Payment System
Payment System ကတော့ ကျွန်တော်တို့ Online
Business တွေလုပ်ကြတဲ့ အခါ ငွေသွင်းငွေထုပ် ကို ကိုယ်တိုင်လုပ်နိုင်ဖို့
အတွက် သိကိုသိထားရမယ့် အကြောင်းရာတွေပါ။
ကျွန်တော်တို့ မြန်မာပြည်မှာ ဘဏ်လုပ်ငန်းတွေဟာ နိုင်ငံတကာနဲ့ မချိတ်ဆက်နိုင်သေးတာ၊ တိုးတက်မှု သိပ်မရှိသေးတာတွေကြောင့် Online မှာငွေပေး ငွေယူ လုပ်ရတာ တော်တော်လေး အဆင့်များများလုပ်ဆောင်ရပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ သိသွားရင် လွယ်သွားမှာပါ။
Ok....
ပထမဆုံးဆုံး သိရမှာကတော့ Online ပေါ်မှာ ဘဏ် အကောင့်တွေလိုမျိုး ငွေသွင်းထားပြီး Online ပေါ်တင် ငွေပေး ငွေယူ လုပ်လို့ရတဲ့ Service တွေရှိပါတယ်။ ဥပမာ လူတိုင်းသိကြမှာတော့ Paypal တို့ ဘာတို့ပေါ့။ သူတို့က အဲဒီဝန်ဆောင်မှုပေးပြီး ခကြေးငွေယူတယ်ပေါ့ဗျာ။ Paypal ကလက်ရှိမှာ မြန်မာပြည်က လူတွေကို တရားဝင် လက်မခံသေးပါဘူး။ မြန်မာပြည်က လူတွေ အများဆုံးသုံးကြတာကတော့ Perfect Money ပါ။
နောက်တစ်ခုက အဲဒီ Perfect Money ငွေကနေ မြန်မာငွေဖြစ်အောင်လုပ်ပေးတဲ့ Exchanger လိုပါတယ်။ မြန်မာပြည်က Perfect Money ရဲ့ တရားဝင်ပါတနာက VodaExchange ဆိုတာရှိပါတယ်။ အဲဒီ VodaExchang ကဘဏ်တွေနဲ့ တိုက်ရိုက်မချိတ်ဆက်သေးပါဘူး ။ ဒါကြောင့် သူက MyanPay ကိုပြန်လွှဲပေးပါတယ်။ Myan Pay ကနေမှ ကိုယ့်သက်ဆိုင်ရာ ဘဏ်အကောင့်ထဲကို လွှဲယူ ထုပ်ယူနိုင်မှာဖြစ်ပါတယ်။
ဆိုတော့ သဘောက
PerfectMoney <==> VodaExchange <==> MyanPay <==> သက်ဆိုင်ရာ ဘဏ်အကောင့်
အဲဒီလို အဆင့်လေးဆင့် လောက်သွားမှ Perfect Money ထဲကိုငွေရောက်ရုံဘဲ ရှိပါသေးတယ်။ အဲဒီ Perfect Money ကနေမှ ကိုယ့် သက်ဆိုင်ရာ Business ထဲကိုငွေထည့်ရမယ်ပေါ့ဗျာ။ ဒါက Perfect Money အတွက်ပေါ့ဗျာ။
နောက်တစ်ခု Bitcoin (BTC) ဆိုတာရှိသေးတယ် သူက Online Money လို့ပြောရမလားဘဲ။ သူကို သူ့ အခန်းမှာ အသေးစိတ်ပြန်ကြည့်ပေးပါဗျာ။ သူဆိုလဲ အဲဒီလိုဘဲ။
BTC Wallet <==> VodaExchange <==> MyanPay <==> သက်ဆိုင်ရာ ဘဏ်အကောင့်
အဲဒီလိုသွားပါတယ်။
ဆိုတော့ ကျွန်တော်တို့မှာ Online Payment တွေလုပ်နိုင်ဖို့ ငွေလက်ခံနိုင်ဖို့. ဆို အကောင့် အကောင့်လေးခုလောက်လိုမယ်။
ဒီလောက်ဆိုရင်တော့ သဘောတရားလောက်ကိုတော့ တီးမိခေါက်မိ ရှိပြီထင်ပါတယ်။ ဆိုရင်.. အောက်မှာမှ ဘယ်လိုတွေ အဆင့်ဆင့် လုပ်ကြမလဲ လေ့လာကြည့်ကြပါဦး။

- Perfect Money အကောင့်
- VodaExchage အကောင့်
- MyanPay အကောင့်
- Local Bank Account ပေါ့ဗျာ
ဒီလောက်ဆိုရင်တော့ သဘောတရားလောက်ကိုတော့ တီးမိခေါက်မိ ရှိပြီထင်ပါတယ်။ ဆိုရင်.. အောက်မှာမှ ဘယ်လိုတွေ အဆင့်ဆင့် လုပ်ကြမလဲ လေ့လာကြည့်ကြပါဦး။
No comments:
Post a Comment