Monday, June 5, 2017

AYA Bank Mobile Banking စနစ်ဖြင့် ငွေလွှဲပုံအဆင့်ဆင့်

AYA Bank mBanking System

How to transfer money to MyanPay account.

အဆင့်(၁)။ ။ လူကြီးမင်း ၏ AYA Bank Mobile Application ကိုဖွင့်ပါ။
aya_mb1
အဆင့်(၂)။ ။ လူကြီးမင်း၏ Account ထဲသို့ Username, Password ဖြင့် Login ဝင်ပါ။
aya_mb2
အဆင့်(၃)။ ။ ထို့နောက် AYA Bank ၏ Main Screen ကို တွေ့မြင်ရပါလိမ့်မည်။ လူကြီးမင်း၏ Bank Account အချက်အလက်များကို တွေ့မြင်နိုင်ရန်အတွက် “Account Information” အတွင်းသို့ Login ၀င်ရောက်ပါ။
aya_mb3
အဆင့်(၄)။ ။ လူကြီးမင်း၏ Bank Account အချက်အလက်များကို အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
aya_mb4
အဆင့်(၅)။ ။ MyanPay အတွင်းသို့ ငွေလွှဲပို့ရန်အတွက် “Transfer” အား နှိပ်ပေးပါ။ အောက်ပါတိုင်း တွေ့မြင်ရပါလိမ့်မည်။
aya_mb5
အဆင့်(၆)။ ။ လူကြီးမင်း၏ AYA Bank Account ကို ရွေးချယ်ရန်အတွက် From Account: (*) တွင် ရွေးချယ်ပေးပါ။
အဆင့်(၇)။ ။ MyanPay အတွင်းသို့ ငွေလွှဲပို့ရန်အတွက် MyanPay Bank Account – 0031103010004032 ကို To Account: (*) တွင် ရွေးချယ်၍ အောက်ပါအတိုင်း ရိုက်သွင်းပေးပါ။
aya_mb7
အဆင့်(၈)။ ။ ထို့ နောက် လူကြီးမင်း လွှဲချင်သည့် ငွေပမာဏကို Amount: (*) နေရာတွင်ရိုက်ထည့်ပြီး Message နေရာတွင် လူကြီးမင်း၏ Unique Reference ID ကိုထည့်သွင်းပေးပါ။
*Note:: ဤအဆင့်သည် အလွန်အရေးကြီးသည့်အတွက် လူကြီးမင်းအနေဖြင့် Unique Reference ID ကို ထည့်သွင်းပေးရန် မမေ့ပါနှင့်။
*Note: အကယ်၍ လူကြီးမင်းအနေဖြင့် Unique Reference ID ထည့်သွင်းပုံကို မသိရှိပါက ဤနေရာတွင် Click နှိပ်ပါ။
aya_mb8
အဆင့်(၉)။ ။ ထို့နောက် နောက်တဆင့်သွားရန်အတွက် “NEXT” Button အား နှိပ်ပေးပါ။ ယခုအဆင့်တွင် အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ ဖြည့်သွင်းသော အချက်အလက်များ မှန်ကန်မှု ရှိစေရန် ပြန်လည်စစ်ဆေးပေးပါ။
aya_mb9
အဆင့်(၁၀) ။ ထို့နောက် Confirm ပြုလုပ်ရန်အတွက် “NEXT” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
aya_mb10
အဆင့် (၁၁)။ OTP Device ရှိပါက OTPToken ဖြင့် Confirm ပြုလုပ်ပေးပါ။ Mobile SMS ဖြင့် Confirm ပြုလုပ်လိုပါက SMSOTP ကို ရွေးချယ်ပေးပါ။
ထို့နောက် အောက်ပါတိုင်း Confirmation Code အား ထည့်သွင်းပေးပါ။
aya_mb11
အဆင့်(၁၂)။ ။ ယခုအခါတွင် MyanPay Account ထဲသို့ AYA Bank မှတဆင့့် လူကြီးမင်း၏ ငွေလွှဲခြင်း အောင်မြင်သွားပြီဖြစ်ပါသည်။
aya_mb12
– ကျွန်ုပ်တို့  Operation Team မှ လူကြီးမင်း၏ လုပ်ဆောင်ချက်နှင့် ငွေပမာဏ ကို အတည်ပြုပေးပြီးပါက လူကြီးမင်း၏ MyanPay အကောင့်ထဲသို့ ငွေထည့်သွင်းပေးပြီးကြောင်း Email နှင့် SMS ကိုရရှိမည်ဖြစ်ပါသည်။
*Note:: လူကြီးမင်းအနေဖြင့် AYA iBanking မှ ငွေလွှဲသည့်အဆင့်ကို လုပ်ဆောင်ပြီးပါက ကြာချိန် (၂နာရီ မှ ၂၄နာရီအတွင်း) ကျွန်ုပ်တို့၏ Operation Team မှ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

How to check your Unique Reference ID

– လူကြီးမင်း MyanPay Account ၏ သီးခြားဖြစ်သော ကိုယ်ပိုင် Unique Reference ID သည် AYA Bank Mobile Banking စနစ်မှ ငွေထည့်သွင်းရာတွင် လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရန်အတွက် အရေးကြီးသော Unique Transaction Reference နံပါတ် ဖြစ်ပါသည်။
– ထို့အတွက်ကြောင့် AYA Bank Mobile Banking စနစ်မှတဆင့် ငွေဖြည့်သွင်းရာတွင် Unique Reference ID အား မမေ့မလျော့ ထည့်သွင်းပေးရန် လိုအပ်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
အဆင့်(၁)။ ။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login
အဆင့်(၂)။ ။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step2
အဆင့်(၃)။ ။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From Mobile Banking’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
step3
အဆင့်(၄)။ ။ ပထမဦးစွာ လူကြီးမင်း၏ Bank Account အား ရွေးချယ်ပေးပါ။ ထို့နောက် လူကြီးမင်းဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်းပေးပါ။
*Note: လူကြီးမင်း၏ Bank Account မထည့်သွင်းရသေးပါက “Add your Bank Account Information” Link မှတဆင့် ဖြည့်သွင်းနိုင်ပါသည်။
step2
အဆင့်(၅)။ ။ နောက်တဆင့်သွားရန်အတွက် “Continues” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step3
အဆင့်(၆)။ ။ ထို့နောက် “Add Fund” Button အား နှိပ်ပေးပါ။ အောက်ပါအတိုင်း “MP” ဖြင့် စသော လူကြီးမင်း၏ Unique Reference ID အား တွေ့မြင်ရပါလိမ့်မည်။
အဆင့်(၇)။ ။ ထို Unique Reference ID အား AYA Bank Mobile Banking စနစ်မှတဆင့် ငွေဖြည့်သွင်းမှုတိုင်းတွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။
step4

ဘဏ်မှတဆင့် ငွေလွှဲပို့ခြင်းဖြင့် ငွေဖြည့်သွင်းခြင်း

Add Funds from Bank Transfer

ဘဏ်မှတဆင့် ငွေလွှဲပို့ခြင်းဖြင့် ငွေဖြည့်သွင်းခြင်း။
  • ဘဏ်များမှတဆင့် ငွေလွှဲပို့ပေးခြင်းဖြင့် MyanPay Balance အတွင်းသို့ ငွေဖြည့်သွင်းနိုင်ပါသည်။
  • လူကြီးမင်းအနေဖြင့် လူကြီးမင်းနှင့် အနီးဆုံးဘဏ်များမှတဆင့် MyanPay Service Bank Account အတွင်းသို့ ငွေလွှဲပို့ပေးခြင်းဖြင့် MyanPay Balance အတွင်းသို့ ငွေဖြည့်သွင်းနိုင်ပါသည်။
  • ဘဏ်မှ လူကြီးမင်း၏ ငွေလွှဲရောက်ရှိသည်နှင့် MyanPay Operation Team သို့ အကြောင်းကြားပါလိမ့်မည်။
  • ဘဏ်မှ လူကြီးမင်း၏ ငွေလွှဲရောက်ရှိခြင်း အတည်ပြုချက် ရရှိပြီးနောက် MyanPay မှ လူကြီးမင်း၏ MyanPay Balance အတွင်းသို့ လူကြီးမင်းပေးသွင်းလိုက်သော ငွေပမာဏအား ထည့်သွင်းပေးပါမည်။
  • မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ဖွင့်ရက်များအတွင်း MyanPay မှ လူကြီးမင်း၏ ငွေလွှဲအား အတည်ပြုချက် ရရှိပြီးနောက်ပိုင်း ၁ နာရီမှ ၈ နာရီ အချိန်အတွင်းတွင် ဆောင်ရွက်ပေးပါမည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
step2
၃။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From Bank Transfer’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
add_fund_bt
၎။ ‘Add Funds From Bank Transfer’ အားရွေးချယ်လိုက်ပါက အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။
add_fund_bt_1
၅။ ယခုအဆင့်တွင် ငွေလွှဲဖြင့် ငွေဖြည့်သွင်းမည့်သူသည် လူကြီးမင်းကိုယ်တိုင်(User) ငွေလွှဲမည်။ သို့မဟုတ် လူကြီးမင်း၏ ကိုယ်စား(Delegate) မှ ငွေလွှဲမည် ဖြစ်သည်ဟူ၍ ရွေးချယ်ပေးရပါမည်။
  • လူကြီးမင်းကိုယ်တိုင် ဘဏ်သို့ သွားရောက်၍ ငွေလွှဲမည်ဆိုပါက ‘User’ အား ရွေးချယ်ပေးပါ။ ‘User’ အား ရွေးချယ်ပါက လူကြီးမင်း၏ အချက်အလက်များ ဖော်ပြလိမ့်မည်ဖြစ်ပါသည်။
  • လူကြီးမင်းကိုယ်စား အခြားသူတစ်ယောက်မှ ဘဏ်သို့ သွားရောက်၍ ငွေလွှဲမည်ဆိုပါက ‘Delegate’ အား ရွေးချယ်ပေးရပါမည်။ ‘Delegate’ အား ရွေးချယ်ပါက လူကြီးမင်း၏ ကိုယ်စားလှယ် ‘Delegate’ ၏ အမည်၊ မှတ်ပုံတင်အမှတ် စသည့် လိုအပ်သည့် အချက်အလက်များအား ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
၆။ ထို့နောက် လူကြီးမင်း ငွေလွှဲမည့် လူကြီးမင်းနှင့် အနီးဆုံး ဘဏ်၏ အချက်အလက်များအား ရွေးချယ် ထည့်သွင်းပေးရပါမည်။
  1. ပထမတွင် လူကြီးမင်း ငွေလွှဲမည့် လူကြီးမင်းနှင့် အနီးဆုံး ဘဏ်ကို ရွေးချယ်ပေးပါ။
  2. ဒုတိယတွင် ၎င်းဘဏ်၏ ဘဏ်ခွဲအား ရွေးချယ်ပေးပါ။
၇။ ထို့နောက် လူကြီးမင်း ငွေလွှဲမည့် ငွေပမာဏအား အတိအကျ ထည့်သွင်းပေးရပါမည်။ ထို့ နောက် ‘Continue’ ကိုနှိပ်ပါ။
add_fund_bt_2
၈။ လူကြီးမင်း၏ အချက်အလက်များ အပြည့်အစုံ ထည့်သွင်းပြီးပါက Add Fund ကို နှိုပ်ပေးပါ။
add_fund_bt_3
၉။ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက် ပြီးဆုံးကြောင်းကို အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
add_fund_bt_4
၁ဝ။ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက် ဆောက်ရွက်ပြီးနောက် လူကြီးမင်း၏ ‘My Account’ ထဲသို့ သွားရောက် ကြည့်ရှုပါက အောက်ပါတိုင်း တွေ့မြင်ရပါလိမ့်မည်။
add_fund_bt_5
၁၁။ လူကြီးမင်း၏ ‘My Account’ ထဲသို့ သွားရောက် ကြည့်ရှုပါက လူကြီးမင်းငွေလွှဲပို့ခြင်း (Add Funds From Bank Transfer) လုပ်ဆောင်ချက်သည် ‘Payment Status’ ၌ “Pending” ဖြစ်နေကြောင်းကို တွေ့ရပါမည်။
၁၂။ အဘယ်ကြောင့်ဆိုသော် လူကြီးမင်းအနေဖြင့် အမှန်တကယ် ဘဏ်သို့ သွားရောက်၍ ငွေလွှဲပို့ရန် လိုအပ်ပါသေးသည်။
၁၃။ လူကြီးမင်းအနေဖြင့် ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက် ဆောင်ရွက်ပြီးနောက် MyanPay မှ ငွေလွှဲပို့ရမည့် MyanPay ၏ Bank Account အချက်အလက်များကို လူကြီးမင်း၏ Email ထဲသို့ အလိုအလျောက် ပေးပို့ထားပြီး ဖြစ်ပါသည်။
၁၄။ လူကြီးမင်းအနေဖြင့် လူကြီးမင်း၏ Email အား စစ်ဆေးပေးရန် လိုအပ်ပါသည်။ ငွေလွှဲပို့ရမည့် MyanPay ၏ Bank Account အချက်အလက်အား လူကြီးမင်း၏ Email ထဲတွင် တွေ့မြင်နိုင်ပါသည်။
၁၅။ ထို့နောက် လူကြီးမင်းအနေဖြင့် ဘဏ်သို့ သွားရောက်၍ Email ထဲတွင် ပါရှိသော MyanPay ၏ Bank Account ထဲသို့ ငွေလွှဲပို့ပေးရန် လိုအပ်ပါသည်။
(အကြံပြုချက် ။ ။  ငွေလွှဲပို့ပြီးပါက လူကြီးမင်း၏ ငွေထည့်သွင်းသော လုပ်ငန်းစဉ်အား ပိုမိုသေချာမှုနှင့် မြန်ဆန်မှုရှိစေရန် ဖုန်းနံပါတ် ဝ၁-၅၅၅၄၆၆၊ ဝ၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မိမိ၏ Transaction Details အား အသိပေးအကြောင်းကြားပါက ပို၍ မြန်ဆန်မှု ရှိပါသည်။)
၁၆။ ‘Add Funds From Bank Transfer’ လုပ်ငန်းစဉ်တွင် ဘဏ်မှ ကျသင့်မည့် ဘဏ်ဝန်ဆောင်ခများအား လူကြီးမင်းဘက်မှ ပေးဆောင်ရပါမည်။
(MyanPay ၏ ဝန်ဆောင်မှု နှုန်းထားများအား အသေးစိတ် သိရှိလိုပါက ‘MyanPay Service Fees‘ တွင် သွားရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။)
၁၇။ လူကြီးမင်း ငွေလွှဲပြီးပါက ဘဏ်မှ MyanPay သို့ အကြောင်းကြားပေးပါလိမ့်မည်။ ဘဏ်မှ အကြောင်းကြားလာသော ငွေလွှဲအချက်အလက်များကို MyanPay မှ Operation Team မှ သေချာစွာ စစ်ဆေးပြီး လူကြီးမင်း၏ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက်အား “Complete” အဖြစ်သို့ ပြောင်းလဲပေးပါမည်။
add_fund_bt_6
၁၈။ လူကြီးမင်း၏ ‘Add Funds From Bank Transfer’ လုပ်ဆောင်ချက်အား “Pending” အခြေအနေမှ “Complete” အခြေအနေသို့ ပြောင်းလဲပြီးပါက လူကြီးမင်း ထည့်သွင်းလိုက်သော ငွေပမာဏသည် လူကြီးမင်း၏ MyanPay Balance ထဲသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်ပါသည်။

MyanPay Rate Changes များ

MyanPay Rate Changes

Accept Payment Online For Goods and Service

MyanPay Account ဖြင့် Online မှတဆင့် ငွေလက်ခံခြင်း လုပ်ငန်းစဉ်တွင် အသုံးပြုသူအနေဖြင့် ပေးဆောင်ရမည့် ဝန်ဆောင်ခနှုန်းထားများကို လစဉ် ငွေလက်ခံရရှိသည့် ငွေပမာဏ (Receive Amount) ပေါ် မူတည်၍ လျော့ချသတ်မှတ်ထားပါသည်။
Your Monthly AmountFees Per Transaction
Up to 50,000 kyats50 kyats + 1.0% of total amount
50,000+ to 100,000 kyats50 kyats + 0.8% of total amount
100,000+ to 500,000 kyats50 kyats + 0.6% of total amount
500,000+ to 1,000,000 kyats50 kyats + 0.4% of total amount
1,000,000+ kyats50 kyats + 0.2% of total amount

ဥပမာ ။ ။ တစ်လအတွင်း လက်ခံရရှိသည့် ငွေပမာဏ (၅ဝ,ဝဝဝ) ကျပ်အထိအား (၅ဝ) ကျပ် + လက်ခံရရှိသည့် ငွေပမာဏ၏ (၁.၂) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ တစ်လအတွင်း လက်ခံရရှိသည့် ငွေပမာဏ (၅ဝ,ဝဝ၁)ကျပ် မှ (၁ဝဝ,ဝဝဝ)ကျပ်အထိအား (၅ဝ) ကျပ် + (၁.၁) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ ထိုကဲ့သို့ အသုံးပြုသူအနေဖြင့် တစ်လအတွင်း လက်ခံရရှိမည့် ငွေပမာဏ တဖြည်းဖြည်း များပြားလာပါက ဝန်ဆောင်ခနှုန်းထားများ လျော့နည်းသွားမည် ဖြစ်ပါသည်။

Accept Payment Online For Donation

MyanPay Account ဖြင့် Online မှတဆင့် လှုဒါန်းငွေများ လက်ခံခြင်း လုပ်ငန်းစဉ်တွင် အသုံးပြုသူအနေဖြင့် ပေးဆောင်ရမည့် ဝန်ဆောင်ခနှုန်းထားများကို လစဉ် ငွေလက်ခံရရှိသည့် ငွေပမာဏ (Receive Amount) ပေါ် မူတည်၍ လျော့ချသတ်မှတ်ထားပါသည်။
Your Monthly AmountFees Per Transaction
Up to 50,000 kyats20 kyats + 0.5% of total amount
50,000+ to 100,000 kyats20 kyats + 0.4% of total amount
100,000+ to 500,000 kyats20 kyats + 0.3% of total amount
500,000+ to 1,000,000 kyats20 kyats + 0.2% of total amount
1,000,000+ kyats20 kyats + 0.1% of total amount

ဥပမာ ။ ။ တစ်လအတွင်း လက်ခံရရှိသည့် ငွေပမာဏ (၅ဝ,ဝဝဝ) ကျပ်အထိအား (၂ဝ) ကျပ် + လက်ခံရရှိသည့် ငွေပမာဏ၏ (ဝ.၉) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ တစ်လအတွင်း လက်ခံရရှိသည့် ငွေပမာဏ (၅ဝ,ဝဝ၁)ကျပ် မှ (၁ဝဝ,ဝဝဝ)ကျပ်အထိအား (၂ဝ) ကျပ် + (ဝ.၈) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ ထိုကဲ့သို့ အသုံးပြုသူအနေဖြင့် တစ်လအတွင်း လက်ခံရရှိမည့် ငွေပမာဏ တဖြည်းဖြည်း များပြားလာပါက ဝန်ဆောင်ခနှုန်းထားများ လျော့နည်းသွားမည် ဖြစ်ပါသည်။

For Withdraw to Bank Account

MyanPay Account မှ အသုံးပြုသူ၏ Bank Account အတွင်းသို့ ငွေပြန်လည်ထုတ်ယူခြင်း လုပ်ငန်းစဉ်တွင် ပေးဆောင်ရမည့် ဝန်ဆောင်ခနှုန်းထားများကို တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ (Withdraw Amount) ပေါ် မူတည်၍ လျော့ချသတ်မှတ်ထားပါသည်။
Your Withdraw AmountFees Per Transaction
Up to 50,000 kyats200 kyats + 1.0% of total amount
50,000+ to 100,000 kyats200 kyats + 0.8% of total amount
100,000+ to 500,000 kyats200 kyats + 0.6% of total amount
500,000+ to 1,000,000 kyats200 kyats + 0.4% of total amount
1,000,000+ kyats200 kyats + 0.2% of total amount

ဥပမာ ။ ။ တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ (၅ဝ,ဝဝဝ) ကျပ်အထိအား (၂ဝဝ) ကျပ် + ထုတ်ယူသည့်ငွေပမာဏ၏ (၁.၂) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏသည် (၅ဝ,ဝဝ၁)ကျပ် မှ (၁ဝဝ,ဝဝဝ)ကျပ်အတွင်း ဖြစ်ပါက (၂ဝဝ) ကျပ် + (၁.ဝ) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ ထိုကဲ့သို့ အသုံးပြုသူအနေဖြင့် တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ များပြားပါက ဝန်ဆောင်မှု နှုန်းထားများ လျော့နည်းသွားမည် ဖြစ်ပါသည်။

For Withdraw By Bank Transfer

MyanPay Account မှ အသုံးပြုသူထံသို့ ဘဏ်မှ ငွေလွှဲပို့ပေးခြင်းဖြင့် ငွေပြန်လည်ထုတ်ယူခြင်း လုပ်ငန်းစဉ်တွင် ပေးဆောင်ရမည့် ဝန်ဆောင်ခနှုန်းထားများကို တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ (Withdraw Amount) ပေါ် မူတည်၍ လျော့ချသတ်မှတ်ထားပါသည်။
Your Withdraw AmountFees Per Transaction
Up to 50,000 kyats500 kyats + 1.0% of total amount
50,000+ to 100,000 kyats500 kyats + 0.8% of total amount
100,000+ to 500,000 kyats500 kyats + 0.6% of total amount
500,000+ to 1,000,000 kyats500 kyats + 0.4% of total amount
1,000,000+ kyats500 kyats + 0.2% of total amount

ဥပမာ ။ ။ တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ (၅ဝ,ဝဝဝ) ကျပ်အထိအား (၅ဝဝ) ကျပ် + ထုတ်ယူသည့်ငွေပမာဏ၏ (၁.၅) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏသည် (၅ဝ,ဝဝ၁)ကျပ် မှ (၁ဝဝ,ဝဝဝ)ကျပ်အတွင်း ဖြစ်ပါက (၅ဝဝ) ကျပ် + (၁.၃) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ ထိုကဲ့သို့ အသုံးပြုသူအနေဖြင့် တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ များပြားပါက ဝန်ဆောင်မှု နှုန်းထားများ လျော့နည်းသွားမည် ဖြစ်ပါသည်။

For Withdraw to ATM Card

MyanPay Account မှ အသုံးပြုသူ၏ ATM Card Account အတွင်းသို့ ငွေပြန်လည်ထုတ်ယူခြင်း လုပ်ငန်းစဉ်တွင် ပေးဆောင်ရမည့် ဝန်ဆောင်ခနှုန်းထားများကို တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ (Withdraw Amount) ပေါ် မူတည်၍ လျော့ချသတ်မှတ်ထားပါသည်။
Your Withdraw AmountFees Per Transaction
Up to 50,000 kyats200 kyats + 1.0% of total amount
50,000+ to 100,000 kyats200 kyats + 0.8% of total amount
100,000+ to 500,000 kyats200 kyats + 0.6% of total amount
500,000+ to 1,000,000 kyats200 kyats + 0.4% of total amount
1,000,000+ kyats200 kyats + 0.2% of total amount

ဥပမာ ။ ။ တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ (၅ဝ,ဝဝဝ) ကျပ်အထိအား (၂ဝဝ) ကျပ် + ထုတ်ယူသည့်ငွေပမာဏ၏ (၁.၂) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏသည် (၅ဝ,ဝဝ၁)ကျပ် မှ (၁ဝဝ,ဝဝဝ)ကျပ်အတွင်း ဖြစ်ပါက (၂ဝဝ) ကျပ် + (၁.ဝ) ရာခိုင်နှုန်းအား ဝန်ဆောင်ခအဖြစ် ကောက်ခံပါမည်။ ထိုကဲ့သို့ အသုံးပြုသူအနေဖြင့် တစ်ကြိမ်ထုတ်ယူတိုင်း ထုတ်ယူသည့် ငွေပမာဏ များပြားပါက ဝန်ဆောင်မှု နှုန်းထားများ လျော့နည်းသွားမည် ဖြစ်ပါသည်။

Create a Personal Account

Create a Personal Account

Personal Account သည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအတွက် ကိုယ်ရေးကိုယ်တာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် စီစဉ်ထားသော Account အမျိုးအစားဖြစ်ပါသည်။
  • Personal Account သည် Online တွင် ဈေးဝယ်ယူခြင်း၊ ငွေပေးပို့ခြင်း၊ ငွေလက်ခံခြင်း၊ လှုဒါန်းငွေပေးပို့ခြင်း စသည့် လုပ်ဆောင်ချက်များစွာအား ဆောင်ရွက်နိုင်ပါသည်။
  • အနည်းဆုံး ငွေကျပ် တစ်ထောင်ကျပ်မှ စ၍ အများဆုံး ငွေကျပ် ၁ဝ သိန်းအထိ ထားရှိနိုင်ပါသည်။
  • MyanPay Personal Account တွင် အနည်းဆုံး ငွေကျပ် တစ်ထောင်ကျပ် လက်ကျန်ထားရှိရမည် ဖြစ်ပါသည်။
Personal Account ပြုလုပ်ရန်အတွက် လိုအပ်ချက်များ။
  • မြန်မာနိုင်ငံသား၊ အသက် (၁၆) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  • နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသူ ဖြစ်ရမည်။
  • မြန်မာနိုင်ငံ၏ Mobile ဖုန်း (GSM, WCDMA, CDMA 800 MHz, CDMA 450 MHz) ဖုန်း တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
Create a MyanPay Personal Account
၁။ https://www.myanpay.com.mm သို့ သွားပါ။
login_photo
၂။ MyanPay ၏ Personal Account အား ရယူရန်အတွက် Home Page မှ ‘Create MyanPay Account’ ကို နှိပ်ပါ။
၃။ MyanPay Account ရယူရန်အတွက် Web Page ကျလာပါလိမ့်မည်။
၎။ ‘Create Personal Account’ အား နှိပ်ပါ။
၅။ Personal Account အား ရယူရန်အတွက် အဆင့် (၄) ဆင့် ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၆။ လူကြီးမင်း၏ အချက်အလက်များအား ပြည့်စုံစွာ ဖြည့်သွင်းပေးရပါမည်။
  • လူကြီးမင်း၏ MyanPay Account အတွက် User Name ကိုထည့်၍ “Check Availability” နှိပ်၍ ရနိုင်မရနိုင် အရင်စစ်ဆေးပါ။ User Name တွင် space မပါရပါ။ User Name ရှိပြိးသားဆိုပါက တခြား User Name တစ်ခုကို အသုံးပြု၍ ထပ်မံထည့်၍ စစ်ပါ။ ‘Username is available’ ဆိုမှသာ လူကြီးမင်းအနေဖြင့် ထို User Name အား လူကြီးမင်း MyanPay Account ၏ User Name အဖြစ် အသုံးပြု၍ရမည် ဖြစ်ပါသည်။
  • Display Name တွင် လူကြီးမင်း၏ အမည်အား ထည့်သွင်းပေးပါ။
  • လူကြီးမင်း၏ MyanPay Account အတွက် Password တစ်ခုအား ထည့်သွင်းပေးပါ။ လူကြီးမင်း၏ MyanPay Account လုံခြုံမှု ပို ရှိစေရန် Special Character ( !@#$%^&* ) များ ပါဝင်သော Password ကို ထည့်သွင်းပေးရန် အကြုံပြုလိုပါသည်။
  • Email Address ကိုလူကြီးမင်း၏ ကိုယ်ပိုင် Email Address အမှန်ထည့်ရန်လိုအပ်ပါသည်။သို့မှသာ အကောင့်ဆောက်ရန် လိုအပ်သော Activation code ကိုရရှိနိုင်ပါမည်။Security Question and Answer Field များ ကိုလည်း သေချာစွာ မှတ်သား ထည့်သွင်းပေးရန် လိုအပ်ပါသည်။ နောင်တွင် မိမိ MyanPay Account ၏ Password ကိုမေ့သွားလျှင်လည်းကောင်း၊ MyanPay Account ၏ Password  ပြောင်းချင်လျှင် လည်းကောင်း လိုအပ်လာမည်ဖြစ်ပါသည်။

  • MyanPay Account အတွက် လိုအပ်သော အချက်အလက်များကို  မှန်ကန်စွာဖြည့်သွင်းပြီးပါက “I agree”ကို အမှန်ခြစ်ပေးပါ။ ထို့နောက် “Sign up” button ကို နှိပ်ပေးပါ။
  • ‘Sign Up’ Button အား နှိပ်ပြီးပါက လူကြီးမင်း၏ MyanPay Account အား သေချာမှုရှိစေရန်အတွက် Activation ပြုလုပ်မည့် Web Page ကျလာပါလိမ့်မည်။
၇။ MyanPay မှ လူကြီးမင်းထည့်ထားသော Email နှင့် Phone သို့Activation Code ပေးပို့ပေးမည်ဖြစ်ပါသည်။ ၎င်း မှ Activation Code ကို မှန်ကန်စွာ ကူးထည့် ၍ Activate ကို နှိပ်ပါ။
၈။ လူကြီးမင်းအနေဖြင့် Activation Process ပြီးစီးပါက MyanPay Account တစ်ခု ပိုင်ဆိုင်ရရှိပြီ ဖြစ်ပါသည်။
create_account