Monday, June 5, 2017

AYA Bank Internet Banking စနစ်ဖြင့် ငွေလွှဲပုံအဆင့်ဆင့်

AYA Bank iBanking System

Add Funds from AYA Bank iBanking

How to make a Beneficiary Registration for MyanPay?

အဆင့်(၁)။     ။ လူကြီးမင်း၏ Browser တွင် www.ayaibanking.com ကိုရိုက်ထည့်၍ AYA iBanking System ကိုဖွင့်ပါ။login
အဆင့်(၂)။     ။ လူကြီးမင်း ၏ AYA iBanking Account ထဲသို့  username နှင့် Password ကို ရိုက်ထည့်ပြီး Login ဝင်ပါ။1
အဆင့်(၃)။     ။ Login ဝင်ပြီးပါက လူကြီးမင်း၏ Bank Account List ကိုမြင်ရပါလိမ့်မည်။ ထို့ နောက် Configuration Menu အောက်တွင်ရှိသော Beneficiary Management ကို Click နှိပ်ပါ။
3
အဆင့်(၄)။       ။ လူကြီးမင်း၏ Beneficiary list ကိုမြင်ရပါမည်။ ထို့ နောက် MyanPay အတွက် Beneficiary Registration ကိုပြုလုပ်ရန် “Add new” button တွင် Click နှိပ်ပါ။
5
အဆင့် (၅)။       ။ “Transfer between AYA accounts” ကို ရွေးချယ်ပြီး “Continue” button ကို Click နှိပ်ပါ။5-1
အဆင့်(၆)။       ။ ဤအဆင့်တွင် MyanPay Bank Account Number “0031103010004032” ကို ထည့်သွင့်ပါ။ ထို့ နောက် စက္ကန့် အနည်းငယ်စောင့်ဆိုင်းပါ။ Beneficiary name နေရာတွင် “MYANPAY CO.,LTD” ဟု အလိုအလျောက်ပေါ်လာပါလိမ့်မည်။ ထိုသို့ ပေါ်လာပါက “Continue” button ကို Click နှိပ်ပါ။
5-3
အဆင့်(၇)။     ။ ဤ အဆင့်တွင် “Finish” button ကိုနှိပ်၍ အသေးစိတ်အချက်အလက်များကို အတည်ပြုပေးပါ။5-4
အဆင့်(၈)။       ။ ယခုအခါတွင် Beneficiary Registration for MyanPay ပြုလုပ်ခြင်း အောင်မြင်သွားပြီဖြစ်ပါသည်။5-5


How to transfer money to MyanPay account.?

အဆင့်(၁)။     ။ လူကြီးမင်း၏ Browser တွင် www.ayaibanking.com ကိုရိုက်ထည့်၍ AYA iBanking System ကိုဖွင့်ပါ။login
အဆင့်(၂)။     ။ လူကြီးမင်း ၏ AYA iBanking Account ထဲသို့  username နှင့် Password ကို ရိုက်ထည့်ပြီး Login ဝင်ပါ။1
အဆင့်(၃)။     ။ Login ဝင်ပြီးပါက လူကြီးမင်း၏ Bank Account List ကိုမြင်ရပါလိမ့်မည်။ ထို့ နောက် “Payment” Menu အောက်တွင်ရှိသော “Transfer between others AYA account” ကို Click နှိပ်ပါ။
3-1
အဆင့်(၄)။       ။ ပထမဦးစွာ လူကြီးမင်း၏ Bank account (Debit account) ကိုရွေးပါ။ ထို့ နောက် Beneficiary Name နေရာတွင် “MYANPAY CO.,LTD” ကိုရွေးချယ်ပါ။ MyanPay Bank account number (0031103010004032) အလိုအလျောက်ပေါ်လာပါလိမ့်မည်။
*Note: အကယ်၍ “MYANPAY CO.,LTD” ကိုမမြင်ရပါက Beneficiary Registration for MyanPay ပြုလုပ်ပုံကို သိရှိရန်အတွက် ဤနေရာတွင် Click နှိပ်ပါ။
အဆင့်(၅)။       ။ ထို့ နောက် လူကြီးမင်းငွေလွှဲချင်သည့် ပမာဏကို ထည့်သွင်းပြီး Descriptions နေရာတွင် လူကြီးမင်း၏ Unique Reference ID ကို ထည့်သွင်းပေးပါ။
*Note: ဤအဆင့်သည် အလွန်အရေးကြီးသည့်အတွက် လူကြီးမင်း၏ Unique Reference ID ကိုထည့်သွင်းပေးရန် မမေ့ပါနှင့်။
*Note: အကယ်၍ လူကြီးမင်းအနေဖြင့် Unique Reference ID ထည့်သွင်းပုံကို မသိရှိပါက ဤနေရာတွင် Click နှိပ်ပါ။
အကယ်၍ Save transfer content to template ပြုလုပ်လိုပါက “Is saved” တွင် အမှန်ခြစ်ထည့်ပြီး  နောက်ပိုင်း ငွေလွှဲရာ  တွင် အသုံးပြုရန်အတွက် template name တစ်ခုပေးပါ။
6
အဆင့်(၆)။     ။ ဤအဆင့်တွင် လူကြီးမင်းအနေဖြင့် အသေးစိတ်အချက်အလက်များကို ပြန်လည်စစ်ဆေးပေးရန်လိုအပ်ပါသည်။ အချက်အလက်များမှန်ကန်ပါက “Confirm” button ကိုနှိပ်ပါ။
7
အဆင့်(၇)။       ။ ယခုအဆင့်တွင် AYA iBanking System မှ one time password (OTP) စနစ်ဖြင့် ထပ်မံအတည်ပြုပေးပါမည်။ လူကြီးမင်း၏ OTP code ကို ရိုက်ထည့်ပြီး “Apply” button ကို Click နှိပ်ပါ။
8
အဆင့်(၈)။     ။ ယခုအခါတွင် MyanPay account ထဲသို့ ငွေလွှဲခြင်း အောင်မြင်သွားပြီဖြစ်ပါသည်။အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
9
– ကျွန်ုပ်တို့  Operation Team မှ လူကြီးမင်း၏ လုပ်ဆောင်ချက်နှင့် ငွေပမာဏ ကို အတည်ပြုပေးပြီးပါက လူကြီးမင်း၏ MyanPay အကောင့်ထဲသို့ ငွေထည့်သွင်းပေးပြီးကြောင်း Email နှင့် SMS ကိုရရှိမည်ဖြစ်ပါသည်။
*Note:: လူကြီးမင်းအနေဖြင့် AYA iBanking မှ ငွေလွှဲသည့်အဆင့်ကို လုပ်ဆောင်ပြီးပါက ကြာချိန် (၂နာရီ မှ ၂၄နာရီအတွင်း) ကျွန်ုပ်တို့၏ Operation Team မှ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

How to check your Unique Reference ID

– လူကြီးမင်း MyanPay Account ၏ သီးခြားဖြစ်သော ကိုယ်ပိုင် Unique Reference ID သည် AYA Bank iBanking စနစ်မှ ငွေထည့်သွင်းရာတွင် လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရန်အတွက် အရေးကြီးသော Unique Transaction Reference နံပါတ် ဖြစ်ပါသည်။
– ထို့အတွက်ကြောင့် AYA Bank iBanking စနစ်မှတဆင့် ငွေဖြည့်သွင်းရာတွင် Unique Reference ID အား မမေ့မလျော့ ထည့်သွင်းပေးရန် လိုအပ်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
အဆင့်(၁)။ ။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login
အဆင့်(၂)။ ။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step2
အဆင့်(၃)။ ။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From Internet Banking’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
step2
အဆင့်(၄)။ ။ ပထမဦးစွာ လူကြီးမင်း၏ Bank Account အား ရွေးချယ်ပေးပါ။ ထို့နောက် လူကြီးမင်းဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်းပေးပါ။
*Note: လူကြီးမင်း၏ Bank Account မထည့်သွင်းရသေးပါက “Add your Bank Account Information” Link မှတဆင့် ဖြည့်သွင်းနိုင်ပါသည်။
step2
အဆင့်(၅)။ ။ နောက်တဆင့်သွားရန်အတွက် “Continues” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step3
အဆင့်(၆)။ ။ ထို့နောက် “Add Fund” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း “MP” ဖြင့် စသော လူကြီးမင်း၏ Unique Reference ID အား တွေ့မြင်ရပါလိမ့်မည်။
အဆင့်(၇)။ ။ ထို Unique Reference ID အား AYA Bank iBanking စနစ်မှတဆင့် ငွေဖြည့်သွင်းမှုတိုင်းတွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

No comments:

Post a Comment