Monday, June 5, 2017

MPU Card မှတဆင့် ငွေဖြည့်သွင်းခြင်း။

Add Funds from MPU Card

MPU Card မှတဆင့်  ငွေဖြည့်သွင်းခြင်း။
  • လူကြီးမင်း၏ MPU Card မှ တဆင့် MyanPay Account အတွင်းသို့ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။
  • ထိုသို့ အသုံးပြုနိုင်ရန်အတွက် လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား ဖွင့်လှစ်ထားရန် လိုပါသည်။
  • လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား မဖွင့်ရသေးပါက လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဖွင့်လှစ်နိုင်ပါသည်။
  • လူကြီးမင်း၏ MPU Card သည် E-commerce စနစ် ဖွင့်လှစ်ပြီး ဖြစ်ပါက MyanPay တွင် အသုံးပြုနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
2
၃။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From MPU Card’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
1
၎။ ‘Add Funds From MPU Card’ အားရွေးချယ်လိုက်ပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါမည်။
3
၅။ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
၆။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ အောက်ပါအတိုင်း ရောက်ရှိသွားပါလိမ့်မည်။
mpu-5
၇။ MPU Payment Page တွင် လူကြီးမင်း၏ MPU Card နံပါတ်၊ Expire Date တို့အား ထည့်သွင်း၍ ‘Get OTP’ အား နှိပ်ပေးပါ။
mpu-6_1
၈။ ထို့နောက် လူကြီးမင်း၏ MPU E-commerce အတွက် စာရင်းပေးသွင်းထားသော Email သို့ One Time Password (OTP) ရောက်ရှိလာပါလိမ့်မည်။
၉။ ထို OTP အား အောက်ပါအတိုင်း ဖြည့်သွင်း၍ ‘CONFIRM PAYMENT’ Button အား နှိပ်ပေးပါ။
mpu-7
၁ဝ။ MPU Payment စနစ်မှ ငွေဖြည့်သွင်းမှု အောင်မြင်ပြီးစီးပါက Status တွင် ‘Approved’ ဟု ဖော်ပြပါလိမ့်မည်။ ထို့နောက် ‘CONTINUE’ Button အား နှိပ်ပေးပါ။
mpu-8
၁၁။ MyanPay Website သို့ ပြန်လည်ရောက်ရှိသွားပြီး အောက်ပါအတိုင်း လူကြီးမင်း ထည့်သွင်းလိုက်သော ငွေပမာဏသည် လူကြီးမင်း၏ MyanPay Balance ထဲသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်ပါသည်။
mpu-9
MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား လျှောက်ထားခြင်း
  • လူကြီးမင်းတို့၏ MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား ကြိုတင်လျှောက်ထားရန်လိုအပ်ပါသည်။
  • ထိုသို့ လျှောက်ထားရန်အတွက် လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါသည်။
  • လူကြီးမင်းအနေဖြင့် ဘဏ်သို့ ကိုယ်တိုင်သွားရောက်၍ မဆောင်ရွက်လိုပါက Online ပေါ်မှ တစ်ဆင့် MPU E-commerce စနစ်အသုံးပြုခွင့်အား အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account မှ ‘Add Funds From MPU Card’ ကိုရွေးချယ်ပေးပါ။
1
၃။ ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
3
၎။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ ရောက်ရှိသွားပါလိမ့်မည်။
mpu-5
၅။ မိမိ၏ MPU Card အချက်အလက်များအား ထည့်သွင်းပေးပါ။
mpu-6_1
၆။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား ဖွင့်လှစ်ပြီး ဖြစ်ပါက Card Number ဘေးတွင် အစိမ်းရောင် အမှန်ခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
mpu-yes
၇။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား မဖွင့်ရသေးပါက Card Number ဘေးတွင် အနီရောင် အမှားခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
mpu-no
၈။ ထိုအဆင့်တွင် အနီရောင် အမှားခြစ်ဘေးရှိ Question Mark (?) အား နှိပ်ပေးပါ။ ‘Register Now’ ဟူ၍ ပေါ်လာပါလိမ့်မည်။
mpu-no-1
၉။ ထို့နောက် မိမိ၏ အမည်၊ Email လိပ်စာ၊ မှတ်ပုံတင် စသည့်အချက်အလက်များအား ဖြည့်သွင်း၍ MPU E-commerce အား လျှောက်ထားပေးပါ။
mpu-no-2
၁၀။ Online မှ လျှောက်ထားပြီး ၃ ရက်အကြာတွင် မိမိ၏ MPU Card အား www.myanpay.com.com တွင် အသုံးပြုနိုင်ရန်အတွက်   E-commerce စနစ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Email ဖြင့် MPU မှ အကြောင်းကြားပေးပါလိမ့်မည်။

What is MyanPay?

What is MyanPay?

MyanPay သည် လုံခြုံစိတ်ချ လွယ်ကူလျင်မြန်သည့် Online Payment System ဖြစ်ပါသည်။ MyanPay ဝန်ဆောင်မှုသည် မြန်မာပြည်တွင်း ဘဏ်များ၏ ပြည်တွင်းငွေလွှဲပို့ ဝန်ဆောင်မှုပေါ် အခြေခံ၍ တည်ဆောက်ထားသော Third-party Online Payment System (Online Payment Gateway) တစ်ခုဖြစ်ပါသည်။ MyanPay ၏ ဝန်ဆောင်မှု အား မြန်မာနိုင်ငံအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော Myanmar Soft-Gate Technology Co., Ltd မှ စီမံခန့်ခွဲ လုပ်ကိုင်ပါသည်။ MyanPay သည် အင်တာနက် Online မှတဆင့် ငွေပေးချေခြင်း (Pay Online)၊ ငွေလွှဲပို့ခြင်း (Send Money)၊ ငွေလက်ခံခြင်း (Get Paid) တို့အား ဝန်ဆောင်မှုပေးပါသည်။

Online မှတဆင့် ငွေပေးချေခြင်း (Pay Online)
MyanPay သည် အင်တာနက် Online မှ တဆင့် ငွေပေးချေခြင်းအား လုံခြုံစိတ်ချ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်သည့် Online ငွေပေးချေမှုစနစ် ဖြစ်ပါသည်။
ငွေလွှဲပို့ခြင်း (Send Money)
– MyanPay သည် MyanPay Account အချင်းချင်း (သို့) လူကြီးမင်းငွေလွှဲပြောင်း ပေးပို့လိုသောသူ၏ Email Address သိရှိရုံဖြင့် ငွေလွှဲပေးပို့နိုင်ပါသည်။ MyanPay မှ လူကြီးမင်းငွေပေးပို့လိုသော Email ထံသို့ MyanPay Account တစ်ခုရယူ၍ ငွေလက်ခံရန် အကြောင်းကြားပေးပို့ပေးပါသည်။
ငွေလက်ခံခြင်း(Get Paid)
– MyanPay သည် လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများအတွက် ငွေလက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။
ငွေလက်ခံရရှိကြောင်းကိုလဲ လူကြီးမင်းအနေဖြင့် Online တွင် အမြဲရှိနေရန် မလိုအပ်ဘဲ လူကြီးမင်း၏ Mobile ဖုန်းသို့ SMS Alert ဖြင့် ချက်ချင်း သိရှိနိုင်ပါသည်။


MyanPay accepts Local Banks
MyanPay သည် အောက်ဖော်ပြပါ ဘဏ်များ မှ တဆင့် MyanPay Account အတွင်းသို့ ငွေဖြည့်သွင်းခြင်း၊ ငွေပြန်လည်ထုတ်ယူခြင်း လုပ်ငန်းစဉ်များအား လက်ခံ ဆောင်ရွက်လျက် ရှိပါသည်။
  1. ကမ္ဘောဇ ဘဏ် (KBZ Bank) – [ Account No : 02910302902543901 ]
  2. သမ၀ါယမဘဏ် လီမိတက် (CB Bank Limited) – [ Account No : 0914016487 ]
  3. အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက် (Asia Green Development Bank Limited) – [ Account No : 3021130002495 ]
  4. ဧရာဝတီဘဏ် လီမိတက် (Ayeyarwady Bank Limited) – [ Account No : 0031103010004032 ]
  5. မြန့်မာ့ရှေ့ဆောင်ဘဏ် လီမိတက် (Myanmar Apex Bank Limited) – [ Account No : 0100303000020989 ]
  6. ယူနှိုက်တက်အမရာဘဏ် (United Amara Bank) – [ Account No : 016010100002980 ]
  7. ပထမပုဂ္ဂလိကဘဏ် လီမိတက် (First Private Bank Limited) – [ Account No : M-724 ]
  8. မြဝတီဘဏ် လီမိတက် (MyaWaDdy Bank Limited) – [ Account No : C211M0011014805W ]
  9. ရိုးမဘဏ် လီမိတက် (Yoma Bank Limited) – [ Account No : 009175001732 ]
  10. အင်းဝဘဏ် လီမိတက် (Innwa Bank Limited) – [ Account No : 27-03012 ]
  11. ကမ္ဘာ့ရတနာဘဏ် လီမိတက် (Global Treasure Bank Limited) – [ Account No : M-1055 ]
  12. မြန်မာနိုင်ငံသားများဘဏ် လီမိတက် (Myanmar Citizens Bank Limited) – [ Account No : M-1455 ]
  13. မြန်မာအရှေ့တိုင်းဘဏ် လီမိတက် (Myanmar Oriental Bank Limited) – [ Account No : 0011130004345 ]
  14. ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက် (Tun Foundation Bank Limited) – [ Account No : M-373/1702363 ]
  15. အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံဖြိုးရေးဘဏ် လီမိတက် (Small & Medium Industrial Developement Bank Limited) – [ Account No : C221M00761N ]


MyanPay Account Type
MyanPay သည် အသုံးပြုသူများအတွက် Personal Account နှင့် Business Account ဟူ၍ နှစ်မျိုးခွဲခြား စီစဉ်ဆောင်ရွက်ထားပါသည်။
၎င်း Account နှစ်မျိုးသည် အခြေခံအားဖြင့် တူညီမှုရှိသော်လည်း အချို့သော လုပ်ငန်းဆောင်တာများတွင် ကွဲပြားမှု ရှိပါသည်။ Personal Account ဖွင့်ရာတွင် လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Business Account ဖွင့်ရာတွင် လိုအပ်သော အတည်ပြုချက်များအား MyanPay မှ ဆောင်ရွက်လိမ့်မည် ဖြစ်ပါသည်။

ကျွန်တော့အကြောင်း

ကျွန်တော့ blog မှာရှိတဲ့ငွေရှာနည်းများဟာ ကျွန်တော်ရေးထားတာမဟုတ်ပါ

ကျွန်တော်လေ့လာထားသလောက်ပြန်ပြီးတင်ထားတာပါ

Online ပေါ်မှာငွေရှာတာစိတ်ဝင်စားတဲ့ ညီအကိုများအတွက်ရှာဖွေရလွယ်ကူအောင် ပြန်တင်ပေးထာတာပါ
ဒါပါပဲ

ဖတ်ပေးတဲ့အတွက်ကျေးတင်ပါတယ်

TZW

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)



မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ မပြောပြချင်တော့လည်းပြောရတော့မယ့်အနေထားပါ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင်ကြိုးစားပြီးရှင်းပြမယ်ဗျာ။ နားမလည်ရင် စာရေးသူညံ့တာထက် သင်တို့သေချာမဖတ်ကြလို့ပါ။ မသိသေးသူများအတွက်ပါ။ winkabarkyaw.net ကရေးတာမရှင်းလို့ဆိုလို့ပါ။ ကျွန်တော်လည်း လူပြိန်းပါပဲ။ ကျွန်တော် networkedblogs ကိုမနှစ်ကတည်းကသုံးနေတာပါ။ အလွန်အဆင်ပြေပါတယ်။



 {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့ ကျွန်တော်ဝိုင်းထားတဲ့အတိုင်း Get Started Now ကိုဝင်ပါဗျာ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါဗျာ။
Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။ Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ

How To Do Web/Blogs Page Speed Faster? ( ဘလော့ကိုမြန်ဆန်အောင်လ်ုပနည်းများ)

How To Do Web/Blogs Page Speed Faster? ( ဘလော့ကိုမြန်ဆန်အောင်လ်ုပနည်းများ)



မင်္ဂလာပါ ကျွန်တော် လေ့လာတွေ့ရှိသလောက် ဘလော့တွေမှာ တချို့အရမ်းလေးလံ နှေးကွေးနေတတ်ပါတယ် အဲဒါကို ရှာဖွေတွေ့ရှိထားသော နည်းလမ်းလေးတွေကို
ကျွန်တော့်ရဲ့ ဘော်ဒါကြီး နိုင်ငံခြားဆိုဒ်တွေ ရေးသားနေတဲ့ ဆရာဆိုလည်းဟုတ်တဲ့  ကိုရန်ပိုင်စိုး  ရဲ့အကူညီနဲ့ အတူ ဘာသာပြန်ဆိုပြီး စမ်းသတ် ထားပါတယ်...ဒါလေးကို ကျွန်တော် ပြန်လည်မျှဝေလိုက်ပါပြီနော်...အောက်မှာ အသေးစိတ်ကိုလေ့လာလိုက်ပါ

အခု ပြောပြမယ့် အချက်လေးတွေက Blog / WebSite ရေးသားတည်ထောင်ထားသူတွေ သတိပြုသင့်
တဲ့ အချက်လေးတွေပါ။ မိမိတို့ Blog / WebSite Loading Time ကြာချိန်ကို လျော့ကျစေမယ့် အချက်
လေးတွေ အကြောင်း ဆွေးနွေးပေးမှာဖြစ်ပါတယ်...။

သိတဲ့အတိုင်း Loading Time ကောင်းမကောင်းက မိမိတို့ ဆိုဒ် ရဲ့ Traffic ကို တိုးစေလျော့စေ ဖို့ အဓိကနေရာမှာ
ပါဝင်နေပါတယ်။ နောက်ပြီး သူက Goolge, Yahoo, Bing စတဲ့ Search Engine တွေမှာ Ranking ကောင်းဖို့ လည်း
အဓိကကျနေပြန်ပါသေးတယ်။ တဖက် လာလည်သူတွေဖက်က ကြည့်ရင်လည်း မိမိတို့ ဖွင့်ကြည့်တဲ့ ဆိုဒ်ကို ဖြစ်နိုင်ရင်
၃-၅ စက္ကန့် အတွင် ပေါ်စေချင်တာ က မလွန်လှပါဘူး ( ဒီနေရာမှာ မြန်မာ တွေအတွက်တော့ မိနစ်နဲ့ ပြောင်းပြောရမှာပါ )
ထားပါတော့..။ ကိုယ်ဆိုဒ်ကို အဲလိုမျိုး မြန်နှုန်းမမြင့်နိုင်ပဲ လေးကန်နေရင်တော့ လည်ပတ်သူတွေရဲ့ စိတ်ပျက်ခြင်း တွေ
တွေ့ကြုံ ရမှာဖြစ်ပြီး လည်ပတ်မှုနှုန် လျော့ကျလာမှာ ကတော့ ပြောစရာ မလိုလောက်ဘူးထင်ပါတယ်။

Check your blog speed
ပထမဆုံးအချက်အနေနဲ့ မိမိတို့ ဆိုဒ်ရဲ့ Loading Speed တွေကို အရင်ဆုံးစစ်ဆေးကြည့်ရပါမယ်..။
စစ်ဆေးဖို့
https://developers.google.com/speed/pagespeed/insights 
ကို အရင်သွားပြီး မိမိတို့ ဘလော့ ဆိုဒ်နာမည် ထည့်
analyze လုပ်ကြည့်ကြပါမယ်။ (မြန်မာပြည် အတွက် support ကောင်းကောင်းမလုပ်ပါ)
အဆင်ပြေတာကတော့  (၁)    http://tools.pingdom.com
( ၂ )   http://www.pagescoring.com/website-speed-test/
( ၃ )    http://gtmetrix.com/      အဲဆိုဒ်တွေက ပိုအဆင်ပြေပါတယ်။
အောက်မှာ ကျွန်တော် စစ်ထားတာလေးတွေ ပြပါ့မယ်နော်
https://developers.google.com/speed/pagespeed/insights  မှာစစ်မယ်ဆိုရင်
အောက်ကပုံတိုင်း တွေ့ရမှာဖြစ်ပါတယ်...
  http://tools.pingdom.com မှာစစ်မယ်ဆို အောက်ကပုံတိုင်းပါ
http://www.pagescoring.com/website-speed-test/  မှာစစ်ဆေးတာကတော့အောက်မှာကြည့်ပါ
အိုကေ ဘယ်ဆိုဒ်ကိုမဆို စစ်ဆေးကြည့်လိုက်ပါနော်...နည်းလမ်းကတော့ တူတူပါဘဲ မိမိတို့ဘလော့ လိပ်စာလေးထည့်ပြီး စစ်ပေးထားလိုက်ယုံပါဘဲ...

Website load time is important to increasing your blog traffic.Blog loading time has both direct and indirect impacts on search engine.its a major role for getting best ranking and best earning.Actually most of visitors hope to view your site in the first 3 seconds.So, if your blog doesn't load properly soon,you will loose your traffic.That's why important to keep your blog speed.

Check your blog speed
First of all Check your blog speed.There have many tools for it
Im suggest you to use Google speed test tool.
Go to Google Speed Test Tool
You can Enter your blog and click analyze. If you can check your score on there.
If you are get below to 90. I think you have to work for it. Follow below tips for
reduce your blog time loading speed.

Optimize image load time

မိမိတို့ ဆိုဒ်မှာ တင်ပြတဲ့ ပုံတွေ၊ Screen Shoot တွေကလည်း Load time မြန်တာ ကြာတာကို သက်ရောက်စေပါ
တယ်။ ပုံတပုံမှာ အများဆုံး ဖြစ်သင့်တာက 400x300 Pixel လောက်ပဲဆိုတာ ဘလော့သမားတွေနားလည် ထားသလို
သိလည်းသိထားသင့်ပါတယ်...။ ဘလော့မှာ ပိုစ့်တင်တဲ့အခါ ပုံတပုံတင်ရင် ကိုယ်က small, medium, large, extra large,
Original Size ဆိုပြီး choice လုပ်ပေးလို့ရပါတယ်။ အဲမှာ အသင့်တော်ဆုံးကတော့ post-body ထဲမှာ အကျယ်တဝင်ရှင်း
ပြလိုတဲ့ပုံတွေကို Large လောက်ထားတာက Standard လို့ပြောရမှာဖြစ်ပါတယ်။ ပိုစ့်ရဲ့ Title အောက်ပထမဆုံး ဖော်ပြသင့်တဲ့
ပုံဆိုဒ်ကတော့ small, medium လောက်က အကောင်းဆုံးပဲဖြစ်ပါတယ်။ ဆိုလိုတာက Title အောက် ပိုစ့်ပထမဆုံး ပုံကို
300x300 Pixel    ပဲထားသင့်ပါတယ်။
မတရားကြီးနေရင် မိမိတို့ ဆိုဒ် Template နဲ့လဲ အဆင်ပြေမှာမဟုတ်သလို အဲဒီပုံတွေမြင်အောင် loading လုပ်နေတာက မိုးလင်း
နိုင်ပါတယ်။ ချင့်ချိန်သင့်တဲ့ အချက်တခုလည်းဖြစ်ပါတယ်။အောက်ကပုံကို ကြည့်လိုက်ပါ..

This is the one of common mistake.We have to use choose low resolution images.For example,
you need a 200x200 pixel images and you are use 500x500 pixel.So,it will take some more
time to load.Just use exactly size you need. Use Photoshop,you can reduce resolution easily.
If you can compress your image that more better.you can use Yahoo Smushit for compress
your images.and other thing is, Use a correct image extension for increase site speed.
Don't use high resolution image for blogger background.I'm suggest u to use come CSS color
for background image because, background image take, some more time to load.

Number of post showing on home page

ဒီအချက်လေးကလည်း အမှတ်မထား မိတတ်တဲ့ သတိပြုစရာ အချက်ဖြစ်ပါတယ်။ မိမိတို့ Home page, Page တွေမှာ
ပေါ်နေစေမယ့် ပိုစ်အရေအတွက်လည်း Loading Time အတွက် အရေးပါနေပြန်ပါတယ်။ ပေါ်စေချင်တဲ့ ပိုစ်အရေအတွက်
များတဲ့အခါ load time ပိုယူရမှာဖြစ်ပြီး နည်းရင်တော့ လျော့ကျစေမှာပါ။ တိုက်ရိုက် အချိုးကျမှု လေးဖြစ်ပါတယ်။
ဒါကြောင့် အဲဒါကို သတိထားပြီး Manage လုပ်ပေးရပါမယ်။ အသင့်တော်ဆုံးအကြံပြုလိုတာကpageတခုမှာ Auto Read
more function ထည့်ထားပြိးသား ပိုစ့် ၅ -ခု (သို့) ၆-ခု  လောက်ဆို အကောင်းဆုံးဖြစ်ပါတယ်။
အောက်ကပုံကို လေ့လာနိုင်ပါတယ်....နော်


This is also another important thing.newly designed templates are manage it well.
But default blogger templates are not manage it well. so we have to manage it.
I saw some bloggers are using 5-10 post in home page. Its takes lot time to load.
I recommend you to add 5 post in your home page.If you can try read-more function.
that work well.How to add readmore function.

Reduce advertisement
ဒီတချက်ကတော့ ဘလော့သမားအများစု သိပ်မကြိုက်နိုင်ဘူးထင်ပါတယ်။ ဘာလဲဆိုတော့ ဆိုဒ်မှာ ကြေညာတွေ
ထည့်တာများလွန်းတာကို လျော့ချပစ်ဖို့ပါပဲ။ ကြေညာတွေမှာ ပါတဲ့ Script, Flash တွေက မိမိတို့ဆိုဒ်ရဲ့
Load time ကို အတော်ကို အနှောက်အယှက်ပေးပါတယ်။ ဒီတော့ အကြံပြုလိုတာက မိမိယုံကြည့်ရတဲ့ အဆင်ပြေတဲ့
ကြေညာ နှစ်ခု သုံးခုလောက် ကိုပဲ အလွန်ဆုံး အသုံးပြုစေလိုပါတယ်။

Don't use more advertisement in your home page, you can use, show gadget specific page.
to add advertisement inside posts.

Avoid unwanted java script sand flashes
အထက်က ကြေညာ ကိစ္စလိုပဲ ဆိုဒ်တခု ဘလော့တခုမှာ လိုသလို စီမံထိန်းချုပ်ဖို့ Browser နဲ့ OS Platform မျိုးစုံမှာ
မိမိတို့ ဆိုဒ် အပြင်အဆင် မပြောင်းမလဲ ပေါ်အောင် Java Script, Jquery တွေစသဖြင့် အသုံးပြုရသလို အလှအပ
အတွက်လည်း Flash ကို အားပြုရပါသေးတယ်။ သိုပေမယ့် တဖက်မှာ အဲဒါတွေများလာရင် ဒါမှမဟုတ် မလိုအပ်ပဲ
ထည့်သွင်းထားတာမျိုးဆိုရင် သူတို့က မိမိတို့ ဆိုဒ် Speed ကို အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်
ဒီအချက်လေးကိုလည်း ဆင်ခြင်စရာသတိပြုစရာအဖြစ် ထည့်သွင်းပေးရခြင်းဖြစ်ပါတယ်။

You can remove unwanted java script, flashes.
java script also affect to your blog loading speed.

Don't use lot of social sharing buttons
မိမိတို့ ဆိုဒ် ထင်ပေါ်စေဖို့ လူသိများဖို့ဆိုတာ... Social Site တွေ အကူအညီလိုအပ်ပါတယ်။ ဒါမှ မိတ်ဆွေ
အပေါင်းအသင်းများခြင်း၊ မိမိပိုစ်တွေ ကို Sharing များများလုပ်လို့ စိတ်ဝင်စားမှုများခြင်းတွေ နဲ့အတူ Traffic
လည်းတိုးတက်စေမှာဖြစ်ပါတယ်။ သိုပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပဲ အဲဒီ Social Sharing Site တွေရဲ့
Plugin, Widgets, Button တွေကို အသုံးများရင်လည်း မိမိတို့ ဆိုဒ်က သက်ကြားအို တောင်တက်သလိုနှေး
ကွေးလေးလံနေအုံးမှာဖြစ်ပါတယ်။ အထူးသဖြင့် widget တွေသုံးရင် iFrame ကို အတတ်နိုင်ဆုံးရှောင်စေချင်ပါတယ်။

Some people are using lot of social sharing buttons.
Just use some social button gadget to share your post and keep your blog neat.

အထင်ပါ အချက်လေးတွေကတော့ မိမိတို့ Web / Blog ရဲ့ Loading Speed ကောင်းမွန်အောင် အထောက်အပံဖြစ်စေမဲ့အချက်တွေကို စုစည်းတင်ပြပေးခြင်းဖြစ်ပါတယ်။ သည်အချက်လေးတွေကို သေခြာစီစစ် လိုက်နာ ပြီး မိမိတို့ရဲ့ ဘလော့လေးကို ကိုက်ညီသမျ ကိုက်ညီအောင် သုံးစွဲမယ်ဆိုရင်  အသင့်တော်ဆုံး  SPEED လေးတော့ ရရှိမှာဖြစ်ပါတယ်..အဲလို ရရှိပါမှလည်း ကိုယ့်ရဲ့ မိတ်ဆွေတွေ လာလည်တဲ့အခါ စိတ်တွေ့မယ်..တခါလာပြီး နောက်တခါလာခြင်မယ်လေ.. ဆိုဒ်ကအရမ်းလေးနေတော့ စိတ်ပျက်တတ်ပါတယ်..နောက် ကြော်ငြာတွေဆိုလည်း ဘာမှတောင် မကြည့်ရသေးဘူး ဟိုကထွက်လာ  သည်ကပေါ်လာနဲ့  သူတို့ကိုလိုက်ပိတ်နေရတာနဲ့  ကိုယ်လိုရင်းမရဖြစ်တတ်တာကြောင့် နောက်လာလည်ဖို့ စိတ်ပျက်တတ်ကြပါတယ်..ဒါကတော့
ဖြစ်နေတဲ့ အခြေနေကိုပြောပြတာပါ... မိမိဆိုဒ်ကိုမြန်စေခြင်တယ်ဆိုရင်တော့  အတိုင်းတာလေးတစ်ခုလောက်ထိဘဲ လှပခြယ်သကြပါ... တင်သင့်သလောက်ဘဲ တင်ကြပါလို့ ပြောကြားရင်း  အားလုံးအဆင်ပြေကြပါစေ....
လေးစားလျှက်  ... ဘလော့ခရီးသည်