Wednesday, May 31, 2017

MPU Card E-commerce စနစ်လျှောက်နည်း

Add Funds from MPU Card

MPU Card မှတဆင့်  ငွေဖြည့်သွင်းခြင်း။
  • လူကြီးမင်း၏ MPU Card မှ တဆင့် MyanPay Account အတွင်းသို့ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။
  • ထိုသို့ အသုံးပြုနိုင်ရန်အတွက် လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား ဖွင့်လှစ်ထားရန် လိုပါသည်။
  • လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား မဖွင့်ရသေးပါက လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဖွင့်လှစ်နိုင်ပါသည်။
  • လူကြီးမင်း၏ MPU Card သည် E-commerce စနစ် ဖွင့်လှစ်ပြီး ဖြစ်ပါက MyanPay တွင် အသုံးပြုနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
2
၃။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From MPU Card’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
1
၎။ ‘Add Funds From MPU Card’ အားရွေးချယ်လိုက်ပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါမည်။
3
၅။ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
၆။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ အောက်ပါအတိုင်း ရောက်ရှိသွားပါလိမ့်မည်။
mpu-5
၇။ MPU Payment Page တွင် လူကြီးမင်း၏ MPU Card နံပါတ်၊ Expire Date တို့အား ထည့်သွင်း၍ ‘Get OTP’ အား နှိပ်ပေးပါ။
mpu-6_1
၈။ ထို့နောက် လူကြီးမင်း၏ MPU E-commerce အတွက် စာရင်းပေးသွင်းထားသော Email သို့ One Time Password (OTP) ရောက်ရှိလာပါလိမ့်မည်။
၉။ ထို OTP အား အောက်ပါအတိုင်း ဖြည့်သွင်း၍ ‘CONFIRM PAYMENT’ Button အား နှိပ်ပေးပါ။
mpu-7
၁ဝ။ MPU Payment စနစ်မှ ငွေဖြည့်သွင်းမှု အောင်မြင်ပြီးစီးပါက Status တွင် ‘Approved’ ဟု ဖော်ပြပါလိမ့်မည်။ ထို့နောက် ‘CONTINUE’ Button အား နှိပ်ပေးပါ။
mpu-8
၁၁။ MyanPay Website သို့ ပြန်လည်ရောက်ရှိသွားပြီး အောက်ပါအတိုင်း လူကြီးမင်း ထည့်သွင်းလိုက်သော ငွေပမာဏသည် လူကြီးမင်း၏ MyanPay Balance ထဲသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်ပါသည်။
mpu-9
MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား လျှောက်ထားခြင်း
  • လူကြီးမင်းတို့၏ MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား ကြိုတင်လျှောက်ထားရန်လိုအပ်ပါသည်။
  • ထိုသို့ လျှောက်ထားရန်အတွက် လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါသည်။
  • လူကြီးမင်းအနေဖြင့် ဘဏ်သို့ ကိုယ်တိုင်သွားရောက်၍ မဆောင်ရွက်လိုပါက Online ပေါ်မှ တစ်ဆင့် MPU E-commerce စနစ်အသုံးပြုခွင့်အား အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account မှ ‘Add Funds From MPU Card’ ကိုရွေးချယ်ပေးပါ။
1
၃။ ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
3
၎။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ ရောက်ရှိသွားပါလိမ့်မည်။
mpu-5
၅။ မိမိ၏ MPU Card အချက်အလက်များအား ထည့်သွင်းပေးပါ။
mpu-6_1
၆။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား ဖွင့်လှစ်ပြီး ဖြစ်ပါက Card Number ဘေးတွင် အစိမ်းရောင် အမှန်ခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
mpu-yes
၇။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား မဖွင့်ရသေးပါက Card Number ဘေးတွင် အနီရောင် အမှားခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
mpu-no
၈။ ထိုအဆင့်တွင် အနီရောင် အမှားခြစ်ဘေးရှိ Question Mark (?) အား နှိပ်ပေးပါ။ ‘Register Now’ ဟူ၍ ပေါ်လာပါလိမ့်မည်။
mpu-no-1
၉။ ထို့နောက် မိမိ၏ အမည်၊ Email လိပ်စာ၊ မှတ်ပုံတင် စသည့်အချက်အလက်များအား ဖြည့်သွင်း၍ MPU E-commerce အား လျှောက်ထားပေးပါ။
mpu-no-2
၁၀။ Online မှ လျှောက်ထားပြီး ၃ ရက်အကြာတွင် မိမိ၏ MPU Card အား www.myanpay.com.com တွင် အသုံးပြုနိုင်ရန်အတွက်   E-commerce စနစ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Email ဖြင့် MPU မှ အကြောင်းကြားပေးပါလိမ့်မည်။

BTC CLICKS မှာဝင်ငွေရှာနည်း

BTC CLICKS မှာဝင်ငွေရှာနည်း

အားလုံးမင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ရယ် ဒီနေ့ ကမ္ဘာကြီးမှာခေတ်စားနေတဲ့ Online ဝင်ငွေရှာနည်းတွေကို ကျွန်တော်တို့မြန်တွေလည်းကမ္ဘာနဲရင်ဘောင်တန်းလို့ Online မှာပိုက်ဆံရှာနိုင်အောင်ဆိုပြီး ၊ ကျွန်တော်လည်း ပိုက်ဆံရှာနည်းတွေကို အားလုံးသဘောပေါက်နားလည်အောင်ပုံတွေနဲ့တကွသေသေချာချာရေးသားတင်ပေးနေပါတယ် ၊ Online မှာနည်းပညားတွေကိုလေ့လာရင်း ဝင်ငွေရှာနိုင်ကြပါစေဗျာ....  ဒီနေ့ကျွန်တော်တင်ပေးမှာကတော့ Btc Clicks မှာဝင်ငွေရှာနည်း ဖြစ်ပါတယ် ဒီကောင်လေးရဲအားသာချက်က $0.10 ဆိုရင်အစမ်းထုပ်ယူနိုင်ပါတယ် ကျွန်တော်ကိုယ်တိုင်ထုပ်ပြီးပါပြီ နောက်တစ်ခုက ပိုက်ဆံထုပ်ရင် 19 နာရီဘဲကြာတယ်ဗျာ အရမ်း မှန်ကန်တိကျတဲ့ဆိုက်ကောင်းလေးတစ်ခုပါဗျာ မိတ်ဆွေတို့အားလုံးလည်းဒီဆိုက်လေးကိုလက်မလွတ်ပါစေနဲ့ ၊ အားလုံးဘဲလုပ်တတ်ကိုင်အောင် အောက်မှာလေ့လာလိုက်ကြပါဗျာ.......



အရင်ဆုံး Btc Clicks မှာဝင်ငွေရှာဖို့အောက်ကပုံကိုနှိပ်လိုက်ပါ။

BTCClicks.com Banner


ပြီးရင်အောက်ပုံမှာပြထားသလို Login/Signup ဆိုတာကိုမောစ်တင်လိုက်ပါ ပြီးရင် Earner Signup ကိုနှိပ်လိုက်ပါ။


အောက်ပုံမှာလိုမိမိ Gmail ကိုထည့်ပါ Captcha မှာအမှန်ခြစ်လေးပေါ်အောင်လုပ်ပေးလိုက်ပါ။
အပေါ်ကပုံ Captcha မှာအမှန်ခြစ်ပေါ်ဖို့အတွက်အရင်ဆုံးမိမိတို့ကွန်ပျူတာမှာ မိမိတို့ Gmail ကိုဝင်ထားပါ ၊ မိမိတို့ကွန်ပျူတာမှာ Gmail ဝင်လို့မရှိရင်  I'm not a robot ဆိုတဲနေရာလေးကိုနှိပ်လိုက်တာနဲ့ ပုံလေးတွေပေါ်လာပါလိမ့်မယ် အဲမှာပုံတူလေးတွေကိုနှိပ်ပေးရပါတယ်။
 အပေါ်ကပုံမှာလို   I'm not a robot မှာအမှန်ခြစ်ပြီဆိုရင်  Sign Up   ဆိုတာကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံလိုပေါ်လာရင် verify လုပ်ရန်မိမိတို့ Gmail ကိုသွားလိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာကျွန်တော့ Gmail ကို Btc Clicks ကပို့ထားဒါ နှိပ်ပြီးဖွင့်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလို verify ဆိုတာကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလိုမိမိ Gmail နဲ့အဲဒါဆို မိမိအသုံးပြုမည့် Password ကိုထည့်ပေးလိုက်ပါ ပြီးရင်နံပါတ် 2 မြှားပြထားတဲ့နေရာမှာအမှန်ခြစ်ပေးလိုက်ပါ ပြီးရင်  Start Earning Bitcoins    ဆိုတာကိုနှိပ်ပေးလိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလိုပေါ်လာရင်မိမိ Btc Clicks Account ကိုပိုက်ဆံရှာဖို့ Login ဝင်နိုင်ပါပြီ အောက်ပုံကိုဆက်ကြည့်ပါ။

အပေါ်ကပုံမှာပြထားသလို Login/Signup ဆိုတာကိုမောစ်တင်လိုက်ပါ ပြီးရင် Earner Login ဆိုတာ ကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလို မိမိ Gmail နဲ့ Password ကိုထည့်ပြီး Log In ဝင်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလိုမိမိ Btc Clicks Account ကိုရောက်သွားရင် ပိုက်ဆံရှာဖို့ အပေါ်မှာမြှားပြထားတဲ့ Surf Ads ဆိုတာကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာမိမိ Click ရမဲကြော်ငြာတွေကိုတွေ့ပါလိမ့်မယ် အပေါ်ကကြော်ငြာကို Click လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလိုအဝါရောင်အရစ်လေးပတ်နေပါလိမ့်မယ်ခဏစောင့်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံလိုပေါ်လာရင်အမှန်ခြစ်ပေါ်အောင်လုပ်ပါ ပြီးရင် Submit ကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံလိုပေါ်လာရင် မိမိ Btc Clicks Account ကိုပိုက်ဆံရောက်သွားပါပြီ အဲဒိစာမျက်နှာကိုပိတ်နိုင်ပါပြီ ကြော်ငြာနောက်တစ်ခုကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံလိုပေါ်လာရင် +ပေးရမှာလား - ပေးရမှာလားသေသေချာချာကြည့်ပါ  ပုံမှာလို 17+9 အဖြေကို နံပါတ် 1 မြှားပြထားတဲအကွက်လေးမှာရေးထည့်ပါ ပြီးရင် Submit ကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံလိုပေါ်လာရင် မိမိ Btc Clicks Account ကိုပိုက်ဆံရောက်သွားပါပြီ အဲဒိစာမျက်နှာကိုပိတ်နိုင်ပါပြီ ကြော်ငြာတွေအကုန်လုံးကိုဒီလိုနည်းနဲ့ကုန်အောင် Click ပေးလိုက်ပါ။

အပေါ်ကပုံမှာလို ကြော်ငြာတွေအကုန်လုံးကို Click ပြီးရင်မိမိရဲ့ Dashboard ကိုပြန်သွားလိုက်ပါ 
ဒီလိုနေ့တိုင်း Click ပေးပါ။ 


 Ref ဝယ်ယူနည်းကို အောက်မှာလေ့လာလိုက်ပါ။
အပေါ်ကပုံမှာလိုမိမိတို့မှာ ပိုက်ဆံ $0.30 လောက်ရပြီဆိုရင် Ref ဝယ်ဖို့ my Balance မှပိုက်ဆံတွေကို P Balance သို့ပြောင်းရအောင်မြှားပြထားတဲနေရာလေးကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလိုနံပါတ် 1 မြှားပြထားတဲ့အကွက်ထဲမှာမိမိပြောင်းလိုတဲပမာဏကိုရေးထည့်ပါ ပြီးရင်နံပါတ် 2 မြှားပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါ အဲဒါဆိုပြောင်းပြီသွားပါပြီ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလို Ref ဝယ်ရန် မြှားပြထားတဲ့နေရာကိုနှိပ်လိုက်ပါ အောက်ပုံကိုဆက်ကြည့်ပါ။
အပေါ်ကပုံမှာလိုနံပါတ် 1 ဝယ်ယူလိုတဲရက်ကိုရွေးပါ။
2 Ref အရေတွက်ကိုရွေးပါ။
3 အမှန်ခြစ်ပေါ်အောင်လုပ်ပါ။
4 Pay Now
အဲဒါဆိုဝယ်ပြီးပါပြီ  Ref ကို ၈း၀၀ နာရီကြာမှတစ်ခါဝယ်ခွင့်ပေးပါတယ် ပြီးရင်ဝယ်ယူဖို့အတွက်အချိန်အတိကျစောင့်ပေးရပါတယ် ဒါလေးကိုတော့စိတ်ရှည်ပေးဖို့လိုတယ်။

ကဲဒီလောက်ဆိုရင်သဘောပေါက်လောက်ပါပြီနော်နားမလည်တာရှိရင်လည်း Comment မှာမေးနိုင်ပါတယ်။ ဒီဆိုက်ကပိုက်ဆံကိုတော့ Bitcoin Account တစ်ခုနဲထုပ်ယူရပါတယ်။ Bitcoin Account ဖွင့်နည်းနဲ့ ပိုက်ဆံထုပ်ယူနည်းကိုတော့နောက်မှတင်ပေးပါမယ် အားလုံးဘဲလုပ်တတ်ကိုင်တတ်ပြီးပိုက်ဆံများများရလို့ပျော်ရွှင်နိုင်ကြပါစေ........ 

ဖုန်းတစ်လုံးရှိရုံနှင့် OK DOLLAR တွင်ဖုန်းဘေလ် များ FREE ရှာဖို့အတွက်

ဖုန်းတစ်လုံးရှိရုံနှင့် OK DOLLAR တွင်ဖုန်းဘေလ် များ FREE ရှာဖို့အတွက်


လူတစ်ယောက် ကို ဖိတ်ခေါ်ပေးရင် 500 ကျပ် ,၂နှစ်ယောက်1000 ကျပ်
စသဖြင့်...ပါ အယောက် ၁၀၀ ဆို ၅၀၀၀၀ကျပ် စသဖြင့်

ဖိတ်ခေါ်နိုင်ရင်ခေါ်သလောက်ရမယ်...စိတ်ဝင်စားသူများ အကောင့်မလုပ်တတ်သေးသူများအတွက် ပြန်တင်ပြလိုက်ပါတယ် အမှားပါရင် ဆောရီးပါ
ပထမဆုံး OK dollar ကို
  download ဆွဲရပါတယ်...

 ဒါမှမဟုတ်
ဒေါင်းလုပ်ဆွဲပြီးရင် ဖွင့်လိုက်ပါ အောက်ပါအတိုင်း ဘာသာရွေးခိုင်းပါမယ်..မြန်မာနဲ့ Eng တစ်ခုခုကိုရွေးပေးလိုက်ပါ..




မိမိအကောင့်ဖွင့်မယ် နံပါတ်ကို SIM one နေရာမှာထည့်ထားပေးပါ..Register for new 

user(အကောင့်မရှိသူမှတ်ပုံတင်ရန်) ကိုနှိပ်ပါ.. ။
မိမိဖုန်းနံပါတ်နဲ့ Auto detectလုပ်ကာ Sms verify လုပ်ပါလိမ့်မယ်..သူဖာသာလုပ်သွားမှာပါ.
ပြီးရင်အောက်ကအဆင့်ကိုရောက်ပါတယ်

personal account(ကိုယ်ပိုင်သုံးအကောင့်) နေရာမှာ ရွေးပေးပါ။
နောက်ထည့်မယ့်အကွက်တွေမှာ အမည်အမှန် မထည့်လည်း သင့်လျော်ရာထ့ည့်ပေးပါ. 
ဆက်စပ်အကွက်များကို-သင့်လျော်သလိုထည့်နိုင်ပါတယ်
ပထမအကွက်-နာမည်
ဒုတိယအကွက်မှာ ဓါတ်ပုံရိုက်ထည့်ပေးပါ
နောက် မိဘအမည် သင့်လျော်ရာပေါ့
နောက် မှတ်ပုံတင် -ဒါလည်းသင့်လျော်ရာပေါ့
၉၊သတက (နိုင်)၀၀၀၀၀၀ ပုံစံလေးပါ
အခြား သက်သေနေရာမထည့်လည်းရပါတယ်
နောက်လျှို့ဝှက်နံပါတ်နေရာမှာ မိမိထားမယ့်passwordထည့်ပေးပါ
အောက်မှာထည်း password 6လုံးကိုအပေါ်နဲ့တူအောင်ထည့်ပေးပါ။
အောက်ကအကွက်မှာတော့လက်မှတ်ထိုးတဲ့ပုံစံပါ..အဲဒီအကွက်ပေါ်ကိုနှိပ်ပြီး ခြစ်ချင်သလိုခြစ်လိုက်ဗျာ



ပြီးရင် စည်မျဉ်းစည်းကမ်းများအာလုံးကိုသဘောတူပါဆိုတဲ့ဘေးက အ၀ိုင်းလေးကိုနှိပ်ပြီး အစက်ကလေးချပ် circle checkပါ။
ပြီးရင် အကောင့်ဖွင့်ပါကိုတန်းမနှိပ်ပါနဲ့ အချိန်ရလျှင် ကိုယ်ရေးအချက်အလက်ထည့်ပါဆိုတာကိုနှိပ်ပေးပါ
လိပ်စာအပြည့်အစုံနေရာမှာ သင့်လျော်သလိုလေးထည့်ပေးပါ။
ပြီးရင် အောက်နဲနဲဆင်းပြီး ကူညီပေးသူနေရာမှာ ကြည့်ပါ မိမိဖုန်းရှိနေရင် ရှင်းလင်းClear ကိုနှိပ်ပါ။
ပြီးရင် အကွက်ပေါ်နှိပ်ပြီး အခြားကို ရွေးပြီးအောက်ကနံပါတ်ကိုထည့်ပေးပါ
**09 420 70 8443
အရေးကြီးပါတယ် သင်တခြားတစ်ယောက်ကို အကောင့်ဖွင့်ခိုင်းတဲ့နေရာမှာ လည်းသင့်နံပါတ်ကို ကူညီသူနေရာမှာ သင့်နံပါတ်ကိုထည့်ခိုင်းဖို့မမေ့ပါနဲ့
ပြီးရင် လက်ခံအတည်ပြုကိုနှိပ်ပါ
အချက်အလက်တွေ အကုန်ထည့်ထားရင် နောက်တစ်ဆင့်ရောက်ပါမယ်..နောက်တစ်ဆင့်မသွားရင်
ထည့်စရာတစ်ခုခုကျန်နေလို့ပါ...သူပြတဲ့နေရာကိုသွားပြီး ထပ်ထည့်ပေးပါ..
ဒါဆိုရင်တော့ အကောင့်ဖောက်ပြီးပါပြီ
သင့်လုပ်ရမှာက နောက်ထပ်သူများတွေကို အကောင့်ဖွင့်ဖို့ပြောပြီးအကောင့်ဖွင့်ရာမှာ ကူညီပေးသူနေရာမှာ သင့်နံပါတ်ကိုထည့်ဖို့ပါပဲ
တစ်ခါထည့်တာနဲ့ ၅၀၀ ကျပ်ရပါတယ်..ဒါပေမယ့်တန်းတော့မလာပါဘူးနာရီအနည်းငယ်စောင့်ရပါတယ်
တစ်ထောင် ကနေစပြီး ငွေဖြည့်နိုင်ပါတယ်။
Ok Dollar ဖြင့် ဖုန်းငွေဖြည့်ဖို့အတွက်
မိမိအကောင့်ထဲမှာ အနည်းဆုံး ၁၀၀၀ကျပ်ရှိမှဘေ စဖြည့်လို့ရမှာပါ.
ဒါ့ကြောင့်သူငယ်ချင်း ၂ယောက် အနည်းဆုံးဖိတ်ခေါ်ပါ..
မိမိအကောင့်ထဲသို့ဝင်ပါ
အောက်နည်းနည်းဆင်း ပါ
မိမိဖုန်း ကိုနှိပ်ပါ 
ဘယ်လောက်ဖြည့်တာရွေးပါ ဖြည့်မည်ကိုနှိပ်ပါ ဖုန်းဘေရောက်လာပါလိမ့်မယ်..
ဒိgrin emoticon


OK Dollar အကြောင်းကိုသိလိုရင် http://www.okdollar.com/mm/faq မှာဝင်ကြည့်ပါ

“ငွေကြေးစီမံခန့်ခွဲမှုအတွက် MOBILE BANKING ကအဖြေတစ်ရပ် ဖြစ်လာပြီလား .....”

“ငွေကြေးစီမံခန့်ခွဲမှုအတွက် MOBILE BANKING ကအဖြေတစ်ရပ် ဖြစ်လာပြီလား .....”


Image may contain: 2 people, people smiling, text

အင်တာနက်ဆက်သွယ်ရေးကိုအသုံးပြုပြီးမိုဘိုင်းဖုန်းမှတစ်ဆင့်ဘဏ်ရှိငွေများကိုစီမံခန့်ခွဲခြင်း (Mobile Banking) သည်ယနေ့ခေတ်လူသားတို့၏ ငွေကြေး ပိုင်း ဆိုင်ရာထိန်းမှုသိမ်းမှုကိစ္စရပ်များကိုလုံးဝဥဿုံ ပြောင်းလဲပေးလိုက်ပြီ ဖြစ်၏။ထို့အတူဘဏ်များထံပေးအပ်နေရသောဝန်ဆောင်ခများကိုလည်း ဒေါ်လာဘီလီယံနှင့်ချီ၍သက်သာသွားစေခဲ့ပြီဖြစ်ကြောင်းMobile Banking နှင့်ပတ်သက်သောလုပ်ငန်းများဆောင်ရွက်နေသည့်စွန့်ဦးတီထွင်ကုမ္ပဏီငယ်များမှတစ်ဆင့်သိရသည်။

လန်ဒန်မြို့မှအသက်၂၂နှစ်ရှိSoftware အင်ဂျင်နီယာတစ်ဦးဖြစ်သူCharlie Kingston ကတော့မိုဘိုင်းဖုန်းဖြင့်သာ ငွေကြေးကိုစီမံခန့်ခွဲနိုင်သည့် ၀န်ဆောင်မှု ကုမ္ပဏီသစ်Starling Bank ဖြင့်ဘဏ်ကိစ္စများကိုပြုလုပ်လေ့ ရှိကြောင်း ပြောကြားခဲ့သည်။၎င်းက“ကျွန်တော့်ပိုက်ဆံတွေကိုထိန်းချုပ် စီမံခွင့်ပိုမိုရရှိဖို့အတွက်Mobile Bank စနစ်ကို ပြောင်းသုံးလိုက်တာပါ။ဒီစနစ်က ကျွန်တော်ငွေဘယ်လောက်သုံးလိုက်တယ်ဆိုတာကို မြန်မြန်ဆန်ဆန်နဲ့ အတွင်းကျကျသိရှိစေပြီးအချိန်နဲ့ တစ်ပြေးညီအချက်ပြစနစ်တွေကလည်းအကူအညီရပါတယ်”ဟုပြောကြားခဲ့သည်။

နိုင်ငံတကာငွေလွှဲပြောင်းဝန်ဆောင်မှုတစ်ခုဖြစ်သောAzimo ကတော့Mobile Banking ဆော့ဖ်ဝဲများအနေဖြင့် ငွေလွှဲပြောင်းမှုပိုမိုမြန်ဆန်လာသလိုအပို ၀န်ဆောင်ခများကိုလည်းသက်သာစေသဖြင့်ဥရောပတွင်တစ်နှစ်တာအတွင်းဘဏ်ဝန်ဆောင်ခပေါင်၇ဘီလီယံအထိပင်သက်သာစေနိုင်ဖွယ်
ရှိကြောင်း သုံးသပ်ဖော်ပြသွားခဲ့သည်။ဘဏ်များနှင့်ချိတ်ဆက်ထားသောဗြိတိန်နိုင်ငံသား၅ပုံ၂ပုံခန့်သည် လည်းနည်းပညာအသုံးပြု၍ ငွေကြေးစီမံခန့်ခွဲခြင်းဖြင့် ဘဏ်ကြွေး (သို့) ဘဏ်ဝန်ဆောင်ခပေါင်၁၀၀ခန့်အထိသက်သာနိုင်ကြောင်း သိရသည်။ ပြင်သစ်၊ဂျာမနီ၊စပိန်နှင့်ဗြိတိန်နိုင်ငံများရှိလူပေါင်း ၄,၀၀၀ခန့် ကိုAzimo မှအင်တာဗျူးလုပ်ခဲ့ရာတွင်ဘဏ်ရှိငွေပမာဏကိုအွန်လိုင်းမှ ချက်ချင်းဆိုသလိုချိတ်ဆက်ကြည့် ရှုနိုင်ခြင်းက၎င်းတို့၏ငွေသုံးစွဲမှုအပေါ် အချိန်ပြည့်စောင့်ကြည့်နိုင်ရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့ကြ သည်။Mobile Banking ၀န်ဆောင်မှုStarling Bank ကိုအသုံးပြုသည့် အခြားဖောက်သည်တစ်ဦးဖြစ်သူအသက်၃၆နှစ်ရှိCarl Riordan ကလည်း မိုဘိုင်းဖုန်းမှတစ်ဆင့်ဘဏ်ငွေကြေးကိုစီမံခန့်ခွဲရခြင်း၏လွယ်ကူမြန်ဆန်မှုကိုယခင်ကသဘောပေါက်နားလည်ခြင်းမရှိခဲ့ကြောင်း အောက်ပါအတိုင်းဝန်ခံ သွားခဲ့သည်။“ဘဏ်ခွဲတစ်ခုခုကို မသွားဘဲနဲ့ဘဏ်ထဲကငွေကိုစီမံရမယ် ဆိုတော့အဆင့်နည်းနည်းနဲ့လွယ်လွယ်ကူကူလုပ်လို့ရတယ်ဆိုတာမသိခဲ့ဘူး”ဟု၎င်းကဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင်မှုတစ်ခုဖြစ်သောHSBC ကလည်း Customer များလုပ်ဆောင်နေကြသောငွေကြေးစီမံခန့်ခွဲမှုပမာဏ ၉၀ ရာခိုင်နှုန်း ကျော်မှာ၎င်းတို့၏ဒစ်ဂျစ်တယ်ကဏ္ဍသို့ကူးပြောင်းသွားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။အကျိုးဆက်အားဖြင့်ဗြိတိန် တစ်ဝန်းတွင်ရှိသောHSBC ၏ဘဏ်ခွဲ၁,၀၀၀ ကျော်မှာပြီးခဲ့သော၂နှစ်အတွင်း ပိတ်သိမ်းခဲ့ ရသလိုလက်ရှိ၂၀၁၇ခုနှစ်အတွင်း၌လည်းဘဏ်ခွဲ၄၀၀ခန့်ထပ်မံ ပိတ်သိမ်းရဖွယ်ရှိနေပြီဖြစ်သည်။

<Mobile Banking နှင့်ကမ္ဘာ့ ဈေးကွက်>

Mobile Banking စနစ်မှာအာဖရိကတွင်လည်းအသစ်အဆန်းမဟုတ်တော့။ M-Pesa ကဲ့သို့ဆိုသောမိုဘိုင်းဘဏ်ဝန်ဆောင်မှုသည်ပင်မကြာသေးခင်က ၁၀နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ် သည်။၂၀၀၇ခုနှစ်ကမိုဘိုင်းငွေကြေး ၀န်ဆောင်မှုကိုစတင်ခဲ့သောနာမည်ကျော်Vodafone Safaricom ကုမ္ပဏီ သည်လည်းယခုအခါနိုင်ငံပေါင်း၁၀နိုင်ငံတွင် ဖောက်သည်အရေအတွက် ၂၅သန်း အထိရှိလာခဲ့လေပြီ။သို့သော်အာဖရိကတွင်Mobile Banking စနစ် အောင်မြင်စွာခေတ်စားလာခဲ့ခြင်း၏ အကြောင်းအရင်းတစ်ရပ်ကတော့သာမန်ဘဏ်လုပ်ငန်းများအနေဖြင့်တည်ဆောက်ပုံအရ ဖောက်သည်အများစုထံသို့ မရောက်ရှိနိုင်ခြင်းပင်ဖြစ်ပါ၏။အာဖရိကတွင်ဘဏ်အပ်နှံသူများ အတွက်တော့Mobile Banking မှလွဲပြီး ရွေးချယ်စရာမရှိသလောက်ပင်။

ဥရောပ၊အမေရိကနှင့်အာရှ ဈေးကွက်များမှာတော့စမတ်ဖုန်းနည်းပညာများ တိုးတက်လာခြင်းကဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ်ကြီးမားသော အပြောင်းအလဲများရှိစေခဲ့ခြင်း သာဖြစ်သည်။Starling Bank မှChief Platform Officer ဖြစ်သူMegan Caywood ကတော့“အခုချိန်မှာနည်းပညာအသုံးချ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ (Fintech) တွေဟာဘဏ်လုပ်ငန်းလိုင်စင်တွေ ရလာ ကြပြီးမိုဘိုင်းနယ်ပယ်မှာတူညီတဲ့အခြေခံတွေ၊နည်းပညာဆန်းသစ်မှု တွေနဲ့Mobile Banking ကိုအပြိုင်အဆိုင်အကောင်အထည်ဖော်လာကြပါပြီ”ဟုပြောကြားခဲ့သည်။ အထူးသဖြင့်လူငယ်မျိုးဆက်သစ်များသည်လက်ဗွေဖတ်စနစ်၊အသံမှတ်သားခွဲခြားစနစ်၊ဗီဒီယိုပုံရိပ်မှတ်သား ခွဲခြားစနစ်စသည့် Biometric Authentication နည်းပညာများအကူအညီပါဝင်သောစမတ်ဖုန်း များ၏ လုံခြုံမှုကိုယုံကြည်နေကြပြီဖြစ်ရာ၎င်းတို့အကြားMobile Banking စနစ်ပိုမိုရေပန်းစာလာခဲ့ခြင်း အတွက်အံ့သြစရာမရှိပါချေ။Fintech အမျိုး အစားစွန့်ဦးတီထွင်လုပ်ငန်းများအနေဖြင့်လည်းဥရောပသမဂ္ဂ၏ကြီးကြပ်မှု အောက်တွင် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းများကို ပြောင်းလွယ် ပြင်လွယ်ဖြစ်စေရန်ညှိနှိုင်း ဆောင်ရွက်လာကြသလိုဘဏ်များကလည်း Customer များနှင့်အချက်အလက်များ၊လုပ်ပိုင်ခွင့် များကိုအပြန်အလှန် ဖလှယ်လာနိုင်ကြပြီဖြစ်သည်။တစ်နည်းအားဖြင့်တော့ဘဏ်များနှင့်Customer များအကြားတွင်Digital Banking Platform များပိုမိုလှုပ်ရှားသက်ဝင်လာခဲ့ပြီး မိမိငွေကြေးကိုအွန်လိုင်းပေါ်မှ အပြည့်အ၀စီမံခန့်ခွဲခွင့်ရရှိလာခဲ့ခြင်းဟုလည်းဆိုရပေမည်။

<ဘဏ်လုပ်ငန်းများအသွင်ပြောင်းလဲမှု>

မိုဘိုင်းဘဏ်လုပ်ငန်းများဖြစ်သည့်Atom, Monzo, Starling, Tandem နှင့် N26 တို့သည်နည်းပညာနှင့်ပိုမို
ရင်းနှီးကျွမ်းဝင်သည့်လူငယ်ပိုင်းCustomer များကိုအဓိကပစ်မှတ်ထားလာကြပြီးအခြားSoftware အခြေပြုငွေကြေး ၀န်ဆောင်မှုများနှင့်လည်းချိတ်ဆက်ခွင့်ပေးလာကြပြီဖြစ်သည်။ဥပမာအားဖြင့်ဂျာမနီမှN26 မိုဘိုင်းဘဏ်လုပ်ငန်းသည်ဥရောပသမဂ္ဂလက်အောက်ရှိ နိုင်ငံပေါင်း၁၇ခုမှဖောက်သည်များ အတွက်ဝန်ဆောင်မှုပေးနေပြီး ဖောက်သည်ပေါင်း၃၀၀,၀၀၀အထိရှိထားပြီးဖြစ်သည်။ယင်းဖောက်သည် များအတွက်Software သုံးဈေးကွက်တစ်ခုကိုဖန်တီးပေးထားပြီး Transfer Wise ကဲ့သို့နိုင်ငံတကာငွေ
လွှဲပြောင်းဝန်ဆောင်မှုများနှင့်ချိတ်ဆက်ခွင့်ပြုထားခဲ့ သည်။Starling Bank သည်လည်းTransferWise ၏ပါတနာကုမ္ပဏီတစ်ခုပင် ဖြစ်၏။အခြားဂျာမနီအခြေစိုက်မိုဘိုင်းဘဏ်လုပ်ငန်းသစ်တစ်ခုဖြစ်သော SolarisBank ကတော့ယူရိုငွေ၂၆ .၃သန်းကိုရင်းနှီးမြှုပ်နှံသူများအတွက်ထုတ် ပေးထားပြီးမည်သည့်စီးပွားရေး ကုမ္ပဏီမဆိုပါဝင်နိုင်သည့်ပလက်ဖောင်းတစ်ခုကိုဖန်တီးပေးထားသည်ကိုတွေ့ရသည်။ ထိုပလက်ဖောင်း သည်လည်းအခြား သော ငွေကြေးဝန်ဆောင်မှုများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းရှိလေ သည်။

SolarisBank ၏ပူးတွဲတည်ထောင်သူMarko Wenthin က“ပလက်ဖောင်း တစ်ခုအဖြစ်ဘဏ်လုပ်ငန်းဆောင်ရွက်တဲ့ အဓိကအိုင်ဒီယာက ငွေကြေးနဲ့ ဘဏ်စနစ်တွေမှာဆန်းသစ်တီထွင်မှုတွေဖြစ်ပေါ်လာစေဖို့ပါ။ 
ဒီအိုင်ဒီယာက fintech တွေ၊ဒစ်ဂျစ်တယ်ကုမ္ပဏီတွေနဲ့ဘဏ်တွေကို ခေတ်မီနည်းပညာ အသုံးချနိုင်တဲ့ဖောက်သည်သစ်တွေနဲ့ချိတ်ဆက်ဝန်ဆောင်နိုင်စေဖို့ ကူညီ ပေးနိုင်ပါတယ်”ဟုပြောကြားခဲ့ သည်။

Fintech ခေါ်နည်းပညာအသုံးချငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအတွက် အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ဖြစ်သော 11FSကိုတည်ထောင်သူDavid Brear ကလည်းမိုဘိုင်းဘဏ်လုပ်ငန်းဖြင့်ကျယ်ပြန့်စွာချိတ်ဆက်
ဆောင်ရွက်နိုင်ပုံကိုသုံးသပ်ပြောကြားခဲ့သည်။၎င်းက“လာမယ့်၅နှစ်အတွင်းမှာဘဏ်တွေဟာ ကိုယ်ပိုင်ဝန်ဆောင်မှု၊ကိုယ်ပိုင်လမ်းကြောင်းကနေပဲ ဖောက်သည်တွေကို ငွေကြေးစီမံခန့်ခွဲခွင့်ပေးမယ်ဆိုရင်တဖြည်းဖြည်းနဲ့ခက်ခဲကျပ်တည်းတဲ့အခြေအနေကိုကြုံတွေ့ရနိုင်ပါတယ်။ပါးနပ်တဲ့သမားရိုးကျဘဏ်တွေကဒီအခြေ အနေကိုနားလည်သဘောပေါက်ထားပြီးနည်းပညာသုံးငွေကြေးဝန်ဆောင် မှုလုပ်ငန်းသစ်တွေနဲ့ချိတ်ဆက်၍အပြောင်းအလဲကိုလိုက်ပါနေကြပြီလေ”ဟု ဆိုခဲ့သည်။နိုင်ငံတကာရှိဘဏ်အချင်းချင်းငွေလွှဲပြောင်းမှုကွန်ရက်တစ်မျိုးကိုတည်ထောင်ထားသည့်GoCardless ၏Chief Operatiing Officer ဖြစ်သူErez Mathan ကတော့“နည်းပညာခေတ်နဲ့အညီအသွင်ပြောင်းလဲနေတဲ့ဘဏ် လုပ်ငန်း တွေဟာမိုဘိုင်းဘဏ်စနစ်နဲ့ချိတ် ဆက်မှုကိုမဆန့်ကျင်ကြပါဘူး။ ပူးပေါင်းဆောင်ရွက်မှုကအရေးကြီး လာပြီဆိုတာနားလည်လာကြပါပြီ။အဓိက ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတွေနဲ့ပူးပေါင်းခြင်းအားဖြင့်ဥရောပဇုန်ထဲမှာ စီးပွားရေးလုပ်ရတာပိုမိုအကုန်အကျသက်သာစေတယ်ဆိုတာသိမြင်လာကြပါတယ်”ဟုဆိုသွားခဲ့သည်။

အချုပ်အားဖြင့်တော့စီးပွားရေးနှင့်ငွေကြေးစီမံခန့်ခွဲမှုကိစ္စရပ်များတွင်ပိုမို လွယ်ကူလျင်မြန်ပြီးပိုမိုအကုန် အကျသက်သာစေသည်ဆိုသောအယူအဆများ ဖြင့်ဘဏ်လုပ်ငန်းများသည်မိုဘိုင်းအခြေပြုအနေအထားသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ကူးပြောင်းရောက်ရှိစေရန်လည်းအဘက်ဘက်မှဆွဲဆောင်လာခဲ့ပြီ ဖြစ်သည်။စမတ်ဖုန်းတစ်လုံးဖြင့် ပြုလုပ်နိုင်သောMobile Banking စနစ်သည် ကိုယ်ပိုင်ငွေကြေးနှင့်စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုများအတွက်အဖြေတစ်ရပ် ဖြစ်လာခဲ့ပြီလားဆိုသည်ကတော့ ...။


Ref : (Mobile banking is saving us'billions' in charges -By Monty Munford)

Monday, May 29, 2017

MYANPAY မှငွေများကို မိမိရဲ့ မြန်မာဘဏ်ACCOUNT ထဲသို့လွှဲနည်း

MYANPAY မှငွေများကို မိမိရဲ့ မြန်မာဘဏ်ACCOUNT ထဲသို့လွှဲနည်း


မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Picture
Create Personal Account ကိုရွေးပါ
Picture
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Picture
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
Picture
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Picture
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
Picture
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
Picture
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
Picture
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
Picture
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

credit >>>>> MM IT Helper

အားလုံးအဆင်ပြေကြပါစေ.........