတာကို တန်ခိုးလှမ်းတွေ့လိုက်တော့ ``ဗျို့…ဦးလေး ကျွန်တော် လာခဲ့မယ်နော်´´ ``အော်…ငါ့တူရီး လာလေကွာ´´ တန်ခိုး ဦးတင်အောင် အနားသို့ ရောက်သွားခဲ့တယ်။ ``ခြံထဲမှာ အပင်တွေလဲ အများကြီးပဲလေ ဦးလေး အခု ဘာပင်စိုက်မလို့လဲ ´´ ``အပင်စိုက်မလို့မဟုတ်ဘူး ငါ့တူရေ ဟိုမှာလေ ဟိုအပင်ကို နေရာပြောင်းမလို့ ´´ ဦးတင်အောင် မေးငေါ့ ပြရာသို့ တန်ခိုးလှမ်းကြည့်မိလိုက်တယ် ``ဟင်…ဦးလေး အပင်မြှစ်က တော်တော်ထူးဆန်းပါလား ´´ ``ဟုတ်တယ် ငါ့တူရဲ့ ဒါဘီလူးဂမုန်းလို့ခေါ်တယ် ´´ ``ဘီလူး ဂမုန်း…´´ ``ဟုတ်တယ် ဒီမှာကြည့်လေ သူ့အမြစ်က ဘီလူးပုံစံနဲ့တူလို့ သူ့ကို ဘီလူး ဂမုန်းလို့ခေါ်တာ´´ ``ကျွန်တော ကြားတော့ ကြားဖူးတယ် ဦးလေးရ အခုမှပဲ မြင်ဘူးတော့တယ် … ဒါနဲ့ အဲ့ဒီ့ ဂမုန်းက ဘာအသုံးဝင်လဲ ဦးလေး´´ ``သူ့ကို အောက်လမ်းဆရာတွေက ခြံအစောင့်ထားတဲ့ နေရာမှာ သုံးကြတယ်ကွဲ့……ဒီခေတ်မှာတော့ ဒါမျိုးတွေ မရှိကြတော့ပါဘူး´´  ဦးတင်အောင် လေသံက ခပ်လေးလေး ``ဒါကို  ဦးလေးက ဘယ်ကရလာတာလဲ´´ ``ဦးလေး ရလာတာ မဟုတ်ဘူးကွယ့် ဒီအိမ်ပိုင်ရှင် ဦးထင်ခ စိုက်ထားခဲ့တဲ့ အပင်ပေါ့ ´´ ``ဟင် …ဒါဆို ဦးလေး ဒီအပင်က နှစ် မနည်းတော့ဘူးပေါ့´´ ``အေးပေါ့ ငါ့တူရယ် နှစ်ပေါင်း၄၀ နီးပါးလောက်တော့ ရှိရောပေါ့´´ ``ဒီလောက်နှစ်ကြာနေတာတောင် ဒီဂမုန်းက ရှင်တုန်းနော် ´´ ``ဦးလေး သိသလောက်တော့ သူက နှစ် ၁၀၀ နီးပါးလောက်ထိ ရေမထိ နေမထိ နေနိုင်တယ်ကွယ့်…သူက တော်နက်ကြီးတွေ အထဲမှာပဲ ပေါက်လေ့ရှိတယ် ´´ တန်ခိုးနဲ့ဦးတင်အောင် စကားပြောနေစဉ်မှာပဲ ``တန်ခိုးရေ…တန်ခိုး´´ ``ဟေး…လာကြလေကွာ ငါဒီမှာ´´ ထီးကလေးတို့ အဖွဲ့ရောက်လာကြပြီ။ ထီးလေးတို့နဲ့အတူ အောင်ကိုပါ ပါလာတာကို ဦးတင်အောင်တွေ့တော့ ``ဦးလေးကို ခွင့်ပြုကြဦး……´´ ရုတ်တရက် ဦးတင်အောင် လှည့်ထွက်ရန်အလုပ်မှာ မျှားကလေးက လှမ်းတားလိုက်တယ် ``နေပါဦး……ဦးလေးရဲ့ သမီးတို့သူငဟ်ချင်းတစ်ယောက်နဲ့ မိတ်ဆတ်ပေးချင်လို့…´´ ဦးတင်အောင်က ပေါက်တူးလေးကို မြေပေါ်ထောက်ခါ ခေါင်းငုတ်ထားပြီး ``အေးအေး တူမရီ…´´ ``ဒီမှာလေ ကိုအောင်ကို ညီမတို့ ပြောတဲ့ ဦးလေးတင်အောင်ဆိုတာ…´´ ``ဟုတ်ကဲ့…ဦးလေး ကျုပ်နာမည် အောင်ကိုပါ ´´ ``ဟင် …ဦးလေး ခေါင်းမော့ပါ ဘာလို့ ခေါင်းငုတ်ထားတာလဲ…´´ ``အော်…အင်း…မောင်အောင်ကိုက ရန်ကုန်ကပဲလား ´´ အောင်ကို ရောက်လာခဲ့တဲ့ အကြောင်းကို ထီးကလေးက ရှင်းပြလိုက်တော့ ``အေးကွယ် ဖြစ်ရလေ…ဒီအိမ်ကြီးက မြို့လည်ခေါင်ဆိုပေမယ့် ကြားညှပ်နေတာ မြို့နဲ့လဲ နည်းနည်းလေး ဝေးတယ် …မောင်အောင်ကို မျက်စိလည်လဲ လည်ချင်စရာပဲလေ…´´ ``အော်…ဒါနဲ့…ဦးလေး ဒီနေ့သမီးတို့အားလုံးကို အိမ်ကြီးအနံ့လိုက်ပြရမယ် ပြီးတော့ အိမ်ကြီးမှာ မြေအောက်ခန်းတွေ ရှိတယ်ဆိုတာ ဦးလေးပြောလို့ ကြားဘူးတာပဲရှိတယ် တစ်ခါမှ မတွေ့သေးဘူး အဲ့တော့ ဦးလေး ဒီနေ့လိုက်ပြပေးရမယ် …´´ ``အိမ်ကြီး အနံ့မသွားချင်ပါနဲ့ငါ့တူမရီရယ် ဝင်္ကာပါလိုပဲ ရှုတ်ထွေးနေတာ တော်ကြာ လူငယ်တွေဆိုတော့ စူးစမ်းချင်စိတ်နဲ့ မြေအောက်ခန်းတွေထဲ ဝင်မိလို့ ပြန်မထွက်တတ်ရင် ဦးလေးလဲ မကယ်နိုင်ဘူး…မသွားချင်ပါနဲ့နော် ´´ မျှားကလေးက ကလေးလေး တစ်ယောက်ပမာ ဦးတင်အောင်ကို ဂျစ်တိုက်ပါလေတော့သည်။ ``မရဘူး …မရဘူး …ဦးလေး …´´ ``ဒါကို ငြင်းမယ်ဆိုရင်တော့ သမီးအိမ်ပြန်ရောက်ရင် ဦးလေးတင်အောင်က တာဝန်မကျေဘူးလို့ ဖေဖေနဲ့ ပြန်တိုင်မှာနော် ´´ ``ဟာ …တူမကြီးကလဲ ကလေးလေးကြနေတာပဲ ဆရာန့တေဲာ့ပြန်မတိုင်ပါနဲ့ သမီးလေတို့အားလုံး သိချင်တယ်ဆိုရင် ဦးလေး လိုက်ပြပေးပါ့မယ် ဟုတ်ပီလား´´ ``ဟေးးး ဒါမှ တို့ဦးလေးကွ´´ ကလေးတစ်ယောက်လို့နွဲ့နေတဲ့မျှားကလေးကို ဦးလေးတင်အောင် ခေါင်းလေးပွတ်ခါ ပြောလိုက်တယ်။ ``ကဲ…လာကြ…´´ ``အော် …ငါ့တူတို့ တစ်ခုတော့ ဦးလေးတောင်းဆိုမဟ် အိမ်ကြီးထဲ ရောက်ရင် လူစုမကွဲအောင် နေကြရမယ်ုပီးတော့ ဦးလေးသွားတဲ့ဘက်ကိုပဲ အားလုံးလိုက်ရမယ် ´´ ``ဟုတ်ကဲ့ ဦးလေး စိတ်ချပါ´´ အချိန်ကား ညနေ ၃ နာရီ ဦးတင်အောင်နဲ့အတူ ကျွန်တော်တို့အားလုံး လှေကား ညာဘက်လမ်းကို ဦးတည်ပြီး ဝင်သွားခဲ့တယ်။ ဧည့်ခန်းကို ကျော်သွားခဲ့ချေပြီ ``ဟင်…ဦးလေး  ဒီမှာ ရှေးတုန်းက အထိုင်ဖုန်းတစ်လုံးပါလား´´ ``ဟုတ်တယ်ကွယ့် နှစ်တော့တော်တော်လေးကြာနေခဲ့ပြီ ´´ ``အခုဆက်လို့ရသေးလား…ဦးလေး´´ ``အရင်တုန်းကတော့ ရတယ် အခုတော့ မရလောက်တော့ဘူး´´ ``လှေကားရဲ့ ညာဘက်ဒီအခန်းက ဧည့်သည်လာရင် တည်းတဲ့အခန်းပေါ့ …အရှေ့အခန်း ၃ခန်းက ဦးထင်ခ တပည့်တွေနေခဲ့တဲ့အခန်းပဲ …´´ ``ဦးလေး မြေအောက်ခန်းတွေ ဆိုတာ ဘယ်နားမှာလဲ …ဘယ်လို သွားရမှာလဲ´´ ``မြေအောက်ခန်းတွေက အများကြီးရှိတယ် ငါ့တူရဲ့ ဦးလေးသိတာဆိုလို့ မြေအောက်ခန်း နှစ်ခုတည်းသိတယ် …´´ ကြီးမားလှတဲ့ အိမ်ကြီးမှာ အခန်းတွေက များသလို အထဲရောက်လာလေလေ ပိုမှောင်လာလေပါပဲ ``ဦးလေး… ဒီအနောက်ဘက်တွေမှာကြတော့ မီးမရှိဘူးလား´´ ``အရင်ကတော့ ရှိတယ်ကွယ့် နောက်တော့ လူမနေတာနဲ့ မီးတွေ အကုန်လုံးပိတ်ထားခဲ့တာ နှစ်တွေ ကြာလာတော့လဲ အကုန်ပျက်စီးကုန်ပြီပေါ့လေ´´ ``ဟုတ်တယ်နော် ဦးလေး နေရောင်ရှိနေတာတောင် အလင်းက သိပ်မကွဲပြားဘူး ´´ ``ဦးလေး သိတဲ့ မြေအောက်ခန်းတွေကို ပြပါလား´´ ``လာကြ လာကြ …´´ ဦးတင်အောင် ခေါ်ရာသို့ ကျွန်တော်တို့ လိုက်ပါလာခဲ့ချေပြီ။ အသဲမကွဲ အခန်းတစ်ခန်းရှေ့ရောက်တော့ ``ဒီအခန်းက မြေအောက်အခန်းပဲ ကွယ့် ငါ့တူတို့ ´´ ဦးတင်အောင် တံခါးကို ဖွင့်လိုက်တယ် ။ မဖွင့်တာကြာပြီးဖြစ်တဲ့အခန်းထဲမှ ဖုံတွေ တစ်ထောင်းထောင်းထခါ ``ဟင် ဦးလေး …ဟိုးမှာ အလင်းရောင်လေး တစ်ခုက ဘာလဲဟင်´´ ``အော် …အဲ့ဒါ နေရောင်လေ ဒီကနေ တည့်တည့်လျောက်သွားမယ်ဆိုရင် ဦးလေးနေတဲ့ ခြံအနောက်ဘက်ကို တန်းရောက်တယ် …ဒီအခန်းက အနောက်ဘက် နေဝင်တဲ့အချိန်ဆို ဒေါ်မြနှင်းဆီ ရှိစဉ်က အိမ်ကြီးထဲကနေ ဘူးစင်ဘက်ကို ရေလာလာလောင်းတတ်တယ်´´ ``ဟင် သူက အပြင်ကနေ မလာပဲ တစ်ကူးတစ်က ဒီအခန်းထဲကနေ လာတာလား´´ ``မဟူတ်ဘူး ငါ့တူရ သူတို့မှာလဲ အကြောင်းတစ်ခုခုတော့ရှိမှာပေါ့ ဦးလေးလဲ သေချာမသိဘူး´´ ``နောက်တစ်ခန်းကရော ဦးလေး…´´ ``နောက်တစ်ခန်းက အပေါ်ထပ်မှာ´´ ``ဦးလေး ပြောတဲ့ မြေအောက်ခန်းကနေ ထွက်သွားရင် မြို့ထဲကို တန်းရောက်တယ်ဆိုတာ ဘယ်ခန်းလဲ ´´ ``အခုပြောတဲ့ အပေါ်က အခန်းပဲ မောင် တန်ခိုးရေ…´´ အောင်ကိုက ``သိပ်ကို လျှိုဝှက်မှု့တွေ ရှိနေတဲ့ အိမိကြီးပါလား´´ ``ဟုတ်တယ်ကွယ့် ဦးထင်ခ လက်ထက်တုန်းကဆို အိမ်ကြီးကနေ ၃ လ ၄ လလောက် တစ်ခါခါ ထွက်မလာတတ်ဘူး …သူက အပေါ်ထပ် မြေအောက်ခန်းကနေ မြို့ကို ထွက်ထွက်သွားတာ နောက်မှ ဦးလေးလဲ သမီး အဖေ ဆရာပြောလို့သိတာ´´ ``ဒါနဲ့ဦးလေး ဦးထင်ခ တစ်ညလုံး အဓိဌာန်ဝင်တယ်ဆိုတဲ့အခန်းကရော ´´ ``အဲ့အခန်းက သော့မရှိဘူးကွယ့် ဘယ်အခန်းလဲတော့ ဦးလေးလဲ မသိဘူး အဲ့အခန်းအကြောင်းကို သမီးအဖေက တစ်ခါမှ မပြောဖူးဘူး စကားစပ်မိလို့သူပြောမိလာရင်တောင် တောက်ခေါက်ပြီး စကားကို ဖျက်ပစ်တတ်တယ် ´´ံ ``ဦးထင်ခက အောက်လမ်းပညာတတ်တာလား ဦးလေး´´ ``ဟင်…နှစ်တွေကြာခဲ့ပါပြီ ငါတူတို့ရယ် ဦးလေး ဒီအကြောင်းတွေ ပြန်မပြောချင်တော့ပါဘူး အခုချိန်မှာ သူသာ ဦးလေးကို ဒီခြံကြီးထဲမှာ မထားခဲ့ရင် ဦးလေး နေစရာရှိမှာ မဟုတ်ဘူး ဦးလေးရဲ့ကျေးဇူးရှင်ကို ဦးလေး သေချာမသိပဲ မပြောချင်ဘူး ဒါကိုတော့ ဦးလေးကို နားလည်ပေးပါ ´´ မြေအောက်အခန်းမှာ ဦးလေးတင်အောင်က သေချာပြောပြနေလျက် ``ငါတူရီးတို့ရေ နေတောင် ဝင်နေပြီလားမသိဘူး ပြန်ထွက်ကြရအောင် ´´ ``တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်နော် ဦးလေး´´ ``ဒါပေါ့ …လာပါ အခုတော့ ဒီညာဘက် တစ်ခြမ်းတည်းနဲ့တင် အချိန်ကုန်သွားတာပဲ ကြည့်တော့ နောက်နေ့မှ ဦးလေး ထပ်ပြီး လိုက်ပြပေးမယ် ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြတော့ ဟုတ်ပြီလား´´ ``ဟူတ်ကဲ့ပါ ဦးလေး ကျေးဇူးအရမ်းတင်ပါတယ်´´ ``မလိုပါဘူးကွယ် သမီးလေးက ဆရာ့သမီး ဒီအိမ်ပိုင်ရှင်ပဲ လိုက်ပြပေးရမှာက ဦးလေးတာဝန်ပဲ´´ ဦးတင်အောင်နဲ့အတူ ကျွန်တော်တို့ အားလုံး အိမ်ရှေ့သို့ ပြန်ထွက်လိုက်ခဲ့တော့သည်။ အိမ်ရှေ့ရောက်တော့ နေမင်းကြီးက ဝင်လုနီးပါ ညနေဆည်းဆာအချိန်ကိုတောင် ရောက်လာခဲ့ပါတော့သည်။ ***************************** ``ကဲ…တွေ့လား ကိုအောင် ဒီအိမ်ကြီးမှာ ဘယ်လောက်များ လျှိုဝှက်ချက်တွေ ရှိနေတယ်ဆိုတာ ´´ ``ဟုတ်ပါ့ ကိုထီးရာ ကျွန်တော်လဲ ဒီလောက် ကျယ်ပြန့်လှတဲ့အိမ်ကြီးကို အခုမှပဲ ကိုယ်တွေ့ကြုံရတော့တယ် ´´ ``အိမ်ရှေ့ကကြည့်တော့သာ အိမ်က တော်ယုံတန်ယုံလောက်ထင်ရတာ အိမ်ထဲမှာတော့ အခန်းတွေနဲ့ …အိုး… ရှုတ်နေတာပဲနော်´´ ``ဒါကြောင့် ကျွန်တော်တို့သိချင်တာလဲ မပြောနဲ့လေ …ကဲ…ကိုအောင်ရေ ရေမိုးချိုး စားသောက်ပြီး ကျွန်တော်တို့ လုပ်စရာရှိတာတွေ လုပ်လိုက်ကြရအောင် ´´ ကိုအောင်ကိုတော့ ကျွန်တောတို့ ကြုံတွေ့ထားသမျှ ဖြစ်ရပ်တွေကို မပြောပြခဲ့သေးပါ။ ဧည့်သည် ဖြစ်တာကြောင့် စိတ်အနှောက်ယှက် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ အရှေ့ခန်းမှာ အောင်ကိုကိုတည်ခွင့်ပြုထားခဲ့တယ်။ ကိုယ်ဆီ အခန်းထဲဝင်ခါ ရေ မိုးချိုးပြီးကြတော့ အားလုံး အောက်မှာ ပြန်ဆုံကြတယ်။ ည၇နာရီတောင် ကျော်နေပြီ။ အားလုံးစားသောက်ပြီးတော့ ``မျှားလေး နင်တို့ညီမနှစ်ယောက် ဒီည အိပ်ရဲ ရဲ့လား´´ ``ဟာ…ငါက မကြောက်တတ်ပါဘူး သူဇာ့ကိုပဲ စိုးရိမ်တာ ´´ ``ဟာ… မမ ကလဲ မမတစ်ယောက်လုံး ရှိနေတာ သူဇာ မကြောက်ပါဘူး ´´ ``ထီးလေး. ဒီည မင်းနဲ့ကိုအောင်နဲ့နောက်ကျမှ အိပ်လိုက်ကြနော် ´´ ``အေးပါကွ အခု တို့အားလုံး မနက်ဖြန်အတွက် အစီစဉ်လေးတစ်ခုလောက်တော့ ကြိုစွဲထားရမယ်´´ ကျွန်တော်တို့ပြောနေသော စကားတွေကိုတော့ ဧည့်သည်ဖြစ်တဲ့ ကိုအောင်တစ်ယောက်ကတော့ ဘာမှနားမလည် ကြောင်တောင်တောင်သာဖြစ်နေတော့သည်။ ``အော်…ဒါနဲ့ကိုထီး လည်ပင်းက ကျုတ်က ဘာတုန်းဗျ ´´ ``ဒါလား…ကျွန်တော့ အဖေ ပေးထားတာဗျ လူချစ်လူခင်ပေါတယ်လို့တော့ ပြောတာပဲ´´ ``ဒါဆို ကျွန်တော ခဏစမ်းကြည့်လို့ရမလား ´´ ``ရပါတယ်ဗျ …´´ ပြောပြောဆိုဆိုဖြစ် ထီးလေး သူ့လည်ပင်းက ဆွဲကြိုးကို အောင့်ကို လက်ထဲ ပေးလိုက်တယ်။ အောင်ကိုက ဆွဲကြိုးကို လက်ဝါးအပေါ်တင်ပြီ မျက်စိကို အသာမှိတ်ထားလျက် သုံးမိနစ်လောက်ကြာတော့ ``မဆိုးဘူး ကိုထီး…ဆက်ပြီးဆောင်ထားပါ ´´ ``ဘာမဆိုးတာလဲ ကိုအောင်ရ ပြောပါဗျ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်´´ ``အော် …မဆိုးပါဘူးဆိုတာက ခင်ဗျားအဖေက အထက်လမ်းဆရာလား ´´ ``ဟုတ်တယ်ဗျ ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးက´´ ``အော်…ကျွန်တော့ဆရာကြီးက ရွှေရင်ကျော်လေ ဆရာကြီးလဲ ကျွန်တော့ကို ပညာအမွေတော့ နည်းနည်းပေထားတယ်ဗျ ကျွန်တော် အသုံးမကျလို့သာ အခုလို့ မျက်စိလည်ပြီး ဒီရောက်လာရတာ´´ ``ကိုထီး ရဲ့ကျုတ်က အစောင့်ရှောက်ရှိပါတယ်လို့တော့ ကျွန်တော် ပြောပါရစေ ကိုထီးတို့က ခေတ်ပညာတတ် လူငယ်တွေဆိုတော့ ကျုပ်ပြောတဲ့အခုစကားတွေကို ရီချင် ရီကြမှာပေါ့ …ဒါပေမယ့် ကျနော်က တောသား တောဘက်တွေမှာ အောက်လမ်း အထက်လမ်းတွေကပေါတော့ ဒီပညာတွေကို တတ်ချင်တယ်လေ ဒါကြောင့် ကျုပ်ဆရာဆီက သင်ထားတာ ကိုထီး ကျုတ်ထဲမှာ သိမ်ဝင် သပိတ်လိုအစွမ်းထက်တဲ့ အရာမျိုးတစ်ခုပါတယ် သူ့ကို အဓိပ္ပာယ်ဖွင့်ရင်တော့ မမြင်ရတဲ့ပရလောကသားတွေကို ရင်ဆိုင် မြင်နိုင်တယ် သိနိုင်တယ်ဆိုပါတော့လေ´´ ပြောရင်း အောင်ကို တစ်ခုခုကို တွေးမိပြီး မျက်မှောင် ကျုတ်ခါ ``ကျုပ် …ပွင့်ပွင့်လင်းလင်းတစ်ခုလောက်တော့ ပြောချင်တယ် …ဖြစ်ပါ့မလား´´ ``ပြောပါဗျ …ရပါတယ် ´´ ``ကျွန်တော် ဒီအိမ်ကြီးကို စဝင်လိုက်တည်းက စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ် …ပြီးတော့´´ ``ပြီးတော့ ဘာဖြစ်လဲ ကိုအောင် ဆက်ပြောပါဗျ… ``ပြီးတော့ ကျွန်တော် ဦးလေးတင်အောင်ကိုလဲ ကြည့်ရတာ တစ်မျိုးပဲ တစ်ခုခုထူးခြားနေသလို´´ ကျွန်တော်တို့အားလုံး ပြုံးကာ ``ဒါတော့…ကိုအောင်ရေ ကျွန်တော်တို့အားလုံးလဲ အစက ဦးလေးကို အထင်လွဲမိသေးတယ်ဗျ သူက လူရိုးလူအေးတစ်ယောက်ပါဗျ ´´ ``ဟုတ်တယ် ကိုအောင်ရ ဒါနဲ့ ကိုအောင်က ဦးလေးကို ဘဟ်လိုမြင်လို့လဲ …´´ ``ကျွန်တော် အမြင်ပြောရရင် ဦးလေးက……´´ ``ဆက်ပြောပါဗျ …ဘယ်လို မြင်လို့လဲ´ ``ကျွန်တော် မပြောတတ်တော့ဘူးဗျာ´´ ကိုအောင်တစ်ယောက် မျက်စိမျက်နှာ ပျက်ခါ စကားကို ဆက်မပြောတော့ပဲ အဆုံးသတ်လိုက်ပါတော့တယ်။ တန်ခိုးက ``ကျွန်တော် ဒီအိမ်ကြီးကို စဝင်လိုက်တည်းက ကျွန်တော့လက်က အရမ်းကိုက်တာ ဘယ်လိုမှ နေလို့မရဘူး´´ ``ဟုတ်တယ် အစ်ကိုအောင် ဒီအိမ်ကြီးမှာ ရှိတဲ့ ငန်းဆေးဆိုတာ လိမ်းလိုက်မှ ချက်ချင်းသက်သာသွားတာ မယုံနိုင်စရာပဲဗျာ´´ ``ပြစမ်းပါဦး ခင်ဗျားလက်က…´´ တန်ခိုးလက်ကို လှမ်းကိုင်လိုက်တယ်။ ``အော် …ဒင်းက ခိုကောင်းတုန်းကို ´´ ဒီလိုပြောပြီး တန်ခိုး လက်ခုံကို သူ့လက်နဲ့ ရိုက်လိုက်တယ်။ ``ရော့……´´ ``အမလေး…´´ ``ဘာက ခိုနေတာလဲ ကိုအောင်´´ ``ဘာမှ မဟုတ်ပါဘူး …´´ ကိုအောင်က တစ်ခုခုကို လျှိုဝှက်လိုက်သလို ``ကဲ …မိုးလဲ ချုပ်နေပြီ ခြံထဲမှာ သိပ်နေလို့ မကောင်း အိမ်ထဲဝင်ကြမယ်´´ အိမ်ထဲရောက်လာတော့ ``အစ်ကို ထီးလေး ဟိုမှာ ဖုန်းတစ်လုံးရှိတယ်နော် ပြန်ရင် ယူသွားလို့ရမလား´´ ``ဟာ…သူဇာကလဲ ဘာလုပ်မလို့တုန်း´´ ``အော် …ရှေးဟောင်းဖုန်းဆိုတော့ သိမ်းထားချင်လို့´´ ``ဒါဆို နင့်အစ်မကိုသာ မေးတော့´´ ``သူဇာ လိုချင်ရင် ပြန်ရင်ယူပေါ့´´ ``တကဟ်နော် …မမ ´´ ကျွန်တော်တို့အားလုံး ဧည့်ခန်းမှာ ထိုင်ပြီး စကားပြောနေစဉ် ``ကလောက်…ကလောက်´´ ``ဟ…ဘယ်က လိမ့်လာတဲ့ ဂေါ်လီပါလိမ်´့ ကျွန်တော့တို့ရှိရာသို့ ဖန်ဂေါ်လီတစ်လုံး လိမ့်လာခဲ့တယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိပြီး။ ``ဝုန်းးးးးး………´´ အိမ်အပေါ်တတ်မှ အသံကျယ်ကြီးကြားတော့ ကျွန်တော် အရှေ့မှ ဦးဆောင် ပြေးတတ်သွားချေပြီ။ ကျွန်တော့ အနောက်မှ အားလုံးလဲ အိမ်အပေါ်တတ်သို့ လိုက်ပါလာပြီ။ အပေါ်ရောက်တော့ အသံကြားရာဆီသို့ ကြည့်မိလိုက်တယ် ။ ``ညောင်……ညောင်…´´ ကြောင်နက်တစ်ကောင်ကိုသာ တွေ့လိုက်ပြီး ကြောင်နက်ကြီး ကျောဘက်မှာ ဒဏ်ရာကြီးကြီးမားမားတစ်ခုကို တွေ့လိုက်ရတယ်။ ``ဟာ …ဘယ်က ကြောင်ကြီးလဲ ကျောမှာလဲ ဒဏ်ရာကြီးနဲ့ ´´ အားလုံး ကြည့်နေစဉ်မှာပဲ ကြောင်ကြီးဟာ နာကျင်မှု့ဒဏ်ရာကြောင့် ကြမ်းပြင်အပေါ်ကို လဲကျသွားပါတော့သည်။ ``ဟာ… လဲသွားပြီး´´ ဖြေးဖြေးချင်းလျောက်ခါ ကြောင်ကြီးအနားသို့ ရောက်သွားပြီ ကျွန်တော် သေချာကြည့်လိုက်တယ် မျှားကလေးက ``ထီးလေး သေသွားပြီးလား´´ ``ဒါက ဘယ်ကကြောင်လဲ ဒဏ်ရာကြီးနဲ့ဘယ်သူ ရိုက်လိုက်တာလဲ ´´ ကျွန်တော် ကြောင်ကြီးကို ကိုင်မလို့အလုပ် ``နေဦး…ကိုထီး´´ ကိုအောင်ကိုက လှမ်းတားလိုက်တယ်။ ``ကျွန်တော်ကြည့်မယ် …´´ သူတစ်ခုခုကို တွေးမိလိုက်တယ် ``ဘာမှ မဟုတ်ပါဘူး မစိုးရိမ်ကြနဲ့ ကြောင်နှစ်ကောင် ကိုက်ကြတာဖြစ်မယ် ဒဏ်ရာ ရသွားတဲ့ကြောင်က ပြေးမိပြေးရာ ပြေးရင်း ဒီအိမ်ရောက်လာပြီး အခုသေသွားတာပါ ´´ ``အော်…ကြောင်တွေ ကြောင်တွေ အသေကို ကိုက်သတ်ပစ်ကြပါလား´´ ``ကဲ…လာလာ တို့အောက်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ ယူပြီး အိပ်တာပဲ ကောင်းပါတယ် မနက်ကျမှ ဒီကြောင်ကြီးကို တနေရာမှာ မြုံလိုက်ကြတာပေါ့´´ အားလုံးအောက်ပြန်စင်းလာခဲ့ကြပြီ ``ဟင်…ထီးလေး အခုန တို့တွေ့လိုက်တာ ဖန်လုံးလေးပါ အခုကြည့်စမ်း´´ လမ်းကလေးပြရာကို ကြည့်လိုက်တော့ ကျောက်စလစ်ခဲလေးကို တွေ့လိုက်ရတယ် ။ ``ဟယ် ဟုတ်ပါ့ ထီးလေးကြည့်စမ်း´´ ကျွန်တော့တို့ဆီလိမ့်လာတဲ့ဂေါ်လီလုံးကို အားလုံးတွေ့လိုက်ရပါတယ် ။ဒါပေမယ့် အခုပြန်တွေ့လိုက်ရတော့ ကျောက်စလစ်ခဲကိုသာ ``ဟာ …တို့မျက်စိမှားတာ နေမှာပါဟ ´´ ``မဖြစ်နိုင်ဘူးနော် ထီးကလေး ငါတို့ တစ်ခုခုတော့ လွဲနေပြီ´´ ``ထားလိုက်ပါ …အချိန်တန်ရင် အဖြေအားလုံး သိရမှာပေါ့´´ မျှားကလေးက ပြောလိုက်တယ်။ ``ကဲ ဒါဆို တို့ဒီည ဘဟ်လို လုပ်ကြမလဲ ´´ ``မတတ်နိုင်ဘူးဟေ့ တို့အားလုံး သတိ ဝီရိယနဲ့တော့ အိပ်ရမှာပေါ့ ´´ ``ကဲ…လာ နင်တို့ မိန်းကလေးတွေ အရင်သွားအိပ်ကြတော့ ငါတို့ အိပ်ခန်းလိုက်ပို့ပေးမယ် ´´ သူဇာတို့ညီမနှစ်ယောက်ကို အိပ်ခန်းသို့ လိုက်ပို့ပေးခဲ့ပြီး ကျနော်တို့ ၅ယောက် အောက်ပြန်ဆင်းလာကြတော့သည်။ ***************************** အောက်ရောက်တော့ ဧည့်ခန်းခုံမှာ ကျွန်တော် ခြေပစ် လက်ပစ် ထိုင်ချလိုက်တယ်။ တန်ခိုးကတော့ မထိုင်နိုင် ယောက်ယပ်ခတ်ခါ လျောက်နေတော့သည်။ ``ငါ…လုံးဝ မကျေနပ်ဘူး´´ ``ဘာဖြစ်လို့လဲ တန်ခိုးရ´´ ``ဘာဖြစ်ရမှာတုန်း အခုတစ်ခုပြီး တစ်ခု ဒီလိုတွေဖြစ်နေတာ အဖြေကိုရှာမရဘူး´´ ``မင်း စိတ်ကို မလောပါနဲ့တန်ခိုးရယ် ငါတို့ အခုတစ်ဖြည်းဖြည်းချင်း ထူးဆန်းတာတွေ ကြုံလာရပြီပဲ´´ ``ဒါပေမယ့် ငါက အကောင်လိုက်ကို ထင်ထင်ရှားရှား တွေ့ချင်တာ အခု ဟိုနားက ချွတ်ချွတ် ဒီနားက ချွတ်ချွတ် လုပ်နေတာကို ငါမကျေနပ်တာ ´´ ``တန်ခိုး မင်းကို ငါတစ်ခု ပြောမယ် မင်းက စိတ်လိုက်မာန်ပါလုပ်တတ်တယ် ဒီတော့ ငါတ်ု့အားလုံး စိတ်လိုက်မာန်ပါ လုပ်တော့မယ်ဆိုရင် တစ်ကနေ တစ်ဆယ်ထိ ရည်ပြီးမှ လုပ်စရာရှိတာကို ဆက်လုပ်ကြမယ်´´ ``စိတ်ချပါ ထီးလေးရ မင်းစကားဆို ငါအမြဲနားထောင်ပါတယ် အခုငါဒေါသဖြစ်တာက မမြင်ရတာကို ဒေါသဖြစ်နေတာ သတ္တိရှိရင် အကောင်လိုက်ပြပေါ့ကွ…´´ ``စိတ်လျော့လိုက်ပါ တန်ခိုးရာ ငါတို့ ချွတ်ချွတ် အသံလောက်ကလွဲပြီး ဒီထက်ဘာတွေ ထူးဆန်းလာမလဲလို့ စောင့်ကြည့်ရသေးတာပေါ့…´´ ``ကဲ…ဒါဆို လမ်းနဲ့ငါးလေး မင်းတို့ သွားအိပ်ကြတော့လေ မနက် စောစောထကြ…´´ ``တန်ခိုး မင်းရော …မအိပ်သေးဘူးလား…´´ ``အော်…အေး …ဒါဆို ငါလဲ သွားအိပ်တော့မယ် …မင်းနဲ့ကိုအောင်ကို နောက်ကျမှ အိပ်ကြနော် ဒီည မင်းတို့အလှည့် ´´ ပြောပြောဆိုဆိုဖြင့် တန်ခိုး လမ်းကလေးကို ပုခုံးဖတ်ခါ အိမ်အပေါ်တတ်သို့ တတ်သွားပါလေတော့သည်။ ကျွန်တော်နဲ့ ကိုအောင်ကိုကတော့ စကားပြောလျက် ဧည့်ခန်းထဲတွင်သာ ကျန်နေခဲ့ပြီ။    ။ ***************************** ``ငါးလေး …ထီးလေး က အောက်မှာဆ်ုတော့ မင်းတစ်ယောက်တည်း အိပ်ရဲလား…´´ ``အမှန်တိုင်းပြောရရင် …မင်းတို့နဲ့ ငါလာအိပ်မယ်ကွာ …ထီးကလေး သူဖာသာသူ တစ်ယောက်တည်း ဒီည အိပ်လိမ့်မယ် ´´ ``ငါတို့ ဒီကိုရောက်လာတည်းက ဘာသရဲ တစ္ဆေမှလဲ မတွေ့ရသေးဘူး အခုဆို ၃ညမြောက်ပြီ…´´ ``ဟိုနေ့က မင်းတွေ့လိုက်တဲ့မိန်းကလေးက တစ္ဆေမလေးဖြစ်နေရင် ဘဟ်လိုလုပ်မလဲ …´´ ``ဟာ…သူက တစ္ဆေပဲထား ငါတွေ့ချင်တာ အဲ့လို တစ္ဆေမဟုတ်ဘူးကွ လူတွေကို ခြိမ်းခြောက်သလိုလို အကူညီတောင်းသလိုလို လုပ်နေတဲ့တစ္ဆေမျိုးကိုပြောတာ …´´ ``ဒါဆို တန်ခိုး ထီးလေးတို့က အောက်မှာ အိမ်ပေါ်ကို တတ်လာဦးမှာ မဟုတ်ဘူး …ငါတို့ ဒီအိမ်ကြီးအပေါ်ထပ်က မြေအောက်ခန်းဆ်ုတာကို ရှာမလား…´´ ``ဟာ …လမ်းကလေးရာ တွေ့တော့ရေ မင်းက ဘာလုပ်မလို့လဲ …´´ ``ဘာလုပ်ရမှတုန်းက ဒီလောက်ထူးခြား လျှိုဝှက်နေတဲ့ အိမ်ကြီးမှာ ငါတို့ အဖြေတစ်ခုလောက်တော့ ရအောင် ရှာရမယ်လေ …´´ ``ကဲ…တန်ခိုး မင်းဘဟ်လို သဘောရလဲ…´´ ``မင်းတို့နှစ်ယောက်နဲ့ထပ်တူပေါ့´´ ``ကဲ…လာ ဓာတ်မီးယူလာခဲ့ ´´ ထီးကလေးတို့ မသိခင် အချိန်မှာ တန်ခိုးတို့ ၃ယောက် အိမ်ကြီးကို လေ့လာရန် ပြင်ဆင်ကြတော့သည်။ အခန်းတွေက မျက်နှာချင်း အားလုံးက သော့တန်းလန်း သူတို့ တစ်ခန်းချင်းစီ ဖွင့်ကြည့်တော့ မှောင်မဲနေသည်ကို သာ တွေ့ရသည်။ မီးထိုးကြည့်တော့လဲ ကျယ်ဝန်းလှတဲ့အခန်းနံရံတွေကိုသာ တွေ့ရတယ်။ ``တွေ့လား…ဘာသရဲမှ မရှိဘူး အလကား ငါတို့ ကိုယ့်စိတ်ကိုယ်ပြန်ခြောက်နေကြတာ …´´ ``ဟားးး…ဟားးး…´´ ``ဟင် …ဘယ်သူရီတာလဲ …လမ်းလေး မင်းရီတာလား…´´ ``ဟာကွာ …ငါမရီပါဘူး ငါလဲ ရီသံကြားလိုက်တယ်´´ ``ငါးလေး မင်းရော ကြားလိုက်လား …´´ ``အေး ငါလဲကြားတယ်´´ ယောကျားတစ်ယောက်ရဲ့ရယ်မောသံကို သူတို့ ၃ယောက်ကြားလိုက်ရတော့သည်။ ``ဒါဆို …တစ္ဆေလား…´´ ``ဟေ့ …တစ္ဆေ …ဆိုတဲ့အကောင် ထွက်ခဲ့စမ်း …မင်းကို မတွေ့ဘူးလို့ …မင်းကို ဓာတ်ပုံရိုက်ချင်လို့ပါကွာ …ထွက်ခဲ့စမ်းပါ …´´ ``ဟုတ်တယ် ဟေ့ယောင် ငါနဲ့ဓာတ်ပုံတစ်ပုံလောက် အမှတ်တရ ရိုက်ရအောင် ထွက်ခဲ့စမ်းပါ…´´ နောက်ပြောင်သော လေသံများနှင့် တန်ခိုးနဲ့လမ်းကလေးက  ပြောနေလျက်  ငါးကလေးကို လှည့်ကြည့်လိုက်ပြီး ``ဟေ့ယောင် ငါးလေး ဘာတွေ ကြောင်ကြည့်နေတာလဲ…မင်းကြောက်လို့လား…ငါပြောနေတာ ကြားလား…´´ ငါးကလေးက မျက်တောင်မခတ် မျက်လုံးအနက်က အပေါ်တတ်ပြီး သူအရှေ့က နံရံမှာ ကြောင်တောင်တောင် ``မင်းတို့…အားလုံး ဒီကနေ အမြန် ထွက်သွားစမ်း …ထွက်သွားကြစမ်း…´´ တိတ်ဆိတ်နေတဲ့ညထဲမှာ ငါးကလေးအသံ မဟုတ်တဲ့ အသံနက်ကြီးက ပဲ့တင်ထပ်စွာ ထွက်ပေါ်လာတော့သည်။ တန်ခိုး မျက်လုံးပြူးပြီး ကြောင်ကြည့်နေမိစဉ်မှာပဲ ``ဟေ့ယောင် …တန်ခိုး…လာ ထီးကလေးကို သွားခေါ်ရမယ် ´´ ``ဟင်…ငါး…ငါး…ငါးလေးကိုရော …´´ ``လာ… ဒီအတိုင်းခဏထားခဲ့…´´ တန်ခိုးလက်ကို အတင်းဆွဲခါ လမ်းကလေး အိမ်အောက်ထပ် လှေကားကို ပြေးအဆင်း ``ဟေ့ယောင်တွေ ဘာဖြစ်ကြတာလဲ´´ ထိုအသံကိုကြားလိုက်ရတဲ့ထီးကလေးနဲ့ အောင်ကိုတို့ အိမ်အပေါ်ထပ်ကို တတ်အလာ ``ငါး…ငါး…ငါးလေး ဟို…ဟိုမှာ…´´ လမ်းကလေးက ထိတ်လန့်မှု့ကြောင့် လိုရင်းသို့မရောက်ပဲ ထစ်ငေါ့နေလျက် ``ကိုတန်ခိုး…ကိုငါးလေးရော…ဘယ်မှာလဲ ဘာဖြစ်တာလဲ…ပြောပါဦး…´´ စကားပြန်မပြောနိုင်ပဲ အရှေ့စူးစူးကိုသာ လက်ညှိုးထိုးပြလျက် လမ်းကလေး ညွှန်ပြရာသို့ ထီးကလေးကြည့်လိုက်တော့ ကြမ်းပြင်ပေါ် လဲကျနေတဲ့ငါးကလေးကို တွေ့လိုက်ရတော့သည်။ ``ဟာ…ငါးလေး…´ ထီးလေး လဲကျနေတဲ့ငါးလေးဆီသို့ အပြေးသွားလိုက်တယ်။ လဲကျနေတဲ့ငါးလေးကို ထီးလေးပွေ့ထူလိုက်ပြီး ``ငါးလေး…ငါးလေး…ငါးလေး…´´ ခန္ဓာကိုယ်ကို လှုပ်နှိုးလျက် ``ဟင်…ထီးလေး …ငါ … ငါဘာဖြစ်တာလဲ…´´ ``မင်းတို့ကွာ …ငါ့စကားကို နားမထောင်ကြဘူး…´´ ``ထီးလေး …ငါမှားပါတယ်ကွာ …ငါနောက်တစ်ခါ မင်းမသိပဲ ဘာမှ မလုပ်တော့ပါဘူး…´´ ၃ယောက်သား ထီးလေးကို ဝိုင်းတောင်းပန်ကြတော့သည်။ သူတို့လဲ ဖြစ်စဉ်အားလုံပြန်ပြောပြလိုက်တော့ အောင်ကိုက ``ခင်ဗျားတို့ပြောပုံအရဆို ဒီအိမ်ကြီးမှာ အနှောက်ယှက်တော့ရှိနေတာ သေချာပြီ သေးလားကြီးလားဆိုတာတော့ ကျုပ်မပြောတတ်ဘူး ဟို အစ်မတွေရော နိုးသွားသေးလား…´´ ``နှိုးမသွားဘူးထင်တယ် ကိုအောင် နှိုးရင်တော့ မျှားကလေးက ထလာမှာ သေချာတယ် …´´ ``ကောင်းတယ် မိန်းကလေးတွေကို အသိမပေးသေးတာ ကောင်းတယ် သူတို့အားမငယ်ပဲ ရှိနေမှ ဒီအိမ်ကြီးကို ခင်ဗျားတို့ရည်ရွယ်ချက်အတိုင်း အဖြေတွေ ပေါ်လာမှာ …´´ ``ကိုထီးလေး ပထမညက ကြုံခဲ့ရတဲ့သူဇာ့ ပြောစကားအရ ခင်ဗျားတို့ ဒီအိမ်ကြီးကို ရောက်လာလို့ ပျော်တဲ့သူ ရှိသလို ခင်ဗျားတို့ကို ဒီမှာ ရှိမနေစေချင်တဲ့သူလဲရှိနေတယ်´´ ``ဒုတိယညမှာ ကိုတန်ခိုးကြုံခဲ့ရတာက မိန်းကလေးတစ်ယောက် သူကလဲ သတ်သတ် တစ်ယောက် ဖြစ်နိုင်တယ်…´´ ``ကိုအောင် ဒါဆို …´´ ``ကိုထီးလေး စိတ်အေးအေးထားပါ ကျွန်တောရှိနေပါ အစ်ကိုတို့ ဒုက္ခမရောက်စေရပါဘူး စိတ်ချပါ …´´ ``မနက်ရောက်တာနဲ့ ဦးတင်အောင်ကို ဒီအိမ်ကြီးအကြောင်းသေချာမေးရမယ် ပြီးတော့ ကျွန်တော်တို့အားလုံး အမြန်ဆုံးပြန်ဖို့စီစဉ်ကြရမယ် …ကျွန်တော်တို့ ပြန်ရင် ကိုအောင်က ဘယ်လိုလုပ်မလဲ …´´ ``ခင်ဗျားတို့နဲ့ မြို့အထိ လမ်းကြုံတော့ လိုက်ပါရစေ…´´ ***************************** မနက်ဖြန် မြန်မြန်ရောက်အောင်ပဲ ဒီည အခုပဲ အိပ်လိုက်ကြတော့သည်။ ##မနက် ၅ နာရီ ၄၀ ``ဒေါက်…ဒေါက်……´´ အောင်ကို့အိပ်ခန်းသို့ တံခါးခေါက်သံကြားတာကြောင့် ``ဘယ်သူလဲ…´´ ``ထတော့…´´ ``အော် …ဟုတ်ကဲ့ အစ်ကို ကျုပ်ညက သိပ်အိပ်မပျော်နဲ့အိပ်ယာထ နောက်ကျနေခဲ့တာ ကျုပ်က တောသားဗျ အစောကြီး အိပ်ယာ ထတတ်တာ နောက်နေ့နောက်မကျစေရဘူးဗျို့ …´´ တောသားပီပီ လေကျောရှည်စွာ အောင်ကိုက ပြန်ပြောနေလျက် ``ဟင်…မိုးတောင် ဝေလီ ဝေလင်းလေးရှိသေးတာပဲ ဘယ်သူက ငါ့လာနိုးပါလိမ့်…´´ လေသံမာမာ ဟန်ပါပါဖြင့် ယောကျားအသံတစ်ခုက အောင့်ကို ကိုနိုးသွားပါလေတော့သည်။ ******************-*----******* ``ဟင်…မထူးပါဘူး နိုးလက်စနဲ့ ဘုရားရှစ်ခိုးဦးမှ … အောင်ကို ဘုရားရှစ်ခိုးရန် စောင့်ဆောင့်ထိုင်လိုက်စဉ်မှာပဲ ``ဒေါက် …ဒေါက်…ဟီးဟီး ဟားး…ဟားးး……တောက်တောက်´´ ရီမောသံတွေနဲ့အတူ စကားပြောဆိုနေသော အသံများကိုပါ အောင်ကို တစ်ယောက် ကြားလိုက်ရတော့ ``ဟ…ဘယ်သူတွေတုန်း …´´ သူအခန်းပြင်ကို ထွက်ကြည့်လိုက်တယ်။ ဘေး ဘယ် ညာ ကြည့်လိုက်တယ် ။ အသံတွေကြားနေရာဆီသို့ သူတစ်ဖြည်းဖြည်းလျောက်သွားလိုက်တယ်။ အခန်းတစ်ခန်းရှေ့ရောက်တော့ သူနားနဲ့ကပ်ပီး နားထောင်နေလျက် ``*$=@-%*=(#-@**%()@=-%)´´ မကွဲမပြားအသံများကိုသာ သူကြားနေရတော့သည်။ ``ဟင်…ထီးလေးပြောတော့ တံခါးတွေ အားလုံး သော့တန်းလန်းနဲ့ဆို …အခု ဒီတံခါးက သော့ခတ်ထားပါလား…´´ သူအတွေးများဖြစ်သာ နောက်ဆုံ့း ``အထဲက ဘယ်သူတွေလဲ …တံခါးဖွင့်ပေးစမ်း ဘယ်သူတွေလဲ ´´ သူပြောနေသော်လဲ အထဲက စကားပြောသံတွေက ရပ်မသွား သူကြံရာ မရပဲ ထီးကလေးဆီ အပြေးသွားပြီး တံခါးသွားခေါက်ပါလေတော့သည်။ ``ကိုထီးလေး …ကိုထီးလေး´´ ``ကိုအောင်လား … ဝင်ခဲ့လေ တံခါးလော့ချမထားဘူး´´ ထီးလေးရဲ့ခွင့်ပြုချက်ကြောင့် အောင်ကို အိပ်ခန်းထဲ ဝင်လာခဲ့တော့သည်။ သူကြားခဲ့သမျှ ထီးကလေးကို ပြောပြလိုက်တော့ ``လာ…ကိုအောင် ပြန်သွားကြည့်မယ်´´ အောင်ကိုဦတည်ရာသို့ ထီးကလေး လိုက်ပါ လာလေတော့သည်။ ``ဒီအခန်းပဲ ကိုထီး´´ ``ဟင် …ကိုအောင် ခင်ဗျားပြောတော့ သော့မရှိဘူးဆို ဒီမှာသော့တန်းလန်းနဲ့ အထဲမှာလဲ ဘာအသံမှ မကြားရတော့ပါလား´´ `´ဟာ………ဟုတ်ပါရဲ့ ကိုထီး ကျနော် ပြောတာ ယုံပါ ကျုပ်တကယ် ကြားခဲ့ရတာ´´ ``ကိုအောင့်ကို အစတည်းက ကျွန်တော်ယုံပြီးသားပါ ဒါဆို ကိုအောင် ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ…´´ ``ကျွန်တော်တော့ မပြောတတ်တော့ဘူး ကိုထီးလေး …ကျွန်တော်တောင် ရူးချင်သွားတယ်…´´ ``ကိုအောင့်ကို လာနိုးသွားတာက အသံခပ်မာမာနဲ့ ယောကျားအသံနော် ဟူတ်လား…´´ ``ဟုတ်တယ် ကိုထီး ကျွန်တော်က ကိုထီးသူငယ်ချင်းတွေထဲကတစ်ယောက်ယောက်ထင်လို့ စကားတောင် ပြန်ပြောလိုက်သေးတယ် ´´ ``ဟုတ်ပီ ဒါဆို ကျွန်တော် အကြံရပြီ…´´ ``ဘာအကြံရတာလဲ ကိုထီး …´´ ``နောက်မှ အားလုံးကို ပြောပြမယ် ကိုအောင်ရေ …မိုးတောင် စင်စင်လင်းနေပြီ ဒီလောက်ဆို သူဇာနဲ့မျှားကလေးတို့ နိုးနေလောက်ပြီ…´´ မိုးစင်စင်လင်းသွားခဲ့ပြီ ။ တစ်နေ့လုံး ဦးတင်အောင်ကို တစ်ခြံလုံးမှာ ရှာမတွေ့ခဲ့ ကျွန်တော်တို့လဲ ဦးတင်အောင် ဘယ်ပျောက်သွားမှန်း မသိတာကြောင့် သူ့ကိုသာ တစ်နေ့လုံးမျော်နေလိုက်တာ အခုဆို ညနေ ၃ နာရီတောင် ထိုးလာခဲ့ပြီ ။ ``ကဲ… မျှားကလေး တို့ မနက်ဖြန် ပြန်ရအောင် …´´ ``ဟင်… ထီးလေး ငါတို့ ရောက်တာ ဒီနေ့မှ ၄ ရက်တည်းရှိသေးတာလေ ပြန်ချင်သေးဘူး'…´´ ``မျှားလေး အိမ်ကြီးမှာ သရဲတကယ်ခြောက်တယ်´´ ``ဟားဟား…ခြောက်ပလိမ့်စေပေါ့ဟ ငါတို့က သရဲခြောက်တယ်ဆိုလို့လာကြတာလေ နင်မေ့နေပြီလား…´´ ``ငါမမေ့ပါဘူး ဒါပေမယ့် ငါတို့ အိမ်ပြန်ကြတာပဲ ကောင်းမယ်နော် ´´ ``ဟုတ်ပါတယ် မျှားကလေးရယ် ပြန်ကြရအောင်နော် ´´ ``ဟုတ်တယ် မျှားလေး ငါတော့ ဆက်မနေရဲတော့ဘူး…´´ ``ငါးလေး နင်တို့ပြန်ချင် ပြန်ကြတော့ ငါကတော့ မပြန်ချင်သေးဘူး…´´ ``…မျှားလေးရဟ် တစ်ခါမှ ထီးကလေးပြောရင် နင်မငြင်းခဲ့ပါဘူး အခု ဘယ်လိုဖြစ်တာလဲ …´´ ``ဟုတ်တယ် လမ်းကလေး အခု ငါဘာမှ မမြင်ရ မတွေ့ရသေးပဲ အိမ်မပြန်ချင်သေးဘူး…ငါ့ကို နင်တို့အားလုံး ခွင့်လွတ်ပေးပါ …´´ ``ဟာ မျှားကလေးရယ် ငါတို့လဲ နင်မပါရင်မပြန်သေးပါဘူး …´´ မျှားကလေးက ကျွန်တော့ရှေ့ရောက်လာပြီး ``ထီးကလေး ငါ့ကိုခွင့်လွတ်ပါဟာ …ငါဒီအိမ်ကြီးမှာ ဆက်ပြီး လေ့လာကြည့်ချင်သေးတယ် …´´ ``နင့် သဘောပါဟာ ငါတို့က ယောကျာ်းလေးတွေဆိုတော့ ပြသနာသိပ်မရှိဘူး နင်တို့မိန်းကလေးတွေကို စိုးရိမ်မိတာ…´´ ``ဒီ့အတွက်တော့ မစိုးရိမ်ပါနဲ့ထီးလေးရယ် ငါ့အကြောင်းလဲ နင်ကောင်းကောင်းသိပါတယ် ငါက နင်တို့လို စိတ်မျိုးပါပဲ´´ ``အခု …ဦးတင်အောင်က ဘဟ်ပျောက်နေရတာလဲ …မနက်တည်းက မတွေ့ဘူး…ဘယ်သူ့ကိုမှ လဲ သူဘာမှ ပြောမသွားဘူး…´´ ``သူ တစ်နေရာရာကိုသွားတာ ဖြစ်မှာပါ ဖြစ်လာရင်တော့ ဒီအိမ်ကြီးအကြောင်း သူ့ကို ငါတို့ မဖြစ် ဖြစ်တဲ့နည်းနဲ့ မေးမှ ရမယ် …ငါတို့ မေးတိုင်းအကြောင်း တစ်ခုမဟုတ် တစ်ခုကြောင့် လိုရင်းကို မရောက်ခဲ့ဘူး ဒီတစ်ခါတော့ သူ့ကို သေချာမေးရတော့မဟ်…´´ အံ ကိုကြိတ်ခါ မျှားကလေးက ပြောနေလျက် ``ဒီမှာသော့ ထီးလေး နင်ပဲ ဒီသော့ကို ပြန်ယူထားလိုက် ဒီသော့က ငါတို့အခတ်ခဲ တစ်နေရာမှာ အသုံးဝင်လိမ့်မယ်လို့ ငါယုံကြည်တယ်…´´ မျှားကလေး ပေးတဲ့သော့ကို ကျွန်တော် တတိယ အကြိမ် ယူထားလိုက်ချေပြီ။ ``ဟင်…ဒါနဲ့…နင့်လည်ပင်းက ကျုတ်ကို နင် ချွတ်ထားတာလား…´´ မျှားကလေး ပြောတော့မှ ကျွန်တော် လည်ပင်းကို ပြန်စမ်းမိတယ် ``ဟာ…´´ ``ငါ မချွတ်ထားဘူး …ဘယ်ရောက်သွားတာလဲ…´´ ``မင်း အိပ်ယာထဲမှာ ကျွတ်ကျန်ခဲ့တာဖြစ်မှာပေါ့ ပြန်သွားကြည့်ဦး…´´ တန်ခိုးပြောတာနဲ့ကျွန်တော် အပေါ်ထပ် လှေကားကို အပြေးတတ်သွားခဲ့ချေပြီ။   ။ 



မျှားကလေးက ကျွန်တော့ရှေ့ရောက်လာပြီး ``ထီးကလေး ငါ့ကိုခွင့်လွတ်ပါဟာ …ငါဒီအိမ်ကြီးမှာ ဆက်ပြီး လေ့လာကြည့်ချင်သေးတယ် …´´ လက်တွေ့မကျရင် မည်သည့်အရာကိုမှ မယုံတတ် သူဆိုတော့ ``နင့် သဘောပါဟာ ငါတို့က ယောကျာ်းလေးတွေဆိုတော့ ပြသနာသိပ်မရှိဘူး နင်တို့မိန်းကလေးတွေကို စိုးရိမ်မိတာ…´´ ``ဒီ့အတွက်တော့ မစိုးရိမ်ပါနဲ့ထီးလေးရယ် ငါ့အကြောင်းလဲ နင်ကောင်းကောင်းသိပါတယ် ငါက နင်တို့လို စိတ်မျိုးပါပဲ´´ ``အခု …ဦးတင်အောင်က ဘဟ်ပျောက်နေရတာလဲ …မနက်တည်းက မတွေ့ဘူး…ဘယ်သူ့ကိုမှ လဲ သူဘာမှ ပြောမသွားဘူး…´´ ``သူ တစ်နေရာရာကိုသွားတာ ဖြစ်မှာပါ ပြန်လာရင်တော့ ဒီအိမ်ကြီးအကြောင်း သူ့ကို ငါတို့ မဖြစ် ဖြစ်တဲ့နည်းနဲ့ မေးမှ ရမယ် …ငါတို့ မေးတိုင်းအကြောင်း တစ်ခုမဟုတ် တစ်ခုကြောင့် လိုရင်းကို မရောက်ခဲ့ဘူး ဒီတစ်ခါတော့ သူ့ကို သေချာမေးရတော့မဟ်…´´ အံ ကိုကြိတ်ခါ မျှားကလေးက ပြောနေလျက် ``ဒီမှာသော့ ထီးလေး နင်ပဲ ဒီသော့ကို ပြန်ယူထားလိုက် ဒီသော့က ငါတို့အခတ်ခဲ တစ်နေရာမှာ အသုံးဝင်လိမ့်မယ်လို့ ငါယုံကြည်တယ်…´´ မျှားကလေး ပေးတဲ့သော့ကို ကျွန်တော် တတိယ အကြိမ် ယူထားလိုက်ချေပြီ။ ``ဟင်…ဒါနဲ့…နင့်လည်ပင်းက ကျုတ်ကို နင် ချွတ်ထားတာလား…´´ မျှားကလေး ပြောတော့မှ ကျွန်တော် လည်ပင်းကို ပြန်စမ်းမိတယ် ``ဟာ…´´ ``ငါ မချွတ်ထားဘူး …ဘယ်ရောက်သွားတာလဲ…´´ ``မင်း အိပ်ယာထဲမှာ ကျွတ်ကျန်ခဲ့တာဖြစ်မှာပေါ့ ပြန်သွားကြည့်ဦး…´´ တန်ခိုးပြောတာနဲ့ကျွန်တော် အပေါ်ထပ် လှေကားကို အပြေးတတ်သွားခဲ့ချေပြီ။   ။ ***************************** အခန်းတံခါးကို ထီးကလေး ဆွဲဖွင့်လိုက်တယ်။ ကုတင်းပေါ်က စောင်တွေ ခေါင်းအုံးတွေနှင့်အတူ နေရာအနံ့ရှာနေလျက် အောက်ထပ်မှ မျှားကလေးတို့လဲ အပြေးလိုက်တတ်လာခဲ့တော့သည်။ ``တွေ့လား ထီးလေး …´´ ထီးလေး ခေါင်းကို ကုတ်လိုက်တယ် ``မတွေ့ဘူး.´´ ``နင် ညက ချွတ်အိပ်လိုက်သေးလား'´´ ``မအိပ်ဘူးဟ ငါအခန်းထဲ ဝင်လိုက်တည်းက တစ်ခါတည်း တန်းအိပ်လိုက်တာ …´´ ``ဒါဆို နင်ဘယ်မှာ ကျသွားပါလိမ့်´´ ``ထားလိုက်ပါဟာ ရပါတယ် ဒီအိမ်ကြီးထဲမှာပဲ ရှိမှာပါ ပြန်တွေ့မှာပါ´´ ကျွန်တော် ဆက်မရှာတော့ပဲ စိတ်လျော့လိုက်တော့သည်။ အိမ်အောက်ထပ်ကို တစ်လှမ်းချင်း ဆင်းလာရင်း တွေးများစွာဖြင့် ``အခုတို့တွေ ဘာဆက်လုပ်ကြမလဲ မျှားလေး ´´ ``အိမ်ကြီး အကြောင်းကို ပြောပြပေးမယ့် ဦးလေးတင်အောင်ကိုပဲ ဆက်စောင့်နေလိုက်ကြတာပေါ့´´ ဧည့်ခန်းမှာ အားလုံးထိုင်လိုက်ကြတယ် ထီးကလေးကတော့ တစ်ခုခုကို တွေးတောနေသလို ကိုအောင်ကလဲ သူ့လွယ်အိတ်ထဲမှ ပစ္စည်းတစ်ခုခုကို ထုတ်ခါ ကြည့်နေလျက် မျှားကလေးနဲ့သူဇာကတော့ ခုံမှာသာ အေးဆေးထိုင်နေတော့သည်။ ငါးလေးနဲ့လမ်းလေးကတော့ ရောက်ယပ်ခတ်စွာ လျောက်နေလျက် တန်ခိုးကတော့ ထီးလေးနဲ့အတူ ရှိနေခဲ့စဉ်မှာပဲ ရုတ်တရက် ဦးလေးတင်အောင် ခြံကြီးထဲမှ အိမ်ထဲသို့ ရောက်လာခဲ့တော့သည်။ ``ဟာ…ဦးလေး…ဘယ်တွေ လျောက်သွားနေတာလဲ ကျနော်တို့အားလုံး ဦးလေးကို မျှော်နေတာ …´´ ငြိုးငယ်လှသော ဦးတင်အောင်မျက်နှာထားနဲ့ ``ငါတူတို့ ဒီအိမ်ကြီးကနေ အမြန်ဆုံး ပြန်သွားတာ ကောင်းမယ်နဲ့တူတယ် ´´ ``ရှင်…ဘာဖြစ်လို့လဲ ဦးလေး …´´ …``ဦးလေး မင်းတို့ကို ဒီအိမ်ကြီး အကြောင်းပြောပြမယ် သိပြီးတာနဲ့ မင်းတို့အားလုံး ဒီကနေ အမြန်ဆုံးနည်းနဲ့ ထွက်သွားကြပါ …´´ ဦလေးတင်အောင် တစ်ခုခုကို စိုးရိမ်နေသော အမူယာဖြင့် ပြောနေလျက် ``ကောင်းတာပေါ့ ဦးလေးရ ကျွန်တော်တို့ အားလုံးလဲ ဒီအိမိကြီး အကြောင်း သိချင်နေတာ ´´ ``ဦးလေး ပြောပြမယ် မဟုတ်လား…´´ ``မင်းတို့ခေတ်လူငယ်တွေ သိပ်ခတ်ပါလား …ပြောပြမယ် ပြီးတာနဲ့ မင်းတို့ အားလုံး ဒီကနေထွက်သွားဖို့ အမြန်ဆုံးပြင်စဉ်ကြတော့ …´´ ``စိတ်ချပါ ဦးလေးရ အိမ်ကြီး အကြောင်း သိတာနဲ့ သမီးတို့တွေ ပြန်ကြမှာပါ …´´ ``ကောင်းပြီ…ဦးလေး ပြောပြမယ် …´´ ``ဒီအိမ်ကြီးက ရှေးအစဉ်အဆက် တည်းက ရှိနေခဲ့တာ နောက်ဆုံးမင်းဆက် အပန်းဖြေတဲ့အိမ်တော်အဖြစ် သတ်မှတ်ထားတဲ့ ဘုရင့်အိမ်တော်ကြီး နှစ်တွေ ကြာလာတာနဲ့ အိမ်ကြီးဟာ မပျက်မစီးပဲ အခုမြင်နေရတဲ့ အတိုင်းပဲ ရှိနေခဲ့တယ် ။ အခု လက်ရှိပိုင်ရှင် ဦးထင်ခတို့ မဝယ်ခင် အချိန်မှာ ဒီအိမ်ကြီးကို သရဲခြောက်တယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့သေးတယ် ။ ဦးထင်ခ ဝယ်ပြီးတဲ့နောက်ပိုင်းကစပြီး တစ္ဆေခြောက်တယ်ဆိုတဲ့ သတင်းလဲ မကြားရတော့ဘူးကွယ့် …´´ ``လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်တုန်းက …… ဦးထင်ခ ဒီအိမ်ကြီးကို တန်ဖိုးနည်းနည်းနဲ့ ဝယ်လိုက်တယ်။ သူတို့ စပြောင်းလာတော့ သမီးလေး အဖေ ဆရာက ၁၅ နှစ်လောက်တော့ ရှိပြီးလားပဲ …ဦးထင်ခက အထက်လမ်းလိုက်စားသလိုလိုနဲ့ အောက်လမ်းပညာကို တစ်ဖက်ကမ်းခတ်အောင် တတ်တဲ့သူတစ်ယောက်ပဲ ဒီအိမ်ကြီးမှာ အစက သရဲခြောက်တယ်ဆိုတာ တကယ့်အမှန်ပါပဲ ဒါပေမယ့် ခြောက်နေတဲ့ တစ္ဆေကို ဦးထင်ခက အမျှမပေးပဲ သူက လွှမ်းမိုးပြီး ထပ်မံမွေးထားလိုက်တယ် ။ သူလိုရာကို စေခိုင်းတယ် ။ မယ်မယ် မြနှင်းဆီကတော့ တင့်တင့်တယ်တယ် ရှိလှတဲ့ မိန်းမတစ်ယောက်ပေါ့ သူတို့ ကလေးမရနိုင်ဘူးဆိုလို့ မိဘမဲ့ဂေဟာက ကလေးလေးတစ်ယောက်ကို မွေးစားထားခဲ့တယ်။ ကလေးလေးဟာ သူတို့ စိတ်ထားမျိုးတွေနဲ့တစ်ခြားစီ ကြီးပြင်းလာခဲ့တယ် ။ သူက ၁၅ နှစ်သားအရွယ်ရောက်လာတော့ သူ့ဖခင် ဦးထင်ခရဲ့လုပ်ရက်တွေကို မကြိုက်ခဲ့ဘူး။ တစ်နေ့… ``လိုက်ဟေ့ လိုက်…လိုက် …´´ ``ကယ်ကြပါဦး…ကျွန်တော် မခိုးပါဘူး …ကယ်ကြပါဦး…´´ ဦးလေးကို သူခိုးပါဆိုပြီး ဦးလေး မိထွေးက စွပ်စွဲပြီး သူ့သားတွေနဲ့ ဦးလေးကို ဝိုင်းရိုက်သတ်ပစ်ဖို့ ကြိုးစားတယ်။ မြင်းစီးလာတဲ့သူတစ်ယောက်က ဦးလေးအရှေ့မှာ ဝင်ရပ်လိုက်ပြီး' ``ဟေ့လူတွေ …ရပ်စမ်း…´´ သူကဝင်တားလိုက်တော့ လိုက်လာတဲ့သူတွေ ရပ်သွားခဲ့ပြီး ``ခင်ဗျားက ဘယ်သူလဲ ကျုပ်တို့ကိစ္စ ဝင်မပါနဲ့ ဒီကောင်က သူခိုးမို့လို့ ဝိုင်းလိုက်တာ ခင်ဗျား …ဖယ်စမ်း ခင်ဗျားပါ နာသွားမယ်…´´  ဦးလေးကို သတ်မလို့ လိုက်လာတဲ့သူတွေကို မြင်းပေါ်က လူက ပြန်ပြောလိုက်တယ် ``သူခိုးဆိုလဲ အရေးပိုင်မင်း လက်ထပ်အပ်လိုက်ပါလား …ခင်ဗျားတို့ ကိုယ်ထိလက်ရောက် လုပ်စရာမလိုဘူး …´´ ``ဟာ…စကားတော်တော်များတာပဲ ခင်ဗျား ဘယ်ကလဲ ဘယ်သူလဲ…´´ ``ကျုပ်က ဦးထင်ခသား …´´ ``ဟင်…´´ ဒီလူတွေဟာ ဦးထင်ခလို့ ကြားလိုက်တာနဲ့ တွန့်ဆုတ်သွားခဲ့ကြတယ်။ ``ဒါ…ဒါဆို မဟာနွယ် အိမ်ကြီးကပေါ့…´´ ``သိပ်ဟုတ်တာပေါ့ …´´ ``ဒါဆိုလဲ ဒီသူခိုးကို ခင်ဗျားလက်ထဲပဲ ထည့်လိုက်တော့မယ် ခင်ဗျားပဲ အရေးပိုင်မင်း လက်ထဲ အပ်လိုက်တော့ ကျူပ်တို့ကတော့ သွားပြီ…´´ ဒီလိုပြောပြီး နောက်ကြောင်း လှည့်မကြည့်ပဲ ဦးလေးကို သူနဲ့အပ်ပြီး ပြန်သွားကြတယ်။ ``ကျွန်တော်တကယ် သူခိုးမဟုတ်ပါဘူး ဆရာ…ကျုပ်မိထွေးသားတွေက ကျုပ်ကို အပြစ်ရှာပြီး လက်စဖျောက် သတ်ချင်နေကြတာ သူတို့ အဖေ့အမွေတွေကို မတ်ပြီးတော့ ဒါကြောင့်ပါ ဆရာ ကျနော့ကို ယုံပါ ´´ ဦးလေး ခြေသလုံးဖတ်ပြီး အဲ့ဒီလူကို တောင်းပန်နေတော့ ``ကိုယ့်ညီ ထပါ ခင်ဗျား သူခိုးမဟုတ်ဘူးဆိုတာ ကျုပ် သိပါတယ် လာ …ကျုပ်အိမ်မှာသာ လိုက်ပြီးနေတော့ …´´ ``ဆ…ဆရာ တကယ်ပြောတာလား…´´ ထိုသူဟာ ဦးလေးကို တစ်ချက်ပြုံးပြပြီး သူမြင်းပေါ်ဆွဲတင်ပြီး အိမ်ကြီးကို ခေါ်လာခဲ့တယ်။ အိမ်ကြီးရောက်တော့ သူမိဘတွေနဲ့ ဦးလေးကို သူခေါ်ထားမယ်ဆိုတဲ့အကြောင်း ပြောတယ်။ သူမိဘတွေက ဦးလေးကို မကြည်ပေမယ့် သားကိုချစ်တော့ မငြင်းပဲ ခွင့်ပြုပေးလိုက်တယ်။ ``ဒါနဲ့ ခင်ဗျား နာမည်က …´´ ``တင်အောင်ပါ ဆရာ…´´ ``ဟူတ်ပြီး တင်အောင် အိမ်ကြီး အကြောင်းကိုတော့ မင်းအခုန ကြားလိုက်တဲ့အတိုင်းပဲ နာမည် ကြားတာနဲ့တင် အားလုံးက ရွံကြောက် ကြောက်နေကြတာ …ဒီခြံထဲမှာ မင်းကို မာလီ ခန့်ထားလိုက်မယ် …´´ ``ကျေးဇူးကြီးမားလှပါတယ် ဆရာရယ် ဆရာသာ ကျနော့ကို မကယ်ထားရင် ကျနော် ဟိုလူတွေ လက်ချက်ကြောင့် သေနေလောက်ပြီး ကျေးဇူး အရမ်းတင်ပါတယ်…´´ ဆရာက ဦးအပေါ်ကို အရမ်းကောင်းခဲ့တယ်။ တစ်ည ဦးလေး ခြံထောင့်က တဲလေးမှာ အိမ်နေတုန်း ရီသံတွေ ကြားလိုက် ငိုသံတွေ ကြားလိုက်နဲ့ သရဲခြောက်နေသလိုပဲ ဦးလေး ထွက်ကြည့်လိုက်တော့ အိမ်ကြီး ခေါင်းမိုး အပေါ်မှာ မီးလုံးကြီးတွေကို တွေ့လိုက်ရတယ်။ ဒေါ်မြနှင်းဆီရဲ့ စုန်းအတတ်ပညာတွေ ပြနေတာပေါ့ ။ ဦးထင်ခက သချူင်္ိင်းက မြေတွေကို ယူတယ် ပြီးတော့ သူခြံထဲမှာ အစောင့်ဆိုပြီး ထားခဲ့တယ် ။ ပြီးတော့ လပြည့် လကွယ်ဆို အိမ်အပေါ်ထပ်က အခန်းထဲမှာ တစ်ညလုံး ဝိဥာဉ်တွေနဲ့ စကားပြောနေတတ်တယ်လို့ ဆရာကပြောပြဘူးတယ် သူ့ ခါးထဲက သော့က ဝိဥာဉ် အခန်းကို ခတ်ထားတဲ့သော့  ပြီးတော့ မြို့ထဲထိပေါက်တဲ့ မြေအောက်ခန်းသော့ဆိုလားပဲ ပြောတာကြားဘူးတယ်။ နြေအောက်ခန်းတွေထဲမှာ တစ္ဆေတစ်ကောင်ဆီ မွေးထားပြီး သူလိုရာခိုင်းတတ်တဟ်။ တစ်နေ့မှာ ဦးထင်ခညီဆိုတဲ့သူတစ်ယောင် နယ်ကနေ တတ်လာပြီး အိမ်ကြီးကို အမွေတစ်ဝက်ပေးရန် လာတောင်းခဲ့တယ်။ ဦးတင်ခက ပျက်ပျင်သားသား  မပေးဘူးပြောတော့ သူက ဘာမှ မပြောတော့ပဲ အမှီးသိမ်းပြီး ငြိမ်ငြိမ်လေးနေခဲ့သလိုနဲ့ ဒီအိမိကြီးကို သူက ပုဏ္ဍက တိုက်တယ်။ ဦးတင်ခ ပညာက ပုဏ္ဍကကို ထိမ်းချုပ်နိုင်တော့ သူ့ညီ လုပ်တာလဲ အပိုပဲဖြစ်နေခဲ့ပြီလေ။  တစ်နေ့ ဦးလေးချစ်သူက ဦးလေးနောက်ကို ခိုးရာ လိုက်လာခဲ့တယ်လေ။ ဆရာကလဲ လက်ခံပေးပါတယ်။ ဒေါ်မြနှင်းဆီနဲ့ဦးထင်ခက ခြံကြီးထဲ သူစိမ်းတွေများလာလို့ သိပ်မကျေနပ်ကြဘူး။ ဒီလိုနဲ့ဦးလေး ဒီအိမိကြီးမှာ နေလာတာ ၂နှစ် ကျော်လာခဲ့တယ်။ ဦးမိန်းမမှာလဲ ကိုယ်ဝန်ရှိလာခဲ့တယ်။ ဆရာက ဦးတို့ လင်မယားနှစ်ယောက်ကို လိုလေသေး မရှိ စောင့်ရှောက်ခဲ့တယ်။ ဦးမိန်းမ ကိုယ်ဝန်အရင့်မာကြီးမှာ ဆရာက မြို့မှာ ကျောင်းသွားတတ်ရမယ်ဆိုပြီး ထွက်သွားလိုက်တာ ၅နှစ်လောက် ကြာသွားတယ် ။ ဦးလေးကို နှင်မထုတ်ဖို့ သူမိဘတွေကို အမြဲပြောတော့ ဆရာမရှိတဲ့နောက်ပိုင်းမှာ ဦးထင်ခက လခ ကလွဲပြီး ပိုက်ဆံဆိုတာကို မပေးခဲ့ဘူး။ ဆရာ ကျောင်းပီးလို့ ပြန်ရောက်လာတော့ ဦးသမီးလေး တော်တော် အရွယ်ရောက်နေခဲ့ပြီလေ။      ဆရာက မြို့မှာ ကျောင်းဆရာ ဖြစ်နေပြီးဖြစ်ကြောင်းကို ဦးလေးသိလိုက်ရတယ်။ ဆရာက သူမြို့ပြောင်းရင် ဦးလေးကို ခေါ်သွားမယ်လို့ပြောတော့ ဦးလေး သိပ်ဝမ်းသာမိတာပါ။ မကြာပါဘူး ၃နှစ်လောက်နေတော့ ဆရာ ခဏဆိုပြီး မြို့ကို ပြန်သွားခဲ့တာ တော်တော်နဲ့ပေါ်မလာခဲ့ဘူး ။ တစ်နေ့မှာ ဦးသမီးလေး တက္ကသိုလ်ဝင်တန်းအောင်တော့ ဆရာ့ဆီမှာ သွားနေမယ်ဆိုပြီ မြို့ကို အကြောင်းကြားထားခဲ့တယ်။ အပျိုပေါက် ဖြစ်လာတဲ့ သမီးလေးက သိပ်လှလာခဲ့တယ်။ ဒေါ်မြနှင်းဆီက ဦးလေးသမီးကို ကျောင်းဆက်ထားပေးမယ်လို့ ပြောတယ် ။ အိမ်ကြီးထဲကို ဦးလေးကိုသာ မဝင်ခိုင်းပေမယ့် သမီးလေးကတော့ ထမင်းချက် ဟင်းချက်အနေနဲ့ အဝင်အထွက် ရှိတယ်။ တစ်နေ့မှာ ဒေါ်မြနှင်းဆီ ခေါ်တယ်ဆိုပြီး ဦးထင်ခတပည့်တစ်ယောက်က သမီးလေကို လာခေါ်သွားခဲ့တယ်။ အိမ်ကြီးအဝထိ သမီးလေးကို သူ့အမေ လိုက်ပို့ပေးခဲ့တယ် ။ဦးလေးကတော့ ခြံထဲမှာ လုပ်စရာလေးတွေရှိလို့ လုပ်နေတာပေါ့။ ဦးသမီးလေး ပြန်ထွက်လာတဲ့အထိကို သူ့အမေ ဦးမိန်းမက အိမ်ရှေ့မှာ စောင့်နေခဲ့တယ်။ သိပ်မကြာခင်မှာပဲ သမီးလေး အိမ်ကြီးထဲက ပြေးထွက်လာပြီး  ဦးထင်ခ သူ့ကို အဓမ္မပြုကြောင်းကို ပြောလိုက် အိမ်ကြီးရှေ့မှာ ဖတ်ပြီးငိုနေတဲ့ သားအမိ နှစ်ယောက်စလုံးကို ဦးထင်ခအမိန့်ကြောင့် သူ့တပည့်တွေက ရက်ရက်စက်စက် မသေမချင်း ဓါးနဲ့ခုတ်သတ်ခဲ့တယ်။ ဦးလေးမသိခဲ့ဘူး ။ ညနေစောင်းလို့ ပြန်ရောက်မလာကြသေးတာနဲ့ ဦးလေး လဲ အိမိကြီးအရှေ့မှာ ထိုင်မျှော်နေခဲ့တယ်။ ဦးလေးထိုင်နေတာတွေ့တော့ ဦးထင်ခကခေါ်ပြီး အိုးလေးတစ်လုံးပေးတယ်။ ခြံထောင့်က စံပယ်ပန်းရုံမှာ ဒါလေး လောင်းပေးပါဆိုလို့ ဦးလေး သွားလောင်းပေးလိုက်တယ်။ သူလောင်ခိုင်းလိုက်တဲ့ အိုးလေးထဲမှာက အနီရောင်တွေ တွေ့တော့ ဦးလေးနဲ့အတူပါလာတဲ့ သူတပည့်တစ်ယောက်ကို ဘာတွေလဲလို့ မေးကြည့်လိုက်တော့ ဦးလေးသမီးရဲ့သွေးတွေလို့ပြောတယ်။ ကြောင်တောင်တောင်ဖြစ်ပြီး ဦးလေး နောက်မှ သားအမိနှစ်ယောက်လုံးကို သတ်ပြီး အမေကို အပေါ်ကအိမ်ခန်းတစ်ခုမှာ သွေးလောင်းပြီး မွေးထားကြောင်းနဲ့ သမီးလေးကို အဓမ္မပြု သတ်ပြီး စံပယ်ရုံမှာ သွေးလောင်းပြီးမွေးထားကြောင်းသိလိုက်ရတော့ ဦးလေးရင်ကွဲမတတ်ပါပဲ။ သူတို့တွေအားလုံးက ဦးလေးငိုနေတာကိုကြညိ့ပြီး ဝိုင်းရီကြတယ်။ ဦးလေးလဲ မခံစားနိုင်တော့တာနဲ့ဦးထင်ခကို ဓါးဆွဲ့ပြီး အသေသတ်မလို့ အိမ်ကြီးအပေါ်ကို တတ်သွားခဲ့တယ်။´´ ``ဟင် …ဒါဆို …ဦးထင်ခကို ဦးလေးသတ်လို့ သေသွားတာလား…´´ ``ဦးလေးကိုတားတဲ့ဦးထင်ခ တပည့်နှစ်ယောက်ကိုတော့ ဦးလေး အသေသတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဦးထင်ခကိုတော့ ဦးလေး မသတ်နိုင်ခဲ့ဘူး …´´ ``ဦးထင်ခ အခန်းရှေ့ရောက်တော့ ဦးလေးကို ဒေါ်မြနှင်းဆီ အပါအဝင် အားလုံးက ဓါးတွေနဲ့ဝိုင်းခုတ်ကြတော့တယ်။…´´ ``ဟင်…ဦးလေးဘာမှမဖြစ်ဘူးလား…´´ ``ဒေါ်မြနှင်းဆီကိုတော့ ဦးလေးသတ်နိုင်ခဲ့လိုက်တယ်…´´ ``နောက်တော့ ဦးထင်ခ ဓါးချက်ကြောင့် ဦးလေးလဲ  သေခဲ့ရပြီ…´´ ``ဟင်…´´ ``ဗျာ…´´ ``ရှင်…´´ ``ဟင်…´´ ``ဟုတ်ပါတယ် ငါ့တူတို့ ဦးလေးက သေပြီးသား ဝိဥာဉ်ပါ ဒါပေမယ့် ဦးလေးကို မကြောက်ကြပါနဲ့ မင်းတို့ကို ဦးလေး ဒုက္ခပေးမယ့်သူ မဟူတ်ပါဘူး…´´ ဦးထင်ခ စကားကြောင့် အားလုံး သွေးပျက်မတတ် ``ဒါ …ဒါဆို …ဦး…ဦးလေးက သရဲပေါ့…´´ ``ဦးလေးက ဦးထင်ခ အစောင့်ချထားခံလိုက်ရတဲ့ တစ္ဆေတစ်ကောင်ထဲက အမျှလိုချင်နေတဲ့ တစ္ဆေတစ်ကောင်ပါ့…´´ ``ဗျာ…ဟုတ်လို့လား…ဦးလေးကို ကျတော်တို့ မြင်နေရတယ်လေ…´´ ``မြင်နိုင်တယ်ဆိုတာ ဦးလေးပြနေလို့ပါ မင်းတို့တွေကို စတွေ့တည်းက မင်းတို့က ဦးလေးကို ကယ်နိုင်မယ့် သူတွေဆိုတာ ဦးလေးသိလိုက်ရတယ်။…´´ ``ဒါ…ဒါ ဆို စံပယ်ရုံနားမှာ တွေ့လိုက်တဲ့ မိန်းကလေးက ဦး…ဦး…လေး သမီးပေါ့ …´´ ``ဟူတ်တယ် ငါ့တူတို့ ဦးထင်ခရဲ့ ဝိဥာဉ်တွေ မနိုးထခင်မှာ ငါ့တူတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြပါတော့ …´´ ဒီလို ပြောပြီး အားလုံးရဲ့အရှေ့မှ ဦးတင်အောင် ပျောက်ကွယ်သွားပါတော့သည်။ 


`ဟူတ်တယ် ငါ့တူတို့ ဦးထင်ခရဲ့ ဝိဥာဉ်တွေ မနိုးထခင်မှာ ငါ့တူတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြပါတော့ …´´ ဒီလို ပြောပြီး အားလုံးရဲ့အရှေ့မှ ဦးတင်အောင် ပျောက်ကွယ်သွားပါတော့သည်။ ***************************   အားလုံးလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာဆက်လုပ်ရမှန်းမသိတော့ချေ။ ``ထီးလေး …ဘာလုပ်ကြမလဲ …´´ ``အခုချက်ချင်း အမြန်ဆုံးပြန်ဖို့ စီစဉ်ကြတော့ …´´ ``တန်ခိုး …ကားသော့ မင်းဆီမှာမဟူတ်လား…´´ ``ကားသော့က ငါ့ဆီမှာပဲ …ဒါပေမယ့်…´´ ``ဒါပေမယ့်…ဘာဖြစ်လဲ ဆက်ပြောလေကွာ အရမ်းအရေးကြီးဆုံး အချိန်ရောက်နေပြီ…´´ ``ဒါပေမယ့် ကားမှာက ဆီနည်းနေတယ်´´ ``ဘာ…´´ ``ဟာ…မင်းကွာ အစတည်းကမပြောဘူး…အခုဘယ်လိုလုပ်ကြမလဲ…´´ ``ငါ့ပဲ လာပြောမနေနဲ့လေ ဒီလိုဖြစ်မယ်ဆိုတာ ငါမှကြိုမသိတာ …´´ ``ကဲကဲ…ဒီအချိန်မှာ အားလုံး စည်းလုံးမှု့က အရေးကြီးဆုံးပဲ မင်းတို့ တစ်ယောက်တစ်ပေါက် ပြောမနေနဲ့တော့ …´´ ``ကဲ…မျှားလေး နင်အိမ်ကို ဖုန်းဆက် …´´ ``ငါဖုန်းက တိုင်တွေ ပျောက်နေတယ်…လုပ်ကြပါဦး…´´ ``ငါတို့…ဖုန်းတွေ ရောပဲ…´´ ``နေဦး…နေဦး ငါ့ဖုန်းမှာတော့ တိုင်ပေါ်တယ် ငါဆက်မယ်…´´ ငါးကလေးက ခြေတုန်လက်တုန်ဖြင့် ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ကာ ``ဟယ်လို…အမေ …အမေလား …သား…သားတို့ ဒီမှာ အခတ်ခဲ တွေ့နေတယ် အမေ အမြန်ဆုံး သား…သားပြောတဲ့နေရာကို အမြန်ဆုံး လိုက်…လိုက်ခဲ့ပေးပါ…´´ တုန်တုန်ရင်ရင်ဖြင့် ငါးလေး ပြောနေလျက် တစ်ဖက်က ပြန်ပြောသံကတော့ ``ဟယ်လို…ဖုန်းမှားနေပါတယ်ခင်ဗျာ´´ ``ဟင် …ဘယ်ကလဲ…´´ ``ဟုတ်ကဲ့…နာရေးကူညီမှု့အသင်း ကပါ´´ ``ဗျာ…´´ တစ်ဖက်ဖုန်းရဲ့ အဖြေကြောင့် ငါးကလေး ကြောင်တောင်တောင် ဖြစ်သွာခဲ့တယ်။ ``ဟေ့ယောင်…ငါးလေး ဆက်လို့ရလား…မြန်မြန်ပြောစမ်းပါကွ …ဆက်လို့ရလား မင်းအိမ်က လိုက်လာမယ်တဲ့လား…´´ ခြေပစ်လိုက်ပစ် လက်ထဲက ဖုန်းကြမ်းပြင်အပေါ် လွတ်ကျသွားပြီး ``မ…မဟုတ်ဘူး…ဖုန်းမှားသွားတယ် နာရေးကူညီမှု့အသင်းဆီ ရောက်နေတယ်တဲ့…´´ ``ဘာ…မင်းနံပါတ် မှားနှိပ်လိုက်တာလား …´´ ``ငါ…ငါ …မှားမနှိပ်ဘူး…´´ ``ဒါဆို ဘဟ်လိုဖြစ်တာလဲ´´ ``ဟင်…ဖုန်းတွေ ဆက်ကြပါဦး ´´ ``လုပ်ကြပါဦးဟ ´´ အားလုံး ရောက်ရက်ခတ်ခါ စိုးရိမ်မှု့ပေါင်းစုံက ကြီးဆိုးလျက် ``ဟာ …ရပြီ …ရပြီ…ငါဖုန်းလိုင်းပေါ်လာပြီ…´´ ``ဆက်လေကွာ  အိမ်ကို မြန် မြန် အကူညီတောင်း လုပ်လုပ်…´´ ``ဟယ်လို…အဖေ သားတို့ ဒုက္ခတွေ့နေပြီ သားတို့ဆီ အမြန်လိုက်လာခဲ့ပါ…သူတို့ ဒုက္ခတွေ့တော့မယ်နဲ့ထင်တယ် အဖေ အမြန်ဆုံး သားပြောတဲ့ အိမိကြီးဆီ လာခဲ့ပါ နော် …နော် အဖေ´´ လမ်းကလေး ကတုန်ကရင်ဖြင့် ပြောနေလျက် ``ဟယ်လို ဘယ်ကို ဆက်တာလဲ…´´ တစ်ဖက်ဖုန်းရဲ့ အဖြေက ``ဖုန်းမှားနေပါတယ် …´´ ``ဟင် …ရန်ကုန်ကအဟုတ်ဘူးလား…´´ ``ဟုတ်ပါတယ် …ရေဝေး သုသာန်ကပါ ဘာများ အကူညီပေးရမလဲ…´´ ``ဗျာ…´´ တစ်ဖွဲ့လုံး တုန်လှုပ်ခြောက်ခြားနေပြီ။ ဖုန်းမှားသူနှစ်ယောက်လုံးရဲ့ ဖုန်းတွေက ထူးဆန်းစွာ မှားနေခဲ့ချေ။ အားလုံးပြာယာခတ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေချိန်မှာတော့ ဧည့်ခန်းဒေါင့်မှ ဖုန်းက မြည်သံကြားလိုက်ရတော့သည်။ အဝင်ဖုန်းသံ ကြားတာကြောင့် မျှားကလေး အပြေးသွားကိုင်လိုက်ပြီး ``ဟယ်လို …သမီး မျှားလေးလား…´´ ``ဟင် …အဖေ သမီးတို့ကို ကယ်ပါဦး သမီးတို့ အိမ်ကြီးထဲမှာ ဒုက္ခရောက်နေပြီ အဖေ မြန်မြန် လိုက်လာခဲ့ပေးပါ…´´ ``ဟားဟား…သမီးကလဲ နောက်နေပြန်ပါပြီ နောက်မနေနဲ့တော့ ဖုန်းမှာ မစ်(စ်)ကော်တွေ တွေ့လို့ပြနိခေါ်လိုက်တာ …´´ ``မနောက်ပါဘူး ဖေဖေ သမီးတို့ အရမ်းအရေးကြီးနေပြီး ဖေဖေတို့လိုက်လာခဲ့ပါ…သမီးတို့ ဒုက္ခရောက်နေပြီ …´´ ``သမီး…ဘယ်နေ့ပြန်လာမှာလဲ ဖေဖေနဲ့မေမေ သမီးကို လွမ်းလှပြီ…´´ တစ်ဖက်ဖုန်းရဲ့ စကားသံတွေကတော့ အေးအေးဆေးဆေးဖြင့်သာ ပြန်ပြောနေလျက် မျှားကလေး အသိဝင်လာကာ သူမ လက်ထဲက ဖုန်းကို ပြန်ကြည့်မိပြီ ``ဖေဖေက သမီးဖုန်းကို မဆက်ပဲ ဘာလို့ ဒီအိမ်ကြီးက ဖုန်းကို ဆက်နေရတာလဲ …´´ တစ်ဖက်ဖုန်းရဲ့ အဖြေက အေးဆေးတည်ငြိမ်စွာ ရီလျက် ``ဟာ…သမီးကလဲ သမီးဖုန်းကို မဆက်လို့ ဖေဖေက ဘယ်အိမ်ကြီးက ဖုန်းကို ဆက်ရမှာလဲ နောက်စရာ မရှိ ဒီကလေးမ ကြံဖန်နောက်တယ်…´´ မျှားကလေးနဲ့အတူ ထီးကလေးတို့ တစ်ဖွဲ့လုံး သတိဝင်လာတဲ့ချိန်မှာတော့ လက်ထဲမှ ကိုင်ထားလျက်ရှိသော ဖုန်းကို မျှားကလေး လွတ်ချလိုက်တော့သည်။ ဖုန်းကြိုး ဆက်သွယိရာကို ကြည့်လိုက်တော့ ဖုန်းကြိုးကပျက်နေလျက် ခေါင်မိုးအပေါ်မှာ တွဲလောင်း ဖုန်းနဲ့ကြိုးမဆက်ထားပဲ မျှားကလေးဖုန်းပြောနေသည်ကို သတိဝင်လာမိလိုက်တော့သည်။ အောင်ကိုက ``အမ မျှားလေး ဒီနားကို မြန်မြန်လာ …´´ ``ကိုထီးရေ…ကျုပ်တို့တွေတော့ ပုဏ္ဍက လှည့်ကွက်ထဲ ရောက်နေပြီ အားလုံး သတိရှိမှ ရတော့မယ်´´ ဒီလိုပြောလိုက်ပြီ ``ဘုရား ငါးဆူနှင့်တကွ အဘဘိုးတော်ဆရာကြီးအပေါင်းတို့၏ အမိန့် ငါဆရာ၏ အမိန့် အရာအားလုံး မူလပြန်စေရမယ်…´´ ဟုဆိုကာ ဖနောက်ဖြင့် ကြမ်းပြင်ကို တစ်ချက်ပေါက်လိုက်တော့သည်။ ခဏအကြာမှာတော့ လေပြင်းတစ်ချက်တိုက်ခိုက်လိုက်ပြီး ပြန် ငြိမ်သွားချိန်မှာတော့ ဧည့်ခန်းထဲမှ ဖုန်းဟာ မြေနီတုံးကြီးအဖြင့်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ ``ကဲ …တွေ့လား ကိုထီးလေး …´´ ``ဒါဆို ဘယ်လို ဆက်လုပ်ရမလဲ ကိုအောင် …´´ ``အပေါ်ထပ်မှာ ခင်ဗျားတို့ ကျန်နေခဲ့တယ် အရေးကြီး ပစ္စည်းတွေ အမြန်သွားယူပြီး ကျုပ်တို့ အိမ်ကြီးနဲ့ဝေးရာကို ထွက်သွားရမယ် …´´ ``တန်ခိုး…လာ …ငါတို့ အပေါ်အားလုံး လူစု မကွဲပဲ တတ်ကြမယ် …မျှားလေး သူဇာ့ကို လက်တွဲထား ငါးလေးနဲ့ လမ်းလေး မင်းတို့နှစ်ယောက် ကိုအောင်နဲ့အတူ ရှိနေ တန်ခိုး မင်းနဲ့ငါက အပေါ်ကို အရှေ့က ဦးဆောင်ပြီး စတတ်မယ် …´´ ထီးကလေး ပြောသည့်အတိုင်း အားလုံး အိမ်အပေါ်ထပ်သို့ တတ်ရန်အချိန်မှာပဲ လင်းနေသည့် မိုးများက အားလုံးမှိတ်ခါ ပျက်စီးနေသော မီးချောင်းကွဲများအဖြစ် ပြောင်းလဲသွားတော့သည်။ တစ်ဖွဲ့လုံး ``ဟင်…´´ ``ရတယ် ရတယ် …ငါပြောတဲ့အတိုင်း အားလုံး တစ်ညီတည်းရှိပစေနော် အပေါ်မှာ ဓာတ်မီးရှိတယ် …´´ ထိုစဉ်မှာပဲ အိမ်မကြီးတံခါးက သူ့အလိုလို ပိတ်သွားခဲ့ပြီ။ အလင်းရောင်မရှိတဲ့အမှောင်ထဲမှာ တစ်လှမ်းချင်း အိမ်အပေါ်ထပ်သို့ တဖြည်းဖြည်းတတ်လာခဲ့သည်။ ``အား…´´ ``တန်ခိုး…တန်ခိုး…မင်းဘာဖြစ်တာလဲ…´´ ``ငါ…ငါ ခြေထောက် လှေကား အပေါက်ကျွန်နေပြီ လုပ်ပါဦး ထီးလေး …´´ ``လာလာ…ငါ့လက်ကို ဆွဲ … ``အီး……ရလား တန်ခိုး…´´ ``ရပီ …ရပီ…´´ ``တန်ခိုး …ခြေထောက်ဘာဖြစ်သွားလဲ …´´ ``မသိဘူး မျှားလေး ငါ့ကို အသာထား နင်တို့ညီမနှစ်ယောက်ပဲ ဂရုစိုက်ပြီး ဖြည်းဖြည်းချင်းတတ်…´´ ကိုအောင်နဲ့ လမ်းလေး ငါးလေးက အနောက်မှ နေကာ မျှားလေးနဲ့သူဇာကို အလည်မှာထားပြီး ထီးလေးနဲ့တန်ခိုးက ဦးဆောင်ကာ အိမ်အပေါ်ထပ်သို့ရောက်လာခဲ့ပြီး။ ``နေဦ…ကိုထီး အားလုံး မူလပြန်ပြီး မူလ အခြေနေတွေ ဖြစ်ကုန်ပြီ ဆိုတော့ အရင်လိုတော့ ဟုတ်မှာ မဟုတ်တော့ဘူး ဒီတော့ အရင်ကောင်းနေတဲ့ဟာတွေက အခုနလှေကားလို ဆွေးနေလောက်ပြီ အဲ့ဒီတော့ အားလုံး သတိနဲ့ ဓာတ်မီးကိုသာ ရအောင် အရင်ယူရမယ် …ဓာတ်မီးက ဘယ်အခန်းမှာ ရှိတာလဲ …´´ ``ကျွန်တော်တို့အားလုံးရဲ့ အိတ်တွေအထဲမှာ ပါတယ် …´´ ``ဒါဆို အနီးစပ်ဆုံးအခန်းက ဓာတ်မီးကို အရင်ဆုံးရအောင်ယူရမယ် …´´ မမြင်ရတဲ့အမှောင်ထဲမှာ မိမိတို့နေခဲ့တဲ့အခန်းကို မှန်းပြီးသာ လျောက်နေရတော့သည်။ `` ဒေါင်းဆုံးအခနိးဆိုတော့ … ထီးလေး ဒါ ငါတို့အခန်းပဲ ဖြစ်ရမယ် …´´ ``မင်းဓာတ်မီးထားတဲ့နေရာ မှတ်မိတယ် မဟုတ်လား လမ်းလေး…´´ ``အေး…မှတ်မိတယ် …ငါဝင်လိုက်မယ်…´´ ``နေဦး …ကိုလမ်းလေး ကျွန်တောပါ လိုက်မယ် …´´ အောင်ကိုနဲ့လမ်းလေး အခန်းထဲသို့ ဝင်သွားခဲ့တယ် ။အပြင်မှာတော့ ထီးလေးတို့ ငါးယောက်ပဲ ကျန်နေလျက် ထိုအချိန် အိမ်အောက်ထပ်မှ ``သူဇာရေ …သူဇာ…´´ မျှားကလေး အသံဖြင့် သူဇာ့ကို လှမ်းခေါ်နေခဲ့တော့သည်။ ``ဟင် …မျှားလေး နင့်အသံပါလား …နင်ဒီမှာ ရှိပါတယ်နော် …´´ ``ထီးလေး …ငါဒီမှာရှိနေတယ် …ငါအသံမျိုးနဲ့ ဘယ်သူခေါ်နေတာလဲ …´´ လမ်းလေးနဲ့အောင်ကို ဓာတ်မီးနှစ်လက်ကိုင်ကာ အခနိးပြင်သို့ ပြန်ထွက်လာခဲ့ပြီ။ ``ကိုအောင် အောက်ထပ်ကနေ မျှားကလေးအသံနဲ့သူဇာ့ကို ခေါ်နေတယ် ဘယ်လိုလုပ်ရမလဲ …´´ ``ပုဏ္ဍက နက္ခထဲ ကျုပ်တို့ အပြည့်ရောက်နေပြီ အားလုံး စိတ်ကို မလွတ်မိစေနဲ့ အနားက သူမဟုတ်ပဲ ခေါ်နေရင် လုံးဝမထူးကြပါနဲ့ …´´ ``လုပ်ပါဦး …ကိုအောင်ရာ ကျနော်တို့ အားကိုပါတယ်…´´ ``စိတ်ချပါ …ကျုပ် ဒုက္ခရောက်နေတုန်းကလဲ ခင်ဗျားတို့ ကူညီပေးခဲ့ကြတာပဲ အခု ကျုပ်ခင်ဗျားတို့ကို အတတ်နိုင်ဆုံးကူညီမှာပါ အားလုံး ကျနော်ပြောတဲ့စကားကို နားထောင်ကြပါ…´´ ``ဟုတ် ကိုအောင် စိတ်ချပါ …´´ ``တို့အခု ထွက်ပေါက်က ဘယ်မှာလဲ အောက်တံခါးကြီးကလဲ ပိတ်နေပြီ…´´ ``မမ သူဇာကြောက်တယ် …´´ ``သူဇာ အစ်ကိုတို့ရှိပါတယ် ဘာမှ မကြောက်နဲ့စိတ်ကို ငြိမ်ငြိမ်လေးထား …´´ ``ဓာတ်မီး နှစ်လက်ရပြီ ရော့ထီးလေး မင်းတစ်လက်ယူထား ကိုအောင်က တစ်လက်ယူထားလိမ့်မယ် …´´ ``ကိုအောင်နဲ့ တန်ခိုး လမ်းကလေးနဲ့ကတစ်ဖွဲ့နေလိုက် မျှားလေးတို့ညီမနှစ်ယောက်က တို့တွေကြားမှာပဲနေ ထွက်ပေါက်ကို အမြနိဆုံးရအောင် ရှာရမယ် …´´ အားလုံး နံရံကိုကျောဖြင့်ကပ်ခါ နောက်ကျောမလုံစွာနဲ့ သွားမိသွားရာ ထွက်ပေါက်ကိုသာ ရှာနေမိတော့သည်။  ငါးကလေး ပစ်ချခဲ့တဲ့ ဖုန်းက အမှန်အကန် သူ့မိဘတွေဆီက ဖုန်းလာနေသည်ကိုတော့ မည်သူမှ မသိနိုင်ချေ။ ``တို့… ဒီအတိုင်းဆက်သွားနေလို့ကတော့ ဘယ်နည်းနဲ့မှ ထွက်ပေါက်တွေ့နိုင်မှာ မဟုတ်ဘူး ကိုအောင် …အဲ့တော့ မိုးလင်းအောင် စောင့်နေမှ ဖြစ်တော့မယ်´´ ``မိုးလင်းအောင် စောင့်လို့ဖြစ်ပါ့မလား ထီးလေး …အခုတောင် ဒီလိုတွေ ဖြစ်နေပြီ…အချိန်ကြာသွားရင် တို့အသတ်အန္တရယ် ပါထိခိုက်လာနိုင်တယ် တစ်ခုခုကြံကြပါဦး …´´ ``ပြတင်းပေါက် တံခါးတွေလဲ သူ့အလိုလို ပိတ်ကုန်ကြပြီ ဘယ်လိုဖြစ်ရတာလဲ …´´ ``ဒါတွေ မတွေးနဲ့တော့ အခု ဖုန်းဘယ်သူတွေဆီမှာ ပါလာကြသေးလဲ´´ ``ငါ့ဆီမှာပါလာတယ် …´´ ``မျှားလေး ဒါဆို နင် အချိန်ပြည့် နင့်မိဘတွေဆီကို ဖုန်းခေါ်…တစ်ချက်မဟုတ် တစ်ချက်ကတော့ ရမှာပဲ …´´ ``နေဦး…ဒါနဲ့အခု ကျုပ်တို့ဘယ်နားကို ရောက်လာကြပြီလဲ ကိုထီး…´´ ``သေချာတော့ မသိဘူး အပေါ်ထပ်ကနေ နောက်ဖေး အပေါက်ကို ဆင်းတဲ့လှေကားနားတော့ နီးနေပြီနဲ့ထင်တယ်…´´ ``ခင်ဗျားတို့ ဒီကိုစရောက် လာတည်းက အိမ်ကြီးအနံ့ကို မရောက် ဘူးသေးဘူးလား …´´ ``မရောက်ဘူးသေးဘူး …´´ ``ဒုက္ခပါပဲ …ဒီအရိပ်မှာ ကျုပ်တို့ ရှိနေသမျှ ပုဏ္ဍက ရဲ့ အရိပ်အောက်မှာ လှည့်စားခံနေရဦးမှာပဲ အိမ်ကြီးထဲက မထွက်နိုင်မချင်း ကျုပ်ပညာတွေလဲ သုံးမရနိုင်ဘူး …ကိုထီး ……´´ ``ဟာ…ဒုက္ခပါပဲ …´´ ``ဒါဆို ဘယ်လုပ်ကြမလဲ ´´ ``အရေးကြီဆုံးက ကြောက်စိတ်ကိုဖျောက်ပြီး စိတ်ကို မလွတ်မိစေနဲ့ ထွက်ပေါက်ကိုပဲရအောင် အရင်ရှာကြမယ် …´´ တစ်ဖွဲ့လုံးဒေါင့်တစ်ဒေါင့်မှာ စုနေရင်း ဓာတ်မီးလေးထွန်းထားကာ ငြိမ်နေကြစဉ် …``ဟားးးဟားးးဟားးးးဟားး…´´ ပဲ့တင်ထပ်နေတဲ့ရီသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ``မကြောက်ကြနဲ့ …မကြောက်ကြနဲ့ ကျုပ်တို့ကို အန္တရယ် မပြုနိုင်ပါဘူး …ခြိမ်းခြောက်ပြီး မောင်းထုတ်နေတဲ့ သဘော…´´ ထိုအချိန် ငြိမ်သတ်နေ သူဇာက ``နင်တို့ …အားလုံး နောက်ကျ နေပြီ အားလုံးကို ဒီကနေ ပေးမထွက်နိုင်ဘူး …နင်တို့အားလုံး ဒီမှာပဲ နေရမယ် …ဟားးဟားး ငါအရမ်းပျော်တာပဲ…´´ ``အမလေး သူဇာ …သူဇာ သတိထားပါဦး …´´ သူဇာ့ကို ဓာတ်မီးဖြင့် ကိုအောင် ထိုးလိုက်တော့ နံရံမှာ သူဇာ အရိပ်မပေါ်ပဲ ရှေး ဆန်ဆန် မိန်းမကြီး တစ်ယောက်ရဲ့အရိပ်သာ ပေါ်နေတော့သည်။ အားလုံးလဲ ရသမျှ ဘုရားစာတွေ နှုတ်က ရွတ်မိရွတ်ရာ ရွတ်ရင်း အထစ်ထစ်အငေါ့ငေါ့ ကိုအောင်ကို က ``ဟေ့…တိတ်စမ်း …မင်းက ထွက်ခွင့်မပေးရအောင် မင်းက ဘာလဲ …´´ ``အောင်မာ ဆရာအစုတ် နင် ဒီအိမ်ကြီးထဲ စရောက်လာတည်းက နင့်ကို ငါတစ်ချိန်လုံး ကြည့်နေခဲ့တာ နင်ကတော့ ဘယ်သိပါ့မလဲ …နင်လို မတောက်တစ်ခေါက် ပညာလေးနဲ့ငါကို နိုင်မယ် ထင်နေလား ဆရာစုတ် …´´ ``တိတ်စမ်း…ငါတို့အားလုံးကို ဒီကထွက်ပေါက်ပြမယ်ဆို မင်းကို အမျှ ပေးကုသိုလ် လုပ်ပေးမယ် …´´ ``ဟား…ဟားး…အမျှမလိုချင်လို့ ဒီအိမိကြီးမှာ နေလာတာ နှစ်ပေါင်းမနည်းတော့ဘူး …ဟိုကောင်တိတ်စမ်း ငါနားငြီးတယ် …´´ ရသမျှ ဘုရားစာတွေကို ငါးကလေးက အလွဲလွဲ အချော်ချော်တွေ ရွတ်နေစဉ် သူဇာ့ကို လွှမ်းမိုးထားတဲ့ တစ္ဆေက လှမ်းအော်လိုက်တယ် ။ ငါးကလေးက တုန်ခနဲ့ရပ်တန့်သွားခဲ့တော့ ``ကိုငါးလေး သူပြောတာ ဂရုမစိုက်နဲ့ ဆက်သာရွတ်နေပါ …´´ ``ဟုတ် …ဟုတ်ကဲ့…´´ ``ဒီမယ် …မင်းဘယ်လောက်ပဲ အကောင်ကြီးကြီး ငါကဆရာတစ်ယောက်ပဲ မင်းကို ငါနိုင်ရမယ် မင်းဘယ်သူလဲဆိုတာ ပြောစမ်း …´´ ``ငါက ဒီအိမိကြီးရဲ့ အရှင်သခင် မြနှင်းဆီပဲဟေ့……´´ ``အော် …မြနှင်းဆီပဲ ခင်ဗျားကို ကျုပ်အခွင့်ရေးတစ်ခုပေးမဟ် ကျုပ်တို့အားလုံးကို ထွက်ပေါက်ပြမယ်ဆိုရင် ခင်ဗျားကို ကျုပ်အလွတ်ပေးမယ် …မဟုတ်ရင်တော့ ဒီမှာရော့ ……´´ အသင့်လွယ်ထားတဲ့ လွယ်အိတ်ထဲမှ ကိုအောင် ရေဘူးကို ဖွင့်ခါ သူဇာ့ကို ပတ်လိုက်တော့သည်။ ``အား…´´ ``မှတ်ပါလား…ထွက်ပေါက်ကို ပြောစမ်း …´´ ကိုအောင် ဒီလိုမေးနေစဉ်မှာ သူဇာ သတိမေ့လဲသွားတော့သည်။ ``ဟာ…ဒင်းထွက်သွားပြီ…ကိုထီး သူဇာ့ကို သတိရအောင် အရင်လုပ်…´´ ထီးလေး သူဇာ့ကို လှုပ်နိုးမှု့ကြောင့် သူဇာ သတိပြန်လည်လာကာ ``ဟင်……သူ…သူဇာ ဘာဖြစ်သွားတာလဲ အစ်ကို ထီးလေး…´´ ``ဘာမှ မဖြစ်ဘူး …သူဇာ …ဘာမှ မဖြစ်ဘူး… မကြောက်နဲ့…မကြောက်နဲ့…´´ ``တန်ခိုး မင်းကားထဲမှာ ဆီ ဘယ်လောက်ကျန်သေးလဲ ဘယ်ထိရောက် မောင်းလို့ ရနိုင်သေးလဲ…´´ ``ဒီကနေဆို တို့လာရာလမ်းအတိုင်း သစ်ပုတ်ပင်ကြီးနားလောက်တော့ ရနိုင်သေးတယ် …´´ ``ဟုတ်ပီ …အဓိက ဒီအိမိကြီးနဲ့ဝေးရာကို ရောက်သွားဖို့ပဲ ဒီတော့ ကိုအောင် မျှားကလေးတို့ ညီမနှစ်နဲ့ငါးကလေးကို ကိုအောင်စောင့်ရှောက်ထားပေးပါ …ကျနော်နဲ့တန်ခိုး လမ်းကလေးတို့ ထွက်ပေါက်ကိုရအောင် ရှာပြီး ကားနားကို အရောက်သွားမယ် …´´ ``ဟာ …ထီးလေး ငါတို့လဲ လိုက်မှာပေါ့ အားလုံး တစ်စုတည်းနေကြမယ်လေ…´´ ``ဟုတ်တော့ဟုတ်တယ် မမျှားလေး ဒါပေမယ့်…… ကိုထီးပြောတဲ့အတိုင်းကပိုကောင်းတယ် ကိုထီးလေး ဂရုစိုက်ပြီး သွားပါ သူတို့ကိုစိတ်ချ ကျုပ်အသတ်နဲ့လဲပြီ စောင့်ရှောက်ထားပါ့မယ် …´´ ``ဟုတ်ကဲ့ ကျေးဇူးပါ အစ်ကိုအောင်ရာ အရမ်းကျေးဇူးတင်ပါတယ် ကျနော်တို့ အားလုံး ဘာမှ မဖြစ်ပဲ အိမ်ပြန်ရောက်ခဲ့ရင်ကိုအောင်ကို ကို ထမင်းဖိတ်ကျွေးပါ့မယ် …´´ ပြောဆိုပြီး ဓာတ်မီးတစ်လက်ကို တင်းတင်းကိုင်ကာ ထီးလေး တန်ခိုး လမ်းလေးတို့ အလင်းပြပြမြင်နေရသည့်အတိုင်း ထွက်ပေါက်ကိုမျှော်ကာ အရှေ့စူးစူးသို့ ဦးတည်သွားနေပါတော့သည်။    ။ 


ပြောဆိုပြီး ဓာတ်မီးတစ်လက်ကို တင်းတင်းကိုင်ကာ ထီးလေး တန်ခိုး လမ်းလေးတို့ အလင်းပြပြမြင်နေရသည့်အတိုင်း ထွက်ပေါက်ကိုမျှော်ကာ အရှေ့စူးစူးသို့ ဦးတည်သွားနေပါတော့သည်။    ။ ***************************** ``တန်ခိုး …မင်းခြေထောက် နာနေသေးလား …´´ ``ရပါတယ်ကွာ…ငါမနာတော့ပါဘူး …´´ ``ငါတို့အဓိက ဒီအိမ်ကြီးထဲက ထွက်ပေါက်ကို အရင်ရှာတွေ့ဖို့အရေးကြီးတယ် …´´ တကယ်တော့ တန်ခိုးခြေထောက်မှာ ပွန်းရှထားမှု့ကြောင့် သွေးများထွက်လျှက် သုံးယောက်သား ဓာတ်မီးတစ်လက်ဖြင့် လျောက်လာလိုက်ကြတာ ``ဟင်…ထီးလေး …အရှေ့မှာ နံရံကြီးပဲ ရှိတော့…ငါတို့ ဘယ်လိုဆက်သွားမလဲ…´´ ``လမ်းကနှစ်ဖက်ဖြစ်နေတယ် ထီးလေး တစ်လမ်းကတော့ ထွက်ပေါက်ဖြစ်နိုင်တယ်…´´ ``ဘဟ်လို လုပ်ကြမလဲ …´´ ``တို့လူခွဲပြီး …သွားမလား …´´ ``မီးက တစ်လက်တည်းရှိတယ် …လူခွဲပြီးသွားလို့ အဆင်မပြေလောက်ဘူး …ဒီတော့ တန်ခိုး ငါတို့ မထူးဘူးကွာ ဒီဘက်ကို အရင်ဝင်မယ် …´´ ``မင်းသဘော လုပ်ကွာ …´´ သုံးယောက်စလုံးရဲ့သံတွေက ရဲရင့်ပျက်သား မှု့အသံတွေလိုလို ဖြစ်ပေမယ့် တကယ့်တော့ ကြောက်စိတ်တွေက လွှမ်းမိုးနေလျက် ထီးကလေးက လက်တစ်ဖက် ထိုးပေးလိုက်တယ် နောက်  လက်တစ်ဖက်ပေါ်မှာ သုံးယောက်ထပ်ပြီး စိတ်ကို ရဲတင်းစွာ ဆုံးဖြတ်ချက်ချကာ တစ်လမ်းတည်းသို့သာ ဦးတည်လျက်သွားနေတော့သည်။ ****************************- ``ထီးလေးတို့ အဆင်မှ ပြေရဲ့လား မသိဘူး ကိုအောင် …´´ ``စိတ်ချပါ …မမျှားလေး ထီးလေးရော တန်ခိုးပါ ပါသွားတာပဲ စိတ်မပူပါနဲ့ သူတို့ထွက်ပေါက်ကို ရှာတွေ့လာနိုင်မှာပါ …´´ ``ညီမလေး သူဇာ မကြောက်နဲ့နော် ထီးလေးတို့ ထွက်ပေါက်ကို တွေ့ပြီး အစ်မတို့ကို လာခေါ်မှာပါ နော် ညီမလေး…´´ ``ဟုတ်…ဟုတ်…မ…မမ ´´ ထီးလေးတို့တစ်စု လှေကားများကို တစ်စင့်ပြီးတစ်စင့် စင်းလာခဲ့ပြီး  တစ်နေရာ အရောက်မှာတော့ ``တန်ခိုး…ငါတို့ အခုန ဒီနားမှာ ရပ်ပြီး စကားပြောခဲ့တဲ့ နေရာမဟုတ်လား …´´ ``မဟုတ်လောက်ဘူး ထင်တယ်နော် အမြင်မှားနေတာလား…´´ ``ငါ…အမြင်မမှားဘူး လမ်းလေး …´´ ``ဟုတ်တယ် ဒီနားမှာ ငါတို့လက်ချင်းထပ်ခဲ့တဲ့ နေရာပဲ …´´ ``ဒါဆို …ငါတို့ မျက်စိ အလှည့်ခံနေရပြီပေါ့ …´´ ``ဘယ်လိုလုပ်မလဲ …´´ ``နောက်ကြောင်းပြန်လှည့်မလား ထီးလေး …´´ ``ငါတို့ ဆင်းလာခဲ့တဲ့လှေကားတွေက အများကြီး ပြီးတော့ ဒီနေရာပဲ ပြန်ရောက်နေတယ် ဆိုတော့ နောက်ကြောင်းပြန်လှည့်ရင်ရော …´´ သုံးယောက်စလုံး ဇောကျွေးတွေက ထွက်လျက် ``ဟာကွာ …သောက်အရေးထဲ ဓာတ်မီးက အားကုန်ပြီး …´´ ``ဟာ…သွားပါပြီးကွာ …´´ ``ဒီမီး မှိန်မှိန်လေးနဲ့ပဲ ငါတို့ နောက်ကြောင်းပြန်လှည့်ကြမလား…´´ ``ငါတော့ မပြောတတ်တော့ဘူးကွာ …´´ ``လမ်းလေး တစ်ခုခုလောက် စဉ်းစားကြည့်ပါဦး …´´ စိတ်ပျက်စွာ ထိုနေရာမှာပဲ သုံးယောက်စလုံး ထိုင်ချလိုက်တော့သည်။ ဘာဆက်လုပ်ရမှန်းမသိတော့ချေ။ ဓာတ်မီးကလဲ အားကုန်နေသလို နောက်ကြောင်းပြနိလှည့်ရင်းလဲ ဒီလို မျက်စိလည်နေမှာ ဆိုးတာကြောင့် သုံးယောက်စလုံး စိတိပျက်စွာ ထိုင်ချလိုက်စဉ်မှာပဲ ``ငါတူတို့…´´ ဦးလေးတင်အောင်ရဲ့ အသံကိုကြားလိုက်ရတော့သည်။ ``ဟင် …ဒါ …ဦးတင်အောင် အသံ မဟုတ်လား…´´ ``ဦး…ဦးလေး…ကျွန် …ကျွန်တော်တို့ကို ကယ်ပါဦးဗျာ …လုပ် …လုပ်ပါဦး …´´ ရုတ်တရက် အမှောင်ထဲမှ ဦးလေးတင်အောင်ရဲ့ အသံကိုကြားလိုက်ရတော့ လမ်းကလေး အားတတ်သွားပြီး ဘယ် ညာ ကြည့်ခါ ပြောနေလျက် ``ဟင် …ဦးလေးက သေသွားပြီလေ…ဟာ …မထူးပါဘူး ဦးလေး ကျနော်တို ကိုကယ်ပါဦး… …´´ ``ဦးလေး ကျွန်တောတို့ကို ကူညီပါဦး ထွက်ပေါက်ပျောက်နေပြီး …ကယ်ပါဦး …ဦးလေး…´´ ရေနစ်သူအဖို့ ကောက်ရိုးတစ်မျှင်ဟာလဲ အသုံးဝင်တာကြောင့် သေသူ တစ္ဆေမှန်း သိရက်နဲ့လဲ အကူညီ တောင်းနေမိတော့သည်။ ``ဦးလေး မင်းတိုကို ကူညီ မှာပါ …´´ ``ဟာ…ကျေးဇူးတင်လိုက် ဦးလေးရာ ဦးလေး…ဘယ်မှာလဲ ကျွန်တောတို့ဆီ လာပါဦ…´´ ``ဦးလေးမှာ အချိန် သိပ်မရှိတော့ ဘူး ဦးလေးကို သူတို့ ခေါ်နေကြပြီ မင်းတို့ ညာဘက် လှေကားကနေ တည့်တည့်ဆင်းသွားကြ တံတားအကျိုးကြီး တစ်ခုတွေ့လိမ့်မယ် အဲ့တံတားကို……အား…မလုပ်ပါနဲ့ …ကြောက်ပါပြီဗျာ…မလုပ်ပါနဲ့…´´ အမှောင်တစ်နေရာမှ ဦးတင်အောင် ပြောလို့ မဆုံးသေးခင် တစ်ယောက်ယောက်က ညှင်းပန်းနှိပ်ဆက်တာကို ခံနေရသော အသံမျိုးက ပဲ့တင် ထပ်ခါ ဦးတင်အောင် အသံပျောက်သွားပါတော့သည်။ ``ဦးလေး…ဦးလေး…ဆက်ပြောပါဦး …ဦးလေး …ဘယ်ပျောက်သွားပြီလဲ ကျွန်တော်တို့ကို ထွက်လမ်းဆက်ပြောပါဦး…´´ ``မရတော့ဘူး လမ်းလေး ဦးတင်အောင်ကို တစ်ယောက်ယောက်က ထိန်းချုပ်တာ ခံနေရပြီနဲ့တူတယ် …´´ ``ဒါဆို ငါတို့ ဘယ်လို လုပ်ကြမလဲ မျှားလေးတို့ကို ပြန်ခေါ်ပြီးမှ အတူတူ သွားကြမလား …´´ ``ပြန်ခေါ်တာတော့ ဟုတ်တယ် ဒါပေမယ့် ငါတို့ မျက်စိ လည်ပြီးဒီနေရာကိုပဲ ပြန်ရောက်လာရင် ရော …´´ ``မတတ်နိုင်ဘူး တန်ခိုး ငါတို့ ပြန်ခေါ်ပြီး ဦးလေး တင်အောင် ပြောတဲ့လမ်းအတိုင်း သွားရမယ် …´´ ``ဒါဆို တို့ လမ်းမပျောက်အောင် အမှတ်သား တစ်ခု လုပ်ထားမှ ဖြစ်လိမ့်မဟ်နော် …´´ ``ဘယ် နာရီလောက်ရှိပြီလား တန်ခိုး သိလား…´´ ``မမြင်ရဘူး ထီးလေး ငါ့နာရီ မီးမပါဘူး …´´ ``မိုးတော့ လင်းခါနီးပြီနဲ့တူတယ် …´´ ``ရော့…လမ်းလေး ဒီသစ်သား အစနဲ့ ငါတို့ ဒီလမ်းကို ပျောက်မသွားအောင် နံရံတွေမှာ အမှတ်သား ခြစ်ထား…´´ ``ဓာတ်မီးက အားသိပ်မရှိတော့ဘူး ဆိုတော့ မျှားလေးတို့ဆီ မရောက်မချင်း မသုံးတာ ကောင်းလိမ့်မယ် လိုအပ်မှ သုံးမယ် …ရော့ …တန်ခိုး မင်း ဓာတ်မီးယူထားလိုက် …´´ အသဲမကွဲ လာရာလမ်းအတိုင်း နံရံတွေမှာ အမှတ်သားလုပ်ကာ မျှားလေးတို့ ကျန်ခဲ့သည့် နေရာသို့ ဦးတည် သွားနေကြတော့သည်။ ***-************************* ``ဟာ …လမ်းလေး …´´ ``ကိုအောင်ကို ဟိုမှာ လမ်းလေးတစ်ယောက်တည်း ပြန်လာနေပါလား…´´ သူဇာ ညွှန်ပြမှု့ကြောင့် အောင်ကိုနဲ့ မျှားလေး ကြည့်လိုက်ပြီး ``ဟင် …လမ်းလေး …ထီးလေးနဲ့တန်ခိုးရော …´´ မျှားကလေးလှမ်းမေးလိုက်ပြီး ထိုင်ရာမှ မကွဲမပြားမြင်နေရသော လမ်းကလေး ရှိရာသို့ သွားမယ် အလုပ်မှာတော့ ``မမျှားလေး…မသွားနဲ့ …အဲ့ဒါ ကိုလမ်းလေး မဟုတ်လောက်ဘူး…´´ အောင်ကိုက မျှားကလေး လက်ကို လှမ်းဆွဲလိုက်ရာ ``ဟာ…ကိုအောင် …လမ်းလေးကို သွားခေါ်ရမယ်လေ …လွှတ်…လွှတ်…´´ ``မျှားလေး ကိုအောင် ပြောတာ နားထောင်ဦး …´´ ``ငါးလေး …ငါက ဘာနားထောင်ရဦးမှာလဲ ဟိုမှာ လမ်းလေးတို့ကို မတွေ့လို့ ဖြစ်မယ် …လွှတ်ပါ…လွှတ် …လွှတ် သွားခေါ်မလို့…´´ ကိုအောင်နဲ့ ငါးကလေးတားနေသည်ကို မျှားကလေးက နားမထောင်ပဲ သွားရန်သာ ကြိုးစားနေတော့သည်။ သို့ပေမယ့် အောင်ကိုကတော့ ဆွဲထားတဲ့ လက်ကို မလွှတ်ပဲ ``ငါဆရာ…အရာအားလုံးကို မူလ ပြန်ခိုင်းထားတယ်နော် …လိမိရင် ညာရင် မီးကဲ့သို့ ပြာပူ အထိ ဖြစ်စေရမယ် …မည်သည့် အရာမှ ခိုကပ်နေခြင်း မရှိစေရ …မူလပြန်စေရမယ် …´´ ``ဟိုမှာကြည့်…မမျှားလေး နံရံကြီးပါ…´´ အောင်ကို ပြရာသို့ မျှားကလေး ကြည့်လိုက်ပြီး ``ဟင်…ဘယ်လိုဖြစ်တာလဲ အခုန ကျမတွေ့လိုက်တာ လမ်းကလေးပါ …´´ ``ဟုတ်တယ် မမျှားလေး အရာအားလုံကို သတိရှိနေမှ ရမယ် အခုနက ကျုပ် မမျှားလေးကို ကြည့်မိတဲ့အချိနိမှာ ငိုက်နေခဲ့တယ်လေ…ဒါကြောင့်စိတ်လွတ်ပြီး ပုဏ္ဍက လှည့်ကွက်ထဲ ဝင်သွားတာပါ မစိုးရိမ်ပါနဲ့ ကျုပ်ဖြေရှင်းနိုင်ပါတယ် …´´ မျှားကလေး ထိုင်ချလိုက်တော့သည်။ ``ကျမတို့ ဘယ်လိုလုပ်ကြမလဲ အရမ်းသွေးပျက်မတတ်ပဲ …ထီးလေးတို့ရော ဘာတွေဖြစ်နေကြပြီလဲ မသိဘူး …´´ ``မိုးလင်းခါနီးပါပြီး မျှားလေးရာ ငါတို့ရှိနေတာပဲ အားတင်းထား…´´ မျှားလေး ငိုချလိုက်တော့သည်။ ``သူဇာရေ……´´ ထိုအချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ ဆွဲဆွဲငင်ငင် အသံမျိုးဖြင့် သူဇာ့ကို လှမ်းခေါ်သံကြားလိုက်ရတော့သည်။ ``လုပ်ပါဦး…ကိုကြီး အောင်ကို ခေါ်နေပြန်ပြီ …လုပ်ပါဦး …သူဇာ ကြောက်တယ် …´´ ``သူဇာ …မကြောက်နဲ့ မထူးမိစေနဲ့…´´ ``အဲ့ဒါ ဘယ်သူ ခေါ်…ခေါ်နေတာလဲ …ကို …ကိုအောင် …´´ ``ဒါတွေကို ကျုပ်နောက်မှ ရှင်းပြမယ် …´´ ``ရော့…ကျုပ်ဆီမှာ ပါလာတဲ့ ရေမန်းတွေကို ခင်ဗျားတို့ ၃ယောက် မျှသောက်ထားကြ …´´ အိတ်ထဲမှ ရေဘူးတစ်ဘူးထုတ်ခါ ကိုအောင်က ပေးလိုက်တော့သည်။ သူဇာ အရင်သောက်လိုက်တယ်။ ပြီးတော့ မျှားကလေး ``ရော့…ငါးလေး…´´ ``ဟာ…သွားပြီ …´´ မျှားလေးနဲ့ ငါကလေး အကြား ရေဘူးမှာ လွတ်ကျခါ မှောက်ကုန်ပါတော့သည်။ ``ဟာ…ကုန်ပြီ…´´ ``မျှားလေး နင်ဘဟ်လိုပေးတာလဲ …´´ ``ငါသေချာပေးတာလေ …နင် လှမ်းယူလိုက်လို့ နင်လက်နဲ့ထိပြီး ငါ့လက်တောင် အေးခနဲ ဖြစ်သွားတယ် …ငါသေချာပေးတာ…´´ ``ဟင်…ငါ့ယူမလို့ လှမ်းတုန်း ရှိသေးတာ ရေဘူးတောင် မထိရသေးဘူး…´´ ``ရတယ် …ရတယ် …စိတ်မပူနဲ့ မိန်းကလေး နှစ်ယောက် သောက်ထားပြီးပြီးးမဟုတ်လား …ကိုငါလေးကယောကျားလေးပဲ …ဘာမှ မဖြစ်ရအောင် ကျုပ်တာဝန်ယူတယ် …ဟုတ်ပြီလား …´´ ရေဘူးဟာ နှုတ်ခမ်းအဝကျယ်ဆိုတော့ ကျသွားသည်နှင့် တစ်ပြိုင်နက် ရေမန်းအားလုံး မှောက်သွားချေပြီ။ ***************************** ``ထီးလေး …နံရံကို ငါသစ်သားချောင်းနဲ့ခြစ်တာ သွေးတွေ ထွက်ထွက်လာတယ် …´´ ``ဟေး…´´ ``ဟုတ်တယ် …ဒီမှာကြည့်…´´ ``ဟာ …ဟိုမှာ မီးရောင် တွေ့ပြီ အဲ့…အဲ့ဒါ …မျှားလေးတို့ပဲ ဖြစ်ရမယ် …´´ ``လှမ်းပြီး အသံပေးလိုက်…တန်ခိုး…´´ ``မျှားလေးရေ …မျှားလေးတို့လား …ငါတို့ မီးအားမရှိတော့လို့ …ငါတို့အသံကို ကြားလား …´´ ``လုပ် …လုပ်ပါဦး…အစ်ကိုအောင် ကျမနာမည်ကို ခေါ်နေပြန်ပြီ …´´ ``မမ …မ…မထူး…နဲ့နော် …´´ ``အေး…အေး …သူဇာ မကြောက်နဲ့နော် …´´ ``မျှားလေးတို့ မဟုတ်ဘူးနဲ့တူတယ် …တန်ခိုး …ပြန်မထူးပါလား…´´ ``လာလာ …ပိုသေချာအောင် အနားသွားမယ် …´´ ``ဟာ…ဟေ့ယောင် …မင်း ဓာတ်မီးအရောင်လေး နည်းနည်းကျန်သေးတာပဲ အချက်ပြလိုက်လေ …ခေါ်နေရင် ထူးမှာ မဟုတ်ဘူး …´´ ``အော် …အေးအေး…ငါလဲ ရုတ်တရက်ဆိုတော့ မေ့နေတာ…´´ ထီးလေးပြောလိုက်မှ ပိတ်ထားတဲ့ ဓာတ်မီးအရောင် မှိန်မှိန်လေးကို လှုပ်ခါယမ်းပြလိုက်တော့မှ  ``မဟုတ်ဘူး…မမျှားလေး ကိုထီးလေးတို့…ကိုထီးလေးတို့ ထွက်ပေါက်တွေ့လို့ ပြန်လာခေါ်တာ ဖြစ်မယ် …´´ ``ကိုထီးလေးတို့လား…ကျုပ် အောင်ကိုအသံကိုကြားလား …´´ ``ဟာ…ဟုတ်တယ် မမ အစ်ကိုထီးလေးတို့…´´ ``ထီးလေး ထွက်ပေါက်တွေ့ပြီလား …ဘယ်နားလဲ …ဘယ်မှာလဲ …မြန်မြန် ပြောစမ်းပါ…´´ ``စိတ်အေးအေးထားပါကွ …ငါးလေး´´ ``ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲကွ …ပြောစမ်းပါကွာ…တွေ့ခဲ့ပြီလား…´´ ဦးအောင်တင်နဲ့ ဆုံခဲ့သမျှကို တန်ခိုးပြောပြလိုက်တော့ ``ဟာ…ဒါဆို …ဦးလေးတင်အောင်ပြောတာ အမှန်ပဲ …ကဲ…ခင်ဗျားတို့ စိတ်အေးအေးထားကြ…ထွက်ပေါက်အစတော့ရပြီ…´´ ဓာတ်မီးတစ်လက်ဖြင့် တန်ခိုးအရှေ့မှ ဦးတည်ကာ မှတ်သားရာ လမ်းအတိုင်း လျောက်လာပါတော့သည်။ သူတို့ မျက်စိလည်ခဲ့သည့် အကြောင်းကို အောင်ကို့ကိုပြောလိုက်တော့ … ``ဒီလိုတွေ ဘာလို့ ဖြစ်ရတာလဲ အစ်ကို အောင် …´´ ``နောက်တော့မှ ကျုပ် အားလုံးပြောပြပါ့မယ်…´´ ဓာတ်မီးဖြင့် အရှေ့မှာ ဦးဆောင်နေသည့် တန်ခိုးတစ်ယောက် တုန့်ခနဲ ရပ်တန့်သွားပြီး ``တန်ခိုး…တန်ခိုး…မင်း…မင်းဘာဖြစ်တာလဲ …´´ ``ဟို…ဟိုမှာ နံရံကို ကြည့်လိုက်စမ်း ထီးလေး…´´ တန်ခိုးမီးထိုးပြရာသို့ ထီးလေး ကြည့်မိလိုက်တော့… ``မနက် အာရုံတတ်ချိန် မင်းတို့ ဒီကမထွက်သွားသေးရင်  ဒီအိမ်ကြီးမှာ အပြီးနေရစေသတည်း…နှစ်တစ်ရာ ကျိန်စာ …´´ သွေးဖြင့်ရေးထားသော နံရံမှ စာကို အားလုံးဖတ်လိုက်ကြပြီ… ``နေဦး…အားလုံးဖတ်လိုက်ကြပြီလား……´´ ``ဖတ်…ဖတ်လိုက်…ပြီး…ကိုအောင် ဘယ်လို လုပ်ကြမလဲ…´´ ``ဟာ…မဖတ်ဖို့ ကျုပ်တားတာ နောက်ကျသွားပြီး…ဒါကျိန်စာတိုက်ထားတာ  ဖတ်မိတာနဲ့ သူရေးထားတဲ့အတိုင်း ပုဏ္ဍကနက္ခတ်အပြည့်မိပြီ…´´ ``ဟင်…ဒါ…ဒါဆို ဘယ်လို လုပ်ကြမလဲ …´ ``မတတ်နိုင်တော့ဘူး …ဦးတင်အောင်ပြောထားတဲ့ လမ်းအတိုင်းပဲ …မနက်လေးနာရီ မကျော်ခင်အချိန် ထွက်ပေါက်ကို ရှာတွေ့မှ ရတော့မယ်…´´ ``ဟာ…ဒီ…ဒီနေရာ…´´ ``ဟာ…မှတ်မိပြီး ဒါအခုန ငါတို့ သုံးယောက် လမ်းရွေးခဲ့တဲ့နေရာပဲ …ဟုတ်တယ်မလား ထီးလေး ကြညိ့ပါဦး…´´ ``ဟုတ်တယ် …ဟုတ်တယ် …ဦးလေးပြောတဲ့အတိုင်း ညာဘက်လှေကားဘက်ကို ဆင်းမယ်…ကဲ …အားလုံးသတိဝီရိယရှိပလိမ့်စေနော် …´´ ``ဟုတ်တယ် …မီးကတစ်လက်တည်းဆိုတော့ အရှေ့ကနေ ငါဆင်းမယ် တန်ခိုး …ဓာတ်မီး …ငါ့ကိုပေး …´´ ``ရတယ် …ထီးလေး …ငါပဲ အရင်ဆင်းပါ့မယ် …မင်းက အားလုံး အနောက်မှာ နေပေးလိုက် …´´ ``ကိုအောင် အဆင်ပြေရဲ့လား…´´ ``ကျုပ်အတွက် ဘာမှမပူကြနဲ့ …ခင်ဗျားတို့ အားလုံးပဲ ဂရုစိုက်ကြ …´´ ``သတိထား ဆင်းကြ …လှေကားတွေက ဆွေးနေပြီး…´´ ``တည့်တည့် ဆင်းရမယ် …ပြီးရင်…လှေကားအကျိုး တစ်ခုတွေ့လိမ့်မယ်တဲ့ …´´ ``အဲ့ဒါဆို ထွက်ပေါက်ရောက်ပြီလား …´´ ``မသိဘူး …ဦးလေးတင်အောင် ပြောလို့ မဆုံးသေးပဲ အသံပျောက်သွားတာ…´´ ``ဟာ…ဒါဆို ဘယ်လို ဆက်လုပ်ကြမလဲ …ဒီမှာ ၃နာရီခွဲတော့မယ် …´´ ``ဟင်…၃ နာရီခွဲတော့မယ် ဟုတ်လား…ဒါဆို ဘယ်လို လုပ်မလဲ…´´ ``ဟာ…ဦးလေး…ပြောတဲ့နေရာအထိ အရင်ရောက်အောင် သွားပါဦး …အဲ့ရောက်တော့မှ တစ်ခုခု ကြံကြံတာပေါ့…ကဲ…သွား…သွား…´´ တစ်ဖွဲ့လုံး လှေကားအတိုင်း ဆင်လာကြပြီး လှေကားဆုံးသွားတော့ … ``ဟင် …အရှေ့မှာ တံခါး သော့ခတ်ထားပါလား…ဘယ်လို လုပ်မလဲ…´´ ``ဟာ ဟုတ်တယ် သော့ခတ်ထားတယ် …´´ ``ဟာ…သွားပါပြီ ၃နာရီ ခွဲပြီးနေပြီ…တစ်ခုခုပြောကြပါဦး…´´ ``ဟင်…သော့…´´ မျှားကလေးက သော့ကို သတိရသွားပြီး… ``ထီးလေး…သော့…ဟိုသော့နဲ့ ရမလား…မသိဘူး …သော့ပေး…´´ ဘောင်းဘီ အိတ်ထဲကိုနှိုက်ခါ ထီးလေး သော့လှမ်းပေးလိုက်တော့သည်။ ``ရော့…ရော့…´´ မျှားလေး လှမ်းယူလိုက်ပြီး သော့ကလောက်ထဲကို ထိုးလိုက်တယ်။ ``ဟာ …ကျပ်နေတာပဲ …´´ ``သော့ …သူ့သော့ဟုတ်လား…´´ ``ဟုတ်တယ် …ဒါပေမယ့် ဖွင့်လို့မရပါလား…´´ ``ပေးပေး…ငါဖွင့်မယ်…´´ လမ်းကလေး သော့ကိုယူကာ ထိုးဖွင့်သော်လဲ မရ တစ်ယောက်ပြီး တစ်ယောက် အားအကုန်သုံးဖွင့်သော်လဲ မရတာကြောင့် ``ဘာလို့မရတာလဲ…ရော့…ထီးလေး ဓာတ်မီး ခဏကိုင်ထား ငါ့ဖွင့်ကြည့်မယ် …´´ ပြောပြောဆိုဆိုဖြင့် ထီးလေးကို ဓာတ်မီးလှမ်းပေးကာ သော့ကို တန်ခိုး ထိုးဖွင့်လိုက်တော့ ``ဟာ…ပွင့်သွားပြီး…´´ ``ဟာ…ပွင့်ပြီဟေ့…´´ ``ထီးလေး ငါ့ကို ဓာတ်မီးပေး…အရှေ့ကနေ ငါ အရင်သွားမယ်…အမလေး…အား…´´ ဓာတ်မီးလှမ်းယူလိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ တန်ခိုးတစ်ယောက် အောက်သို့ ပြုတ်ကျသွားပါတော့သည်။           ``အား´´ ``တန်ခိုး………´´ ``တန်ခိုး…ပြုတ်ကျသွားပြီ…´´ ``တန်ခိုး…တန်ခိုး…ဟာ …ဦးတင်အောင်ပြောတဲ့ လှေကားအကျိုးက ဒီဟာပဲ …´´ ``ဟာ …တံခါး…ဖွင့်လိုက်တာနဲ့…ပြုတ်ကျသွားအောင် တမင်လုပ်ထားတာ…´´ ``တန်ခိုးကို …ဘယ်လို…လုပ်ကြမလဲ …´´ ``ထီးလေး …တန်ခိုးကို ကယ်ပါဦး…´´ ``လုပ်ကြပါဦး …တန်ခိုး…ကိုကယ်ကြပါဦး…´´ တံခါး အပေါက်မှ နေ၍အောက်ကို လှမ်းကြည့်နေကြပြီ တန်ခိုး ကိုသာ လှမ်းအော်ခေါ်နေကြတော့သည။် ။ *****--********************* ``ထီးလေး …ကိုအောင် …ဘယ်လို လုပ်ကြမလဲ…လုပ်ပါဦး တန်ခိုး …ဘယ်ထဲကို ကျသွားတာလဲ …´´ သက်ပြင်းတစ်ချက်ကို ချကာ အောင်ကိုက ``မထူးတော့ဘူး …ကျုပ်တို့ ၄ နာရီလဲ ထိုးတော့မယ် …ကိုတန်ခိုးကိုတော့ ထားခဲ့မှ ရတော့မယ် …´´ ``ဟာ…မထားနိုင်ဘူး…ကျမတို့က သေအတူ ရှင်မကွာ သူငယ်ချင်းတွေ တန်ခိုးကို ထားပြီး မသွားနိုင်ဘူး…´´ ``ဟာ…ဒါဆို ပုဏ္ဍက စက်ကွင်းထဲမှာ အားလုံး အသေခံမှာလား…´´ ထီးလေးက ခေါင်းကို ငိုက်စိုက်ကာ ဝမ်းနည်းနေသော်လဲု ``ဟုတ်တယ် …မျှားလေး မိုးလင်းမှ ငါတို့ တန်ခိုးကို ပြန်လာရှာမယ် …အခုတော့ ကိုအောင်ပြောသလို လုပ်မှရမယ် …´´ မျှားလေးကတော့ ငိုနေလျက် မဖြစ်နိုင်တော့တဲ့အခြေနေမို့ မျှားလေး ဝမ်းနည်းစွာ စိတ်ကို လျော့ပြီး ``တန်ခိုး…တန်ခိုး…ငါ့သူငယ်ချင်းလေး ဘာမှ မဖြစ်ပါစေနဲ့…´´ ``ကိုထီး…ကျုပ်ဟိုဘက်ကို အရင် လှမ်းခုန်ကူးလိုက်မယ် ပြီးမှ ခင်ဗျားတို့ကို တံတားထိုးပေးမယ် …´´ ``ကိုအောင် …သတိထား…´´ ၅ပေမျှ ကျယ်ဝန်းလှတဲ့ အပေါက်ဆွေကြီးကို ကိုအောင်တစ်ယောက် အရှိန်ယူကာ လှမ်းခုန်လိုက်ပြီး … ``ကိုအောင်…သတိထားနော်…´´ ``ရပြီ…ရပြီ…ကျုပ် တံတားလုပ်ပေးမယ်…ဖြေးဖြေးချင်း ခင်ဗျားတို့ တစ်ယောက်ခြင်းလာခဲ့ကြ…´´ ဟုဆိုကာ ဘေး ဘယ် ညာ ရှိ  သစ်သားတစ်ချောင်းကို ထိုးပေးလိုက်တော့သည်။ 


ကိုအောင်…သတိထားနော်…´´ ၅ပေမျှ ကျယ်ဝန်းလှတဲ့ အပေါက်ဆေွးကြီးကို ကိုအောင်တစ်ယောက် အရှိန်ယူကာ လှမ်းခုန်လိုက်ပြီး … ``ရပြီ…ရပြီ…ကျုပ် တံတားလုပ်ပေးမယ်…ဖြေးဖြေးချင်း ခင်ဗျားတို့ တစ်ယောက်ခြင်းလာခဲ့ကြ…´´ ဟုဆိုကာ ဘေး ဘယ် ညာ ရှိ  သစ်သားတစ်ချောင်းကို ထိုးပေးလိုက်တော့သည်။ *************************** ``မျှားလေး …နင် အရင်ကူးလိုက်…´´ ``ဖြည်းဖြည်းချင်းလာ …မမျှားလေး မကြောက်နဲ့…´´ ``အေးအေး.…ရပြီး…ရပြီ…´´ ``သူဇာ …ညီမလေး စိတ်အေးအေးထားပြီး ကူး…ဟူတ်ပြီလား ဘာမှ မကြောက်နဲ့…´´ နှစ်တွေကြာနေပြီ ဖြစ်တဲ့ သစ်တားချောင်းကြီးဟာ လမ်းကလေး ကူးပြီးတဲ့နောက်မှာတော့ ``ကျွိ…ကျွိ …´´ ``ဟာ …ငါးလေး …မြန်မြန် ခုန်ကူးလိုက်တော့…´´  ``လုပ်ပါဦး…ကျိုးတော့မလား မသိဘူး…´´ ``ငါးလေး…ခုန်လိုက်တော့…´´ ငါးလေး ခုန်ကူးလိုက်တဲ့နောက်မှာတော့ သစ်သားချောင်းကြီးဟာ နှစ်ပိုင်း ကျိုးသွားပါတော့သည်။ ``ဟာ…ထီးလေး…လုပ်ပါဦး …အစ်ကို အောင် …ထီးလေး ကျန်သေးတယ်…´´ ``ကျွန်တော် ခုန်ကူးလိုက်ရင် ရောက်နိုင်ပါ့မလား အစ်ကိုအောင်…´´ ``နေဦး ကိုထီး …မရနိုင်ဘူး…သစ်သားကျိုးပြီး ဘေးနှုတ်ခမ်းတွေပါ ပဲ့ကုန်ပြီး ခင်ဗျား ခုန်လိုက်ရင် ရောက်ဖို့မလွယ်ဘူး…´´ ``လုပ်ကြပါဦး …လမ်းလေး သစ်သားတစ်ချောင်း မြန်မြန်ရှာပေးကြပါ…´´ ``ထီးလေး…နင့်နောက်မှာ ကြည့်ကြည့်ပါဦး ရှိမလား…´´ ``မရှိဘူး…မျှားလေး ကိုအောင် ၄ နာရီ မကျော်ခင် ကျွန်တော့သူငယ်ချင်းတွေကိုသာ အပြင်ကို ခေါ်သွားပါတော့ …ကျွန်တော်အတွက် မပူနဲ့ ကျွန်တော် ရအောင် ပြန်ထွက်ခဲ့မယ်…´´ ``ဟာ…ထီးလေး …နင်မပါပဲနဲ့ …ငါတို့လဲ မသွားဘူး…တန်ခိုး…တန်ခိုး .တစ်ယောက်ကိုလဲ ထားခဲ့ရပြီးပြီး…မသွားနိုင်ဘူး…နင့်ကို ထားပြီး…ငါတို့ မသွားနိုင်ဘူး…´´ ``မျှားလေး…ငါ့ကို မပူနဲ့အခု နင်တို့ ရအောင် ထွက်ကြ…အခုဘယ် နာရီရှိနေပြီလဲ …´´ ``၃ နာရီ ၄၅ ´´ ``ထွက်…ထွက်…အခုထွက်တော့ မျှားလေး…ငါ့စကားကို နားထောင်စမ်း…ကိုအောင်    သူတို့တွေကို ခေါ်သွားတော့…´´ ထိုချိန်မှာပင် လေပြင်းတစ်ချက်က ပြင်းထန်စွာ တိုက်ခတ်လာပါတော့သည်။ အပေါ်ခေါင်မိုးဟာလည်း …လှန်သွားပြီ့း  အလင်းရောင်လေးကိုတော့ မသဲမကွဲ မြင်နေရပြီ… ``ကိုထီးလေး မပါရင် သူတို့အားလုံးလိုက်မှာ မဟုတ်ဘူး …မထူးဘူးဗျာ …ကိုထီးလေး အရှိန်နဲ့သာ ခုန်လိုက်တော့ …´´ မှောင်မိုက်နေသည့် အပေါက်ကြီးအောက်မှာ မည်သည့်အရာများ ရှိနေမည်ဆိုတာကို မည်သူကမှ မသိ တန်ခိုး ပြုတ်ကျသွားခဲ့သည့် အပေါက်ကြီးထဲမှာ တန်ခိုးတစ်ယောက်ကတော့ သေသလား ရှင်သလား မသိ ။ထီးလေး အနောက်ကို လေးငါးလှမ်းလောက် ဆုတ်လိုက်ပြီး အရှိန်ယူခါ အပြေးခုန်လိုက်တော့သည်…။ ******-******-******-*****-*** ``ဟာ…ထီးလေး…´´ ``တော်သေးတာပေါ့ဗျာ …ဘာဖြစ်သွားသေးလဲ …´´ ``ရ…ရ…တယ် ကိုအောင် အပေါက်ကိုသာ မြန်မြန်တွေ့အောင်ရှာတော့ ´´ ``ဟာ…ဟေ့ယောင် …လမ်းလေး …လာလေ ဘာကြောင်တောင် တောင် လုပ်နေတာလဲ …လာ…´´ လမ်းလေးမှာတော့ ပြူးကြောင် ကြောင် မျက်လုံးနှင့်အတူ ကြောင်တောင်တောင်ကြီး ရပ်နေလျက် ``မင်းတို့…အားလုံးကို …ငါ ပေးမထွက်နိုင်ဘူး…´´ ``ဟင်…´´ ``ကိုအောင် လုပ်ပါဦး …´´ ``မင်းကဘယ်သူလဲ …´´ ``ငါက ဒီအိမ်ကြီးရဲ့ အရှင်သခင် ထင်ခပဲဟေ့…´´ ``မင်းက …ဘာလို့ငါတို့ကို ဒုက္ခပေးချင်ရတာလဲ…ငါတို့အခု ထွက်ပေါက်ပျောက်နေတယ် …ပြောစမ်း…ထွက်ပေါက်ဘယ်မှာလဲ´´ ``ဆရာပေါက်စလေးကများ ငါ့ကို အမိနိ့ပေးနေတယ်…     ဟား…ဟား…ဟား´´ မာန်ပါပါ ရီသံနဲ့အတူ လမ်းကလေး ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။ ``လမ်းလေး…ဟေ့ယောင် …လမ်းလေး…´´ ``ဟင်…ထီးလေး အပြင်ထွက်ကြတော့လေ …အချိန်မရှိတော့ဘူး…´´ ``ထထ …မင်းကို တစ်ယောက်ယောက် စီးနေလို့……´´ ``ဟင်…´´ ``ဟာ…ကိုထီးလေး နောက်မှ ပြော…အခု အချိန်မရှိတော့ဘူး…´´ ပြောနေတုန်းအချိန်မှာပဲ အပေါ်အမိုး ခေါင်တိုင်ကြီးတစ်ခုက ထီးလေးနှင့်အတူ လမ်းလေးနဲ့ အောင်ကိုတို့ ကြားစည်းတားလိုက်သလို အလည်တည့်တည့် ပြုတ်ကျလာပါတော့သည်။ ``ထီးလေး…သတိထား…´´ ``ထိသွားသေးလား…´´ ``မထိဘူး…မထိဘူး…ရတယ်…´´ ``မြန်မြန်လာလာ…မြန်မြန်လာလာ…´´ ``ဟိုမှာ အလင်းရောင်လိုလို တွေ့နေရတယ် အဲ့ဒါထွက်ပေါက်ပဲ ဖြစ်ရမယ် …ကိုအောင်တို့အရှေ့ကသွား…´´ ``မျှားလေး ဘယ်နာရီရှိနေပြီလဲ…´´ ``၃နာရီ ၅၅ …´´ ``ဟာ…အချိန်လုံးဝ မရှိတော့ဘူး…´´ ``သွားတော့…´´ ထီးလေးက ကြမ်းပြင်ပေါ်မှ မထပဲ အားလုံးကို အလျင်စလို သွားခိုင်းနေတော့သည်။ သူနဲ့အတူရှိနေတဲ့ လမ်းကလေးက ``ဟေ့ယောင် …မင်းလဲ ထလေ…ဘာလုပ်နေတာလဲ´´ ``ငါ…ငါ့ကို ထားခဲ့…မင်း မျှားလေးတို့နဲ့ မြန်မြန်လိုက်သွား…´´ ခေါင်မိုးမှ အမိုးတွေက စတင်ပြိုကျလာပါတော့တယ်။ ကြမ်းပြင်အားလုံးကလဲ ကျွမ်ကျကာ တိုင်ကြီး အားလုံးကလဲ ဘယ် ညာ လဲကျကုန်ပြီ… ``ဟာ…ထီးလေး…ထလေ…´´ ``ငါ…ငါ…ထလို့မရဘူး…ငါ့ခြေထောက် တိုင်ပိနေတယ်…´´ ``ဟင်…´´ ``ဟုတ်တယ်…လမ်းလေး …ငါ့ကို ထားခဲ့တော့ မင်းထွက်သွားတော့…´´ ``ဟာကွာ…ဟုတ်ပါရဲ့…ဘာမှ မဖြစ်ဘူး ထီးလေး …ငါရအောင် ဖယ်ပေးမယ်…´´ ``အား…´´ လမ်းကလေး ပိနေသည့် တိုင်ကြီးကို ဖယ်နေစဉ်မှာပဲ တစ်အိမ်လုံးနီးပါးက ပြိုကျနေလျက် ``အား……………´´ ``ရပြီး…ရပြီ…ထီးလေး…နေဦး…ငါ့ကိုတွဲ… ထီးကလေးကို တွဲကာ လမ်းလေး အလင်းရောင် ပြပြမြင်နေရသည့် အပေါက်ကိုသာ ဦးတည်နေပါတော့သည်။ အိမ်ကြီးကတော့ ကျွမ် ကျ ပြို ကျ နေလျက် သူတို့အားလုံး ထွက်ပေါက်ကို တွေ့နိုင်သွားပြီ ``ဟာ…ဟို…ဟိုမှာ …ထီးလေးတို့ နှစ်ယောက် …´´ ``မြန်မြန်လာ…လမ်းလေး အနောက်မှာ တိုင်ကြီးလဲလာပြီ…´´ လမ်းလေးနဲ့ထီးလေး အပြင်ရောက်လာချိန်မှာတော့ အိမ်ကြီး အနောက်အခန်းတွဲဟာ အားလုံးပြုတ်ကျသွားပါတော့သည်။ အိမ်မကြီးကတော့ သူတို့အစ တွေ့နေရတဲ့ အိမ်ကြီးမဟုတ်တော့ပဲ အုပ်ဆိုင်းကာ ဆွေးမြေ့နေသော အိမ်အိုကြီးပုံစံကိုသာ တွေ့လိုက်ရတော့သည်။ ********-******-******-******* ``တော်ပါသေးရဲ့…´´ ``တန်ခိုး…တန်ခိုးကို ငါတို့ဘယ်လိုပြန်ရှာရမလဲ…လုပ်ပါဦး…´´ ``ကိုအောင် …ကျွန်တော့သူငယ်ချင်း တန်ခိုး ကို ဘယ်လိုပြန်ကယ်ရမလဲ…ပြောပါဦး…´´ ``စိတ်ချပါ…ပုဏ္ဍကစက်ကွင်း နှစ်၁၀၀ ကျိန်စာထဲကနေ ကျုပ်တို့အားလုံး ထွက်လာနိုင်ခဲ့ပြီပဲ…ခင်ဗျားတို့မိဘတွေဆီကို မိုးထိန်ထိန်လင်းတာနဲ့အကြောင်းကြားပြီး ကိုတန်ခိုးကို အိမ်ကြီးထဲမှာ ပြန်ရှာကြတာပေါ့…´´ ``ငါ့သူငယ်ချင်း…တန်ခိုး ဘာမှ မဖြစ်ပါစေနဲ့…´´ ``ထီးလေး …မင်းလမ်း လျောက်နိုင်မှာမဟုတ်ဘူး …ငါကိုတွဲထားနော် …´´ ``ကံကောင်းလို့ပေါ့ ထီးလေးရယ် နင့်ခြေထောက် တော်တော် နာနေလား…´´ ``မနာပါဘူးဟာ…နင်တိုကမိန်းကလေးတွေပဲ ဂရုစိုက်…´´ ``ဟင်…အစ်ကို အောင် ဟို…ဟိုမှာ ဘုန်ကြီးတွေပါလား…´´ ငါးလေးညွှန်ပြရာသို့ ကိုအောင် ကြည့်လိုက်တော့သည်။ ``ဟင်…အိမ်ကြီးထဲကို ဘယ်လိုလုပ် ရောက်နေတာလဲ…´´ ``ဟင်…အစ်ကိုထီးလေး သူဇာ တွေ့ခဲ့ရတယ် ပြောတာ အဲ့ဘုန်းကြီး ၃ပါးပါပဲ …´´ ဘာစကားမှ မပြောတော့ပဲ ငါးကလေး ဘုန်းကြီးတွေရှိရာသို့ အပြေးသွားလိုက်တော့သည်။ သူ့စိတ်မှာကား အားကိုးရသွားဟန်ဖြင့် ဘယ်ကရောက်လာမှန်း မသိတဲ့ ဘုန်းကြီးတွေ အရှေ့ပြေးသွားပြီး လက်အုပ်ချီကာ ``ဘုန်းဘုန်းတို့…တပည့်တော်တို့ကို ကယ်ပါဦး …တပည့်တော်တို့ သရဲခြောက်ခံနေရလို့ပါ ဘုန်းဘုန်းတို့ ကယ်ပါ…´´ ငါးကလေး သွားတာကြောင့် ကျန်နေသူအားလုံးလဲ ရောက်သွားခါ အကြောင်းဆုံကို ရှင်းပြလိုက်တော့သည်။ ထို့နောက် အပြောကိုသာ နားထောင်လျက်ရှိသော ဘုန်းကြီး၃ပါးက ``ဒကာလေးတို့ကို ဦးဇင်းတို့ ကျေးဇူးတင်ပါတယ်…´´ ``ဗျာ…´´ ``ဘာလို့ကျေးဇူးတင်ရတာလဲ ဘုန်းဘုန်း…´´ ``ဦးထင်ခ သတ်ပြီး အစောင့်ထားခံရတဲ့သူတွေအထဲမှာလဲ …ဘုန်းဘုန်းတို့ ၃ပါးလဲ ပါခဲ့ရတယ်…´´ ``ဗျာ…´´ ဘုန်းကြီး ၃ပါးရဲ့ စကားကြောင့် တစ်ဖွဲ့လုံး အနောက်သို့ဆုတ်သွားတော့သည်။ ``ဦးထင်ခရဲ့ ဝိဥာဉ်တံခါးသော့ကို ပိုင်ရှင်မဟုတ်တဲ့အရင်ဦးဆုံး သော့ကို ကိုင်မိသူဟာ လက်မှာ ဝိဥာဉ် ကပ်ခြင်းကို ခံရမယ်…ထိုသူရဲ့လက်ဟာ ပင့်ကူရှက်သကဲ့သို့ ရောင်ယမ်းခါ ဝိဥာဉ်စီးတဲ့အခါမှာ ကိုက်ခဲခြင်းဝေဒနာကို ခံစားရမှာ ဖြစ်တယ်…တံခါးဖွင့်တဲ့အခါမှာလဲ ထိုသူ ဖွင့်မှ ထိုတံခါးဟာ ပွင့်နိုင်တာပါ…အခု တံခါးပွင့်သွားချေပြီ…ဒါကြောင့် ဦးဇင်းတို့ မကျွတ်မလွတ်သေးတဲ့ ဝိဥာဉ်အားလုံးကို ကယ်တင်ပေးခဲ့တဲ့  ဒကာလေးတို့ အားလုံးကို ကျေးဇူးတင်ရခြင်းပါ…´´ ``ဗျာ…´´ ``ဟုတ်ပါတယ် ဒကာလေးတို့ ဒီအိမ်ကို အနှောက်ယှက်ရှိတယ်ဆိုပြီး  ဦးဇင်းတို့ကို လာပင့်ခဲ့တဲ့ ဒကာတစ်ယောက်ကို သူဖခင်က မြို့ကိုခဏ တတ်ခိုင်းပြီး ဒီအိမ်ပိုင်ရှင်ကြီးက ဦးဇင်းတို့ ကို တပည့်အပေါင်းအပါနဲ့ ဝိုင်းသတ်ပြီး အခုလို ခြံစောင့်ထားခံခဲ့ရတာပါ…´´ တစ်ဖွဲ့လုံး ပြူးကြောင်ကြောင်တွေ ဖြစ်ခါ မျက်စိအရှေ့မှ ဘုန်းကြီးအားလုံး ပျောက်ကွယ်သွားပါတော့သည်။ ``ဟာ…ဘုန်းကြီးတွေရော…´´ ``တော်တော် ရက်စက်တာပါလား…´´ ``ကဲကဲ…တို့တွေ အိမ်ရှေ့ကို အရောက်ထွက်ကြမယ်…မိုးလင်းနေပြီ…´´ ``ဘယ်ဘက်က ထွက်ရမှာလဲ……´´ ``ဒီဘက်ဘေးက ပတ်ထွက်သွားရင် ဦးတင်အောင်……´´ ``ဦးတင်အောင်ကို တစ်ယောက်ယောက်ထိန်းချုပ်ထားသေးတယ်…´´ ``ဦးလေးက တို့အပေါ်ကောင်းခဲ့သူပါ…´´ ``ဆက်ပြောလေ…ထီးလေး ဒီဘက်ဘေးက ပတ်ထွက်သွားရင် ဘယ်ရောက်မှာလဲ…´´ ``ပြောမှာပါဟာ…ဦးလေးကို သတိရသွားလို့ပါ…ဒီဘက်က ပတ်ထွက်သွားရင် ဦးလေးတင်အောင် နေခဲ့တဲ့ အိမ်အဖြူလေးကိုတွေ့မယ် …ဒါဆို တို့ကားထားတဲ့ နေရာဆီ တန်းရောက်ပြီ…´´ ``တန်ခိုးကိုရော…´´ ``တန်ခိုး…ကိုတော့ လူကြီးတွေကို အကြောင်းကြားပြီးမှ ပြန်လာရှာကြတာပေါ့…´´ ထီးကလေး ညွှန်ပြပေးသည့် အတိုင်း တစ်ဖွဲ့လုံးဦးတည်လာကြတော့သည်။ ``ဟာ…´´ ``ဘာဖြစ်တာလဲ ထီးလေး…´´ ``ဟို…ဟိုမှာ …ဦးလေးတင်အောင် နေတယ်ပြောတဲ့…အိမ်ကို ကြည့်စမ်းပါဦး…´´ ``ဟင်… ``ဟာ…´´ ``အမလေး´´ ``ဟင်…အုတ်ဂူကြီးပါလား…´´ ``မကြောက်ကြပါနဲ့ကွာ…ဦးလေးက ငါတို့ကို ဒုက္ခပေးတာမှ မဟုတ်တာ´´ ``လာလာ…တို့…ဒီဘေးကနေ ပတ်ထွက်သွားမယ်ဆို ကားရှိတဲ့နေရာကို လှမ်းတွေ့ရလိမ့်မယ် …´´ ``ဦးလေး…ဦးလေး…´´ ဦးတင်အောင် ဝါးတဲနေအိမ် ဖြူဖြူလေးဟာ တကယ်တော့ ညိုမွဲနေတဲ့ အုတ်ဂူသာဖြစ်လေတော့သည်။ ``ဟာ…ဟိုးမှာ တို့ကား…တွေ့ပြီဟေ့…´´ ``ဟာ…ကား…ကားတွေပြီး…အားလုံးပဲ အားတင်ထား…´´ အားတင်းခါ အားလုံးကားနားကို အရောက်သွားကြတော့သည်။ ထီးလေးကတော့ ခြေထောက် ဒဏ်ရာကြောင့် လမ်းကလေးက တွဲထားလျက် တစ်ရွှေ့ရွှေ့သွားနေတော့သည်။ ကားနားကို အရောက်မှာတော့ ရုတ်တရက်… ********-*******-*******-***** ``အမလေး…´´ ``ဟင်…တန်…တန်ခိုး…နင်…နင် ဘာမှ မဖြစ်ဘူးနော်…´´ ``ငါဘာမှ မဖြစ်ပါဘူး…´´ ``နင်တို့ရော…´´ ``ငါတို့လဲ …ဘာမှ မဖြစ်ပါဘူး…´´ ``ဝမ်းသာလိုက်တာ သားကြီးရာ …´´ ``တန်ခိုးရယ်…နင်တစ်ခုခုဖြစ်ပြီ ထင်လို့ ငါ့တို့မှာ စိုးရိမ်လိုက်ရတာဟာ…ငါ့မှာ ငိုတောင် ငိုရတယ် …´´ ``ဝမ်းသာလိုက်တာ …တန်ခိုးရာ…´´ ``တို့…သူငယ်ချင်းတွေက သေအတူ ရှင်မကွာ …သူငယ်ချင်းတွေလေ မင်းကို အခုလို ပြန်တွေ့ရလိမ့်မယ်လို့ ငါလုံးဝ မမျှော်လင့်ထားဘူး…´´ ``မင်း…မင်း…တန်ခိုး အစစ်ဟုတ်ပါတယ်နော် …´´ ``မင်းတို့ သူငယ်ချင်း မဟုတ်မခံ တန်ခိုး အစစ်ပါ ငါးကလေးရာ…ဒီမှာတွေ့လား ငါ့လည်ပင်းက မှဲ့…´´ ``ဝမ်းသာလိုက်တာ …သားကြီးရာ…´´ ``ဒါနဲ့…မင်းဘယ်လိုဖြစ်ပြီး…ဒီကားနားရောက်နေရတာလဲ…´´ ``ကဲပါ…အချိန်သိပ်မရှိဘူး…ဒီအိမ်ကြီးနဲ့ဝေးရာကို မြန်မြန်သွားကြမယ်…ပြီးတော့မှ ခင်ဗျားတို့ သူငယ်ချင်းတွေ ပြောကြ …လာလာ …ကိုတန်ခိုး ကျုပ် ခင်ဗျားကို အကာကွယ် မပေးနိုင်ခဲ့တာ ခွင့်လွတ်ပါ…´´ ``ဟာဗျာ …ကိုအောင်ကလဲ ခင်ဗျား ကူညီပေးခဲ့လို့ကျုပ်တို့ဘာမှ မဖြစ်ကြတာပါ…´´ ``ကဲကဲ…ကားပေါ်တတ်ကြတော့…´´ ``အားလုံးပဲ …ကျုပ်တစ်ခု သတိပေးမယ် ကျုပ်တို့ကားစထွက်ပြီဆိုတာနဲ့ အိမ်ကြီးကိုနောက်ပြန်မကြည့်ကြပါနဲ့…´´ ``စိတ်ချ …အစ်ကိုအောင် ´´ တစ်ရှိန်ထိုး ကားကို လမ်းကလေးမောင်းထွက်သွားပါတော့သည်။ ``ပြောပါဦး…တန်ခိုးရ ဘယ်လိုလုပ် မင်းကားဆီကို ရောက်နေရတာလဲ…´´ ``ဒီလိုကွ ငါအပေါက်ကြီးထဲကို ပြုတ်ကျသွားတယ်လေ အနည်းဆုံး ၁၀ ပေလောက်တော့ အမြင့်ရှိမယ် အောက်မှာ သဲ တွေချည်းပဲ ငါလဲ ပြုတ်ကျသွားတည်းက လန့်ပြီး သတိမေ့သွားတယ်နဲ့တူတယ် သတိပြန်ရလာတော့ အလင်းပြပြလေးမြင်တာနဲ့ငါ ကြောက်ကန်ကန်ပြီး တစ်ဇွတ်ထိုး ပြေးထွက်လာတာ …အမှန်ပဲဖြစ်သွားတယ် …တကယ်တော့ အဲ့အပေါက်ကြီးက ငါ့အထင် ထွက်ပေါက်ပဲဖြစ်ရမယ် …အပြင်ရောက်တာနဲ့ငါလဲ ကားရှိတဲ့ဆီကို အပြေးလာပြီး မောင်းထွက်မလို့ပဲ …နောက်မှ မင်းတို့ကို ငါသတိရသွားတာနဲ့ စောင့်နေခဲ့တာ…´´ ``တန်ခိုးရာ…မင်းစိတ်ဓာတ်ကို ငါတို့သိပါတယ်…´´ ``ဒါနဲ့…အစ်ကိုအောင် …ကျွန်တော်တို့ကို ဒီအိမ်ကြီးမှာ ကြုံခဲ့ရတဲ့အမြင်မှားတာတွေ ပြီးတော့ နံရံကို သစ်တားနဲ့ခြစ်လိုက်တာ သွေးတွေ ထွက်လာတာ ဘာကြောင့်လဲ…´´ ``ဟုတ်တယ် …ဟုတ်တယ်…ပြန်တွေးမိရင် ကျက်သီးထတယ် ကျနော်တို့ သုံးယောက် လှေကားတွေ ဆင်းလာတာ မနည်းဘူး ဒါပေမယ့် ဒီနေရာပဲ ပြန်ရောက်လာတာကရော…´´ ``ဒါတင်မကဘူးလေ…ဟို…ဟို ငါ့အသံနဲ့သူဇာ့ကို ခေါ်ခေါ်နေတာလဲပါတယ် ပြီးတော့ ဖုန်းကြိုးအပျက်ကြီးဆီ ငါ့ဖေဖေ ဖုန်းဝင်တာကရော…´´ ``ဒါတွေအားလုံးက ပုဏ္ဍက တိုက်ခံရတဲ့ အိမ်မှာ ဖြစ်တတ်တဲ့သဘာဝပါ တကယ်တော့…´´ ကိုအောင်ပြောလို့ မဆုံးသေးခင်မှာပဲ ကားဟာ တုန့်ခနဲ ထိုးရပ်သွားပါတော့သည်။ ``ဟင် …ကားဘာဖြစ်တာလဲ…လမ်းလေး…´´ ``မသိဘူး…ထိုးရပ်သွားတာပဲ…´´ ``ဟင်…ဆီကုန်တာပဲ…´´ ``ဟာ…ဟုတ်ပါ့ကွာ…သစ်ပုတ်ပင်ကြီးအနားပဲ…´´ ``ငါပြောပါတယ်…ကားက သစ်ပုတ်ပင်ကြီးအနားလောက်ပဲ ဆီရတော့မယ်လို့…´´ ``ဒါဆို ဘယ်လိုလုပ်ကြမလဲ…´´ ``တို့ လာတုန်းကလဲ…ဟိုးအရှေ့နားမှာ ပျက်တယ်…´´ ``အခုလဲ……´´ ``ဘာမှ မပူနဲ့ကွာ …အခုမှ မနက်၆ နာရီခွဲပဲရှိသေးတာ တစ်နေ့လုံး အကူညီကို မျှော်လို့ရပါသေးတယ်…´´ ``ဒါဆိုလဲ …ပေါက်တဲ့နံဖူး မထူးဘူး…ဆက်ပြီး မျှော်နေလိုက်ကြတာပေါ့…´´ အရှေ့ဘက်မှ ထွက်လာသည့် နေမင်းကြီးကပင် ထိုသစ်ပုတ်ပင်ကြီးကို နေရောင် မဖျောက်နိုင်လောက်အောင် အုပ်ဆိုင်းနေသော သစ်ပင်ကြီးအောက်မှာသာ…ကားလေးတစ်ဆီးက အထီးကျန်စွာ ရှိနေတော့သည်။

No comments:

Post a Comment