Friday, June 30, 2017

Binary တွင် အွန်လိုင်းဝင်ငွေရှာခြင်း

Binary တွင် အွန်လိုင်းဝင်ငွေရှာခြင်း




1 
- Binary အကောင့်ဖွင့်နည်းနှင့် Verify လုပ်နည်း

Binary ဆိုတာကတော့ Online မှာ Trading လုပ်ရတဲ့ Trading Broker ပါပဲ။ Binary ကတစ်ခြား Broker တွေနဲ့မတူတာက Trading သဘောမျိုးမဟုတ်ပဲ Gambling နည်းနည်းဆန်ပါတယ်။ သူ့ရဲ့ Trade ရတဲ့ပုံစံက ကိုယ်ယူလိုက်တဲ့ Entry point ကိုသတ်မှတ်ချိန်အတွင်း တက်မလား ကျမလား Trade ရတဲ့သဘောပါ။ Trade ပုံ Trade နည်းကို အောက်မှာရေးသားဖော်ပြထားပါတယ်


အခုတော့ Binary မှာ အကောင့်ဖွင့်ပုံ Verified လုပ်ပုံကို အရင်ရေးပေးပါ့မယ်။
1. ပထမဆုံးအကောင့်ဖွင့်ရန် >>https://www.binary.com/ << နှိပ်ပါ။

2. ပြီးရင် အောက်ကပုံအတိုင်း Email, Country, Password ကိုထည့်ပြီး Create Account ကိုနှိပ်လိုက်ပါ။
3. Virtual Account ပဲရပါသေးတယ်။ Real Account လုပ်ရန် Upgrade to a Real Account
ကိုနှိပ်လိုက်ပါ။

4. Email Verify လုပ်ရပါမည်။ Send Verification Email ကိုနှိပ်လိုက်ပါ။ ပြီးရင် Email ထဲမှာ Binary ကပို့လာတဲ့ Verification Link ကိုနှိပ်လိုက်ပါ။ 


5. Register လုပ်ထားတဲ့ Email ပြန်ထည့်ပါ။ ပြီး Proceed ကိုနှိပ်ပါ။ 

6. Profile အချက်အလက်တွေထည့်ပါ။
မှတ်ချက် - အနီဝိုက်ပြထားသော Name, Date of Birth အရေးကြီးပါသည်။ မိမိနာမည်အရင်းနှင့်မွေးနေ့အမှန် (မှတ်ပုံတင် or Driving License တွင်ပါသောနာမည်) ထည့်ပါ။ Age Verify လုပ်ရပါမည်။ Verify မလုပ်ပါက Cashier Lock ကျ၍ငွေသွင်းငွေထုတ်လုပ်၍ရမည်မဟုတ်ပါ။
အားလုံးထည့်ပြီးလျှင် Open Account ကိုနှိပ်လိုက်ပါ။ 

7. ပုံပါအတိုင်း Real Account နှင့် Virtual Account ၂ ခုရှိပါသည်။ မိမိ Trade ချင်သောအကောင့်ကို ပြောင်း၍ Trade လို့ရပါသည်။ Real Account ကတော့အမှန်တစ်ကယ် ပိုက်ဆံထည့်၍ Trade ရပါသည်။ Virtual Account ကတော့ အစမ်း Trade ရတဲ့အကောင့်ပါ။ 


8. Age Verification မလုပ်ထားပါက ငွေထုတ်သည့်အချိန်တွင် Cashier Lock ကျပါသည်။ ထို့ကြောင့် Trade မလုပ်သေးပဲ အစမ်း Deposit $5 လောက်သွင်းလိုက်ပါ။ ပြီးရင် Trade ပြီးထုတ်ကြည့်ပါ။ Trade မလုပ်ပဲ ထုတ်လည်းရပါသည်။ Cashier Lock ကျသည်အထိလုပ်ကြည့်ပါ။ Cashier Lock ကျသွားပါက အောက်ပါအတိုင်း binary မှ Email ပို့လာပါလိမ့်မည်။
ကျွန်တော်ကတော့ ပထမ Passport ပို့ပါသည်။ Passport က Expiry ဖြစ်နေပါသည်ဆိုပြီးအကြောင်းပြန်လာပါသည်။ ထိုအခါမှ မှတ်ပုံတင်ကို ပို့ပြီး အကျိုးအကြောင်းပြောပြလိုက်ပါသည်။
နောက်ဆုံး Cashier Lock ဖြေပေးလိုက်ပြီဖြစ်ကြောင်း စာပြန်လာပါတယ်ခင်ဗျာ။
အောက်မှာပုံနှင့်တကွ ပြထားပါတယ်။ 













9. Cashier Lock ကျသည်အထိမစောင့်နိုင်ပါက ကြိုတင်၍ Verify လုပ်ထားလို့ရပါတယ်။
Passport or Driving License (English လိုရေးထားတာ) ကို Scan ဖတ်ပြီး helpdesk@binary.com ကိုပို့လို့ရပါတယ်။ မှတ်ပုံတင်ပို့မည်ဆိုပါက ဘဏ်စာအုပ်နှင့်တွဲပို့လျှင် ပိုကောင်းပါသည်။
စာကိုအောက်ပါအတိုင်းထည့်ပေးနိုင်ပါသည်။ နမူနာရေးပေးထားတာပါ။ အဆင်ပြေသလိုရေးလို့ရပါသည်။
To : helpdesk@binary.com
Subject : မိမိအကောင့်နံပါတ်(ဥပမာ - CR12345) - Age Verification
Message :
Dear Binary Team,
I have registered an account at Binary.com and would like to verify my age in advance not to lock my cashier. Please see attached files for your information. (I only have my national ID and it is written in our language. I am afraid you may not understand and send you the ID together with my bank account book.) I will appreciate if you could accept my verification.
Please let me know if you need further information.
Regards, (မိမိနာမည်ထည့်ပါ။) အနီနဲ့ရေးထားတာကတော့ မှတ်ပုံတင်ပို့မည့်သူတွေအတွက် ထပ်ထည့်ပေးရမည့်စာပါ။ Passport or Driving License တင်တဲ့သူအတွက်တော့မလိုပါ။

========================================================================


2-
Binary တွင် Deposit ထည့်နည်း 

Binary တွင် Register လုပ်နည်းကိုတော့ရေးပေးပြီးပြီ။
အခုတော့ binary မှာ Deposit ထည့်ပုံကိုဖော်ပြပေးပါမည်။

1 . Binary တွင် Deposit လုပ်ရန် Cashier >>> Deposit ကိုသွားပါ။ Real Account ဖြစ်ရပါမည်။ 

2. Currency ရွေးပါ။ USD or Euro ရပါတယ်။ အဆင်ပြေတာရွေးပါ။ ပြီးရင် Continue ကိုနှိပ်ပါ။

3. ပြီးရင် Deposit လုပ်မယ့်အကောင့်ရွေးရပါတယ်။ Perfect Money သုံးမှာဖြစ်တဲ့အတွက် Perfect Money(PM) ကိုရွေးလိုက်ပါတယ်။

4. အသုံးပြုမယ့် Currency, Deposit လုပ်မယ့် Amount ကိုထည့်ပြီး Next ကိုနှိပ်လိုက်ပါ။(အနည်းဆုံး $5 လုပ်ရပါ့မယ်။)


5. နောက်တစ်ဆင့် Continue ကိုနှိပ်ပါ။


6. ပြီးရင် Make Payment ကိုနှိပ်ပါ။

7. PM ကို Log in ဝင်ပါ။ Preview payment နှိပ်ပါ။


8. အားလုံးမှန်ရင် Confirm payment နှိပ်ပါ။


9. Code Card ခံထားသည့်အတွက် နံပါတ်တောင်းပါသည်။ Code Card မှနံပါတ်ထည့်ပေးပြီး Confirm နှိပ်ရပါ့မယ်။ Code Card ခံမထားရင်တော့မလိုပါ။ တစ်ခါတည်းပေးလိုက်ရင်ရပါတယ်။

10. Continue ကိုနှိပ်လိုက်လို့အောက်ကပုံအတိုင်းပေါ်လာရင် Payment successful ဖြစ်ပါတယ်။






11. View Balance ကိုကြည့်လိုက်ပါက Deposit လုပ်ထားတာရောက်နေပါလိမ့်မယ်။



========================================================================3-

3-Binary တွင်ဘယ်လို Trade မလဲ???

Binary သည် Gambling ဆန်တဲ့အတွက် Trade ပုံ Trade နည်းပဲရှင်းပြလို့ရပါမည်။အနိုင် အရှုံးကတော့ မိမိလောဘ နှင့် ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်။

1. အကောင့်ဖွင့်ပြီး-Deposit ထည့်ပြီးပါက-Trade ရန် Start Trading ကိုနှိပ်ပါ။

Trade ရန် Forex, Indices, Stocks, Commodities, Randoms စသည်ဖြင့် ၅ မျိုး Trade လို့ရပါတယ်။ မိမိနှစ်သက်ရာ Trade ပါ။ ကျွန်တော်ကတော့ Randoms ကို Trade ဖို့ရွေးလိုက်ပါတယ်။ 
2. အောက်ပါအတိုင်း Trade ပါမည်။
  • Random Yang ကိုရွေးပါတယ်။(မိမိကြိုက်တာရွေးလို့ရပါတယ်။)


  • အချိန်က ၁ မိနစ်ပါ။(Hours, Minutes, Second, Ticks ကြိုက်တဲ့ကချိန်ရွးပါ။)


အပြာရောင်မြားပြထားတာကတော့ လက်ရှိဖြစ်နေတဲ့ဈေးပါ။ 
  • $1 ဖိုး Trade ပါမယ်။ (မိမိကြိုက်သလောက် Trade လို့ရပါတယ်။)



Higher နဲ့ Lower ရှိပါတယ်။အချိန် ၁ မိနစ်အတွင်းလက်ရှိဈေးထက် "တက်" မည်ထင်ပါက Higher မှာ Purchase လုပ်ရပါမည်။ဈေး "ကျ" မည်ထင်ပါက Lower တွင် Purchase လုပ်ရပါမည်။

  • တက်မည်ထင်သည့်အတွက် Higher ကို Purchase လုပ်ပါ့မယ်။



Payout ကတော့မိမိစုစုပေါင်းပြန်ရမယ့်ပမာဏပါ။
Payout က Purchase price နဲ့ Net profit ပေါင်းရင်ရပါတယ်။ (အစိမ်းရောင်မြားဖြင့်ပြထားပါတယ်။)

Purchase  = 0.53
Net profit  = 0.47
------------------------
Payout =      1.00

**Payout $1 ဖိုး Trade ပါက ရှုံးလျှင် $0.53 ကုန်မည်ဖြစ်ပြီး နိုင်လျှင် $0.47 ရပါမည်။**

3. Purchase (Trade) ပြီးပါက View တွင်ကြည့်လို့ရပါတယ်။ ၁ မိနစ်တွင်း ဈေးတက်သွားတဲ့အတွက် Trade တာမှန်ပါတယ်။ $0.47 အမြတ်ရပါတယ်။



4. Chart ကြည့်နည်းပြောပြပါ့မည်။ Charting ကိုသွားလိုက်ပါက Chart ၃ မျိုးရှိပါတယ်။ HighCharts ကိုကြည့်ပါ့မယ်။ မိမိကြိုက်တာကိုကြည့်လည်းရပါတယ်။

5. HighCharts တွင် Instruments ကိုသွား၍ မိမိကြည့်လိုသော Chart ကိုရွေးရပါမည်။ Random Yang ကိုရွေးပါမည်။
6. Random Yang ရွေးပြီးပါက Chart period ရွေးရပါသည်။ 5min ကိုရွေးပါမည်။ အကွက်ထဲတွင် မိနစ်ရိုက်ထည့်လည်းရပါတယ်။



7. Chart ပေါ်လာပါပြီ။ အခု Chart ကတော့ Candlestick ပါ။ တစ်တိုင်ကို 5min ပါ။ မိမိကြည့်လိုသော Chart ပုံစံကို ဒုတိယပုံအတိုင်း ရွေးလို့ရပါတယ်။ Chart ကိုကြည့်၍ အတက် အကျ ခန့်မှန်းပြီး Trade ရပါသည်။


========================================================================
4 - Binary မှငွေထုတ်နည်း 


အခုတစ်ခါကတော့ Binary မှငွေထုတ်ပုံထုတ်နည်းကို ပြပေးမှာဖြစ်ပါတယ်။
1. အရင်ဆုံး Cashier ကိုနှိပ်ပါ။
2. Withdraw ကိုနှိပ်ပါ။


3. ငွေထုတ်တာ အတည်ပြုရန် Email သို့ Withdrawal Verification Email ပို့ပါသည်။ မိမိ Email ကိုဝင်ပြီးစစ်လိုက်ပါ။


4. Binary ကငွေထုတ်တာအတည်ပြုရန် Email ပို့ထားပါသည်။ အတည်ပြုရန် Email ထဲရှိ Link ကိုနှိပ်ပါ။




5. မိမိ Email ကိုပြန်ထည့်၍ Proceed ကိုနှိပ်ပါ။


6. မိမိထုတ်လိုသော ပမာဏကိုထည့်ပါ။ Available Balance ကတော့ ထုတ်လို့ရတဲ့ ပမာဏပါ။
ကျွန်တော်ကတော့ အကုန်ထုတ်ပါ့မယ်။

ပြီးရင်ထုတ်ချင်တဲ့ Payment Method ကိုရွေးပါ။ Perfect Money ဖြင့်ထုတ်မည်ဖြစ်၍ Perfect Money ကိုရွေးပါတယ်။
(Deposit လုပ်သောအကောင့်ဖြင့်သာ ပြန်ထုတ်၍ရပါသည်။  တစ်ခြားအကောင့်ဖြင့်ပြောင်းထုတ်၍မရပါ၊)
တစ်ခြားအကောင့်ဖြင့်ထုတ်လိုပါက ထုတ်လိုသောအကောင့်ဖြင့် Deposit ထပ်လုပ်ရပါသည်။


7. အကောင့်နံပါတ် မှန် မမှန်စစ်ပါ။ 
(PM U ၁ ခုထက်ပို၍ Deposit လုပ်ထားပါက မိမိထုတ်လိုသော U ကိုဒီနေရာမှာ ရွေး၍ထုတ်လို့ရပါသည်။)
ပြီးရင် Submit Request ကိုနှိပ်ပါ။


8. အောက်ပါအတိုင်း ငွေထုတ်ရန် request လုပ်ထားကြောင်း confirm ဖြစ်ပါ ကရပါပြီ။
မိမိငွေထုတ်ထားတာ စစ်လိုပါက (သို့) Cancel လုပ်လိုပါက Click here to review your payout requests ကိုနှိပ်ပါ။


9. ငွေထုတ်ထားတာ Pending ဖြစ်နေပါလိမ့်မယ်။ Cancel လုပ်လိုပါက အစိမ်းရောင်မြားပြထားသောနေရာကို အမှန်ခြစ်ပေး၍Cancel Selected Requests ကိုနှိပ်လိုက်ပါ။

မှတ်ချက် - ငွေထုတ်လျှင် အများဆုံး ၂၄ နာရီအတွင်းရပါသည်။ ပုံမှန်အတိုင်းဆိုပါက ၁ နာရီ ၂ နာရီအတွင်းရပါသည်။ စနေ၊ တနင်္ဂနွေ ၂ ရက်တော့ငွေထုတ်မပေးပါ။



  အဆင်ပြေကြပါစေ

အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး

အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး



အောင်မြင်မှုဆိုတာဟာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့် လမ်းကို မြင်နေပေမယ့်လည်း ပန်းတိုင်ကို ရှာဖွေနိုင်ဖို့တော့ ခက်နေပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ ဘ၀မှာ အောင်မြင်မှု ပန်းတိုင်ကို သေချာပေါက်ရောက်စေမယ့် စကားလုံး ၁၀ လုံး ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျော်ရွှင်မှု (Happiness)
+++++++++++++++++++
ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ဘ၀ရဲ့ လမ်းစဉ်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်မှာ သင်မပျော်ပဲ အောင်မြင်မှုရဲ့အရသာ ကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်ဝက်လောက်တော့ အနိုင်ရသွားစေပါတယ်။

၂။ ယုံကြည်မှု (Belief)
++++++++++++++++
သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။

၃။ ရည်မှန်းချက် (Ambition)
++++++++++++++++++++
ရည်မှန်းချက်မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။ သင့်ရဲ့ ဖြစ်ချင်နေတဲ့အနေအထားတွေကို ကြိုတင်ရည်မှန်းထားပါမှ သင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။

၎။ စိတ်အားထက်သန်ခြင်း ( Passion )
++++++++++++++++++++++++++++
ဘာအလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။

၅။ လွှမ်းမိုးမှု ( Inspiration )
++++++++++++++++++++
သင့်ကို လွှမ်းမိုးနိုင်မယ့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။ ထိုအရာက သင့်ကို လမ်းပြပေးနိုင်မှာပါ။

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ( Confidence )
+++++++++++++++++++++++++++++++
သင်မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ကိုယ့်ကိုကို ယုံကြည်မှုသာလျှင် သင့်ကိုနေရာပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဟာ သင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။

၇။ လူ့ကျင့်ဝတ် ( Ethics )
+++++++++++++++++++
ကျင့်ဝတ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်း ဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင့်ကို လူအားလုံးနဲ့မတူညီပဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ပဲဖြစ်ပါတယ်။

၈။ အမြင် ( Vision )
++++++++++++++++
သင့်ဘ၀ ကို သင်ဘယ်လို ပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။ ထို အမြင်တွေကပဲ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မှာပါ။

၉။ လက်ခံတတ်ခြင်း ( Yes )
+++++++++++++++++++++
အရာရာကို လက်ခံတတ်ပါစေ။ အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။ သင်အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။

၁၀။ လူသားဆန်တတ်ခြင်း ( Humility )
++++++++++++++++++++++++++++
လူသားဆန်ခြင်းဟာ အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။ ကျရှုံးပြီး ပြန်လည် ထ နိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှ က သင့်ကို ပြန်လည်အောင်မြင်လာစေမှာပါ။
အောင်မြင်ကြပါစေ။

Ref:mensxp

အရှုံးမပေးသရွေ့

အရှုံးမပေးသရွေ့



“နင် ရှုံးနေပြီပဲ။ အရှုံးပေးလိုက်တော့”
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မတို့ အိမ်ရှေ့ သစ်ပင်ရိပ်အောက်မှာ စစ်တုရင်ခုံလေးချပြီး စစ်တုရင်ထိုးတမ်း ကစားနေကြတဲ့ ကလေးတွေထဲက တစ်ယောက်ရဲ့ စကားသံက ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့တာကို ကြားလိုက်ရချိန်မှာ ဘာရယ်မဟုတ်ဘဲ ကျွန်မ အိမ်အပြင်ဘက် ထွက်ကြည့်ရင်း နားစွင့်နေလိုက်မိပါတယ်။
“ငါ မရှုံးသေးပါဘူး”


“ရှုံးတော့မှာပဲဟာကို။ လုပ်မနေနဲ့ ငါနိုင်မှာ သေချာနေပြီပဲ။ နင် စောစောစီးစီး အရှုံးပေးလိုက်တော့”
ကစားနေရာကနေ ကလေးတစ်ယောက်က သူနိုင်တော့မှာ သေချာနေတဲ့အတွက် စိတ်မရှည်သလို အော်ဟစ်ပြောနေတာပါ။ သူ့ရဲ့ မျက်နှာမှာလည်း အနိုင်လိုချင်စိတ်တွေက အထင်းသား။ သူ့ကိုယ်သူလည်း ဒီကစားပွဲမှာ နိုင်မယ်လို့ တထစ်ချ ယုံကြည်ထားသလို တစ်ဖက်ကလေးဆီကနေ အရှုံးပေးစကားသံကိုလည်း သူကြားချင်နေပုံ ရပါတယ်။ တကယ်လည်း ဒီကစားပွဲက သူနိုင်တော့မှာပါ။ သိပ်မကြာခင်မှာဘဲ အဲ့ဒီကလေးက ၀မ်းသာအားရ “ချက်” လို့ အော်လိုက်ချိန်မှာတော့ တစ်ဖက်ကလေးလေးရဲ့ မျက်နှာက ငိုတော့မလို မဲ့သွားပါတယ်။

ဘယ်ဘက်က ပြေးပြေး မလွတ်နိုင်တော့တဲ့ သူ့ရဲ့ ဘုရင်အရုပ်ကို နှမြောတသနဲ့ ကြည့်နေတဲ့ ကလေးလေးက နောက်ဆုံးအချိန်ထိတောင် အရှုံးပေးချင်ပုံ မရပါဘူး။ အချိန်အတော်ကြာအောင် စဉ်းစားနေတဲ့ ကလေးလေးကို တစ်ဖက် ကလေးလေးကလည်း စကားသံအမျိုးမျိုးနဲ့ ရှုံးနေပြီပဲ၊ အရှုံးပေးလိုက်တော့ဆိုတဲ့ စကားသံတွေနဲ့ လှောင်ပြောင်နေပါတယ်။ ကျွန်မလည်း သူတို့ကစားပွဲကို အရမ်းစိတ်ဝင်စားပါတယ်။ အထူးသဖြင့် တစ်ဖက်ကလေးလေးက သူရှုံးနေပြီလို့ ပြောလို့ရတဲ့ အခြေအနေထိတောင် အရှုံးပေးပါတယ်ဆိုပြီး လွယ်လွယ်ပြောပြီး ကစားပွဲကို အေးဆေးအဆုံးမသတ်ဘဲ အသည်းအသန် လွတ်လမ်းတစ်ခုခု ရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကစားကွက်တွေကို သေချာလေ့လာ စဉ်းစားနေတဲ့ သူ့ရဲ့စိတ်ဓာတ်ကိုလည်း ကျွန်မ လေးစားမိပါရဲ့။

၁၀ မိနစ်လောက်ကြာတဲ့ အချိန်မှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပါတော့တယ်။ စစ်တုရင် အရုပ်လေးတစ်ရုပ်ကို ဟန်ပါပါနဲ့ ရွှေ့လိုက်ရင်း ‘ချက်’ လို့ ပြန်အော်လိုက်တဲ့ ကလေးလေးက ခုနက လွယ်လွယ်နဲ့ အရှုံးမပေးသေးဘဲ အကြိတ်အနယ် စဉ်းစားနေတဲ့ ကလေး ဖြစ်နေလို့ပါပဲ။ ခုနက နိုင်မယ်လို့ တထစ်ချ ယုံကြည်နေတဲ့ ကလေးအပြင် ကျွန်မကိုယ်တိုင်ပါ ကြည့်နေရင်း အံ့သြသွားရပါတယ်။ နောက်ဆုံးတော့ နိုင်မယ်သေချာနေတဲ့ ကလေးလေးကပဲ တစ်ဖက်ကလေးကို ရှုံးသွားခဲ့ပါတယ်။ နိုင်သွားတဲ့ကလေးက ရှုံးသွားတဲ့ကလေးကို ပြုံးပြရင်း စကားတစ်ခွန်း ပြောလိုက်ပါတယ်။


“ငါ အရှုံးမပေးသေးသရွေ့ ငါ မရှုံးသေးဘူး။ အဲ့ဒါ မှတ်ထား” တဲ့။
ကလေးကတော့ ဘာရယ်မဟုတ် သူနိုင်သွားတဲ့အတွက် သူ့စိတ်ထဲရှိတာကို ပွင့်လင်းစွာ ပြောသွားခဲ့တာပါ။ ဒါပေမဲ့ တစ်ခုခုဆို ဆက်စပ်စဉ်းစား တွေးခေါ်ရတာကို သဘောကျတဲ့ ကျွန်မအတွက် ဒီကလေးတွေ အပျော်သက်သက် ကစားနေတဲ့ စစ်တုရင် ကစားပွဲလေး တစ်ပွဲကနေလည်း သင်ခန်းစာတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားစရာ အတွေးတွေလည်း အများကြီး ရရှိခဲ့ပါတယ်။


ဒီကစားပွဲမှာ အနိုင်ရသွားတဲ့ ကလေးလေးကသာ နောက်ဆုံးအချိန်ထိ အလျှော့မပေးတဲ့ စိတ်ဓာတ်နဲ့ မကြိုးစားဘဲ သူများပြောတဲ့ စကားတွေကြားမှာ စိတ်ဓာတ်ကျ၊ လွယ်လွယ်နားယောင်ပြီး အရှုံးပေးခဲ့မယ်ဆိုရင် ဒီပွဲမှာ သူ အခုလို အနိုင်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အားလုံးက သူရှုံးနေပြီလို့ သတ်မှတ်ထားပေမယ့် သူကိုယ်တိုင် အရှုံးမပေးသေးတဲ့ အချိန်ထိ သူမရှုံးသေးဘူး ဆိုတာကို အပြောနဲ့တင် မဟုတ်ဘဲ အလုပ်နဲ့ပါ ကလေးလေးက သက်သေပြလိုက်နိုင်ပါတယ်။


ကျွန်မတို့ ဘ၀တစ်လျှောက်လုံးမှာလည်း ကျောင်းပညာရေးနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ၊ ပြိုင်ပွဲတွေ၊ အနိုင်-အရှုံး သတ်မှတ်ထားတဲ့ ကစားပွဲတွေ များစွာအပြင် ဘ၀ရဲ့ အခက်အခဲတွေ၊ လောကဓံတရားတွေ၊ ဘ၀ရဲ့စာမေးပွဲတွေ များစွာကို ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ ကျွန်မတို့ ဘယ်လိုဆုံးဖြတ်ခဲ့သလဲ၊ ဘယ်လို စိတ်ဓာတ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ။ ဘယ်လိုရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သေချာပြန်စဉ်းစားကြည့်ရင် အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။


“အရှုံးပေးရင် နှလုံးအေးတယ်၊ ဒီတော့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဘာကိုပဲဖြစ်ဖြစ် ပြိုင်ဆိုင်မနေနဲ့။ အရှုံးပေးလိုက်။ သူ့ကို အရှုံးပေးလိုက်တော့ရော ကိုယ်ကဘာတွေ ယုတ်လျော့သွားလို့လဲ။ အရှုံးပေးတယ်ဆိုတဲ့ စကားကို ကြားချင်တဲ့သူတွေကို အရှုံးပေးတယ် ပြောလိုက်တော့ရော သူက နိုင်သွားလို့လား။ အဲ့ဒါ အတွက်နဲ့ ငြင်းခုံရန်ဖြစ်နေတာ၊ သူနိုင်ကိုယ်နိုင် အချေအတင် ပြောနေတော့လည်း စိတ်ဆိုးဒေါသဖြစ်ပြီး အချင်းချင်း မတည့်တော့ဘူး ဖြစ်တာပဲ အဖတ်တင်တယ်။ ဒီတော့ အရှုံးပေးလိုက်တာက အေးချမ်းတယ်” တဲ့။ ကျွန်မ ကလေးဘ၀တုန်းက သူငယ်ချင်းတွေနဲ့ ဆော့ကစားပြီး ငြင်းခုံရန်ဖြစ်တဲ့အခါ ကျွန်မရဲ့ ဆရာမတစ်ယောက်က ဆုံးမပြောဆိုနေကျ စကားတွေပါ။


ကျွန်မ ဆရာမ ပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အနိုင်-အရှုံး သတ်မှတ်ချက်တွေ၊ ပြိုင်ဆိုင်ရတာတွေကို စိတ်မ၀င်စားတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ ‘နေရာတကာမှာ အပြိုင်အဆိုင်ရှိမှ တိုးတက်တာ’ ဆိုတဲ့စကား၊ ‘အမြဲတမ်းအလျှော့ပေး၊ အရှုံးပေးရင် ကိုယ့်အရည်အသွေးတွေ ငုပ်သွားတတ်တယ်’ ဆိုတဲ့ စကားတွေကလည်း အလကားတော့ ရှိနေတာ မဟုတ်ဘူးဆိုတာကို တစ်ဖက်က ပြန်တွေးမိပါရဲ့။


အဲ့ဒါနဲ့ပဲ ကျွန်မတို့တွေက အရာအားလုံးကို လျစ်လျူရှုအလျှော့ပေး၊ အရှုံးပေးလိုက်ကြတော့မှာလား။ ဘာပဲဖြစ်ဖြစ် ငြိမ်ခံနေလိုက်ကြတော့မှာလား။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့ ပြိုင်ဆိုင်မှုတွေအတွက် အချိန်ကုန်ခံ ပြိုင်ဆိုင်မနေတတ်ဖို့ဆိုတာ ကျွန်မတို့ လူသားတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တတ်တဲ့ ဆင်ခြင်နိုင်စွမ်းပေါ် မူတည်ပါတယ်။ ဒါပေမဲ့ လောကဓံကို အန်တုရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်၊ ဘာတွေနဲ့ပဲ ကြုံလာကြုံလာ အပြုံးမပျက် ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်တွေရှိဖို့ဆိုတာ လောကဓံကို၊ ကျွန်မတို့ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အရှုံးမပေး၊ အလျှော့မပေးတတ်တဲ့ ဇွဲစိတ်ဓာတ်မျိုးရှိမှပဲ ဖြစ်မှာပါ။ ဥပမာ-အများကောင်းကျိုးအတွက် ကျွန်မတို့ လုပ်ဆောင်တဲ့နေရာမှာ ကျွန်မတို့ လိုချင်တဲ့ပစ်မှတ်က လူအများအဆင်ပြေဖို့၊ စိတ်ချမ်းသာဖို့ ဖြစ်တယ်ဆိုရင် အဲ့ဒီအရာကိုရဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစားတဲ့အခါ ကျွန်မတို့ လုပ်နေတဲ့အလုပ်ကို ပျက်စီးအောင် အကြောင်းအမျိုးမျိုးကြောင့် မရရှိအောင် လုပ်ကြတဲ့ အတိုက်အခိုက်တွေ၊ ထိန်းချုပ်မှုတွေ၊ ကန့်သတ်မှုတွေကို ကျွန်မတို့တွေ ပျော့ညံ့တဲ့ စိတ်ဓာတ်နဲ့ အရှုံးပေးလိုက်ကြမှာလား။

‘အရှုံးပေးလိုက်တာ အေးပါတယ်’ ဆိုပြီး လူအများကောင်းကျိုးကို လူနည်းစုရဲ့ အာဏာပါဝါတွေနဲ့ ထိန်းချုပ်တိုက်ခိုက်မှုအတွက် အလျှော့ပေးလိုက် ကြတော့မှာလား။ ဒါဆိုရင် ကျွန်မတို့တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ မှန်ကန်တဲ့ စိတ်ဓာတ်တွေ၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်တွေက လွယ်လွယ်နဲ့ အလျှော့ပေး အရှုံးပေးချင်တဲ့ စိတ်ဓာတ်တွေကြောင့် လူအများရဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အားလုံးကို လွယ်လွယ်နဲ့ နောက်ဆုတ်အရှုံးပေး စတေးလိုက်တော့မှာလား။

ဒါပေမဲ့ အများကောင်းကျိုးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ တကယ်ကို ကိုယ့်မိသားစု၊ ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာတော့ လောကဓံရဲ့ တိုက်ခိုက်မှုကြောင့်သာ မဟုတ် ဘယ်သူ့ကိုမှ ဘယ်လိုအကြောင်း တရားမျိုးကြောင့်မှ အရှုံးပေးစရာ မလိုဘူးဆိုတဲ့ အသိကို သိရှိထားဖို့တော့ လိုအပ်ပါတယ်။
ကလေးလေး ပြောခဲ့တဲ့ စကားကိုပဲ ကျွန်မ ထပ်ပြောပါရစေ...
“ကျွန်မတို့ ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့ ကျွန်မတို့ မရှုံးသေးပါဘူး”

(ဆောင်းပါးရှင် - သဲသီရိကျော်)

ကျွန်တော်သိတဲ့ ပရော်ဖက်ရှင်နယ်

ကျွန်တော်သိတဲ့ ပရော်ဖက်ရှင်နယ်


ပရော်ဖက်ရှင်နယ်လို့ ပြောလိုက်တာနဲ့ လာလီဂါ၊ ပရီးမီးယားလိဂ်စတဲ့ ကမ္ဘာ့ထိပ်တန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေက ဘောလုံးသမားတွေကို မျက်လုံးထဲမြင်မိကြတယ်။ နာမည်ကြီး ဆရာဝန်ကြီး တွေ၊ စီးပွားရေး ပညာရှင်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ အိုင်တီနည်းပညာရှင်ကြီးတွေကို မြင်မိကြတယ်။ ဒီတော့ ပရော်ဖက်ရှင်နယ်ဆိုတာ သာမန် အလုပ်လုပ်သူတွေနဲ့ အရမ်းများ အလှမ်း ဝေးနေလား။

လူတွေရဲ့ ပင်ကိုဗီဇကိုက လောဘကြီးတယ်။ တချို့က တကယ်အလုပ်လုပ်ပြီး လောဘကြီးတယ်။ ဒါပေမဲ့ တချို့ကတော့ အချောင်ခိုပြီး လောဘကြီးကြတယ်။ အဲဒီမှာ ပြဿ နာကဘာလဲဆိုတော့ စိတ်ကူးတည့်ရာ လောဘအလိုက် ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် ယောင်စိန်တွေ ပိုများလာတာပါပဲ။ ဒါကို အပြစ်ပြောချင်လား။ အပြစ်မပြောချင်ပါနဲ့။ အင်စတီကျူးရှင်းကောင်းကောင်း မရှိတဲ့ အရပ် ဒေသမှာ အဆင့်မြင့်လူ့စွမ်းအားအတွက် အရည်အသွေး ထိုက်ထိုက်တန်တန်နဲ့ ပရော်ဖက်ရှင်နယ်ကို မြင်ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒီတော့ ယောင်စိန်ဖြစ်တာဟာ လုံးဝအသုံးမကျလို့ ဖြစ်တယ်လို့ ပြောဖို့ အတော်ခက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ထိုက်တန်သလောက် အလုပ်လုပ်နေရတဲ့ ကိုယ်ရှင်သန်ရာမှာ ပရော်ဖက်ရှင်နယ်လို့ ကိုယ့် ကိုယ်ကိုယ် ပြန်ခံစားမိအောင် လုပ်သင့်တာတွေတော့ ရှိနေတယ်။

ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ ပညာတတ်ရမှာလား။ ကိုယ့်လုပ်တဲ့အလုပ်ကို ခရေစေ့တွင်းကျ သိနေရ မှာလား။ သူများတွေ အထင်ကြီးလေးစားလောက်တဲ့ ပါရမီမျိုးတွေ ပိုင်ဆိုင်ထားရမှာလား။ နှစ်ကာလ များစွာ ဆည်းပူးလေ့လာထားတဲ့ အသိပညာတွေ၊ အရည်အချင်းတွေ ရှိနေရမှာလား။ ကျွန်တော်တို့မှာ လုံလောက်တဲ့အဖြေတွေ ရှိကောင်းရှိနိုင်တယ်။ ရှိချင်မှလည်း ရှိလိမ့်မယ်။ သေချာတာတစ်ခုကတော့ ထိုက်တန်တဲ့ အားထုတ်မှုမျိုးကို ကိုယ်လုပ်တဲ့အရာပေါ် အပ်နှင်းခြင်းဟာ ပရော်ဖက်ရှင်နယ်လို့ ကိုယ့် ကိုယ်ကိုယ် ခံစားဖို့အတွက် အကောင်းဆုံးအကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။

ကျွန်တော် ကလေးနှစ်ယောက် တွေ့ဖူးတယ်။ တစ်ယောက်ကို နယ်တစ်ခုကို လေ့လာရေး ခရီးသွားရင်းနဲ့ တွေ့ခဲ့တာ။ သူက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်နေတဲ့ အသက် ၁ဝ နှစ် အရွယ် ကလေးတစ်ယောက်။ လာသမျှလူတွေကို ဘာသုံးဆောင်မလဲ ယဉ်ယဉ်ကျေးကျေး မေးတယ်။ သူ့အမူအရာတည် တည်ငြိမ်ငြိမ်ပဲ။ လာထိုင်တဲ့သူတွေကို အာရုံနောက်အောင် မလုပ်ဘူး။ မှာတဲ့အရာကိုရဖို့ သေသေချာချာ အာရုံစိုက်ပေးတယ်။ စားသောက်နေတဲ့သူတွေရဲ့ မျက်နှာကို လှမ်းကြည့် အကဲခတ်ရင်း လိုတာလုပ်ပေးဖို့ သူအဆင်သင့် ဖြစ်နေတယ်။ သူ့ကိုကြည့်ရတာ စားသောက်ဆိုင်က အခိုင်းခံထားရတဲ့ကလေးနဲ့ မတူဘူး။ သူ့ စီးပွားရေးကို စိတ်ဝင်တစားလုပ်နေတာနဲ့ တူတယ်။ လူတွေရဲ့လိုအပ်ချက်တွေကို သူက အပေါ်ကနေ စီးမိုးကြည့်သလို မြင်နေတယ်။

နောက်တစ်ယောက်ကိုတော့ ရန်ကုန်မြို့ရဲ့ လမ်းဘေးတစ်နေရာက ညဘက်ဖွင့်တဲ့ လက်ဖက်ရည် ဆိုင်လေးတစ်ဆိုင်မှာ တွေ့ခဲ့ရတယ်။ ဒီကလေးကိုတော့ သူလုပ်လိုက်တဲ့ အမူအရာလေးတစ်ခုနဲ့ပဲ ကျွန်တော် အသိအမှတ်ပြုခဲ့တာပါ။ လက်ဖက်ရည်ဆိုင်ထိုင်ချိန်က အော်ဒါလာယူတဲ့သူက လူကြီးတစ်ယောက်ပဲ။ နောက်တော့ အဲကလေးက လက်ဖက်ရည်လာပို့တယ်။ လာပို့တဲ့အခါ “အစ်ကိုတို့မှာထားတာ ကျဆိမ့်တစ်ခွက်၊ ပေါ့ဆိမ့် တစ်ခွက်နော်” လို့ စပြောတယ်။ ညမီးရောင် အောက်မှာ လက်ဖက်ရည်ရဲ့အရောင်ကို တိုက်ရိုက်ခွဲဖို့ခက်ခဲနေတော့ သူက ဇွန်းလေးယူပြီး လက်ဖက်ရည်ခွက် တစ်ခွက်ထဲက အရည်ကို ခပ်လို့ ကျွဲမြီးတန်း ကြည့်လိုက်တယ်။ ပြီးတော့ “ဒါကျဆိမ့် အစ်ကို” တဲ့။ အော်ဒါကို လူကြီးကဖြစ်သလို လာပို့ခိုင်းလိုက်ပေမယ့် သူကတော့ သူ့တာဝန်ကို ဖြစ်သလိုလုပ်မသွားဘူး။ သူ့တန်ဖိုး သူပြသွားတယ်။ သူ့အသက် ကို မေးကြည့်တော့ ရှစ်နှစ်တဲ့။

ကျွန်တော့်စိတ်ထဲ မကောင်းဘူး။ ဒီ လောက်တော်တဲ့ ကလေးတွေ၊ အလုပ်ကို သေသေချာချာ လုပ်တတ်တဲ့ ဗီဇပါတဲ့ကလေးတွေ ကျောင်းမတက်၊ စာမသင်ရဘဲ ဒီလိုအလုပ်တွေ လုပ်နေရတယ်။ လက်ဖက်ရည်အတူသောက်တဲ့ သူငယ်ချင်းကတော့ပြောတယ်။ “ငါသာ ပိုက်ဆံရှိရင် ဒီကလေးမျိုး တွေကို ပညာသင်ပေးဖို့ တာဝန်ယူပေးလိုက်ချင်တယ်ကွာ” တဲ့။

ဒီလိုပြောတဲ့အခါ သူတို့အလုပ်က လွယ်လို့ ကောင်းကောင်းလုပ်နိုင်ကြတာ ဖြစ်တယ်လို့ ပြောတဲ့ သူများ ရှိလေမလား။ မထင်ပါနဲ့။ တံမြက်စည်းလှည်းရတဲ့ အလုပ်၊ ကြမ်းတိုက်ရတဲ့အလုပ်ဟာ ဘယ်လောက်ခက်လို့လဲ။ ဒါပေမဲ့ တချို့သန့်ရှင်းရေးဝန်ထမ်းတွေ အဲလိုမျိုး အလုပ်ကိုတောင် တာဝန်ကျေအောင် မလုပ်နိုင်ကြဘဲ ဘေးဘီကို လက်ညှိုးထိုး အပြစ်ပြောနေကြတယ်။ တချို့ကတော့ သူ့အိပ်ခန်းကို သူပြန်သန့်ရှင်းနေသလို သန့်ရှင်းနေစေဖို့ စိတ်ဆန္ဒနဲ့ ကြိုးစားလုပ်ဆောင်ကြတယ်။ ဒီတော့ ပရော်ဖက်ရှင်နယ်မှာ အဓိက လိုအပ်နေတာလေးကို ကျွန်တော်တို့ မြင်လာရပြီ။ ကိုယ်အခု လုပ်နေတဲ့အလုပ်ကို ဘယ်လိုစိတ်မျိုးနဲ့ လုပ်နေလဲ။ ဒါကို ပြန်သုံးသပ်ရင် ကိုယ်ဟာ ပရော်ဖက်ရှင်နယ်လို့ ပြန်သတ်မှတ်လို့ ရနိုင်မရနိုင် အဖြေထွက်ပါလိမ့်မယ်။

အလုပ်တိုင်းဟာ ခံစားသက်ဝင်မှုမရှိရင် ကျက်သရေ မဲ့နေတတ်တယ်။ ခံစားသက်ဝင်မှု မရှိတဲ့အခါ အလုပ်လုပ်တဲ့ပုံစံဟာ ပေါ့ပြက်ပြက်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် မကျေမနပ်ပုံစံ ဖြစ်နေလိမ့်မယ်။ အလုပ်မှာ ပေါ့ပြက်ပြက်ဖြစ်တာလည်း မကောင်းဘူး။ မကျေမနပ်ဖြစ်တာလည်း မကောင်းဘူး။ တချို့ အလုပ်သိပ်မလုပ်ရပေမယ့် လုပ်ရတဲ့အလုပ်ကို မျက်နှာဆူပုပ်ပြီး လုပ်တတ်တယ်။ တချို့ကတော့ အလုပ်တွေ တန်းစီနေရင်တောင် ပြုံးရွှင်ပြီး စိတ်ဝင်စားမှုအပြည့်နဲ့ လုပ်တတ်တယ်။ သေချာတာ ကတော့ ကိုယ့်အလုပ် ကိုယ့်တာဝန် ကိုယ်လုပ်ရတာကို ညည်းညူနေတဲ့သူတွေဟာ တခြားသူ တွေရဲ့အမြင်မှာ ဘယ်လိုမှ တင့်တယ်ခြင်း မရှိနိုင်တာပါပဲ။

ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားက တရားမျှတပါတယ်။ ဘယ်လိုဘွဲ့ကြီးရမှ၊ ဘယ်လိုပညာကြီးတတ်မှ ဆိုတာမျိုး မဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက်လည်း ပရော်ဖက်ရှင်နယ် ဖြစ်နိုင်တယ်။ ပန်းရန်ဆရာတစ်ယောက်လည်း ပရော်ဖက်ရှင်နယ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ကျေဖို့နဲ့ လေ့လာသင်ယူနေဖို့တော့ လိုအပ်တယ်။ တာဝန်ကျေတယ်ဆိုတာက သူများ ဒီဟင်းနဲ့ မှာလို့ ဒီဟင်းချပေးရုံ၊ သူများ ဒီအလုပ်ခိုင်းလို့ ဒါလုပ်ပေးလိုက်ရုံဆိုတာမျိုးကို မဆိုလိုပါဘူး။ ကိုယ်ဟာ ထမင်းဟင်းရောင်းတဲ့သူဆိုရင် အရသာကောင်းဖို့၊ သန့်ရှင်းဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့စတဲ့ အချက်တွေကိုပါ စဉ်းစားပြီးလုပ်ဆောင်နေရမယ်။ ကိုယ့်အလုပ်ကိုကိုယ် ဘယ်လိုအကောင်းဆုံး ဖြစ်အောင် လုပ်ရမလဲ မစဉ်းစားဘဲနဲ့တော့ ကိုယ်ဟာ ဘယ်တော့မှ ပရော်ဖက်ရှင်နယ် မဖြစ်ပါဘူး။ အမြဲ လေ့လာသင်ယူနေပြီး စေတနာထား လုပ်ဆောင်တတ်ခြင်းဟာ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့အတွက် အစားထိုးစရာမရှိတဲ့ နည်းလမ်းကောင်းပါပဲ။

သူငယ်ချင်းတွေကြားထဲမှာ အလုပ်မမြဲဘူး။ အလုပ်မှာ နေရာမရဘူးဆိုတဲ့ စကားတွေ မကြာခဏ ကြားရတယ်။ ဖြစ်တတ်ပါတယ်။လူဖြစ်လာကတည်းက ကျွန်တော်တို့တွေဟာ ဒီလို မညီမျှမှုတွေနဲ့ ကြုံဆုံဖို့ သတ်မှတ်ခြင်း ခံထားရပြီးသားပါ။ ဒါပေမဲ့ ကိုယ့်အနေနဲ့ အဲဒီအလုပ်မှာ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုတာဝန်ကျေခဲ့လဲ။ ဘယ်လိုအနာခံခဲ့လဲ။ ဘယ်လိုလေ့လာခဲ့လဲ။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ ပင်ကိုတန်ဖိုးကို မြှင့်တင်တဲ့နေရာမှာ အရမ်း အရေးကြီးပါတယ်။ မိုက်ခရိုဆော့ဖ် သူဌေး ဘီလ်ဂိတ်ကပြောတယ်။ “ဘဝဟာ မျှတမှုမရှိဘူး။ ဒါပေမဲ့ သင်ဟာ အသားကျဖို့ သင်ယူရလိမ့်မယ်” တဲ့။ ဒီတော့ ကျွန်တော်တို့ အသားကျဖို့ သင်ယူမှဖြစ်မယ်။ လေ့လာမှ ဖြစ်မယ်။ အလုပ်က တရားတယ်၊ မတရားဘူး ဆိုတာကို ခဏမေ့ပြီး ကိုယ်ဟာအလုပ်ကို သင်ယူမှုနဲ့ ပရော်ဖက်ရှင်နယ် ပီပီသသလုပ်ခဲ့တယ်ဆိုရင် ကိုယ်နဲ့ ပတ်သက်ခဲ့ဖူးတဲ့သူတိုင်း ကိုယ့်ကို တန်ဖိုးထားပါလိမ့်မယ်။ ပြီးတော့ မျှတတဲ့၊ အဆင်ပြေတဲ့ အလုပ်နဲ့လည်း တွေ့နိုင်ပါလိမ့်မယ်။
ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်တယ်ဆိုတာ စာကပ်ထားလို့ မရပါဘူး။ ပညာတတ်ထားရုံနဲ့ မရပါဘူး။ အသက်တွေ ကြီးလာရုံနဲ့ မရပါဘူး။ လုပ်သက်ဆိုတာ တစ်ခါတစ်ရံမှာ အလုပ်လုပ်ခဲ့တဲ့ အသက်မဟုတ်ဘဲ အချောင်ခိုခဲ့တဲ့ အသက်လည်း ဖြစ်နိုင်ပါတယ်။

Written by : အေသင်ဇော်ဇော်

အကောင်းမြင်စိတ်

အကောင်းမြင်စိတ်


ဘ၀ဆိုတာကို အဓိပ္ပါယ်ဖွင့်ခိုင်းရင် လူတိုင်းနီးပါးလောက်က ရုန်းကန်ရတာတွေ၊ စိန်ခေါ်မှုတွေ၊ တိုက်ပွဲတွေ၊ စိတ်ညစ်ညူးစရာတွေ၊ အခက်အခဲတွေ၊ ခရီးကြမ်းတွေ စတဲ့ စတဲ့ စကားလုံးတွေနဲ့ပဲ ထပ်တူပြုကြလေရဲ့။ ဒါဆို ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ ပျော်ရွှင်စရာတွေ မရှိတော့ဘူးလား။ ရှိပါတယ်။ ပျော်စရာတွေ ပေါလိုက်သမှ။ စိတ်ကြည်နူးစရာတွေရော မရှိဘူးလား။ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအ၀င်ပေါ့ဗျာ။ လူဆယ်ယောက်မှာ ခုနှစ်ယောက်လောက်က ကိုယ့်အပူနဲ့ကိုယ် စိတ်ညစ်တဲ့ဘက်က လှည့်တွေးနေတဲ့ အချိန်တွေ များမယ်ထင်တယ်။


အဲဒါကို တွေးနေမိတဲ့အခါ ကျွန်တော်သတိရမိတဲ့ စကားလုံးလေးတစ်လုံးရှိတယ်။ 'အကောင်းမြင်တဲ့စိတ်'တဲ့။ စကားလုံးလေးက လှလည်းလှတယ်။ ပေးနိုင်တဲ့ အင်အားကလည်း အံ့မခန်းပါပဲ။ အကောင်းမြင်စိတ်ရှိခြင်းက ဘ၀ကိုရုန်းကန်တဲ့အခါ ကောင်းသောအထောက်အကူပြုမှုတွေ ပေးတယ်ဆိုတာ ကျွန်တော်တို့တွေ တော်တော်များများ သိကြပါတယ်။ တစ်ခုပါပဲ၊ လိုက်မလုပ်နိုင်တာပါ။ အရာရာကို အကောင်းဘက်က မြင်ပေးဖို့ဆိုတာ လွယ်တော့မလွယ်လှဘူးပေါ့ဗျာ။ ဖန်ခွက်ထဲက ရေတစ်ဝက် ဥပမာလိုပေါ့။ ရေတစ်ဝက်တောင်ရှိတယ်လို့ ပြောတဲ့လူထက် ရေတစ်ဝက်တည်းလို့ ပြောတဲ့လူက ပိုခရီးပန်းနေတော့ နှစ်ယောက်မလောက်မှာ စိုးရိမ်ပြီး ပြောတာမျိုးလည်း ဖြစ်နိုင်တယ်လေ။


မကောင်းမြင်ပြီး ဒိတ်ဓာတ်ကျတာက ဘ၀အတွက် မကောင်းသလို လာတိုးတက်မှုမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်က မကောင်းမြင်မှုတွေကြားမှာ ပိတ်မိနေတော့ တိုးတက်ဖို့အတွက် အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်မလာနိုင်တော့ဘူးပေါ့။ အကောင်းမြင်ဆိုတိုင်းတော့လည်း အရာရာအကောင်းမြင်ပြီး ရောင့်ရဲကျေနပ်နေဖို့ မဟုတ်ပါဘူး။ အကောင်းမြင်ခြင်းကို ကျေနပ်စွာအားလျော့ခြင်းလို့ ကျွန်တော်ကဘယ်တော့မှ မခံယူပါဘူး။ အကောင်းမြင်တယ်ဆိုတာ ကျွန်တော်က ကျေနပ်စွာလက်ခံခြင်းလို့ပဲ ယူဆပါတယ်။ ဖြစ်လာသမျှ အခြေအနေတွေအပေါ် ကောင်းမွန်စွာ တုံ့ပြန်နိုင်ဖို့ အကောင်းမြင်စိတ်နဲ့ လက်ခံမှ ပြဿနာဟာ ပိုပြီးရှင်းလင်းပြတ်သားစွာ ပေါ်လာမှာပါ။

ရတာလေးကို အကောင်းဆုံးအသုံးချနိုင်ဖို့ အဲဒီ ရတာလေးနဲ့ပဲ လုံလောက်တယ်ဆိုတဲ့ အကောင်းမြင်စိတ်က စရပါမယ်။ ရောင့်ရဲလွန်ခြင်းဟာလည်း မကောင်းမြင်ခြင်းနည်းတူ ကိုယ့်ဘ၀တက်လမ်းကို ပိတ်နိုင်တဲ့ ပျင်းရိခြင်းတစ်မျိုး ဖြစ်တာမို့ အကောင်းမြင်စိတ်နဲ့တင် မရပ်တန့်ပဲ ကောင်းမွန်စွာ တုံ့ပြန်၊ ကောင်းမွန်စွာ သင်ယူ၊ ကောင်းမွန်စွာ အသုံးချပြီး ပန်းတိုင်ရောက်အောင်သွားပါလို့ တိုက်တွန်းချင်ပါတယ်။