#သရဲခြောက်တဲ့ ညောင်ပင်ကြီး#

(စဆုးံ)
Tein Hlwar
ကျုပ်နာမည်လား၊ငယ်ငယ်ကတည်းက ပေလွန်းလို့
ကျုပ်အဘနဲ့အမေပေးထားတဲ့ နာမည်က ဖိုးတေ။
**ဖိုးတေ** ဆိုလို့ မြန်မာ့လက်ဝှေ့သမား ဖိုးကေနဲ့
အမျိုးတော်တယ် မထင်နဲ့။ဖိုးကေက ဖိုးကေ၊ကျုပ်က ဖိုးတေပဲ
ဘာမှမတော်ဘူး။
ကျုပ်ဘာလုပ်လဲ သိလား..။ ဘာမှမလုပ်ဘူး။
အဖေနဲ့အမေက မြေပိုင်ရှင်ဆိုတော့ ဘာမှမလုပ်ရဘူး။
လတ်လျားလတ်လျား ဟိုသွားဒီသွားပဲ..။ကျောင်းထားလည်း
စာထဲစိတ်မပါတော့ ပညာလေး မတောက်တခေါက်နဲ့
ကျောင်းထွက်လိုက်ရပြီ။ အဘတို့က ကျုပ်အတွက်
နွားမတွေ ဝယ်ပေးထားလို့ ကျုပ်က ငယ်သာငယ်တာ.၊
နွားခြံပိုင်ရှင်။ ခုမှ (၂၁နှစ်)။ မိန်းမဟုတ်လား..။
ကျုပ်က အိမ်ထောင်မပြုသေးဘူး။ ရည်းစားရှိလား..၊ဟုတ်လား။
ခင်ဗျားကလည်း..ဘာမဆိုင်ညာမဆိုင် လာဗျူးနေပြန်ပြီ။အသက်ပဲ (၂၁)နှစ် ရှိနေပြီ။ ဒီအရွယ်ရောက်မှတော့ အမြီးမပေါက်တဲ့ မျောက်ဖြစ်ပါ့်မလား..။
ရည်းစားရှိတာပေါ့ဗျာ...။ကျုပ်ရည်းစားက
နှင်းရည်ခင် တဲ့..။
ငယ်ငယ်ချောချော လှလှလေးရယ်။ကျုပ်နဲ့တောင်မတန်ဘူး။
မနှိုင်းကောင်း နှိုင်းကောင်း...
မင်းကုသနဲ့ပပဝတီ လိုပဲ...။
ကျုပ်တို့လယ်ထဲကို ကောက်စိုက်ရင်း ကျုပ်နဲ့ကြိုက်သွားတာ။ကျုပ်တို့ လယ်ထဲမှာ ကောက်စိုက်လာရင်း
ထဘီအနီ ဝတ်ထားတဲ့ နှင်းရည်ခင်ကို နွားကလိုက်ခွေ့တော့
ကျုပ်က သူရဲကောင်း လုပ်ပြီး ကယ်လိုင်တာလေ..။
ကျုပ်က လက်ဖြောင့်တော့ နှင်းရည်ခင် နောက်လိုက်လာတဲ့
နွားသိုးကို အနီးကပ်ပြီး မျက်လုးံကို လေးခွနဲ့ ပစ်ပြီး နဖားကြိုးဆွဲလိုက်တော့ နွားကို တုန်ပြီး လဲသွားတာ...။

ကျုပ်အဘက နွားဖိုးတော့ လျော်လိုက်ရတာပေါ့..။
တန်ပါတယ်ဗျာ..။ကျုပ်က နှင်းရည်ခင်ရဲ့ မေတ္တာ ကို ရလိုက်တာကိုး..။ ကျုပ်သူငယ်ချင်း ဖိုးရွှေက ပြောတယ်..
"ဖိုးတေ ၊မင်းက လောက်လေးခွနဲ့ ထမ်းပိုးတုးံအပေါက်ထောင်ထားရင် ဝင်အောင်ပစ်နိုင်တယ်။
ပြီးတော့ သိုင်းကလည်း တတ်...။လူကလည်း လျင်တော့ ဒီနွား သွားပြီးပေါ့ကွာ..''တဲ့..။
နှင်းရည်ခင်က ကျုပ်နေတဲ့ရွာနဲ့ (၁)မိုင်လောက်ဝေးတဲ့
ပြွန်းတုးံလုးံရွာမှာ နေတာ..။ပြွန်းတုးံလုးံရွာကို ဆားမှော်ချောင်းဘေးက ညောင်ပင်ကြီးနားက ဖြတ်ရတယ်။
ညောင်ပင်က အုပ်မှိုင်းပြီး အကိုင်းတွေ ဖြာထွက်နေတာ..။
သရဲခြောက်တယ်လို့တော့ နံမည်ကြီးတယ်ဗျ...။
ဒီနေ့ ည ကျုပ်နဲ့နှင်းရည်ခင် ချိုန်းထားတယ်လေ..။သူတို့ရွာ
ခြံစည်းရိုးနားက ကောက်ရိုးပုံမှာပေါ့...။ပြွန်းတုးံလုးံ ရွာရဲ့ အနောက်ဘက် ကညင်မြိုင်ရွာမှာ ပွဲရှိတော့ သူက ချိုန်းတာပါ..။
သူချိုန်းတဲ့ စာကို ကျုပ်သူငယ်ချင်း ဖိုးရွှေ ယူလာပေးတာပါ..။
ဖိုးရွှေလား...၊ဒီကောင်က လူရိုး..။ကျုပ်နဲ့ နှင်းရည်ခင်နဲ့ ချစ်နေကြတာ သူပဲသိတယ်..။အဘတို့တောင် မသိဘူး။.
ဘယ်သူ့ကိုမှ မပြောဘူး။ သစ္စာ အင်မတန်ရှိတဲ့ သူငယ်ချင်း..။
ဒီကောင်က နှင်းရည်ခင်ရဲ့စာကို ယူလာပြီး ပေးတယ်..။
ပြီးတော့. ...သူငယ်ချင်း၊မင်း..နှင်းရည်ခင်တို့ရွာကို သွားလို့
ဖြစ်ပါ့မလား..။ ညောင်ပင်ကြီးက သရဲခြောက်တယ်လို့
အင်မတန် နံမည်ကြီးတယ်..။မင်း အဲ့ဒီအောက်က ဖြတ်ရမှာ
၊တစ်ယောက်တည်း ဖြတ်ရဲလား..။
ကျုပ်က..
ဖိုးရွှေ.ရာ...ချစ်သူက ချိန်းတာပဲကွာ..၊ပင်လယ်ကို လက်ပစ်
ကူးရမလား..။ဓူဝံကြယ်ကို ဆွတ်ရမလား....။
မြင်းမိုရ်တောင်ကို ဒူးနဲ့ တိုက်ရမလား..။သွားမှာပဲ...။
ငါမကြောက်တတ်ပါဘူး....။..
အေးကွာ....
မင်းသွားရင်လည်း..သတိနဲ့ သွားပေါ့...။ငါ့တော့ အဖေနေမကောင်းလို့...ကုလားပဲခင်း စောင့်ရမှာ..
လို့ပြောပြီး ထွက်သွားတယ်....။
ကျုပ်လည်း သတ္တိကောင်းလို့တော့ မဟုတ်ဘူး..။နှင်းရည်ခင်
နဲ့တွေ့ချင်တော့ သွားဖို့ စိတ်ကူးတယ်..။သရဲခြောက်မှာတော့
အကြောက်သားဗျ.....။

ဒါနဲ့ ည(၁၀)နာရီရောက်တော့ လူခြေတိတ်နေပြီ။
ကျုပ်က လက်စွဲတော် လောက်လေးခွကို လွယ်အိတ်ထဲထည့်..ပြီး ကျုပ်နေတဲ့ ဆားမှော်ရွာကနေ ပြွန်တုးံလုးံရွာ ကို
ထွက်လာခဲ့တယ်...။
ညောင်ပင်ကြီးကလည်း..အင်မတန် နံမည်ကြ်ီးတော့ တော်ရုံလူ
မဖြတ်ရဲဘူး...။
ခဏ အကြာတော့..ညောင်ပင် အုပ်အုပ်ကြီးကို တွေ့နေရပြီ...။
ချွေးတွေ ထွက်..ရင်တွေတုန်ပြီး ကြောက်နေပြီ..။
ဒါပေမဲ့ နှင်းရည်ခင်ရဲ့ မျက်နှာလေးတွေး မြင်ပြီးတော့..
ကြောက်စိတ်တွေ ပြေရော....။ဒါတောင်..ညောင်ပင်ကြီးနားရောက်တော့ စိတ်လေးတေးလေး ဖြစ်နေတယ်..။
ဒါနဲ့ ညောင်ပင်ပေါ်မော့ကြည့်မိသေးတယ်..။ဘာမှ မရှိပါဘူး..။
အဲ ညောင်ပင်အောက် ရောက်လာပြီ..။ လက်ထဲမှာတော့...
လေးခွနဲ့ ဖန်ပေသီးက အသင့်...။
ညောင်ပင်အောက် ရောက်တော့..သဲတွေတရှုပ်ရှုပ်ကျလာတယ်။ ကြောက်စိတ်တွေနဲ့..
လေးခွကို အသင့်ချန်ထားပြီး အထက်မော့ကြည့်တော့...
ဟော..ဗျာ.........
း

းးး
ဘာမှ မတွေ့ရဘူးဗျ...။
မကြာပါဘူး..ညောင်ပင်ကိုင်းဖျားကို မည်းမည်းကောင်ကြီး
ခုန်ကူးလာတယ်။ဆံပင်ကြီးက ဖားဖားကြီးကျလို့....။

ညောင်ကိုင်းကို ခွစီးပြီး..လှုပ်ပြနေတယ် ညောင်ကိုင်းကို..။
မျက်လုးံကြီး တွေက ဖြူဖြူ ကြီးတွေနဲ့....။

ကျုပ်..'အမလေးဗျ' လို့ အော်ပြီး ထွက်ပြေးမယ် လုပ်ပြီးမှ..
ဖန်ဂေါ်လီ တပ်ထားတဲ့ လောက်လေးခွနဲ့ မျက်ကွင်းဖြူဖြူကြီး ပစ်ချလိုက်တယ်။ ဘာရမလဲ..။ကျုပ်လက်ချက်ကြောင့်
အကောင်မည်းမည်းကြီးရဲ့ မျက်ကွင်း အဖြူကြီးကို မှန်တော့ပေါ့..။
အား..အား.....ဆိုတဲ့ အသံနဲ့ကြီးနဲ့ အော်ပြီး..ပေ(၂၀)ခန့်အမြင့်ကနေ အောက်ကို ကျလာပြီး စန့်စန့်ကြီး ဖြစ်နေတယ်..။ ဗုန်းခနဲ မြည်သံကလည်း မိုးကြိုးသံ ကျနေတာပဲ..။
ကျုပ်လည်း...ကြောက်ပြီး....
အမလေး..လာကြပါဦး..ဗျို့..ညောင်ပင်ပေါ်ကသရဲကြီး
လေးခွမှန်ပြီး ကျနေပြီဗျို့ ...။
လို့ အော်ပြီး..ရွက်ဘက်ပြေးတော့တာပေါ့..။
ဟေ့ရပ်...လိုက်..ဘာဖြစ်တာလဲ..၊ဆိုတဲ့အသံနှင့်အတူ ရဲတွေ
ရောက်လာတယ်..။
ကျုပ်တို့က ကညင်မြိုင်ပွဲကပြန်လာကြတဲ့ ရဲတွေပါ..။
..အမလေး ရင်တွေတုန်လိုက်တာဗျာ...၊
သရဲကြီး ညောင်ပင်ပေါ်က လေးခွမှန်ပြီ အောက်ကို
ဗုန်းခနဲ ကျလာတယ်..။ဒါကြောင့် ထွက်ပြေးလာတာ...

အေး..ငါတို့လည်း ဗုန်းခနဲ အသံကြားတယ်..၊ကဲ..သွားကြည့်ရအောင်..။
ကြောက်ကြောက်နဲ့ လိုက်ခဲ့တယ်..။
ကြောက်ကြောက်နဲ့ လိုက်ခဲ့တယ်..။
တွေ့ပါပြီဗျာ...ညောင်ပင်အောက်မှာ....သရဲကြီး စန့်စန့်ကြီး
လဲနေတယ်..။
တစ်ကိုယ်လုးံမည်းမည်းကြီး မလုပ်တော့ဘူးဗျ..
ဟယ်...လူတစ်ယောက်ပါလား..ကြည့်ကြစမ်းဟေ့..။
ဟုတ်ပါတယ်...တစ်ကိုယ်လုးံ အိုးမဲအပြည့်သုတ်ထားတဲ့လူ..။
မျက်လုးံကိုတော့ ထုးံဖြူဖြူတွေ ဝိုင်ထားတယ်..။
ဆံပင်အတုကြီးနဲ့...။

ရေတစ်ပုးံယူခိုင်းပြီး ရေစိုအဝတ်နဲ့ ပွတ်လိုက်တယ်..။
ပြီးတော့.
ဖိုးတေ.....၊သူကိုမင်းသိလား..။
မသိဘူး.....။
သေချာကြည့်စမ်း..။
ကျုပ်က ကြောက်ကြောက်နဲ့ လူသေရဲ့မျက်နှာကို ကြည့်လိုက်တော့..
ကျုပ်......ကျုပ်...သူ...သူ..ငယ်ချင်း..ဗျ....။
ကျုပ်..ကျုပ်အချစ်ဆုးံ..သူငယ်ချင်း ဖိုးရွှေဗျ...။

မျက်လုးံက သွေးသံရဲရဲနဲ့ တစ်ကိုယ်လုးံ အိုးမဲတွေသုတ်၊
ဆံပင်တုတပ်ပြီး..ပြေကျနေတဲ့ ခါးတောင်းကျိုတ်ထဲက
ထွက်လာတဲ့ စာကို ရဲတစ်ယောက်က ဖတ်ပြီး ကျုပ်ကို
လက်ကမ်းပေးပါတယ်..။စာကတော့......

*ဒီနေ့ည ဖိုးတေ.ကိုမှ.. ငါ့သရဲလုပ်ပြီး မခြောက်ရင် နင့်ကို ဖိုးတေက တစ်သက်လုးံ ပိုင်ဆိုင်သွားမှာပါ နှင်းရည်ခင်ရယ်..*တဲ့...။
ဖြစ်မှဖြစ်ရလေ သူငယ်ချင်းဖိုးရွှေရယ်....လို့..
ကျုပ် ရင်နင့်နင့် မျက်ရည်တွေကျရင်း ငိုချလိုက်တော့တယ်..။
ဒါပေမဲ့ကျုပ်လည်း ဖျောက်ခနဲ့ ရဲတွေရဲ့ လက်ထိတ်ခတ်ခြင်း ခံလိုက်ရပါတယ်.....။

ကျုပ်ရယ်..၊ဖိုးရွှေရယ်..၊နှင်းရည်ခင်ရယ်....ကံမကောင်းကြပါဘူးလေ...။
အမှားများပါသွားရင် တောင်းပန်ပါတယ်....။
The End
Tein Hlwar Soe Nan
Tein Hlwar Soe Nan
No comments:
Post a Comment