Thursday, July 27, 2017

Astral Projction (ခေါ်) ၀ိညာဉ်လွှင့်ခြင်းအတတ် (တုန်ခါခြင်းစနစ်ဖြင့်လွှင့်နည်း)

Astral Projction (ခေါ်) ၀ိညာဉ်လွှင့်ခြင်းအတတ် (တုန်ခါခြင်းစနစ်ဖြင့်လွှင့်နည်း)

©©©©©©©©©©©©©©©©©©©©©
          ဝိဥာဉ်လွင့်ခြင်းဟာ ကိုယ့်ရဲု့ရုပ်ကနေနာမ်ကိုခွဲထွက်ခြင်းတစ်မျိုးဖြစ်ပြီး မှော်ဆရာအများစု အသုံးချကြပါတယ်။ တော်တော်များများကတော့ ဝိဥာဉ်လွင့်ပြီး ကိုယ်ပြောချင်တဲ့အကြာင်းအရာကို အဝေးရောက်သူတစ်ဦးဦးကို ပြောကြားမှုများပြုလုပ်ခြင်း၊ ရုပ်ပြောင်းနာမ်ခွာနည်းဖြင့် ပညာပြိုင်ခြင်းများအသုံးပြုခြင်း စသဖြင့် နည်းပေါင်းများစွာကို ဝိဥာဉ်လွင့်ခြင်းမှတစ်ဆင့်အသုံးချကြပါတယ်။ တစ်ချို့တွေကတော့ ဝိဥာဉ်လွှင့်ပြီး ပြန်မဝင်နိုင်ရင် အသက်ဆုံးရှုံးရမှာ ကြောက်ကြပါတယ်။ သုတေသနပြုချက်အရ ယခုနည်းလမ်းအတိုင်း လူပေါင်း(၂ဝဝဝ)ကို ဝိဥာဉ်လွင့်စေပြီး လေ့လာကြည့်ရာမှာ အသက်ဆုံးရှုံးသူတစ်ဦးမှ မတွေ့ခဲ့ရပါဘူး။ နောက်ပြီး ဝိဥာဉ်လွင့်ခြင်းနဲ့ အထိအတွေ့မရှိသေးသူတွေကို အခုဖော်ပြမယ့် ဝိဥာဉ်လွင့်နည်းစနစ်တွေအတိုင်း စမ်းသပ်ကြည့်ရာမှာ များသောအားဖြင့်
တစ်ပတ်အတွင်းမှာပင် သူတို့ဝိဥာဉ်လွင့်နိုင်ခဲ့ကြပါတယ်။ ဒီနည်းစနစ်ကတော့ အဆင့်ခုနှစ်ဆင့်နဲ့ ကျွန်တော်တို့ခန္ဓာကိုယ်ကဝိဥာဉ်ကို လွင့်ထုတ်နိုင်မယ့်နည်းပဲဖြစ်ပါတယ်။
ဒီခုနှစ်ဆင့်ကေတာ့ တစ်ရက်စီလုပ်ဖို့မဟုတ်ဘဲ တစ်ကြိမ်တည်းနဲ့ ခုနှစ်ဆင့်ကို တစ်ဆင့်စီလုပ်ရင်း ဝိဥာဉ်လွင့်ပေးရမှာဖြစ်ပါတယ်။

အဆင့် (၁) :
         ဝိဥာဉ်လွင့်ခြင်းမပြုလုပ်မီ ပထမအဆင့်အနေနဲ့အိပ်ရာပေါ်မှာ သက်တောင့်သက်သာလှဲချလိုက်ပြီး သက်တောင့်သက်သာအနားယူလိုက်ပါ။ ဒီလိုအနားယူတာဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာဖြစ်စေဖို့အတွက်ဖြစ်ပြီး စိတ်ကိုလျော့ထားကာ
ဘာဆိုဘာမှမရှိတော့လောက်အောင် ရှင်းနေအောင်လုပ်ထားရမှာဖြစ်ပြီး ကိုယ်ဟန်အနေအထားကိုလည်း အကြောတွေဖြေလျော့ထားရင်း ပက်လက်လှန်အိပ်တဲ့အနေအထားမျိုးနဲ့နေရမှာဖြစ်ပါတယ်။

အဆင့် (၂) :
      အဲ့ဒီလို ရုပ်ပိုင်းဆိုင်ရာအနားယူမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် သက်တောင့်သက်သာဖြစ်နေပြီဆိုရင်တော့ အဲ့ဒီအနေအထားနဲ့ပဲအိပ်စက်လိုက်ရမှာပါ။ အဲ့ဒီအနေအထားနဲ့ပဲ
အိပ်ပျော်ခြင်းနဲ့ အသိစိတ်ကြား (အိပ်ပျော်ခြင်းနဲ့မပျော်ခြင်းကြားအဆင့်) ကိုရောက်တဲ့အထိပဲအိပ်စက်ပါ။ ခုမှစကျင့်သူများအနေနဲ့ကတော့ ဒီအဆင့်မှာတင်ပဲ်ဲ အိပ်ပျော်သွားတတ်ကြပါတယ်။ နောက်အလေ့အကျင့်ရှိလာတဲ့အခါမှာတော့ အိပ်ပျော်သွားတတ်တဲ့ပြဿနာအဆင်ပြေသွားနိုင်မှာပါ။
အဆင့် (၃) :
         အိပ်ပျော်ခြင်းနဲ့ အိပ်မပျော်ခြင်းအကြားအဆင့်ကိုပိုမိုနက်ရှိုင်းအောလုပ်ပါ။ ဒီအဆင့်မှာတော့ စိတ်ထဲမှာ ဘာဆိုဘာမှတစ်ခုမှကိုမရှိတော့အောင်ကိုဖြစ်နေရမှာပါ။
မျက်ခွံနဲ့ဖုံးအုပ်ထားတဲ့မျက်လုံးကလည်း နက်ရှိုင်းတဲ့အနက်ရောင်ကိုပဲမြင်နေရမှာပါ။

အဆင့် (၄) :
        ဒီအဆင့်မှာတော့တုန်ခါခြင်းအဆင့် ကိုဖြတ်သန်းပါမယ်။ တုန်ခါခြင်းအဆင့်ဟာ ကိုယ်ပိုင်စွမ်းအင်သုံးချမှော် ပညာအသုံးမချခင်၊ ရုပ်နာမ်ရွေ့ပြောင်းမှုမပြုခင်အများဆုံးဖြစ်တတ်ပါတယ်။ အားလုံးသိမယ့်ဥပမာတစ်ခုပေးရမယ်ဆိုရင်တော့ နတ်ဝင်သည်တွေ နတ်မ၀င်ခင်တစ်ကိုယ်လုံးတုန်ခါလာတာဟာ တုန်ခါခြင်းအဆင့်ကိုဖြတ်သန်းနေချိန်ကြောင့်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့နာမ်ကို ရုပ်ကနေခွာလို့ရအောင် လှုပ်နှိုးစေနိုင်မယ့်အဆင့်ပါ။ တုန်ခါတယ်ဆိုလို့ တစ်ကိုယ်လုံးကို တုန်ခါနေစရာမလိုပါဘူး။
နာမ်ခွဲထွက်ခါနီးတိုင်းမှာ ဒီလိုဖြစ်တတ်ပါတယ်။ ဒီအဆင့်ကိုရောက်ဖို့အတွက် ကိုယ့်ရဲ့နာမ်ဟာ ရုပ်ရဲ့အပြင်ကို ကြွတက်ဖို့ ကြိုးစားနေပြီလို့ အာရုံပြုပေးနေပါ။ တုန်ခါခြင်းအဆင့်ပြီးသွားရင်တော့ သင့်ရဲ့ဝိဥာဉ်ဟာ ရုပ်ရဲ့အပြင်ကိုရောက်သွားပြီဖြစ်ပါတယ်။ ဒီအဆင့်ရောက်ဖို့အတွက် အောက်ပါအချက်အလက်လေးတွေကို လိုက်နာသင့်ပါကြောင်း ဆက်ပြီးလမ်းညွှန်ပေးလိုက်ပါတယ်။
 (၁) ခန္ဓာကိုယ်ကို ထိတွေ့စေနိုင်တ်ဲ့ နာရီ၊ လက်ပတ်၊ ဆွဲကြိုး စတဲ့ပစ္စည်းတွေကို အိပ်စက်မှုမပြုခင်တည်းက ဖယ်ရှားသင့်ပါတယ်။ ဖြစ်နိုင်ရင် အဝတ်အစားကိုတောင် မဝတ်စေချင်ပါဘူး။ အဝတ်အစားဝတ်ပြီး ဝိဥာဉ်လွင့်မယ်ဆိုရင်လည်း သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားပွပွပုံစံမျိုးကိုသာ ဝတ်ဆင်သင့်ပါတယ်။ (၂) အခန်းအလင်းရောင်ကို ပိတ်ထားတဲ့မျက်လုံးများအတွက် အဆင်ပြေစေဖို့ အလင်းရောင်မှိန်ပျပျလေးပဲ ထွန်းထားသင့်ပါတယ်။ အရမ်းကြီး မီးလင်းနေဖို့မလိုသလို အခန်းကိုလည်း အမှောင်မချသင့်ပါဘူး။
(၃) အိပ်စက်ရာမှာ ခန္ဓာကိုယ်ကို တောင်မြောက်ပုံစံမျိုးနဲ့ လဲလျောင်းသင့်ပါတယ်။ မြောက်ဘက်ကိုခေါင်းလှည့်အိပ်ရင်တော့ အကောင်းဆုံးပါ။
 (၄) ဝိဥာဉ်လွင့်ခြင်းမလုပ်ခင်မှာ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဆူညံမှုမရှိဘူး၊ နှောင့်ယှက်မယ့်သူမရှိဘူးဆိုတာ အရင်ဆုံးကြိုတင်စဉ်းစားပြီး စီစဉ်ထားသင့်ပါတယ်။ (၅) ဝိဥာဉ်လွင့်မယ့်အဆင့်တွေလုပ်ချိန် အသက်ရှူတဲ့အခါ ပါးစပ်နဲအသက်ရှူရင်ပိုကောင်းပါတယ်။ ဒါကြောင့် မလွင့်ခင် နာရီဝက်လောက်အချိန်ပေးပြီး ပါးစပ်နဲအသက်ရှူရအဆင်ပြေအောင် လုပ်ဆောင်ထားသင့်ပါတယ်။


အဆင့် (၅):
      တုန်ခါခြင်းအဆင့်ကို ဆက်လက်ထိန်းချုပ်ပါမယ်။ ကိုယ့်ရဲ့စိတ်နဲ့ပဲ လက်ကိုကြွတင်ကြည့်မယ်၊ ခြေထောက်လေးကိုကြွကြည့်မယ် . . စသဖြင့် ကိုယ့်ရဲ့နာမ်ကို အာရုံနဲ့ထိန်းချုပ်ကြည့်ရပါမယ်။ ရုပ်ရဲ့လှုပ်ရှားမှုမပါဘဲ တကယ်ကြွတက်သွားသလိုခံစားရပါက ဒီအဆင့်ဖြတ်ကျော်နိုင်ပြီလို့ ဆိုရမှာပါ။

အဆင့် (၆):
      ဒီအဆင့်ကေတာ့ တုန်ခါမှုကိုလျော့ချပါမယ်။ ဒီလိုလုပ်ခြင်းဟာ ဝိဥာဉ်လွင့်ခြင်းအဆင့်ပြီးဆုံးသွားလို့မဟုတ်ပါဘူး။ ရုပ်နာမ်ခွာမှုကို လွယ်ကူအောင်ပြုလုပ်နိုင်ဖို့ပါ။ စိတ်ကိုလျော့ထားလိုက်ပြီး တုန်ခါမှုအနည်းငယ်လျော့နည်းသည်ထိလုပ်ဆောင်ပါ။ တုန်ခါမှုကို မရပ်ဆိုင်းပါစေနဲ့။

အဆင့် (၇):
    ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါ။ ဒီအဆင့်မှာတော့ ကျွန်တော်တို့ ဝိဥာဉ်တစ်ခုလုံးကို နာမ်ကနေခွဲထွက်ပါမယ်။
ကိုယ့်ဝိဥာဉ်တစ်ခုလုံး လေထဲမှာမျောနေပြီဆိုပြီး စိတ်ထဲမှာအာရုံပြုထားပေးရမှာဖြစ်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ ဝိဥာဉ်လွင့်ခြင်းအောင်မြင်သွားပြီဖြစ်ပါတယ်။ ဘယ်လိုပြန်ဝင်ရ်မလဲဆိုတာကိုတော့ စိတ်မပူပါနဲ့။ ရုပ်ဟာနမ်ကိုဆွဲတတ်တဲ့သေဘာရှိတာကြောင့် သင်သာရုပ်နဲ့ဝေးရာကို ဘယ်လိုသွားရမလဲဆိုတာလေ့ကျင့်ယူရမှာပါ။ သင်သာ ရုပ်နဲ့နီးရာကိုရအောင်သွားပြီး စိတ်လျော့ရုံနဲ့သာ ခန္ဓာကိုယ်ထဲကိုပြန်ဝင်နိုင်မှာပဲဖြစ်ပါတယ်။ အလေ့အကျင့်မရှိသူများအတွက်တော့ အောင်မြင်စွာလေ့ကျင့်နိင်ဖို့ တစ်ပတ်လောက်ကြာမြင့်နိုင်ပြီး အလွယ်ဆုံးဝိဥာဉ်လွင့်နည်းကိုဖော်ပြလိုက်ရပါတယ်ဗျာ။

ကူးယူဖော်ပြသည်:TZW


No comments:

Post a Comment