Wednesday, May 31, 2017

MPU Card E-commerce စနစ်လျှောက်နည်း

Add Funds from MPU Card

MPU Card မှတဆင့်  ငွေဖြည့်သွင်းခြင်း။
  • လူကြီးမင်း၏ MPU Card မှ တဆင့် MyanPay Account အတွင်းသို့ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။
  • ထိုသို့ အသုံးပြုနိုင်ရန်အတွက် လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား ဖွင့်လှစ်ထားရန် လိုပါသည်။
  • လူကြီးမင်း၏ MPU Card သည် E-commerce စနစ်အား မဖွင့်ရသေးပါက လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဖွင့်လှစ်နိုင်ပါသည်။
  • လူကြီးမင်း၏ MPU Card သည် E-commerce စနစ် ဖွင့်လှစ်ပြီး ဖြစ်ပါက MyanPay တွင် အသုံးပြုနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
2
၃။ လူကြီးမင်း၏ MyanPay Account မှ Add Funds menu အား ရွေးချယ်လိုက်ပါက အောက်ပါအတိုင်း ‘Add Funds From MPU Card’ ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
1
၎။ ‘Add Funds From MPU Card’ အားရွေးချယ်လိုက်ပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါမည်။
3
၅။ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
၆။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ အောက်ပါအတိုင်း ရောက်ရှိသွားပါလိမ့်မည်။
mpu-5
၇။ MPU Payment Page တွင် လူကြီးမင်း၏ MPU Card နံပါတ်၊ Expire Date တို့အား ထည့်သွင်း၍ ‘Get OTP’ အား နှိပ်ပေးပါ။
mpu-6_1
၈။ ထို့နောက် လူကြီးမင်း၏ MPU E-commerce အတွက် စာရင်းပေးသွင်းထားသော Email သို့ One Time Password (OTP) ရောက်ရှိလာပါလိမ့်မည်။
၉။ ထို OTP အား အောက်ပါအတိုင်း ဖြည့်သွင်း၍ ‘CONFIRM PAYMENT’ Button အား နှိပ်ပေးပါ။
mpu-7
၁ဝ။ MPU Payment စနစ်မှ ငွေဖြည့်သွင်းမှု အောင်မြင်ပြီးစီးပါက Status တွင် ‘Approved’ ဟု ဖော်ပြပါလိမ့်မည်။ ထို့နောက် ‘CONTINUE’ Button အား နှိပ်ပေးပါ။
mpu-8
၁၁။ MyanPay Website သို့ ပြန်လည်ရောက်ရှိသွားပြီး အောက်ပါအတိုင်း လူကြီးမင်း ထည့်သွင်းလိုက်သော ငွေပမာဏသည် လူကြီးမင်း၏ MyanPay Balance ထဲသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်ပါသည်။
mpu-9
MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား လျှောက်ထားခြင်း
  • လူကြီးမင်းတို့၏ MPU Card အား Online ပေါ်တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ်အသုံးပြုခွင့်အား ကြိုတင်လျှောက်ထားရန်လိုအပ်ပါသည်။
  • ထိုသို့ လျှောက်ထားရန်အတွက် လူကြီးမင်း၏ MPU card’s issuing bank အား ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါသည်။
  • လူကြီးမင်းအနေဖြင့် ဘဏ်သို့ ကိုယ်တိုင်သွားရောက်၍ မဆောင်ရွက်လိုပါက Online ပေါ်မှ တစ်ဆင့် MPU E-commerce စနစ်အသုံးပြုခွင့်အား အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်။
လုပ်ဆောင်ပုံ အဆင့်ဆင့်။
၁။ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။
login_photo
၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account မှ ‘Add Funds From MPU Card’ ကိုရွေးချယ်ပေးပါ။
1
၃။ ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။
3
၎။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ ရောက်ရှိသွားပါလိမ့်မည်။
mpu-5
၅။ မိမိ၏ MPU Card အချက်အလက်များအား ထည့်သွင်းပေးပါ။
mpu-6_1
၆။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား ဖွင့်လှစ်ပြီး ဖြစ်ပါက Card Number ဘေးတွင် အစိမ်းရောင် အမှန်ခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
mpu-yes
၇။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား မဖွင့်ရသေးပါက Card Number ဘေးတွင် အနီရောင် အမှားခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။။
mpu-no
၈။ ထိုအဆင့်တွင် အနီရောင် အမှားခြစ်ဘေးရှိ Question Mark (?) အား နှိပ်ပေးပါ။ ‘Register Now’ ဟူ၍ ပေါ်လာပါလိမ့်မည်။
mpu-no-1
၉။ ထို့နောက် မိမိ၏ အမည်၊ Email လိပ်စာ၊ မှတ်ပုံတင် စသည့်အချက်အလက်များအား ဖြည့်သွင်း၍ MPU E-commerce အား လျှောက်ထားပေးပါ။
mpu-no-2
၁၀။ Online မှ လျှောက်ထားပြီး ၃ ရက်အကြာတွင် မိမိ၏ MPU Card အား www.myanpay.com.com တွင် အသုံးပြုနိုင်ရန်အတွက်   E-commerce စနစ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Email ဖြင့် MPU မှ အကြောင်းကြားပေးပါလိမ့်မည်။

No comments:

Post a Comment