Monday, June 5, 2017
ချစ်ရသနှင့်သေမင်းဝရမ်း
#ချစ်​ရသူ နင့်
    ( စ/ဆုံး )
လကွယ်​​နေ့တစ်​ညတွင်​ ဖြစ်​၏။မိုး​ကောင်းကင်​ တစ်​ပြင်​လုံး
ပိတ်​ဖုံး​မှောင်​လျက်​ ရှိ​နေ​ပြီး လ​ရောင်​မရှိ​သော ​မှောင်​မိုက်​လွန်း
သည့်​ကာလပင်​ ဖြစ်​၏။
မိုးရာသီဖြစ်​၍ မိုးဖွား​လေးများ တသဲသဲ တဖွဲဖွဲနှင့်​ မစဲ​အောင်
ရွာသွန်းလျက်​ရှိ​ပေ၏။တစ်​ခါတရံ 'တရှဲရှဲ'တိုက်​ခိုက်​လာ​သော မုတ်​သုန်​​လေ​ကြောင့်​ မိုးမခ ရွာ​လေး​​ပေါ် အုပ်​ဆိုင်း ညို့မိုင်း​နေ​သော အုန်းပင်​ ထန်းပင်​ ကွမ်းသီးပင်​အိုကြီးများမှာ မားမားမတ်​မတ်​ သူတို့၏ ရှည်​လျာ​သော အရပ်​ကြီးများကို ထုပ်​​ဖော်​ ပြသ
ကာ ​လေထဲတွင်​ ယိမ်းယိုင်​ လူပ်​ရှား​နေကြပြီး'တဟဲဟဲ' ရယ်​သံများ ​ပျော်​ပါးကျီစယ်​​နေဟန်​ရှိ၏။
အချိန်​က ညဉ့်​နက်​ကာလ (၁၁ )နာရီ​လောက်​ရှိ​နေပြီး ဤအချိန်​မျိုးတွင်​ကား ​တောနယ်​ရွာများ ထုံးစံအတိုင်း တိတ်​ဆိတ်​ ငြိမ်​သက်​လျက်​ရှိ​ပေ၏။တစ်​ချက်​ တစ်​ချက်​ရွာအပြင်​ ​တော
ဝဆီမှ ထိုးအူလိုက်​​သော ​တော​ခွေးတို့၏ ထိပ်​လန့်​စဖွယ်​အသံ
များ​ကြောင့်​ ညဉ့်​၏တိတ်​ဆိတ်​ခြင်းကို အသက်​သွင်း၍ ​ပေး​နေ
သကဲ့သို့ ​ရှိ​နေ​လေ၏။
ရှေ့အခါက ထိုမိုးမခရွာ​လေသည်​ လူ​နေအိမ်​​ခြေ​ပေါင်း ​ခြောက်​ရာ ခုနှစ်​မျှရှိခဲ့ဘူး​သော်လည်း ကပ်​​ရောဂါ တစ်​ခု​ကြောင့်
သေဆုံးသူ အ​လောင်း​ပေါင်း များလွန်းသဖြင့်​ လူဦး​ရေမှာ အတိုး
နှင့်​ အဆုတ်​ အဆုတ်​ကများ​နေ​တော့၏။အလွန်​တရာ စည်​ကား
ခဲ့​သောရွာကြီးမှာ ယခုအခါ အိမ်​​ခြေ တစ်​ဝက်​မျှသာ ကျန်​ရှိ​တော​လေ၏။
ထိုကပ်​ဝမ်း​ရောဂါကြီး​နှင့်​ ပုလိပ်​​ရောဂါဆိုးကြီးတို့မှာ တစ်​ဦး
ကိုတစ်​ဦး ကူးစပ်​လွယ်​၍​သေကြရ​ကြောင်း ​ပြောသူက​ပြောကြ၏
တစ်​ချို့က သုသာန်​​စောင့်​မဖဲဝါက ​သေမင်းဝရမ်း ထုတ်​သလိုမျိုး အ​ခေါင်းတလားကြီးကို လူအရိုးနှင့်​ ​ခေါက်​​ခေါ်​နေ​ကြောင်း အတတ်​ဆွဲထင်​​နေကြ​လေ၏။
ဤသို့ဖြင့်​ သုသာန်​​စောင်​မဖဲဝါ၏ အန္တရာယ်​ကပ်​ဆိုးကြီး
မှာ မိုး​မှောင်​ကျ​နေသကဲ့သို့ ဖြစ်​​နေရှာ​သော မိုးမခ ရွာ​လေးဆီသို့
ကိုဖြိုးနှင့်​သူ၏ချစ်​ဇနီးဖြူနှင်းတို့ ​ရောက်​ရှိလာ​ပေ၏။
နှစ်​ဦးနှစ်​ဖက်​​သော မိဘများက ရန်​ဘက်​များဖြစ်​၍ သ​ဘောမ
တူကြ​သော​ကြောင့်​ မိဘများနှင့်​​ဝေးရာ မိုးမခရွာ​လေးသို့ ​ခြေရာ​ဖျောတ်​ကာ ​ရောက်​ကြခြင်းဖြစ်​​လေသည်​။
""အကို...ဖြူနှင်းတို့ ဘယ်​မှာ​နေကြမလဲဟင်​""
""အိမ်​ တစ်​လုံးလုံး​တော့ ငှါးကြည့်​ရမှာ​ပေါ့ ဖြူနှင်းရယ်​...အကိုတို့မှာ ပါလာတဲ့ ​ငွေ​ကြေး​လေးနဲ့ စား​ရေး​သောက်​​ရေး
နေ​ရေးထိုင်​​ရေးက​တော့ ပူစရာမလိုပါဘူးကွာ""
ရွာလယ်​​လောက်​တွင်​ အိမ်​ရှင်​များ​ပြောင်း​ရွေ့သွားသည့်​ သုံးပင်​ ပျဉ်​​ထောင်​အိမ်​​လေးကို ​ဈေး​ပေါ​ပေါနှင့်​ ငှါးရမ်း​နေထိုက်​ကြ​လေ၏
ရောက်​လာခဲ့သည်​မှာ ရက်​ပိုင်းမျှသာ ရှိ​သေးပြီး အချစ်​မီး​တောက်​​လောင်​​နေချိန် ဖြစ်​သဖြင့်​ ဤရွာအ​ကြောင်းကို ​ကောင်းစွာမစုံစမ်း
ပဲ ရှိခဲ့​လေ၏။
ဤသို့ဖြင့်​...ကိုဖြိုးနှင့်​ ဖြူနှင်းတို့မှာ သုတ်​သာန်​​စောင့်​ မဖဲဝါ
ရာဇဝင်​ကိုမသိရှိပဲ ​နေခဲ့၏။ညားခါစ လင်​မယားဖြစ်​သည့်​တိုင်း
ပြောရွင်​ကြည်​နူး အချစ်​စည်းစိမ်​ ယစ်​မူးလျက်​ ရှိ​နေခဲ့ကြရာ မကြာမှီ​သော ညဉ့်​နက်​တွင်​မူ ​ခွေးအူသံများ ကျီးပြိုသံများကို
ကြောက်​လန့်​တကြား ကိုယ်​တိုင်​ကြားရ​လေ၏။
""အူ...ဝူ...ဝူး""
""ဂီးးး....""
""ဗုတ်​...ဗုတ်​...ဗုတ်​""
""ဗတ်​....ဗတ်​...ဗတ်​""
မိုးမခ ရွာသားများ ထိုအသံကိုကြားလိုက်​ရ​သောအခါ တစ်​စုံ
တစ်​ခု​သော ​ဘေးဥပါဒ်​နှင့်​ ရင်​ဆိုင်​တိုးရမည်​သကဲ့သို့ မျက်​စိပျက်
မျက်​နှာပျက်​ ဖြစ်​​နေကြသည်​ကို ​တွေ့မြင်​လိုက်​ကြ၏။
""အကို...ဒီရွာသား​တွေ တစ်​ခုခုကို ​ကြောက်​​နေသလိုပဲ​နော်
""
""ဟုတ်​တယ် ဖြူနှင်း ဘာကို​ကြောက်​တာလဲမသိဘူး...အကို
မနက်​ကြမှ စုံစမ်းကြည့်​ အုန်းမယ်​""
ထို​ကြောင့်​ ကိုဖြိုးမှာ မိုးမခရွာသူရွာသားများ၏ ထူးခြားချက်​များကို သိချင်​​သောစိတ်​က တားမရဆီးမရ​အောင်​ တိုက်​တွန်းနိုး
စွ​နေ​တော့သည်​။သို့ဖြစ်​၍ မနက်​လင်းသည်​နှင့်​ မိုးမခရွာသား အဘိုးကြီးတစ်​​ယောက်​အနားသို့ ကိုဖြိုးသွားကာ အ​ကြောင်းစုံကို
မေးမြန်းကြည့်​​လေသည်​။
""အဘ...အဘ""
""​ဟေး...​ပြောကွ""
""ဘကြီးတို့ရွာက တချို့လူ​တွေဟာ ဘယ်​သွားကြတာလဲ သူ
တို့ရဲ့မျက်​စိမျက်​နှာ​တွေလည်းမ​ကောင်းကြဘူး ဘကြီးရဲ့...သူတို့
ကတစ်​ခုခုကို ​တွေး​ကြောက်​​နေမိတယ်​လို့ ထင်​​နေမိတယ်...ဒီအ
ကြောင်း​တွေ ကျွန်​​တော်​မသိရဘူးလား ဘကြီးရဲ့""
""တခြား ဟုတ်​ရိုးလား ဒီရွာမှာနှစ်​တိုင်း ဒီရာသီ​ရောက်​ရင်​ ​ရောဂါဥပါဒ်​များတတ်​ကြတာနဲ့ ပရိတ်​တရားနာကြ တခြားရွာ​တွေ
ဆီ ​ရွေ့​ပြောင်းကြတာပါ""
""ဒီလိုဆို ဘကြီးက​ကော ဘာလို့တစ်​ရွာမ​ပြောင်းတာလဲ""
""တစ်​​နေ​တော့ ​သေရမှာပဲဆိုပြီး ကမ္မသကာ ထားပြီး​နေလိုက်​တာပဲကွယ့်​""
သို့ဖြင့်​ ဝါဆိုဝါ​ခေါင်​မိုး​ရေက တ​ဖောင်​​ဖောင်​ ​တောင်​​လေက တဟူးဟူး ဖြစ်​​နေ​သော​ကြောင့်​ ​ခွေးအူသံ ကျီးပြိုသံ​တွေနှင့်​ ပြိုးပြွမ်း​နေ​သော ညအခါမှာ ဝုန်းခနဲ ဒိုင်းကနဲ သဲကနဲ ရုတ်​ကနဲ
ဝှေ့ရမ်းလာ​သော​လေကြမ်းကြီးများမှာ ​ကြောက်​အားကို ပိုမို​လေး
နက်​လာ​စေ​တော့၏။
""အကို...ဖြူနှင်း သိပ်​​ကြောက်​တာပဲ...​ခွေး​တွေကလည်းအူ
လိုက်​တာမနား​တော့ဘူး...ကျီး​တွေကလဲ ပြိုလိုက်​တာ ခဏခဏ
ဆိုသလိုပဲ""
""​အော်​...ဖြူနှင်း​လေးရယ်​...​ခွေးအူတာပဲ​ကြောက်​စရာမှက်​လို့ မြို့မှာ​နေတုန်းကလည်း ဒီလို​ခွေးအူသံ​တွေ ကြားရသားနဲ့
ဘာ​ကြောက်​ရမှာလဲ ဖြူနှင်းရဲ့""
""အိုး...ဒီ​ခွေး​တွေ အူသံက ကြားဘူးတဲ့​ခွေးအူသံနဲ့မတူဘူး
ကြားလိုက်​ရရင်​ ​ကျောထဲစိမ့်​တတ်​လာ​အောင်​ ​ကြောက်​စိတ်​​တွေ
အလိုလိုဖြစ်​လာတယ်​...""
""မ​ကြောက်​ပါနဲ့ ဖြူနှင်းရယ်​ ​ခွေးအူသံဆိုတာ အတူတူပါပဲ
မြို့​ပေါ်မှာ ဆူဆူညံညံ လင်းလင်းရှင်းရှင်းရှိ​နေ​တတ်​​တော့ ​ခွေး
အူသံကြားတိုင်းမ​ကြောက်​ခဲ့​ပေမယ့်​ ဒီမှာ​တော့ ​တောရွာ​လေးဖြစ်
နေတာကတ​ကြောင်း ပြီး​တော့ တိတ်​ဆိတ်​ မည်း​မှောင်​​နေ​တော့
ကြောက်​လို့​ကောင်းတာ​ပေါ့...ကျီး​တွေပြိုတယ်​ဆိုတာလဲ ​ကြောက်​စရာမဟုတ်​ပါဘူး ဖြူနှင်းရဲ့...ငှက်​​တွေက သစ်​ပင်​သစ်​ကိုင်း​တွေ​ပေါ်မှာအိပ်​​မောကြ​နေတုန်း ဖြုန်းကနဲ့ ​လေကတိုက်​လိုက်​​တော့ သစ်​ကိုင်း​တွေ သွက်​သွက်​ခါ​အောင်​ လူပ်​ရှားသွား
တာနဲ့ ငှက်​​တွေ လန့်​ဖျပ်​နိုးပြီး ​အော်​ကြ ပျံကြတာပဲ ဒါသဘာဝ
ပါပဲ ဖြူနှင်း​လေးရယ်​ သူတို့​အော်​တိုင်း အ​ရေးမလုပ်​ပါနဲ့""
ကိုဖြိုးသည်​ ဇနီးသည်​လေး ဖြူနှင်းအား အားငယ်​​နေမည်​ဆိုး​သဖြင့်​ အား​ပေး စကား​ပြော​နေရှာ​သောလည်း မိမိကိုယ်​တိုင်
ကျောချမ်း​လောက​အောင်​​ကြောက်​​နေသည်​မှာ အမှန်​ပင်​ဖြစ်​၏။
သေဆုံး​သူ​တွေက တ​နေ့ထက်​တ​နေ့မနည်း။သုတ်​သာန်
စောင့်​မဖဲဝါ၏ ​သေမင်းဝရမ်းထုပ်​ပြန်​​နေမူ့​ကြောင့်​ တချို့မိသားစု
များ အိမ်​တံခါးများပိတ်​၍ ​ပြောင်း​ရွေ့သွားပြန်​ကြသည်​။
 ​ခွေအူသံကြီးများ ကျီးပြိုသံများ ညဉ့်​တိုင်းဆိုသလို ကြား​နေရ​လေ၏။ကိုဖြိုးတို့ လင်​မယားမှာ အတိုင်းသား ကြား​နေရသဖြင့်
ထိုအချိန်​ကာလမျိုးတွင်​ ဇနီးသည်​ ဖြူနှင်းမှာ ​ကြောက်​အားလန့်
အားနှင့်​ ကိုဖြိုးအား နင်းကန်​ဖက်​မိ​လေသည်​။ထိုအချိန်​ကာလမျိုး
တွင်​ ​ခွေးအူသံနှင့်​ကျီးပြိုသံ​တွေ ကြားထဲ၌...
""ဗုတ်​...ဗုတ်​...ဗုတ်​...""
""ဗတ်​...ဗတ်​...​ဗတ်​...""
နှင့်​မြည်​​သော အမင်္ဂလာအသံကြီးတို့လည်း ​ပြောက်​ကျား
ပြောက်​ကျား ​ပေါ်၍လာတတ်​​ပြန်​​လေရာ ထိုအသံကြီးကိုကြားရ
သည်​မှာ ကြားရသူတိုင်း ​ခေါင်းနားပန်းကြီး၍ ကြက်​သီး​မွှေးညင်း
တဖျင်းဖျင်းထလာ​လေ၏။
မျက်​စိ​တွေပြာ​ဝေသွား​အောင်​ ထင်​မှက်​ရရုံမက ထိုအသံကြီး
ထဲမှာပင်​ မ​ကောင်းဆိုးဝါး​ကောင်​ကြီး ဝင်​​နေသကဲ့သို့မှတ်​ထင်​ရ၏။ကိုဖြိုးမှာ ​ယျောင်္ကျားရင့်​မာကြီးတစ်​​ယောက်​ဖြစ်​၍ အားတင်း
နိုင်​​သောလည်း ဖြူနှင်းမှာ နုနယ်​လှပ​သော မိန်းမသားတစ်​​ယောက်ဖြစ်​၍ ​ကြောက်​တတ်​သူဖြစ်​ရာ ထိုအသံကြီးကို ကြား
လိုက်​ရတိုင်း ​ကြောက်​လန့်​ခြင်း​ဝေဒနာကို အသည်းတုန်​ အူတုန်
ခံစားရရှာပြီး တစ်​ခါတည်း ကြူကြူပါ​အောင်​ ရိုက်​ငိုမိရှာ​လေ​တော့သည်​။
""ဖြူနှင်း​လေးရယ်​...မငိုပါနဲ့ကွာ...ဘာ​ကြောက်​စရာရှိလို့လဲ
အကို ဖက်​ထားတယ်​​လေ...ယာခင်းထဲက ​တော​​ချောက်​တဲ့အသံ
ထင်​ပါရဲ့...ဒီ​တောရွာ​တွေမှာ ဒီလိုပဲ ဖြူနှင်းရဲ့ ညမှာဆို ယာခင်း
တွေထဲ ​မျောက်​အုပ်​ဝင်​ ဆင်​အုပ်​ဝင်​ ဝတ်​​တွေဝင်​မို့ လူ​တွေက ထွက်​​ပြေး​အောင်​ သစ်​တုံး​တွေ ဝါးတိုင်​​တွေ ​ခေါက်​ပြီး ​ချောက်​လှန့်​ကြတာပါ...မ​ကြောက်​နဲ့​နော်​ ဖြူနှင်း""
ဟု ကိုဖြိုးအား​ပေးစကား​ပြော​လေ၏။သို့​သောလည်း ထိုအသံ
ပြီးကို ကိုဖြိုးကိုယ်​တိုင်​ ကြားရသည်​မှာလည်း မသင်္ကာ​ပေ။
ထိုအသံဆိုးကြီးကိုကြားရသည်​မှာ မိမိတို့အား တစ်​စုံတရာ​သော
အတိဒုက္ခကို ရရှိခံစား​စေရမည့်​ သုတ်​သာန်​​စောင့်​မဖဲဝါ၏ အသံ
ကြီးပင်​ ဖြစ်​​​နေမလားဟု စွဲလန်းစွာ ဥပါဒါန်​ကပ်​၍ သွားမိ​လေ၏။
ထိုအမင်္ဂလာအသံကြီးကို ကြားရပြီး​သောအချိန်​မှစ၍ ကိုဖြိုး
ရင်​တွင်း၌ မလင်းနိုင်​​အောင်​ ဆို့ကြပ်​၍သွား​လေ၏။ဘေးဥပါဒ်
ရောက်​​စေရန်​ စီမံဖန်​တီး​​တော့မှာပဲဟူ၍လည်း စိတ်​ထဲတွင်​ အ
ကြောင်းမဲ့ စွဲလန်း​နေမိ​လေ၏။
ရွာသူရွာသားများမှာလည်း ကျီးလန့်​စာစား အသက်​ဆံဖျား
ကြောက်​ရွံ့လှ​သော​ကြောင့်​ မျက်​နှာ​တွေ ဖြူဖပ်​ဖြူ​ရောဖြစ်​ကာ
ဗျာသင့်​​နေရရှာ၏။
""ဘယ့်​နှယ်​လဲ...ဘယ်​အိမ်​မှာ ဘာဖြစ်​တာလဲ""ဟု စုံစမ်းနား
ထောင်​လိုက်​တိုင်း...""ဟိုဟာ​လေ ဟိုဟာ​ရောက်​ပြီးတာနဲ့ မကြာ
ဘူး စီခနဲ ပွက်​ခနဲ ကြားရကာ ပြီး​ရော...အခုတ​လောအနည်းဆုံး
လူ​တွေဆုံးသွားတာ ငါးဆယ်​ထက်​ ​လျော့မှာမဟုတ်​ဘူး"" ဟု
အချင်းချင်း ​ပြောဆို​နေကြသည်​ကို ကြားရပြန်​သည်​။
အချို့ရွာသားများမှာလည်း ​ကြောက်​​ကြောကရွံ့ရွံ့ဖြင့်​ပင်​ ရွာထဲ
အတူ​နေဖြစ်​၍ ဝတ္တရားအတိုင်း တစ်​အိမ်​တစ်​​ယောက်​ထွက်​ခါ
လူ​သေအ​လောင်းများကို ရွာအ​နောက်​ဘက်​ သုသာန်​သို့ ပို့၍
မြှုပ်​နှံ​ပေးကြရသဖြင့်​ ​လေး​ယောက်​တစ်​ဆိုင်း ငါး​ယောက်​တစ်
ဆိုင်းဆိုသလို စုကာထွက်​ကြ​လေ၏။
မိုးမခရွာသားများမှာလည်း အလွန်​တရာ​ကြောက်​လန့်​တုန်​လူပ်​ပုံမျိုး​တွေနှင့်​ ရွာကိစ္စမို့ သာ​ရေးနာ​ရေး​တွေမှာ မလွှဲသာဘဲ
လိုက်​ပို့​နေရခြင်းဖြစ်​၏။စိတ်​ထဲတွင်​​ကြောက်​​ကြောက်​နှင့်​ပင်​ လူ
သေကို လုံခြုံ​အောင်​ ထုပ်​ပိုးစည်း​နှောင်​ခြင်း မပြုနိုင်​ပဲ မလုံမလဲ
တံပိုးလျှိုး၍ ဆွဲထမ်းလာကြသည်​မှာလည်း နှလုံးမသန့်​စရာ​တွေ
က မျက်​လုံးထဲက မထွက်​​အောင်​ ထင်​မြင်​​နေရ၏။
""တ​စ်​​နေ့ သူတို့လိုပဲ ဝမ်း​ရောဂါ ကူးစပ်​လာ​လေမည်​လား""
ဟု တုန်​လူပ်​​ချောက်​ချားလာ​သည်​။နေရင်းထိုင်​ရင်းကပင်​ မိမိတွင်
တစ်​စုံတစ်​ခု​သော​ရောဂါ အရိပ်​နိမိတ်​ တစ်​စွန်းတစ်​စ ထင်​​ပေါ်
လာပြီဟူ၍သာ ထင်​မြင်​​နေမိ​တော့၏။
ထို​ကြောင့်​ပင်​ များမကြာမီတွင်​ ကိုဖြိုး၏ ချစ်​ဇနီး ဖြူနှင်းမှာ ​ကြောက်​ဖျားလန့်​ဖျား ဖျား၍လာ၏။ကိုဖြိုးမှာလည်း တဗုတ်​ဗုတ်​မြည်​​နေ​သော မ​ကောင်းဆိုးဝါးအသံကြီးကို ကြားရစဉ်​မှာပင်​ တစ်​​နေ့တွင်​ မိမိတို့အား အမင်္ဂလာအသံကြီး၏ မ​ကောင်းကျိုး
ဒုက္ခ​ပေးမူကို ခံစားရ​တော့မည်​ဟု ထင်​လိုက်​မိ၏။
ယခုကဲ့သို့ ဇနီးသည်​ ရုတ်​တရက်​ ​ကောက်​ကာငင်​ကာ ​ကြောက်​ဖျား ဖျားလာ​သောအခါတွင်​မူ နှလုံး​သွေးပွက်​ပွက်​ဆူ၍
ပူပန်​လာရ​တော့သည်​။ဖြူနှင်း​လေးအား ​ပွေ့ဖက်​ထားပြီး အားမ
ငယ်​​စေရန်​ အတန်​တန်​ကြိုးစား၍ အား​ပေး​နေရ၏။
သို့ရာတွင်​ ညအချိန်​​ရောက်​လာ​သောအခါတွင်​ကား ဖြူနှင်းမှာ
အသံဆိုးကြီးကို ကြားလိုက်​ရသည်​နှင့်​ တစ်​ပြိုက်​နက်​...
""ဟီးဟီး...ဟီးဟီး""
""အမယ်​​လေး...လာပါပြီရှင်​ လာပါပြီ""
အဖျားတတ်​​နေရာမှ အ​ဝေးတစ်​​နေရာကို လှမ်း​ပြောလိုက်​သည်​။ခပ်​အုပ်​အုပ်​​လေး ဟစ်​​အော်​​ပြောလိုက်​ကာ ကိုဖြိုးဖက်​ထား​သောလက်​အတွင်းမှ တွန်းထိုးရုန်းထွက်​လျက်​ရှိ​နေ၏။ဤ
တွင်​မှ ကိုဖြိုးသာ၍ပင်​စိတ်​ပူသွား​တောသည်​။
ဖြူနှင်း​လေးကို မလွှတ်​ရ​အောင်​ ဇွတ်​ဖက်​၍ထားမိသည်​။ဖြူနှင်းကား အသံဆိုးကြီး​ပေါ်လာတိုင်း လာပါပြီ လာပါ့မယ်​ဟု
တွင်​တွင်​ကြီးသာ ​အော်​ဟစ်​​နေ​သော​ကြောင့်​ ကိုဖြိုးသည်​ ထိုအ
သံကြီးကို ​ရှေ့ကထက်​ပိုမို၍ သင်္ကမကင်းဖြစ်​ချက်​လာ၏။
ထိုအသံကြီး ​ပေါ်မလာရန်​ ​ပြေးလွှားတားစီး​ချေမှုန်းပစ်​ချင်​သ
ကဲ့သို့ အံတကြိတ်​ကြိတ်​နှင့်​ဖြစ်​​နေ​လေ​တော့သည်​။
""အမ​လေး...ရင်​ထဲကပူလှချည်​လား အကိုရယ်​...ဖြူနှင်းကို
ပစ်​မထားပါနဲ့​နော်​...ဖြူနှင်းကို ​ခေါ်​နေကြပြီ ဖြူနှင်း​ကြောက်​တယ်​ ဖက်​...ဖက်​ထားပါ အကိုရယ်​...​ဟော...​ဟော
မည်းမည်းအ​ကောင်​ကြီးက​လေ ဘာကြီးတီးမှန်းမသိဘူးတီးပြီး
ဖြူနှက်းကို လက်​ယပ်​​ခေါ်​နေတယ်​ အကိုရဲ့""
ဟု က​ယောင်​ကတန်းနှင့်​ ငန်းဖမ်းသလို​ပြောတိုင်း ကိုဖြိုးမှာ
ချစ်​ခါစ ကြင်​စဦးမယား​လေးအတွက်​ အသက်​​ပေးပြီး​စောင့်
ရှောက်​​ပေးချင်​သည်​။ထို့​ကြောင်​လည်း အပူပင်​ကြီးစွာနှင့်​ ဖြူနှင်း
တစ်​ကိုယ်​လုံးကို ရင်​ခွင်​တွင်း၌ တင်းကြပ်​စွာ ပိုက်​ဖက်​ပြီး ပါးချင်း
ဖိကပ်​ထားလိုက်​သည်​။
""ဖြူနှင်းရယ်​...သတိထားပါကွယ့်​ ဘာမှမ​ကြောက်​နဲ့ ဘာကို
မှလည်းမစဉ်းစားနဲ့ အကို...အကို ဖြူနှင်းကို ဖက်​ထားတယ်​​လေ
ဖြူနှင်းဘာမှမဖြသ်​ရဘူး​နော်​ ​တွေးပြီး​ကြောက်​မ​နေပါနဲ့ ဖြူနှင်း​လေးရယ်​""
""လာပါပြီ...လာပါ့မယ်​ အ​မ​လေး...​ကြောက်​စရာကြီး ဖြူနှင်း
မလာဝံ့ဘူး...အကို​ရေ...ဖြူနှင်းကို ​ခေါ်​နေပြီရှင့်​""
ကိုဖြိုးတစ်​​ယောက်​ ငယ်​ထိပ်​​မြွေလိုက်​တာထက်​ အခံရဆိုး​လေသည်​။မျက်​ရည်​လည်​ရွှဲနှင့်​ မိမိရင်​ခွင်​ထဲတွင်​ မှိန်း​နေရှာ​သော ချစ်​ဇနီး​လေး၏ မျက်​နှာကို စူးစိုက်​ကြည့်​ကာ စိတ်​ထဲမှ ​ပြော​နေမိ၏။
""ဖြူ...ဖြူနှင်းရယ်​...ဖြူနှင်း​လေး ​ရေတိမ်​မှာနစ်​ရင်​ အကို
လည်း ဖြူနှင်း​နောက်​လိုက်​မှာပဲ...မ​နေရစ်​ဘူး ဖြူနှင်းမ​သေရဘူး
ဟု ​သွေးရူး​သွေးတန်းလက်​သီးဆုတ်​ကာ အံကြိတ်​ကာ​ပြော​နေမိလျက်​...မိမိလက်​က ဖြူနှင်းအား တစ်​စုံတစ်​​ယောက်​က
ဆွဲယူသွားမည်​ကို စိုးရိမ်​သည့်​အလား တင်းကြပ်​သထတ်​ တင်း
ကြပ်​စွာ ဖက်​​ပွေ့မိထား​လေသည်​။
အိမ်​နီးချင်းတို့ထံမှ အကူညီကိုယူကာ ​ရောဂါသက်​သာရာရ
နိုင်​မည့်​ ​ဆေးဝါးက​လေးများ တိုက်​​ကျွေးပါ​သော်​လည်း သဲထဲ
ရေသွန်​သကဲ့သို့ အခည်းနှီးဖြစ်​ရ​လေ၏။
ဖြူနှင်းမှာ ​နေဘက်​တွင်​ ဖျားလျက်​ ညဘက်​တွင်​ဝမ်းသွား​နေ
ရာ ညဉ့်​သန်း​ခေါင်​​ကျော်​​ကျော်​လာ​သော အခါတွင်​မူ ဖြူနှင်းမှာ ကြွက်​သား ခဏခဏတတ်​​နေသည်​။သတိဆို၍လည်း အပြီးအ
ရှင်းမရ​တော့ဘဲ ရင်​​ခေါင်းတွင်​ ​ဟောဟဲလိုက်​လျက်​ အရုပ်​​လေး
လို ငြိမ်​သတ်​​နေရှာ​တောသည်​။
""​ကြောက်​တယ်​ အကိုရယ်​...ဖက်​ထားပါ""ဆိုတဲ့ စကားက​လေးများကိုပင်​ မထွက်​နိုင်​​တော့​ချေ။ကိုဖြိုး မကြည့်​ရက်​ပါ မိမိ
သာလျှင်​ အရင်​ဦး​အောင်​ ​သေပစ်​လိုက်​ချင်​မိ၏။
ခံစားမူ့​တွေက တားဆီးမရနိုင်​​သော​ကြောင့်​ ကိုဖြိုးမျက်​ဝန်းထဲ
မှမျက်​ရည်​များ အိုင်​ထွက်​လာ​တော့သည်​။
""ဒီရွာကို တမင်​​ရွေးပြီးလာခဲ့မိတာ ဖြူနှင်း သင်းချိုင်းရှိရာဆီ
သို့ ​ခေါ်လာမိသလိုပါပဲလား...သုသာန်​​စောင့်​မဖဲဝါရှိရာရွာကိုမှ
ရောက်​လာမိတာ မှားပါ​ပေါ့ ဖြူနှင်း​ရေ...အခု​တောခရီးလွန်​ကုန်​ပြီပြုပြင်​လို့မရ​တော့ဘူး...ဟိုအသံဆိုးကြီး​ပေါ်လာထဲက ဒါက္ခ​ပေး​တော့မယ့်​အသံကြီးလို့ထင်​ခဲ့မိတာ အခု​တော့မှန်​​နေပါ​ပေါ့
လား"" ဟု ကိုဖြိုးရင်​တွင်းက မချိမဆန့်​ ပူမီးတိုက်​တိုင်း က​ယောင်​​ချောက်​ချား​ပြော​နေမိလိုက်​၏။
သေခြင်းသ​ဘောတရားက မည်​သို့မျှ တား၍မရရှိနိုင်​သည့့်​အား​လျော်​စွာ ဖြူနှင်းမှာမူ ""​သေမင်းဝရမ်း""ဖြစ်​​သော ​ရောဂါ​ဝေ
ဒနာခံစားလျက်​ရှိရှာ​လေ၏။
ထိုသို့ဖြင့်​ သန်း​ခေါင်​​ကျော်​အချိန်​ ​ပေါ်လာမြဲဖြစ်​​သော အမင်္ဂလာ အသံကြီးမှာ ​ခွေးအူသံ ငှက်​​ဆိုးသံတို့နှင့်​ ​ရောပြွမ်း
ကာ​ကြောက်​လန့်​သဖွယ်​ ခါတိုင်းထက်​ ကျယ်​သည်​ထင်​ရ​သော
အသံကြီး ​ပေါ်လာသည်​နှင့်​ တစပြိုက်​နက်​...။
""လာပါပြီ...လာပါပြီး အကို​ရေ ဖြူနှင်းကို​ခေါ်​နေပြီ သွား​တော့မယ်​"" ဟု လွှတ်​ခနဲ ​အော်​လိုက်​ကာ အဆုံးစွန်း ငြိမ်​သတ်
သွားရှာ​လေ၏။
ဖြူနှင်း ကြိမ်​သက်​သွားသည်​နှင်​ တစ်​ပြိုက်​နက်​ထဲ အိမ်​​အောက်​မှာ​ခွေးတစ်​​ကောင်​က စူးစူးဝါးဝါး အူလိုက်​သဖြင့်​ အနီး
ပတ်​ဂန်းကျက်​မှ ​ခွေးများလည်း သံ​ယောင်​လိုက်​ အူကြရုံမက တစ်​ရွာလုံးရှိ ​ခွေများဆီသို့တိုင်​ ကူဆက်​သွား​လေ၏။
ကိုဖြိုးမှာလည်း မိမိပါနစ်​​မျှောသွားသလို နှလုံးမချမ်း​မြေ့စရာ
ညွန့်​အိုင်​ကြီးအတွင်း ကျွံနင်းနစ်​မြုပ်​သွားသည်ဟုပင်​ ခံစားလိုက်
ရသည်​။ကမ္ဘာ​လောကဓာတ်​ကြီးတစ်​ခုလုံးလည်း ဘယ်​​တော့မှ ပြန်​မလင်းနိုင်​သည့်​ အမိုက်​​မှောင်​ကြီး ဖုံးအုပ်​သွားသကဲ့သို့ ထင်
မိလိုက်​​လေ၏။
""ငါ့ ချစ်​ဇနီးကို ငါမလွှတ်​ဘူး မပစ်​ဘူး မစွန့်​ပစ်​နိုင်​ဘူး ဒီလို
ဖက်​ထားရင်း ငါ့အသက်​​လည်း ​သေပ​စေ​တော့ ဒီ​နေရာကမ​ရွေ့
ဘူး ဖြူနှင်းကိုလည်း မလွှတ်​ဘူး""
ဟူ ​သောဇွဲမျိုးဖြင့်​ ဖြူနှင်းကိုယ်​လုံး​လေးအား တင်းကြပ်​စွာ
ဖက်​တွယ်​ထား​လေ၏။ကိုဖြိုး ပါးစပ်​မှလည်း အရူးပမာ ​အော်​ဟစ်
ပြောချက်​ရာ​တွေကို ​ရှောက်​​ပြော​နေ​တော့သည်​။
ဇနီးဖြစ်​သူ ဖြူနှင်းမှာ လင်​ဖြစ်​သူကိုဖြိုး ​ပြော​နေ​သောလည်း
အ​ဖြေမ​ပေးနိုင်​ရှာ​တော့​ပေ ​တောင်​တင်း​အေးစက်​​သော ကိုယ်
ခန္ဓာတို့နှင့်​ တုံဏှိ​ဘော ခံ​နေရှာ​လေပြီ။
ရွာက လူများလည်း ဝတ္တရားအတိုင်း ကူညီရန်​ ​ရောက်​လာ
ကြသည်​။ကိုဖြိုးလည်း ဖြူးနှင်းအား ဖက်​တွယ်​ထားပြီး....
""ခင်​ဗျာတို့ ကျွန်​​တော်​မိန်းမအ​လောင်းကိုမယူကြပါနဲ့ ကျွန်​​တော်​မ​ပေးနိုင်​ဘူး ​မြေကြီးထဲလဲ မမြှုပ်​ရက်​ဘူး ဒီလိုပဲ ဖက်​ထား
ပါရ​စေ...ပြန်​ကြပါ​တော့ဗျာ...""
""မဟုတ်​တာပဲဗျာ...ဒီလို​ရောဂါမျိုးက ​ကျောပူ​အောင်​​တောင်
မထားရဘူးဗျ...​တြော်​ကာ တစ်​ရွာလုံးကူစပ်​ကုန်​မယ်​...""
ရွာသားများ ​ချော့တလှည့်​ ​ချောက်​တစ်​ခါ အမျိုးမျိုးဝိုင်း​ပြောကြ
ရသည်​။ထို​တော့မှ ကိုဖြိုးတစ်​​ယောက်​ အသိတရားဝင်​လာနိုင်​​တော့သည်​။သို့​သော် ​တစ်​သက်​မခွဲ​တော့ဘူးဟု အရူးအမူး အချစ်​ဦး​လေး ဤကဲ့သို့ တစ်​ရပ်​တစ်​​မြေတွင်​ ​ခွေး​သေဝက်​​သေ
အ​သေဆိုးနှင့်​​သေရရှာခြင်း တင့်​​တောင်းတင့်​တယ်​ မသင်္ဂြုဟ်​ရ
ခြင်းတို့​ကြောင့်​ ရင်​ထုမနာမဆုံး​အောင်​ ဖြစ်​မိပြန်​​လေ၏။
အသုဘကိစ္စပြီး​သောလည်း ချစ်​ဇနီး​လေး ဖြူနှင်း​မြေပုံအနီး
တွင်​ တရစ်​ဝဲဝဲ​နေရင်း ကိုဖြိုးတစ်​​ယောက်​မှာ သူ့​သေ​နေ့ကို​စောင့်
မျော်​​နေ​တော့မည်​ဟု စိတ်​ကိုပိုင်းဖြတ်​ထားလိုက်​၏။
""​သေပါ​စေ ငါမြန်​မြန်​​သေပါရ​စေ...ဒါမှ ဖြူနှင်းရှိရာမြန်​မြန်​​ရောက်​နိုင်​မှာ...သုသာန်​​စောင့်​မဖဲဝါ​ရေ ငါ့ကိုလည်းမြန်​မြန်​​ခေါ်
စမ်းပါ"" ဟုပင်​ ​ကြွေး​ကြော်​ကာ ဖိတ်​​ခေါ်လိုက်​​လေသည်​။
ရွာထဲတွင်​လည်း ကျီးလန့်​စာစားဆိုသလို အထိတ်​တလန့်​နှင့်
မဖဲဝါ၏​သေမင်းဝရမ်းကို ​ကြောက်​ရွံ့​နေကြရ၍က​တ​ကြောင်း
လူမမာဖြစ်​​နေသူ​တွေကိုပြုစုရ ​သေ​ဆုံးသူ​တွေကို ​မြေမြှုပ်​ရနှင့်
ရွာရှိလူမှန်​သမျှမှာ ကိုယ့်​​သောကနှင့်​ဖြစ်​​နေကြရသည်​။
ထို့​ကြောင့်​ အပူသည်​ဖြစ်​​နေရှာ​သော ကိုဖြိုးကို မည်​သူမျှ ဂရုမစိုက်​နိုင်။ကိုဖြိုး ဘာဖြစ်​​နေသည်​ကိုလည်း မည်​သူမျှ သတိမ
ထားနိုင်​ချေ။အမှန်​တွင်​ ကိုဖြိုးတစ်​​ယောက်​မှာ ဖြူနှင်း​မြေမြှုပ်
သင်္ဂြုဟ်​ချိန်​မှစ၍ သုသာန်​သင်းချိုင်း​မြေမှ မပြန်​​တော့ဘဲ ဇနီး
သည်​ဖြူနှင်းရဲ့ ​မြေပုံကိုပိုက်​ကာ အမျိုးမျိုး​ပြောဆိုလျက်​ အရူး
တစ်​​ယောက်​အဖြစ်​နှင့်​​နေခဲ့ရင်း ​နေဝင်​ချိန်​သို့​ရောက်​ရှိလာ​လေ​တော့သည်​။
(ပြီးပါပြီ)
ကျ​နော်​​ရေးသားတဲ့ အခု ချစ်​ရသူနှင့်​ ​သေမင်းဝရမ်း ဆိုတဲ့
ဝတ္ထု ကို သုသာန်​​စောင့်​မဖဲဝါနှင့်​ကျတ်​ကုန်းရွာ တ​စ္ဆေ သရဲစာအုပ်​ထဲမှ ​ကောက်​နုတ်​တင်​ပြခြင်းဖြစ်​ပါသည်​။
No comments:
Post a Comment