Monday, June 19, 2017

စဉ်းစား​နေမှာလား

ပူပြင်းလှတဲ့ နွေရာသီ ရဲ့  မြေဆီလွှာပေါ်မှာ သစ်စေ့ နှစ်စေ့ ဟာ လဲလျောင်းနေရင်း ပထမ သစ်စေ့ က ပြောတယ် ငါ အစေ့ ဘ၀ ကနေ အပင်ပေါက်ချင်ပြီ ငါ့ ရဲ့ အမြစ်တွေ ကို မြေဆီလွှာထဲ ထိုးသွင်းပြီး ငါ့  အညှောင့်လေးကိုလည်း မြေပြင်ပေါ်ကို ထိုးထွက်ချင်ပြီ အဖူး အပွင့် တွေနဲ့  မြေပြင်ပေါ်မှာ နေရောင်ခြည်ရဲ့  ထွေးပွေ့ မှု ကို ရယူပြီး နွေနံနက်ခင်း မှာလို့  ၀င့်ကြွားချင်ပြီ လို့ ပြောပြီး အပင်ဘ၀ သို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့တယ်
ဒုတိယ သစ်စေ့ ကတော့ ငါ့ အမြစ်ကို မြေအောက် ထိုးသွင်းလိုက်ရင် မြေအောက်မှာ ဘယ်လို အရာမျိုးနဲ့ တွေ့ နေမလဲ ငါ့ ရဲ့  နုနယ်လှတဲ့ အမြစ်လေး ပျက်စီးသွားမှာ ပဲအပင်ဖြစ်လာပြန်တော့ အဖူးအပွင့်တွေ ကို တစ်ဦးတစ်ယောက်က ဖျက်ဆီး သွားမလား ဆိုပြီး ကြောက်လန့် တဲ့ စိတ်နဲ့  လုံခြုံ စိတ်ချရတဲ့  အချိန်ရောက်ဖို့ စောင့်နေခဲ့ တယ်
ထိုစဉ် အစာရှာထွက်လာတဲ့ ကြက်တစ်အုပ်ရောက်လာပြီး မြေပြင်ကို ယက်ဖြဲကာ ဒုတိယ သစ်စေ့ အား ကောက်ယူ စားပစ်လိုက်လေတယ်
Source ; Risking
Patty Hansen
ဤသည်ကို ကြည့်ခြင်း အားဖြင့်
ဘ၀မှာ အောင်မြင်မှု ရဖို့  ကြိုးစားနေတဲ့ အချိန်မှာ အချိန်ဆွဲ ကြောက်ရွံ့  တွန့် ဆုတ်နေခြင်း ဟာ ဆုံးရှံးမှု ကိုဖြစ်ပေါ်စေတတ်တယ် ဆိုတဲ့ အချက်ကို သတိထား ရပါမယ်
မိမိမဖြစ်မနေ လုပ်ဆောင်ရမယ့် လမ်းမှာ ဖြစ်မှ ဖြစ်ပါ့မလား ဘာများဖြစ်သွားမလဲ ဆိုပြီး သံသယ စိတ်နဲ့ မလိုလားအပ်ပဲ အချိန်ကုန်စေတဲ့ အတွေးခေါင်မှုဟာ တခါတရံ အခွင့်ရေးကောင်း များစွာကိုလက်လွှတ်ဆုံးရှံးစေနိုင်ပါတယ်

No comments:

Post a Comment