Tuesday, August 15, 2017

စိတ်ဝိညာဉ်ဆိုင်ရာလေ့လာတွေ့ ရှိချက်များ (ဦးအေးမောင်)


  • စိတ်ဝိညာဉ်ဆိုင်ရာလေ့လာတွေ့ ရှိချက်များ (ဦးအေးမောင်)

  • Description: 
    စိတ်ဝိညာဉ်ရှိသူ လူသားတိုင်း တစ်ကွေ့မဟုတ် တစ်ကွေ့ကြုံရနိုင်သည့် အကြောင်းအရာများကို သုတေသပြု ရေးသားထားသော စာအုပ်ဖြစ်သည်။ အထူးသဖြင့် တယ်လီပတီ၊ အနာဂတ်ကိုသိခြင်း၊ လူတစ်ကိုယ် နှစ်ကိုယ်ခွဲခြင်း၊ လူဝင်စားမှု၊ တစ္ဆေ၊ သေသူနှင့် ဆက်သွယ်နိုင်မှု၊ နတ်ဝင်သည်၊ အတိတ်ဘ၀နှင့် ယခုဘ၀ခံစားမှု၊ သေခါနီး နိမိတ်ထင်ခြင်း၊ ပုဏ္ဏက တိုက်ခြင်း၊ အပမှီခြင်း၊ ဓာတ်စီးနတ်ဝင်ခြင်း၊ လူဝင်စားစသည့် အကြောင်းအရာတို့ကို ၀ိဇ္ဇာပညာရှင်တို့၏ ထောက်ခံချက်၊ ကန့်ကွက်ချက်၊ စဉ်းစားရန်အချက်များဖြင့် ထောင့်စေ့အောင် တင်ပြထားသည်။ တစ်နည်းအားဖြင့် နာမ်လောက၏ ပြဿနာအားလုံးကို ဤစာအုပ်တစ်အုပ်တည်းဖြင့် ထိထိမိမိ ခြုံငုံဖော်ပြထားနိုင်သော ကျမ်းစာတစ်စောင်လည်းဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံမှ လူဝင်စားမှု နှစ်မှု၊ ပြင်သစ်နိုင်ငံမှ အမြင်ရပုဂ္ဂိုလ်များ၊ တိရစ္ဆာန်များနှင့် ပရ၀ိညာဉ်၊ ရေကြောဝိဇ္ဇာများအကြောင်းကိုလည်း စိတ်ဝင်စားဖွယ် ဖော်ပြပေးထားသည်။
New Discovery of Psycho 
Author : U Aye Mg

No comments:

Post a Comment